သက်ဦးဆံပိုင်စနစ်

သက်ဦးဆံပိုင်စနစ် သို့မဟုတ် ဘုရင့်အစိုးရစံနစ်သည် ရှေးအကျဆုံး အစိုးရစံနစ်တစ်ခု ဖြစ်သည်။ ယင်းစံနစ်အရ နိုင်ငံ၏ အုပ်ချုပ် ရေးအာဏာသည် အုပ်ချုပ်သူ ဘုရင့်လက်၌ တည်ရှိလေသည်။ ဘုရင်တစ်ဦးတည်း လက်ထဲ၌သာ အချုပ်အခြာ အာဏာတည် သော အုပ်ချုပ်ရေးမျိုး ဖြစ်သည်။ သို့ရာတွင် ယခုခေတ်တွင်မူ နိုင်ငံ၏ အထွတ်အထိပ် ဘုရင်ဟု တင်မြေ|ာက်ထားသူလက် တွင် အုပ်ချုပ်ရေးအာဏာသည် လုံးဝသော် လည်းကောင်း၊ မထင်မရှားသော် လည်းကောင်း မည်မျှပင်ရှိစေကာမူ၊ အစိုးရလုပ်ကိုင်သမျှကို ထိုသူတစ်ဦးတစ်ယောက်တည်း၏ အမည်ဖြင့်ထားကာ လုပ်ကိုင်ဆောင်ရွက်သွားလျှင်ပင် ဘုရင့်အစိုးရ စံနစ်ဟုတွင်သည်။ ယခုခေတ် ဘုရင့်အစိုးရ ဟူသည်မှာ ရွေးကောက် တင်မြေ|ာက်ရသော ဘုရင့်အစိုးရ၊ သို့မဟုတ် ပြည်သူအလိုကျ ဘုရင့်အစိုးရနှင့် မိရိုးဖလာ ဘုရင့်အစိုးရဟူ၍ လည်းကောင်း၊ သက်ဦးဆံပိုင် ဘုရင့် အစိုးရနှင့် စည်းမျဉ်းခံ ဘုရင့်အစိုးရ၊ သို့မဟုတ် အာဏာ ကန့်သတ် ထားခြင်း ခံရသည့် ဘုရင့်အစိုးရဟူ၍ လည်းကောင်း နှစ်မျိုးနှစ်စားစီ ကွဲပြားခြားနားနေသည်ကို တွေ့ရသည်။

မိရိုးဖလာ ဘုရင့်အစိုးရစံနစ်မှာ မိဘ၏ အရိုက် အရာကို သားသမီးဖြစ်သူများက ဆက်ခံ၍ တိုင်းနိုင်ငံကို အုပ်ချုပ်သော စနစ်ဖြစ်သည်။ ရှေးအခါက ခေါင်းဆောင် အကြီးအကဲ သို့မဟုတ် ရှင်ဘုရင်လုပ်၍ အုပ်ချုပ်သူများသည် ကျွမ်းကျင် လိမ္မာစွာအုပ်စိုးသောအခါ သူတို့၏ သားသမီးများသည်လည်း သူတို့ကဲ့သို့ပင် အုပ်ချုပ်မှု၌ ကျွမ်းကျင် လိမ်မာမည်ဟူသော အယူအဆဖြင့် သားစဉ်မြေးဆက် ဆက်ခံအုပ်ချုပ် စေရာမှ မိဖအရိုက်အရာ ဆက်ခံရသော အစဉ်အလာ ဖြစ်ပေါ် ခဲ့သည်။ ထိုစံနစ်သည် ယခုထက်တိုင် ကမ္ဘာပေါ်၌ တည်မြဲနေ သေးသည်။ ဂရိတ်ဗြိတိန် အစရှိသော ခေတ်မီနိုင်ငံများတွင် မိရိုးဖလာ ဘုရင့်အစိုးရစနစ်ကို လက်ခံထားသော်လည်း၊ ထီးနန်းဆက်ခံရေးကို ဥပဒေစည်းမျဉ်းဖြင့် သတ်မှတ်ထား လေသည်။ ရွေးကောက်တင်မြေ|ာက်ရသော ဘုရင့်အစိုးရ စနစ်မျိုးသည် မိရိုးဖလာ ဆက်ခံသော ဘုရင်များ အုပ်ချုပ်မှု တွင် မကျွမ်းကျင် မနိုင်နင်း၍ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့သောကြောင့် ပေါ်ပေါကလာသည်ဟု ယူဆရန် အကြောင်း ရှိသည်။ ရှေးရောမတို့ကောင်းစားစဉ်က ရှင်ဘုရင်များကို ထိုကဲ့သို့အများသဘောတူ ရွေးကောက်တင်မြေ|ာက်ခဲ့ကြသည်။

ရောမသာသနာစောင့် နိုင်ငံတော် ဧကရာဇ်မင်းကိုလည်း ရွေးကောက်၍ တင်မြေ|ာက်ခဲ့လေသည်။ ပိုလန်နိုင်ငံတွင်လည်း ဘုရင်ကို ရွေးကောက်တင်မြေ|ာက်သည့် စနစ်ကို တစ်ခါက အသုံးပြုခဲ့သည်။ ကမ္ဘာဦးက လူများသည် ခွန်အားကြီးမားဆုံး နှင့် လက်နက် အကောင်းဆုံးရှိသူတို့၏ ကာကွယ်စောင့်ရှောက် မှုကို ခံလိုသဖြင့် ထိုသူတို့ကို ခေါင်းဆောင်အကြီးအကဲအဖြစ် ဖြင့် တင်မြေ|ာက်ခဲ့ကြသည်။ ထိုခေါင်းဆောင် အကြီးအကဲများ မှာ ဘုရင်များ၏ ရှေ့တော်ပြေးများဖြစ်၍ အစတွင် ဘုရင်များ ကိုလည်း ထိုသူတို့ကဲ့သို့ရွေးကောက်တင်မြေ|ာက်ကြမည်မှာ ယုံမှားဖွယ် မရှိချေ။

သက်ဦးဆံပိုင် ဘုရင့်အစိုးရ စနစ်တွင် အုပ်စိုးသူ ဘုရင်၊ သို့မဟုတ် ဘုရင်မသည် လက်အောက်ခံ နိုင်ငံသား များ၏ အသက်ဦးဆံကို ပိုင်သည်ဟု နားလည်ကြသည်။ ဥပဒေများ ပြုရာတွင်လည်းကောင်း၊ ဥပဒေအရ ဆောင်ရွက် ရာတွင် လည်းကောင်း၊ ဥပဒေအရ တရားစီရင်ရာတွင် လည်းကောင်း ဘုရင်သည် အချုပ်အခြာပင် ဖြစ်တော့သည်။ ဘုရင့်ဆန္ဒသည် နိုင်ငံ၏ ဆန္ဒဖြစ်ပေ၏။ ကမ္ဘာ့သမိုင်း တစ်လျှောက်လုံးတွင် သက်ဦးဆံပိုင် ဘုရင်များကို အတော်ပင် တွေ့ရှိခဲ့ရလေသည်။ ရှေးခေတ် မြန်မာဘုရင်များသည် လည်းကောင်း၊ ရုရှ၊ တူရကီ ဘုရင်များသည် လည်းကောင်း သက်ဦးဆံပိုင် ဘုရင်များဖြစ်ကြသည်။ သက်ဦးဆံပိုင် စနစ် သည် ယခုထက်တိုင် အာရှနှင့် အာဖရိကတိုက်များရှိ အချို့ နိုင်ငံများတွင် အမြစ်တွယ်လျက် ရှိနေသေးသော်လည်း လူတို့ ၏ အသိဉာဏ် တိုးပွားလာသည်နှင့်အမျှ တဖြည်းဖြည်း တိမ်ကောလျက် ရှိနေလေပြီ။ သက်ဦးဆံပိုင် စနစ်သည် တစ်ခါတစ်ရံ ရဟန်းမင်းအစိုးရစံနစ်နှင့် ရောထွေးနေတတ် သည်။ ရဟန်းမင်း အစိုးရစံနစ်တွင် အုပ်ချုပ်သူသည် ဘုရား သခင်၏ ဆန္ဒ သို့မဟုတ် တိုက်ရိုက် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သူဟု ယူဆလေသည်။ ထိုကဲ့သို့သော အစိုးရစံနစ် မျိုးမှာ သက်ဦးဆံပိုင် အစိုးရစံနစ်နှင့် မည်သို့မျှ မခြားနား တော့ချေ။

စည်းမျဉ်းခံ ဘုရင်အစိုးရစံနစ်အရ ဘုရင်၊ သို့မဟုတ် ဘုရင်မသည် နိုင်ငံအုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲပင် ဖြစ်သော် လည်း၊ အချုပ်အခြာ အာဏာကို မိမိထင်သလို သုံးစွဲပိုင်ခွင့် မရှိချေ။ နိုင်ငံကို ဘုရင့်ဆန္ဒအရ မဟုတ်ဘဲ နိုင်ငံ၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ အုပ်ချုပ်သည်။ ဘုရင်၏ အာဏာကို ကန့်သတ်၍ စည်းကမ်းချထားသော အစိုးရစံနစ်မျိုး ဖြစ်သည်။ စည်းမျဉ်းခံဘုရင့် အစိုးရဖြစ်ပေါ်လာစေရန် တစ်ခါ တစ်ရံ လူထု သည် မိမိတို့၏ အခွင့်အရေးများကို ခေါင်းမာ သော ဘုရင်များထံမှ တိုက်ယူရသည်။ တစ်ခါတစ်ရံတွင်ကား ဘုရင်များကိုယ်တိုင်ကပင် အလိုအလျောက် အခွင့်အရေးများကို ပေးအပ်လေသည်။ အမှန်အားဖြင့် စည်းမျဉ်းခံ ဘုရင့်အစိုးရ သည် အခြေခံ၊ ဥပဒေအရ တည်ထောင်ထားသော အစိုးရ တစ်မျိုးဖြစ်၍၊ သမ္မတအစိုးရနှင့် မူအားဖြင့် အတူတူဖြစ်လေ သည်။ သို့ရာတွင် သမ္မတအစိုးရ၏ အကြီးအကဲဖြစ်သော သမ္မတမှာ မဲဆန္ဒဖြင့် ရွေးကောက်တင် မြေ|ာက်ရသူဖြစ်၍၊ ဘုရင်မှာမူကား မိဘရိုးရာအလိုက် ဆက်ခံရသူဖြစ်လေသည်။ စည်းမျဉ်းခံ ဘုရင့်အစိုးရစနစ်၏ နှစ်လိုဖွယ် အချက်တစ်ရပ်မှာ အစိုးရအကြီးအကဲ သို့မဟုတ် ဘုရင်များ တစ်ဦးပြီးတစ်ဦး ဆက်ခံစိုးစံရာတွင် အဆက်မပြတ်ခြင်း ဖြစ်လေသည်။ အဓိက ချွတ်ယွင်းချက်မှာကား သဘာဝမကျသော မိရိုးဖလာဆက်ခံရေး စနစ်ကို လက်ခံထားခြင်းပင် ဖြစ်သည်။ စင်စစ်အားဖြင့် ခေတ်သစ်စည်းမျဉ်ခံ ဘုရင့်အစိုးရများတွင် ဘုရင် သို့မဟုတ် ဘုရင်မများသည်သာလျှင် ဖြစ်နေပေသည်။ တကယ့်အချုပ် အခြာ အာဏာများကိုမူ လူထုကတင်မြေ|ာက်ထားသော ကက်ဗိနက်ဝန်ကြီး အဖွဲ့ကသာ ပိုင်ဆိုင်အသုံးပြုပိုင်ခွင့် ရှိလေသည်။ ဂရိတ်ဗြိတိန်နိုင်ငငံ အစိုးရသည် အထင်ရှား ဆုံးသော စည်းမျဉ်ခံ ဘုရင်အစိုးရ ဖြစ်သည်။ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်၊ ယိုးဒယား၊ လာအို၊ နယ်သာလန် စသော နိုင်ငံများတွင်လည်း အလားတူ စည်းမျဉ်းခံ ဘုရင့်အစိုးရများ ထွန်းကားလျက် ရှိလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
ကင်ဂျုံအီ

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအီကို ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် တရုတ်နှင့်ကိုရီးယား ပြည်နှင်ဒဏ်ခံရသူများဖြင့် ဖွဲ့စည်းထားသော ဆိုဗီယက်တပ်ရင်းတွင် ၎င်း၏ဖခင် ကွပ်ကဲအုပ်ချုပ်ခဲ့ရစဉ်က နေခဲ့သော ဆိုဗီယက်ပြည်ထောင်စုရှိ ခါဘာရိုဗက်စ်အနီး ဗတ်စကိုရီရွာ၌ မွေးဖွားခဲ့သည်ဟု ဆိုဗီယက်နိုင်ငံ၏မှတ်တမ်းများက ဖော်ပြထားသည်။ ၎င်းကို မြောက်ကိုရီးယားနိုင်ငံ(DPRK)ကို စတင်တည်ထောင်သူ ဖခင်ကင်အီဆွန်းနှင့် ပထမဇနီးဖြစ်သူ ကင်ဂျုံဆူးတို့က မွေးဖွားသည်။ ၁၉၉၄ ခုနှစ်တွင် ဖခင်ကွယ်လွန်ပြီး ကင်ဂျုံအီသည် ဖခင်ထံမှ အုပ်ချုပ်မှုအာဏာကို ဆက်ခံသည်။ ယခင်က ကိုရီးယား အလုပ်သမားပါတီ၏ အထွေထွေအတွင်းရေးမှူး၊ မြောက်ကိုရီးယားနိုင်ငံ အမျိုးသားကာကွယ်ရေး ကော်မရှင်၏အကြီးအကဲ၊ ကမ္ဘာတွင် စတုတ္ထအကြီးဆုံး ကိုရီးယားပြည်သူများ၏ တပ်မတော် (KoreanPeople's Army) ၏ တပ်ချုပ်တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလတွင် ကင်ဂျုံအီအား မြောက်ကိုရီးယားနိုင်ငံ၏အကြီးအမှူး ခေါင်းဆောင်အဖြစ် ညွှန်းဆိုနိုင်ရန် မြောက်ကိုရီးယားအခြေခံဥပဒေကို ပြင်ဆင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီး ကိုရီးယားနိုင်ငံ လွတ်လပ်ရေး ပြန်လည်ရရှိသောအခါ ကင်ဂျုံအီမိသားစုသည် ပြုံယမ်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် မိခင်ကွယ်လွန်သည်။ ပြုံယမ်းတွင် အခြေခံပညာကို သင်ယူတတ်မြောက်ခဲ့သည်။ ကျောင်းနေစဉ်တွင် နိုင်ငံရေးကို လုပ်ဆောင်ခဲ့သည်။ လူငယ်ဒီမိုကရက်တစ်အဖွဲ့ (DYL - Democratic Youth League) တွင် တက်ကြွစွာပါဝင်ခဲ့သည်။ မာ့က်စ်ဝါဒနှင့် စာပေရေးရာများကို လေ့လာခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အလယ်တန်းကျောင်း၏DYL အဖွဲ့ခွဲတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ခြောက်ကြိမ်မြောက်ပါတီညီလာခံ ကျင်းပပြီးသောအချိန်တွင် ပါတီ၏လုပ်ငန်းလည်ပတ်မှုကို ကင်ဂျုံအီကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။ ပေါလစ်ဗျူရိုအဖွဲ့တွင် အကြီးတန်းရာထူး ချီးမြှင့်ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပသော ခုနစ်ကြိမ်မြောက် ပြည်သူ့ညီလာခံတွင် အဖွဲ့ဝင်ဖြစ်လာသောအခါ ကင်ဂျုံအီသည် မြောက်ကိုရီးယားနိုင်ငံ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် နိုင်ငံတကာက စတင်သိမြင်ခဲ့သည်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် မြောက်ကိုရီးယားစစ်တပ် များကို ကွပ်ကဲအုပ်ချုပ်သူ ဖြစ်လာခဲ့သည်။ စစ်တပ်သည် မြောက်ကိုရီးယားအတွက် အခြေခံကျသောကြောင့် တပ်ချုပ်အဖြစ် ခန့်အပ်ခံရခြင်းသည် ၎င်းအတွက် အရေးပါသောအဆင့်ဖြစ်သည်။

ကင်ဂျုံအီ အသက် ၅၀ ပြည့်မွေးနေ့ဖြစ်သော ၁၉၉၂ ခုနှစ်တွင် အာဏာလွှဲပြောင်းယူခဲ့သည်။ ဂျုံအီလက်ထက်တွင် ၎င်း၏ ဖခင်လက်ထက်ကထက် သက်ဦးဆံပိုင်စနစ် ပိုဆန်သည်။ ကင်ဂျုံအီသည် ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပါတီဝင် များထံမှ အကြွင်းမဲ့အမိန့်နာခံမှုနှင့် သဘောတူညီမှုကိုသာလိုလားပြီး အကြံဉာဏ်နှင့် ညှိနှိုင်းမှု အလိုမရှိခဲ့ပေ။ ကင်ဂျုံအီသည် နိုင်ငံ၏ အသေးစိတ် အချက်အလက်များကအစ ၎င်းကိုယ်တိုင် ညွှန်ကြားသည်။ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ကင်အီဆွန်းကွယ်လွန်သည်။ ကင်ဂျုံအီသည် ၎င်း၏ အာဏာစုစည်းမှုရရှိစေရန် သုံးနှစ်အချိန် ယူခဲ့ရသည်။ ၁၉၉၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် ကိုရီးယားအလုပ်သမားပါတီ (Woker's Party of Korea)၏ တရားဝင်အထွေထွေအတွင်းရေးမှူးဖြစ်လာသည်။ ၁၉၉၃ ခုနှစ် ဧပြီ ၉ ရက်တွင် အမျိုးသာကာကွယ်ရေးကော်မရှင်၏ အကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ခုနှစ်တွင် ၎င်း၏ကာကွယ်ရေးကော်မရှင် အကြီးအကဲရာထူးကို နိုင်ငံ၏အမြင့်ဆုံးရာထူးဖြစ်ရန် ကြေညာခဲ့သောကြောင့် ၎င်းနေ့ရက်တွင်ပင် နိုင်ငံအကြီးအကဲအဖြစ် ကင်ဂျုံအီကို သတ်မှတ်နိုင်ခဲ့သည်။ ကင်ဂျုံအီသည် ဝန်ကြီးချုပ် ချိုယုံရွမ်၊ ပါတီမန်ဥက္ကဋ္ဌကင်ယုံနန်တို့နှင့်အတူ ဖွဲ့စည်းထားသော မြောက်ကိုရီးယားအစိုးရနိုင်ငံတော်အုပ်ချုပ်မှုကဏ္ဍဟု အမည်ရှိသည့်သုံးဦး တွဲဖက်အုပ်ချုပ်ရေးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ကင်ဂျုံအီသည် စစ်တပ်ကိုအုပ်ချုပ်သည့် တပ်မှူးအဖြစ်လည်းကောင်း၊ ချိုယုံရွမ်သည် အစိုးရအဖွဲ့ကိုလည်းကောင်း၊ ကင်ယုံနန်သည် နိုင်ငံခြားဆက်ဆံရေးကိုလည်းကောင်း အသီးသီးတာဝန်ယူထားကြသည်။ လက်တွေ့တွင် ကင်ဂျုံအီသည် နိုင်ငံနှင့်အစိုးရအဖွဲ့ကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ၎င်း၏အစိုးရအဖွဲ့အတွက် လူအများလက်ခံသော ရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးချယ်ခံရန် မလိုအပ်သော်လည်း၎င်းအနေဖြင့် ကိုရီးယား ပြည်သူ့စစ်တပ်၏ တပ်ချုပ်အနေဖြင့်ရော မြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးကော်မရှင်၏ အကြီးအကဲအနေဖြင့်ပါ ရာထူးနှစ်ခုကို တစ်ပြိုင်နက်တည်း တာဝန်ယူထားသောကြောင့် ပြည်သူ့ညီလာခံတွင်ငါးနှစ်ပြည့်တိုင်း တညီတညွတ်တည်း ရွေးချယ်ခြင်းခံရသည်။

