၁၉၄၃

၁၉၄၃ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
  • ၁၉၂၀ ဆယ်စုနှစ်
  • ၁၉၃၀ ဆယ်စုနှစ်
  • ၁၉၄၀ ဆယ်စုနှစ်
  • ၁၉၅၀ ဆယ်စုနှစ်
  • ၁၉၆၀ ဆယ်စုနှစ်
ခုနှစ်များ:

ဇန်နဝါရီလ

(၁) ရက်။

ဖေဖော်ဝါရီလ

(၁) ရက်။

မတ်လ

(၁) ရက်။

ဧပြီလ

(၁) ရက်။

မေလ

(၁) ရက်။

ဇွန်လ

(၁၃) ရက်။

  • ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏ သားဦး အောင်ဆန်းဦးကို ဖွားမြင်သည်။

ဇူလိုင်လ

(၁) ရက်။

ဩဂုတ်လ

(၁) ရက်။

  • ဂျပန်တို့က အတုအယောင် လွတ်လပ်ရေး ပေးသည်။

စက်တင်ဘာလ

(၁) ရက်။

အောက်တိုဘာလ

(၁) ရက်။

နိုဝင်ဘာလ

(၁) ရက်။

ဒီဇင်ဘာလ

(၁) ရက်။

ဂျပန်ကိုလိုနီခေတ်

ဂျပန် ကိုလိုနီခေတ်ဆိုသည်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့ မြန်မာနိုင်ငံအား အုပ်စိုးခဲ့သည့် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ် ကြားကာလဖြစ်သည်။ မြန်မာနိုင်ငံအား ကိုလိုနီနယ်အဖြစ် အုပ်စိုးနေသည့် ဗြိတိသျှတို့အား မောင်းထုတ်ကာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရနိုင်ရန် မျှော်လင့်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့သည် စစ်သင်တန်းတက်ရောက်ရန် ဂျပန်သို့ သွားရောက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်ဗိုလ်မှူးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ် မတ်လတွင် ဂျပန်တို့သည် မြန်မာနိုင်ငံအား ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေငြာပေးခဲ့သည်။ ဂျပန်တို့က ဒေါက်တာဘမော် ဦးဆောင်သည့် ရုပ်သေးအစိုးရကို စင်တင်ပေးခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ကာ ဗမာ့ လွတ်မြောက်ရေး တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်းနှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအင်အေတပ်ကို ဦးဆောင်၍ မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဂျပန်ကျုးကျော်သူများအား တိုက်ထုတ်ခဲ့လေသည်။ နောက်အကျိုးဆက် အနေဖြင့် ဗြိတိသျှနှင့် မြန်မာအကြား လွတ်လပ်ရေးအတွက် ဆွေးနွေးမှုများ စတင်ခဲ့သည်။

ရန်ကုန် ဘူတာကြီး

ရန်ကုန် ဘူတာကြီးသည် ရန်ကုန်မြို့လယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးဘူတာရုံကြီးလည်း ဖြစ်သည်။ မြန်မာ့ မီးရထား၏ အဓိကမီးရထားကွန်ယက်ဖြစ်ကာ ၃,၁၂၆ မိုင် (၅.၀၃၁ ကီလိုမီတာ)ထိ ရှိကာ အထက်မြန်မာပြည်တွင် နေပြည်တော်၊ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ရှမ်းပြည်နယ်တွင် တောင်ကြီး၊ကလော၊ တနင်္သာရီကမ်းရိုးတန်းတွင် မော်လမြိုင်၊ ရေးတို့နှင့် ဆက်သွယ်ထားသည်။

၁၈၇၇ ခုနှစ်တွင် ဗြိတိသျှတို့မှ ပထမဆုံးတည်ဆောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် ဂျပန်တပ်များဝင်လာစဉ်တွင် ဗြိတိသျှတို့က ဖျက်ဆီးခဲ့သည်။ လက်ရှိဘူတာကို ၁၉၅၄ ခုနှစ်တွင် မြန်မာရိုးရာ လက်မှုအနုပညာနှင့်အညီ ပြာသာဒ်အဆင့်ဆင့်ဖြင့် မြန်မာဗိသုကာပညာရှင် စည်သူဦးတင်မှ ပြန်လည်ဒီဇိုင်းရေးဆွဲ တည်ဆောက်ခဲ့သည်။ ရန်ကုန်ဘူတာကြီးကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် ၁၉၉၆ ခုနှစ်ကတည်းက သတ်မှတ်ခဲ့၍ ထားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ခေတ်မှီမြို့တော် တည်ဆောက်ရန်အတွက် ရန်ကုန်ဘူတာကြီးကို မြို့လယ်မှ ၂၀ မိုင်(၃၂ ကီလိုမီတာ) ကွာဝေးသည့် ဒဂုံမြို့သစ်အရှေ့ပိုင်းသို့ ပြောင်းရွေ့တည်ဆောက်ရန် စီစဉ်နေသည်ဟု ဆိုသည်။

၁ ဇန်နဝါရီ

ဇန်နဝါရီလ၊ (၁)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၄) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၅) ရက်) ကျန်သေးသည်။

၁၀ ဇူလိုင်

ဇူလိုင်လ၊ (၁၀)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁၉၁)ရက်မြောက် (ရက်ထပ်နှစ် ဖြစ်လျှင် (၁၉၂)ရက်မြောက်) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၁၇၄) ရက် ကျန်သေးသည်။

၅ ဇန်နဝါရီ

ဇန်နဝါရီလ၊ (၅)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၅)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၀) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၁) ရက်) ကျန်သေးသည်။

၇ ဇန်နဝါရီ

ဇန်နဝါရီလ၊ (၇)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၇)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၅၈) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၅၉) ရက်) ကျန်သေးသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.