၁၄၉၁

၁၄၉၁

ထောင်စုနှစ်: ၂ ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
  • ၁၄၇၀ ဆယ်စုနှစ်
  • ၁၄၈၀ ဆယ်စုနှစ်
  • ၁၄၉၀ ဆယ်စုနှစ်
  • ၁၅၀၀ ဆယ်စုနှစ်
  • ၁၅၁၀ ဆယ်စုနှစ်
ခုနှစ်များ:

၁၄၉၁ ခုနှစ် မှတ်တမ်း

ဇန်နဝါရီလ

(၁) ရက်။

ဖေဖေါ်ဝါရီလ

(၁) ရက်။

မတ်လ

(၁) ရက်။

ဧပြီလ

(၁) ရက်။

မေလ

(၁) ရက်။

ဇွန်လ

(၁) ရက်။

ဇူလိုင်လ

(၁) ရက်။

ဩဂုတ်လ

(၁) ရက်။

စက်တင်ဘာလ

(၁) ရက်။

အောက်တိုဘာလ

(၁) ရက်။

နိုဝင်ဘာလ

(၁) ရက်။

ဒီဇင်ဘာလ

(၁) ရက်။

ခုနှစ်များ စာရင်း

ဤစာမျက်နှာတွင် ခုနှစ် တစ်နှစ်ချင်းစီအား စာရင်းပြုစုထားသည်။

ဂျက်ကော့ ကာတီယေး

ဂျေ ကာတီယေး (ခရစ် ၁၄၉၁-၁၅၅၇) သည် မြောက်အမေရိကတိုက်၌ ပြင်သစ်ကိုလိုနီနယ်သစ်များ စတင်ထူထောင်နိုင်ရန် အခြေချပေးခဲသူ ဖြစ်သည်။ ကာတီယေး သည် ပြင်သစ်နိုင်ငံ၏ သင်္ဘောသားကောင်းတို့ ထွက်ပေါ်ရာ ဗရစ်တနီယ် စန်မာလိုမြို့သား တစ်ဦးဖြစ်ကြောင်းမှတစ်ပါး သူ၏ ငယ်ရွယ်စဉ်က အဖြစ်အပျက်များကို မသိရပေ။

သူ၏အကြောင်းကို စတင်သိရှိရသည်မှာ ၁၅၃၄ ခုနှစ်တွင် ပြင်သစ်ဘုရင် ပထမ ဖရန်စစ်က သူ့အား ရေသစ်၊ မြေသစ် ရှာဖွေရန်နှင့် တရုတ်နိုင်ငံဘက်သို့ လမ်းပေါက်ရှာရန် စေလွှတ် သည့်အခါမှ ဖြစ်၏။ ထိုစဉ်က ကာတီယေးသည် စန်မာလိုမြို့မှ သင်္ဘောငယ် ၂စင်းဖြင့် ဧပြီလ ၂ဝ ရက်နေ့တွင် စတင် ခရီး ထွက်ခဲ့ရာ နယူးဖောင်းလန်းဒေသသို့ မေလ ၁ဝရက်နေ့တွင် ရောက်ရှိခဲ့သည်။ ကာတီယေးသည် လာဘရာဒေါ တောင်ဘက် ကမ်းရိုးတန်းကို ဆန်တက်သွားပြီးနောက် ဗဲလအိုင်းရေလက် ကြားမှ စိန့်လောရင့် ပင်လယ်ကျွန်းဆွယ်ကို ပြင်သစ်ပိုင်အဖြစ် သိမ်းယူခဲ့၏။ ယင်းသို့ဖြင့် မြောက်အမေရိကတိုက်၌ ပြင်သစ် ကိုလိုနီကို စတင်တည်ထောင်ခဲ့လေသည်။

