အနောက်အရပ်

အနောက်အရပ် သည် အရပ်လေးမျက်နှာတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အရှေ့အရပ်၏ ဆန့်ကျင်ဖက်အရပ်ဖြစ်ကာ တောင်အရပ်နှင့် မြောက်အရပ်တို့နှင့် ထောင့်မှန်ကျသည်။

Compass Rose English West
သံလိုက်အိမ်မြောင်ရှိ အနောက်အရပ် (အမည်းရောင်ခြယ်ထားသည်)

ပြင်ပလင့်ခ်များ

  • ဝစ်ရှင်နရီရှိ အနောက်အရပ် အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်
ကောလင်းမြို့

ကောလင်းမြို့သည် အထက်မြန်မာပြည် ကောလင်းခရိုင် (ယခင် ၂၀၁၉ မတိုင်မီက ကသာခရိုင်)အတွင်း ကောလင်းမြို့နယ် အုပ်ချုပ်ရေးရုံးစိုက်မြို့ဖြစ်သည်။ ကောလင်းမြို့နယ်၊ပင်လယ်ဘူးမြို့နယ်နှင့်ဝန်းသိုမြို့နယ် သုံးခုကိုစုစည်းကာ ကောလင်းခရိုင်အဖြစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမကြီးမှ ၁၄ မိုင်အကွာတွင် တည်ရှိသည်။ ကောလင်းမြို့မှာ ထီးချိုင့်မြို့ အနောက်ဘက် မိုင် ၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင် တည်ရှိသည်။ မြေပြန့်ပေါ်တွင် တည်ရှိသော်လည်း ပတ်ပတ်လည်တောင်များ ဝန်းရံလျက်ရှိသည်။

ကောလင်းမြို့ သည် ၁၈၈၈ ဧကစတုရန်းကီလိုမီတာ ကျယ်ဝန်း၍ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၄၅၂၉၇ ယောက်ခန့် နေထိုင်လျက်ရှိသည်။ မြို့ပေါ်တွင် ၂၁၄၄၁ ယောက်နေထိုင်ပြီး အများစုဖြစ်သော ၁၂၃၈၆၆ ယောက်သည် ကျေးလက်တွင်နေထိုင်ကြသည်။ အမျိုးသားဦးရေမှာ ၆၉၇၈၂ ယောက်ရှိပြိး အမျိုးသမီးဦးရေမှာ ပိုမိုများပြား၍ ၇၅၅၁၅ ယောက်ရှိသည်။[၁] ကျယ်ပြန့်သော စပါးလယ်ကွင်းများကို ကောလင်းကွင်းဟုခေါ်ကြသည်။

ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်က မြို့ဝန်များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာ တောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော မြို့ဖြစ်သည်။ ဆေးရုံ ၁ ရုံ၊ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ ဈေး ၂ ဈေးရှိသည်။ မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးသို့ ဆက်သွယ်ရာ မြို့အရှေ့ထွက်ကားလမ်းနှင့် ကန့်ဘလူ-မန္တလေးမြို့သို့ ဆက်သွယ်ရာ မြို့တောင်ဘက်အထွက်ကားလမ်းရှိသော်လည်း အလွန်ဆိုးသဖြင့် အသုံးပြုသွားလာရ ခက်ခဲလျက်ရှိနေသေးသည်။ နှစ်စဉ်ကျင်းပသော ပွဲတော်များအနက် ထင်ရှားသောပွဲတော်မှာ ခမောက်တောင်ဘုရားပွဲတော် ဖြစ်သည်။ ဗန်းမောက်၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်နှင့် ခန္တီးဒေသမှ ရှမ်းနီ(တိုင်းလိုင်) တိုင်းရင်းသားလူမျိုးများ လာရောက်ဆင်နွှဲလေ့ရှိသည်။ မြို့၏ ထင်ရှားသောတောင်တော်ဖြစ်သည့်အလျောက် နေ့စဉ် ရပ်ဝေးမှဘုရားဖူးဧည့်သည်များ၊ ကျန်းမာရေးတောင်တက်သူများ၊ စက်ဘီးစီးအားကစားသမားများဖြင့် စည်ကားလျက်ရှိသည်။

အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်၍ ဖားကန့် မြစ်ကြီးနား မိုးကောင်း စသောအထက်ပိုင်းဒေသများနှင့် ကုန်သွယ်မှုပြုသည်။

