၁၆ ရာစုနှစ်



Mercator World Map
ဤမြေပုံသည် အီတလီလူမျိုး Amerigo Vespucci နှင့် ဘယ်လ်ဂျီယံလူမျိုး Gerardus Mercator တို့၏ ကမ္ဘာ့မြေပုံဖြစ်သည်။
Michelangelos David
၁၅၀၄ တွင် ထုလုပ်ခဲ့သော မိုက်ကယ်အင်ဂျီလို၏ ဒေးဗစ်ရုပ်ထု
Mona Lisa, by Leonardo da Vinci, from C2RMF retouched
လူသိများလှသော လီယိုနာဒို ဒါဗင်စီ၏ မိုနာလီဆာ ပန်ချီကား

၁၆ ရာစုနှစ် သည် ဂျူလီယန် ပြက္ခဒိန်အရ ၁၅၀၁ ခုနှစ်မှ ၁၆၀၀ အထိဖြစ်သည်။ သမိုင်းပညာရှင်များအရ ၁၆ ရာစုသည် အနောက်တိုင်း ယာဉ်ကျေးမှု တိုးတက်ချိန်ဖြစ်သည်။ စပိန်နှင့် ပေါ်တူဂီတို့သည် ပင်လယ်ရေလမ်းကြောင်းဖြင့် ကမ္ဘာအနှံ့ ခရီးဆန့်ခဲ့ကြသည်။ ကမ္ဘာသစ်၏ နယ်မြေများသည် စပိန်နှင့် ပေါ်တူဂီ ကိုလိုနီများဖြစ်လာခဲ့သည်။ ပေါ်တူဂီသည် အာရှနှင့် အာဖရိက၏ အဓိက ပင်လယ်ကုန်သည် ဖြစ်လာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသတွင် Ottoman အင်ပါယာသည် ဆက်လက်ကြီးထွားသည်။ ကော်ပါးနီးကပ်သည် နေဗဟိုပြုစကြာဝဠာကို အဆိုပြုခဲ့ရာ ပြင်းထန်စွာ ဆန့်ကျင်ခံရသည်။ နဂါးငွေ့တန်း ဂယ်လက်ဆီတွင် ဆူပါနိုဗာ SN 1572 ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်ရပ်သည် တော်လမီနှင့် အရစ္စတိုတယ်တို့အား နက္ခတ္တဗေဒနယ်ပယ်တွင် သိပ္ပံတော်လှန်ရေးဆီသို့ ဦးတည်စေခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်

သိင်္ဂါရွှေပြည် ဟူ၍လည်း ခေါ်ကြသော ကယ်လီဖိုးနီးယားပြည်နယ်သည် ပစိဖိတ် သမုဒ္ဒရာကမ်းခြေတွင်ရှိ၍ အမေရိကန်ပြည်ထောင်စုတွင် အပါအဝင် ပြည်နယ် တစ်နယ် ဖြစ်သည်။ သိင်္ဂါရွှေပြည်ဟု ခေါ်ကြခြင်းမှာ ကမ္ဘာ့ အဖိုးတန် ရွှေတွင်းများ ရှိခြင်းကြောင့် ဖြစ်၏။

၁၆ ရာစုနှစ်လောက်က နယူးစပိန်ဟု အမည်တွင်ခဲ့သော မက္ကဆီကိုနိုင်ငံ၌ လာရောက် နေထိုင်ကြသည့် စပိန်လူမျိုး တို့သည် မြောက်ဘက်တွင် သိင်္ဂါရွှေပြည်အရပ် ရှိသည်ဟု စိတ်ကူးယဉ်ယဉ်နှင့်တွေးကာ ပြောဆိုခဲ့ ကြသည်။ ထိုသို့ ပြောဆိုကြသော သတင်းစကားကြောင့် ၁၅၄၂-၄၃ ခုနှစ်များတွင် ဟွမ်ရိုဒရီဂေ့ကားဗရီးဟိုး ဆိုသူ ပေါ်တူဂီလူမျိုး တစ်ဦးသည် စပိန်သင်္ဘောတစ်စင်းဖြင့် ရွှေတွင်းများရှိရာ အရပ်ကို စူးစမ်း ရှာဖွေရန် ခရီးထွက်ခဲ့ရာ ဆန်ဒီယေးဂိုး ပင်လယ်အော်ထဲသို့ ရောက်ရှိခဲ့လေသည်။

၁၅၇၉ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဆာဖရစ်စစ် ဒရိတ်သည် ကယ်လီဖိုးနီးယားကမ်းခြေပေါ်သို့ ပထမဆုံး တက်ရောက်ခဲ့သည်။ ထိုနောက် ပင်လယ်ခရီးတွင် စွန့်စားဝံ့သော အခြားပုဂ္ဂိုလ်များလည်း ကယ်လီဖိုးနီးယား ကမ်းခြေသို့ ရောက်ခဲ့ကြ၏။ သို့သော် နောင်နှစ်ပေါင်း ၂ဝဝ ခန့်ကြာမှ ကာလီဖိုးနီးယားတွင် လူများ အတည်တကျ နေထိုင်စ ပြုခဲ့လေသည်။ ရှေးဦးစွာ လာရောက် နေထိုင်သူများမှာ မက္ကဆီကိုမှ ဖရန်စစ္စကန် ဘုန်းကြီးများ ဖြစ်သည်။ ထိုနောက် ၁၇၆၉ ခုနှစ်နှင့် ၁၇၇ဝ ပြည့်နှစ်များတွင် စပိန်အစိုးရသည် ကယ်လီဖိုးနီးယားပြည်နယ်ကို သိမ်းပိုက်လိုက်၏။ မွန်းထရေးမြို့သည် ကယ်လီဖိုးနီးယားပြည်နယ်၏ ပထမဆုံး မြို့တော်ဖြစ်ခဲ့သည်။

စပိန်အစိုးရလက်ထက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်သည် ငြိမ်းချမ်းသာယာ၍ စည်ပင်ဝပြောသည်။ စပိန်တို့၏ လက်အောက်တွင် နှစ်ပေါင်း ၅ဝ ကျော်မျှ ကျရောက်ခဲ့၏။ ထိုခေတ်မှ ကြွင်းကျန်ခဲ့သော အရာများအနက် ဖရန်စစ္စကန် သာသနာပြုအဖွဲ့များနှင့် ယင်းတို့တည်ဆောက်ခဲ့သော ထူးခြားသည့် အဆောက်အအုံများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပေသည်။ ၁၈၂၁ ခုနှစ်တွင် မက္ကစီကိုနိုင်ငံသည် စပိန်အစိုးရကို တော်လှန် ပုန်ကန်ခဲ့ပြီးနောက် လွတ်လပ်လာသောအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ၏ လက်အောက်ခံနယ် ဖြစ်လာလေသည်။

နှစ်ပေါင်းအစိတ်ခန့် မက္ကဆီကိုနိုင်ငံ လက်အောက်တွင် ရှိခဲ့ပြီးနောက် မက္ကဆီကိုစစ်ပွဲအပြီး ၁၈၄၈ ခုနှစ် တွင် ချုပ်ဆိုခဲ့သော စာချုပ်အရ အမေရိကန်အစိုးရသည် ကယ်လီဖိုးနီးယား ပြည်နယ်ကို သိမ်းပိုက်လိုက်လေသည်။ ထိုနှစ်အတွင်း၌ပင် ရွှေကို စတင်တွေ့ရှိလေရာ အမေရိကန်တို့သည် ကယ်လီဖိုးနီးယား ပြည်နယ် ထဲသို့ တသဲသဲ ဝင်ရောက်လာကြသည်။ ယင်းသို့ ရွေ့ရှားလာသူများကြောင့် စည်ကားလာ၍ ၁၈၅ဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စုအတွင်းသို့ ပြည်နယ် တစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ ထိုအခါ ကယ်လီဖိုးနီးယား ပြည်နယ်သည် အဖက်ဖက်မှ တိုးတက်လာ၏။ ဆည်မြောင်းများ ဖေါက်ခြင်းဖြင့် ကန္တာရ အရပ်ဒေသများကို စိုက်ပျိုး လုပ်ကိုင်အောင် ပြုပြင်ခဲ့လေသည်။ အမေရိကန်ပြန်ထောင်စု အရှေ့ပိုင်းမှ စတင်၍ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီယယ်ရာ နီးဗားဒတောင်တန်းကိုဖြတ်ကာ ပစိဖိတ်သမုဒ္ဒရာကမ်းအရောက် မီးရထားလမ်း ဖေါက်လုပ်ခဲ့၏။ ၁၉ဝ၆ ခုနှစ်တွင် ငလျင် ကြောင့် မီးလောင်ပျက်စီးခဲ့သော ဆန်ဖရန်စစ္စကိုမြို့ကိုလည်း ၃ နှစ်အတွင်း ပြန်လည် တည်ဆောက်ခဲ့လေသည်။

