အေဂျင်ပင်လယ်

အေဂျင်ပင်လယ် (အဂျီးယန် ပင်လယ်) (ဂရိ Αιγαίο Πέλαγος; အင်္ဂလိပ် Aegean Sea, IPA: /ɪˈdʒiən/) သည် ဥရောပတိုက် အရှေ့ဖက်ရှိ ဂရိနိုင်ငံ နှင့် အာရှတိုက် အနောက်ဖက်ရှိ တူရကီနိုင်ငံ တို့ကြားတွင် တည်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများ ကာလကတည်းက ဂရိအချင်းချင်းသော်လည်းကောင်း၊ ဂရိတို့ နှင့် အရှေ့ဖက် အာရှတိုက်မှ ဖိုနီးရှန်းများ၊ အာရပ်များနှင့်လည်းကောင်း ကုန်သွယ်မှုနှင့် စစ်ရေးတို့တွင် အလွန်အရေးပါလှခဲ့သော ပင်လယ်ဖြစ်ပါသည်။

မြေထဲပင်လယ်၏ ပင်လယ်ကွေ့၊ သို့မဟုတ် လက်တက်ဖြစ်၏။ ယင်းသည် အနောက်ဘက်နှင့် မြောက်ဘက်တို့၌ ဂရိနိုင်ငံ၊ အရှေ့ဘက်၌ [[အာရှမိုင်းနား]နှင့် တောင်ဘက်၌ ကရိကျွန်းတို့၏ အကြားတွင် တည်ရှိသည်။ အီးဂျီးယန်းပင်လယ်သည် မိုင် ၄ဝ၁ ခန့် ရှည်လျား၍၊ အကျယ်ဆုံး နေရာတွင် ၁၇၅ မိုင် ရှိ၏။ အရှေ့မြောက်ဘက်တွင် မာမာရာပင်လယ်နှင့် ဒါးဒနဲ ရေလက်ကြားအားဖြင့် ဆက်လက် ရှိသည်။

အီးဂျီးယန်းပင်လယ်အတွင်း ကျွန်းများ ပေါများလှရကား သင်္ဘောများသည် ယင်းတို့ကို ရှောင်တိမ်း ကူးသန်းသွားလာရ သည့်အတွက် အတန်အန္တရာယ် ထူပြော၏။ ထိုကျွန်းအများ အပြားသည် မီးတောင်များကြောင့် ပေါ်ထွန်းလာသော ကျွန်းများဖြစ်၏။ အချို့ကျွန်းများသည် ဂရိပုံပြင်နှင့် သမိုင်းတို့တွင် ထင်ရှား၏။ ဥရောပတိုက် ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဒေသလည်း ဖြစ်၏။

အရေးပါသောကျွန်းများတွင် ကရိကျွန်း၊ ဒိုဒီကန်နီးကျွန်းများ၊ ဒဲလောကျွန်း၊ ဆေးမော့ကျွန်း၊ လက်စဗော့ ကျွန်း၊ လင့်မနော့ကျွန်း၊ ပတ်တမော့ကျွန်းနှင့် ရုတ်ကျွန်းတို့ ပါဝင်၏။

ဒိုဒီကန်နီး ကျွန်းများကို ဒုတိယကမ္ဘာ စစ်အပြီးတွင် ဂရိနိုင်ငံက ပိုင်ဆိုင်လာခဲ့၏။ ၁ဝဝ၄ စတုရန်း မိုင် ကျယ်ဝန်း၍ လူဦးရေ ၁၂၃ဝ၂၁ ခန့်နေထိုင်သည်။ [၂]

အေဂျင်ပင်လယ်
Aegean Sea map
အေဂျင်ပင်လယ်တည်နေရာပြ မြေပုံ
တည်နေရာဥရောပတိုက်
အမျိုးအစားပင်လယ်
ပင်မ ရေထွက်စီးကြောင်းမြေထဲပင်လယ်
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများဂရိနိုင်ငံ နှင့် တူရကီနိုင်ငံ; (drainage basins for inflow rivers in Serbia, Bulgaria, Republic of Macedonia, Albania[၁]
အကျယ်ဆုံး အလျား၇၀၀ km (၄၃၀ mi)
အကျယ်ဆုံး အနံ၄၀၀ km (၂၅၀ mi)
မျက်နှာပြင် ဧရိယာ၂၁၄,၀၀၀ km2 (၈၃,၀၀၀ sq mi)

