ဟီဘရူးဘာသာစကား

ရဟူဒီဘာသာစကား သို့မဟုတ် ဟီဘရူးဘာသာစကား (Hebrew language)သည် စီမီတစ် ဘာသာစကားတစ်ခုဖြစ်ပြီး အစ္စရေးနိုင်ငံတွင် အသုံးပြုသည်။ ယင်းဘာသာစကားကို ရဟူဒီလူမျိုးများကအသုံးပြုကြသည်မှာ ဘီဘယ်ဟုခေါ်သည့် ရှေးဟောင်းစာပေရေးသားခဲ့သည့်ခေတ်မှစ၍ နှစ်ပေါင်းများစွာကြာပြီးဖြစ်သည်။ ဘေဘီလိုးနီးယတို့၏ တိုက်ခိုက်ခြင်းခံခဲ့ရသော ဂျူးဒက်နိုင်ငံ ပျိုကွဲပြီးနောက်ပိုင်းတွင် ဂျူးလူမျိုးတို့သည် ဘေဘီလုံ၌ မြို့တည်ပြီး အာရမစ်စကားကို စတင်အသုံးပြုခဲ့ကြသည်။ ဟီဘရူးဘာသာစကားကိုကား ယနေ့ခေတ်တွင် အသုံးပြုမှုများပြားခြင်း မရှိသော်လည်း ဘာသာတရားလေ့လာကြသည့် ဂျူးလူမျိုးအချို့သည်သာ သိရှိနားလည်ကြလေသည်။

၂၀ ရာစုနှစ်တွင် ဂျူးလူမျိုးအများစုက ဟီဘရူးဘာသာစကားကို ပြန်လည် အသုံးပြုရန် အတွက်ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် အသစ်ဖြစ်တည်လာသည့် အစ္စရေးနိုင်ငံ၏ ဘာသာစကားအဖြစ် ရောက်ရှိလာခဲ့သည်။ နေရာဒေသများစွာမှ လူများသည် အစ္စရေးနိုင်ငံသို့ရောက်ရှိလာပြီး ဟီဘရူးဘာသာစကားကို လေ့လာရန်ဆုံးဖြတ်ပြီးနောက် ဘာသာစကားတစ်ခုတည်းကို ပြောဆိုအသုံးပြုနိုင်ခဲ့လေသည်။

ဟီဘရူးဘာသာစကားသည် အာရပ်ဘာသာစကားနှင့် နီးစပ်သည်။ စာလုံးများသည် ပုံစံတစ်ခုနှင့်အတူ အခြေတစ်ခုပေါင်းစပ်ခြင်းဖြင့် ပြုလုပ်ထားကြသည်။ အစ္စရီ ဟီဘရူးဘာသာစကားတွင် အချို့သော စကားလုံးများတွင် အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်နှင့် ရုရှားကဲ့သို့သော ဥရောပနိုင်ငံများ၏ ဘာသာစကားများကို ဘာသာပြန်ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။ ရှေးဟောင်းသမာကျမ်းမှ စကားလုံးပေါင်းမြောက်မြားစွာသည် အစ္စရီ ဟီဘရူးထဲသို့ အဓိပ္ပာယ်အသစ်ပေါင်းများစွာကို ပေးထားခဲ့သည်။ ဟီဘရူးဘာသာကို လေ့လာသူများသည် သရများမပါပဲ အစီစဉ်အတိုင်း မှန်ကန်စွာ ဖတ်နိုင်ရန်အတွက် ရှေးဦးစွာ "သဒ္ဒါ" ကို လေ့လာတတ်မြောက်ထားရန် လိုအပ်သည်။ အစ္စရီဟီဘရူးတွင် မျက်မှောက်ကာလပြရန်အတွက် ကြိယာ

ဆက်စပ်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

ဂယ်ဂဒေါ့

ဂယ်ဂဒေါ့ (အင်္ဂလိပ်: Gal Gadot-Varsano) (; ဟီဘရူး: גל גדות‎ [ˈɡal ɡaˈdot]; (၃၀ ဧပြီ ၁၉၈၅ မွေးဖွား) သည် အစ္စရေးနိုင်ငံ မှ အလှမယ်နှင့် ရုပ်ရှင်မင်းသမီးဖြစ်သည်။ အစ္စရေးနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၁၈ နှစ်အရွယ်၌ Miss Israel (၂၀၀၄) ကို ဆွတ်ခူးခဲ့သည်။ သူမသည် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးတွင် တိုက်ခိုက်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် IDC Herzliya ကောလိပ်၌ မော်ဒယ်နှင့် သရုပ်ဆောင်ပညာရပ်များကို လေ့လာဆည်းပူးခဲ့သည်။ ဂယ်ဂဒေါ့သည် The Fast and the Furious ရုပ်ရှင်ဇာတ်လမ်းတွဲတွင် Gisele Yashar အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမသည် Wonder Woman ရုပ်ရှင်ဇာတ်လမ်းဖြင့် လူသိများလာခဲ့သည်။ ဂဒေါ့သည် Batman v Superman: Dawn of Justice, Justice League စသည့်ရုပ်ရှင်များ၌လည်း Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်

ဂျေရုဆလင် ဟီဘရူးတက္ကသိုလ် (ဟီဘရူး: האוניברסיטה העברית בירושלים‎, ha-Universita ha-Ivrit B'irushalayim; အတိုကောက် HUJI) သည် အစ္စရေး၏ ဒုတိယသက်တမ်းအကြာဆုံး တက္ကသိုလ် ဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဂျေရုဆလင်မြို့တွင် ကျောင်းခွဲ သုံးခုနှင့် Rehovot တွင် ကျောင်းခွဲတစ်ခု ပါဝင်သည်။

ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့ (ဟီဘရူး יְרוּשָׁלַיִם ; အာရပ် القُدس ) သည် အစ္စရေးနိုင်ငံ၏ သာသနာအရ အထွဋ်အမြတ်ထားသောမြို့တော်ဖြစ်သည့်အပြင် ဧရိယာ အကျယ်အဝန်းအားဖြင့် လည်းကောင်း လူဦးရေအားဖြင့်လည်းကောင်း အကြီးဆုံးမြို့လည်း ဖြစ်သည်။ လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ 763,800 ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။ ဂျူး၊ ခရစ်ယာန် နှင့် အစ္စလာမ် ဘာသာတို့ အထွတ်အမြတ်ထားသည့် သာသနာဆိုင်ရာ မြို့တော်ကြီး ဖြစ်သည်။

'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့်

ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်းဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃၀ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမ

ကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။

အရှေ့နှင့် အရှေ့မြောက်ဖက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဖက်တွင် တောင်ဖက်သို့ တန်းသွားသော

ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။

ဂျေရုစလင်မြို့ရိုးမှာ ကြိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည့်ပြင် အဖန်ဖန် ပြန်လည် ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က