ကာလီဖိုးနီးယားပြည်နယ်သည် မြောက်ဘက်တွင် ဩရိဂန် ပြည်နယ်၊ အရှေ့ဘက်တွင် နီဗားဒနှင့် အယ်ရီဇိုးနီးယားပြည်နယ်၊ တောင်ဘက်တွင် မက္ကဆီကို နိုင်ငံတွင်းရှိ အောက်ပိုင်း ကယ်လီဖိုးနီးယားနယ်၊ အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာ တို့ဖြင့် နယ်နိမိတ် ပိုင်းခြားသတ်မှတ် တည်ရှိလေသည်။ ထိုပြည်နယ်သည် အမေရိကန်ပြည်ထောင်စုဝင် ပြည်နယ်များတွင် ဒုတိယအကျယ်ဝန်းဆုံး ဖြစ်သည်။ စတုရန်းမိုင် ၁၅၈၆၉၃ ကျယ်ဝန်း၍ လူဦးရေမှာ ၁၉၅ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ ၁ဝ၅၈၆၂၂၃ မျှ ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၏ ရာသီဥတုမှာ ကမ္ဘာပေါ်တွင် အသာယာဆုံး ဖြစ်သည်ဟု ဆိုလေသည်။

ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဆန်စပါး၊ ဂျုံ၊ မုယော၊ ဝါဂွမ်း၊ သကြားမုန်လာ စသည့် ကောက်ပဲသီးနှံများအပြင် သစ်သီးဝလံများလည်း စိုက်ပျိုးသည်။ သစ်သီးများအတွက် နာမည်ထင်ရှားသော ပြည်နယ်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း အပြင် သစ်သီး၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို စည်သွတ်သော လုပ်ငန်းနှင့် ရေနံချက်လုပ်ငန်း၊ သစ်လုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်း စသည်တို့မှာ အခြား ထင်ရှားသော လုပ်ငန်းများဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်သည် သဘာဝ အလျောက် သာယာသော ရှုမျှော်ခင်းတို့ဖြင့် ပြည့်စုံသည့် ပြည်နယ် ဖြစ်ပေသည်။ ထိုပြည်နယ်တွင် သေမင်းချိုင့်ဝှမ်းဟု ခေါ်သော ဆန်းကြယ်သည့် ချိုင့်ဝှမ်းတစ်ခုရှိသည်။ ထိုချိုင့်ဝှမ်းသည် ပင်လယ်ပြင်အောက် ပေ ၂၈ဝ မျှ နိမ့်လေသည်။ ကြီးမားလှသော သစ်ပင်ကြီးများ ပေါက်ရောက်၍ ထင်ရှားသည့် ဆီယယ်ရာ နီဗားဒ တောင်တန်းတွင်ရှိသော ဝှစ်တနီ တောင်ထိပ်သည် အလာစကပြည်နယ်ရှိ တောင်ထိပ်တစ်ခုကို ချပ်လှပ်လျှင် အမေရိကန် ပြည်ထောင်စုတွင် အမြင့်ဆုံးဖြစ်၍ ပေပေါင်း ၁၄၄၉၅ ပေမျှ မြင့်သည်။

နီဗားဒတောင်တန်းနှင့် ကို့စရိန့်တောင်တန်းနှစ်ခုကြားတွင် ကာလီဖိုးနီးယားချိုင့်ဝှမ်းကြီး ရှိလေသည်။ အနောက်ဘက်ရှိ

ဝီလဆန်တောင်ပေါ်၌ အမေရိကန် ပြည်ထောင်စုတွင် အရေးပါ ဆုံး နက္ခတ်မျှော်စင်ကြီးတစ်ခု ရှိ၏။ ကာလီဖိုးနီးယား ပြည်နယ်၏ မြို့တော်မှာ ဆက္ကရာမင်တိုမြို့ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများ မှာ ပစိဖိတ်သမုဒ္ဒရာကမ်းရှိ ဆန်ဖရန်စစ္စကိုမြို့နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့ဖြစ်သည်။ လော့စိန်းဂျလီးမြို့ အနီးတွင် ဟောလီးဝု ရုပ်ရှင်မြို့ကြီး တည်ရှိလေသည်။ မက္ကဆီကို နိုင်ငံဘက်ကျသော ဆန်ဒီယေးဂိုးမြို့နှင့် ဆန်ဖရန်စစ္စကို ပင်လယ်အော် ကမ်းနဖူးတွင်ရှိသော အုတ်ကလန်မြို့တို့မှာလည်း အတန်ထင်ရှားသောမြို့များ ဖြစ်ကြပေသည်။

ခုနှစ်များ စာရင်း

ဤစာမျက်နှာတွင် ခုနှစ် တစ်နှစ်ချင်းစီအား စာရင်းပြုစုထားသည်။

ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့ (ဟီဘရူး יְרוּשָׁלַיִם ; အာရပ် القُدس ) သည် အစ္စရေးနိုင်ငံ၏ သာသနာအရ အထွဋ်အမြတ်ထားသောမြို့တော်ဖြစ်သည့်အပြင် ဧရိယာ အကျယ်အဝန်းအားဖြင့် လည်းကောင်း လူဦးရေအားဖြင့်လည်းကောင်း အကြီးဆုံးမြို့လည်း ဖြစ်သည်။ လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ 763,800 ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။ ဂျူး၊ ခရစ်ယာန် နှင့် အစ္စလာမ် ဘာသာတို့ အထွတ်အမြတ်ထားသည့် သာသနာဆိုင်ရာ မြို့တော်ကြီး ဖြစ်သည်။

'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့်

ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်းဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃၀ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမ

ကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။

အရှေ့နှင့် အရှေ့မြောက်ဖက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဖက်တွင် တောင်ဖက်သို့ တန်းသွားသော

ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။

ဂျေရုစလင်မြို့ရိုးမှာ ကြိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည့်ပြင် အဖန်ဖန် ပြန်လည် ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က

စူလတန်ဘုရင် ဆူလေမန် တည်ဆောက်ထားခဲ့သော တံခါး များ ဖြစ်၏။ မြို့၏ တောင်ဖက်တွင် ဂျူးတို့ အထွတ်အမြတ်ထားရာ ဘုရားဝတ်ပြု တန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်း

တစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူး

တို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာ

တံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မူစလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထား

လေသည်။ ဂျေရုစလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမျှော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏

သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ

အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။

မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ်

များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။

ဘီစီ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက်အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁၀၀၀ ခန့်လောက်တွင် ဒေးဗစ်ဘုရင် သည် ဂျေရုစလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုစလင်မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှားဘုရင် ဆိုင်းရပ်လက်ထက်တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ ထိုမှတစ်ဖန် ဂျေရုစလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သည်-ဂရိတ်၏ လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင်

ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတစ်ပြန် ငါတစ်ပြန်

တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင်

ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက်

အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို

၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ်

တွင် မူစလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည်

တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁၀၉၉ ခုနှစ်တွင် ကရူး

ဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက်

ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မူစလင်ခေါင်းဆောင် ဆဲလဒင်းက

ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲ

သို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ်

တပ်များက သိမ်းပိုက်သည်အထိ မူစလင်တို့ လက်ထဲ၌

ရှိခဲ့ပေသည်။

(ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ဂျေရုစလင်၏သမိုင်းစဉ်အတွက်

အစ္စရေးနိုင်ငံ။)

ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ

အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဝေအုပ်ချုပ်လျက်ရှိ၏။

မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။

မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။

မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။

ဂျေရုစလင်မြို့သည် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့

မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ

၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ

၁၄၃၅၀၀ ဖြစ်လေသည်။

ဆယ်စုနှစ်များ စာရင်း

ဤသည်မှာ ဘီစီ ၂ ထောင်စုနှစ် အစ မှ အေဒီ ၃ ထောင်စုနှစ်အဆုံးအထိ ဆယ်စုနှစ်များ စာရင်း ဖြစ်သည်။

ဆူမတြာကျွန်း

ဆူမတြာကျွန်းသည် အရှေ့အိန္ဒိယကျွန်းစုတွင် အနောက်ဘက်အကျဆုံး ကျွန်းဖြစ်၍၊ စတုရန်မိုင် ၁၆၆၇၈၉ မိုင်ခန့် ကျယ်ပြန့်ပြီးလျှင် လူဦးရေ ၇၈၄၁၁၇၅ ယောက်ခန့်ရှိ၏။

တစ်ကျွန်းလုံးသည် လှပစိမ်းလန်းသော အုန်း၊ ထန်း၊ ဓနိစသော အပင်မျိုးတို့ဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ မျောက်၊ ဆင်၊ ကြံ့နှင့် တောဝက်စသော သားကောင်များလည်းရှိသည်။ မြင့်မားသော တောင်တန်းများ၌ ယခုထက်တိုင် အငွေ့တစ်လူလူတက်နေသော မီးတောင်များရှိသည်။ တောင်များ၏အနောက်ဘက်သည် မတ်စောက်၍ အရှေ့ဘက်ဆင်ခြေလျှောတွင် မြစ်ငယ်ချောင်းငယ်များ စီးဆင်းလျက်ရှိ၏။ မြေဩဇာထက်သန်ကောင်းမွန်သဖြင့် သကြား၊ ဆန်စပါး၊ ကော်ဖီ၊ ငရုတ်ကောင်း၊ ဆေးရွက်များကို နိုင်ငံခြားသို့တင်ပို့ရန် များစွာ စိုက်ပျိုးကြ၏။