၂၀၀၉ ခုနှစ် ဧပြီ ၉ ရက်တွင် အမျိုးသားကာကွယ်ရေးကော်မရှင်၏ အကြီးအကဲအဖြစ် ထပ်မံရွေးချယ်ခံရပြီး ပြည်သူ့ညီလာခံသို့ တက်ရောက်လာခဲ့သည်။ ထိုသို့တက်ရောက်ခြင်းသည် ၂၀၀၈ ခုနှစ် ဩဂုတ်လမှစ၍ ပထမဆုံးအကြိမ် ပြည်သူ့ရှေ့မှောက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် မေလတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်တွင်၎င်း၏ သားနှင့်အတူ တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် မေလတွင် တရုတ်နှင့် မြောက်ကိုရီးယားနှစ်နိုင်ငံအကြား နှစ် ၅၀ မြောက် ချစ်ကြည်ရေးနှင့်ပေါင်းစည်းရေးသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးရန် ရောက်ရှိခဲ့သည်။ ၂၀၁၀ စက်တင်ဘာ ၂၈ ရက်တွင် ကိုရီးယားအလုပ်သမားပါတီ၏ အထွေထေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရသည်။ ၂၀၁၁ခုနှစ် ဩဂုတ်လတွင် ရုရှားနိုင်ငံသို့သွားရောက်၍ သမ္မတဒီမီထရီမက်ဗီဒက်နှင့် တွေ့ဆုံခဲ့သည်။

ကင်ဂျုံအီသည် ကင်ရောင်ဆွတ်နှင့် လက်ထပ်ခဲ့ပြီး သမီးဖြစ်သူ ကင်ဆူဆောင်ကို ၁၉၇၄ ခုနှစ်တွင် မွေးဖွားသည်။ တရားမဝင်သည့်ပထမဆုံး ဇနီးဖြစ်သူ ဆောင်းဟေရင်သည် မြောက်ကိုရီးယားရုပ်ရှင် မင်းသမီးဖြစ်ပြီး ၎င်းနှင့် ၁၉၇၁ ခုနှစ်တွင် သားအကြီးဆုံး ကင်ဂျုံနန်ကိုမွေးဖွားသည်။ ဒုတိယဇနီး ကိုရောင်ဟီးနှင့် ၁၉၈၁ ခုနှစ်တွင် ကင်ဂျုံချူ၊ ၁၉၈၃ ခုနှစ်တွင် ကင်ဂျုံအန်ကို မွေးဖွားခဲ့သည်။ ကင်ဂျုံအီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် ပြုံယမ်းမြို့ပြင်သို့ ရထားဖြင့် ခရီးသွားနေစဉ် နှလုံးထိခိုက်ခဲ့၍ သေဆုံးခဲ့ကြောင်း ကိုရီးယားဗဟိုသတင်း အေဂျင်စီက သတင်းထုတ်ပြန်သည်။ ကင်ဂျုံအီ (၁၉၄၁/၄၂-၂၀၁၁) သည် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ၏ မှတ်တမ်းအရ ၁၉၄၁ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် မွေးဖွားသည်ဟု ဖော်ပြထားပြီး မြောက်ကိုရီးယားနိုင်ငံ၏ မှတ်တမ်းအရ ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်တွင် မွေးဖွားသည်ဟု ဖော်ပြထားသည်။ သူသည် ၁၉၉၄ ဇူလိုင်လ ၈ ရက်တွင် ဖခင်ဖြစ်သူ ကင်အီဆွန်းထံမှ မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်နေရာကို ဆက်ခံခဲ့သည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီ ၃၀ အချိန်တွင် တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၉)နှစ် ရှိပြီဖြစ်သည်။

၎င်း၏ အရိုက်အရာကို တတိယမြောက် သားအငယ်ဆုံးဖြစ်သော ကင်ဂျုံအွန်(Kim Jong Un) က ဆက်ခံခဲ့သည်။

စုဖုရားလတ်

စုဖုရားလတ်သည် မြန်မာပြည် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ နောက်ဆုံးဘုရင်(သီပေါမင်း)၏ မိဖုရားခေါင်ကြီးဖြစ်သကဲ့သို့ ကုန်းဘောင်ခေတ်၏ နောက်ဆုံး အဂ္ဂမဟေသီပင် ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။

မင်းတုန်းမင်းနှင့် အလယ်နန်းစံမိဖုရားဖြစ်သော ဆင်ဖြူမရှင်မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် စုဖုရားကြီး၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း စုဖုရားလေးတို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊ မန်လည်မြို့များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် သီရိပဘာ ရတနာဒေဝီ ဘွဲ့ရသည်။

သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာ ရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဖုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ နန်းတွင်း အရှုပ်တော်ပုံများကြောင့် မင်းတုန်းမင်းသည် မိမိ၏ သားတော်များအား အိမ်ရှေ့စံမတင်ဘဲ တိုင်းပြည်ရေးရာတွင် မိမိနှင့်အတူ တက်ကြွစွာ ပါဝင်လုပ်ဆောင် သော ညီတော်ကနောင်မင်းသားအား အိမ်ရှေ့စံမင်းသားအရာ ပေးအပ်လေသည်။ ဉာဏ်ရည်စွမ်းပကားမြင့်မားမှုရှိသော ကနောင်မင်းသားအား နန်းတွင်း အမတ်များနှင့် မှူးမတ်အချို့မှာ ကျေနပ်မှု မရှိကြပေ။

ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများ ကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ဝန်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ ဒိုင်းခင်ခင်အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။

၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊ မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေးဂေါဝိန်ဆိပ်မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင် ဆောက်လုပ်လျက်ရှိသော မြတောင်ဘုန်းကြီးကျောင်းတိုက်ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။

၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်မံဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။

တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်သည် မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ သီပေါဘုရင်ကွယ်လွန်ပြီး ကိုးနှစ်အကြာ ၁၉၂၅၊ ဒီဇင်ဘာလတွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သင်္ချိုင်းကို ရွှေတိဂုံဘုရား တောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင် တွေ့မြင်နိုင်ပါသည်။

ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ နန်းမတော်မယ်နု (ဖလံဂုဏ်ရွာ သူ)၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။

ပြန်ကြည့်လျှင် စုဖုရားလတ်သည် သီပေါဘုရင်၏ မိဖုရားခေါင်ဖြစ်လာချိန်တွင် နန်းတွင်းရေးရာနှင့် ပြည်တွင်းပြည်ပ ကိစ္စများစွာတို့ကို ပါဝင်လုပ်ဆောင်ရန် အတွေ့အကြုံ အလွန်နုနယ်ချိန်ဖြစ်သည်။ မိမိ အကျိုးစီးပွားကိုသာ မြင်ပြီး ပတ်ဝန်းကျင်မှ မြှောက်ထိုး သွေးထိုးခြင်းကို အလွယ်တကူယုံကြည်သော သတိ မရှိသူလည်း ဖြစ်ခဲ့သည်။ ပညာရှိ လူကြီးသူမအပြင် မိခင်၏ စကားကိုပါ မနာယူခဲ့ပါ။ ဘုရင့်မဟေသီဂုဏ်ဖြင့် နန်းဓလေ့စည်းကမ်းများကို ချိုးဖောက်ပြီး၊ အလိုရမ္မက်ကြီးကာ ကျေးဇူးမသိတတ်သော စုဖုရားလတ်သည် ကမ္ဘာ့သမိုင်းနှင့်ယှဉ်လာရသောအခါ လက်ညှိုးထိုးရာ ရွှေမဖြစ်လာရုံသာမက မိမိနှင့် ကြင်ရာတော် သီပေါမင်း အပါအဝင် တိုင်းပြည်တစ်ခုလုံးကို နယ်ချဲ့လက်သို့ ပုံအပ်ခဲ့ရသည်။

စုဖုရားလတ်သည် မြန်မာပြည်၏ ရာဇဝင် သမိုင်းကြောင်းတွင် သူမ၏ အတ္တ၊ မာန တို့ကြောင့် မြန်မာပြည်အား နယ်ချဲ့လက်သို့ကျရောက်စေခဲ့သူအဖြစ် မော်ကွန်းရေးထိုးခြင်း ခံခဲ့ရသူပင် ဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံးမိဖုရားဖြစ်သူ၏ သမိုင်းကြောင်းမှာ အလွန်းဆိုးရွားစွာ တွေ့မြင်ရပေသည်။

စံ၊ ဆရာ (ဂဠုန်)

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဂဠုန်ဆရာစံ(၂၄ အောက်တိုဘာ ၁၈၇၆ - ၂၈ နိုဝင်ဘာ ၁၉၃၁) သည် ထင်ရှားသော ဘုန်းကြီး တစ်ပါးနှင့် ဗမာတိုင်းရင်းဆေးဆရာ တစ်ယောက် ဖြစ်ပြီး ၁၉၃၀-၁၉၃၁တွင် ဖြစ်ပွားသော ဗမာ့တောင်သူလယ်သမားတော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ကာ ဗမာ့ထီးနန်းကို တောင်းဆိုသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးချုပ်ကိုင်မှုတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ရာတွင် တိုင်းရင်းသားတို့အား တစ်စည်းတစ်လုံး တည်းဖြစ်စေရန် ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ရန်ကုန်၊ပဲခူး စီရင်စု၊ ဗြိတိသျှ ဘားမား၊၂၈ရက် နိုဝင်ဘာ လ ၁၉၃၁၊အသက်(၅၅ နှစ်)တွင်ကွယ်လွန်ခဲ့သည်။

တရားသူကြီးမှတ်စာ နိဒါန်း

နိဒါန်း

“စာဖတ်ပရိတ်သတ်၏ စိတ်နှလုံးကို ကြေကွဲထိခိုက်စေမည့် အကြောင်းအချက် အများအပြားကို မြင်တွေ့ ဖတ်ရှုရမည်။ အခြားကျမ်းစာအုပ်နှင့်မတူ တမူထူးသည်မှာ လူ့စိတ်ဓာတ်မတည်ကြည် အားနည်း ချို့ယွင်းမှုကိုလည်း အထင်အရှားတွေ့ရမည်။ သို့သော် ထိုတိမ်တလ္လာအကြားမှပင် မှားယွင်းဖောက်ပြန်ခြင်း မရှိသော စာနာမှုနှင့် ကရုဏာတော်ကိုလည်းမြင်နိုင်သည်။ အားနည်းချက်ရှိသော တရားသူကြီး အမျိုးသားခေါင်းဆောင်များက ဦးစီးခေါင်းဆောင်သည်မှာ အပြစ်ဖို့စရာမဟုတ်သော်လည်း လူသားများ ဖြစ်သည့်အားလျော်စွာ အားနည်းချက်မကင်းကြ။ ထို့ကြောင့် တဒင်္ဂ တစ်ခေတ်တစ်ဘဝအတွက်သာမက၊ ထာဝရကာလအတွက် ပြီးပြည့်စုံသော ကယ်တင်ရှင်သခင် လိုအပ်သည်မှာ အမှန်ပင်။

Arthur E.Chundall

၁။ စံတော်မီဝိသေသလက္ခဏာ

လူ့သမိုင်းစဉ်ကာလတလျှောက်တွင် ဘုရားသခင်က အားနည်းချက်ရှိသော လူသားအား တစ်မျိုးတဖုံ ထူးခြားစွာ အသုံးပြုပါသည်။ တရားသူကြီးမှတ်စာကို အချက်(၃)ခုဖြင့်ချိန်ထိုးပါသည်။ “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအမိုက်အရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စြေခင်းငှါ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏” (၁ကော ၁:၂၇-၂၉)။ ဥပမာအားဖြင့် ဘယ်ကျော်ဧဟုဒကို သုံး၍ ဣသရေလအမျိုးကို ကယ်တင်ခဲ့သည်။ သာမန်အားဖြင့် ဘယ်လက်မှာ ညာလက်ထက် အသုံးနည်း၍ အင်အားချို့တဲ့သည်။ ရှံဂါသည်ဟု တုတ်ချွန်ဖြင့် ဖိလိတ္တိသားများကို အနိုင်ယူ တိုက်ခိုက်ပြန်သည်(၃:၃၁)။ အားနွဲ့သူမိန်းမသား ဒေဗောရသည် (၄:၁-၅:၃၁) ဗာရက်၏ စစ်သားတစ်သောင်း အင်အားထက် အစွမ်းတန်ခိုးရှိသည်။ သံရထား ၉၀၀ ပိုင်စိုးသော သိသရစစ်သူကြီးကိုလည်း အတိတ်နိမိတ် ဖတ်၍ အနိုင်ယူသည် (၄:၁၀-၁၃)။ မိန်းမသားယေလက တံသင်တစ်ချောင်းတည်းဖြင့် စစ်သူကြီး သိသရအား သတ်ဖြတ်နိုင်သည် (၄:၂၁) သူ့တံသင်ကိုလည်း ဘယ်လက်ဖြင့် ထိုးစိုက်သည် (၅:၂၆ Septuagint) စစ်သူကြီး ဂိဒေါင်သည် ဘုရားသခင်၏ အမိန့်အတိုင်း စစ်သည်တော် ၃၂,၀၀၀ ကိုလျှော့ချ၍ လက်ရွေးစင်စစ်သား ၃၀၀ ဖြင့် သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (၇:၁-၈) မုယောမုန့်တစ်ချပ် အိပ်မက်ဖြင့် မိဒျန်တပ်တစ်ခုလုံး ပျက်စီးသွားသည် (၇:၁-၃) ။ ဂိဒေါင်၏ စစ်သည်တော်များ ကိုင်ဆောင်သော စစ်လက်နက်ပစ္စည်းများမှာ တံပိုး၊ မီးခွက်နှ၍့် မြေအိုးအစရှိသော ချက်ချင်း လူမသေစေနိုင်သောအရာ ဝတ္ထုများသာဖြစ်သည် (၇:၁၆)။ မိန်းမတစ်ယောက်၏ ကျောက်ဆုံဖြင့် ပစ်ပေါက်လိုက်မှုကြောင့် စစ်သူကြီး အဘိမလက် ခေါင်းကွဲသေပွဲဝင်ရသည် (၉:၃၅)။ ၁၀:၁ တွင်ပါရှိသည့် တောလဆိုသည်မှာ တုပ်သန်ကောင်ဟု အနက်ရသည်။ ရှုံဆုန်၏ မိခင်ကို စတွေ့သောအခါ မြုံမဖြစ်သည် (၁၃:၂)။ ရှံဆုံသည် မြည်းမေးရိုးဖြင့် ဖိလိတ္တိလူတစ်ထောင်ကို နှိမ်နင်းခဲ့သည် (၁၅:၁၅)။

၂။ ကျမ်းရေးသူ

တရားသူကြီးမှတ်စာ ရေးသားသူကို အတိအကျမသိရသော်လည်း ယုဒတာလမွတ် Talmud နှင့် ရှေးဦးခရစ်ယာန်များက တရားသူကြီးမှတ်စာ၊ ရုသနှင့် ဓမ္မရာဇဝင်ကျမ်းများကို ရှမွေလစီရင်ရေးသားသည်ဟု ခံယူသတ်မှတ်ကြသည်။ ထိုအဆိုကို (၁ရာ ၁၀:၂၅)က ဤသို့ထောက်ခံထားသည် “ပရောဖက်တစ်ပါး စီရင်ရေးသားသည်” ဟုဆိုသည်။ ကျမ်းစာပါအတွင်း သရုပ်အကြောင်းအရာများသည်လည်း ရှမွေလလက်ထက် အဖြစ်အပျက်များဖြစ်သောကြောင့် မှန်ကန်သည်ဟု ယူဆရသည်။

၃။ အချိန်ကာလ

သက်ဦးဆံပိုင်စနစ်ထွန်းကားသော ပထမရာစု ခေတ်ဦးကာလ(ဘီစီ ၁၀၅၀-၁၀၀၀)ကာလဖြစ်ကြောင်း အောက်ပါအချက်များဖြင့် သက်သေထူပါသည်။

အချက်အလက်ပေါင်းများစွာထဲမှ ပထမဆုံးသက်သေစကားမှာ “ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ” ဟူသော ကျမ်းစကားဖြစ်၍ (၁၇:၆၊၁၈:၁၊ ၁၉:၁၊ ၂၁:၂၅)တို့တွင်မူ ရှင်ဘုရင်အုပ်စိုးဟန်ရှိသည်။

ဒုတိယအချက်မနေဖြင့် ၁:၂၁ ကျမ်းပိုဒ်အရ ဒါဝိဒ်မင်းက သိမ်းပိုက်သည့်ကာလထိ ယေဗုသိလူများ ယေရုရှလင်တွင် ရှိနေကြသည်။ နောက်ဆုံးအချက် အဖြစ် ၁:၂၉ တွင် ပါရှိသည့် ဂေဇာမြို့သည် ဖာရောဘုရင်က ရှောလမုန်မင်းသို့ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးဆက်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှောလုမင်းနန်းစံချိန် သို့မဟုတ် ဒါဝိဒ်မင်း နန်းတက်ခါစကာလဟု ယူဆနိုင်ပေသည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဣသရေလ လူမျိုးခေါင်းဆောင် ယောရှု ကွယ်လွန်သွားပြီးနောက် ဣသရေလလူတို့၏ သမိုင်းကြောင်း ဖြစ်သည်။ ဣသရေလလူတို့သည် ဒေသခံခါနန်လူများအား အကုန်အစင် ရှင်းလင်းခြင်း မပြုခဲ့ကြ။ အကြွင်းအကျန် အစအနများ ရှိနေကြသေးသည်။ ထို့ကြောင့် မူလက ရုပ်တုကိုးကွယ်ချင်စိတ်ဓာတ်ခံ ရှိသည်နှင့်အတူ ဒေသခံများနှင့် ပူးပေါင်း၍ ရုပ်တုကိုးကွယ်လာကြသည်။ သို့ဖြင့် ဘုရားသခင်၏လူများသည် တစ်ပါးအမျိုးသားများ၏ လက်အောက်ဩဇာခံတဖန် ဖြစ်ရပြသည်။ ခွေးမြီးကောက် ကျဉ်တောက်စွပ်သည့်နှယ် ဣသရေလလူတို့သည် ဖိစီးနှိပ်စက်မှုဒဏ် မခံနိုင်ကြသောအခါ ဘုရားသခင်အားတမ်းတကြပြန်သည်။ ထိုကာလတွင် တရားသူကြီးများ ပေါ်ထွန်းစေသည်။ သို့ဖြင့် ဤကျမ်းစာကို တရားသူကြီးမှတ်စာဟု ခေါ်တွင်ရသည်။

တရားသူကြီးမှတ်စာသည် ဩသံယေလမှ ရှံဆုန်ခေတ်ထိ နှစ်ပေါင်း ၃၂၅ နှစ်ကာလအတွင်း အဖြစ်အပျက်များ မှတ်တမ်းတင်ခြင်းဖြစ်သည်။

