၁၇၃၉

၁၇၃၉

ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
  • ၁၇၁၀ ဆယ်စုနှစ်
  • ၁၇၂၀ ဆယ်စုနှစ်
  • ၁၇၃၀ ဆယ်စုနှစ်
  • ၁၇၄၀ ဆယ်စုနှစ်
  • ၁၇၅၀ ဆယ်စုနှစ်
ခုနှစ်များ:

၁၇၃၉ ခုနှစ် မှတ်တမ်း

ဇန်နဝါရီလ

(၁) ရက်။

ဖေဖေါ်ဝါရီလ

(၁) ရက်။

မတ်လ

(၁) ရက်။

ဧပြီလ

(၁) ရက်။

မေလ

(၁) ရက်။

ဇွန်လ

(၁) ရက်။

ဇူလိုင်လ

(၁) ရက်။

ဩဂုတ်လ

(၁) ရက်။

စက်တင်ဘာလ

(၁) ရက်။

အောက်တိုဘာလ

(၁) ရက်။

နိုဝင်ဘာလ

(၁) ရက်။

ဒီဇင်ဘာလ

(၁) ရက်။

ခုနှစ်များ စာရင်း

ဤစာမျက်နှာတွင် ခုနှစ် တစ်နှစ်ချင်းစီအား စာရင်းပြုစုထားသည်။

ဆောင်းရာသီ

ဆောင်းရာသီ သည် ဝင်ရိုးစွန်းနှင့် သမပိုင်းဒေသတို့၏ တစ်နှစ်တာအတွင် အအေးဆုံး ကာလတစ်ခုဖြစ်သည်။ ဆောင်းရာသီသည် မိုးရာသီနှင့် နွေရာသီအကြားတွင် ရှိပြီး ဥတုလေးခုရှိသော ဒေသများတွင် ဆောင်းဦးကာလနှင့် နွေဦးကာလအကြားတွင် ကျရောက်သည်။ ဝင်ရိုးပေါ်တွင်လည်ပတ်နေသော ကမ္ဘာ၏ နေနှင့်အဝေးဆုံးဘက်၌ ကျရောက်သော ကမ္ဘာခြမ်းတွင် ဆောင်းရာသီ ဖြစ်ပေါ်သည်။ မတူညီသော ယဉ်ကျေးမှုများအရ ဆောင်းရာသီ စတင်သည့်နေ့ရက်သည် ကွဲပြားကြသည်။ အချို့သည် ရာသီဥတုအခြေအနေအပေါ်မူတည်၍ ရာသီ၏စတင်ရာ ရက်ကို သတ်မှတ်ကြသည်။ မြန်မာနိုင်ငံတွင် လဆယ့်နှစ်လ ရှိသည့် အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလ လေးလသည် ဆောင်းရာသီကာလ ဖြစ်သည်။ မြောက်ဘက်ကမ္ဘာခြမ်း၌ ဆောင်းရာသီဖြစ်ပေါ်နေချိန်၌ အပြန်အလှန်အားဖြင့် တောင်ကမ္ဘာခြမ်းတွင် နွေရာသီ ဖြစ်ပေါ်နေသည်။ ဒေသအများအပြား၌ ဆောင်းရာသီတွင် နှင်းများနှင့် ရေခဲမှတ်အောက်ရောက်နေသော အပူချိန်တို့နှင့် ဆက်နွယ်နေလေ့ရှိသည်။ ဆောင်းယဉ်စွန်းချိန်တွင် နေ၏ အမြင့်သည် မြောက် (သို့) တောင်ဝင်ရိုးစွန်း၏ အနုတ်အောက်ရောက်နေသော အများဆုံးရောက်နေသော အပူချိန်နှင့် ဆက်နွယ်နေသည်။ ဆိုလိုသည်မှာ ဝင်ရိုးစွန်းမှ တိုင်းတာကြည့်မည်ဆိုပါက နေသည် မိုးကုတ်စက်ဝိုင်းအောက် အဝေးဆုံးသော အကွာအဝေးတွင် ရောက်ရှိနေပြီး ထိုနေ့သည် နေ့တာအတိုဆုံးနှင့် ညတာအရှည်ဆုံး နေ့တစ်နေ့ဖြစ်နေသည်။ အစောဆုံး နေဝင်ချိန်နှင့် နောက်အကျဆုံးနေထွက်ချိန်ဖြစ်သော ဝင်ရိုးစွန်းအပြင်ဘက်ဒေသများ၏ ဆောင်းယဉ်စွန်းချိန်သည် ကွဲပြားကြသည်။ ဘဲဥပုံလမ်းကြောင်းအတိုင်း လည်ပတ်နေသောကမ္ဘာကြောင့် တနှစ်ပတ်လုံးဖြစ်ပေါ်နေသော နေရောင်ရသော နေ့များပြောင်းလဲမှုကြောင့် လတ္တီကျူများပေါ်တွင် ထိုအချိန်ပြောင်းလဲမှုများ မူတည်နေသည်။