၁၅၃၆ ခုနှစ်တွင် နယ်သစ်တည်ထောင်ရန် သင်္ဘော ၃စင်း ဖြင့် အမေရိကတိုက်သို့ ခရီးထွက်ခဲ့ပြန်သည်။ စိန်လောရင့် ပင်လယ်ကွေ့ထဲသို့ ရောက်ပြီးနောက် အနောက်ဘက်သို့ ဆန် တက်ကြည့်ရာ ထိုရေပြင်ကြီးမှာ မြစ်ကြီးတစ်မြစ် ဖြစ်ကြောင်း ကို တွေ့ရသည်။ ထိုသို့ သိရသောနေ့ (ဩဂုတ်လ ၁ဝ ရက် နေ့)မှာ စိန်လောရင့်သူတော်စင်၏ ပွဲတော်နေ့ ဖြစ်နေသဖြင့် ကာတီယေး သည် ထိုမြစ်ကို စိန်လောရင့်မြစ်ဟု အမည်ပေးခဲ့ လေသည်။

မြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ရာ၌ ယခု မွန်းထရီးအောမြို့ တည်ရာတွင် တိုင်းရင်းသားလူရိုင်းတို့၏ ဟိုချီလာ ဂါရွာ ကလေးကို တွေ့ရသည်။ ထိုရွာကလေးအနီးရှိ မိုးမိုးမားမား ရှိနေသော တောင်ကြီး တစ်ကောင်ကို ကာတီယေးသည် မွန်းထရီးအောဟု အမည်ပေးခဲ့၏။ နောင်တွင် ရွာကလေး တိုးတက် စည်ပင်လာ၍ မြို့ဖြစ်လာသောအခါ တောင်၏အမည် ကို စွဲ၍ မွန်းထရီးအောမြို့ဟု ခေါ်ကြလေသည်။

၁၅၄၁ ခုနှစ်တွင် တတိယအကြိမ် အမေရိကတိုက်ဖက်သို့ ခရီးထွက်ခဲ့ရပြန်၏။ ထိုအကြိမ်တွင် ကျောက်မျက်ရတနာများ ပေါများသည်ဟုဆိုသော ဆက်ဂနေးနယ်ကို ပြင်သစ်ဘုရင် အတွက် ရှာဖွေပေးရန် ဖြစ်သည့် ဆီညာဒါ ရိုဗါဗါးတို့အဖွဲ့ အတွက် ကာတီယေးက ရှေ့တော်ပြေး လမ်းထွင်ပေးရန် ဖြစ်သည်။ ကာတီယေးသည် လာရှင်းရေမော်များကို စူးစမ်း ရှာဖွေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပြန်ခဲ့သည်။ ရိုဗါဗါးသည် ကာတီယေးပြန်သွားပြီးမှ ရောက်လာ၍ တာဝန်ယူခဲ့သည့် အတိုင်း အဖိုးတန်ရတနာများ ထွက်သည့်ဒေသကို စူးစမ်း ရှာဖွေသော်လည်း မတွေ့ရချေ။ ထိုကြောင့် ပြင်သစ်ဘုရင်သည် ရိုဗါဗါးအား ပြန်ခေါ်ရန် ကာတီယေးကို ၁၅၄၃ ခုနှစ်တွင်

စေလွှတ်လိုက်ပြန်သည်။ ထိုနောက်တွင်ကား ခရီး မထွက်တော့ ဘဲ စန်မာလိုမြို့ရှိ ဘုရင်က ပေးသနားထားသော ခြံများနှင့်အိမ် ကြီးတွင် အေးချမ်းစွာ နေယင်း စိတ်ဝင်စားဖွယ်ကောင်းသော သူ၏ ခရီးသွားမှတ်တမ်းများကို ရေးသားခဲ့သည်။ ကာတီးယေး သည် ၁၅၅၇ ခု စက်တင်ဘာလ ၁ ရက်နေ့တွင် ကွယ်လွန်လေသည်။

စီခွန်ခမ်ကျောင်းတော်

စီခွန်ခမ်ကျောင်းတော်သည် ထိုင်းနိုင်ငံ၊ Phayao ဒေသ၊ Phayao မြို့တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော်တစ်ခု ဖြစ်သည်။ နိုင်ငံအတွင်းတွင် Chiang Saen ခေတ်က အကြီးဆုံးဗုဒ္ဓရုပ်ပွားတော် တည်ရှိရာနေရာလည်း ဖြစ်သည်။ Phayao ကန်၏ ကမ်းစပ်တွင် တည်ရှိသည်။