တရားသူကြီးဟု ဆိုသော်လည်း တရားသူကြီးထက် စစ်ခေါင်းဆောင်များဖြစ်ကြသည်။ စစ်ရေးစစ်ရာတွင် အောင်မြင်ကျော်ကြားသောအမျိုးသား သူရဲကောင်းများဖြစ်သည်နှင့်အညီ ဣသရေလလူထု၏ ငြိမ်းချမ်းရေး၊ လွတ်လက်ရေး တည်ဆောက်နိုင်ကြသည်။ ဣသရေလလူထုအား ဦးစီးခေါင်းဆောင်မည့် တရားသူကြီး(၁၂)ပါး ပေါ်ထွက်ခဲ့သည်။ အချို့တရားသူကြီးများ၏ အမည်နာမကို ကျမ်းစာမျက်နှာအများအပြားတွင် တွေ့ရှိ၍ အချို့သည် တစ်နေရာစ၊ နှစ်နေရာစများတွင်သာ တွေ့ရသည်။ ဣသရေလလူမျိုး(၉)ပါးမှ ပေါ်ထွန်းလာကြ၍ လူထုကို မက်ဆိုပိုတေးမီးယား၊ မောဘ၊ ဖိလိတ္တိ၊ ခါနန်၊ မိဒျန်နှင့် အမ္မုန်လူတို့၏ လက်ထဲမှ ကယ်လွှတ်ကြသည်။ တရားသူကြီးများခေတ်သည် ရှမွေလလက်ထက်တိုင်အောင် ထွန်းကားတည်တံ့ခဲ့သည်။

တရားသူကြီးမှတ်စာသည် သမိုင်းကြောင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများသာမကပါ။ ပထမပိုင်း အခန်းကြီး(၂)ခုတွင် သမိုင်းကြောင်းဆိုင်ရာနှင့်ပရောဖက်အခန်းကဏ္ဍများလည်း ပါဝင်သည်။ တရားသူကြီးများ ကိုယ်တိုင် မှတ်တမ်းတင်ထားသောအခန်း ၃-၁၆သည် သမိုင်းကြောင်းဆိုင်ရာများသာမဟုတ်ပါ။ အချို့တရားသူကြီးများ၏ လုပ်ဆောင်ခက်များသည် တစ်ချိန်တည်းတပြိုင်တည်းတွင် စစ်ရေးအောင်မြင်မှုများ၇ှိကြသည်။ ထို့ကြောင့် ဤကျမ်းစာစောင်မှ ခုနှစ်သက္ကရာဇ်များသည် အရေးကြီးသည်။ စုစုပေါင်းအကြိမ်(၄၀၀)ပါရှိသည် (တ ၁၃:၁၉-၂၀၊ ၃ရာ ၆:၁)။

နိဂုံးပိုင်းအခန်း ၁၇-၂၁တွင် ဘာသာရေး၊ ကိုယ်ကျင့်တရား၊ လူမှုစရိုက်ဖောက်ပြန်ပျက်စီးပုံများကို ရေးသားထားသည်။ ထိုခေတ်ကာလ၏ လူနေမှုစရိုက်ကို ပုံဖော်ထားသည်။ “ထိုခေတ်ကာလ၏ ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည့်အတိုင်းပြုကြသည်” ဟု ကွက်ကွက်ကွင်းကွင်း ရှင်းပြထားသည်။

သမ္မာကျမ်းစာပါသမျှ စကားလုံးတိုင်းသည် ဘုရားသခင်တန်ခိုးမှုတ်သွင်းတော်မူသော စကားတော်များ ဖြစ်သည်ဟု ယုံကြည်လက်ခံလျှင် တရားသူကြီးမှတ်စာသည်လည်း ဝိညာဉ်ရေးရာ သင်ခန်းစာများစွာရရှိနိုင်ပါသည်။ အချို့သင်ခန်းစားများကို ဖိနှိပ်သူ လူတန်းစား တစ်ပါးအမျိုးသားများထံမှ ရယူနိုင်သကဲ့သို့ တရားသူကြီးတို့၏ လုပ်ဆောင်ပုံတွင်လည်း ထုတ်ယူနိုင်ပါသည်။ ဖိနှိပ်နေသော လောကဝန်ထုတ်ဝန်ပိုးများဟု ယူနိုင်သကဲ့သို့ တရားသူကြီးများသည် ဝိညာဉ်ရေးရာ သူရဲကောင်းကြီးများအဖြစ် ရှုမြင်နိုင်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်များဖြစ်သော်လည်း လူ့သမိုင်းတွင် ဂန္တဝင်ဖြစ်၍ လက်တွေ့အသက်တာအတွက် သင်ခန်းစားများစွာ ရရှိနိုင်ပါသည်။၁

ကျမ်းစာလေ့လာရာတွင် အစွန်းနှစ်ဖက်သည် အန္တရာယ်ကြီးမားပါသည်။ ထို့ကြောင့် လူ့စိတ်ကူး စိတ်သန်းများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါမည်။ အချို့အမည်နာမများ၏ အဓိပ္ပါယ်သည် အတိအကျ တစ်ခုတည်းယူ၍ မရ။ အဓိပ္ပါယ်အမျိုးမျိုး ပေါ်နိုင်ရာ အသင့်လျော်ဆုံး အဓိပ္ပါယ်ကောက်ယူထားပါသည်။

ပါဝင်သည့်အချက်များ

၁။ ရှေ့နောက်ဆင်ခြင်ြခင်း (၁:၁–၃:၆)

(က) အတိတ်ကိုပြန်လှည့်ကြည့်ခြင်း (၁:၁–၂:၁၀)

(ခ) ရှေ့သို့မျှော်ကြည့်ခြင်း (၂:၁၁–၃:၆)

၂။ တရားသူကြီးများလက်ထက် (၃:၇–၁၆:၃၁)

(က) ဩသံယေလ (၃:၇–၁၁)

(ခ) ​ဧဟုဒ (၃:၁၂–၃၀)

(ဃ) ဒေဗေါရနှင့်ဗာရက် (အခန်း ၄–၅)

၁။ ဘဝဇာတ်လမ်း (စကားပြေ) (အခန်း၄)

၂။ ဘဝဇာတ်လမ်း (ကဗျာ) (အခန်း ၅)

(င) ဂိဒေါင် (၆:၁–၈:၃၂)

၁။ အမှုတော်အတွက် ဂိဒေင်ခေါ်ယူခြင်း (အခန်း ၆)

၂။ ဂိဒေါင်၏ စစ်သည်တော်သုံးရာ (အခန်း ၇)

၃။ ဖိလိတ္တိတို့ကို အောင်နိုင်ခြင်း (၈:၁-၃၂)

(စ) အဘိမလက် မတရားသိမ်းပိုက်ခြင်း (၈:၃၃–၉:၅၇)

(ဆ) တောလနှင့်ယာဣရ (၁၀:၁–၅)

(ဇ) ယေဖသ (၁၀:၆–၁၈)

၁။ ဣသရေလတို့ ကံဆိုးမိုးမှောင်ကျခြင်း (၁၀:၆-၁၈)

၂။ ယေဖသက ဣသရေလတို့ ကွယ်ကာခြင်း (၁၁:၁-၂၈)

၃။ ယေဖသ၏ ကတိသစ္စာ (၁၁:၂၉-၄၀)

၄။ ယေဖသက ဧဖရိမ်လူများကို သတ်ဖြတ်ခြင်း (၁၂:၁-၇)

(ဈ) ဣဗဇနိ၊ ဧလုန်နှင့် အာဗဒုန် (၁၂:၈–၁၅)

(ည) ရှံဆုန် (အခန်း ၁၃–၁၆)

၁။ ဘုရားသခင်၏ အမွေတော်ဆက်ခံခြင်း (အခန်း၁၃)

၂။ ရှံဆုန်၏ ပွဲတော်နှင့် စကားထာ (အခန်း၁၄)

၃။ ရှံဆုန်လက်တုံ့ပြန်ခြင်း (အခန်း၁၅)

၄။ ဒေလိလက ရှံဆုန်ကိုလှည့်စားခြင်း (အခန်း၁၆)

၃။ ဘာသာရေး၊ ကိုယ်ကျင့်တရားနှင့် နိုင်ငံရေးခြစားခြင်း (အခန်း ၁၇–၂၁)

(က) မိက္ခာ၏ ဘာသာရေးဆောက်တည်ပုံ (အခန်း ၁၇)

(ခ) မိက္ခာနှင့် ဒန်အမျိုး (အခန်း ၁၈)

(ဂ) လေဝိအမျိုးနှင့် မယားမြှောင်များ (အခန်း ၁၉)

(ဃ) ဗင်္ယာမိန်အမျိုးနှင့် စစ်ဖြစ်ကြခြင်း (အခန်း ၂၀–၂၁)

TAGS: တရားသူကြီးမှတ်စာ

ဓမ္မရာဇဝင်ပဋ္ဌမစောင် နိဒါန်း

နိဒါန်း

“ဓမ္မရာဇဝင်ပဋ္ဌမစောင်သည် အနှိုင်းမဲ့စိတ်ဝင်စားစရာဖြစ်သည်။ သမိုးဖြစ်စဉ်သာမက၊ လူသုံးယောက်အပေါ် အခြေခံ၍ ဖြစ်ရပ်မှန်များဖြင့် သင်ခန်းစာချယ်မှုန်းထားသည်။ ရှမွေလ၊ ရှောလုနှင့် ဒါဝိဒ်တို့အကြောင်း အပိုင်းလိုက် အကန့်လိုက် မွှမ်းထုံထားသည်။”

J.Sidlow Baxter

၁။ စံတော်မီဝိသေသလက္ခဏာ

ဓမ္မရာဇဝင် ပဋ္ဌမစောင်နှင့် ဒတိယစောင်မပါရှိလျှင် ဓမ္မဟောင်းကျမ်းသည် ကြားကွက်လပ် လဟာကြီး ရှိနေမည်။ မူရင်းကျမ်းတွင် တအုပ်တည်းဖြစ်သော်လည်း Septuagint မှ ကူးယူ ဘာသာပြန်သူက သပ်ယပ်ရှင်းလင်းမှုရှိစေရန် နှစ်ပိုင်းအဖြစ်ခွဲကန့်လိုက်သည်။ ဓမ္မဟောင်း ကျမ်းမူတိုင်းသည် ဟေဗြဲကျမ်း စာသွားစာလာနှင့် မကင်းနိုင်ကြ။

ယုဒလူနှင့် ခရစ်ယာန်ဘာသာဝင် သန်းပေါင်းများစွာတို့သည် ရှမွေလ၊ ဒါဝိဒ်နှင့် ကာလိယ၊ ဒါဝိနှင့်ယောနသန်၊ ရှောလုလက်မှ ဒါဝိဒ်နှင့် ထွက်ပြေးတိမ်းရှောင်ခြင်း၊ မေဖိဗောရှက်အပေါ် ကရုဏာ သက်ရောက်ပုံနှင့် သားအဗ္ဗရှလုံ ပုန်ကန်ခြင်းနှင့် သေခြင်းအပေါ် ကြေကွဲဝမ်းနည်းခြင်းများကို ရင်းနှီးသိရှိကြသည်။

ဓမ္မရေးရာ ရှုထောင့်ဖြင့် ကြည့်လျှင် ရင့်ကျက်သော အသက်တာရှိသူများက ဒါဝိဒ်နှင့် ဗေသရှေဘ ကျူးလွန်ဖောက်ပြန်ကြပုံ၊ သားသမီးတွင် ဝဋ်လည်ပုံတို့ကို တွေ့မြင်နိုင်သသည်။

ဓမ္မရာဇဝင်ပဌမစာစောင်နှင့် ဒုတိယစာစောင်သည် ဣသရေလသမိုင်းတွင် တရားသူကြီးခေတ်နှင့် ဒါဝိဒ်မင်းဆက်တို့၏ သံကွင်းဆက်ဖြစ်သညည်။ သမိုင်းကွက်လပ်ဖြည့်ပေးသော ပေါင်းကူးတံတားဖြစ်သည်။

၂။ ကျမ်းရေးသူ

ယုဒစာပေရှင်များက ရှမွေလစီရင်ရေးသားသည်ဟု ခံယူကြသည်။ ရှမွေလအသက်ထင်ရှားစဉ် ရေးသားခြင်း (၁:၁-၂၅:၁)၁ ဟု ယူဆ၍ နှောင်းလူများက ကျမ်းနှစ်စောင်အဖြစ် ခွဲကန့်ကြသည်။ ကျမ်းစာပါအကြောင်းအရာများသည် ပရောဖက်ကွယ်လွန်ပြီးမှ အချက်အလက်များဖြစ်သည်။

ဖြစ်နိုင်သည်မှာ ပရောဖက်လူငယ်လူရွယ် တစ်ဦးက ရှမွေလအား ဆရောသမားအဖြစ်ခံယူ၍ ရေးကူပါလိမ့်မည်။ နောက်ဖြစ်နိုင်ခြေတစ်ခုမှာ ယဇ်ပုရောဟိတ်အဗျာသာဖြစ်နိုင်သည်။ သူသည် ဒါဝိဒ်နှင့် နီးနီးကပ်ကပ် နေခဲ့သောကြောင့် နှံ့စပ်ရင်းနှီးစွာ ရေးသားနိုင်ပေမည်။ ဒါဝိဒ်နှင့် အတူပြေးလွှား ပုန်းအောင်းလျက် ဘဝတစ်သက် ဆိုးတူကောင်းဘက် နေခဲ့သူဖြစ်သည်။

၃။ အချိန်ကာလ

တိတိကျကျ ဖော်ပြရန် အခက်အခဲရှိသည်။ အစောဆုံးကာလ ဘီစီ ၁၀၀၀ ဖြစ်မည်။ အကိုးအကား အထောက်အထား ခိုင်လုံစွာ မရှိသော်လည်း ဣသရေလတို့ ဖမ်းဆီးကျွန်ပြုခံရသည့် ဘီစီ ၇၇၂ ထက်စောသည်။ အချို့က ဣသရေလနှင့် ယုဒဟူသော ဝေါဟာရသည် ဘီစီ ၉၃၀ နောက်ပိုင်းမှ ပေါ်ပေါက်လာသညဟု ထောက်ပြကြရာ သက်ဦးဆံပိုင်စနစ် (၂)ပိုင်း ခွဲခြားခြင်းဖြစ်သည်။ ထိုအယူအဆသည် နိုင်ငံရေးသမိုင်းကြောင်းအရ ဝိဝါဒကွဲပြားခြင်းဖြစ်၍ အမေရိကန် သမိုင်းမှာလည်း “Yankee” နှင့် “Southrons” ဟူ၍ ၁၈၆၁ ခုနှစ်ထိ သုံးစွဲခဲ့ကြသည်။

၄။ နော်ကခံသမိုင်းနှင့်ရည်ရွယ်ချက်

ဓမ္မရာဇဝင် ပဌမစောင်နှင့် ဒုတိယစောင်သည် ဘုရားသခင်နှင့် ဣသရေလလူတို့ ဘီစီ ၁၂ရာစုမှ ၁၀ရာစုနှစ် အစောပိုင်းကာလထိ ဆက်ဆံကြပုံဖြစ်သည်။ ပရောဖက်နှင့်တရားသူကြီးရှမွေလ၊ ပြည်သူမုန်းသော ရှောလုဘုရင်၊ သိုးထိန်းနှင့် ဘုရင်ဒါဝိဒ်မင်းတို့သည် အဓိကဇာတ်ကောင်များဖြစ်သည်။

ရှမွေလသည် တရားသူကြီးခေတ် နိဂုံးချုပ်သူနှင့် ဘုရင်ခေတ်စတင် ဆက်စပ်ပေးရန် ဘုရားသခင်က စီရင်ခွဲခန့်သူဖြစ်သည်။ ယဇ်ပုရောဟိတ်တို့၏ အားနည်းချက် (ဧလိနှင့်သားများ)များကို တွေ့မြင်ခဲ့ပြီး ယဇ်ပုရောဟိတ်ဘဝ ဆိုသည်မှာ ဟူ၍ သင်ခန်းစာပေးခဲ့သည်။ ကိုယ်တိုင်မှာ ဣသရေလနောက်ဆုံးတရားသူကြီး ဖြစ်သည်။ ပရောဖက်အစောဆုံး (ကျမ်းစာက သူ့ကို ပထမဦးဆုံး ပရောဖက်ဟု မပြောပါ က ၂၀:၇) နှင့် ဣသရေလတို့၏ ပထမဦးဆုံးသော ဘုရင်ကို ဘိသိက်ပေးသူဖြစ်သည်။ လေဝိအမျိုးမဟုတ်၊ အာရုန်မိသားစုဝင် မဟုတ်သော်လည်း ယဇ်ပုရောဟိတ် အမှုအရာထမ်းဆောင်သည်။ ဘုရားသခင်ထံ ခစားဝင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်ကာလ ယဇ်ပုရောဟိတ်ဧလိသည် မစင်ကြယ်၊ နာခံခြင်းမရှိသဖြင့် စိတ်နှလုံးဖြူစင်၍ ဆက်ကပ် ကိုးကွယ်စိတ် ရှိသော ရှမွေလက ဝင်ရောက်နေရာယူခြင်း ဖြစ်သည်။

ရှမွေလ၏ အဓက လုပ်ဆောင်ျက်မှာ ဣသရေလတို့၏ ဘုရင်မင်း အစစ်အမှန်သည် ဘုရားသခင်ဖြစ်ကြောင်း သိစေခြင်းနှင့် ဣသရေလလူတို့၏ တောင့်တချက်အရ ဘုရားသခင်ကိုယ်စား မြေကြီးဘုရင်ရှောလု၊ ဒါဝိဒ်တို့ကို ဘိသိက်ပေးခြင်းဖြစ်သည်။ ဓမ္မရာဇဝင်ကျမ်းနှ၍့် ပတ်သက်၍ Eugene Merrill က ဤသို့ဆိုသည်။

ဒါဝိဒ်၏နန်းတော်တွင် သူ၏မြေးတော်ယေရှုခရစ်တော် လူ့ဇာတိခံယူပေါက်ဖွားလာသည်။ ယေရှုခရစ်တော်၏ ဘုရင်မင်းမြတ်လက္ခဏာသည် ပြည့်စုံပါပေသည်။ လူ့လောကတွင် အသက်တော်ထင်ရှားနေစဉ် တိုင်းသူပြည်သား လူအများ၏ အကျိုးစီးပွားကို မနားမနေ ထမ်းရွက်သည်သာမက၊ ထိုအပြစ်သားများအစား အသေခံခြင်း ရှင်ပြန်ထမြောက်ခြင်းဖြင့် ယုံကြည်သူတိုင်းအား အထင်အရှားမင်းမူနေပါသည် (၂ရာ ၇:၁၂-၁၆၊ ဆာ ၈၉:၃၆-၃၇၊ ဟေရှာ ၉:၇။၂

ပါဝင်သောအချက်များ

၁။ ရှောလုအား ဘိသိက်ပေးချိန်ထိ ရှမွေလ၏အမှုအရာ (အခန်း ၁–၉)

(က) ရှမွေလမွေးဖွားခြင်းနှင့် ကလေးသူငယ်ဘဝ (အခန်း ၁)

(ခ) ဟန္န၏သီချင်း (၂:၁-၁၀)

(ဂ) ဧလိနှင့်သားဆိုးများ (၂:၁၁-၃၆)

(ဃ) ရှမွေလအား ဘုရားခေါ်ခြင်း (အခန်း ၃)

(င) ဘုရားသခင်၏ ပဋိညာဉ်သေတ္တာ (အခန်း ၄-၇)

(၁) ပဋိညာဉ်သေတ္တာဆုံးရှုံးခြင်း (အခန်း ၄)

(၂) ပဋိညာဉ်သေတ္တာတန်ခိုး (အခန်း ၅)

(၃) ပဋိညာဉ်သေတ္တာပြန်လည်ရရှိခြင်း (အခန်း ၆၊၇)

(စ) ရှင်ဘုရင်လိုအပ်ခြင်းနှင့် ရွေးချယ်ခြင်း (အခန်း ၈၊၉)

၂။ ရှောလုအုပ်စိုးမင်းမူခြင်း (အခန်း ၁၀–၁၅)

(က) ဆီလူခြင်းနှင့်အတည်ပြုခြင်း (အခန်း ၁၀-၁၁)

(ခ) ပြည်သူများအပြစ်စွဲချက် (အခန်း ၁၂)

(ဂ) မနာခံခြင်းနှင့် ငြင်းဆန်ခြင်း (အခန်း ၁၃-၁၅)