စူလတန်ဘုရင် ဆူလေမန် တည်ဆောက်ထားခဲ့သော တံခါး များ ဖြစ်၏။ မြို့၏ တောင်ဖက်တွင် ဂျူးတို့ အထွတ်အမြတ်ထားရာ ဘုရားဝတ်ပြု တန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်း

တစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူး

တို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာ

တံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မူစလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထား

လေသည်။ ဂျေရုစလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမျှော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏

သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ

အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။

မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ်

များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။

ဘီစီ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက်အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁၀၀၀ ခန့်လောက်တွင် ဒေးဗစ်ဘုရင် သည် ဂျေရုစလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုစလင်မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှားဘုရင် ဆိုင်းရပ်လက်ထက်တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ ထိုမှတစ်ဖန် ဂျေရုစလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သည်-ဂရိတ်၏ လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင်

ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတစ်ပြန် ငါတစ်ပြန်

တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင်

ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက်

အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို

၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ်

တွင် မူစလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည်

တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁၀၉၉ ခုနှစ်တွင် ကရူး

ဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက်

ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မူစလင်ခေါင်းဆောင် ဆဲလဒင်းက

ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲ

သို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ်

တပ်များက သိမ်းပိုက်သည်အထိ မူစလင်တို့ လက်ထဲ၌

ရှိခဲ့ပေသည်။

(ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ဂျေရုစလင်၏သမိုင်းစဉ်အတွက်

အစ္စရေးနိုင်ငံ။)

ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ

အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဝေအုပ်ချုပ်လျက်ရှိ၏။

မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။

မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။

မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။

ဂျေရုစလင်မြို့သည် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့

မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ

၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ

၁၄၃၅၀၀ ဖြစ်လေသည်။

ဟီဘရူးဘာသာစကားအကယ်ဒမီ

ဟီဘရူးဘာသာစကားအကယ်ဒမီ (အင်္ဂလိပ်: Academy of the Hebrew Language၊ Template:Lang-he-n၊ HaAkademya laLashon ha'Ivrit)) အား အစ္စရေးအစိုးရမှ ၁၉၅၃ ခုနှစ်တွင် ဂီဗက်ရမ်၏ ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်ရှိ ဟီဘရူးဘာသာစကားဆိုင်ရာ အထွဋ်အမြတ်အဖွဲ့အစည်း အဖြစ် တည်ထောင်ခဲ့သည်။ အဆိုပါအကယ်ဒမီသည် ၁၈၉၀ တွင် ဖွဲ့စည်းခဲ့သော "ဟီဘရူးဘာသာစကားကော်မတီ" ကို ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အင်တက်ဘီ စစ်ဆင်ရေး

အင်တက်ဘီ စစ်ဆင်ရေး (အင်္ဂလိပ်: Operation Entebbe) ဆိုသည်မှာ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့များ (IDF) က ယူဂန်းဒါးနိုင်ငံ အင်တက်ဘီ လေဆိပ်တွင် ၁၉၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်က ဓားစာခံများကို ကယ်ထုတ်သည့် စစ်ဆင်ရေး တစ်ခုဖြစ်သည်။ ထိုနေ့ မတိုင်မီ ရက်သတ္တပတ် တစ်ပတ် အလို ဇွန်လ ၂၇ ရက်တွင် ခရီးသည် ၂၄၈ ဦး ပါဝင်သော ပြင်သစ်လေကြောင်းလိုင်းမှ လေယာဉ်ကို ပါလက်စတိုင်း အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ထောက်ခံသူများက ယူဂန်းဒါးနိုင်ငံ၏ မြို့တော် ကမ်ပါလာ အနီးရှိ အင်တက်ဘီ လေဆိပ်သို့ ပြန်ပေးဆွဲ မောင်းနှင်သွားခဲ့သည်။ လေယာဉ် ဆင်းသက်ပြီးနောက်တွင် ဂျူးလူမျိုး မဟုတ်သော ခရီးသည်များကို လွှတ်ပေးခဲ့သည်။

အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့သည် အစ္စရေး လျို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ မော့ဆက်မှ ရရှိသော သတင်း အချက်အလက်များ အပေါ်တွင် မူတည်၍ လှုပ်ရှားခဲ့သည်။ ဂျာမန် အခြေစိုက် စစ်သွေးကြွ အဖွဲ့အစည်း တစ်ခု ဖြစ်သော ရီဗော်လူရှင်နရီ ဆဲလ်(Revolutionary Cells) မှ အဖွဲ့သားများ နှင့် ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှု တပ်ဦးမှ အဖွဲ့သားများက လေယာဉ်ပျံကို ပြန်ပေးဆွဲသွားပြီးသည့်နောက် ပြန်ပေးသမားများက သူတို့တောင်းဆိုသည့် အတိုင်း အကျဉ်းသားများကို လွှတ်မပေးပါက ဓားစာခံများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်သည့် အခါတွင် အစ္စရေးတို့က စစ်ဆင်ရေး အတွက် စတင်ပြင်ဆင်ခဲ့ကြသည်။ ထိုအစီအစဉ်များတွင် ယူဂန်ဒါ စစ်တပ်၏ တပ်ဖွဲ့များက ခုခံပါက မည်သို့တုံ့ပြန်မည် ဟူသည့် အစီအစဉ်များလည်း ပါဝင်သည်။စစ်ဆင်ရေးကို ညဘက်တွင် ဆောင်ရွက်ခဲ့သည်။ အစ္စရေး သယ်ယူပို့ဆောင်ရေး လေယာဉ်မှ အထူး ကွန်မန်ဒို ၁၀၀ ကို မိုင်ပေါင်း ၂,၅၀၀ ကျော် ( ကီလိုမီတာ ၄,၀၀၀) ကျော် ကွာဝေးသော ယူဂန်ဒါနိုင်ငံသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ တစ်ပတ်ကြာမျှ ပြင်ဆင်ထားခဲ့သော စစ်ဆင်ရေးမှာ မိနစ် ၉၀ မျှ ကြာပြီး ဓားစာခံ ၁၀၃ ယောက်ကို ကယ်ဆယ်နိုင် ခဲ့သည်။ အစ္စရေး ကွန်မန်ဒို ၅ ယောက်မှာ ဒဏ်ရာရခဲ့ပြီး အမိန့်ပေးကွပ်ကဲသူ လက်ဖတင်နင်ကာနယ် ဂျိုနသန် နာတာညာဟူးမှာ သေဆုံးခဲ့သည်။ ပြန်ပေးသမား အားလုံး၊ ဓားစာခံ ၃ယောက်နှင့် ယူဂန်ဒါ စစ်သား ၄၅ ယောက် သေဆုံးခဲ့ပြီး ယူဂန်ဒါ လေတပ်ပိုင် ဆိုဗီယက်မှ ထုတ်လုပ်သည့် အမ်အိုင်ဂျီ-၁၇ လေယာဉ် ၁၁ စင်းကို ဖျက်စီးပစ်နိုင်ခဲ့သည်။ နောက်ထပ် သေဆုံးရသည့် စတုတ္ထမြောက် ဓားစာခံကိုမူ ယူဂန်ဒါ စစ်တပ် အရာရှိများက အနီးအနားရှိ ဆေးရုံတွင် သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ဓားစာခံများကို ကယ်တင်သည့် စစ်ဆင်ရေး အမည်ဖြစ်သော "မိုးကြိုးသွား စစ်ဆင်ရေး" (Operation Thunderbolt) ကို တခါတရံတွင် အဖွဲ့ခေါင်းဆောင် နာတာညာဟူး အား အမှတ်ရသည့် အနေနှင့် "ဂျိုနသန် စစ်ဆင်ရေး"ဟု ရည်ညွှန်းခေါ်ဆိုလေ့ ရှိကြသည်။ သူသည် ၁၉၉၆ မှ ၁၉၉၉ အထိ အစ္စရေး ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ယခု အထိ ဝန်ကြီးချုပ် တာဝန်ယူထားသော ဘင်ဂျမင် နာတာညာဟူး ၏ အကိုကြီး ဖြစ်သည်။ ထိုစစ်ဆင်ရေးကြောင့် အမေရိကန် စစ်တပ်ကလည်း အင်တက်ဘီ ကယ်ဆယ်ရေး အဖွဲ့၏ ပုံသဏ္ဌာန်ကို အခြေခံ၍ အထူး လေ့ကျင့်ထားသော ကယ်ဆယ်ရေး အဖွဲ့ တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။ ထိုစစ်ဆင်ရေး ပုံစံကို အတုယူ ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတစ်ခုမှာ အီရန် ဓားစာခံ ဖမ်းဆီးခြင်း အဖြစ်အပျက်တွင် တီဟီရန်မြို့ တွင် ဓားစာခံအဖြစ် ဖမ်းဆီးထားသော သံရုံးဝန်ထမ်း ၅၃ ယောက်ကို ကယ်တင်ရန် ကြိုးစားပြီး မအောင်မြင်ခဲ့သည့် "လင်းယုန်လက်သည်း စစ်ဆင်ရေး" ဖြစ်သည်။