တောင်အာဖရိကနိုင်ငံ

တောင်အာဖရိက သမ္မတနိုင်ငံသည် အာဖရိကတိုက်၏ တောင်ဖက်စွန်းတွင် တည်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိန္ဒိယပင်လယ်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းမှာ ၂၇၉၈ ကီလိုမီတာ (၁၇၃၉ မိုင်) ရှည်လျားသည်။ မြောက်ဘက်တွင် နမီးဘီးယား၊ ဘော့ဆွာနာနှင့် ဇင်ဘာဘွေ၊ အရှေ့ဘက်တွင် မိုဇမ်ဘစ်နှင့် ဆွာဇီလန်တို့ အသီးသီး တည်ရှိပြီး လက်ဆိုသို မှာမူ တောင်အာဖရိကနိုင်ငံ နယ်မြေအတွင်းတွင် တည်ရှိသည်။

ယူနိုက်တက်ကင်းဒမ်းနိုင်ငံ

ဗြိတိသျှကျွန်းစု၏ ပူးပေါင်းထားသောနိုင်ငံ ဗြိတိသျှကျွန်းသည် ကမ္ဘာတွင် အရေးပါဆုံးသော ကျွန်းစုဖြစ်သည်။ တစ်ခေတ်က နေမဝင်နိုင်သော အင်ပိုင်ယာကြီးကို

ထိန်းချုပ်ခဲ့သည့် ကျွန်းစုကြီး ဖြစ်ပေသည်။ ယူနိုက်တက်ကင်းဒမ်းသည် ထိုကျွန်းစုကြီးတွင် ပါဝင်သော အင်္ဂလန်ပြည်၊ ဝေလပြည်၊ စကော့တလန်ပြည်၊ အိုင်ယာလန်ပြည်မြောက်ပိုင်းတို့၏ နိုင်ငံအဖြစ် ဖြစ်လေသည်။

ရောဗတ် ဝါလပို

ပထမ အောဖို့နယ်စားဘွဲ့ရ ဆာရောဗတ် ဝါလပိုသည် ဗြိတိန်နိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်ဟူ၍ ခေါ်ဆိုထိုက်သော နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ ၁၆၇၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နောဖို့နယ်၊ ဟောင်တန်မြို့၌

ဖွားမြင်သည်။ အီတန်ကျောင်းနှင့် ကိမ်းဗရစ်တက္ကသိုလ်၊ ဘုရင့်ကောလိပ်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ၁၇ဝ၁ ခုနှစ်၌ ဝှစ်ပါတီဝင်အမတ်အဖြစ်ဖြင့် ပါလီမန်သို့ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၁၇ဝ၈ ခုနှစ်တွင် စစ်ဖက်ဆိုင်ရာ အတွင်းဝန်ရာထူး၌ အမှုထမ်းရသည်။ ထိုနောက် ဝှစ်ပါတီအာဏာကျဆင်းလာသဖြင့် ရာထူးမှ နုတ်ထွက်ရလေသည်။ ၁၇၁၂ ခုနှစ်တွင် ဝါလပိုသည် မိမိနှင့် နိုင်ငံရေးအတိုက်အခံ