ကောလင်းမြို့သည် အဖိုးတန် တမလန်း၊ ကျွန်းသစ်နှင့်ရွှေသတ္ထု ပေါများရာဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ရွှေချက်စက်ရုံဖြစ်သော ကျောက်ပုထိုးရွှေစက်ရုံသည် မြို့၏ အရှေ့ဘက် ကျောက်တန်း/ခံသာကျေးရွာအလွန် ဘန့်ဘွေးကုန်းအရပ်တွင် တည်ရှိသည်။ အနောက်အရပ် ရှမ်းကလုံး ဥက္ကံ ချောင်းနားတွင်လည်း တူးဖော်ထွက်ရှိသည်။ ရွှေပါဝင်မှုမြင့်မားသော မြေစာခဲများထွက်ရှိရာ ကောလင်းနှင့် ပင်လည်ဘူးမြို့နယ်အစပ်ရှိ သစ်စေးတောင်ကိုမူ မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနမှ တရားဝင် တူးဖော်ထုတ်လုပ်ခွင့် မပြုချေ။

ကြာသပတေး

ကြာသပတေး

ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏ ။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသွတိ" မှ သော် လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (ဝါ) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်၏။

ကြာသပတေးဂြိုဟ်

ကြာသပတေးဂြိုဟ် (အင်္ဂလိပ်: Jupiter)သည် နေမှစတင်ရေတွက်လျှင် ၅ ခုမြောက်ဂြိုဟ်ဖြစ်ပြီး နေအဖွဲ့အစည်းအတွင်းတွင် အကြီးဆုံးဂြိုဟ်လည်း ဖြစ်သည်။ ထိုဂြိုဟ်မှာ အလွန်ကြီးမားသည့်အတွက် အခြားဂြိုဟ် ၇ လုံးကို ပေါင်းစပ်ထားသော ဒြပ်ထုထက်ပင် ပို၍ ကြီးမားသေးသည်။ ကြာသပတေးဂြိုဟ်သည် ဓာတ်ငွေ့များဖြင့် ပေါင်းစပ်ထားသော ဓာတ်ငွေ့ အစိုင်အခဲကြီးတစ်ခုဖြစ်သည်။

ထိုဂြိုဟ်၏ ဆွဲငင်အားသည် ကမ္ဘာ၏ဆွဲငင်အားထက် အဆပေါင်းမြောက်များစွာ ကြီးမားသည်။ ဂြိုဟ်၏ လေထုထဲတွင် ဟီလီယမ်ပါဝင်သော်လည်း ဟိုက်ဒရိုဂျင်ပမာဏ အများဆုံးဖြစ်သည်။ ကြာသပတေးဂြိုဟ်၏ အင်္ဂလိပ်အမည် ဂျူပီတာမှာ ရောမဒဏ္ဍာရီထဲမှ နတ်ဘုရား ဇုစ်နတ်မင်းကြီးကို အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်သည်။၂၀၀၃ ခုနှစ်အထိ ကြာသပတေးဂြိုဟ်၏ ဂြိုဟ်ရံလ ၆၂ စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ လ ၁၆ စင်းမှာ ကြီးမားသော လများဖြစ်သည်။အကြီးဆုံးဂြိုဟ်ရံလ ၄ လုံးမှာ လို (Io)၊ ယူရိုပါ (Europa)၊ ဂေနီမိဒ်(Ganymede) နှင့် ကယ်လီစတို(Callisto) တို့ဖြစ်ပြီး ဂယ်လီလီယန်လများ (Galilean moons) ဟုခေါ်သည်။ ထိုလများကို အီတလီလူမျိုး အာကာသပညာရှင် ဂယ်လီလီယို ဂယ်လီလီ(Galileo Galilei)က ၁၆၁၀ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ကြာသပတေးဂြိုဟ်၏ လေထုနှင့် အရွယ်အစားတို့ကြောင့် မြေပြင်ဖိအားမှာ အလွန်ပင်ကြီးမားသည်။ အကယ်၍ အာကာသယာဉ်တစ်စင်းကို ကြာသပတေးဂြိုဟ်သို့ ပို့လွှတ်မည်ဆိုပါက စက္ကန့်ပိုင်းအတွင်းမှာပင် ပျက်စီးသွားနိုင်သည်။ ထို့အကြောင်းအရာသည် ကြာသပတေးဂြိုဟ်၏ လေထုအောက်တွင် မည်သည့်အရာများရှိသည်ကို အနည်းငယ်သာ သိနိုင်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည်။ ကြာသပတေးဂြိုဟ်တွင် ပါးလွှာသော ခါးပတ်လမ်းကြောင်း(ring) ၃ ခုရှိသည်။