အစ္စရေးနိုင်ငံ

အစ္စရေးနိုင်ငံသည် ၁၉၄၈ ခုနှစ် က ထူထောင်လိုက်သော ခေတ်သစ်ဂျူး (ရဟူဒီ)နိုင်ငံ ဖြစ်သည်။

အစ္စရေးနိုင်ငံ၏တည်နေရာအနေအထားမှာ ရှည်လျားပြီးသေးသွယ်သော ပုံသဏ္ဌာန်ရှိကာ တောင်နှင့်မြောက် ကီလိုမီတာ ၄၇၀ ခန့် (၂၉၀ မိုင်)၊ အရှေ့နှင့် အနောက်အကျယ်ဝန်းဆုံးနေရာတွင် ၁၃၅ ကီလိုမီတာ (၈၅ မိုင်)ကျယ်ဝန်းပါသည်။ အစ္စရေးနိုင်ငံသည် မြေထဲပင်လယ်၏အရှေ့ဘက်ကမ်းရိုးတန်း၊ ပင်လယ်နီ၏မြောက် ဘက်စွန်းတွင်တည်ရှိသော နိုင်ငံတစ်ခုဖြစ်ပါသည်။ မြောက်လတ္တီတွဒ်၂၉ ဒီဂရီ ၃၀ မိနစ်ကြားနှင့် ၃၃ ဒီဂရီ ၁၅ မိနစ်အကြား၊အရှေ့လောင်ဂျီတွဒ် ၃၄ ဒီဂရီ ၁၇ မိနစ်နှင့် ၃၅ ဒီဂရီ ၄၁ မိနစ်ကြားတွင်တည်ရှိပါသည်။ မြောက်ဘက်တွင်လက် ဘနွန်၊ အရှေ့ မြောက်ဘက်တွင် ဆီးရီးယား၊ အရှေ့ဘက်တွင် ဂျော်ဒန်နှင့် အနောက်တောင်ဘက်တွင် အီဂျစ်နိုင်ငံတို့တည်ရှိပြီး ၎င်းထက်အရွယ်ပမာဏကျယ်ဝန်းသော အာရပ်နိုင်ငံများက ဝန်းရံလျက်ရှိပါသည်။ နိုင်ငံ၏အကျယ်အဝန်းမှာ ဧရိယာစတုရန်းမိုင်ပေါင်း ၈,၅၂၂ (၂၂,ဝ၇၂ စတုရန်းကီလိုမီတာ)ရှိပါသည်။ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲအပြီးအစ္စရေးက နယ်မြေများသိမ်းပိုက်ရရှိခဲ့ရာ ယခင် ၂၂,ဝ၇၂စတုရန်းကီလိုမီတာအကျယ်မှ အစ္စရေး စစ်ဘက်ထိန်းချုပ်နယ်မြေနှင့် ပါလက်စတိုင်း နယ်မြေအပါအဝင် ၂၇,၇၉၉ စတုရန်း ကီလိုမီတာရှိလာခဲ့ပါသည်။'[1]'

ယခု အစ္စရေးနိုင်ငံအပါအဝင် ပါလက်စတိုင်းနိုင်ငံ သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝ⁠ဝဝ ခန့်ကပင် ဘုရင်စနစ် ထူထောင်၍ တစ်ထီးတစ်နန်းတည်ရှိခဲ့သည်။ ဘီစီ ၁ဝ ရာစုနှစ်

မှစ၍ နိုင်ငံနှစ်ခြမ်းကွဲပြီးသော် ဂျူဒါနိုင်ငံနှင့် အစ္စရေးနိုင်ငံ ဟူ၍ နှစ်နိုင်ငံဖြစ်လာလေသည်။ ဘီစီ ၇၂၂ ခုနှစ်တွင် အစ္စရေးနိုင်ငံကို အဆီးရီးယန်းလူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်၍ လူပေါင်းများစွာကို နိုင်ငံရပ်ခြားသို့ပို့သည်။ ဘီစီ ၁၇ဝ ခန့် တွင် ဂရိတို့ကသိမ်းပိုက်၍ ဘီစီ ၆၃ ခုနှစ်တွင် ရောမတို့က သိမ်းပိုက်ပြန်သည်။ ယဟူဒီလူမျိုးနှင့် ရောမလူမျိုးတို့ နှစ် ပေါင်းများစွာ ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် အေဒီ ၇ဝ ပြည့်တွင် ယဟူဒီများ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရရုံမက ဂျေရုဆလင်