ကိုးကား

  1. DRAINAGE BASIN OF THE MEDITERRANEAN SEA, UNECE http://www.unece.org/fileadmin/DAM/env/water/blanks/assessment/mediterranean.pdf
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ဂရိနိုင်ငံ

ဥရောပတိုက်၌ ယဉ်ကျေးမှုပေါ်ထွန်းရာဇစ်မြစ်ဒေသ ဂရိ (Greek) နိုင်ငံသည် ရှေးအခါက ယဉ်ကျေးမှုအရာတွင် ထိပ်တန်းသို့ ရောက်ခဲ့သည်။ ကမ္ဘာ့အနောက်ပိုင်းဒေသ ယဉ်ကျေးမှု၏

အရင်းခံမှာ ဂရိယဉ်ကျေးမှုဖြစ်၏။ ဒီမိုကရေစီဝါဒသည် ဂရိတို့ထံမှ ဆင်းသက်သောဝါဒဖြစ်သည်။ ခေတ်သစ်သိပ္ပံပညာ အဝဝမှာလည်း အတွေးအခေါ် အမြော်အမြင်ရင့်သန်သော

ဂရိပညာရှင်တို့၏ ကျေးဇူးကြောင့်ထွန်းကားလာခြင်းဖြစ်၏။

ပင်လယ်ဓားပြမှု

ပင်လယ်ဓားပြမှု ဆိုသည်မှာ ပုဂ္ဂလိက အုပ်စုများ (အစိုးရနှင့် ဆက်နွယ်မနေသူ) တို့မှ စစ်တိုက်မှု ဆန်ဆန် ပြုမူဆောင်ရွက်ခြင်း ဖြစ်ပြီး ပင်လယ်ပြင်တွင် ကျူးလွန်သော ဓားပြမှုနှင့် ရာဇဝတ်မှုများကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။

ထို အသုံးအနှုန်းတွင် ရေမျက်နှာပြင် ကျယ်ပြန့်သော နေရာ သို့မဟုတ် ကမ်းစပ်ပေါ်တွင် ပြုမူခြင်းများ ပါဝင်သည်။ သို့သော် သင်္ဘော တစ်စင်းထဲ ပေါ်တွင် အတူတူ သွားလာနေသူ အချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုကို မူ ပင်လယ်ဓားပြမှုဟု ခေါ်ဆိုသုံးနှုန်းခြင်း မရှိပေ။ (ဥပမာ သင်္ဘောတစ်စင်းတည်း အတူတူ သွားနေသူ အချင်းချင်း ပစ္စည်းခိုးခြင်း။) ထို အသုံးအနှုန်းမှာ နိုင်ငံ၏ နယ်စပ်တွင် အစိုးရ မဟုတ်သော အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုများကို ရည်ညွှန်းသည်။

ပင်လယ်နက်

ပင်လယ်နက် (အင်္ဂလိပ်: Black Sea) သည် ကုန်းတွင်းပိတ် ပင်လယ် ဖြစ်၍ ဥရောပတိုက် အရှေ့တောင်ဘက်ခြမ်း တစ်ခုလုံး၏ ဝန်းရံထားခြင်းခံရသည်။ မြေထဲပင်လယ်၊ အေဂျင်ပင်လယ် တို့မှတဆင့် အတ္တလန္တိတ်သမုဒ္ဒရာနှင့် ဆက်သွယ်ထားသည်။

