၁၉၁၆

၁၉၁၆ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ
ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
  • ၁၈၉၀ ဆယ်စုနှစ်
  • ၁၉၀၀ ဆယ်စုနှစ်
  • ၁၉၁၀ ဆယ်စုနှစ်
  • ၁၉၂၀ ဆယ်စုနှစ်
  • ၁၉၃၀ ဆယ်စုနှစ်
ခုနှစ်များ:
ပထမ ကမ္ဘာစစ်

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည် အများစုမှာ စစ်ကြီးမဖြစ်ခင်က သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ မိုင် ရှိသည်ဟု ဆိုကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ်ပတ်ပါက ထက်ဝက်နီးပါးခန့်ရှိမည်ဖြစ်သည်။

မန်းဝင်းမောင် (နိုင်ငံတော်သမ္မတ)

ဝင်းမောင် (ခ) မန်းဝင်းမောင်သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တတိယမြောက်သမ္မတဖြစ်သည်။ ၁၉၅၇-ခုနှစ်၊ မတ်လ ၁၃-ရက် မှ ၁၉၆၂-ခုနှစ်၊ မတ်လ ၂-ရက်ထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

မော်လိုက်မြို့

မော်လိုက်မြို့သည် ချင်းတွင်းမြစ်၏ အနောက်ဘက်

ကမ်းပေါ်တွင် တည်ရှိသည်။ မြစ်လမ်းအတိုင်း ပခုက္ကူမြို့မှ ၂၅၅

မိုင်ကွာဝေးသည်။ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သည့် အလျှောက်

သွားရေး လာရေးအတွက် ရေကြောင်းကို အားကိုးရသည်။

မော်လိုက်မြို့သည် ရုံးများနှင့် သင်္ဘောဆိပ်တို့ကြောင့်

အချက်အချာဖြစ်သော်လည်း လူနေအိမ်ခြေနည်းပါးသည်။

မော်လိုက်မြို့သည် မြစ်ကမ်းနှင့် ၂ မိုင်ခန့်စီ ဝေးကွာသော

တောင်တန်းကလေး၏ အကြားတွင် တည်ရှိသဖြင့် သားငါးပေါ

များသော်လည်း ဆန်အထွက်မလောက်သဖြင့် အောက်အရပ်ကို

အားထားရသည်။ မော်လိုက်မြို့တွင် မြို့မဈေးနှင့် ဈေးငယ်တစ်ခုရှိသည်။

မော်လိုက်မြို့မှာ ရှေးအခါက အိမ်ခြေမျာသော ရွာကြီးမျှ

သာဖြစ်သည်။ ခရစ် ၁၉၁၈ ခုနှစ်တွင်မှ ကင်းတပ်မြို့မှ

အရေးပိုင်ရုံးကို မော်လိုက်သို့ ပြောင်းရွှေ့သဖြင့်

ခရိုင်ရုံးစိုက်မြို့ဖြစ်လာသည်။မော်လိုက်သည် ရှမ်းဘာသာဖြင့် ခေါ်၍ သံထွက်သော တွင်းဟု အဓိပ္ပာယ်ရသည်။ ရွှေ၊ ကျောက်မီးသွေး စသည့် ဓာတ်သတ္တုများ ထွက်ရှိရာ နယ်မြေ ဖြစ်သည်။ ၎င်းမြို့တည်ရာ ဒေသတွင် ရှေးက မော်လူးရွာ ရှိဖူးသည်။

ကုန်းဘောင်ခေတ်က ခန်းပတ်မြို့ဝန်အုပ်ချုပ်ရာ စီရင်စုနယ်မြေအတွင်း ပါဝင်သည်။ သီပေါမင်း ပါတော်မူသွားပြီး နောက်ပိုင်း ကာလတွင် မော်လိုက်နယ်မှ ဗြိတိသျှတို့ကို တော်လှန်သည်။ ဗိုလ်လယ်နှင့် ရွှေချိုးဖြူမင်းသားတို့မှာ ထင်ရှားသော ခေါင်းဆောင်များ ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ၁၈၈၈ တွင် ချင်းတွင်းနယ်ကို နှစ်ပိုင်းပိုင်း၍ အုပ်ချုပ်ရာ အထက်ချင်းတွင်းခရိုင်ရုံးကို ကင်းတပ်၌ ထားရှိသည်။ ထို့နောက် ၁၉၁၆ တွင် မော်လိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၂၄ တွင် မော်လိုက်မြို့၌ အထက်တန်းကျောင်းကို စတင်ဖွင့်လှစ်သည်။

သီပေါမင်း

သီပေါမင်း (၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။ ဘွဲ့တော်မှာ သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ ဖြစ်ပြီး နန်းသက် ခုနစ်နှစ်ဖြစ်သည်။

မင်းတုန်းမင်းနှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်အမည် မောင်ပု ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ ထီးနန်းဆက်ခံရန် အလားအလာ အလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်၏ သမီးတော် စုဖုရားလတ်နှင့် ရည်ငံနေခြင်းကြောင့်၎င်း၊ စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် ကင်းဝန်မင်းကြီးဦးကောင်းက သူ၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်၎င်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော်သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး စုဖုရားလတ်နှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

၁ ဇန်နဝါရီ

ဇန်နဝါရီလ၊ (၁)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၁)ရက်မြောက် နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၃၆၄) ရက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၆၅) ရက်) ကျန်သေးသည်။

၇ ဒီဇင်ဘာ

ဒီဇင်ဘာလ၊ (၇)ရက်နေ့ သည် ဂရီဂေါရီးယန်းပြက္ခဒိန်အရ တစ်နှစ်တာ၏ (၃၄၁)ရက်မြောက် (ရက်ထပ်နှစ်ဖြစ်လျှင် (၃၄၂)ရက်မြောက်)) နေ့ရက် ဖြစ်သည်။ ယင်းတစ်နှစ်တာ ကုန်ဆုံးရန် ရက်ပေါင်း (၂၄) ရက် ကျန်သေးသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.