မြို့တော်ကြီးပါ ရောမတို့၏ အဖျက်အဆီးကိုခံလိုက်ရသည်။ ယဟူဒီအမြောက်အမြားလည်း ကမ္ဘာအရပ်ရပ်သို့ အနှံ့အပြား ရောက်ရှိသွားလေသည်။ အေဒီ ၆ဝဝ ခန့်တွင် အစ္စလာမ် အယူဝါဒီ အာရပ်လူမျိုးတို့က တိုက်ခိုက်သိမ်းပိုက်ပြန်သည်။ ဥရောပအလယ်ခေတ်တွင် ဥရောပတိုက်မှ ခရစ်ယာန် အယူဝါဒီ ဘုရင်တို့သည် ပါလက်စတိုင်ကို မွတ်စလင်တို့လက်မှ လွတ်မြောက်အောင် လာရောက်တိုက်ခိုက်ကြသဖြင့် ခရူးဆိတ် စစ်ပွဲများဖြစ်ခဲ့သော်လည်း ကရူးဆိတ်တို့ အရေးမလှခဲ့ချေ။

၁၅၁၇ ခုနှစ်တွင် ပါလက်စတိုင်းသည် တူရကီလက်အောက်သို့ ကျရောက်ပြီးလျှင် တူရကီစိုးမိုးမှုကို အနှစ် ၄ဝဝ ခန့်ခံခဲ့ရသည်။ထိုအချိန်၌ ပါလက်စတိုင်းတွင် ယဟူဒီလူမျိုးနည်း၍ အာရပ်လူမျိုးလူ ဦးရေများသည်။ ၁၈⁠၈၂ ခုနှစ်ခန့်တွင် ဥရောပတိုက်သို့ရောက်နေသော ယဟူဒီလူမျိုးအုပ်စုသည် ပါလက်စတိုင်းတွင် အခြေစိုက်ရန် ပထမဆုံး ရောက်လာကြသည်။ ဤသို့ရောက်လာခြင်းကား ခေတ်သစ်အစ္စရေးနိုင်ငံပေါ်ပေါက်ရန် လမ်းစပင်ဖြစ်လေသည်။

၁၉၁၇ ခုနှစ်တွင် ပါလက်စတိုင်တွင် ယဟူဒီနိုင်ငံ ပြန်လည်ထူထောင်ရေးဂိုဏ်းဖြစ်သော ဇိုင်ယွန်ဂိုဏ်းဝင် ဗြိတိသျှ သိပ္ပံပညာရှင် ရှိမ်ဗိုက်ဇမန်းက ဗြိတိသျှအစိုးရအား ပါလက်စတိုင်းပြည်ကို ယဟူဒီများ၏ ဇာတိနိုင်ငံအဖြစ် သတ်မှတ်ရန် တိုက်တွန်းခဲ့ရာ ဗြိတိသျှအစိုးရက သဘောတူ၍ ဘဲလ်ဖိုးကြေညာ ချက်ခေါ် ကြေညာချက်တစ်စောင် ထုတ်ပြန်ပေးသည်။ ၁၉၁၈ ခုနှစ်တွင် ဗြိတိသျှတို့သည် ပါလက်စတိုင်းမှ တူရကီတို့အား တိုက်ထုတ်သည်။ ပထမကမ္ဘာစစ်ပြီးသော် နိုင်ငံပေါင်းချုပ်

အသင်းကြီးက ဘဲလ်ဖိုးကြေညာချက်ကို အတည်ပြုကာ ဗြိတိသျှ အစိုးရအား ယင်း၏ကိုယ်စားလှယ်အဖြစ်ထားရှိ၍ ပါလက်စ တိုင်းပြည်ကို အုပ်ချုပ်စေသည်။ အာရပ်တို့သည် ရဟူဒီနိုင်ငံ သစ်သတ်မှတ်ရန် ကြေညာသည်ကို မလိုလားဆုံးသူများ ဖြစ်ကြ သည်။

ကမ္ဘာအရပ်ရပ်၌ နိုင်ငံမဲ့လူမျိုးအဖြစ် နေထိုင်ကြရသော ရဟူဒီများသည် ပါလက်စတိုင်းသို့ ပြန်၍ အခြေစိုက်ကာ မြို့သစ်ပြသစ်လုပ်ငန်းသစ်များ ထူထောင်ကြရာ အာရပ်တို့နှင့် ပဋိပက္ခဖြစ်ကြရ ပြန်သည်။ ၁၉၃၉ ခုနှစ်တွင် ဗြိတိသျှအစိုးရ က ရဟူဒီများဝင်ရောက် အခြေစိုက်မှုကို ဥပဒေဖြင့်တားမြစ် လေသည်။ သို့ဖြင့် ဒုတိယကမ္ဘာစစ် ဖြစ်ပွားလာသောအခါ အာရပ်-ယဟူဒီပြဿနာသည် လိပ်ခဲတင်းလင်းဖြစ်နေလေသည်။ ဒုတိယကမ္ဘာစစ် ပြီးသွားသည့်နောက် ၁၉၄၇ ခုနှစ်တွင် ဗြိတိ

သျှအစိုးရက အာရပ်-ရဟူဒီပြဿနာကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ကြီးသို့ တင်ပြ၏။ ကမ္ဘာ့ကုလသမဂ္ဂက ထိုပြဿနာကို စုံစမ်း စစ်ဆေးပြီးနောက် ပါလက်စတိုင်ပြည်ကို အာရပ်နိုင်ငံနှင့် ယဟူဒီနိုင်ငံဟူ၍ နှစ်ပိုင်းခွဲခြား သတ်မှတ်လိုက်သည်။ ကမ္ဘာ့ ကုလသမဂ္ဂက ယင်းသို့သတ်မှတ်ပေးလိုက်သည့် အစီအစဉ်ကို ယဟူဒီတို့က လက်ခံသော်လည်း အာရပ်တို့က လက်မခံသဖြင့် အာရပ်-ရဟူဒီတိုက်ပွဲများ မစဲခဲ့ချေ။

၁၉၄၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ပါလက်စတိုင်းမှ ဗြိတိသျှတို့အုပ်ချုပ်ရေး ရုပ်သိမ်းချိန်ကျသောအခါ ပါလက်စတိုင်းရှိ ဇိုင်ယွန်ဝါဒီများက မရုပ်သိမ်းမီတစ်ရက်ဖြစ်သော