ဆူမတြားကျွန်းတွင် သံ၊ ကျောက်မီးသွေး၊ သံဖြူ၊ ရေနံ၊ ကြေးဝါနှင့် ရွှေများကို တွေ့ရှိရသည်။ ဆူမတြားကျွန်းရှိ လူမျိုးများမှာ အမျိုးမျိုးဖြစ်၍ ဘာသာစကားအမျိုးမျိုး ပြောဆိုကြ၏။ တိုင်းရင်းသားများသည် အများအားဖြင့် လယ်ယာကိုင်းကျွန်းကိုမှီခို၍ အသက်မွေးမြူကြသည်၊ အချို့တိုင်းရင်းသားများမှာမူ ယနေ့တိုင် မယဉ်ကျေးသေးဘဲ၊ လူရိုင်းဘဝဖြင့်သာ တောတောင်များကို မှီတင်း နေထိုင်လျက်ရှိကြ၏။ ရှေးအခါက ဟိန္ဒူတို့၏ ယဉ်ကျေးမှု လွှမ်းမိုးရာဖြစ်ခဲ့၍၊ ထိုရှေးအယူဝါဒဆိုင်ရာ အဆောက်အအုံပျက်များကို အချို့နေရာ များတွင် တွေ့ရ၏။ သို့ရာတွင် ၁၃ ရာစုနှစ်များအတွင်း၌ မွတ်စလင်တို့ လွှမ်းမိုးလာရာ၊ ယနေ့တိုင် တိုင်းရင်းသားများစွာတို့သည် မွတ်စလင်များဖြစ်ကြသည်။ ထို့နောက် ပေါ်တူဂီတို့က ဝင်ရောက် သိမ်းပိုက်ခဲ့ပြန်၍၊ ၁၆ ရာစုနှစ်ကုန်ခါနီးတွင် ပေါ်တူဂီတို့အား ဒပ်ချလူမျိုးတို့က တိုက်ခိုက်မောင်းထုတ်လိုက်ပြီးလျှင် ဒပ်ချလူမျိုးပိုင်ကျွန်း ဖြစ်ခဲ့လေသည်။ ဆူမတြားကျွန်းသည် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်လက်အောက်သို့ ကျရောက်ခဲ့သည်။ ပါးဒန်း၊ မေဒန်းနှင့် ပါလင်ဗန်းမြို့ကြီး များသည် မီးရထားအဆက်အသွယ်ရှိ၍ ထင်ရှားသောမြို့ကြီးများဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် ဆူမတြာကျွန်းအပါအဝင် အရှေ့အိန္ဒိယကျွန်းစုများကို စုပေါင်း၍၊ အင်ဒိုနီးရှားသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့သည်။ သို့ဖြင့် ဒပ်ချတို့နှင့် အချင်းများခဲ့ရာ ၁၉၄၉ ခုနှစ်တွင်မှ အင်ဒိုနီးရှားနိုင်ငံပေါ်ပေါက်လာလေသည်။

တက္ကဆပ်ပြည်နယ်

တက္ကဆပ်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုနိုင်ငံတွင် အကြီးဆုံးပြည်နယ်ဖြစ်၍ အ‌နောက်ဘက်ရှိ နယူးမက္ကဆီကိုပြည်နယ်နှင့်အ‌ရှေ့ဘက်ရှိ လူဝီးစီးယားနား ပြည်နယ်နှစ်ခုတို့၏ အကြား ၌ မက္ကဆီကိုပင်လယ်‌ကွေ့ကို မျက်နှာမူလျက်တည်ရှိသည်။ ပြည်နယ်၏ ‌မြောက်ဘက်တွင်အိုကလဟိုးမားပြည်နယ်၊ ‌တောင်ဘက်နှင့်အ‌နောက်ဘက်တွင် မက္ကဆီကိုနိုင်ငံတို့တည်ရှိကြ ၍ အ‌ရှေ့‌တောင်ဘက်တွင်မူ မက္ကဆီကို ပင်လယ်‌ကွေ့ ဝန်းရံ လျက်ရှိသည်။

တက်ဆက်ပြည်နယ်၏ အ‌နောက်ဘက်တွင် ‌တောင်တန်းထူထပ်၍ အလယ်တွင် ‌မြေဩဇာ‌ကောင်းသည့်လွင်ပြင်ကြီး များရှိသည်။ အ‌ရှေ့‌တောင်ဘက်ရှိ မက္ကဆီကိုပင်လယ်‌ကွေ့ ကမ်း

‌ခြေ‌ဒေသသည် နုံးတင်‌မြေနု‌ပေါ‌သော‌မြေနိမ့်ပိုင်းဖြစ်၍ ကမ်း‌ခြေ တစ်‌လျှောက်တွင် မြစ်ဝသဲခုံများရှိသည်။

‌မြေမျက်နှာသွင်ပြင် အမျိုးမျိုး ခြားနားလျက်ရှိခြင်း‌ကြောင်း ၎င်း၊ ပြည်နယ်၏ ပမာဏကြီးမားခြင်း‌ကြောင့်၎င်း၊ တက်ဆက် ပြည်နယ်၏ ရာသီဥတုသည် တစ်‌နေရာနှင့်တစ်‌နေရာ မတူဘဲ

ကွဲပြား‌လေသည်။ ‌တောင်ဘက်ကမ်း‌ခြေတစ်‌လျှောက်တွင် အပူ ‌လျော့ ရာသီဥတုမျိုးမှသည် အ‌နောက်‌မြောက်ဘက်တွင် မျှတ သည့် သမပိုင်းရာသီဥတုမျိုးအထိရှိသည်။ တက်ဆက်ပြည်နယ် အ‌ရှေ့ပိုင်းတွင် မိုးအများဆုံးရွာသွန်း၍၊ အ‌နောက်ဘက်တွင် မိုး ပါးသည်။

တက်ဆက်ပြည်နယ်သည် အ‌မေရိကန်ပြည်‌ထောင်စုတွင် ‌မြေ

ဩဇာ‌ကောင်း‌သော လယ်‌မြေအများဆုံးရှိ၍ အ‌ရေးပါဆုံး‌သော

ပြည်နယ်ဖြစ်သည်။ အ‌ရှေ့‌တောင်ပိုင်းတွင် ဆန်စပါးနှင့် ဝါကို

အကြီးအကျယ် စိုက်ပျိုး၍ ဝါအထွက်မှာ အ‌မေရိကန်ပြည်

‌ထောင်စုတွင် ပထမစွဲသည်။ ‌ပြောင်းကိုလည်း ပြည်တွင်း၌

အများအားဖြင့် နွားများနှင့် ဝက်များကို‌ကျွေးရန် စိုက်ပျိုး၏။

မိုးများ‌သော အ‌ရှေ့ဘက်တွင် သစ်‌တောများရှိ၍ သစ်လုပ်ငန်း

ထွန်းကားသည်။ တက်ဆက်ပြည်နယ်‌မြောက်ပိုင်းနှင့် အ‌နောက်

ပိုင်းတွင် ဂျုံ၊ မြင်းစားဂျုံ၊ မု‌ယောနှင့် ရိုင်းစပါးတို့ကို စိုက်ပျိုး

ကြသည်။ ရိုင်ယိုဂရန်းမြစ်ဝှမ်း ‌အောက်ဘက်တစ်‌လျှောက်၌

သစ်သီးပင်များ စိုက်ပျိုးသည်။ စားကျက်‌ကောင်းများရှိသည့်

အ‌နောက်‌တောင်ပိုင်းတွင် သိုး၊ နွား၊ ဆိတ် ‌မွေးမြူ‌ရေးလုပ်ငန်း

သည် အကြီးအကျယ် ထွန်းကားသည်။ တက်ဆက်ပြည်နယ်

သည် အ‌မေရိကန်ပြည်‌ထောင်စုတွင် ‌ရေနံ အများဆုံးထွက်ရာ

ပြည်နယ်ဖြစ်‌လေသည်။

တက်ဆက်ပြည်နယ်၏ ထွက်ကုန်များကား ဝါဂွမ်း၊ နွား၊

နို့ထွက်ပစ္စည်း၊ ‌ပြောင်း၊ ဝက်နှင့် ဝက်သား၊ ဂျုံ၊ ကြက်ဥ၊

မြင်းစားဂျုံ၊ ဆန်စပါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ မြင်းနှင့်