တနင်္ဂနွေဂြိုဟ်ဟု ခေါ်တွင်သော နေမှလွဲလျှင်

ကြာသပတေးဂြိုဟ်သည် ဂြိုဟ်များတွင် အကြီးဆုံး ဖြစ်သည်။

ထိုဂြိုဟ်ကို အနောက်တိုင်း နက္ခတ်ဆိုင်ရာတွင် ဂျူပီတာဟု

ခေါ်သည်။ ထိုဂြိုဟ်ကြီးသည် ကျွန်ုပ်တို့ကမ္ဘာမှ မိုင်ပေါင်းကုဋေ

၆ဝ ကွာဝေး၍ ထုထည်အားဖြင့် ကမ္ဘာထက် အဆပေါင်း

၁၃ဝဝ ပို၍ ကြီး၏။ သို့ရာတွင် အလေးချိန်အားဖြင့် ၃၁၇ ဆ

သာ ပိုသည်။ ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ အချင်းမိုင်ပေါင်း

၈၂၉ဝဝ ရှိ၍၊ အီကွေတာ၌ အချင်းမိုင်ပေါင်း ၈၈၇ဝဝ ရှိသည်

ဟု ဆိုသည်။ ဂျူပီတာသည် ဗီးနပ်ခေါ် သောကြာဂြိုဟ်မှ

တစ်ပါး အထွန်းလင်းဆုံး ဂြိုဟ်ကြီးဖြစ်၍ တောက်ပသော

အရံ ဂြိုဟ်ငယ် ၁၁ လုံး ခြံရံလျက်ရှိသည်။ နေမှ အကွာအဝေး

အလိုက် ဂျူပီတာသည် ပဉ္စမမြောက် ဂြိုဟ်ကြီးဖြစ်၍ နေကို

၁၂ နှစ်ခန့်တွင်မှ တစ်ပတ်ပတ်မိအောင် လှည့်လည်ရသည်။

ကြာသပတေးဂြိုဟ်သည် တနင်္ဂနွေဂြိုဟ်ဖြစ်သော နေမှ

မိုင်ပေါင်း ၄၈၃၂ဝဝဝဝဝ ကျော်မျှ ကွာဝေးသည်။ ကမ္ဘာနှင့်

နေ၏အကွာအဝေး ၅ ဆကျော်မျှ ဖြစ်သည်။ ထိုဂြိုဟ်သည်

မိမိဝင်ရိုးပေါ်တွင် အလိုအလျောက် လှည့်ပတ်နေရာ ၉ နာရီ

နှင့် မိနစ် ၅ဝ တွင် တစ်ပတ်ပြည့်သည်။

ကြာသပတေးဂြိုဟ်သည် မြန်မာကျမ်းဂန်များအရ ဂြိုဟ်

ကြီး ၉ လုံးတွင် ၅ လုံးမြောက် ဂြိုဟ်ဖြစ်သည်။ ကြယ်ငယ်

အရံ ၄ လုံးရှိသော ကြယ်ကြီးဖြစ်၍ အချင်း ၁၇ ယူဇနာ

ရှိသည်ဟု ဝေါဟာရလိနတ္ထဒီပနီ (လှေ သင်းအတွင်းဝန်)က

ဆိုသည်။ ယင်းကြာသပတေးဂြိုဟ်ကို အစွဲပြု၍ ရက်သတ္တပတ်

၏ ၅ ရက်မြောက်နေ့ကို ကြာသပတေးနေ့ဟု ခေါ်သည်။

မြန်မာပြက္ခဒိန်ကျမ်းများအရ ကဆုန်၊ တော်သလင်း၊ ပြာသို၊

တပို့တွဲလများတွင် ကြာသပတေးနေ့များမှာ ရက်ရာဇာ ဖြစ်၍

တန်ခူး၊ ဝါခေါင်၊ နတ်တော်လများတွင် ပြဿဒါးရက်များ

ဖြစ်သည်ဟု မှတ်ယူကြသည်။ မြန်မာတို့သည် ကြာသပတေး

ဂြိုဟ်ကို ပညာဂြိုဟ်အဖြစ် မှတ်ယူကြ၍ 'စာသင်ကြာသပတေး၊

စာရေးသောကြာ'ဟူ၍ ကြာသပတေးနေ့တွင် စတင်ကျောင်းအပ်လေ့ ပြုကြသည်။ ကြာသပတေး ဂြိုဟ်နတ်မင်း စီးသော ဂြိုဟ်

ကောင်မှာ ကြွက်ဖြစ်၍ 'ကြာသပတေးကြွက်၊ ဆယ့်ကိုးသက်၊

နေချက် ပစ္ဆိမ'၊ ဆိုသော ဂြိုဟ်လင်္ကာအရ ကြာသပတေးဂြိုဟ်

သက်မှာ ၁၉ နှစ်ပြီးလျှင်၊ ကြာသပတေး ဂြိုဟ်တည်ရာ

အရပ်မှာ အနောက်အရပ်ဖြစ်သည်။ ဗေဒင် ဝေါဟာရအားဖြင့်

ကြာသပတေးဂြိုဟ်ကို 'ဂုရု'ဟု ခေါ်မှတ်လေ့ ရှိသည်။

မြန်မာအက္ခရာအားဖြင့် ပ၊ ဖ၊ ဗ၊ ဘ၊ မ ဟူသော

ပဝဂ်ဂြိုဟ်အက္ခရာ ၅ လုံးကို ကြာသပတေးနံဟု ခေါ်သည်။

ငရဲ (၃၁-ဘုံ)