မေလ ၁၄ ရက်နေ့ ညနေတွင် အဇ္ဇရီယယ်ဟူသော လွတ်လပ် သည့်သမ္မတနိုင်ငံသစ်တစ်ခု တည်ထောင်လိုက်ကြောင်း တဲလာ ဗစ်မြို့မှ ကြေညာလိုက်သည်။ ကြေညာစဉ်က အစ္စရေးနိုင်ငံ အဖြစ် ကမ်းရိုးတစ်လျှောက်မျှသာရှိလေသည်။ ဒေါက်တာရှိမ် ဗိုက်ဇမန်းက သမ္မတ၊ ဒေးဗစ်ဗင်ဂူးရီးယန်းက ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်လေသည်။ အစ္စရေးသမ္မတနိုင်ငံသစ်ကို အမေရိကန်နှင့်ရုရှတို့က ချက်ချင်းပင်အသိအမှတ်ပြုလေသည်။ အစ္စရေးနိုင်ငံကြေညာသည့်နေ့၌ပင် အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဗနွန်၊ ဆော်ဒီအာရေဗျ စသောအာရပ်နိုင်ငံ များက အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့ကြရာ တဖြည်းဖြည်း တိုက်ပွဲပြင်းထန်သည် ထက်ပြင်းထန်လာသဖြင့် ကုလသမဂ္ဂက

စစ်ငြိမ်းရေးဆွေးနွေးရန် ပထမကော်မရှင်တစ်ခု လွှတ်ရလေ သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယင်းပြဿနာကို ဖြန်ဖြေရန်စေလွှတ်ခဲ့သော ကိုယ်စားလှယ် ကောင့်ဗာနာဒေါ့အား လည်း အကြမ်းဖက်လိုသူတစ်စုက ပစ်သတ်သဖြင့် ဒေါက်တာ ရပ်ဗန့်ဆိုသူအား ဖြန်ဖြေရန် ထပ်မံစေလွှတ်ခဲ့ရပြန်သည်။ ၁၉၄၉ ခုနှစ် ဇန္နဝါရီလတွင် ဒေါက်တာရပ်ဗန့်၏ ဆောင်ရွက်မှု ကြောင့် အစ္စရေးနိုင်ငံနှင့် အိမ်နီးချင်းအာရပ်နိုင်ငံများဖြစ် သော အီဂျစ်၊ လက်ဗနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံများ

စစ်ငြိမ်းစာချုပ်ချုပ်ဆိုနိုင်ခဲ့ရာ အတိအလင်း တိုက်ပွဲများဖြစ်ပွား ခြင်း ရပ်စဲသွားသော်လည်း နယ်စပ်တွင်မကြာခဏပစ်ခတ်မှု များကား ရှိနေမြဲရှိနေလေသည်။ ယင်းသို့ဖြစ်ရခြင်းမှာ နယ်နိ မိတ်ပြဿနာ၊ ဆက်ဆံရေးပြဿနာများ မပြေလည်မှုကြောင့် ဖြစ်လေသည်။ နယ်စပ်တွင် အချင်းဖြစ်ပွားတိုင်း ကုလသမဂ္ဂသို့

တင်ပြတိုင်တန်းခဲ့ကြသည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလတွင် အီဂျစ်နိုင်ငံက ဆူးအက်တူးမြောင်းကို ပြည်သူပိုင်လုပ်သဖြင့် ဗြိတိန်နှင့် ပြင်သစ်တို့က အီဂျစ်နိုင်ငံကို ဝင်တိုက်ရာ အစ္စရေးတပ်များကလည်း အီဂျစ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက် ၍ ဆိုင်နိုင်းကျွန်းဆွယ်၏ များရာစုအပိုင်းကို သိမ်းကာ ဆူးအက်တူးမြောင်းအထိရောက်ခဲ့ရာ နောက်ဆုံး ကုလသမဂ္ဂ၏ ကြားဝင်ဖြန်ဖြေမှုကြောင့် အတိုက်အခိုက်ရပ်စဲသည်။ အစ္စရေးတို့က တပ်များကိုရုပ်သိမ်းပေးကြသည်။ ကုလသမဂ္ဂ ထိန်းသိမ်း

ရေးတပ်များကို ချထားသည်။

၁၉၆၇ ခုနှစ်တွင် အီဂျစ်နိုင်ငံတောင်းဆိုချက်ကြောင့် ကုလသမဂ္ဂထိန်းသိမ်းရေးတပ်များကို ဆိုင်းနိုင်းကျွန်းဆွယ်မှ ရုပ်သိမ်းသည်။ နယ်စပ်တိုက်ပွဲ အများအပြား ဖြစ်ပွားပြီးနောက် အစ္စရေးက ဇွန်လ ၄ ရက်နေ့တွင် ရှောင်တခင်ဝင်၍ တိုက် သည်။ အီဂျစ်လေကြောင်းအင်အားပျက်စီးသည်။ ခြောက်ရက် ကြာ စစ်ပွဲပြီးသည့်နောက် အစ္စရေးတပ်များ ဆိုင်းနိုင်း ကျွန်းဆွယ်ကို ပြန်လည်တပ်စွဲမိသည်။ ဆီးရီးယားနိုင်ငံမှ ဂိုလန် တောင်ကုန်းကိုလည်း သိမ်းမိသည်။ ဂျော်ဒန်နိုင်ငံမှ ဂျော်ဒန်မြစ်

၏ အနောက်ဘက်ကမ်းနှင့် ဂျေရုဆလင်မြို့ အာရပ်နယ်ပိုင်းကို သိမ်းသည်။

၁၉၇၃ ခုနှစ်အောက်တိုဘာလ ၆ ရက်နေ့တွင် အီဂျစ် နှင့် ဆီးရီးယားနိုင်ငံတို့သည် ဆူးအက်တူးမြောင်းဒေသနှင့် ဂိုလန်ကုန်းမြင့်ဒေသများတွင် စစ်မျက်နှာဖွင့်၍ အစ္စရေးနိုင်ငံ

ကို အလုံးအရင်းဖြင့် ဝင်တိုက်သည်။

အီဂျစ်တို့သည် အလုံးအရင်းဖြင့် ဆူးအက်တူးမြောင်း ကိုဖြတ်ကျော်၍ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ အစ္စရေးတို့၏ ဗာလက်ခံကတုတ်ကြောင်းကို လျှပ်တပြက်ဖြိုဖျက်နိုင်သည်။

ဆီးရီးယားတပ်များကလည်း အစ္စရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ဆိုဗီ ယက်ယူနီယံက အီဂျစ်နှင့် ဆီးရီးယားနိုင်ငံတို့အတွက် လေ ကြောင်းဖြင့် စစ်ရေးအကူအညီအမြောက်အမြား ပို့ဆောင်ပေး သကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးနိုင်ငံ