လား၊ သိုးနှင့် သိုး‌မွှေး၊ ဆိတ်နှင့်ဆိတ်‌မွှေး၊ ကြက်၊ ငှက်(အထူး

သဖြင့် ကြက်ဆင်)၊ ပျားနှင့် ပျားရည်၊ ‌ရေနံ၊ ဟီလီယမ်ဓာတ်

‌ငွေ့၊ ‌ရေနံထွက်ပစ္စည်း၊ ‌ရေနံ ‌မြေသုံး စက်ကရိယာ၊ သစ်၊ အမဲ

သား၊ ဂျုံမှုန့်၊ ဘိလပ်‌မြေ၊ ဓာတုပစ္စည်း၊ ချည်ထည်၊ ‌လေယာဉ်

ပျံ၊ စည်သွတ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်၊ သကြားစသည်တို့

ဖြစ်ရာ ထွက်ကုန်မှာ အ‌ထွေ‌ထွေအပြားပြား ဖြစ်‌လေသည်။

၁၉၅၅ ခုနှစ် ခန့်မှန်း‌ခြေစာရင်းအရ တက်ဆက်ပြည်နယ်၏

လူဦး‌ရေသည် ၈၅၆၃၀၀၀ ‌ယောက်ဖြစ်သည်။ ထိုပြည်နယ်တွင်

မူလက ‌နေထိုင်ခဲ့သူများသည် ရက်အင်ဒီးယန်း လူမျိုးများဖြစ်

ကြသည်။ သို့‌သော် ၁၆ ရာစုနှစ်များတွင် စပိန်နှင့် ပြင်သစ်

လူမျိုးများ လာ‌ရောက်အ‌ခြေစိုက် ‌နေထိုင်ကြသည်။ ယခုလက်ရှိ

‌နေထိုင်သူများကား ‌နောက်ထပ်လာ‌ရောက် အ‌ခြေစိုက်ခဲ့ကြ‌သော

အိုင်းရစ်၊ ဂျာမန်၊ ပြင်သစ်၊ ဒပ်ချ၊ ဆွိနှင့် အဂင်္လိပ်လူမျိုးများ

တို့၏ အဆက်အနွယ်များဖြစ်၏။

တက်ဆက်ပြည်နယ်သို့ ပထမဦးစွာ လာ‌ရောက်လှည့်

လည်ရှာ‌ဖွေခဲ့သူတို့မှာ စပိန်လူမျိုးများဖြစ်ကြသည်။ ကာ‌ဗေးသား

‌သေဗားကားနှင့် အ‌ဖော်သုံးဦးတို့သည် ၁၅၂၈ ခုနှစ်တွင်

မက္ကဆီကို ပင်လယ်‌ကွေ့ရှိ ဂယ်လဗက်စတန်ကျွန်း၌ သ‌ဘေင်္ာ

ပျက်ကာ ‌သောင်တင်ခဲ့‌သော‌ကြောင့် တက်ဆက်ပြည်နယ်

အ‌နောက်ဘက်သို့ ‌ရောက်ရှိခဲ့သည်။ ထိုမှအစပြု၍ စပိန်လူမျိုး

တို့သည် အ‌နောက်ဘက်ရှိ အက်ပက်ဆိုမြစ်နှင့် ရိုင်အိုဂရန်း

မြစ်များ တစ်ဝိုက်၌ စတင်အ‌ခြေစိုက် ‌နေထိုင်ခဲ့ကြသည်။

ပြင်သစ်လူမျိုး လဆဲသည် ၁၆၈၅ ခုနှစ်တွင် ဂယ်လဗက်

စတန်ကျွန်း ‌တောင်ဘက်ရှိ မက်တ‌ဂေါဒကျွန်း၌ လာ‌ရောက်

အ‌ခြေစိုက်‌နေထိုင်ခဲ့သည်။ သို‌သော် စပိန်တို့သည် ဆက်လက်၍

လှည့်လည်ရှာ‌ဖွေခဲ့ရာ ၁ရ၃၁ ခုနှစ်သို့‌ရောက်လျှင် အကြိမ်

‌ပေါင်း ၉၀ မျှမက လှည့်လည်စူးစမ်းရှာ‌ဖွေ‌စေခဲ့ပြီးဖြစ်၍

သာသနာပြုဌာန အ‌မြောက်အမြား ဖွင့်လှစ်တည်‌ထောင်ခဲ့ပြီးဖြစ်၏။

၁ရ၁၂ ခုနှစ်မှ ၁၈၀၃ ခုနှစ်အထိ စပိန်တို့ နယ်သစ်

စိုက်ထူခြင်းမှာ ‌နှေး‌ကွေးခဲ့‌သော်လည်း ထို‌ဒေသသည် စပိန်၏

ကြိုးကိုင်မှု‌အောက်တွင် ရှိခဲ့‌လေသည်။ ၁၈၁၂ ခုနှစ်၌ စပိန်တို့

ထံမှ မက္ကဆီကိုနိုင်ငံ လွတ်လပ်‌ရေး၇‌သောအခါ တက်ဆက်ပြည်

နယ်မှာ မက္ကဆီကိုနိုင်ငံပိုင် ပြည်နယ်တစ်ခု ဖြစ်သွား‌လေသည်။

ထိုသို့ တက်ဆက်ပြည်နယ်သည် မက္ကဆီကိုနိုင်ငံ လက်

‌အောက်၌ရှိ‌နေခဲ့စဉ်က ထိုပြည်နယ်တွင်းသို့ အ‌မေရိကန်များ

လာ‌ရောက်အ‌ခြေစိုက် ‌နေထိုင်ခဲ့ကြသည်။ ၁၈၁၂ ခုနှစ်တွင်

စတီဖင်ဖူးလား‌အော်စတင် ‌ခေါင်း‌ဆောင်၍ တက်ဆက်ပြည်နယ်

အ‌ရှေ့ဘက် ဗရက်ဇတ်မြစ်တစ်ဝိုက်၌ ဆန်ဖိလစ်‌သေ‌အော်စတင်

အရပ်ကို တည်‌ထောင်ကာ အ‌ခြေစိုက်‌နေထိုင်ခဲ့ကြသည်။

တဖြည်းဖြည်းနှင့် အ‌မေရိကန်တို့သည် လူဦး‌ရေ ၂၀၀၀၀

‌ကျော်လာခဲ့‌လေသည်။ ထို‌နောက်တွင် မက္ကဆီကိုနိုင်ငံ အစိုးရ

သည် အ‌မေရိကန်တို့အ‌ပေါ် ဖိနှိပ်ချုပ်ချယ်လာ‌သောအခါ

အ‌မေရိကန်နယ်သစ်ထူ‌ထောင်သူများသည် ပုန်ကန်‌တော်လှန်

ကာ၊ ၁၈၃၆ ခုနှစ်မှ အစပြု၍ တက်ဆက်သမ္မတနိုင်ငံ

ထူ‌ထောင်ခဲ့‌လေသည်။ ၁၈၄၅ ခုနှစ်တွင် အ‌မေရိကန်ပြည်

‌ထောင်စု၏ ၂၈ ခု‌မြောက် အဖွဲ့ဝင်ပြည်နယ် ဖြစ်လာခဲ့သည်။

အ‌မေရိကန်ပြည်တွင်းစစ်ပွဲကြီး ဖြစ်ပွားချိန်တွင် ပြည်‌ထောင်စုမှ

ခွဲထွက်ခဲ့‌သော်လည်း၊ ၁၈ရဝ ပြည့်နှစ်တွင် ပြည်‌ထောင်စုထဲ့သို့

ပြန်လည်ဝင်‌ရောက်‌လေသည်။ ၁၉၀၀ ပြည့်နှစ်‌လောက်တွင်

‌ရေနံတွင်းများ စတင်‌တွေ့ရှိခဲ့ရာ ပြည်နယ်မှာ တဖြည်းဖြည်း

တိုးတက်စည်ကား၍ ချမ်းသာကြွယ်ဝလာ‌လေသည်။ ယခင်က

မြို့သိမ် ရွာငယ်များသည် မြို့ကြီးများဖြစ်လာ၏။ ‌ရေနံချက်

စက်များ၊ အလုပ်ရုံများ၊ စက်ရုံများ ‌ပေါ်‌ပေါက်လာခဲ့၏။ ဆိပ်

ကမ်းမြို့များကို ပြုပြင်‌ပေးခဲ့၍ နိုင်ငံခြား ကုန်သွယ်မှုအကြီး

အကျယ် တိုးတက်‌ကောင်းမွန်ခဲ့သည်။ ပထမကမ္ဘာစစ်ကြီး

အတွင်းက အ‌မေရိကန်ပြည်‌ထောင်စု၏ အကြီးဆုံး‌သော

စစ်သား‌လေ့ကျင့်‌ရေးစခန်း အများအပြား ပြည်နယ်အတွင်းတွင်

တည်ရှိခဲ့‌ပေ၏။ ဒုတိယကမ္ဘာစစ် ကြီးအတွင်း၌မူ စက်မှု

လက်မှုအလုပ်ရုံသစ် အ‌မြောက်အမြား တည်‌ထောင်ခဲ့‌လေသည်။

တက်ဆက်ပြည်နယ်၏ မြို့‌တော်မှာ ‌အော်စတင်

ဖြစ်၍ ပြည်နယ်၏အလယ်ကို ဖြတ်သန်းစီးဆင်း‌သော ‌ကော်လို

ရားဒိုး မြစ်ကမ်း‌ပေါ်တွင် တည်ရှိသည်။ အခြားမြို့ကြီးများမှာ

ဟူစတန်၊ ဆန်အန်တိုးနယိုး၊ ဂယ်လဗက်စတန်နှင့် ဖို့ဝပ်မြို့

တို့ဖြစ်ကြသည်။

တော်သလင်းလ

တော်သလင်း (တဝ်သလင်း) သည် မြန်မာပြက္ခဒိန်၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ၃၀ ရက်ရှိပြီး ရက်စုံသောလဖြစ်သည်။