အခြား ဘာသာများ အတွက် ငရဲ ကို ကြည့်ပါ။

ငရဲကြီးရှစ်ထပ်

ဗုဒ္ဓဘာသာစာပေတို့အရ ၃၁ ဘုံ တွင် ငရဲကြီးရှစ်ထပ်သည် ဒုက္ခဆင်းရဲတို့ခံစားရာ အနိမ့်ဆုံးဘုံများ ဖြစ်သည်။

တောင်ကမ္ဘာလုံးခြမ်း

တောင်ကမ္ဘာလုံးခြမ်း ဆိုသည်မှာ အီကွေတာမှ တောင်ဖက် ကမ္ဘာတစ်ခြမ်းကို ဆိုလိုသည်။ တောင်ကမ္ဘာလုံးခြမ်းတွင် တိုက်ကြီးငါးတိုက် (အန္တာတိက၊ ဩစတြေးလျ၊ တောင်အမေရိက ၏ တစ်ဆယ်ပုံကိုးပုံ၊ အာဖရိက ၏ သုံးပုံတစ်ပုံ(တောင်ဖက်အခြမ်း)၊ အာရှ၏ တောင်ဖက် ကျွန်းစုအချို့)၊ သမုဒ္ဒရာ လေးခု (အိန္ဒိယသမုဒ္ဒရာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ပိုင်း သမုဒ္ဒရာ၊ တောင်ပစိဖိတ်သမုဒ္ဒရာ)နှင့် အိုရှန်းနီးယားဒေသအများစု ပါဝင်သည်။

ကမ္ဘာသည် တိမ်းစောင်း၍ လည်ပတ်နေခြင်းကြောင့် တောင်ကမ္ဘာလုံးခြမ်းဒေသတွင် နွေရာသီမှာ ဒီဇင်ဘာလမှ မတ်လ အထိဖြစ်ပြီး၊ ဆောင်းရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိ ဖြစ်သည်။ နေ့တာနှင့်ညတာ ညီမျှသောရက်များမှာ နွေဦးကာလအတွက် စက်တင်ဘာလ ၂၂ သို့ ၂၃ ရက်ဖြစ်ပြီး ဆောင်းဦးအတွက် မတ်လ ၂၀ သို့ ၂၁ ရက်ဖြစ်သည်။

တောင်အရပ်

တောင်အရပ် သည် အရပ်လေးမျက်နှာတွင် တစ်ခုအပါအဝင်ဖြစ်သည်။ မြောက်အရပ်၏ ဆန့်ကျင်ဖက်အရပ်ဖြစ်ကာ အရှေ့အရပ်နှင့် အနောက်အရပ်တို့နှင့် ထောင့်မှန်ကျသည်။

နတ်မင်းကြီးလေးပါး

နတ်မင်းကြီး ၄-ပါး။ စတုမဟာရာဇ် နတ်မင်းကြီး ၄-ပါးကိုဆိုလိုသည်။ ကမ္ဘာစောင့် နတ်မင်းကြီး လေးပါးဟုလည်း ခေါ်ကြသည်။

(၁) မြင်းမိုရ်တောင်၏ အရှေ့အရပ်ကိုအစိုးရသော ဓတ္တရဋ္ဌ နတ်မင်းကြီး၊ (ဂန္ဓဗ္ဗနတ်တို့၏ အရှင်)

(၂) မြင်းမိုရ်တောင်၏ အနောက်အရပ်ကို အစိုးရသော ဝိရူပက္ခ နတ်မင်းကြီး၊ (နဂါးတို့၏ အရှင်)

(၃) မြင်းမိုရ်တောင်၏ တောင်အရပ်ကို အစိုးရသော ဝိရူဠက နတ်မင်းကြီး၊ (ကုမ္ဘဏ်တို့၏ အရှင်)

(၄) မြင်းမိုရ်တောင်၏ မြောက်အရပ်ကို အစိုးရသော ကုဝေရနတ်မင်းကြီး။ (ယက္ခတို့၏ အရှင်)မှတ်ချက်။ ။ ၎င်းတို့ကိုပင် 'နတ်စစ်သူကြီး ၄-ယောက်' ဟုလည်းခေါ်သေး၏။

နရပတိစည်သူ(ပုဂံ)