အတွက် ပို့ဆောင်ပေးခဲ့သည်။

အစ္စရေးတို့ကလည်း တန်ပြန်တိုက်ခိုက်ခဲ့ရာ ဦးစွာ၌ ဆီးရီးယားတပ်များကို တွန်းလှန်ကာ ဒမတ်စကပ်မြို့မှ မိုင် ၂ဝ ကွာသည်အထိ ဖိတိုက်သွားနိုင်ခဲ့သည်။ အီဂျစ်စစ်မျက်နှာဘက် တွင် အစ္စရေးတို့သည် ဆူးအက်တူးမြောင်းတစ်လျှောက်ရှိ အီဂျစ်တို့၏ ပေါင်းကူးခြေကုတ်နှစ်ခုအကြားမှ ဆူးအက်တူး မြောင်းကို ဖြတ်ကျော်ပြီးသော် ဆူးအက်မြို့ကိုဝိုင်းရံထားသော ဆိုင်းနိုင်းစစ်ဦးကင်းမှ အီဂျစ်အမှတ် ၃ တပ်မတော်ကိုလည်း ပိတ်ဆို့ထားခဲ့လေသည်။

ထို့နောက်တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ကုလ သမဂ္ဂ၏စေ့ဆော်မှုကြောင့် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ ပြီးနောက် နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် အီဂျစ်နှင့်အစ္စရေး

ဗိုလ်ချုပ်ကြီးများသည် ကိုင်ရို-ဆူးအက်တူးမြောင်း လမ်းမကြီး ပေါ်ရှိ ကီလိုမီတာ ၁ဝ၁ စခန်းတွင် ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုမှတစ်ဖန် နှစ်ဖက်တပ်များ ပိုင်းခြားရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင် ဂျာ၏စေ့စပ်ဖြန်ဖြေမှုကြောင့် ၁၉၇၄ ခုနှစ် ဇန္နဝါရီလ ၁၈ ရက် နေ့တွင် တပ်များပိုင်းခြားရေး သဘောတူညီချက်ကို အီဂျစ်- အစ္စရေး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့၏။ အစ္စရေးတပ်များကို ဆူးအက်တူးမြောင်း အနောက်ဘက်

ကမ်းမှ ဆုတ်ခွာပေး ရသည်။ ဆူးအက်တူးမြောင်း အရှေ့ဘက် ကမ်းတစ်လျှောက် ငါးမိုင်မှခုနှစ်မိုင်အထိ ကျယ်ဝန်းသော ကမ်းမြောင်နယ်မြေတွင် အီဂျစ်တို့သည် အကန့်အသတ်ဖြင့် တပ်များချထားနိုင်သည်။ ထိုနယ်မြေမှ အရှေ့ဘက်တွင် တပ်သားဦးရေ ကန့်သတ်ထားသည့် အစ္စရေးတပ်များရှိနေရာ ယင်းသည့်အစ္စရေးနှင့် အီဂျစ်တပ်များအကြားတွင် ကုလသမဂ္ဂထိန်းသိမ်းရေးတပ်များကို ချထားလေသည်။ ထိုစာချုပ်အရ တပ်များရုပ်ရေးအစီအစဉ်သည် မတ်လ ၄ ရက်နေ့တွင် ပြီးဆုံးသွားသည်။

အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြား တပ်ပိုင်း ခြားရေး သဘောတူညီချက်ကိုကား ဇွန်လ ၁ ရက်နေ့တွင်မှ လက်မှတ်ရေးထိုးခဲ့ကြလေသည်။

ဆိုင်နိုင်းကျွန်းဆွယ်ဒေသတွင် နောက်ထပ်တပ်များ ပိုင်းခြားရေးအတွက် စာချုပ်ထပ်မံချုပ်ဆိုနိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကစ်ဆင်ဂျာသည် အစ္စရေးတို့ ၏ မြို့တော်နှင့် အာရပ်တို့၏ မြို့တော်များအကြားငြိမ်းချမ်းရေး လွန်းပျံခရီးလှည့်လည် ကြိုးပမ်းခဲ့ရာမှ ၁၉၇၅ ခုနှစ် စက်တင် ဘာလ ၄ ရက်နေ့တွင် အစ္စရေးနှင့် အီဂျစ်တို့သည် ဆိုင်နိုင်းဒေသ ကြားဖြတ်တပ်ပိုင်းခြားရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်အရ ဆိုင်နိုင်းသဲကန္တာရမှ အစ္စရေးတပ်ဖွဲ့များသည် နောက်ထပ်စတုရန်းမိုင် ၁၉ဝဝ နောက် ပြန်ဆုတ်ပေးရေးနှင့် အဗူရူဒစ်ရေနံတွင်းများ ပြန်ပေးရေးကို သဘောတူညီလိုက်သည်။ ထိုစာချုပ်အရ အီဂျစ်နှင့် အစ္စရေး

တို့သည် အင်အားသုံးစွဲခြင်း၊ သို့မဟုတ် အင်အားသုံးရန် ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် စစ်ရေးအရပိတ်ဆို့ခြင်းများကို ပြုလုပ်မည်မဟုတ်ကြောင်းနှင့် သဲကန္တာရအတွင်း အချက်ပေး စခန်းများ၌ အမေရိကန်စက်မှုပညာရှင် ၂ဝဝ ချထားပြီး စစ်ရေးနှင့်မပတ်သက်သော အစ္စရေးကုန်သင်္ဘောများကို ဆူးအက်အတွင်း ဖြတ်သန်းခွင့်ပြုရန် အီဂျစ်တို့က သဘော တူညီကြောင်းဖော်ပြထားသည်။ ထို့ပြင် ထိုစာချုပ်အရ အရေးပါ သော ဂစ်ဒီနှင့်မတ်တလာ တောင်ကြားလမ်းများကို ကုလသမဂ္ဂ ထိန်းသိမ်းရေး တပ်များက ကွပ်ကဲထိန်းသိမ်းထားမည် ဖြစ်လေ သည်။

အစ္စရေးနိုင်ငံသူ နိုင်ငံသားတို့က သူတို့၏နိုင်ငံကို မဲဒီနတ်ယဇ္ဇရီယယ်ဟု ခေါ်ကြသည်။ ယင်းအမည်မှာ ဟီဘရူး ဘာသာစကားဖြစ်၍ အစ္စရေးနိုင်ငံဟု အဓိပ္ပာယ်ရသည်။

အစ္စရေးနိုင်ငံကို သဘာဝအားဖြင့် ကမ်းရိုးတမ်း ဒေသ၊ တောင်ကုန်းဒေသနှင့် ဂျော်ဒန်မြစ်ဝှမ်းဒေသဟူ၍ သုံးပိုင်း ပိုင်းနိုင်သည်။

ကမ်းရိုးတမ်းဒေသသည် မြေထဲပင်လယ် ကမ်းရိုးတမ်း တစ်လျှောက်ဒေသဖြစ်၍ ကာမယ်တောင်တန်းနှင့် ဂါဇာဒေသ ကြားတွင် တည်ရှိသည်။