တောင်ငူမြို့

တောင်ငူမြို့ သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့မြောက်ဘက်အစွန်း စစ်တောင်းမြစ်နံဘေးတွင် တည်ရှိသော မြို့ဖြစ်သည်။ တောင်ငူခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ အမှတ်(၁) ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင်တည်ရှိ၍ ကရင်ပြည်နယ် သံတောင်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့သို့ ကားလမ်းဆက်သွယ်ရာမြို့ဖြစ်သည်။ ပဲခူးရိုးမကို ဖြတ်၍ ပြည်မြို့သို့လည်း ကားလမ်းဆက်သွယ်ထားသည်။ ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းသည် မြို့၏ အနောက်ဘက် ခုနစ်မိုင်အကွာတွင် ဖြတ်သန်းသွားသည်။ ရန်ကုန်မြို့မှနေ၍ ကားလမ်းအားဖြင့် ၁၇၅ မိုင်ကွာဝေးပြီး၊ မီးရထားလမ်းမိုင် ၁၅၀ ကွာဝေးသည်။

ပဲခူးတိုင်းဒေသကြီး၏ ခရိုင်မြို့နယ်တစ်ခုဖြစ်ပြီး ပါဝင်သော မြို့များမှာ

တောင်ငူမြို့

ထန်းတပင်မြို့

အုတ်တွင်းမြို့

ကျောက်ကြီးမြို့

ဖြူးမြို့

ရေတာရှည်မြို့တို့ဖြစ်ကြသည်။

တောင်ငူသည် ရှေးမင်းအဆက်ဆက်တို့ စိုးစံခဲ့သော ရှေးဟောင်းမင်းနေပြည်တော်မြို့အဖြစ် မြန်မာ့ရာဇဝင်တွင်ထင်ရှားခဲ့ပါသည်။ ရှေးနာမည်အရ ကေတုမတီဟု နာမည်တွင်ပြီး မြန်မာရာဇဝင်တွင် ခေတ်တစ်ခေတ်အဖြစ်အထင်အရှား ရှိခဲ့သည်။ ကေတုမတီ ခေါ် တောင်ငူမြို့ဟောင်းမှ အုတ်မြို့ရိုး၊ ကျုံးနှင့် ရှေးဟောင်းစေတီ များအား ယခုထက်တိုင်တွေ့ရှိနိုင်သေးသည်။

လွိုင်ယိုလာ၊ အစ်ဂနေးရှပ်

ယေရှု အသင်းကြီးအား စတင်တည်ထောင်ခဲ့သော အစ်ဂနေးရှပ်လွိုင်ယိုလာကို ၁၄၉၁

ခုနှစ်တွင် စပိန်နိုင်ငံ ဂီပွတ်ဇကိုအာပြည်နယ် လွိုင်ယိုလာရဲတိုက်ကြီး၌

ဖွားမြင်ခဲ့သည်။ ငယ်စဉ်က စပိန်ဘုရင် ဖာဒီနန်၏နန်းတော်တွင် အမှုထမ်း

လာခဲ့ပြီးနောက် အသက် ၂၆ နှစ်အရွယ်တွင် စစ်တပ်သို့ ဝင်ရောက်အမှု

ထမ်းလေသည်။ အခြားစစ်သားများထက် စွမ်းစွမ်းတံမံ တိုက်ခိုက်လေ့ရှိသော

ကြောင့် စပိန်စစ်တပ်ကြီးတွင် သူရဲကောင်းအဖြစ်ဖြင့်ထင်ရှားလာခဲ့သည်။

၁၅၂၁ ခုနှစ်တွင် ပြင်သစ်နှင့်စပိန်တို့ စစ်ဖြစ်ပွားရာ ပြင်သစ်တို့

သည် နာဗားပြည်နယ်မြို့တော် ဝမ်ပေလူနာကို ဝန်းရံတိုက်ခိုက်ခဲ့လေသည်။

ထိုအခါ လွိုင်ယင်လာသည် အခြားစပိန်စစ်သည်တော်တို့နှင့်အတူ မြို့တွင်းမှ

ခုခံတိုက်ခိုက်ခဲ့ရာတွင် ရန်သူတို့ဖက်မှ ပစ်ခတ်လိုက်သောအမြောက်ဆန်

တစ်ခုသည် သူ၏ခြေတစ်ဖက်တွင် ထိမှန်သဖြင့်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့