နရပတိစည်သူသည် နရသူမင်း၏ သားတော်နှစ်ပါးအနက် အငယ်ဖြစ်သည်။ မြန်မာရာဇဝင်များတွင် ရေးသားထားချက် အရ ညီတော် နရပတိစည်သူ၏ ဝေဠုဝတီမိဖုရားအား နောင်တော် နရသိင်္ခမှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော်အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက်သည်။

နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်းမှုထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ်မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှု ထမ်းငယ် ကျွန်ရင်း အောင်စွာငယ် ပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။

နရပတိစည်သူမင်း လက်ထက် သုဝဏ္ဏဘုမ္မိတိုင်းမှ တဆင့်ပုဂံသို့ ရောက်ရှိလာသည့် ကဉ္စပူရိ သာသနာကို သီဟိုဠ်သာသနာ က လွှမ်းမိုးစ ပြုသည်ဟု ထေရဝါဒ သာသနာဆိုင်ရာ သုတေသီတို့က ယူဆကြသည်။ နရပတိစည်သူ၏ ကောင်းမှုတော်များထဲတွင် ပုဂံမှ ကန်တော့ပလ္လင်ဘုရား နှင့် စူဠာမဏိစေတီတော်သည် ထင်ရှားလေသည်။ အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ နှင့် ဓမ္မဝိလာသ ဓမ္မသတ် ကို အထောက်အထားပြု ၍လည်းကောင်း၊ နရပတိစည်သူမင်း လက်ထက်တွင် ကျောက်စာများတွင် မြန်မာစာ နှင့် ရေးထိုးသည်ကို တစထက်တစ တွေ့လာရ၍ လည်းကောင်း၊ မွန်နှင့် ပါဠိဘာသာများလွှမ်းမိုးမှု အောက်မှ မြန်မာစာပေသည် လွတ်မြောက်စပြုလာသည် ဟု သမိုင်းသုတေသီများက ယူဆကြလေသည်။

ဖောင်းကားစား မောင်မောင်

ဖောင်းကားစားသည် အလောင်းမင်းတရား၏ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။ သမန်းဖောင်းကားရွာကို စားရ၍ ဖောင်းကားစားဟု အမည်တွင်သည်။

အကိုဝမ်းကွဲတော်စပ်သူ စဉ့်ကူးမင်း အညာသီဟတောဘုရား သို့ ဘုရားဖူးသွားနေစဉ် နန်းတော်တွင်းသို့ ဘုရင် အယောင်ဆောင်၍ ဝင်လာခဲ့ပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းသက်အတိုဆုံးမင်းဖြစ်ပြီး ၇ ရက်သာ ထီးနန်းစံခဲ့ရသည်။ ဦးရီးတော်ဖြစ်သူ ဘိုးတော် ဗဒုံမင်းက ဖောင်းကားစားထံမှ ထီးနန်းကို သိမ်းပိုက်ခဲ့သည်။

မြန်မာ့ သမိုင်းတွင် ၇ ရက်သာ နန်းစံခဲ့ရပြီး နန်းသက်အတိုဆုံး ဘုရင်များအနက် တစ်ပါးအဖြစ် မှတ်တမ်းဝင်ခဲ့သော မင်းဖြစ်သည်။ အရည်အချင်းညံ့သည် ဟုလည်း ဆိုသည်။ ဖောင်းကားမြို့ကို စားရသည့်အတွက် ၎င်း၏အမည်ရှေ့တွင် ဖောင်းကား ဟု အစပြုခေါ်ကာ ဖောင်းကားစား မောင်မောင် ဖြစ်လာခဲ့သည်။ စဉ့်ကူးမင်း အညာသီဟတော ဘုရားဖူးသွားနေစဉ် နောက်ပါကျွန်ယုံများဖြင့် ဘုရင်အယောင်ဆောင်ပြီး နန်းသိမ်းခဲ့သည်။ သို့သော် ၇ ရက်အကြာတွင် ဘထွေးတော်စပ်သူဖြစ်သည့် အိမ်နှိမ့်စံနေရသော ဗဒုံမင်းသားက တိုင်းပြည်အကျိုးလိုလားသော မှူးမတ်များ စုစည်းညီညာမှုဖြင့် လုပ်ကြံပြီး ဗဒုံမင်း အဖြစ်နန်းတက်လာခဲ့သည်။ နန်းတက်စက မိမိကိုးကွယ်သည့် ဗေဒင် နက္ခတ် တတ်ကျွမ်းသည့် ဆရာတော်အား နန်းတွင်းသို့ပင့်ဖိတ်ကာ ဆွမ်းကပ်စဉ်က ဆရာတော်က အနောက်အရပ်မှ ကုက္ကိုပင်အား ရှင်းလင်းရန် မိန့်ကြားသေးသည်။ ဝိနည်းလွှတ်ရန် ထိုကဲ့သို့သွယ်ဝိုက် မိန့်ကြားခဲ့ခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ တနင်္လာနံဖြစ်သည့် ဗဒုံမင်းသားအား သုတ်သင်ပစ် ရန်ဖြစ်သော်လည်း နားမလည်သည့် မောင်မောင်က တကယ်ပင် ကုက္ကိုပင်များကို ခုတ်လှဲပစ်ခဲ့သေးသည်။