တောင်ကုန်းဒေသသည် ပျမ်းမျှခြင်းအားဖြင့် ပေ ၂ဝ⁠ဝဝ ခန့်မြင့်၍ အမြင့်ဆုံးတောင်ထွတ်သည် အက်ဇမွန်တောင် ဖြစ်ပြီးလျှင် ပေ ၃ယ၉၆၃ မြင့်သည်။ ထိုဒေသတွင် ဂယ်လီလီ တောင်တန်း၊ ဆမားရီးယားတောင်တန်း၊ ဂျူဒီယာတောင်တန်း နှင့် ကျောက်တောင်ကျောက်ကမ်းပါး မီးတောင်ဝကြီးများဖြင့် ပြည့်နှက်နေသော နီဂက်သဲကန္တာရတို့ ပါဝင်သည်။ဂျော်ဒန်မြစ်သည် ဟူလာရေအိုင်၊ ကင်းနာရက်ရေအိုင် (ဂယ်လီ⁠လီပင်လယ်)နှင့် ပင်လယ်သေတို့ကို ဆက်ထား၍ မိုင် ၂ဝဝ ခန့် ရှည်လျားသောဂျော်ဒန်မြစ်၏ ၇၃ မိုင်ခန့်သည် အစ္စရေးနိုင်ငံထဲ၌ ပါဝင်သည်။

အစ္စရေးနိုင်ငံ၏တောင်ပိုင်း တစ်ဝက်ကျော်ကျော် သည် တောင်ပိုင်းပြည်၊ သို့မဟုတ် နီဂက်ဟုခေါ်သောပြည် ဖြစ် သည်။ ထိုဒေသသည် တစ်ခါက အသုံးမကျသောသဲကန္တာရ

လွင်တီးခေါင်ကြီး ဖြစ်ခဲ့သော်လည်း ယခုအခါ အဖိုးတန်လယ် ယာမြေဘဝသို့ ရောက်ရှိနေလေပြီ။

အစ္စရေးနိုင်ငံသည်ငယ်ပင်ငယ်သော်လည်းတစ်နေရာ နှင့်တစ်နေရာ ရာသီဥတုအလွန်ကွာတတ်သည်။ ယေဘုယျ အားဖြင့် အစ္စရေးနိုင်ငံ၏ ရာသီဥတုသည် နွေအခါ၌ပူ၍

ဆောင်းအခါ၌ အပူအအေးမျှတသည်။ ဇန်နဝါရီလတွင် အအေးဆုံးဖြစ်၍ အပူချိန်ဖာရင်ဟိုက် ၄ဝ ဒီဂရီခန့်ရှိပြီးလျှင် အပူဆုံးဖြစ်သော ဩဂုတ်လတွင် ၆၅ ဒီဂရီမှ ၈၅ ဒီဂရီထိရှိ သည်။ ဆောင်းရာသီဖြစ်သော နိုဝင်ဘာလမှ ဧပြီလအတွင်း မိုးရွာ၍ မြောက်ပိုင်းတွင် တစ်နှစ်လျှင် ပျမ်းမျှခြင်းမိုးရေချိန် ၄၂.၅ လက်မရွာပြီးသော် တောင်ပိုင်းတွင် .၈ လက်မသာ ရွာ သည်။

အစ္စရေးနိုင်ငံ၌ ခြောက်သွေ့သော သဲကန္တာရအပိုင်း ကများသဖြင့် စိုက်ပျိုးရေးအတွက် ခက်ခဲသည်ကို အစ္စရေးအစိုးရက ရေအလုံအလောက်ရအောင် စီမံလိုက်သဖြင့် နိုင်ငံ

တည်ထောင်စ ပထမငါးနှစ်ကထက် လယ်ယာစိုက်ပျိုးရေးကို ယခုအခါ နှစ်ဆပိုလုပ်ကိုင်နိုင်ကြသည်။ အစ္စရေးနိုင်ငံ၌ အဓိကလုပ်ငန်းလုပ်ကိုင်သော လယ်ယာစိုက်ပျိုးနည်းမှာ ရော ပြွမ်းစိုက်ပျိုးမွေးမြူခြင်းနှင့် ရှောက်လိမ္မော်တို့ကဲ့သို့ အရည်ရွှမ်း သီးထွက်ပင်များ စိုက်ပျိုးခြင်းတို့ဖြစ်သည်။ ရောပြွမ်းစိုက်ပျိုး

မွေးမြူခြင်းအားဖြင့် ကောက်ပဲသီးနှံများ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ နို့နှင့်ဥတို့ ရရှိသည်။ စိုက်ပျိုးရေးတွင် အစ္စရေးနိုင်ငံသည် အံ့မခန်းနိုင်အောင် တိုးတက်လျက်ရှိသည်။ လယ် ယာမြေအမြောက်အမြားသည် နိုင်ငံပိုင်ဖြစ်၍ လယ်သမား ယာသမားများသည် မိမိနှင့် မိမိ၏မိသားစု လုပ်ကိုင်နိုင်သော

ခြေနိုင်လက်နိုင်ရှိသော မြေယာများကိုသာ လုပ်ကိုင်ရန်ရရှိကြ သည်။

လယ်ယာလုပ်ငန်းအပြင် အစ္စရေးနိုင်ငံသည် စက်မှု လုပ်ငန်း၌လည်း အလွန်တိုးတက်လျက်ရှိသည်။ လူဦးရေ၏ လေးပုံတစ်ပုံသည် စက်မှုလုပ်ငန်း လုပ်ကိုင်သူများ ဖြစ်ကြသည်။ စားသောက်ဖွယ်များ၊ အဝတ်အထည်သတ္တုပစ္စည်း၊ အိမ်ထောင် ပရိဘောဂ စသောလူသုံးကုန်ပစ္စည်းများကို အထူးသဖြင့် လုပ်ကိုင်ကြသည်။ အခြားထင်ရှားသော စက်မှုလုပ်ငန်းများမှာ စက်ပစ္စည်းကရိယာများ၊ ပလပ်စတစ်ထည်၊ ဖန်ထည်၊ ကြွေ ထည်၊ မော်တော်ကား၊ ရေခဲသေတ္တာ၊ ရေဒီယို၊ မော်တော်ကား

တိုင်ယာ၊ သားရေထည်၊ ဆေးဝါး၊ အဆောက်အအုံပစ္စည်း လုပ် ငန်းတို့ဖြစ်သည်။ စိန်ဖြတ်ခြင်း၊ စိန်သွေးခြင်းလုပ်ငန်းသည် လည်း အစ္စရေးနိုင်ငံ၏ ဒုတိယအကြီးဆုံး ထုတ်ကုန်လုပ် ငန်းဖြစ်သည်။

အစ္စရေးနိုင်ငံ၏ အဓိကထုတ်ကုန်များမှာ ရှောက် မျိုးဝင်သီးနှံများ၊ သွေးပြီးစိန်များ၊ ဓာတုဗေဒပစ္စည်းများ၊အထည် အလိပ်များနှင့် ခေတ်စားသည့်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပလပ်စတစ်ပစ္စည်းများ၊ မော်တော်ကားတာယာများနှင့် ဆေးဝါး ပစ္စည်းများဖြစ်လေသည်။