(၁) ရှောလု၏ ယဇ်ပူဇော်ခြင်းအပြစ်ဒုစရိုက် (အခန်း ၁၃)

(၂) ရှောလု၏ အလျင်လိုကတိ (အခန်း ၁၄)

(၃) နာခ့မှုလုံးဝပျက်ကွက်ခြင်း (အခန်း ၁၄)

၃။ ရှောလုမသေမီစပ်ကြား ဒါဝိဒ်ဘဝ (အခန်း ၁၆–၃၀)

(က) ရှမွေလက ဆီလူးဘိသိက်ပေးခြင်း (၁၆:၁­-၁၃)

(ခ) ရှောလုထံတွင်လုပ်ဆောင်ခြင်း (၁၆:၁၄-၂၃)

(ဂ) ဂေါလျက်အား အနိုင်ယူခြင်း (အခန်း ၁၇)

(ဃ) မိခါလနှင့်လက်ထပ်ခြင်း (အခန်း၁၈)

(င) ရှောလုထံမှ ထွက်ပြေးတိမ်းရှောင်ခြင်း (အခန်း ၁၉-၂၆)

(၁) ယောနသန်၏ သံယောဇဉ်သစ္စာ (အခန်း ၁၉-၂၆)

(၂) ​အဟိမလက်ကသနားခြင်း (အခန်း ၂၁)

(၃) ဒါဝိဒ်လွတ်မြောက်သွားသဖြင့် ရှောလုက ယဇ်ပုရောဟိတ်များသတ်ဖြတ်ခြင်း (အခန်း၂၂)

(၄) ကိလသားတို့ သစ္စာဖောက်ခြင်း (အခန်း ၂၃)

(၅) ရှောလုအား လွတ်ငြိမ်းချမ်းသာပေးလိုက်ခြင်း (အခန်း ၂၄)

(၆) နာဗလ၏ မိုက်ရိုင်းမှု (အခန်း ၂၅)

(၇) ရှောလုအား ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း (အခတန်း ၂၆)

(စ) ဖိလိတ္တိပြည်၌ နေထိုင်ခြင်း (အခန်း ၂၇-၃၀)

(၁) ဇိကလတ်မြို့ကတောင်းဆိုခြင်း (အခန်း ၂၇)

(၂) ရှောလုကံကကြမ္မာငင်မည့်အတိတ်နိမိတ် (အခန်း ၂၈)

(၃) အာခတ်မင်းက ဒါဝိဒ်စေလွှတ်ခြင်း (အခန်း ၂၉)

(၄) အမာလက်တို့အား အနိုင်ယူခြင်း (အခန်း ၃၁)

၄။ ရှောလုသေခြင်း (အခန်း ၃၁)

TAGS: ဓမ္မရာဇဝင်ပဋ္ဌမစောင်

နိုင်ငံတော်၏ ခေါင်းဆောင်

နိုင်ငံတော်၏ ခေါင်းဆောင် သည် နိုင်ငံတော်ကို ကိုယ်စားပြုသော တရားဝင်ခေါင်းဆောင် ဖြစ်သည်။ နိုင်ငံ၏အုပ်ချုပ်ပုံအရ နိုင်ငံတော်၏ ခေါင်းဆောင်မှာ အခမ်းအနားတက်ရန် ဟန်ပြနှင့် အစိုးရအဖွဲ့ခေါင်းဆောင်ဟူ၍ ရှိသည်။ ဥပမာ အိန္ဒိယတွင် သမ္မတမှာ အခမ်းအနားတက်ရန် ကိစ္စအချို့သာရှိပြီး ဝန်ကြီးချုပ်မှာ အစိုးရအဖွဲ့ ခေါင်းဆောင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် သမ္မတမှာ နိုင်ငံတော်ခေါင်းဆောင်ဖြစ်သကဲ့သို့ အစိုးရအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ ဦးထင်ကျော်အစိုးရလက်ထက်တွင် သမ္မတမှာ အမည်ခံ၍ အမှန်တကယ် အစိုးရအဖွဲ့ခေါင်းဆောင်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်။

ပါလီမန်စနစ်များတွင် နိုင်ငံတော်ခေါင်းဆောင်မှာ အခမ်းအနားတက်ရန် ဟန်ပြသဘောဖြစ်ကာ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို စွက်ဖက်ပိုင်ခွင့်မရှိပေ။ သို့သော် သူတို့ကို အများက လေးစားရသည်။ ဥပမာ ဗြိတိန်ဘုရင်မ အယ်လီဇဘက်နှင့် အိန္ဒိယသမ္မတကဲ့သို့ ဖြစ်သည်။

ပင်းယခေတ်

ပင်းယခေတ် (၁၃၁၃-၁၃၆၄) သည် ပုဂံခေတ် ပျက်သုဉ်းပြီးနောက် ဖြစ်ထွန်းလာသော၊ မြန်မာ အလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်းရှိ နိုင်ငံငယ် တစ်ခု ဖြစ်သည်။ ပင်းယသည် ဧရာဝတီမြစ် အနောက်ပိုင်းကို လွှမ်းမိုးသော၊ စစ်ကိုင်းနှင့် နိုင်ငံပြိုင် ဖြစ်သည်။ ဤခေတ်ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသည်။ သီဟသူသည် ၁၃၁၀ ခုနှစ်တွင် နောင်တော်ကြီး အသင်္ခယာကို လုပ်ကြံခါ တစ်ပါးသော မင်းပြုသည်။ ၁၃၁၃ ခုနှစ်တွင် ပင်းယမြို့ကို တည်ထောင်သည်။ ၁၃၁၅ခု တွင်၊ သီဟသူ၏ သားတော်အငယ် အသင်္ခယာ စောယွန်း စစ်ကိုင်းကို ပြောင်းခါ မင်းပြိုင်ပြုသည်။ ၁၃၆၄ ခု တွင်၊ မောရှမ်းတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ နိုင်ငံများ ပျက်စီးခဲ့သည်။ ထိုနှစ်တွင်ပင်၊ သီဟသူ၏ မြစ်တော် သတိုးမင်းဖျား (သတိုးမင်းဘုရား) က အင်းဝခေတ်ကို တည်ထောင်သည်။

မြန်မာမင်းများ အုပ်ချုပ်ပုံ

ရှေးခေတ် မြန်မာအုပ်ချုပ်ပုံမှာ

ဇမ္ဗူဒီပ ဥဆောင်ကျမ်း၌ ပါဝင်သော အမိန့်တော်၊ စစ်တမ်း

စသည်တို့မှ မြန်မာမင်း အုပ်ချုပ်ပုံကို သိရ၏။ မင်ကြီးစွာ

စော်ကဲ၏ အမိန့်တော်၊ သာလွန်မင်း၏ အမိန့်တော်စသည့်

အမိန့်တော်တို့တွင်လည်း အရပ်ရပ်အုပ်ချုပ်ရေးဆိုင်ရာ

အကြောင်းအရာများနှင့်တကွ အမှုထမ်းအမျိုးမျိုးတို့၏

ဝတ်တရား စသည်တို့ ပါဝင်သည်။ အထက်ပါ အမိန့်တော်၊

စစ်တမ်းများကို အကိုးအကားပြု၍ ရှေးမြန်မာမင်းများ

အုပ်ချုပ်ပုံကို ဖော်ပြထားသည်။

ရှေးဟောင်းအီဂျစ်

ရှေးခေတ် အီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် ဘီစီ ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ (kingdoms) ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ (Intermediate Periods) ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ် (New Kingdom) ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၎င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။

နိုင်းမြစ်ဝှမ်းတောင်ကြား ဒေသ၏ ပတ်ဝန်းကျင် အခြေအနေကို လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်ခဲ့ခြင်းကြောင့် ရှေးခေတ် အီဂျစ်ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် စည်ပင်ထွန်းကားလာခဲ့သည်။ မြေဩဇာ ကောင်းမွန်သည့် တောင်ကြားဒေသတွင် ဆည်မြောင်းများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းမှ အပိုအလျှံ သီးနှံများ ထွက်ရှိခဲ့သည်။ ထိုမှတဆင့် လူမှုရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အထောက်အကူပေးခဲ့သည်။ အပိုအလျှံအရင်းအမြစ်များကြောင့် အုပ်ချုပ်သူများမှ တောင်ကြားဒေသ နှင့် ပတ်ဝန်းကျင် သဲကန္တာရဒေသတို့တွင် သတ္တုရှာဖွေရေး၊ အစောပိုင်း သီးခြားစာပေ ရေးသားမှုစနစ် ထွန်းကားရေး၊ တည်ဆောက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး ပရိုဂျက် အများအပြား ကို အကောင်အထည်ဖော်ရေး၊ ပတ်ဝန်းကျင် ဒေသများနှင့်ကုန်သွယ်ရေး နှင့် တိုင်းတပါးရန်သူများကို အနိုင်တိုက်နိုင်သော စစ်တပ်ဖော်ဆောင်ရေး အစရှိသည်တို့ကို ပံ့ပိုးပေးခဲ့ပြီး အီဂျစ်တို့တွင် လွှမ်းမိုးမှု အရှိန်အဝါ ရှိလာခဲ့သည်။ ထိုသို့သော လုပ်ရပ်များကို ဖာရိုဘုရင်၏ ထိန်းချုပ်မှုအောက်တွင် ခန့်ထားသော အုပ်ချုပ်ရေး အရာရှိများ၊ ဘာသာရေးခေါင်းဆောင်များ၊ စာရေးတော်များ အစရှိသူတို့မှ တိုက်တွန်းခြင်း နှင့် အကောင်အထည်ဖော်ခြင်းတို့ ပြုကြသည်။ ချဲ့ကားထားသော ဘာသာရေး ယုံကြည်မှုများမှတဆင့် အီဂျစ်လူမျိုးတို့၏ ညီညွတ်မှုနှင့် ပူးပေါင်းပါဝင်မှု တို့ကို အသေအချာ ဖြစ်ပေါ်စေရန် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။

ဟံသာဝတီ

ရှေးဟောင်းမြို့တော်ဟံသာဝတီသည် ယခုပဲခူးမြို့နေရာတွင် ရှိခဲ့သော ရှေးမွန် နှင့် မြန်မာတို့၏ မင်းနေပြည်တော်

ဖြစ်ခဲ့သည်။ မြို့တော်ဟောင်းသည် ရန်ကုန်မြို့မှ မော်တော်ကားလမ်း အကွာအဝေး မိုင် ၅၀ ကျော်တွင်တည်ရှိသည်။

ရှေးနန်းတော်ရာဟောင်း နေရာများ သမိုင်းဝင် ဗုဒ္ဓသာသနိကအဆောက်အဦးများ နှင့် စေတီပုထိုးများကို ယနေ့တိုင်

တွေ့ရှိနိုင်သေးသည်။ ဟံသာဝတီခေတ်ဆိုသည်မှာ ထိုဟံသာဝတီနေပြည်တော်ကြီး စည်ပင်ဖွံ့ဖြိုးခဲ့စဉ်က အချိန်ကို

ဆိုလိုသည်။ ဟံသာဝတီ(ယခု-ပဲခူး) မင်းနေပြည်ကို အုပ်စိုးခဲ့သည့် ထင်ရှားသောဘုရင်များမှာ ဝါရီရူမင်းဆက်မှ

ဗညားဦး(အေဒီ ၁၃၅၃-၈၅)၊ ရာဇာဓိရာဇ်(၁၃၈၅-၁၄၂၃)၊ ဘုရင်မရှင်စောပု(၁၄၅၃-၇၂)၊ ဓမ္မစေတီ(၁၄ရ၂-၉၂) တို့ဖြစ်ကြပြီး

မြန်မာမင်းများထဲမှ တပင်ရွှေထီး၊ ဘုရင့်နောင် အစရှိသည့် မင်းများဖြစ်ကြသည်။

ဟံသာဝတီမြို့တော် တည်ရှိရာ အရပ်သည် မိုးများသော ဒေသဖြစ်ခြင်း၊ ပြင်းထန်သော ငလျင်ဒါဏ်ကို အကြိမ်ကြိမ်

ခံရခြင်းတို့ကြောင့် အဖိုးတန်သော ရှေးဟောင်းလက်ရာများမှာ ပျက်စီးခဲ့ရသည်။ သို့သော် ကျန်ရှိသော သမိုင်းမှတ်တမ်း

များမှလည်း ဟံသာဝတီမြို့တော်နှင့် ဟံသာဝတီခေတ်အခြေအနေကို ပြန်လည်လေ့လာသုံးသပ်နိုင်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ

အာရပ်စော်ဘွားများ ပြည်ထောင်စု ကို အဲမရိတ် သို့မဟုတ် ယူအေအီးဟု ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပြီး အာရှတိုက် အနောက်တောင်ဘက် ပါရှန်းပင်လယ်ကွေ့ရှိ အာရပ်ကျွန်းဆွယ်ပေါ်တွင် တည်ရှိသော ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ကုန်းမြေနယ်နိမိတ်ခြင်း ထိစပ်နေသော နိုင်ငံများမှာ အရှေ့ဘက်တွင် အိုမန်နိုင်ငံ နှင့် အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ တို့ဖြစ်ကြသည်။ ကာတာနိုင်ငံ ၊ အီရန်နိုင်ငံတို့နှင့်လည်း ပင်လယ်နယ်နိမိတ်ခြင်း ထိစပ်လျှက် ရှိသည်။ ၂၀၁၃ ခုနှစ်တွင် လူဦးရေ စုစုပေါင်း ၉.၂ သန်းမျှ ရှိပြီး ၁.၄ သန်းမှာ အဲမရိတ် နိုင်ငံသားများ ဖြစ်ကာ ၇.၈ သန်းမှာ နိုင်ငံရပ်ခြားမှ လာရောက် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။၁၉၇၁ ခုနှစ် ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုတွင် မြို့တော်ဖြစ်သော အဘူဒါဘီ နှင့်အတူ ဒူဘိုင်း၊ ရှာဂျာ၊ အက်ဂျ်မန်၊ အွမ်-အယ်-ကူဝိန်း၊ ရပ်စ်-အယ်လ်-ခိုင်းမား၊ ဖူဂျာအီရာ ဟူသော ပြည်နယ် (၇) ခု ပါဝင်သည်။ ပြည်နယ် တစ်ခုချင်းစီကို အကြွင်းမဲ့ အာဏာရှိသော စော်ဘွားတစ်ဦးစီမှ အုပ်ချုပ်ပြီး ၎င်းတို့အားလုံး စုပေါင်း၍ ဖက်ဒရယ် ထိပ်သီးကောင်စီ တစ်ခုအဖြစ် ပေါင်းစည်းထားသည်။ ၎င်းတို့ထဲမှာ စော်ဘွားတစ်ဦးအား အာရပ်စော်ဘွားများ ပြည်ထောင်စု၏ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ထားသည်။ အစ္စလာမ် ဘာသာသည် နိုင်ငံတော် ဘာသာဖြစ်ပြီး အာရပ်ဘာသာ စကားမှာ တရားဝင် ရုံးသုံးဘာသာစကား ဖြစ်သော်လည်း အင်္ဂလိပ် ဘာသာကို နေရာအနှံ့ အသုံးပြုကြသည်။

ယူအေအီးနိုင်ငံ၏ ရေနံထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံး ဖြစ်ပြီး သဘာဝ ဓာတ်ငွေ့ ထွက်ရှိမှုမှာ ကမ္ဘာပေါ်တွင် အဆင့် ၁၇ ရှိသည်။ ကွယ်လွန်သွားပြီ ဖြစ်သော အဘူဒါဘီ စော်ဘွား နှင့် ယူအေအီး၏ ပထမဆုံး သမ္မတဖြစ်ခဲ့သည့် ရှိတ်ဇာယာဒ်မှ အဲမရိတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များကို ကြီးကြပ်ခဲ့ပြီး ရေနံမှာ ရသော အမြတ်ငွေများကို ကျန်းမာရေး စောင့်ရှောက်မှုများ၊ ပညာရေး နှင့် အခြေခံ အဆောက်အအုံတို့တွင် အသုံးချခဲ့သည်။ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများတွင် ယူအေအီး၏ စီးပွားရေးမှာ လုပ်ငန်း အစုံဆုံး ဖြစ်ပြီး လူဦးရေ အများဆုံး ဖြစ်သော ဒူဘိုင်းမြို့မှာ ကမ္ဘာ့မြို့တော် တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းဆက်သွယ်ရေး၏ ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ စီးပွားရေးမှာ သဘာဝဓာတ်ငွေ့ နှင့် ရေနံ တင်ပို့ရောင်းချမှုပေါ်တွင် များစွာ မှီခိုနေရဆဲ ဖြစ်သည်။ယူအေအီးမှာ ၎င်း၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ဝေဖန်ခံနေရဆဲ ဖြစ်ပြီး ဥပဒေအတွင်း ရှာရီယာ ဥပဒေ၏ ပါဝင်ပတ်သက်မှုများကြောင့်လည်း ပါဝင်သည်။ ယူအေအီး၏ နိုင်ငံတကာတွင် နေရာတစ်ခု ရယူလာမှုကြောင့် ဝေဖန်သုံးသပ်သူ အချို့က ဒေသအတွင်း ဩဇာလွှမ်းမိုးမှု ရှိသောနိုင်ငံနှင့် ကမ္ဘာ့ အင်အား အသင့်အတင့်ရှိ နိုင်ငံ တစ်ခု အဖြစ် သတ်မှတ်ကြသည်။

အိုလီဗာ ကရွမ်းဝဲလ်

အိုလီဗာ ကရွမ်းဝဲလ် (Oliver Cromwell)(၁၅၉၉-၁၆၅၈)သည် အင်္ဂလန်နိုင်ငံတွင် ပါလီမန် ဒီမိုကရေစီ စနစ် စတင်ကျင့်သုံးနိုင်ရန် ဦးဆောင်ခဲ့သူဖြစ်သည်။ဘုရင့်ဂိုဏ်းသားများ နှင့် ပါလီမန်ဘက်တော်သားများ နှစ်ဖက် တိုက်ခိုက်ကြသည့် စစ်ပွဲများတွင် ပါလီမန်ဘက် စစ်တပ်မှ ခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့သည်။ထို့ပြင် ပါလီမန် ဒီမိုကရေစီ စနစ်ကို တည်ထောင်သူ၊စစ်အာဏာရှင် အစရှိသဖြင့်လည်း ကျော်ကြားပါသည်။အိုလီဗာ ကရွမ်းဝဲလ် ကို အင်္ဂလန်၊ဟန်တင်ဒန် တွင်မွေးဖွားသည်။သူမွေးဖွားစဉ်ကာလက အင်္ဂလန်၏အခြေအနေမှာ တည်ငြိမ်လှသည်တော့မဟုတ်ပေ။ အယူဘာသာအားဖြင့်လည်း အမျိုးမျိုးကွဲပြားနေပြီး ဘုရင်ဖြစ်သူကလည်း သက်ဦးဆံပိုင်စနစ်ဖြင့်သာ အုပ်ချုပ်နေချိန်လည်းဖြစ်သည်။