အလောင်းမင်းတရားကြီး နတ်ရွာစံတော်မမူမီ သားတော်တို့ကို မင်းပြုစေလိုကြောင်း မြွက်ထဖူးသော စကားကြောင့် ဗဒုံမင်းသားက ပရိယာယ်ပြု၍ လျှို့ဝှက်ကြံစည်ပြီးလျှင် မောင်မောင်ကို ဖမ်းစီးကာ ကတ္ထီပါအိတ်နှင့် ဧရာဝတီမြစ်တွင် ချလေသည်။

မြောက်အရပ်

မြောက်အရပ် သည် အရပ်လေးမျက်နှာတွင် တစ်ခုအပါအဝင်ဖြစ်သည်။ တောင်အရပ်၏ ဆန့်ကျင်ဖက်အရပ်ဖြစ်ကာ အရှေ့အရပ်နှင့် အနောက်အရပ်တို့နှင့် ထောင့်မှန်ကျသည်။

အ.ထ.က(၆)ဗိုလ်တထောင်

အခြေခံ ပညာ အထက်တန်း ကျောင်း အမှတ် (၆) ဗိုလ်တထောင် (အ.ထ.က. (၆) ဗိုလ်တထောင်) ဆိုသည်မှာ ဗိုလ်တထောင်မြိုနယ် မြို့တော်ဟောင်း ရန်ကုန် (ရန်ကုန်တိုင်း) အတွင်းတွင်တည်ရှိသော အခြေခံပညာအထက်တန်း ကျောင်းဖြစ်သည်။ ယခင်အမည်ဟောင်းမှာ စိန်ပေါလ်ကျောင်း (St. Paul's High School) ဖြစ်သည်။ အမျိုးသားကျောင်း ဖြစ် ပြီး မြောက်အရပ်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် တောင်အရပ်တွင်သိမ်ဖြူလမ်းကြား၊ အနောက်အရပ်တွင် အနော်ရထာလမ်းနှင့် အရှေအရပ်တွင်ဗိုလ်ချူပ်အောင်ဆန်းလမ်းကြား တို့အတွင်းတွင် တည်ရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးဆာဘွဲ့ရသူ ဆာမောင်ခင်၊ မြန်မာ့ ပထမဆုံး ပါရဂူ ဥပဒေပညာရှင် ပါမောက္ခဒေါက်တာ ဘဟန်၊ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၊ ဆာဂျေအေမောင်ကြီး၊ မြန်မာ့ပထမဆုံး ကိုယ်ကာယအလှ ဖော်ထုတ်သူ ဒေါက်တာ ဝေါ်လတာ ချစ်ထွန်း၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဂျပန်ခေတ် စစ်ပညာတော်သင် ဗိုလ်တင်မောင် (စာရေးဆရာ မြတ်ထန်)၊ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၊ ဗြိတိသျှအစိုးရနှင့် မြန်မာ့လွတ်လပ်ရေး ဆွေး‌နွေးရာတွင် ပါဝင်ခဲ့သူ အိုင်စီအက်စ် ဦးတင်ထွဋ်၊ ပထမဆုံးသော မြန်မာနိုင်ငံ သမိုင်းကော်မရှင်ဥက္ကဋ္ဌ ပညာမင်းကြီး စည်သူ ဦးကောင်း၊ လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်ဒေါက်တာ ထင်အောင်၊ နိုင်ငံတော် တရားသူကြီးချုပ်သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင်၊ စာရေးဆရာမ ခင်စောမူ၊ စာရေးဆရာ သုမောင်၊ မောင်ဝဏ္ဏ၊ မင်းသိင်္ခ၊ မြန်မာနိုင်ငံ၏ ပထမဆုံး အသည်းအစားထိုးကုဆရာဝန်ကြီး ဒေါက်တာနော်မန်လှ၊ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ(ဆရ်ပန်)၊ ဒါရိုက်တာ ဇင်ယော်မောင်မောင်၊ အဆိုတော် ရဲလေး တို့သည် စိန်ပေါလ်ထွက်များ ဖြစ်ကြသည်။

အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများ

အင်္ဂါဂြိုဟ်၌ ဂြိုဟ်ရံလ ၂ စင်းရှိပြီး ဖိုဘော့စ်နှင့် ဒိုင်မိုစ် တို့ဖြစ်ကြသည်။ နှစ်ခုစလုံးအား ၁၈၇၇ ခုနှစ် ဩဂုတ်လတွင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်နှင့် ပိုမိုနီးကပ်ပြီး ၉,၃၇၇ km (၅,၈၂၇ mi) ကွာဝေးကာ ဒိုင်မိုစ်သည် ၂၃,၄၆၀ km (၁၄,၅၈၀ mi) ကွာဝေးသည်။ အကယ်၍ ဖိုဘော့စ်အား အင်္ဂါဂြိုဟ်မျက်နှာပြင်ရှိ အီကွေတာအနီးမှ ကြည့်မည်ဆိုပါက လကမ္ဘာ၏ ၃ ပုံ ၁ ပုံခန့် မြင်ရမည်ဖြစ်ပြီး ဒိုင်မို့စ်ကိုမူ ဗီးနပ်စ်ဂြိုဟ်ထက် အနည်းငယ်ကြီးသော ကြယ်တစ်စင်းအဖြစ် မြင်ရမည်ဖြစ်သည်။ အကယ်၍ လေ့လာသူသည် အီကွေတာမှ ဝေးကွာသည်နှင့်အမျှ မြင်နိုင်သော အရွယ်အစားမှာလည်း ပိုမိုသေးငယ်သွားမည်ဖြစ်ကာ ဝင်ရိုးစွန်းမှကြည့်လျင် လုံးဝပျောက်ကွယ်သွားမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်၏ ဂြိုဟ်ရံလများသည် နေအား ဖုံးကွယ်ရန် အရွယ်အစား မကြီးသောကြောင့် နေအပြည့်ကြတ်ခြင်း မရှိပေ။ တနည်းအားဖြင့်ဆိုသော် ဖိုဘော့စ်၏ လအပြည့်ကြတ်ခြင်းဖြစ်စဉ်သည် ညတိုင်းလိုလို ဖြစ်ပျက်သည်။ ဖိုဘော့စ်နှင့် ဒိုင်မိုစ်တို့၏ ရွေ့လျားမှုသည် မိမိတို့လကမ္ဘာနှင့် လွန်စွာကွဲပြားမည်ဖြစ်သည်။ မြန်ဆန်သော ဖိုဘော့စ်သည် အနောက်ဘက်မှ ထွက်လာပြီး အရှေ့အရပ်၌ ဝင်သွားကာ ၇ နာရီကြာလျင် ပြန်ထွက်လာသည်။ ယင်းအချိန်၌ ဒိုင်မိုစ်သည် အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် နာရီ ၃၀ ခန့်သာ ကြာမြင့်သော်လည်း အင်္ဂါဂြိုဟ်မျက်နှာပြင်မှ လေ့လာသူအတွက်မူ အနောက်အရပ်မှ ထွက်ပေါ်လာပြီး အရှေ့အရပ်သို့ ဝင်သွားရန် ၂.၇ ရက် ကြာမြင့်မည်ဖြစ်သည်။ ဂြိုဟ်ရံလ ၂ စင်းစလုံးသည် ဒီရေပိတ်လှောင်ခြင်း (tidal lock) ဖြစ်နေပြီး မျက်နှာပြင်တစ်ဘက်သည် အင်္ဂါဂြိုဟ်ဘက်သို့ အမြဲမျက်နှာမူလျက်ရှိသည်။ ယင်းကဲ့သို့ tidal force ကြောင့် အတွင်းပိုင်း ပိုကျသည့် ဖိုဘော့စ်သည် နောင်အနာဂါတ်ကာလတစ်ခုတွင် ပျက်စီးပြိုကွဲသွားမည်ဖြစ်သည်။

အယူတော်မင်္ဂလာဦးနိုး

အယူတော်မင်္ဂလာ ဟူသောဘွဲ့အမည်ဖြင့် ကျော်ကြားလာမည့် မောင်နိုးအား ၁၆ရက်နေ့၊ ဇွန်လ၊ ၁၇၆၂ခုနှစ်က ဒီပဲယင်းမြို့နယ်၊ ကိုးသန်းတိုက်နယ်၊ အရှမ်း ကြခတ်ကျေးရွာတွင် ဖွားမြင်သည်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး မိခင်ဘက်မှ ဦးကြီးမှာ မင်းကြီးမဟာကျော်ထင်ဘွဲ့ဖြင့် အမတ်အဖြစ်ထင်ရှားခဲ့သူဖြစ်သည်။ ငယ်စဉ်က မောင်နိုးသည် ဘုံသာတုလွတ်ကျောင်း ဆရာတော်ထံတွင် စာပေသင်ကြားခဲ့ပြီး အရွယ်ရောက်သည့်နောက်တွင် တရားသူကြီး သတိုးမဟာသီဟသူရ ထံတွင် စာရေးအဖြစ် အမှုထမ်းသည်။ ၁၇၈၂တွင် ဗဒုံမင်း နန်းတက်လာသောအခါတွင် မောင်နိုးအား နေမျိုးလေခပျံချီဘွဲ့ချီးမြှင့်ကာ အနားခေါ်၍ အမှာတော်ရေးခန့်သည်။ မောင်နိုးသည် အတိတ်၊ နိမိတ်၊တဘောင်၊စနည်း၊ဘဝေါ စသည်တို့ကို အဓိပ္ပါယ်ကောက်ယူရာတွင် ထက်မြက်သည့်သတင်းထွက်ပေါ်လာပြီးနောက်တွင် ဗဒုံမင်း၏ သဘောကျခြင်းခံရသဖြင့် အယူတော်မင်္ဂလာ ဟူသောဘွဲ့ကို ပေးလေသည်။