ဖိလိစတိုင်းယဉ်ကျေးမှုပြတိုက်

ဖိလိစတိုင်းယဉ်ကျေးမှုပြတိုက် (ဟီဘရူး: המוזיאון לתרבות הפלשתים ע"ש קורין ממן‎; အင်္ဂလိပ်: The Corinne Mamane Museum of Philistine Culture) သည် အစ္စရေးနိုင်ငံ အာဇုတ်မြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်တစ်ခု ဖြစ်သည်။ မြို့ဧရိယာတစ်ဝိုက်တွင် နေထိုင်သော ဖိလိစတိုင်း (Philistines) များ၏ ယဉ်ကျေးမှုကို ပြသထားသော ပြတိုက်ဖြစ်သည်။ ပြတိုက်သည် ဖိလိစတိုင်းယဉ်ကျေးမှုကို ပြသထားသည့် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ပြတိုက်လည်း ဖြစ်သည်။ ပြတိုက်အား ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပြတိုက်တွင် အထပ် သုံးထပ်ပါဝင်သည်။ ပထမထပ်တွင် ဖိလိစတိုင်းယဉ်ကျေးမှုကို ခင်းကျင်းပြသထားသည်။ ဒုတိယအထပ်တွင် ပြောင်းလဲမှုများအား ပြသထားပြီး တတိယအထပ်တွင် အေဂျင်ပင်လယ် ၏ အစားအသောက် ယဉ်ကျေးမှုများအား "Philistines Kitchen" အနေဖြင့် ပြသထားသည်။

ဟိုးမား

ဟိုးမား၏ကဗျာရှည်များဟု ကျော်ကြားသည် အထိ ရှေးခေတ်ကမ္ဘာ့ စာပေသမိုင်းတွင် ထင်ရှားသော ဟိုးမားကို ယနေ့ ဂရိနိုင်ငံ၏ အရှေ့ပိုင်း အေဂျင်ပင်လယ်(Agean sea)ကမ်းခြေမှ အိုင်အိုးနီးယားနယ်(Ionia)တွင် ဖွားမြင်သည်။ မွေးဖွားချိန်၊ ကွယ်လွန်ချိန်တို့ နှင့် ပတ်သက်ပြီး တိကျသော သမိုင်းအထောက်အထားများ မကျန်ရစ်သဖြင့် ဘီစီ၈ရာစု ဝန်းကျင်တွင်သာဖြစ်သည်ဟု ခန့်မှန်းကြသည်။ အချို့သော သမိုင်းပညာရှင်များက ဟိုးမားအမည်ရှိ လူပုဂ္ဂိုလ် အမှန်တကယ်ရှိ မရှိကို သေချာစွာ မဆုံးဖြတ်နိုင်ကြောင်း နှင့် ဟိုးမားကဗျာရှည်ကြီး တစ်ခုလုံးမှာ လူတစ်ဦးတည်း၏ လက်ရာမဖြစ်နိုင်ဟု စောဒကတက်ကြပေသည်။

မည်သို့ဆိုစေ ဂရိနှင့် ရောမစာပေများပေါ်တွင် ဟိုးမားကဗျာရှည်ကြီးမှာ များစွာလွှမ်းမိုးနိုင်သည် ဖြစ်သဖြင့် ဟိုးမားမှာ အလွန်ပင် အစွမ်းထက်သည့် စာပေပညာရှင် အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။

ဥရောပ

ဥရောပဆိုသည်မှာ ခေါ်ဝေါ်သတ်မှတ်ချက်အရ ကမ္ဘာပေါ်ရှိ တိုက်ကြီး (၇) တိုက်တွင် တစ်ခုဖြစ်သည်။ ယူရေးရှား ကုန်းမြေပြင်ကြီး၏ အနောက်ဘက်ဆုံး အပိုင်းပါဝင်သည်။ ဥရောပနှင့် အာရှကို စည်းခြားထားသော နေရာများမှာ ယူရယ်တောင်တန်း နှင့် ကော့ကေးဆပ်တောင်တန်း၊ ယူရယ်မြစ်၊ ကက်စပီယံပင်လယ် နှင့် ပင်လယ်နက်၊ ပင်လယ်နက်နှင့် အေဂျင်ပင်လယ်တို့ကို ဆက်သွယ်ထားသော ရေလမ်းတို့ဖြစ်ကြသည်။ ဥရောပတိုက်သည် မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာနှင့် အခြားရေပြင်များက ဝိုင်းရံထားပြီး အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာရှိသည်။ တောင်ဘက်တွင် မြေထဲပင်လယ်ရှိပြီး အရှေ့တောင်ဘက်တွင် ပင်လယ်နက်နှင့် ၎င်းနှင့်ဆက်သွယ်ထားသော ရေလမ်းကြောင်း ရှိသည်။