ပီရူးနိုင်ငံ

ပီရူးနိုင်ငံ၏ တရားဝင်အမည်မှာ ပီရူးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတိုက်၏ အနောက်ပိုင်းဒေသတွင် တည်ရှိသည်။ မြောက်ဘက်တွင် အီကွေဒေါနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အရှေ့ဘက်တွင် ဘရာဇီးနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ၊ တောင်ဘက်တွင် ချီလီနိုင်ငံနှင့် အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာတို့ ဝန်းရံလျက်ရှိသည်။

ပီရူးသည် တစ်ခါက အင်က အင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လ

လတွင် ဒုတိယ ဗိုလ်မှူးကြီးဟောင်း အော်လန်တာဟူမာလာကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်

ခဲ့ကြသည်။ ပီရူးသည် စီးပွားရေး တိုးတက်မှုရှိလာသော်လည်း ဆင်းရဲမွဲတေမှု မပပျောက်သေးပေ။

ပီရူးနိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြောက်ချီကို ယဉ်ကျေးမှုနှင့် အင်ကာ အင်ပါယာ တည်ရှိရာ ဒေသဖြစ်သည်။ ၁၆ ရာစုနှစ်တွင် စပိန် အင်ပါယာ လက်အောက် ကျရောက်ခဲ့သည်။ ၁၈၂၁ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဘဏ္ဍာရေး အကျပ်အတည်းများ၊ စီးပွားရေး ကမောက်ကမ စသည့် အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် နိုင်ငံဖြစ်သည်။

ယူကရိန်းနိုင်ငံ

ယူကရိန်းနိုင်ငံသည် အရှေ့ဥရောပတွင် ရှိသော နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဧရိယာစတုရန်း ကီလိုမီတာ ၆၀၃,၆၂၈ ရှိသဖြင့် ဥရောပတိုက်ပေါ်တွင် တစ်ဆက်တည်းရှိသော နိုင်ငံများတွင် အကြီးဆုံး ဖြစ်သည်။ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ရုရှားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ဘီလာရုဇ်နိုင်ငံ၊ အနောက်ဘက်တွင် ပိုလန်နိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ နှင့် ဟန်ဂေရီနိုင်ငံ၊ အနောက်တောင်ဘက်တွင် ရိုမေးနီးယားနိုင်ငံနှင့် မော်လ်ဒိုဗာနိုင်ငံ၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် ပင်လယ်နက်နှင့် အာဇော့ဗ် ပင်လယ်တို့နှင့် ထိစပ်လျှက် ရှိသည်။ ယခင်က ယူကရိန်း (The Ukraine) ဟူသော အမည်ဖြင့် သိရှိကြသည်။

သကြား

သကြားသည် လူတို့၏ အရေးကြီးသော အစာတစ်မျိုးဖြစ်သည်။ ဓာတ်ဆီသည် မော်တော်ယာဉ်စက်ကို အပူငွေ့နှင့် စွမ်းအင်ပေးရန်အတွင်မရှိမဖြစ်သကဲ့သို့ သကြားဓာတ်သည်လည်း လူ့ခန္ဓာကိုယ်စက်ကြီးအား အပူငွေ့ နှင့် စွမ်းအင်ပေးရန်အတွက် မရှိမဖြစ်သော အာဟာရဓာတ်ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား ကစား၍ဖြစ်စေ၊ အပင်ပန်းခံ အလုပ်လုပ်၍ဖြစ်စေ၊ အင်အား

ကုန်ခမ်းမောပန်းသောအခါ သကြားကို စားကြရသည်။ ဂလူးကို့ ဆေးသကြားကို အင်အားကုန်ခမ်း မောပန်းနေသည့် လူနာများအားတိုက်ခြင်း၊ ထိုးဆေးအဖြစ် ထိုးပေးခြင်းတို့ကိုထောက်၍ သိသာသည်။ ထို့ပြင် သကြား သည် အရသာအရှိဆုံးသော အစာတစ်ခုလည်းဖြစ်သည်။ သာမန်အားဖြင့် လူတို့သည် တစ်နှစ်လျှင် ပျမ်းမျှခြင်းအားဖြင့် မိမိခန္ဓာကိုယ် အလေးချိန်နှင့် အမျှ သကြားစားကြသည်ဟုဆိုသည်။

သကြား တစ်ပေါင်လျှင် အပူ၏ပမာဏဖြစ်သော ကယ်လိုရီ ၁၈ဝဝ ပါရှိသည်။ လူတို့၏ အသက်ရှင် ကျန်းမာရေးအတွက် လိုအပ်သော ဓာတ်တစ်ပါးဖြစ်သည့် ကာဗိုဟိုက်ဒြိတ်ဓာတ်သည် သကြား၌ ရာခိုင်နှုန်း

ပြည့်ပါသည်။ အဓိပ္ပာယ်ကား ကာဗွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ်သုံးမျိုးစလုံးပါသည်ဟုဖြစ်သည်။ ထို့ကြောင့် သကြား၏ ဓာတုပုံသေနည်းသည် ဂ္ဂ၁၂ ံ၂၂ ဥ၁၁ ဖြစ်သည်။ မေပယ်ပင်မှရသော သကြား၌ ကာဗိုဟိုက်ဒြိတ် ၈၃ ရာခိုင်နှုန်း၊ ရေ ၁၆ ရာခိုင်နှုန်းနှင့် ဓာတ်ဆားတစ်ရာခိုင်နှုန်းပါသည်။

သကြားကို ခရစ်မပေါ်မီကာလကပင် လူတို့စားသုံးနေကြပြီဟုဆို သည်။ ခရစ်ပေါ်ပြီးအနှစ် ၄ဝဝ ခန့်အကြာတွင် အိန္ဒိယနိုင်ငံ၌ စတင်အသုံး ပြုခဲ့ကြပြီ ဖြစ်ကြောင်းကိုမူ အတိအကျ သိရသည်။ အေဒီ ၅ဝဝ ခန့်တွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် အရှေ့အိန္ဒိယကျွန်းစု၊ တရုတ်နိုင်ငံ၊ ပါးရှားနိုင်ငံတို့သို့ လည်းကောင်း၊ ထိုမှအေဒီ ၇ဝဝ ခန့်တွင် စပိန်နိုင်ငံတို့သို့လည်းကောင်း အေဒီ ၉ဝဝခန့်တွင် ဥရောပတောင်ပိုင်း နိုင်ငံများနှင့် အာဖရိကမြောက်ပိုင်း နိုင်ငံများသို့လည်းကောင်း သကြားပြုလုပ်နည်းများ ပျံ့နှံ့ခဲ့သည်။ အလယ်ခေတ်တွင် အီဂျစ်နိုင်ငံသည် သကြားချက်နည်းကို အတော်အဆင့်တန်း မြင့်မြင့် သိရှိနေပြီဖြစ်ကြောင်းသိရသည်။ ၁၆ ရာစုနှစ်ခန့်တွင် အနောက် အိန္ဒိယကျွန်းစုနှင့် တောင်အမေရိကတိုက်တို့သို့ သကြားလုပ်နည်း ရောက်ရှိ ပျံ့နှံ့ခဲ့သည်။ ၁၇ နှင့် ၁ဂ ရာစုနှစ်ခန့်တွင် အမေရိကန်ပြည်ထောင်စု နယူး အင်္ဂလန်ပြည်နယ်မှ ကုန်သည်များသည် ကျူးဗားကျွန်းထွက် သကြားချက်ရာ မှထွက်သော သကာရည်များကို ခိုးသွင်း၍ အရက်ချက်ကာ နိုင်ငံခြားသို့ အရက်ကုန်ကူးကြကြောင်းဖြင့်ဆိုသည်။

သကြားကို ကြံ၊ မုန်လာဥနီ (သကြားမုန်လာ)၊ မေပယ်ပင်၊ စပျစ်သီး၊ပြောင်း၊ သစ်သား စသည်တို့မှ ချက်လုပ်နိုင်သည်။ ဥတုဘောဇန သင်္ဂဟကျမ်း အလိုအရ သကြားကို