အီဂျစ်မှ ပိရမစ်များ

အီဂျစ်မှ ပိရမစ်များသည် အီဂျစ်နိုင်ငံတွင် တည်ရှိသော ပိရမစ်ပုံသဏ္ဌာန် အဆောက်အဦးများ ဖြစ်သည်။ ပိရမစ် စုစုပေါင်း ၁၀ဝ ကျော်မျ ရှိပြီး အများစုမှာ ဘုရင်စနစ်ခေတ်ဦး နှင့် ဘုရင်စနစ်၏ အလယ်ခေတ်တို့တွင် တည်ဆောက်ခဲ့ကြသည်။ ပထမဦးဆုံး ပိရမစ်မှာ ဂျိုဇာပိရမစ် ဖြစ်ပြီး တတိယမြောက် ဘုရင်မင်းဆက် ဂျိုဇာဘုရင်လက်ထက်တွင် တည်ဆောက်ခဲ့သည်။ ဘုရင်၏ ဂူသင်္ချိုင်းအတွက် အင်မ်ဟိုတက်ပ်မှ ပုံစံထုတ် တည်ဆောက်ခဲ့သည်။ အထင်ရှားဆုံးသော အီဂျစ်ပိရမစ်မှာ ဂိုင်ဇာမဟာပိရမစ်ကြီးဖြစ်ပြီး ထိုပိရမစ်မှာ လူ့သမိုင်းတွင် အကြီးဆုံး တည်ဆောက်ခဲ့သော အဆောက်အဦးအဖြစ် သိရှိကြပြီး ရှေးခေတ် ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး တွင် တစ်ခုတည်း ကျန်ရှိခဲ့သော အဆောက်အဦးလည်း ဖြစ်သည်။

အီတလီနိုင်ငံ

အီတလီနိုင်ငံ (ရုံးသုံး ဘာသာစကားအားဖြင့် အီတလီသမ္မတနိုင်ငံ )သည် ဥရောပ တောင်ဖက် အလယ်ပိုင်းတွင် တည်ရှိသော နိုင်ငံ ဖြစ်သည်။ မြောက်ဖက်တွင် ပြင်သစ်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ နှင့် စလိုဗေးနီးယားနိုင်ငံတို့သည့် အယ်လ်ပ် တောင်တန်း တလျှောက်တွင် တည်ရှိကြသည်။ တောင်ဖက်တွင်မူ အီတလီကျွန်းဆွယ်နှင့် မြေထဲပင်လယ်တွင် အကြီးဆုံး ကျွန်းနှစ်ကျွန်း ဖြစ်သော စစ္စလီကျွန်းနှင့် ဆာဒီးနီးယားကျွန်း တို့နှင့် အခြားသော ကျွန်းငယ်ပေါင်းမြောက်များစွာတို့ ရှိကြသည်။ တသီးတခြား လွတ်လပ်သော နိုင်ငံများ ဖြစ်ကြသော ဆန်မာရီနိုနိုင်ငံနှင့် ဗာတီကန်စီးတီး တို့သည် အီတလီနိုင်ငံကုန်းမြေ အတွင်းတွင် တည်ရှိကြသည်။ Campione d'Italia မှာမူ အီတလီ နိုင်ငံပိုင် ဖြစ်သော်လည်း ဆွစ်ဇာလန်နိုင်ငံ အတွင်းဖက်တွင် တည်ရှိသည်။ အီတလီနိုင်ငံ ပိုင် မြေဧရိယာမှာ ၃၀၁,၃၃၈ စတုရန်းကီလိုမီတာ (၁၁၆,၃၄၇ စတုရန်းမိုင်) ရှိသည်။ လူဦးရေ ၆၀.၄ သန်း ရှိသဖြင့် ဥရောပတွင် ဆဋ္ဌမမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၂၃ နိုင်ငံမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်သည်။

အီတလီ နိုင်ငံသည် ဥရောပတိုက်၏ တောင်ဘက်တွင် မြေထဲ

ပင်လယ်ထဲသို့ ထိုးထွက် နေသော ကျွန်းဆွယ်ကြီးတစ်ခုဖြစ်၍

ပုံသဏ္ဌာန်အားဖြင့် မြင်းစီးဖိနပ်နှင့် တူလေသည်။ မြောက်ဘက်

မှ တောင်ဘက်အငူစွန်းအထိ မိုင်ပေါင်း ၇၅ဝ ခန့် ရှည်လျား

၍၊ ပျမ်းမျှမိုင် ၁ဝဝ မှ ၁၂ဝ ခန့်ကျယ်သည်။ အီတလီနိုင်ငံ၏

အကျယ်အဝန်းမှာ ဆာဒင်းနီးယားကျွန်း၊ စစ္စလီကျွန်းနှင့် အနီး

ပတ်ဝန်းကျင်ရှိ ကျွန်းကလေး များ အပါအဝင် ၁၁၆၃ဝ၃ စတု

ရန်းမိုင်ရှိ၍၊ ၁၉၇၄ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်းအရ

အီတလီတနိုင်ငံ လုံးရှိ လူဦးရေမှာ ၅၅ သန်းခွဲကျော်ဖြစ်သည်။

ဆာဒင်းနီးယားကျွန်း။

စစ္စလီကျွန်း။

အီတလီနိုင်ငံ၏မြောက်ဘက်တွင် ဆွစ်ဇာလန်နှင့်

ဩစတြီးယားနိုင်ငံတို့ ရှိကြ၍၊ အရှေ့ဘက်တွင်

ယူဂိုစလားဗီးယားနိုင်ငံနှင့် အေဒြီယက်တစ်ပင်လယ်၊

အနောက်ဘက်တွင် တိုင်ရေနီးယန်းပင်လယ်နှင့် တောင်ဘက်တွင်

စစ္စလီကျွန်းနှင့် မြေထဲပင်လယ်တို့ ရှိကြသည်။ အီတလီ

တစ်နိုင်ငံလုံးသည် တောတောင် ထူထပ်သည်။ အက်ပင်းနိုင်း

တောင်တန်းသည် တောင်ဘက် အစွန်းတိုင်အောင် ကျောရိုးသဖွယ်

ရှည်လျားစွာ တည်ရှိသည်။ ယင်းတောင်တန်းသည် မြောက်ပိုင်းတွင်

အတော်နိမ့်ပြီးလျှင် အဲ့လပတောင်တန်းနှင့်ဆက်ကာ တည်ရှိ၏။

အဲ့လပတောင်တန်းသည် အီတလီနိုင်ငံ၏ မြောက်ဘက်နယ်ခြားဖြစ်ရာ

ဗြိတိသျှကျွန်းစု ကဲ့သို့ပင် ဥရောပတိုက်မကြီးနှင့် အဆက်အသွယ်

မရှိပဲ တည်ရှိ နေသည်ဟု ဆိုနိုင်ပေသည်။ အဲ့လပတောင်တန်း

တောင်ဘက်တွင် အေဒြီယက်တစ် ပင်လယ်ကမ်းခြေအထိ

ကျယ်ပြန့်သောပိုးချိုင့်ဝှမ်း တည်ရှိ၏။ မြေဩဇာလည်း

ကောင်းမွန်သည့်ပြင် ယင်းချိုင့်ဝှမ်းကို လောင်းဗတ်လွင်ပြင်ဟူ၍ခေါ်သည်။

တစ်နိုင်ငံလုံးတွင် အတိုးတက် အစည်ကားဆုံးသော အပိုင်း

ဖြစ်သည်။ ပိုးမြစ်သည် အီတလီနိုင်ငံတွင် အရှည်လျားဆုံးမြစ်

ဖြစ်၏။ ဒုတိယအရှည်ဆုံးမြစ်မှာ အက်ဒစ်မြစ်ဖြစ်သည်။

ပိုးမြစ်။

အီတလီနိုင်ငံမြောက်ပိုင်းတွင် အိုင်များ ပေါလှသည်။

ထင်ရှားသော အိုင်များတွင် ကော်မို၊ လူဂါနို၊ မက်ဂျိုရီနှင့်

ဂါဒါအိုင်များ ပါဝင်သည်။ ထိုပြင် မီးသေတောင်များတွင်

ရေတင်ရာမှ ဖြစ်ပေါ်လာသော အိုင်ကြီးများလည်း ရှိသေး၏။

အလယ်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်း

သည် တဖြည်းဖြည်း မြင့်တက်လာ၏။ အချို့ တောင်ထွတ်များ

မှာ ပေ ၈ဝဝဝ ကျော် ၉ဝဝဝ မြင့်သည့်ပြင် အချို့မှာ ၉ဝဝဝ

ကျော်ကျော်ပင် မြင့်သေး၏။ တောင်တန်း၏ တစ်ဖက်တစ်ချက်

ရှိ ဆင်ခြေလျှောများတွင် မြေဩဇာကောင်း၍ မိုးကောင်းစွာ

ရွာသွန်းသဖြင့် စိုက်ပျိုးလုပ်ကိုင် အောင်မြင်သည်။ တောင်တန်း

၏အနောက်ဘက် ပင်လယ်ကမ်းရိုးတန်းပေါ်ရှိ နေပယ်ပင်လယ်

ကွေ့သည် ကမ္ဘာပေါ်တွင် အသာယာဆုံးသောအရပ် ဖြစ်လေ

သည်။ ဤဒေသတွင် အရေးပါဆုံးသော မြစ်ကြီးနှစ်သွယ်မှာ

အာနိုနှင့် တိုင်ဗာမြစ်တို့ ဖြစ်၏။

တိုင်းဗာမြစ်။

အာနိုမြစ် ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍၊ တိုင်ဗာမြစ်ပေါ်တွင်

အီတလီနိုင်ငံ၏မြို့တော်ရောမမြို့တော်ကြီး တည်ရှိလေသည်။

ရောမမြို့။

ဖလော်ရင့်မြို့-။

တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင်

များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည်

ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့

အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာ

တောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့်

စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံ

တောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည်

တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့

တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏

အနောက်ဘက်တွင် ကမ်ပါနီ ယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင်

ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာ

မြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့

ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့်

ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။

ဗီဆူဗီး ယတ်မီးတောင်။

အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ

စစ္စလီကျွန်းပေါ်တွက်မူ အက်တနမီးတောင်ကြီးရှိ၏

အက်တနမီးတောင်။

ထိုတောင်နှစ်ခု စလုံးမှာ ယနေ့ထက်တိုင် မီးခိုးတလူလူနှင့်

ရှိနေသေးသည်ကို အဝေးကပင် တွေ့မြင်နိုင် လေသည်။

အီတလီနိုင်ငံ၏ရာသီဥတုမှာ မြေထဲပင်လယ် ရာသီဥတုမျိုးဖြစ်၍

နွေအခါတွင် ပူပြင်းခြောက်သွေ့ကာ ဆောင်းအခါတွင် မိုးရွာသွန်းလေသည်။

တစ်နိုင်ငံလုံးတွင် မိုးအနှံ့အပြား ရွာသွန်းသော်လည်း ဆောင်းတွင်း၌သာ

ရွာသွန်းသဖြင့် စိုက်ပျိုးရေးအတွက် အသုံးမဝင်လှချေ။ ပိုးမြစ်ဝှမ်းတွင်

လွန်ကဲသော ရာသီဥတုမျိုးရှိ၏။ တစ်နိုင်ငံလုံးတွင်

နေရောင်လိုသည်ထက်ပို၍ ရလေသည်။ ထိုကြောင့်လည်း

နေသာရွှေပြည် အီတလီဟု တချို့က ခေါ်ဝေါ်ကြသည်။

အီတလီနိုင်ငံသည် အခြား တောင်ထူထပ်သောနိုင်ငံများ ကဲ့သို့

တွင်းထွက်ရတနာများဖြင့် မကြွယ်ဝလှချေ။ ကျောက်မီးသွေးမှအစ

အခြားသတ္တုရိုင်းများ ချို့တဲ့မှုကြောင့် စက်မှုလက်မှုမထွန်းကားပဲ

လက်လုပ်ပစ္စည်းများ ထုတ်လုပ်ရာ၌သာ ထင်ရှားခဲ့လေသည်။

အီတလီနိုင်ငံတွင် ၁၈၆၆ ခုနှစ် မတိုင်မီ အချိန်က သီးခြား

ပြည်နယ်ပေါင်း ၁၈ နယ်ခန့် ရှိ၍၊ တစ်နယ်တမင်း အုပ်စိုးခဲ့

ကြလေသည်။ ထိုပြည်နယ်များမှာ ပီးဒမွန့်၊ လီဂူရီးယား၊

လောင်ဗာဒီ၊ ဗီနီးရှား၊ ဗီးနီးရှား ထရိုင်ဒင်းရှား၊ ဗီနီရှားဂျူ

လီယားနှင့် ဇာရာ၊ အယ်မီးလီးယား၊ အဗရပ်ဇီနှင့် မိုလီစီ၊ တပ်

စကန်နီ၊ မားချက်၊ အမ်ဗရီးယာ၊ လေဇီယို၊ ကမ်ပါနီယာ၊

အပျူလီယာ၊ လူကာနီယာ၊ ကာလာဗရီယာ၊ စစ္စလီနှင့် ဆာဒင်း

နီးယား တို့ ဖြစ်ကြ၏။ ထိုပြည်နယ် ၁၈ နယ်တွင် ပီးဒမွန့်၊

လီဂူးရီးယား၊ ဗီနီးရှား၊ အယ်မီးလီးယားနှင့် တပ်စကန်နီ

နယ်တို့ကို မြောက်ပိုင်း အီတလီဟုခေါ်၍၊ အမ်ဗရီးယား၊

မားချက်၊ အဗရပ်ဇီနှင့် မိုလီစီနယ်တို့ကို အလယ်ပိုင်းဟု

ခေါ်ကြ၏။ ကျန်ပြည်နယ် များကို တောင်ပိုင်းဟုခေါ်လေသည်။

မြောက်ပိုင်းမှာ စက်မှုလက်မှုလုပ်ငန်းများ အသင့်အတင့်ထွန်းကားခဲ့၍၊

မော်တော်ကား၊ လေယာဉ်ပျံမှအစ သံမဏိပစ္စည်းများ

ထုတ်လုပ်နိုင်သော်လည်း၊ များသောအားဖြင့် စက်ရုံများမှာ

တောင်ကျရေတံခွန်များမှ ရေအားဖြင့် လည်ကြ ရလေသည်။

စက်မှုပစ္စည်းများမှတစ်ပါး လက်ရက်ပိုးထည်၊ အဆောက် အအုံများတွင်

အသုံးပြုသည့် ကျောက်ဖြူများ၊ လက်ရက်မြက် ဦးထုပ်များ

ထုတ်လုပ်သည်။ အလယ်ပိုင်းရှိ လွင်ပြင်နှင့်နေပယ် နှင့်တပ်စကန်နီတို့

အနီး အနားရှိ ဒေသများတွင် မြေဩဇာ ကောင်းမွန်၍၊ ပိုးမြစ်ဝှမ်းမှ

ရေကောင်းစွာရသဖြင့် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်

အောင်မြင်သည်။ ဂျုံမှာ အဓိက ကောက်ပဲသီးနှံဖြစ်၍

ပြောင်းမှာ ဂျုံမစိုက်နိုင်သည့် နေရာတွင် စိုက်ပျိုးသော

အသီးအနှံဖြစ်သည်။ စပါးကို လောင်ဗာဒီ၊ ပီးဒမွှန့်နှင့်

အခြားနယ်များတွင် စိုက်ပျိုး၏။ အီတလီတစ်နိုင်ငံ လုံးတွင်

စပျစ်နွယ်ပင်များကို စိုက်ပျိုးလေသည်။ သံလွင်သီးနှင့် သစ်အယ်သီးများမှာ

အီတလီနိုင်ငံတွင် အများဆုံး အစားအစာများ ဖြစ်ကြသည်။

အီတလီနိုင်ငံ တောင်ပိုင်းထွက် ထင်ရှားသော သစ်သီးများမှာ

လိမ်မော်၊ ရှောက်၊ သဖန်း၊ ဗာဒမ်တို့ ဖြစ်၏။ ပိုက်ဆံလျှော်၊

ဘီသွာလျှော်၊ ဝါဂွမ်းတို့ကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်လေသည်။

စားကျက်ကောင်းများ ပေါများရာ လောင်ဗာဒီနှင့် အယ်မီး

လီးယားနယ်များတွင် ကျွဲနွားတိရစ္ဆာန်များကို မွေးမြူ၍ ဒိန်ခဲ

လုပ်ငန်းများလည်းဖြစ်ထွန်း၏။ တောင်ထူထပ်သော ခရိုင်

များတွင် သိုးများကို မွေးမြူ၍၊ ဆိတ်များကို အီတလီအလယ်

ပိုင်းနှင့် တောင်ပိုင်း စစ္စလီကျွန်းတို့တွင် မွေးမြူကြလေသည်။

ထွက်ကုန်ဝင်ကုန်များ လဲလှယ်ရာဖြစ်သော အချက်အခြာ

ဆိပ်ကမ်း မြို့ကြီးနှစ်မြို့မှာ၊ အေဒြီယက်တစ် ပင်လယ်ကွေ့ရှိ

ဗင်းနစ်မြို့နှင့် ဂျီနိုးအာပင်လယ်ကွေ့ရှိ ဂျီနိုးအာမြို့ကြီးများ ဖြစ်

ကြလေသည်။ ရှေးခေတ်မှစ၍ ဗင်းနစ်နှင့် ဂျီနိုးအာမြို့သားများ

သည် နိုင်ငံခြားနှင့် ဆက်သွယ်ရောင်းဝယ်ဖောက်ကား

နေကြ သောကုန်သည်ကြီးများ ဖြစ်ကြသည်။ အခြား ဆိပ်ကမ်းမြို့

များမှာ စပိဇီးယား၊ လက်ဂဟွန်းရက်ဂျီယို၊ ပါလာမို၊ ဗြန်ဒိစီ

စသည်တို့ ဖြစ်ကြသည်။ ထင်ရှားသော မြို့ကြီးများမှာ မြို့တော်ရောမ၊

မီလန်၊ နေပယ်၊ တျူရင်၊ ဖလောရင့်၊ ဗိုလိုနှာ စသည်တို့ဖြစ်ကြ

သည်။ ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ

၁၄ နှစ်အရွယ်တိုင်အောင် စာသင်ကျောင်းများတွင် မသင်

မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက်

နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံ

ခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများ

တွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန်

ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်း

တွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ

ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ

ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ

အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြား

ရပြီးလျှင်၊ ကိုးနှစ်မှ ဆယ့်နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ်

များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂

နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက်

တန်းလွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်း

ကျောင်းများတွင် စာကြီးပေကြီး သက်သက်ကို

ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ်

သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထိုပြင်

စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်

အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင်

အနုပညာနှင့် ဂီတပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။

ကမ္ဘာကျော် တက္ကသိုလ် ကျောင်းများလည်း ရှိ၏။ ၁၉၄၆ ခုနှစ်

ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။

ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော်

ရွးကောက်တင် မြှောက်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲခဲ့ရာ၊

၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး

အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့်

ဆီးနိတ်လွှတ်တော် တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို

လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင်

အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။

ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာ

နိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာ

ကိုယ်ပိုင် လွပ်လပ်မှု အခွင့်အရေးများကိုလည်း ပေးထားသည်။

ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံ

လုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည်

တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။

အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော

ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူ များမှာ

များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြ

သူများ ဖြစ်ကြ၏။ စက်မှုလက်မှု လုပ်ငန်းမှာ မရှိသလောက်

ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ

အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။

အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများ ဟု

ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ်

ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာ

ပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင်

စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကို လည်းကောင်း

တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်း

သားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့်

လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ

မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း

လူဦးရေ တိုးတက်လာ၍၊ ပိုးမြစ်ဝှမ်းမှတစ်ပါး အခြားနေရာများတွင်

နေထိုင်မှုအဆင့်အတန်းမှာ နိမ့်ကျလှသည်။ စက်မှုလက်မှုလုပ်ငန်းများ

ထွန်းကားရာ မြောက်ပိုင်းရှိ မြို့များတွင်ကား နေထိုင်မှု

ဆင့်အတန်းသည် အတော်မြင့်တက် လာပြီ ဖြစ်သည်။

အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌

ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကား

စဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီး

တစ်ခု ဖြစ်ခဲ့၏။ အီတလီ ယဉ်ကျေးမှုသည် ဥရောပတိုက်

တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့

ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပ

တိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင်

နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။

သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ်

လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။

အီထရပ်စကန်လူမျိုး-။

ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ

ဣတလျံလူမျိုးဟု ဖြစ်လာသောလူမျိုးစုတို့သည် အီတလီ

တောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ

၏။ ထိုနောက် တစ်ဖန် ဥရောပတိုက် အလယ်ပိုင်းမှ ဂေါ့လ

လူမျိုးတို့သည် အီတလီနိုင်ငံမြောက်ပိုင်းမှ တစ်သုတ်ပြီး

တစ်သုတ် ဝင်ရောက်လာကြပြီးလျှင် ပိုးမြစ်ဝှမ်းတွင် အိုးအိမ်

ထူထောင်နေထိုင်ကြလေသည်။ နောက်ဆုံး အီတလီနိုင်ငံလုံးကို

ရောမဘုရင်များ ကြီးစိုးလွှမ်းမိုးသည့် အချိန်တွင်ကား ဂျာမန်

သွေးပါသည့် ဂေါ့သလူမျိုးတို့သည် အင်အားကြီးမားသောလူစု

လူဝေးဖြင့် အီတလီမြောက်ပိုင်းသို့ ဝင်ရောက်လာကြလေသည်။

ထိုနောက် နှစ်ပေါင်း လေးရာခန့် ကြာမြင့်သောအခါ အီတလီ

တောင်ဘက်ပိုင်းတွင် မွတ်စလင်များ ဖြစ်ကြသော အာရပ်လူမျိုး

တို့ ဝင်ရောက်လာကြပြန်သည်။ ရောမနိုင်ငံတော်ကြီး ထူထောင်

ခဲ့သည့်ခေတ်က အီတလျံလူမျိုးတို့သည် ထင်ရှားကျော်ကြားလာ

လေသည်။ သို့ရာတွင် အီတလီနိုင်ငံသမိုင်းဟူ၍ သီးခြားမရှိ

ခဲ့ဘဲ၊ ရောမနိုင်ငံတော်သမိုင်း၏ တစ်စိတ်တစ်ဒေသမျှ ဖြစ်ခဲ့

သည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးချိန် တိုင်မှသာလျှင်

အီတလီနိုင်ငံသမိုင်းဟူ၍ မှတ်သားနိုင်ခဲ့ပေသည်။

ရောမနိုင်ငံ သမိုင်း။

အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း

ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင်

ဟူသော အမည်ကို ခံယူသည်မှအစ အီတလီနိုင်ငံသမိုင်းမှာ

တစ်ဦးတခြား ဖြစ်လာခဲ့လေသည်။ အိုဒိုးဇားဘုရင်ကို သီအိုဒိုရစ်က

လာရောက်တိုက်ခိုက်ပြီးနောက် အီတလီနိုင်ငံကို အော့စတြိုဂေါ့သဘုရင်

စိုးမိုးအုပ်ချုပ်ခဲ့၏။ သီအိုဒိုရစ်သည် နိုင်ငံတော်ကို လိမ်မာရေးခြားစွာ

အုပ်ချုပ်ခဲ့ရာ၊ နိုင်ငံမှာ အေးချမ်း သာယာ၍ စည်ပင်ဝပြောခဲ့ပေ

သည်။ ၅၅၂ ခုနှစ်တွင် ဂေါ့သမင်းဆက်ပြတ်သွားပြီးနောက်

အီတလီနိုင်ငံသည် ဗိုင်ဇင်းတိုင်နိုင်ငံတော်ကို မှီခိုအားထားခဲ့ရ

လေသည်။ ထိုအချိန်တွင် ဂျာမန်အနွယ်ဖြစ်သော လောင်းဗတ်

လူမျိုးတို့သည် အီတလီနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်

လာခဲ့ရာ ရောမမြို့ အနီးအနားသို့ပင် ရောက်ခဲ့လေသည်။

ထိုအခါ ရောမရဟန်းမင်းသည် ပြင်သစ်ဘုရင် ပက်ပင်၏

အကူအညီကို တောင်းယူကာ လောင်းဗတ်တို့အား တားဆီးရ

လေသည်။ လောင်းဗတ်တို့ကို ပက်ပင်၏သားတော် ရှားလမိန်း

ဘုရင်လက်ထက်သို့ ရောက်မှ အပြီးသတ်နှိမ်နင်းအောင်မြင်၍

ရှားလမိန်းသည် ဧကရာဇ်ဘုရင် အဖြစ်ကို ခံယူပြီးလျှင်

ခမည်းတော် ပက်ပင်လက်ထက်က ရဟန်းမင်းသို့ ပေးအပ်

ခဲ့သော လက်ဆောင်တော်မြေများကို ထပ်မံအတည်ပြု ပေးအပ်

ခဲ့ပြန်၏။

ရှားလမိန်းဘုရင်။

၈၃၄ ခုနှစ်တွင် ရှားလမိန်း၏

နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးသွားသောအခါ ဥရောပတိုက်ရှိ

နိုင်ငံအသီး အသီးမှ ဘုရင်နှင့်ဧကရာဇ်မင်းတို့သည်

အီတလီနိုင်ငံကို အုပ်စိုးရန် အားထုတ်ခဲ့ ကြသည်နှင့်အမျှ

နှစ်ပေါင်း ၁ဝဝ ကျော်မျှ အီတလီနိုင်ငံမှာ ဝင်ရောက်လုယက်

တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရလေသည်။ ဤကဲ့သို့သော အဖြစ်ဆိုးမှာ

၁၉၆၂ ခုနှစ်တွင် နန်းတက်သော ရောမသာသနာစောင့် ဧကရာဇ်

ပထမ အော့တိုးလက်ထက်တွင် အဆုံးသတ် သွားလေသည်။

ရောမသာသနာစောင့်နိုင်ငံတော်။

အလယ်ခေတ်တစ်လျှောက်လုံးတွင်

ရောမ သာသနာစောင့် နိုင်ငံတော်ဧကရာဇ်မင်းတို့သည်

အီတလီနိုင်ငံတော်ကို မိမိတို့ လုံးဝအာဏာဖြင့်အုပ်စိုးခွင့်ရှိ သည်ဟု

ယူဆခဲ့ကြသော်လည်း ဂျာမန်အုပ်စိုးမှုကို လက်မခံလိုသော

အီတလီနိုင်ငံသားများသည် အမြဲပင် တော်လှန်ပုန်ကန်ခဲ့ကြလေသည်။

ရောမသာသနာစောင့်နိုင်ငံတော် ဧကရာဇ်ဘုရင်တို့သည် အီတလီ

နိုင်ငံတွင် အာဏာတည်မြဲရေးအတွက် ခက်ခဲစွာ တိုက်ခိုက်ကြ

ရလေသည်။ ဧကရာဇ်မင်းတို့၏ အင်အားအကောင်းဆုံး

အတိုက်အခံများမှာ ပုတ်ရဟန်းမင်းများပင် ဖြစ်ကြ၏။

ထိုသို့ ဧကရာဇ်နှင့် ပုတ်ရဟန်းမင်းတို့ အာဏာလုမှုများ

အတောမသတ်မီအတွင်း အီတလီနိုင်ငံတွင် မီလန်၊ ဂျီနိုအာ၊

ဖလော်ရင့်၊ ပီစာ၊ ဗင်းနစ် စသည့်မြို့များသည် လွတ်လပ်သော

သီးခြားပြည်နယ်ကလေးများ အဖြစ် တည်ထောင်လိုက်ကြလေ

သည်။ ဤပြည်ထောင်ကလေးများသည် တဖြည်းဖြည်း အင်အား

ကြီးမားလာရကား ယင်းတို့အပေါ်တွင် စိုးမိုးအုပ်ချုပ်လိုသော

မှူးမတ်များကိုသာမက ဧကရာဇ်ဘုရင်တို့ကိုပင် တော်လှန်နိုင်ခဲ့

၏။ ပုတ်ရဟန်းမင်းသည် ရံဖန်ရံခါ ပြည်ထောင်ကလေးများကို

ကူညီခဲ့လေသည်။ ပြည်ထောင်ကလေးများ ထွန်းကားသောခေတ်တွင်

အီတလီ တစ်နိုင်ငံလုံးလိုလိုပင် များစွာ တိုးတက်ခဲ့သော်လည်း

ပြည်ထောင်တိုင်းတွင် ပုတ်ရဟန်းမင်း၏ လူများနှင့်ဧကရာဇ်၏

လူများ အာဏာလုမှု အရှုတ်အထွေးများ ရှိခဲ့လေရာ တိုင်းပြည်

တိုးတက်ရေးအတွက် မဆောင်ရွက်နိုင်လောက်အောင်ပင် အရှုပ်

အထွေးများနှင့် အတော်အချိန်ကုန်ခဲ့ရလေသည်။ ပြည်ထောင်ကလေးများကို

အုပ်စိုးသော မင်းများမှာ သက်ဦးဆံပိုင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ကြ၍

ထိုခေတ်ကို အီတလီနိုင်ငံ၏ သက်ဦးဆံပိုင်ခေတ်ဟု ခေါ်စမှတ်ပြုကြ၏။

ယင်းသည့်ခေတ်က အီတလီအနုပညာနှင့် စာပေ သမိုင်းတွင် ထင်ရှားသော

ပုဂ္ဂိုလ် ကြီးများဖြစ်သည့် ဒန်တီ၊ တောမတ်အက်ကွိုင်နတ်၊ ပီဇာနို၊

ဒီကမ်ဗရိုတို့ ပေါ်ထွက်ခဲ့သည်။ ပြည်ထောင်မင်းများအနက်

ဖလော်ရင့်ကို အုပ်စိုးသော မဲဒီချီ ဆွေမျိုးဆက်သည် အထင်ရှား

ဆုံး ဖြစ်၍ အနုပညာနှင့်စာပေကို အထူးအားပေးခဲ့၏။

ဒန်တီ အလီဂျာရီ။

မဲဒီချီ။

အီတလီနိုင်ငံတွင် ဤသို့ ပြည်ထောင်ငယ်ကလေးများ

အကွဲကွဲအပြားပြား ဖြစ်နေခြင်းကြောင့် အနီးအနား

တိုင်းပြည်များက ဝင်ရောက်သိမ်းပိုက်ရန် အခွင့်အလမ်းသာ

ခဲ့၏။ ၁၄၉၄ ခုနှစ်တွင် ပြင်သစ်ဘုရင် အဋ္ဌမ ချားသည်

နေပယ်ကို သိမ်းပိုက်လိုက်၏။ ထိုနောက် စပိန်နှင့်ရောမ

သာသနာစောင့် နိုင်ငံတော် ဧကရာဇ် ပဉ္စမချားသည်

အီတလီနိုင်ငံအလုံးကို တိုက်ခိုက် သိမ်းယူလိုက်လေသည်။

ဧကရာဇ်ပဉ္စမချားလက်ထက်တွင် အီတလီနိုင်ငံမှာ ရှေးကထက်

အေးချမ်းသာယာစွာ ရှိလေသည်။ ထိုနောက် နှစ်ပေါင်း ၂ဝဝ

ခန့်အတွင်း အီတလီနိုင်ငံရှိ ပြည်နယ်တို့မှာ ဥရောပတိုက်ရှိ

ထီးဆောင်းမင်းများနှင့် ဣတာလျံမင်းသားများ သူတပြန် ကိုယ်တပြန်

သိမ်းယူအုပ်စိုး ခြင်းကို ခံခဲ့ကြရ၏။ ယင်းသို့ အုပ်စိုးခဲ့ ရာတွင်

မကြာခဏ နယ်လုစစ်ပွဲများ ဖြစ်ပွားခဲ့သည်။ အီတလီပြည်နယ်များကို

တိုက်ခိုက်ရာတွင် ကြေးစား စစ်တပ်များကိုပင် အသုံးပြုခဲ့ကြ

ပေသည်။ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက်သောအခါ အီတလီ

ပြည်နယ်များ စုစည်းကာ ပြင်သစ်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့

ကြလေသည်။

ပြင်သစ်တော်လှန်ရေး-

သို့ရာတွင် မအောင်မြင်ခဲ့ရုံမျှမက နပိုလီယန်က

အီတလီကျွန်းဆွယ် တစ်ခုလုံးကို တိုက်ခိုက်

ခြေမှုန်းခဲ့လေသည်။ ပြင်သစ်

လက်အောက်သို့ ကျရောက်ရပြန်သော အီတလီပြည်နယ်

များအနက် ဗင်းနစ်ကို ဩစတြီးယားသို့ ပေါင်းပေးခဲ့၍

ကျန်နယ်များကို သမ္မတ ပြည်ထောင် ငါးပြည်ထောင်

ဖွဲ့စည်းတည်ထောင်ပေးခဲ့၏။ သို့ရာတွင် များမကြာမီပင်

နပိုလီယန်သည်အီတလီ တစ်နိုင်ငံလုံးကိုပြန်၍ စုပေါင်း

အုပ်စိုးကာ သူ၏ညီတော် ဂျိုးမ္ဘက်၊ ထိုနောက် ယောက်ဖတော်

ယိုခင်မူရာတို့အား နေပယ်ဘုရင်အဖြစ် ကြေညာခဲ့သည်။

ပုတ်ရဟန်းမင်း သတ္တမပိုင်းယတ်အား ပြင်သစ်နိုင်ငံသို့ ခေါ်

ဆောင်၍ အကျဉ်းချထားပြီးလျှင် သူ၏နပိုလီယန်မွေးစားသား

အား ရောမဘုရင်အဖြစ် ကြေညာခဲ့သည်။ နပိုလီယန်သည်

ဤသို့ အီတလီပြည်နယ်များကို အသစ်

တစ်ဖန်ပြန်၍ ဖွဲ့စည်းလိုက်ခြင်းသည် ပြည်ထောင်ငယ်ကလေး

များနှင့် အကွဲကွဲအပြားပြား နေထိုင်ခဲ့ရသော အီတလီနိုင်ငံရှိ

လူများအား ခေတ်ဟောင်းတွင် ကွဲပြားနေသည့်အဖြစ်ကို

မေ့ပျောက်စေကာ အီတလီနိုင်ငံသူနိုင်ငံသားအားလုံးမှာ

သွေးတူသားတူများဖြစ်ကြကြောင်းကို သတိရလာစေခဲ့ရာ

လွတ်လပ်လိုသော စိတ်ဓာတ်များပေါက်ဖွားတက်ကြွလာခဲ့ကြ

လေသည်။ ၁၈၁၅ ခုနှစ်တွင် ကျင်းပသော ဗီယင်းနား အစည်းအဝေး

ဆုံးဖြတ်ချက်များအရ အီတလီပြည်နယ်များသည် ဩစတြီး

ယားနှင့် ပုတ်ရဟန်းမင်းတို့၏ လက်အောက်သို့ ရောက်သွား

ခဲ့ပြန်လေသည်။ ဆာဒင်းနီးယား ကျွန်းကို အရေးတော်ပုံ

အတွင်းက လက်လွှတ်ခဲ့ရသော ဆဗွိုင်းမင်းဆက်က ပြန်လည်

အုပ်စိုး၏။ စစ္စစလီနှစ် ပြည်ထောင်ကို ဗူးဗွန်မင်းဆက် ဖာဒီနန်

က ပြန်လည်အုပ်စိုး၍ ယခင်က ပုတ်ရဟန်းမင်း၏နယ်မြေများ

ကို ပုတ်ရဟန်းမင်းပင်လျှင် ပြန်လည်ရရှိခဲ့လေသည်။ ကျန်

နေရာများတွင် ဩစတြီးယန်းဘုရင်၏ အာဏာစက် ပျံ့နှံ့

ခဲ့လေသည်။ ထိုနောက် အီတလီပြည်သူပြည်သားတို့သည်

တစ်နိုင်ငံလုံး သွေးစည်းရေးနှင့် လွတ်လပ်ရေးအတွက်

လှုပ်ရှားစပြုလာကြ၏။ ဩစတြီယားကလည်း ဤသို့သော

လှုပ်ရှားမှုများကို အပြင်းအထန် နှိပ်ကွက်ခဲ့၏။ သို့ရာတွင်

အီတလီ ပြည်သူပြည်သားတို့၏ ဆန္ဒမှာလည်း ထိုအတူ

ပြင်းထန်နေပြီ ဖြစ်သောကြောင့် အီတလီ နိုင်ငံတွင်း၌

အုပ်စိုးသူ နိုင်ငံခြားသားများကို လျှို့ဝှက်စွာ လုပ်ကြံသတ်ဖြတ်မှုများ

ပေါ်ပေါက်လာခဲ့လေသည်။ ၁၈၃၁ ခုနှစ်တွင် ဆာဒင်းနီးယား

ဘုရင်အဖြစ် ဆက်ခံသော ချားအဲလဗတ်သည် အီတလီနိုင်ငံ

စည်းလုံး လွတ်လပ်ရေးတွင်များစွာ စိတ်ပါဝင်စား၍ အီတလီနိုင်ငံရှိ

ပြည်နယ်အသီးအသီး တို့ကလည်း ဆာဒင်းနီးယား ဘုရင်ကိုပင်

အားကိုးအားထား ပြုလာကြ၏။ ထိုအချိန်တွင် စူးရှသောအမြင်ရှိသူ

ခေါင်းဆောင် ကြီး ဂျူးဆက် မတ်ဇီနီသည် အီတလီစည်းလုံး

လွတ်လပ်ရေးကို ရှေးရှုလျက် ပွင့်သစ်စအီတလီ ဟူသော

အီတလီလူငယ်များ အဖွဲ့ကို ဖွဲ့စည်းလေသည်။

မတ်ဇီနီ ဂျီ-။

ထိုပွင့်သစ်စ အီတလီအသင်း၏ လုပ်ငန်းစဉ်မှာ အခြားအသင်းအဖွဲ့

များကဲ့သို့ လျှို့ဝှက်စွာ လုပ်ကြံ သတ်ဖြတ်ရန် မဟုတ်၊

ပညာတတ်လူငယ်ကလေးများကို သိမ်းသွင်း စုရုံး၍ဆူပူထကြွရန်

ဖြစ်လေသည်။ သူတို့၏ ရည်ရွယ်ချက်မှာ အီတလီနယ်မြေမှ

သက်ဦးဆံပိုင် အုပ်စိုးသူများကို အပြီးတိုင် မောင်းနှင်ထုတ်ပြီးနောက်

တစ်ပြည်လုံး သွေးစည်းကာ သမ္မတနိုင်ငံထူထောင်ရန်ဖြစ်၏။

၁၈၄၈ ခုနှစ်တွင် ဥရောပအနောက်ပိုင်းတစ်ခုလုံး တော်လှန်ရေးမီးတဟုန်းဟုန်း

တောက်လောင်ခဲ့လေရာ၊ အီတလီပြည်သို့လည်း ကူးစက်ခဲ့လေသည်။

တစ်နိုင်ငံလုံး ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်သဖြင့် နေပယ်နှင့်

