Messier 87



တွင်းနက်

တွင်းနက် (အင်္ဂလိပ်: Black Hole) ဆိုသည်မှာ အာကာသအတွင်း အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးရာတွေထဲက တစ်ခုဖြစ်ပါသည်။ သူတို့သည် သိပ်သည်းဆ အလွန်များပြားသောအရာများ ဖြစ်ပါသည်။ အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ (Relativity Theory) အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေ ဖြစ်သည်။ ဒြပ်ဆွဲငင်အားအလွန်ကြီးမားသောကြောင့် စကြဝဠာထဲတွင် အမြန်ဆုံးဟုဆိုသော အလင်းတောင် ပြန်မထွက်နိုင်ပေ။ တွင်းနက်က ထွက်လာသည့် အလင်းမရှိသောကြောင့် တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးအနားမှာရှိသော ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ဝိသေသလက္ခဏာတွေကတဆင့် တွင်းနက်ရဲ့ တည်ရှိမှုကို သိရှိနိုင်သည်။

မိုက်ခရိုဆော့ဖ် ဝင်းဒိုးစ်

Microsoft Windows (သို့မဟုတ် Windows) ဆိုသည်မှာ မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း မှထုတ်လုပ်သော ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် ကိုရည်ညွှန်းခြင်းဖြစ်ပါသည်။ မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းမှ Windows ဆိုသောအမည်ဖြင့် ယခင် MS-DOS တွင် Graphical User Interfaces (GUIs) များအပေါ် စိတ်ဝင်စား မှုကြီးထွား လာသည် နှင့်အမျှထပ်မံအဆင့်မြှင့်ကာ ၁၉၈၅ နိုဝင်ဘာလတွင်စတင် မိတ်ဆက်ခဲ့သည်။ Microsoft Windows သည် ကမ္ဘာ့ တစ်ကိုယ်ရေသုံးကွန်ပျူတာများ၏ ဈေးကွက်တွင် အချိန်တိုတိုဖြင့် ကြီးထွားစိုးမိုးလာနိုင်ခဲ့သည်။ ၂၀၀၄ ခုနှစ် IDC conference မှာ IDC မှ Vice President ဖြစ်သူ Avneesh Saxena က Windows သည် လက်ရှိ Client Operatingsystem ဈေးကွက်မှာ ၉၀% ခန့်နေရာယူထားပြီလို့ ပြောကြားခဲ့သည်။ လက်ရှိ နောက်ဆုံး Windows ၏ client version အဖြစ် Windows 10 နေရာယူထားပြီး၊ Server version အဖြစ် Windows Server 2012 ကိုအသုံးပြုနေပြီဖြစ်သည်။

ဝင်းဒိုးစ် ၈

ဝင်းဒိုးစ် ၈ (Windows 8) သည် မိုက်ခရိုဆော့ဖ် (Microsoft) ဆော့ဖ်ဝဲလ် ကုမ္ပဏီမှ ပီစီကွန်ပျူတာ (တကိုယ်ရေသုံး ကွန်ပျူတာ)၊ တက်ဘလက် ကွန်ပျူတာ (ကျောက်သင်ပုန်း ကွန်ပျူတာ)၊ လက်ပ်တော့ပ် ကွန်ပျူတာ (အိတ်ဆောင် ကွန်ပျူတာ) များတွင် အသုံးပြုရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တရားဝင် ဖြန့်ချိလိုက်သည့် ဝင်းဒိုးစ် ကွန်ပျူတာ စက်လည်ပတ်ရေးစနစ် (operating system) ဖြစ်သည်။ ဝင်းဒိုးစ် ၈ တွင် နိုင်ငံတကာ စံချိန်ညီ မြန်မာယူနီကုဒ်ကို ထည့်သွင်းထားပြီး မိုက်ခရိုဆော့ဖ်မှ ပထမဦးဆုံးအကြိမ် မြန်မာစာကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် အဆင့်မြင့်တင်သော ဗားရှင်းဖြစ်သည့် Windows 8.1 အား မိုက်ခရိုဆော့မှ ကြေငြာခဲ့သည်။ Windows 8.1 အား ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအထိ ထောက်ပံ့ပေးမည် ဖြစ်ပါသည်။

အခြား ဘာသာစကားဖြင့်ဖတ်ပါ။