သစ်မယ်ဇယ်ပွင့်၊ ပျားရည်၊ ဝက်မြေဖြူဥတို့မှ ချက်၍ရကြောင်း သိရသည်။

သွပ်

သွပ် (အင်္ဂလိပ်: Zinc) သည် သတ္တုဒြပ်စင် တစ်မျိုးဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၃၀ ဖြစ်ကာ ယင်း၏ ဓာတုဗေဒ သင်္ကေတမှာ Zn ဖြစ်သည်။ သွပ်သည် ဓာတု ဂုဏ်သတ္တိများအရ မဂ္ဂနီဆီယမ်နှင့် ဆင်တူသည်။ အကြောင်းမှာ ယင်းတို့၏ အိုင်ယွန်း (ion - အီလက်ထရွန် အရေအတွက် လျော့နေသော အက်တမ်) များမှာ အရွယ်တူနီးပါးရှိကာ များသောအားဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများတွင် +2 အဖြစ်တွေ့ရှိရသောကြောင့် ဖြစ်သည်။ ကမ္ဘာ့ အပေါ်ယံမြေလွှာတွင် သွပ်သည် နံပတ် ၂၄ မြောက် အများဆုံး တွေ့ရသည့် ဒြပ်စင်ဖြစ်ပြီး တည်ငြိမ်သည့် အိုင်ဆိုတုပ် ၅ မျိုးရှိသည်။ သွပ်သတ္တုရိုင်းများအနက် ဇင့်ခ်ဆာလဖိုဒ် (zinc sulfide) တစ်မျိုးဖြစ်သည့် Sphalerite မှာ အသုံးအဝင်ဆုံး ဖြစ်သည်။ အကြီးမားဆုံးသော သွပ်သတ္တုတွင်းများကို ဩစတြေးလျ၊ အာရှနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် တွေ့ရှိရသည်။

သွပ်နှင့် ကြေးနီ ရောစပ်ထားသော သတ္တုစပ် ကြေးဝါကို အစောဆုံး ဘီစီ ၁၀ ရာစုနှစ်မှ စ၍ အသုံးပြုခဲ့ကြသည်။ သန့်စင်သော သွပ်ကို ၁၃ ရာစုနှစ်ရောက်မှသာ အိန္ဒိယတွင် ထုတ်လုပ်နိုင်သည်။ ဥရောပသားများသည် ၁၆ ရာစုနှစ်ရောက်မှသာ သွပ်ကို သိရှိကြသည်။ အဂ္ဂိရတ်ဆရာများသည် ‘ဖြူစင်သောနှင်း’ (white snow) ဟုခေါ်သည့် ဇင့်ခ်အောက်ဆိုဒ် ရရှိရန် သွပ်ကို လေထဲတွင် မီးရှို့ကြသည်။

သွပ်ကို သံကြေးမတက်လွယ်သည့် သံမဏိ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။ သွပ်သည်လည်း လူ့ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် တွင်းထွက်ပစ္စည်း တစ်မျိုးဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူဦးရေ ၂ သန်းခန့်သည် ဇင့်ခ်ချို့တဲ့မှု ခံစားနေရပြီး ရောဂါ အတော်များများသည် ဇင့်ခ်ချို့တဲ့မှုကြောင့် ဖြစ်သည်။ကလေးသူငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်သည်။ ဇင့်ခ်ချို့တဲ့မှုကြောင့် နှစ်စဉ် ကလေးဦးရေ ၈ သိန်းခန့် အသက်ဆုံးရှုံးရသည်။

အရီဇိုးနားပြည်နယ်

အရီဇိုးနားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု ၏ အနောက်တောင်ပိုင်း ဒေသတွင် တည်ရှိသည်။ အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း၏ တစိတ်တဒေသ ဖြစ်ပြီး အနောက်ဘက်တောင်တန်းဒေသ၏ တစိတ်တပိုင်းလည်း ဖြစ်သည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဖီးနစ်မြို့ ဖြစ်သည်။

ကြေးနီအများဆုံး ထွက်သော

ပြည်နယ်ဖြစ်ခြင်းကြောင့် ကြေးနီပြည်နယ် ဟူ၍လည်း

ခေါ်တွင်သည်။ မြောက်ဘက်တွင် နီဗားဒပြည်နယ်နှင့် ယူးတား

ပြည်နယ်၊ အရှေ့ဘက်တွင် မက္ကဆီကိုနိုင်ငံ၊ အနောက်ဘက်

တွင် ကာလီဖိုးနီးယားပြည်နယ်နှင့် နီဗားဒပြည်နယ်တို့အသီးသီး

တည်ရှိကြသည်။ ထိုပြည်နယ်ဒေသသည် မူလက မက္ကဆီကို

နိုင်ငံ၏ အစိတ်အပိုင်းဖြစ်၍ ၁၈၆၃ ခုနှစ်တွင် အမေရိကန်နယ်

အဖြစ်လည်းကောင်း၊ ၁၉၁၂ ခုနှစ်တွင် ပြည်နယ်အဖြစ်

လည်းကောင်း ပါဝင်ခဲ့သည်။ ပြည်နယ်၏အကျယ်အဝန်းသည်

စတုရန်းမိုင် ၁၁၃၈ဝ၉ ရှိ၍၊ လူဦးရေ ၂ဝ၅၈ဝဝဝ ယောက်

(၁၉၇၃) နေထိုင်သည်။

အယ်ရီဇိုးနားပြည်နယ် မြောက်ပိုင်းတွင် ကိုလိုရားဒိုး

ကုန်းပြင်မြင့်ရှိသည်။ အနောက်တောင်ပိုင်းသည် အလွန်ခြောက်

သွေ့သောလွင်ပြင်ဖြစ်၍၊ ပြည်နယ်လူဦးရေ တစ်ဝက်ကျော်ကျော်

တို့သည် ထိုအပိုင်း၌ နေထိုင်သည်။ ကုန်းပြင်မြင့်နှင့်

လွင်ပြင်တို့အကြားတွင် တောင်တန်းဒေသရှိသည်။ ထိုတောင်

တန်းများသည် ပြည်နယ်အနောက်မြောက်ပိုင်းမှ အရှေ့တောင်

ပိုင်းအထိ ကျယ်ပြန့်သည်။

ကိုလိုရားဒိုးမြစ်သည် ပြည်နယ်တွင် အထင်ရှားဆုံးမြစ်

ဖြစ်၍ အနောက်ဘက်နယ်နိမိတ် တစ်လျှောက်လုံးနီးပါးမျှ

စီးဆင်းပြီးလျှင် ကာလီဖိုးနီးယားပင်လယ်ကွေ့ထဲသို့ စီးဝင်

သည်။ အခြားမြစ်များမှာ ကိုလိုရားဒိုးမြစ်၏ မြစ်လက်တက်များ

ဖြစ်သော လစ်တဲကိုလိုရားဒိုးမြစ်၊ ဝီလျံမြစ်နှင့်ဂီလာမြစ်တို့ဖြစ်

ကြသည်။

အယ်ရီဇိုးနားပြည်နယ် ရာသီဥတုသည်ခြောက်သွေ့၍

တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၁၃ လက်မ ခန့်သာ ရရှိသည်။

ကုန်းပြင်မြင့်ဒေသတွင် ရာသီဥတုမှာ အေး၍ ဆောင်းအခါ၌

ဆီးနှင်းကျသည်။

အယ်ရီဇိုးနားပြည်နယ်သည် သဘာဝအလျောက်

ဖြစ်ပေါ်လျက်ရှိသော အံ့ချီးဖွယ်ရာရှုခင်း ပေါများ၍၊ ကျန်းမာ

ရေးအတွက် ညီညွတ်သော ရာသီဥတုရှိခြင်းကြောင့် အမေရိကန်

ပြည်နယ်အသီးသီးမှ ခရီးဧည့်သည်ပေါင်းမြောက်မြားစွာ နှစ်စဉ်

လာရောက်လည်ပတ်လေ့ရှိသည်။ သဘာဝရှုခင်းများတွင် ကိုလို

ရားဒိုးမြစ်ရှိ ကင်ညွန်ချောက်ကြီးသည် အထူးထင်ရှား၏။

ဆေးရောင်ခြယ် သဲကန္တာရနှင့် ကျောက်ဖြစ်သစ်တောတို့သည်လည်း

ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ပေသည်။ ပြည်နယ်ရှိ တောင်တန်း

တောင်စွယ်တို့သည်ကား သဘာဝအလျောက် အမျိုးမျိုးသော

ပုံသဏ္ဌာန်တို့ကို ဆောင် လျက် ရှိကြလေရာ အချို့သည်

လူတို့ဆောက်လုပ်သော အဆောက်အအုံကြီးများကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင် ယင်းဒေသသို့ ဥရောပတိုက်သားများမရောက်မီ