လေသည်။ ကံကောင်းထောက်မ၍ အသက်မသေသော်လည်း ခြေတစ်ဖက်

မသန်တော့သဖြင့် ဆက်လက်၍ စစ်မှုမထမ်းနိုင်တော့ပေ။

ဒဏ်ရာကို ဆေးဝါးကုသနေခိုက် အချိန်ကိုအလာဟဿမဖြုန်းဘဲ

ခရစ်တော်အယူဝါဒ၌ သက်ဝင်ယုံကြည်ကြသော သူတော်စင်တို့၏

အတ္ထုပ္ပတ္တိတို့ကို ဖတ်ရှုလေ့လာခဲ့ရာ လက်နက်ကိုင်စစ်သားဘဝမှ ခရစ်တော်

၏စစ်သားဘဝသို့ ပြောင်းလဲရန်များစွာ စိတ်အားထက်သန်လာခဲ့ပြန်သည်။

သို့ဖြစ်၍ စစ်တပ်တွင် ပြန်လည်အမှုမထမ်းနိုင်တော့ခြင်းကြောင့်တစ်ကြောင်း၊

စိတ်ဓာတ် ပြောင်းလဲသွားခြင်းကြောင့်တစ်ကြောင်း သူ၏ စစ်ဝတ်တန်ဆာ

တို့ကိုလုံးဝစွန့်ပယ်လိုက်ပြီးလျှင် သူတော်စင်တို့ဝတ်ဆင်သော အင်္ကျီရှည်ကြီး

ကိုဝတ်ကာ ပိုက်ဆံလျှော်ဖြင့်ပြုလုပ်သော ဖိနပ်ကိုစီး၍ တောင်ဝှေးကိုဆွဲကိုင်

ခဲ့သည်။ နေ့စဉ်အနည်းဆုံးခုနစ်နာရီမျှ ဘုရားရှိခိုး ဝတ်တက်လေသည်။

၁၅၂၃ ခုနှစ်တွင် ဂျရူးဆလမ်းမြို့သို့ ဘုရားဖူးသွားခဲ့သည်။ ထို

သို့ သွားရောက်ခဲ့သည်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ဘေးဒုက္ခအ

ပေါင်းတို့ကို ကျော်နင်းရလေသည်။ သူ၏ဆန္ဒမှာ ဂျရူးဆလမ်းမြို့တွင်

တရားအားထုတ်ရန်ဖြစ်သည်။ သို့ရာတွင် သူ၏ကြံရွယ်ချက်ကား အထမ

မြောက်ခဲ့ချေ။ အကြောင်းမှာ ၁၅၂၃ ခုနှစ် စက်တင်ဘာလတွင် ဂျရူးဆလမ်း

မြို့ကြီးသို့ ဆိုက်ရောက်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က လွိုင်

ယိုလာအား နေ့တိုင်းတရားအားထုတ်ခွင့် မပြုသောကြောင့်ဖြစ်၏။ သို့ဖြင့်

ဂျရူးဆလမ်းမြို့မှပြန်လာခဲ့ရာ ၁၅၂၄ ခုနှစ်တွင် စပိန်နိုင်ငံ ဗာစီလို နာမြို့သို့

ပြန်လည်ဆိုက်ရောက်ခဲ့သည်။

ထိုနောက်တွင် လွိုင်ယိုလာသည် လက်တင်ဘာသာနှင့် ဒဿနိက

ဗေဒ ပညာရပ်များကို လေ့လာ သင်ကြားထားလျှင် သူ၏အယူဝါဒဆိုင်ရာ

လေ့လာမှုများတွင် မျာစွာအထောက်အပံ့ ဖြစ်လိမ့်မည်ဟု ထင်မြင်သဘော

ရရှိသောကြောင့် ထိုပညာရပ်များကို မနားမနေသင်ကြားခဲ့၏။ ၁၅၃၅ ခုနှစ်

တွင် သူသင်ယူခဲ့သော ပညာရပ်များအားလုံးကို တတ်မြောက်ခဲ့သည်။ ထို့

နောက်ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် ခုနစ်နှစ်မျှ ဆက်လက်ပညာသင်ကြား