အစ္စရေးနိုင်ငံတွင် ဧည့်ကြိုလုပ်ငန်းသည် ရှောက် မျိုးဝင်သီးနှံများနောက် ဒုတိယဝင်ငွေအများဆုံးဖြစ်သည်။အစ္စရေးနိုင်ငံတွင် အာရပ်နှင့် ဒရုလူမျိုးအနည်းငယ်

မှတစ်ပါး ကျန်လူဦးရေ အားလုံးလိုလိုပင် ရဟူဒီလူမျိုးများဖြစ် ကြသည်။ အစ္စရေးနိုင်ငံသည် အာရှတိုက်တွင် ပါဝင်သော နိုင်ငံဖြစ်သော်လည်း နိုင်ငံသူနိုင်ငံသားတို့၏ နေထိုင်ပုံသည် အနောက်တိုင်းဆန်သည်။ မြို့ရွာအဆောက်အအုံများလည်း ဥရောပ သို့မဟုတ် အမေရိကန်မြို့ရွာ အဆောက်အအုံများနှင့် တူသည်။ သို့ရာတွင် မည်သူမျှ အလွန်ချမ်းသာသည်၊ အလွန် ဆင်းရဲသည်ဟူ၍မရှိပဲ အဆင့်အတန်းမှာ များစွာမကွာကြချေ။ ၁၉၇၃ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ အစ္စရေးနိုင်ငံ၏

လူဦးရေသည် ၃၂⁠၂၈ဝ⁠ဝဝ ယောက်ဖြစ်သည်။ အစ္စရေးနိုင်ငံ ၏ ရုံးသုံးဘာသာသည် ဟီဘရူးဘာသာဖြစ်သည်။ နိုင်ငံသူ နိုင်ငံသားတို့သည် လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့်ရှိသည်။

အစ္စရေးနိုင်ငံ၏မြို့တော်သည် နိုင်ငံတည်ထောင်စ ၁၉၄၈ ခုနှစ်၊ ၁၉၄၉ ခုနှစ်က တဲလဗစ် မြို့ဖြစ်သည်။ ၁၉၅ဝ ပြည့်နှစ်ဇန်နဝါရီလမှစ၍ ဂျရူးဆလမ်းမြို့သစ်သို့ မြို့တော်

ပြောင်း၍ ရုံးစိုက်ထားပြီဖြစ်သော်လည်း တဲလဗစ်မြို့သည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးမြို့ပင်ဖြစ်သည်။ အစ္စရေး နိုင်ငံ၏ အခြားထင်ရှားသောမြို့ကြီးများမှာ ဗီယာရှီဗာမြို့၊ ဟိုင် ဖာမြို့၊ ဂျက်ဖာမြို့၊ တိဗေရီယပ်မြို့ စသည်တို့ဖြစ်ကြသည်။ အစ္စရေးမြို့ကြီးများ အားလုံးလိုလိုပင် သမ္မာကျမ်းစာဝင်မြို့ ကြီးများဖြစ်ကြသည်။ ထင်ရှားသော ဆိပ်ကမ်းမြို့များမှာ ဟိုင် ဖာမြို့၊အိုင်းလတ်မြို့(ပင်လယ်နီကမ်းခြေတွင်ရှိသည်၊) အေကာမြို့ နှင့် တဲလဗစ်မြို့နှင့် မိုင် ၂ဝ ကွာရှိ အက်ရှဒေါ့မြို့တို့ဖြစ်သည်။

အစ္စရေးနိုင်ငံသည် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ ၁၈ နှစ်ပြည့်ပြီးသည့် ပြည်သူပြည်သားများက လျှို့ဝှက်မဲ ဆန္ဒဖြင့် တင်မြှောက်လိုက်သော အမတ် ၁၂ဝ ပါဝင်သည့်

နက်ဆက်ခေါ် ပြည်သူ့လွှတ်တော်က ရွေးချယ်ခန့်ထားသည့် သမ္မတနှင့် သမ္မတကရွေးချယ်ခန့်ထားသော ဝန်ကြီးချုပ် အမှူးရှိသည့် ဝန်ကြီးများအပါဝင် အစိုးရအဖွဲ့ဖြင့် အုပ်ချုပ် သည်။ နက်ဆက်ပြည်သူ့လွှတ်တော်ကို လေးနှစ်တစ်ကြိမ် ရွေး ကောက်ပွဲကျင်းပ၍ သမ္မတကို ငါးနှစ်တစ်ကြိမ်ရွေးချယ်တင် မြှောက်ရသည်။ အစ္စရေးနိုင်ငံတွင် စာဖြင့်ရေးသား အတည် ပြုထားသော အုပ်ချုပ်မှုအခြေခံဥပဒေဟူ၍ မရှိသော်လည်း လွှတ်တော်ကပြဋ္ဌာန်းသော ဥပဒေများ၊ အစိုးရအဖွဲ့က ချမှတ် သောစီမံကိန်းများဖြင့် အုပ်ချုပ်လျက်ရှိသည်။

အစ္စရေးနိုင်ငံတွင် အသက် ငါးနှစ်မှ ၁၅ နှစ် အကြား ကလေးသူငယ်များအတွက် မူလတန်းပညာ အခမဲ့ မသင်မနေရ ပြဋ္ဌာန်းထားသည်။ မူလတန်းပညာရေးကို တစ်စုံ

တစ်ခုသောအကြောင်းကြောင့် အပြီးမသတ်နိုင်ဘဲ အလုပ်လုပ်နေ သောအသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ လူငယ်များအတွက် လည်း ပညာဆက်လက်သင်ကြားနိုင်ရန် ယင်းတို့၏လုပ်ငန်းရှင် များက ခွင့်ပြုရမည်ဟုလည်း သတ်မှတ်ပြဋ္ဌာန်းထားသည်။ အထက်တန်းပညာ သင်ကြားရေးအတွက်လည်း တက္ကသိုလ်များ

ကောလိပ်များကိုဖွင့်လှစ်ထားရှိရာ ဂျေရူးဆလင်မြို့ရှိ ဟီဘရူးတက္ကသိုလ်၊ တဲလာဗစ်မြို့ရှိ တဲလာဗစ်တက္ကသိုလ်၊ ဗားအီလန် တက္ကသိုလ်၊ ဟိုင်ဖာကောလိပ်၊ နီဂတ်တက္ကသိုလ်၊ အစ္စရေးစက်မှုတက္ကသိုလ်နှင့် ဗိုက်ဇမန်းသိပ္ပံတက္ကသိုလ်တို့သည် ထင်ရှား လေသည်။

အစ္စရေးနိုင်ငံသည် ၁၉၄၉ ခုနှစ်မှ အစပြု၍ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လေသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.