ရှေးနှစ်ပေါင်း များစွာက နေထိုင်ခဲ့ကြသော တိုင်းရင်းသားတို့၏

တောင်စောင်းနေအိမ်များသည်လည်း အံ့ဩဖွယ်ကောင်းလောက်

အောင် ဆန်းကြယ်လှပေသည်။ ရေပူစမ်းရှိရာအရပ်များတွင်

ကျန်းမာရေးအတွက် အနားယူစခန်းများရှိသည်။

အယ်ရီဇိုးနားပြည်နယ်တွင်ရေရှားသဖြင့် မြစ်များ၌

ရေကာတာများကိုဆောက်လုပ်၍ ဆည်မြောင်းများဖြင့် ရေသွယ်

စိုက်ပျိုးရသည်။ ကိုလိုရားဒိုးမြစ်ပေါ်ရှိ ဗိုလဒါရေကာတာနှင့်

ဆော့မြစ်ပေါ်ရှိ ရူးဇဗဲ့ ရေကာတာတို့မှာ ကြီးကျယ်ထင်ရှားသော

ရေကာတာကြီးများဖြစ်သည်။ ထိုရေကာတာကြီးများအပြင်

အခြားရေကာတာများ၊ ရေလှောင်ကန်များလည်းရှိသည်။ ထို

ရေကာတာများအားဖြင့် လျှပ်စစ်ဓာတ်အားကိုလည်း ထုတ်ယူရရှိ

သည်။ ကိုလိုရားဒိုးမြစ်ရှိ ရေကာတာများမှရေဖြင့် လျှပ်စစ်

ဓာတ်အားရရှိသည့်အပြင် ထိုရေကာတာများဖြင့် ရေလွှမ်းမိုးခြင်း

ဘေးကိုလည်း တားဆီးနိုင်လေသည်။

အယ်ရီဇိုးနားပြည်နယ်တွင် ချည်မျှင်ရှည်ဝါမျိုးကောင်း

ကို အများဆုံးစိုက်ပျိုးသည်။ လိမ္မော်၊ ရှောက်၊ စပျစ်၊

စွန်ပလွန် စသောသစ်သီးများနှင့် တိရစ္ဆာန်အစာအတွက်

အယ်လဖားဖားပဲပင်ကိုလည်း အကြီးအကျယ်စိုက်ပျိုးသည်။

သို့ရာတွင် အယ်ရီဇိုးနားပြည်နယ်သည် တွင်းထွက်ပစ္စည်းကြွယ်

ဝသော ပြည်နယ်ဖြစ်ခြင်းကြောင့် သတ္တုတူးဖော်ခြင်းနှင့် သတ္တု

အရည်ကျို ချေးချွတ်ခြင်းတို့သည် အဓိကစက်မှုလုပ်ငန်းများ

ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကြေးနီအများဆုံး

ထွက်သော ပြည်နယ်ဖြစ်၍ ပြည်ထောင်စုတစ်ခုလုံးမှထွက်သော

ကြေးနီ၄ဝ ရာခိုင်နှုန်းကိုအယ်ရီဇိုးနားပြည်နယ်မှရရှိသည်။ ရွှေ၊

ငွေ၊ ခဲ၊ သွပ်၊ ပြဒါး၊ တန်စတင်၊ မင်ဂနိ၊ ကျောက်ဂွမ်း

စသည်တို့ကိုလည်း တူးဖော်ရရှိသည်။

အယ်ရီဇိုးနားပြည်နယ်တွင် တိုင်းရင်းသားအင်ဒီးယန်း

လူမျိုး ၆၅ဝဝဝ ကျော်ခန့်ရှိရာ၊ ယင်းတို့သည် သီးသန့်နယ်မြေ

တို့၌ နေထိုင်ကြသည်။ နာဗာဟိုအင်ဒီးယန်းတို့သည် အများဆုံး

အစုဖြစ်၍ ပြည်နယ်အရှေ့မြောက်ပိုင်းတွင် နေထိုင်ကြသည်။

နာဗာဟိုတို့သည် ရောင်စုံခြယ်စောင်ယက်လုပ်ရာ၌ ကျွမ်းကျင်

ကြသည်။ အယ်ပက်ချီအင်ဒီးယန်းတို့သည် အရှေ့ပိုင်းရှိ

တောင်တန်းဒေသ၌နေထိုင်၍ ခြင်းတောင်း စသည်တို့ကို ယက်

လုပ်ရာ၌ လက်မြောက်သည်။ ဟိုပီအင်ဒီးယန်းတို့သည်ကား

ပွက်ဗလိုတိုင်းရင်းသားလူမျိုးများဖြစ်၍ လယ်ယာစိုက်ပျိုးခြင်း၊

သိုးမွေးမြူခြင်းဖြင့် အသက်မွေးကြသည်။ ယင်းတို့သည်

ပြည်နယ်မြောက်ပိုင်းတွင် တောင်ကုန်းများပေါ်၌ နေလှန်းအုတ်

ဖြင့်ဆောက်လုပ်သော အိမ်များတွင်နေထိုင်ကြသည်။

ဟိုပီတို့သည် ယနေ့ထက်တိုင် အောင် မိရိုးဖလာ ထုံးစံဓလေ့များ

ကိုထိန်းသိမ်းထားကြသည်။အယ်ရီဇိုးနားပြည်နယ်တွင် စပိန်လူမျိုး

နှင့် တိုင်းရင်းသား အင်ဒီးယန်းလူမျိုးတို့ သွေးစပ်သော လူမျိုး

အများဆုံး နေထိုင်ကြသည်။ နေအိမ်တွင်များသောအားဖြင့်

စပိန်ဘာသာ စကားကို ပြောဆိုကြသည်။ ၁၆ ရာစုနှစ်တွင်

ထိုပြည်နယ်ဒေသသို့ စပိန်လူမျိုးသာသနာပြုပုဂ္ဂိုလ်များ

ဦးစွာရောက်ရှိလာပြီးနောက်၊ မက္ကဆီကိုလူမျိုးများလာရောက်၍

အခြေစိုက်နေထိုင်ကြသည်။ထို့နောက် ပြည်နယ်တွင် မီးရထားလမ်း

ပေါက်သောအခါ အင်္ဂလို-အမေရိကန်လူမျိုးများ ဝင်ရောက်လာ

ကြသည်။အယူဝါဒများအနက် ဗရင်ဂျီဂိုဏ်းဝင်ဦးရေမှာ

အများဆုံးဖြစ်သည်။

ထိုပြည်နယ်တွင် ကလေးသူငယ်တိုင်း ၁၆ နှစ်အထိ

ပညာကိုမသင်မနေရ ဥပဒေပြဋ္ဌာန်းထားသည်။ တိုင်းရင်းသား

အတွက် စာသင်ကျောင်းများကိုလည်း တည်ထောင်ထားရှိသည်။

အယ်ရီဇိုးနားပြည်နယ်၏ မြို့တော်သည် ဖီးနစ်မြို့ဖြစ်၍

လူဦးရေ ၇၄၃ဝဝဝ ယောက်(၁၉၇၄) နေထိုင်ကြသည်။ အခြား

ထင်ရှားသောမြို့ကြီးများမှာ တူးစန်မြို့၊ မေစာမြို့၊ တင်ပီမြို့၊

ယူးမာမြို့၊ ဒေါက်ကလပ်မြို့များဖြစ်သည်။ တူးစန်းမြို့တွင်

အယ်ရီဇိုးနားတက္ကသိုလ်တည်ရှိသည်။အရီဇိုးနားသည် ၄၈ ခုမြောက် အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်ပြီး တစ်ဆက်တည်း ရှိနေသော ပြည်နယ်များတွင် နောက်ဆုံး ဝင်ရောက်ခဲ့သော ပြည်နယ်ဖြစ်သည်။ ၁၉၁၂ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခု ဖြစ်လာခဲ့သည်။ အရီဇိုးနားကို ကန္တာရဆန်သော ရာသီဥတု ရှိကြောင်း လူသိများပြီး အလွန်ပူသော နွေရာသီနှင့် အလွန်အေးသော ဆောင်းရာသီ ရှိကြောင်း သိရှိကြသည်။ ထင်းရူးသစ်တောများ မှာလည်း ထင်ရှားပြီး မြောက်ဘက်ဒေသရှိ တောင်တန်းများ နှင့် နိမ့်သော ကန္တာရဒေသရှိ အေးမြသော ရာသီဥတုမှာလည်း ထင်ရှားသည်။