ခဲ့ရာ မကျန်းမာသဖြင့် စပိန်နိုင်ငံသို့ ပြန်လာခဲ့လေသည်။

လွိုင်ယိုလာသည် သူသင်ကြားတတ်မြောက်ခဲ့သော ပညာရပ်များ

၏ အထောက်အပံ့ဖြင့် မှားသောအယူဝါဒများဖြစ်ပေါ်တတ်ပုံကို တွေ့မြင်

လာသဖြင့် ယေရှုအသင်းကြီး ကိုတည်ထောင်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ရည်ရွယ်ချက်မှာ ယေရှုအသင်းဝင်များအား စိတ်ဓာတ်များပြုပြင်ကာ

စည်းကမ်းသေဝပ်စွာ လုပ်ကိုင်နိုင်စေရန်လေ့ကျင့်ပေးပြီးလျှင် ခရစ်ယန်အယူ

ဝါဒ မထွန်းကားသေးသောအရပ်ဒေသများသို့ သာသနာပြု စေလွှတ်ရန်

ဖြစ်သည်။ ထို့အပြင် အသင်းဝင်တိုင်းအဆင်းရဲခံရမည်။ သိက္ခာသမာဓိ

ရှိရမည်။ တာဝန်ကို ရိုသေလေးစားရမည်ဟူသော စည်းမျဉ်းများကိုလည်း

ထားရှိရန် ရည်ရွယ်လေသည်။

ပဲရစ်မြို့တော်တွင်ရှိစဉ်က လွိုင်ယိုလာသည် အခြားသောပညာရှင်

ခြောက်ဦးနှင့်ပူးပေါင်းကာ ၁၅၃၄ ခုနှစ်တွင် ယေရှုအသင်းကြီးကို အောင်

မြင်စွာ တည်ထောင်ခဲ့သည်။ သူကိုယ်တိုင် စစ်ဗိုလ်တစ်ယောက်ဖြစ်ခဲ့ခြင်း

ကြောင့် သူဦးစီးတည်ထောင်သော အသင်းမှာလည်း စစ်တပ်တစ်တပ်ကဲ့သို့

ပင် စည်းစနစ်ကျနလှပေသည်။ များသောအားဖြင့် ထိုအသင်းကို ဂျက်ဇူး

အစ်အသင်းဟု အတိုကောက်ခေါ်ဝေါ်ကြသည်။ ဤယေရှုအသင်းကြီးကို

လည်းကောင်း၊ အသင်းသားများကိုလည်းကောင်း ရောမမြို့တော်ရှိ ပုပ်ရဟန်း

မင်းကြီးက အသိအမှတ်ပြုစေရန်အတွက် လွိုင်ယိုလာကိုယ်တိုင် ကြိုးစား

အားထုတ်ခဲ့သောကြောင့် ၁၅၄ဝ ပြည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင်

ပုပ်ရဟန်းမင်းကြီး တတိယပေါလု၏ အသိအမှတ်ပြုခြင်းကို ခံရလေသည်။

၁၅၄၁ ခုနှစ် ဧပြီလတွင် လွိုင်ယိုလာအား ယေရှုအသင်းကြီး၏ ပထမဆုံး

ခေါင်းဆောင်ချုပ်ကြီးအဖြစ်ဖြင့် အသင်းသားအပေါင်းတို့က သဘောတူတင်

မြေ|ာက်ကြသည်။ လွိုင်ယိုလာသည် ထိုနေ့မှစ၍ ယေရှုအသင်းကြီးအတွက်

အသက်ထက်ဆုံးကြိုးစားဆောင်ရွက်ခဲ့လေသည်။ လွိုင်ယိုလာသည် ၁၅၅၆

ခုနှစ်ဆန်းစတွင် မကျန်းမာသဖြင့် အသင်းကြီး၏ ခေါင်းဆောင်အဖြစ်မှ

နုတ်ထွက်ခဲ့ပြီးလျှင် ဆေးဝါးကုသနေစဉ် ထိုနှစ် ဇူလိုင်လ ၃၁ ရက်နေ့တွင်

ကွယ်လွန်လေသည်။

၁၄၈၈

၁၄၈၈

၁၄၈၉

၁၄၈၉

၁၄၉၀

၁၄၉၀

၁၄၉၂

၁၄၉၂

၁၄၉၃

၁၄၉၃

၁၄၉၄

၁၄၉၄

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.