တို့က စာရိတ္တပျက်ပြားသည်ဟု စွပ်စွဲချက်ကြောင့် ပါလီမန်မှ ထုတ်ပယ်ခြင်းကို ခံရသည်သာမက လန်ဒန်ရဲတိုက်ကြီး၌ပင် ခေတ္တမျှ အကျဉ်းချထားခြင်းကို ခံရလေသည်။ သို့ရာတွင် ၁၇၁၄ ခုနှစ်၌ ပါလီမန်အမတ် အဖြစ်တစ်ဖန် ရွေးကောက်တင်မြှောက်ခြင်းခံရလေသည်။ ထိုနှစ်ထဲ၌ပင် ဝှစ်ပါတီကို လိုလားသော ပထမဂျော့ဘုရင် နန်းတက်လာလေသည်။ ၁၇၁၅ ခုနှစ်မှ ၁၇၁၇ ခုနှစ် အထိ ဝါလပိုသည် ဘဏ္ဍာရေးနှင့် ရွှေတိုက်စိုး ဝန်ကြီးအဖြစ် အမှုထမ်းသည်။ သူသည် နိုင်ငံရေးထက် ဘဏ္ဍာရေးကိစ္စများ၌ ပို၍ကျွမ်းကျင်လေသည်။ ထို့ကြောင့် ၁၇၂၁ ခုနှစ်တွင် ဆောက်ဆီးကုမ္ပဏီအရေး ပေါ်ပေါက်လာသည့်အခါ၌ တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းပေးရန် ဝါလပိုအား ဘဏ္ဍာရေးဝန်ကြီးအဖြစ် တစ်ဖန် ခန့်အပ်လေသည်။ ယင်းကုမ္ပဏီကို ၁၇၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ရာ တိုင်းသူပြည်သားအများတို့သည် အမြတ်အစွန်း မြောက်မြားစွာ ထွက်ပေါ်လာမည် အထင်ဖြင့် အစုများဝယ်၍ ငွေရင်းမြှုပ်နှံခဲ့ကြသည်။ နောက်ဆုံး၌ ကုမ္ပဏီပျက်၍ အစုရှင်များ ငွေကြေးဆုံးရှုံးနစ်နာကြရလေသည်။ ဝါလပိုသည်လည်း တိုင်းပြည်တွင် ထိုကိစ္စကြောင့် ကျရောက်အံ့သော စီးပွားရေး အခြေပျက်ခြင်းကို ကာကွယ်နိုင်သဖြင့် ထင်ရှားလာလေသည်။ ထိုသို့ ဖြစ်သောကြောင့် ဝါလပိုသည် ၁၇၂၁ ခုနှစ်မှ ၁၇၄၂ ခုနှစ်အထိ ထိုရာထူး၌ တည်မြဲလျက် ပထမဂျော့ဘုရင် လက်ထက်၌လည်းကောင်း၊ ဒုတိယ ဂျော့ဘုရင် လက်ထက်၌လည်းကောင်း ညာလက်ရုံးသဖွယ် အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ဖြစ်ခဲ့လေသည်။ သူ၏ဝါဒမှာ နိုင်ငံ၏ ကြီးပွားရေးအတွက် ကူးသန်းရောင်းဝယ်ရေးကို အားပေးခြင်းပင်ဖြစ်သည်။ ကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုးရန်အတွက်မှာလည်း တိုင်းပြည်၌ ဘဏ္ဍာရေးအခြေခိုင်ရမည့်ပြင် နိုင်ငံအချင်းချင်း ငြိမ်းချမ်းသာယာမှု ရှိရမည်ဟူ၍ ဖြစ်သည်။ ဝါလပိုသည် ပြည်တွင်း ပြည်ပတို့တွင် ငြိမ်းချမ်းမှုရှိရန် ကြိုးစား ဆောင်ရွက်ခဲ့သော်လည်း ၁၇၃၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံသည် စပိန်နိုင်ငံနှင့် စစ်ဖြစ်ပွားခဲ့ရလေသည်။ ဝါလပိုသည် စစ်ဖက်ဆိုင်ရာဝန်ကြီးအဖြစ် အမှုထမ်းရပြီးနောက် ၁၇၄၂ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်လေသည်။ ထိုနှစ်၌ပင် ဘုရင် ဝါလပိုလအား အောဖို့နယ်စားဘွဲ့ဖြင့် သူကောင်းပြု ချီးမြှင့်ခဲ့သည်။ ဆာ ရောဗတ် ဝါလပိုသည် ဝန်ကြီးချုပ် ဟူသော ရာထူးဘွဲ့ကို မခံယူခဲ့ရသော်လည်း ဝန်ကြီးချုပ်တစ်ဦးကဲ့သို့ပင် ဗြိတိန်နိုင်ငံကို ၁ဝ နှစ်ကျော်မျှ အုပ်ချုပ်ခဲ့ပြီးနောက် ၁၇၄၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။

ဦးဖျော်

ဦးဖျော်(၁၁၀၀-၁၁၇+) သည် ဆင်ဖြူရှင်နှင့် စဉ့်ကူးမင်းလက်ထက်တွင် ဆရာဖြစ်ဖြင့် ထမ်းရွက်ခဲ့ရသူဖြစ်ပြီး စာပေများကိုလည်း ရေးသားခဲ့သည်။

၁၇၃၆

၁၇၃၆

၁၇၃၇

၁၇၃၇

၁၇၃၈

၁၇၃၈

၁၇၄၀

၁၇၄၀

၁၇၄၁

၁၇၄၁

၁၇၄၂

၁၇၄၂

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.