အီရီထရီးယားနိုင်ငံ

အီရီထရီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသ တွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြို့တော်မှာ အက်စ်မာရာမြို့ ဖြစ်သည်။ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဂျီဘူတီနိုင်ငံတို့ဖြင့် ထိစပ်လျှက် ရှိသည်။ အရှေ့မြောက်ဘက်နှင့် မြောက်ဘက်တွင် ပင်လယ်နီနှင့် ထိစပ်နေသော ရှည်လျားသည့် ကမ်းရိုးတန်း ရှိသည်။ ဆော်ဒီအာရေဗျနိုင်ငံ ၊ ယီမင်နိုင်ငံတို့နှင့် မျက်နှာချင်းဆိုင် ကမ်းရိုးတန်းဒေသဖြစ်သည်။ ဒါလက် ကျွန်းစုများနှင့် ဟန်နစ်ရှ် ကျွန်း အချို့တို့မှာ အီရီထရီးယား နိုင်ငံပိုင်ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၁၇,၆၀၀ စတုရန်းကီလိုမီတာ (၄၅,၄၀၆ စတုရန်းမိုင်) ခန့် ဖြစ်ပြီး လူဦးရေ ၅ သန်းမျှ ရှိသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက အီတလီ၏ ကိုလိုနီတစ်ခုဖြစ်ခဲ့၍ ၁၉၅၂ ခုနှစ်တွင် အီသီယိုးပီးယားနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသော အီရစ်ထရီးယားသည် အာဖရိကတိုက်၏

အရှေ့ဘက် ကမ်းရိုးတန်း၌ရှိသည်။ ယင်း၏ ပင်လယ်ကမ်းရိုးတန်းသည် မိုင်ပေါင်း ၆၇ဝ ခန့်ရှည်သည်။ ယခင်က ကုန်းတွင်းပိတ်နိုင်ငံ တစ်ခုဖြစ်ခဲ့သော အီသီယိုးပီးယားသည် အီရီထရီးယားပြည်၏ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သော မဆားဝအားဖြင့် ပင်လယ်ဘက်သို့ ထွက်ပေါက်ရခဲ့လေသည်။ ထိုပြည်၏ အကျယ်အဝန်း သည် ၄၅၇၅၄ စတုရန်းမိုင်ဖြစ်၍ ပင်လယ်နီအနီးရှိ မြေနိမ့်ဒေသနှင့် ကမ်းရိုးတန်း၏ ကျောဘက်ရှိ ကုန်းမြင့်ဒေသတို့လည်း ပါဝင်သည်။ ကမ်းရိုးတန်းမှ မီးရထားလမ်းအားဖြင့် ၇၅ မိုင် ဝေးကွာသော အက္ခမားရာ (လူဦးရေ ၁၉၄၈ ခုနှစ် ၁၁၆၃၂ ယောက်)သည် မြို့တော်ဖြစ်၍ မဆားဝ (လူဦးရေ ၁၉၄၈ ခုနှစ် ၈ဝ၂၈ ယောက်)သည် ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည်။ အီတလီတို့ အုပ်စိုးခဲ့စဉ်က အီရစ်ထရီးယား၏ တောင်ဘက်စွန်းရှိ အက္ခအဗ္ဗမြို့ကို အီသီအိုးပီးယားနိုင်ငံတွင်းသို့ ဝင်ပေါက်ဆိပ်ကမ်းအဖြစ် ရည်ရွယ်ကာ တိုးတက်ပြုပြင်ခဲ့လေသည်။

အီရစ်ထရီးယား၏ ကမ်းရိုးတန်း မြေနိမ့်ဒေသတွင် အပူချိန်သည် ဖာရင်ဟိုက် ဒီဂရီ ၁၂ဝ ခန့်အထိမြင့်၍ မိုးအနည်းငယ်သာ ရွာသည်။ ကမ်းရိုးတန်းမှ ကုန်းတွင်းသို့ မြေပြင်သည် မြင့်တက်သွားရာ ပေ ၆ဝဝဝ ခန့်အထိ အမြင့်ရှိသည်။ ထိုအပိုင်းတွင်မူ အေးချမ်းသောရာသီဥတုရှိသည်။ ပေ ၉ဝဝဝ ကျော်မြင့်သော အပိုင်းတွင် ရာသီဥတု ပို၍အေးသည်။ အီရစ်ထရီးယားတွင် မြစ်ချောင်းနည်းပါး၍ ရှိသမျှသော မြစ်ချောင်းတို့သည် မိုးရာသီအခါ၌သာ ရေရှိလေသည်။ ၁၉၅ဝ ပြည့်နှစ်၌ ခန့်မှန်းခြေ လူဦးရေ ၁၁ဝ၃၆ဝ၇ ယောက်ရှိရာ ၁၅ဝဝဝ ခန့်သည် အီတာလျံများ ဖြစ်ကြသည်။ တိုင်းရင်းသားများအနက် ကုန်းပြင်မြင့်မှ တိုင်းရင်းသားများသည် မြောက်ပိုင်း အီသီအိုးပီးယန်းများ ဖြစ်ကြသည်။ ကမ်းရိုးတန်း၌ နေထိုင်ကြသူများသည် တောင်ပိုင်းတွင် ဆိုမာလီနှင့် အဖားလူမျိုး အဆက်အနွယ်များ ဖြစ်ကြ၍ မြောက်ပိုင်း၌ အာရပ်နှင့် ဟမ်းမိုက်အဆက်အနွယ်များ ဖြစ်ကြပြီးလျှင် များသောအားဖြင့် အစ္စလာမ်ဝါဒီများ ဖြစ်ကြသည်။

အီရစ်ထရီးယားပြည်၌ ဝါဂွမ်း၊ ကော်ဖီ၊ တည်သီး၊ စွန်ပလွံသီး၊ ပြောင်းတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၍ ကုလားအုပ်၊ နွား၊သိုး၊ ဆိတ်တို့ကို မွေးမြူကြသည်။ ကမ်းရိုးတန်း အချို့ဒေသ၌ ပုလဲလုပ်ငန်းကို လုပ်ကိုင်ကြ၍ အချို့ဒေသမှ ရွှေနှင့် ပိုတက်ဆားထွက်သည်။ မဆားဝမှ အက္ခမားရား အဂေါ်ဒတ်သို့ မီးရထားလမ်းပေါ်ရှိ ကက်ဆလသို့ မော်တော်ကားလမ်းရှိသည်။ အီရစ်ထရီးယား၏ ရှေးသမိုင်းသည် အီသီအိုးပီးယား၏ ရှေးသမိုင်းနှင့် ရောထွေးလျက် ရှိသည်။ ၁၆ ရာစုနှစ်တွင် တူရကီတို့သည် မဆားဝနှင့် အခြားကမ်းရိုးတန်းမြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၈၆၅ ခုနှစ်တွင် အီဂျစ်တို့သည် ကုန်းမြင့်ဒေသအချို့ကို သိမ်းပိုက်ခဲ့၍ အီတာလျံတို့သည် အက္ခအဗ္ဗမြို့ကို တိုင်းရင်းသား စူလတန်စော်ဘွားတစ်ဦးထံမှ ဝယ်ယူပြီးနောက် တစ်စတစ်စ နယ်မြေချဲ့ထွင်ခဲ့ရာ ၁၈၉ဝ ပြည့်နှစ်ခန့်တွင် အီရစ်ထရီးယားပြည် တစ်ပြည်လုံးသည် အီတလီ၏ ကိုလိုနီတစ်ခု ဖြစ်လာခဲ့လေသည်။ အီတလီသည် အီရစ်ထရီးယား၌ ခြေကုတ်ယူပြီးလျှင် အီသီအိုးပီးယားနိုင်ငံအား သိမ်းပိုက်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှတပ်များသည် အီရစ်ထရီးယားအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကုလသမဂ္ဂ၏ အဆုံးအဖြတ်

မရသေးမီ အီရစ်ထရီးယားနိုင်ငံနှင့် ပူးပေါင်းရန် ကုလသမဂ္ဂ၏ လေးနိုင်ငံကော်မရှင်က ဆုံးဖြတ်ပေးပြီးနောက် ၁၉၅၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အီရစ်ထရီးယားသည် အီသီအိုးပီးယားနှင့် ပူးပေါင်းခဲ့လေသည်။

အီရစ်ထရီးယားသည် ယခုအခါ အီသီအိုးပီးယားနိုင်ငံ အတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ ပြည်နယ်ဥပဒေပြုလွှတ်တော်ရှိ ပြည်နယ်ဥက္ကဋ္ဌကို ထိုလွှတ်တော်မှ ရွေးကောက်တင်မြှောက်ရသည်။ အီသီအိုးပီးယန်းပါလီမန်သို့ အချိုးကျ ကိုယ်စားလှယ် လွှတ်ခွင့်ရခဲ့သည်။ ကာကွယ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြား ကုန်သွယ်မှု၊ ဘဏ္ဍာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကိုသာလျှင် အီသီအိုးပီးယန်းအစိုးရက ဆောင်ရွက်လေသည်။

၁၄၉၂

၁၄၉၂

၁၆၀၁

၁၆၀၁

၁၆၀၇

၁၆၀၇

၁၆၀၈

၁၆၀၈

၁၆၁၀

၁၆၁၀

၁၆၄၄

၁၆၄၄

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.