ဥရောပသည် ကမ္ဘာပေါ်ရှိတိုက်ကြီးများတွင် မြေမျက်နှာပြင်အားဖြင့် ဒုတိယမြောက် အသေးဆုံးဖြစ်ပြီး ၁၀,၁၈၀,၀၀၀ စတုရန်းကီလိုမီတာ (၃,၉၃၀,၀၀၀ စတုရန်းမိုင်) သို့မဟုတ် ကမ္ဘာ့မျက်နှာပြင်၏ ၂ရာခိုင်နှုန်း နှင့် ကမ္ဘာ့မြေမျက်နှာပြင်၏ ၆. ၈ ရာခိုင်နှုန်းကို နေရာယူထားသည်။ ဥရောပတွင် နိုင်ငံပေါင်း ၅၀ ခန့်ရှိပြီး ရုရှားနိုင်ငံသည် လူဦးရေအားဖြင့်သော်လည်းကောင်း၊ အကျယ်အဝန်းအားဖြင့်သော်လည်းကောင်း အကြီးဆုံးဖြစ်ပြီး အသေးဆုံးမှာ ဗာတီကန်စီးတီး ဖြစ်သည်။ ဥရောပသည် အာရှ နှင့် အာဖရိကပြီးလျှင် တတိယမြောက် လူဦးရေ အများဆုံးတိုက် ဖြစ်သည်။ လူဦးရေ စုစုပေါင်း ၇၃၁ သန်းရှိပြီး ကမ္ဘာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းမျှ ဖြစ်သည်။

ရှေးဟောင်း ဂရိနိုင်ငံသည် အနောက်တိုင်းယဉ်ကျေးမှုတို့ မြစ်ဖျားခံ မွေးဖွားရာနေရာဖြစ်သည်။ ဥရောပသည် ၁၆ ရာစု နောက်ပိုင်းမှစ၍ ကမ္ဘာ့အရေးအခင်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ကိုလိုနီစနစ်ထွန်းကားပြီး နောက်ပိုင်းတွင် ဖြစ်သည်။ ၁၆ရာစုနှင့် ၂၀ရာစု ကြားတွင် ဥရောပနိုင်ငံတို့သည် အမေရိကတိုက်များ၊ အာဖရိကတိုက်၏ အစိတ်အပိုင်း အတော်များများနှင့် အိုရှန်နီးယားရှိ ကျွန်းနိုင်ငံများကို အကြိမ်ကြိမ် သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ ကမ္ဘာစစ်နှစ်ခုစလုံးသည် ဥရောပကို ဦးတည်ဖြစ်ပေါ်ခြင်း ဖြစ်ပြီး ၂၀ရာစု အလယ်ပိုင်းတွင် ကမ္ဘာ့အရေးအခင်းတို့တွင် ဥရောပ၏အရှိန်အဝါ လွှမ်းမိုးမှု ကျဆင်းရန်အတွက် အစပျိုးခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ ကမ္ဘာ့ဇာတ်ခုံတွင် ထင်ရှားတောက်ပလာခြင်းကြောင့်လည်း ဖြစ်သည်။ စစ်အေးတိုက်ပွဲ အတွင်းတွင် ဥရောပသည် အနောက်ဘက်တွက် နေတိုးအဖွဲ့ နှင့် အရှေ့ဘက်တွင် ဝါဆောနိုင်ငံများဟူ၍ သံတံတိုင်းခြား ကွဲပြားခဲ့သည်။ ဥရောပနိုင်ငံများ အချင်းချင်း ယှဉ်တွဲလုပ်ကိုင်ရာမှတဆင့် ဥရောပကောင်စီနှင့် ဥရောပသမဂ္ဂတို့ ပေါ်ပေါက်လာခဲ့ပြီး ထိုအဖွဲ့အစည်း နှစ်ခုစလုံးသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ကျဆုံးပြီးနောက် အရှေ့ဘက်သို့ တိုးချဲ့လာခဲ့ကြသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.