ဗင်းနစ်တို့တွင် စည်းမျဉ်း တကျ အုပ်ချုပ်သောအစိုးရအဖွဲ့များ

ဖွဲ့စည်းခွင့် ပေးခဲ့ရလေသည်။ ခေါင်းဆောင်ကြီး မတ်ဇီနီ၏

နောက်လိုက်များတွင် မျိုးချစ်ခေါင်းဆောင်ကြီးဂျူးဆက်ဂယ်ရီဗောဒီး၏

ဆောင်ရွက်ချက်များမှာ အီတလီနိုင်ငံသမိုင်းတွင် ထင်ရှားလှပေသည်။

မတ်ဇီနီနှင့် ဂယ်ရီဗောဒီးတို့သည် ပုတ်ရဟန်းမင်း နဝမ

ပိုင်းယတ် အုပ်စိုးလျက်ရှိသည့် ရောမမြို့ကို သိမ်းပိုက်ခဲ့ကြ

လေသည်။ သို့ရာတွင် လာရောက်ကူညီ၍ ရောမမြို့ကို ပုတ်

ရဟန်းမင်းသည် ပြန်လည်အုပ်စိုးရပြန်လေသည်။

ဂယ်ရီဗော ဒီးဂျီ-။

ထိုအချိန်တွင် စစ္စလီကျွန်းကလည်း ဩစတြီးယား

လက်အောက်မှ အလွတ်ရုံးနိုင်ခဲ့လေသည်။ ထိုမျှ မကသေး၊

ဆာဒင်းနီးယားဘုရင် ချားအဲလဗတ်သည် ၁၈၄၉ ခုနှစ်တွင်

အရေးနိမ့်ခဲ့သဖြင့် ထီးနန်းစွန့်ရလေရာ သူ၏ သားတော်

ဒုတိယ ဗစ်တာအီမန်းနျူးဆက်က ဆက်ခံ၏။ သူ၏

လက်ထက်တွင်လည်း လွတ်လပ် စည်းလုံးရေးစိတ်ဓာတ်များ

သည် ခိုင်မြဲလျက်ပင် ရှိလေသည်။

ဗစ်တာအီမန်နျူးအယ်၊ ဒုတိယ-။

ဗစ်တာအီမန်းနျူးအယ်သည် ဩစတြီယားနိုင်ငံမှပေးသော

အခွင့်အရေးကို လက်မခံဘဲ အီတလီလွတ်လပ် စည်းလုံးရေးကို

လုံးပန်းလျက် ၁၈၅၂ ခုနှစ်တွင် နောင်အခါ အီတလီတစ်နိုင်ငံ

လုံး အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ခဲ့သူ ကောင့်ကဗူး

အား သူ၏နန်းရင်းဝန်အဖြစ် ရွေးချယ်ခန့်ထားလိုက်လေရာ

သူ၏လုပ်ငန်းစဉ် များသည် အထူးပင် အောင်မြင်ခဲ့လေသည်။

ကောင့်ကဗူးကား အမြော်အမြင်ကြီးမားလှသော တိုင်းပြည်ပြု

သုခမိန်ကြီးပင်တည်း။

ကဗူးစီ၊ ဗီ-။

ကဗူးသည်ပြင်သစ်ဘုရင် တတိယ နပိုလီယန်နှင့် ပူးပေါင်း၍

ဩစတြီးယားကို တိုက်ခိုက်ရန် အီမန်းနျူးအယ် ဘုရင်အား

တိုက်တွန်းလေရာ ဘုရင်က သဘောတူခဲ့သဖြင့် ဣတလျံစစ်

တပ်တို့သည် ပြင်သစ် စစ်တပ် များနှင့်ပူးပေါင်းကာ ဩစတြီး

ယန်းတပ်တို့အား အီတလီမြောက်ပိုင်းမှ မောင်းထုတ်နိုင်ခဲ့ကြ

လေသည်။ သို့ရာတွင် တတိယနပိုလီယန်သည် အီတလီ၏ဆန္ဒ

မပြည့်မီ ဩစတြီးယားနှင့် စစ်ပြေငြိမ်းလိုက်သဖြင့် ဩစတြီး

ယားတို့၏ လက်အောက်တွင် ဗင်းနစ်ပြည်နယ် ကျန်ရစ်ခဲ့လေ

သည်။ ထိုအချိန်တွင် ဂယ်ရီ ဗောဒီးသည် လက်ရွေးစဉ် အီတလီ

မျိုးချစ်သူရဲကောင်း ၁ဝဝဝ ခန့်နှင့်စစ္စလီကျွန်း ပေါ်မှ စတင်

တိုက်ခိုက်ပြီးနောက် အီတလီကျွန်းပေါ်သို့ တက်ရောက်ခဲ့လေ

သည်။ တောင်ပိုင်းသားတို့ကလည်း ပြင်သစ်စစ်တပ်များကို

နေရာအနှံ့အပြားတွင် တစ်ပြိုင်တည်း တော်လှန်ကြလေသည်။

ပြင်သစ် လက်အောက်ခံ အီတလျံစစ်သား အပေါင်းတို့သည်

လည်း ဂယ်ရီဗောဒီး၏ တော်လှန်ရေးစစ်တပ်ကြီးနှင့် ပူးပေါင်း

ကြသောကြောင့် ဂယ်ရီဗောဒီး၏ စစ်တပ်ကြီးသည် တမုဟုတ်

ခြင်းပင် လူအင်အား လက်နက်အင်အား တောင့်တင်းလာလေရာ

များမကြာမီပင် နေပယ်မြို့တော်တွင်းသို့ အောင်တပ်ခင်းကာ

ဝင်ရောက်နိုင်ခဲ့လေသည်။ သို့ဖြင့် စစ္စလီနှစ်ပြည်ထောင်မှာ

ဗစ်တာ အီမန်းနျူးအယ်၏ ပိုက်နက်အတွင်း ပါဝင်ခဲ့လေသည်။

၁၈၆ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဗစ်တာ အီမန်းနျူးအယ်

အား အီတလီနိုင်ငံသစ်ကြီး၏ ဘုရင်အဖြစ် တင်မြှောက်

အုပ်စိုးစေခဲ့လေသည်။ ထိုအချိန်အထိ ပုတ်ရဟန်းမင်း အုပ်စိုး

သော နယ်အချို့နှင့် ဗင်းနစ်ပြည်နယ်မှာ အီတလီနိုင်ငံသစ်

အတွင်းသို့ မပါဝင်သေးချေ။ သို့ရာတွင် ၁၈၆၆ ခုနှစ်တွင်

ဖြစ်ပွားသော ဩစတြီယား-ပရပ်ရှားစစ်ပွဲတွင် အီတလီတို့သည်

ပရပ်ရှားဘက်မှ ကူညီခဲ့သဖြင့် ဗင်းနစ်မြို့မှ ဆုလာဘ်အဖြစ်

ရရှိခဲ့လေသည်။ ရောမမြို့တော်နှင့်တကွ ပုတ်ရဟန်းမင်း အုပ်စိုးသော

နယ်ပယ်များမှာမူ ပြင်သစ်စစ်တပ်များက ကာကွယ် ထားသဖြင့်

အီတလီနိုင်ငံသစ်တွင် မပါဝင်ခဲ့သေးပဲ ၁၈၇ဝ ပြည့်နှစ်၌

ပြင်သစ်-ပရပ်ရှားစစ်ပွဲကြောင့် ပြင်သစ်စစ်တပ်များ ရုပ်သိမ်း

သွားရသောအခါ ဗစ်တာအီမန်းနျူးအယ်ဘုရင်သည် အလုံး

အရင်းနှင့်ချီတက် တိုက်ခိုက်သိမ်းပိုက်သဖြင့် ရောမမြို့တော်ကို

ရရှိလေသည်။ သို့ဖြင့် ပုတ်ရဟန်းမင်းလည်း အခွင့်အရေး

အာဏာများ ဆုံးရှုံးလျက် ရောမမြို့တော်အစွန်ရှိ ဗက်တီကင်

မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ရလေသည်။ ထိုအခါတွင်

အီတလီနိုင်ငံသည် လုံးဝလိုလိုပင် စည်းလုံးမိလေတော့သည်။

အီတလီနိုင်ငံ စည်းလုံးမိပြီးသည့်နောက် ဗစ်တာအီမန်းနျူး

အယ်၏ တာဝန်များမှာ ပြည်တွင်းငြိမ်းချမ်းရေး စည်ပင်

သာယာရေးပင် ဖြစ်၏။ ထိုတာဝန်များကို ၁၈၇၈ ခုနှစ်တွင်

ဗစ်တာအီမန်းနျူးအယ် နတ်ရွာစံ၍ သူ၏သားတော်

ဟမ်းဗတ်က ဆက်လက် ဆောင်ရွက်ရလေသည်။ ထိုအခါတွင်

အီတလီနိုင်ငံနှင့် အနီးအနားရှိ အီတလီပိုင်သင့်သည်ဟု

ယူဆသောနယ်များကို ပူးပေါင်းရန် လိုလားသော သူတစ်စု၏

နိုင်ငံရေး လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်ခဲ့လေသည်။ ၁၉ဝဝ

ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ချစ်ခင်လေးစားခြင်းခံရသော

ဟမ်းဗတ်အား လုပ်ကြံသတ်ဖြတ်လိုက်ကြလေရာ သူ၏

သားတော် တတိယအီမန်းနျူးအယ် နန်းတက် လေသည်။

ထိုအခါ အီတလီနိုင်ငံကို ဥရောပနိုင်ငံကြီးတစ်ခုအဖြစ်

အသိအမှတ် ပြုရေးအတွက်လည်းကောင်း၊ နယ်သစ်များရရှိရေး

အတွက် လည်းကောင်း ကြိုးပမ်းခဲ့ရာတွင် ပြည်သူပြည်သား

များမှာ အခွန်အတုတ် ကြီးလေးစွာ တောင်းခံခြင်း ခံရလေ

သည်။ ၁၉ဝ၈ ခုနှစ်တွင် အီတလီတောင်ပိုင်းနှင့် စစ္စလီကျွန်း

တစ်ပိုင်း၌ ပြင်းထန်သော မြေငလျင်ဘေးကြောင့် မြို့ပြပြည်ရွာ

များ ပျက်စီးခဲ့၍ လူပေါင်း တစ်သိန်းငါးသောင်းကျော် သေကြေ

ပျက်စီးခဲ့ရုံမက တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရောဂန္တရကပ်

ဖိစီးခြင်းကို နှစ်ပေါင်း အတန်ကြာ အပြင်းအထန် ခံစားလိုက်ရ

သောကြောင့် အခြေအနေ အတော်ပင်ယိုင်ခဲ့ရလေသည်။

ယင်းသို့ အခြေယိုင်လာသောအခါ အီတလီနိုင်ငံမှာ ငြိမ်းချမ်း

ရေး ဝါဒကို လက်ကိုင် မပြုနိုင်တော့ပဲ နယ်ချဲ့ရန် ကြိုးစားရ

လေတော့သည်။ ရှေးဦးစွာ အာဖရိကတိုက်ရှိ အီရစ်ထရီးယားနှင့်

ဆိုမာလီလန် နယ်မြေအချို့ကို သိမ်းပိုက်လေသည်။ ထိုနောက် တူရကီ

ပိုင် တြိပိုလီနယ်ရှိ အီတာလျံ လူမျိုးများကို ကာကွယ်ရန်

ဟူသော အကြောင်းပြချက်ဖြင့် တူရကီကို စစ်ကြေညာလိုက်

လေသည်။ ထိုစစ်ပွဲတွင် အီတလီသည် တူရကီတို့ထံမှ တြိပို

လီနယ်ကို ရရှိ လိုက်၏။ ထိုအချိန်တွင် အီတလီနိုင်ငံတွင်း၌

နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အတော်ပင် ဆူပူလာခဲ့လေသည်။

နိုင်ငံရေးခေါင်းဆောင်များအနက် ဆိုရှယ်လစ်အဖွဲ့၏ကြွေးကြော်

သံ အဗန်တီ သတင်းစာ၏ အယ်ဒီတာချုပ် ဗင်နီတိုမူဆိုလီနီ

သည် ပြည်ရေးပြည်ရာအဖြာဖြာကို သူ၏သတင်းစာမှ

ပြင်းထန်စွာ ဝေဖန်ရေးသားသဖြင့် ထင်ရှားလာလေသည်။

မူဆိုလီနီဗင်နီတို-။

၁၈၈၂ ခုနှစ်မှစ၍ အီတလီနိုင်ငံသည်

ဂျာမနီ၊ ဩစတြီးယားတို့နှင့် သုံးပြည်ထောင် မဟာမိတ်စာချုပ်

ချုပ်ဆိုထားခဲ့သည် မှန်သော်လည်း ပြင်သစ်နိုင်ငံနှင့်သာ ပိုမိုရင်းနှီးစွာ

ဆက်ဆံခဲ့သောကြောင့် ၁၉၁၄ ခုနှစ် တွင် ပထမကမ္ဘာစစ်ကြီး

ဖြစ်ပွားသောအခါ ပြင်သစ်၊ အင်္ဂလိပ်နှင့်ရုရှတို့ ပါဝင်သော

မဟာမိတ်နိုင်ငံများ ဘက်မှ ပါဝင်ရန် သေချာသလောက်

ဖြစ်ခဲ့၏။ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသောအခါ အီတလီနိုင်ငံသည်

ရုတ်တရက် ပါဝင်တိုက်ခိုက်ခြင်း မပြုသေးပဲ ၁၉၁၅ ခုနှစ်

မေလအထိ စစ်ထဲသို့ ဝင်ရေးမဝင်ရေးတွင် အမျိုးမျိုး ဝေဖန်

ဆွေးနွေးခဲ့ကြလေသည်။ မူဆိုလီနီသည် သူ၏သတင်းစာမှနေ၍

ဤစစ်ကြီးတွင် အီတလီသည် မဟာမိတ်နိုင်ငံများဘက်မှ ပါဝင်

တိုက်ခိုက်ရန် အပြင်းအထန် လှုံ့ဆော်ရေးသားခဲ့လေသည်။

ကမ္ဘာစစ်၊ ပထမ-။

၁၉၁၅ ခုနှစ် မေလတွင် အီတလီနိုင်ငံသည် ဩစတြီးယား၊

ဟန်ဂေရီနိုင်ငံများကို စစ်ကြေညာလိုက်လေသည်။ ထိုနောက်

တွင် ဆက်လက်၍ ဗူလဂေးရီးယား၊ တူရကီနှင့် ဂျာမနီနိုင်ငံ

တို့ကိုလည်းလည်း စစ်ကြေညာခဲ့၏။ ယင်းသို့ အီတလီနိုင်ငံ

ပါဝင်လာသည့်အတွက် မဟာမိတ်နိုင်ငံများမှာ များစွာ အထောက်အကူ

ရရှိခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ရုရှားဘက်မှစစ်ရေးမသာခိုက် ဂျာမန်တို့

အင်အားတောင့်တင်းလာသောကြောင့် အီတလီတို့သည် မိုင်ပေါင်းများစွာ

ဆုတ်ခဲ့ရလေသည်။ သို့ရာတွင် နောက်တစ်နှစ်၌ အားသစ်အင်သစ်

ဖြည့်တင်းပြီးဖြစ်သော အီတလီစစ်တပ်များက ဩစတြီးယားကို

အပြုတ်တိုက် ထုတ် နိုင်ခဲ့လေသည်။ ၁၉၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်

နေ့တွင် စစ်ကြီးပြီးဆုံးနိုင်ခဲ့ခြင်းမှာ အီတလီတို့၏ လျင်မြန်

လှသော အောင်မြင် မှုများကြောင့်လည်း ဖြစ်ပေသည်။ စစ်ကြီး

အပြီးတွင် အီတလီသည် ဝေစုအဖြစ် ဗီနီးရှား၊ ထရိုင်ဒင်ရှား၊

ဂေါရိဇားနှင့် ဂရေဒစ်စကား၊ ထရိယက်စဘီ၊ အစ္စတြီးယား

ဇာရာ၊ ဒါလမေရှားပြည်နယ်တွင် ပါဝင်သော ကျွန်းကလေးများ

နှင့် ဖီးယမ်းနယ်မြေများကို ရရှိခဲ့သည်။ စစ်ပွဲတွင် လူပေါင်း

ခြောက်သိန်းကျော်သေ၍ တစ်သန်းကျော် ဒဏ်ရာရခဲ့လေသည်။

မူဆိုလီနီသည်လည်း စစ်ထဲသို့ ပါဝင်ခဲ့၍ ဒဏ်ရာရရှိခဲ့၏။

စစ်ကြီး ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အီတလီနိုင်ငံတွင်း၌

နိုင်ငံရေးနှင့် စက်မှုလက်မှု အလုပ်သမားများ အရေးသည်

ရှုပ်ထွေးလာခဲ့လေသည်။ အခက်အခဲများမှာ ကုန်ဈေးများ

အဆမတန်ကြီးခြင်း၊ စစ်ပြန် အလုပ်လက်မဲ့များ ပေါများခြင်း၊

နိုင်ငံရေးလှုပ်ရှားမှုများနှင့် စစ်ပြေငြိမ်းရေး အစီအစဉ်နှင့်

စပ်လျဉ်း၍ မကြေနပ်မှုတို့ပင် ဖြစ်၏။ ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ

ပြည့်နှစ်များတွင် အလုပ်သမား၊ လယ်သမားများ အနှံ့အပြား

သပိတ်မှောက်ကြလေရာ၊ အလုပ်ရုံအချို့တွင် ဆိုရှယ်လစ်

အလုပ်သမားအဖွဲ့က လူစားထိုးနိုင်ခဲ့သော်လည်း၊ နိုင်ငံရေး

သဘောကွဲလွဲမှုများကြောင့် ဆိုရှယ်လစ်တို့ မအောင်မြင်ခဲ့ချေ။

၁၉၁၉ ခုနှစ် မတ်လတွင် မူဆိုလီနီသည် နောက်လိုက် များကို

စုရုံးကာ ဖက်ဆစ်အစည်းအရုံးကြီးကို ဖွဲ့စည်းတည်

ထောင်ခဲ့လေသည်။

ဖက်ဆစ်ဝါဒ-။

နိုင်ငံဆူပူလျက် ရှိသော ၁၉၁၉ ခုနှစ်နှင့် ၁၉၂ဝ

ပြည့်နှစ်များအတွင်း ဖက်ဆစ် အစည်းအရုံးသည်

လူအင်အားစုဆောင်းခြင်း၊ ဆိုရှယ်လစ်နှင့် ဗရင်ဂျီ

အလုပ်သမားအဖွဲ့များကို တိုက်ရန် ကြိုးပမ်းခြင်းတို့ဖြင့်

အချိန်ကုန်ခဲ့လေသည်။ မူဆိုလီနီသည် သူ၏တပ်ဖွဲ့ကို ရှပ်နက်

အပျော်ထမ်းတပ်ဖွဲ့ ဟုအမည်ပေးခဲ့၏။

ဆိုရှယ်လစ်အဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ခဲ့သော မူဆိုလီနီသည်

ယခုအခါတွင် ဆိုရှယ်လစ်တိုက်ဖျက်ရေး၊ ကွန်မျူနစ်ဆန့်ကျင်

ရေးကို စနစ်တကျ စီစဉ်လေသည်။ ဆိုရှယ်လစ်နှင့် ကွန်မျူနစ်

တို့၏ လုပ်ငန်းစဉ်များကို အစွမ်းကုန်တိုက်ဖျက်ကြ၍၊ နောက်

ဆုံးတွင် အရေးပါအရာရောက်သော ဆိုရှယ်လစ်နှင့်ကွန်မျူနစ်

ခေါင်းဆောင်ကြီးများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း

တို့ဖြင့် နှိမ်နင်းကြလေသည်။ ထိုအချိန်တွင် အီတလီလူငယ်

အများအပြားသည် တဖြည်းဖြည်း တန်ခိုးကြီးလာသော

ဖက်ဆစ်အစည်းအရုံးသို့ အင်တိုက်အားတိုက် ဝင်ခဲ့ လေသည်။

၁၉၂ဝ ပြည့်နှစ်တွင် အီတလီဥပဒေပြုလွှတ်တော်သို့

ဖက်ဆစ်ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်နိုင်သည်အထိ

အင်အားကြီးမားလာခဲ့လေသည်။ ၁၉၂၁ ခုနှစ်နှင့် ၁၉၂၂ ခုနှစ်

များတွင် အီတလီနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေမှာ အတော်ပင်