အရှေ့အရပ်

အရှေ့အရပ် သည် အရပ်လေးမျက်နှာတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အနောက်အရပ်၏ ဆန့်ကျင်ဖက်အရပ်ဖြစ်ကာ တောင်အရပ်နှင့် မြောက်အရပ်တို့နှင့် ထောင့်မှန်ကျသည်။

အာနန္ဒာဘုရား

အာနန္ဒာဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည်။ စေတီပုထိုးအမှတ်မှာ ၂၁၇၁ ဖြစ်သည်။ အာနန္ဒာစေတီကို ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် (အေဒီ ၁၀၉၀) တွင် ဆောက်လုပ်ခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် ဟိမဝန္တာ နန္ဒမူလိုဏ်ဂူမှ ရဟန္တာများ ကြွရောက်လာသည်။ ထိုရဟန္တာအရှင်သူမြတ်များ၏ ပြောပြချက်ကြောင့် နန္ဒမူလိုဏ်ဂူကို သဘောကျကာ နန္ဒမူလိုဏ်ဂူကဲ့သို့ အာနန္ဒာစေတီကို တည်တော်မူသည်။ပုဂံပြည့်ရှင် ကျန်စစ်သားမင်း၏ ကောင်းမှုတော်ဖြစ်သော အာနန္ဒာဘုရားသည် ပုဂံဘုရား များအနက် အလွန်တရာ အချိုးအစားကျန လှပတင့်တယ်၍ ချီးကျူးဖွယ် အကောင်းဆုံးသော ဘုရားတစ်ဆူ ဖြစ်သည်။ ရှေးမြန်မာ့ဗိသုကာပညာ၏ အပြောင်မြောက်ဆုံးသော လက်ရာကို အာနန္ဒာဘုရား၌ တွေ့ရ သည်။ ထိုဘုရားသည် စေတီဘုရားမဟုတ် ဂူဘုရားဖြစ်သည်။ ပုဂံမြို့ သရပါတံခါး၏ အရှေ့ဘက်အနီး၌ တည်ရှိလေသည်။ (အနုမှာ အာနန္ဒာ၊ ထုမှာဓမ္မရံဟု မှတ်တမ်းတင်ထားကြသည်။)

ဥက္ကာပျံ

အာကာသ ဟင်းလင်းပြင်ထဲတွင် သွားလာ ရွှေ့လျှားနေသော ကြယ်တံခွန်နှင့် ဥက္ကာပျံများကြောင့် ကမ္ဘာပေါ်တွင် မည်သို့ မည်ပုံ ပြောင်းလဲသွားသည်ကို ရှေးနက္ခတ်ပညာရှင်းများ၏ မှတ်တမ်းများတွင် လေ့လာမှတ်သားရပါသည်။

ဩကာသ ဘုရားရှိခိုး

ဩကာသ ဘုရားရှိခိုး သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ ဘုရား သို့မဟုတ် ဘုန်းတော်ကြီးများအား ဝတ်ပြုရာတွင် ပထမဆုံးသော ရွတ်ဆိုသော မြန်မာဘာသာဖြင့် ဘုရားရှိခိုး ဂါထာဖြစ်သည်။ ဩကာသ ဘုရားရှိခိုး ရည်ရွယ်ချက်မှာ မိမိအမှား များအား ဝန်ချတောင်းပန်ခြင်း နှင့် နိဗ္ဗာန်သို့ ရောက်ရန် ဆုတောင်းခြင်း ဖြစ်သည်။ အခြားနိုင်ငံများတွင်လည်း အလားတူ ဂါထာများရှိသည်။ ဩကာသ ဘုရားရှိခိုး ဂါထာသည် မြန်မာနိုင်ငံ ဘုန်းကြီးကျောင်းတိုင်း အတူဖြစ်သော်လည်း အနည်းငယ်မျှ ကွဲလွဲတတ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.