ဆိုးရွားခဲ့သည်။ ထိုအချိန်တွင် ဖက်ဆစ်တို့၏ မတရား ဖိနှိပ်

ခြင်း ခံနေကြရသော ဆိုရှယ်လစ်နှင့်ကွန်မျူနစ်တို့သည် တစ်

နိုင်ငံလုံးတွင် သပိတ်မှောက်မှုများ ပေါ်ပေါက်အောင် လှုံဆော်

ခဲ့ရာ အောင်မြင်ခဲ့ကြလေသည်။

အစိုးရတွင် ပြည်လုံးကျွတ်သပိတ်ကြီးကို ဖြိုခွင်းရန် အစွမ်း

မရှိသည့်အဖြစ်ကို အခွင့်ကောင်းယူကာ အင်အားစုပြီးဖြစ်သော

ဖက်ဆစ်တို့သည် သပိတ်သမားများကို အပြင်းအထန် နှိပ်ကွပ်

ပြီးလျှင် တစ်နိုင်ငံလုံးကို ဖက်ဆစ်အာဏာဖြင့် လွှမ်းမိုးလိုက်

လေသည်။

၁၉၂၂ ခုနှစ် အောက်တိုဘာလတွင် မူဆိုလီနီ၏အမိန့်အရ

လေးသောင်းခန့်ရှိသော ရှပ်နက် တပ်ဖွဲ့ဝင်တို့သည် နေပယ်

မြို့တွင် ညီလာခံကြီးတစ်ခု ကျင်းပပြီးနောက် မြို့တွင်းသို့

လှည့်လည် အင်အားပြကာ ရောမ မြို့တော်သို့ လက်နက်စွဲ

ကိုင်၍ ချီတက်ခဲ့ကြလေသည်။

ဖက်ဆစ်များ ရောမမြို့တော်အတွင်းသို့ ရောက်သည်နှင့်

တစ်ပြိုင်နက် တတိယဗစ်တာအီမန်းနျူးအယ် ဘုရင်သည်

မူဆိုလီနီအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍၊ အစိုးရအဖွဲ့

ဖွဲ့စည်းရန် လွှဲအပ်လေသည်။ အုပ်ချုပ်ရေး အာဏာကို

ရရှိသည်နှင့်တပြိုင်နက် မူဆိုလီနီသည် သူ၏အာဏာများကို

ပျံ့နှံ့လွှမ်းမိုးစေလေ တော့သည်။ နိုင်ငံတွင်း၌ ပြောင်းလဲမှု

များစွာ ပြုလုပ်စီမံ၍၊ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း လုံးဝ

အာဏာပိုင်အဖြစ် ကြိုးကိုင်လေသည်။ ၁၉၂၅ ခုနှစ်တွင် မူဆို

လီနီသည် အီတလီတနိုင်ငံလုံး၏ အချုပ်အခြာ အာဏာကို

အရယူ လိုက်၏။

ဘုရင်နှင့်ဒီမိုကရေစီ စနစ်များလည်း ပျောက်ကွယ်လျက်

အုပ်ချုပ်မှုအကြံပေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဖက်ဆစ်

ကောင်စီအဖွဲ့ကြီးက ဆောင်ရွက်သွားသည်။ မူဆိုလီနီအား

သတ်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ မအောင်

မြင်ရုံသာမက မူဆိုလီနီအား ပို၍ပင် ထင်ရှားလာစေလေသည်။

၁၉၄၃ ခုနှစ်တွင် မူဆိုလီနီသည် သူ၏စနစ်သစ်များအရ

ဥပဒေပြုလွှတ်တော်ကို ပြန်လည် ဖွဲ့စည်းခဲ့၏။ လွှတ်တော်သို့

တက်ရောက်ရန် ကိုယ်စားလှယ် များကို ရှေးကကဲ့သို့ နယ်ပယ်

အလိုက်မဟုတ်စေပဲ၊ အလုပ်အကိုင်အလိုက်ရွေးချယ်ခြင်းဖြစ်၏။

အလုပ်အကိုင်အလိုက် ဖွဲ့စည်းထားသော တရားဝင် အဖွဲ့အစည်း

ပေါင်း ၂၂ ခုကို အသိအမှတ်ပြု၍ ထိုအဖွဲ့ ၂၂ ဖွဲ့မှ ကောင်စီ

ဝင်များ ပါဝင်သော အမျိုးသားကောင်စီကို ပြည်သူ့လွှတ်တော်

အတွက် အစားထိုးခြင်းပင် ဖြစ်သည်။

မူဆိုလီနီသည် အီတလီနိုင်ငံကို အင်အားတောင့်တင်းသော

နိုင်ငံတစ်ခု ဖြစ်စေရန်၊ လူဦးရေ တိုးတက်ရေး၊ လယ်ယာ

စိုက်ပျိုးရေး၊ စက်မှုလက်မှု ထွန်းကားရေးတို့ကို အာဏာဖြင့်

စီမံဆောင်ရွက်ခဲ့လေသည်။ လယ်ယာ စိုက်ပျိုးရေးတွင် ယခင်

က မြေလပ်များကို တစ်ကွက်မကျန် ထွန်ယက်စိုက်ပျိုးစေ၍

ရေမိုးမလုံလောက်သော ဒေသများတွင် ဆည်မြောင်းများ

ဖောက်လုပ်စေ၏။ ကျောက်မီးသွေး ရှားပါးမှုကြောင့် တောင်ကျ

ရေအားဖြင့် လည်သော စက်ရုံများကို တည်ဆောက်ကာ ကုန်

ပစ္စည်းထုတ်လုပ်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်စေ

လေသည်။

ဤသို့လျှင် အီတလီနိုင်ငံတွင် တိုးတက်မှု များစွာရှိခဲ့သော်

လည်း၊ ကုန်ရိုင်းအထွက် နည်းပါးသောကြောင့် ဝယ်ယူသုံးစွဲရ

လေရာ အဝင်နှင့်အထွက် မျှတရုံသာ ရှိ၍ စီးပွားရေး တိုးတက်

မှုမှာ ထင်သလောက် ခရီး မရောက်နိုင်ခဲ့ချေ။ ထိုသို့ရှိစဉ်ပင်

မူဆိုလီနီသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များကို တိုးချဲ့

လိုက်ပြန်သဖြင့် အီတလီနိုင်ငံမှာ အကြွေးထူသော နိုင်ငံတစ်ခု

ဖြစ်လာလေသည်။ ထိုအခါတွင် မူဆိုလီနီသည် ကုန်ရိုင်းများစွာ

ထွက်မည့် အာဖရိကတိုက်တွင် နယ်ချဲ့ရန် စီစဉ်ရလေတော့

သည်။

၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် အီတလီစစ်တပ်များသည်

အာဖရိကအရှေ့ပိုင်းရှိ အီသီအိုးပီးယားနိုင်ငံကို တိုက်ခိုက်

လေသည်။

အီသီအိုးပီးယားနိုင်ငံ။

အီသီအိုးပီးယား နိုင်ငံသည် နိုင်ငံပေါင်းချုပ်အသင်းဝင်

နိုင်ငံတစ်ခုဖြစ်၍ အီတလီ တို့၏ ကျူးကျော်စော်ကားမှုကို

နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ တိုင်တန်းလျက်၊

လိုအပ်သည့် အကာအကွယ်များကို တောင်းခံခဲ့၏။

သို့ရာတွင် ထိရောက်သော အကာအကွယ် တစ်စုံတစ်ရာ

မရရှိသောကြောင့် အီသီအိုးပီးယားနိုင်ငံသည် အီတလီ လက်

အောက်သို့ ကျရောက်ခဲ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံကို

ရရှိပြီးနောက် မူဆိုလီနီ၏ နယ်ချဲ့ခြေလှမ်းသည် သွက်လက်

ခဲ့လေသည်။ စပိန်သူပုန်အရေးတွင် မူဆိုလီနီသည် ဂျာမနီ

အာဏာရှင် ဟစ်တလာနှင့်ပူးပေါင်း၍ သူပုန်တို့အား လူအား

လက်နက်အားဖြင့် ကူညီခဲ့လေသည်။ ဤသို့ ဂျာမနီနှင့်ပူးပေါင်း

မိသောအခါ၊ အရှေ့တိုင်းမှ အင်အားကြီးမား လာသော ဝါဒတူ

ဂျပန်နိုင်ငံနှင့်လည်း စကားကမ်းလှမ်းကား အီတလီ၊ ဂျာမနီနှင့်

ဂျပန် သုံးနိုင်ငံတို့သည် ကွန်မျူနစ် ဆန့်ကျင်ရေးစာချုပ်ကို

ချုပ်ဆိုခဲ့ကြလေသည်။

၁၉၃၆ ခုနှစ်တွင် မူဆိုလီနီသည် အယ်လဗေးနီးယားနိုင်ငံကို

အနိုင်အထက် သိမ်းယူပြီးနောက် ဗော်လကန်နိုင်ငံများအထိ

လွှမ်းမိုးရန် ကြံစည်ဆဲတွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့လေ

သည်။

အယ်လဗေးနီးယားနိုင်ငံ-။

၁၉၃၉ ခုနှစ် စက်တင်ဘာလတစ်ရက်နေ့တွင် ပိုလန်နိုင်ငံကို ဂျာမန်စစ်တပ်

များက ဝင်ရောက်တိုက်ခိုက်သာအခါတွင် မူဆိုလီနီသည်

ထောက်ခံအားပေးခြင်း မပြုသေးဘဲ၊ စေ့စပ်ရေးအတွက်

ကြိုးစားခဲ့လေသည်။ ကမ္ဘာစစ်ကို အချိန်ဆွဲထားလိုသေးသော

ပြင်သစ်နှင့်အင်္ဂလိပ်တို့ကလည်း မူဆိုလီနီ၏ စေ့စပ်ရေးကို

သဘောတူကာ ဂျာမန်စစ်တပ်များကို ပိုလန်နိုင်ငံအတွင်းမှ

ထွက်ခွာပေးရန် တောင်းဆို ကြလေသည်။ သို့ရာတွင်

အာဏာရှင်ဟစ်တလာသည် စေ့စပ်ရေးကို လျစ်လျူရှု

လိုက်သဖြင့် မူဆိုလီနီသည် ဝါဒတူ ဟစ်တလာဘက်သို့

လိုက်ပါ၍ အင်္ဂလိပ်နှင့်ပြင်သစ်တို့အား ဒုတိယကမ္ဘာစစ်

အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ကမ္ဘာစစ်၊ ဒုတိယ။

ဤသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မူဆိုလီနီသည်

အာဖရိကတိုက်မြောက်ပိုင်းနှင့် အီတလီ အနောက် မြောက်

နယ်စပ်တွင် စစ်မျက်နှာဖွင့်ခဲ့လေသည်။ ပထမတွင် မဟာမိတ်

တပ်များ အသင့်ပြင်ဆင်ပြီး မရှိသေးသည်နှင့် အာဖရိက

စစ်မျက်နှာတွင် အီတာလျံတို့ အရေးသာလျက်ရှိသော်လည်း

၁၉၄ဝ ပြည့်နှစ် ကုန်လောက် တွင် မဟာမိတ်တို့ အင်အား

တောင့်တင်းလာသောကြောင့် အီတာလျံတို့ အရေးရှုံးနိမ့်ကာ

ဆုတ်ခွာခဲ့ရလေသည်။ ဤသို့ရှိစဉ် မူဆိုလီနီသည် အယ်လဗေး

နီးယားနိုင်ငံကိုဖြတ်၍ ဂရိနိုင်ငံသို့ ချီတက်တိုက်ခိုက်လေသည်။

ဂရိစစ်မျက်နှာတွင်လည်း ဂျာမန်စစ်တပ်များက ကူညီမှသာ

အီတာလျံတို့ ထင်တိုင်းပေါက်ကာ ယူဂိုစလားဗီးယားနိုင်ငံ

တစ်ပိုင်းတစ်စနှင့် ဂရိနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့သည်။

၁၉၄၁ ခုနှစ် ဆန်းစတွင်ကား အီတာလျံတို့သည် စစ်

မျက်နှာတိုင်းတွင် အရှုံးကြီး ရှုံးနေသဖြင့်၊ ဂျာမနီနိုင်ငံက ကူညီ

ခဲ့ရလေသည်။ အာဖရိကတိုက်မြောက်ပိုင်းသို့ ဂျာမန်စစ်ကူ

တစ်သိန်းကျော်ပို့သဖြင့် မဟာမိတ် တို့ ဒုတိယအကြိမ်

နောက်ဆုတ်ရပြန်၏။ ၁၉၄၁ ခုနှစ် ဧပြီလတွင် ဂျာမန်နှင့်

ဣတာလျံ စစ်တပ်များသည် အီဂျစ်နယ်စပ်ကိုပင် ဖြတ်ကျော်

နိုင်ခဲ့ပေသည်။ သို့သော် မကြာမီ အာဖရိကတိုက် မြောက်ပိုင်း

စစ်မျက်နှာတွင် ဗြိတိသျှစစ်တပ်များသည် အင်အားတောင့်တင်း

လာပြန်သောကြောင့် အီသီအိုးပီးယားနိုင်ငံကိုပင် ပြန်လည်

သိမ်းယူလိုက်ကြလေသည်။ ထိုအချိန်လောက်မှစ၍ အီတလီ၏

စစ်အခြေအနေမှာ တဖြည်းဖြည်း နိမ့်၍ ဆင်းခဲ့သောကြောင့်

နေရာတိုင်းတွင် ဂျာမနီကို အားကိုအားထား၍ အင်အားဖြည့်

တင်းခဲ့သော်လည်း အရေးနိမ့် မြဲ နိမ့်လျက်သာရှိခဲ့ရာ၊ ၁၉၄၃

ခုနှစ် မေလတွင် အာဖရိကတိုက်မြောက်ပိုင်းမှ ဝင်ရိုးတန်း

စစ်တပ်များ စစ္စလီကျွန်းအထိ ဆုတ်ခွာခဲ့ကြရလေသည်။

ထိုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် မဟာမိတ်စစ်တပ်များက

စစ္စလီကျွန်းကို တက်ရောက်တိုက်ခိုက်သောအခါ အီတာလျံ

ဖက်ဆစ်ကောင်စီအဖွဲ့ကြီးတွင် အပြင်းအထန် အခြေအတင်

ပြောဆိုပြီးနောက် မူဆိုလီနီကို ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချ၍

အကျဉ်းချထားခဲ့ပြီးလျှင် မာရှယ်ဗဒေါ့လျိုအား ဝန်ကြီးချုပ်

အဖြစ် တင်မြေ|ာက် လိုက်ကြလေသည်။ ထိုအခါ ဟစ်တလာ

သည် မူဆိုလီနီအား အချုပ်မှ ခိုးယူကယ်တင်ကာ ၁၉၄၃ ခုနှစ်

စက်တင်ဘာလ ၂၃ ရက်နေ့တွင် အီတလီမြောက်ပိုင်း၌

ဖက်ဆစ်သမ္မတအစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်ရန် ကူညီခဲ့လေ

သည်။

ဗဒေါ့လျိုအစိုးရသည် မဟာမိတ်တို့ဖြင့် စစ်ပြေငြိမ်းရန်

စေ့စပ်သော်လည်း နောက်ကျခဲ့ပြီ ဖြစ်သောကြောင့် ၁၉၄၃

ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ခြွင်းချက်မရှိ လက်နက်

ချလိုက်ရလေတော့သည်။ အုပ်ချုပ်ရေးကို ဗဒေါ့လျိုအား

ပြန်လည်ပေးအပ်သော်လည်း ၁၉၄၄ ခုနှစ်တွင် ဗဒေါ့လျို

ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ဆိုရှယ် လစ်ခေါင်းဆောင်ကြီး

အီဗနိုဗိုနိုမီသည် ဝန်ကြီးချုပ် ဖြစ်လာလေသည်။ အီတလီနိုင်ငံ

မြောက်ပိုင်းကို ဂျာမန်တို့ ကြိုးကိုင်သော မူဆိုလီနီ၏ ရုပ်သေး

အစိုးရက အုပ်ချုပ်နေခဲ့သေးသည်။

၁၉၄၅ ခုနှစ် ဧပြီလတွင် မဟာမိတ်တို့သည် အီတလီ

မြောက်ပိုင်းသို့ တိုက်စစ်ဆင်၍ ချီတက်ခဲ့လေသည်။ မဟာမိတ်

တို့အား လိုလားသည့် အီတာလျံလူမျိုးများစွာက ဟစ်တလာနှင့်

မူဆိုလီနီတို့၏ စစ်တပ်နောက်ပိုင်းမှနေ၍ အနှောက်အယှက်

ပေးကာ မဟာမိတ်စစ်တပ်များကို ကူညီခဲ့ကြ၏။ ၁၉၄၅ ခုနှစ်

ဧပြီလ ၂၆ ရက်နေ့ တွင် မူဆိုလီနီသည် သူ၏ဇနီး၊ သူ၏

အစိုးရအဖွဲ့ဝင်တို့နှင့်အတူ ဆွစ်ဇာလန်သို့ ထွက်အပြေး

နယ်စပ်ရှိ ကိုးမိုအိုင်အနီးတွင် ကွန်မြူနစ်ပါတီဝင်များကမိသဖြင့်

အားလုံးကို ပစ်သတ်လိုက်လေသည်။

၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသော်လည်း

အီတလီနိုင်ငံတွင်မူကား ပြည်တွင်းရေးများ ရှုပ်ထွေးလျက်ပင် ရှိသေး၏။

ပြည်တွင်းရေး အရှုပ်အထွေးများအတွင်း ဗိုနိုမီ၏အစိုးရအဖွဲ့

နုတ်ထွက်လိုက်ရာ ဖါရုချီပါရီသည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ကာ

အစိုးရအဖွဲ့ဖွဲ့၍ အုပ်ချုပ်လေသည်။ ထိုအစိုးရအဖွဲ့ လက်အောက်တွင်လည်း

ပြည်တွင်းရေး တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆူပူလှုပ်ရှားလာ

သဖြင့် လည်းကောင်း၊ အစိုးရအဖွဲ့ဝင် အခြားသောနိုင်ငံရေးအဖွဲ့

များ၏ ကိုယ်စားလှယ်များ ရာထူးမှ နုတ်ထွက်ကြသဖြင့်

လည်းကောင်း ဝန်ကြီးချုပ်ပါရီလည်း ရာထူးမှ နုတ်ထွက်ရပြန်

လေသည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အယ်

ဆီဒီ ဒါဂက်စပါရီဆိုသူ ဝန်ကြီးချုပ် အဖြစ်နှင့် ညွှန်ပေါင်း

အစိုးရအဖွဲ့တစ်ခု ထပ်မံ ဖွဲ့စည်းခဲ့ပြန်လေသည်။

ဒီမိုကရေစီစနစ်အရ ဖွဲ့စည်း အုပ်ချုပ်ခဲ့သော်လည်း အီတလီ

နိုင်ငံတွင် တတိယဗစ်တာအီမန်းနျူးအယ်ဘုရင်သည် ဘုရင်

အသစ်ရလျှင် အီတလီနိုင်ငံသားတို့က ဘုရင့်အစိုးရကို

ထောက်ခံကြလိမ့်မည်ဟု မြှော်လင့်ကာ ၁၉၄၆ ခုနှစ် မေလ ၉

ရက်နေ့တွင် ထီးနန်းစွန့်ပြီးလျှင် သူ၏သားတော်ဟမ်းဗတ်အား

ဒုတိယဟမ်းဗတ် အဖြစ် ထီးနန်းဆက်ခံစေသည်။ သို့ရာတွင်

ထိုနှစ်အတွင်း ကျင်းပသော လူထုဆန္ဒခံယူပွဲတွင် သမ္မတအစိုးရ

တည်ထောင်လိုသူများက အနိုင်ရသွားလေရာ ဒုတိယဟမ်းဗတ်

ဘုရင်သည်လည်း နန်းသက် ၃၅ ရက်ခန့်မျှနှင့် ထီးနန်းမှ

ဆင်းရလေတော့သည်။

အရိချို ဒါနိကိုလာသည် အီတလီနိုင်ငံ၏ ပထမဆုံး

ယာယီသမ္မတဖြစ်၏။ ၁၉၄၈ ခုနှစ်တွင် အိုင်နိုဒီအား

သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်ကြလေသည်။

သမ္မတ၏သက်တန်းမှာ ခုနစ်နှစ် ဖြစ်လေသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.