မျိုးစု

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း(Classes)ဟု ခေါ်ဆိုသည်။

  • မျိုးပေါင်း၏ အောက်တွင် မျိုးစဉ် (Ordo)ရှိသည်။
  • မျိုးစဉ်၏အောက်တွင် မျိုးရင်း (familia)ရှိသည်။
  • မျိုးရင်း၏အောက်တွင် မျိုးစု (genus)ရှိသည်။
  • မျိုးစု၏အောက်တွင် မျိုးစိတ် (species) ရှိသည်။
ကယန်းလူမျိုး

ပဒေါင် ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသ တွင် နေထိုင်သော လူမျိုး တစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် ခုမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်)၊ ကာကောင်း ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။

အများက ပဒေါင်ဟု သိထားသောလူမျိုးများသည် ကယန်းထဲတွင် ပါဝင်သည်။ သူတို့သည်လည်း “ပဒေါင်”ဟု ခေါ်သည်ကို မကြိုက်ချေ။ “ပဒေါင်”ဆိုသည်မှာ ရှမ်းတို့က ပေးသော အမည်ဖြစ်သည်။ သူတို့ဘာသာ မှည့်ခေါ်သော အမည် မဟုတ်။ သူတို့က ကယန်းဟု ခေါ်သည်ကိုနှစ်သက်သည်။ တစ်ခါတရံ အခြားကယန်းမျိုးကများနှင့် ကွဲပြားစေရန် သူတို့ကိုယ်သူတို့ “လည်ပင်းရှည်”၊ “ကြေးကွင်းပတ်”ဟုလည်း ညွှန်းပြီး ပြောတတ်သေးသည်။ [၁]

ကြောင်ကတိုး

ကြောင်ကတိုးကို ကြောင်နံ့သာဟုလည်း ခေါ်ကြသည်။ ရှားပါးသတ္တဝါစာရင်းဝင် ဖြစ်ပါသည်။

စွန် (ငှက်)

စွန်သည် ငှက်ရဲဖြစ်သည်။ လင်းယုန်နှင့် မျိုးတူ၍ သိမ်းငှက်မျိုးစုတွင် ပါဝင်သည်။ အရွယ် အားဖြင့် ငှက်ကြီးဖြစ်၍ ညိုသော အဆင်းရှိသည်။ အမြီးမှာရှည်၍ ခက်ရင်းကဲ့သို့ အခွေများဖြစ်နေသည်ကို အထင်အရှားမြင်ရသည်။

စွန်၏ သတ္တိထူးတစ်ခုမှာ ကြာမြင့်စွာ ကောင်းကင်၌ ပျံသန်းနေနိုင်ခြင်းဖြစ်သည်။ စွန်အား ရုတ်တစ်ရက် လိုက်၍မှီရန် ခဲယဉ်းလေသည်။ ပျံသန်းရာ၌ မည်သည့်ငှက်နှင့်မဆို ယှဉ်ပြိုင်နိုင်သော ငှက်မျိုးဖြစ်သည်။

အသိုက်ကို သစ်ပင်ထက်၌ တုတ်ချောင်းများဖြင့် ပြုလုပ် လေ့ရှိသည်။ တစ်ကြိမ်လျှင် ၃ ဥ၊ ၄ ဥ ဥသည်။ ဥများမှာ ဖြူဖွေး၍ အညိုပြောက်များဖြင့် ပြည့်နေသည်။ ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်စလုံး၌ စွန်များကို တွေ့ရသည်။ သို့ရာတွင် အမျိုးအစားမှာ တစ်နေရာနှင့်တစ်နေရာ မတူချေ။ ဥရောပတိုက်တွင် အာဖရိကတိုက်မှ နွေရာသီ၌ သာလျှင် ခေတ္တလာရောက်ကျက်စားသော စွန်များကို တွေ့ရပေသည်။ ဗြိတိန်ကျွန်းတွင်ကား၊ ယခင်အခါက စွန်များ အမြောက်အများနေကြသော်လည်း ယခုအခါ၌မူ အလွန်တွေ့ရခဲသည်။ မြောက်အမေရိကတိုက်တွင် စွန်မျိုး သုံးစားရှိသည်။ ကမ္ဘာ့အပူပိုင်း ဒေသများတွင်လည်း စွန်များ ကျက်စားကြသည်။ မည်သည့်အရပ်ဒေသ၌မဆို စွန်များသည် လူတို့စွန့်ပစ်ထားသော သား၊ ငါးများကို ရှင်းလင်းပေးသဖြင့် လူတို့အတွက် များစွာအသုံးကျသည်။

တိရစ္ဆာန်

တိရစ္ဆာန်သည် ဒိုမိန်း ယူကာရိုတာအုပ်စုကြီး၏အောက်တွင် ရှိသည်။ တိရစ္ဆာန်လောကဟု သိရာ၏။ ဒိုမိန်း ယူကာရိုတာအောက်တွင် ၎င်းအပါအဝင် နောက်ထပ် လောက သုံးခု ရှိ၏။ ၎င်းတို့မှာ (၁) ပရိုတစ္စတာ လောက(၂) အပင် လောက (၃) မှို လောက ဟူ၍ မှတ်သားရသည်။

နယူးဇီလန်နိုင်ငံ

နယူးဇီလန်သည် ပစိဖိတ်သမုဒ္ဒရာ၏ အနောက်တောင်ဖက်ပိုင်းတွင် ရှိသော ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး မြောက်ဖက်ကျွန်းနှင့် တောင်ဖက်ကျွန်းဟူသော ကုန်းမြေကြီး ၂ ခု နှင့် စတူးဝတ်ကျွန်း/ရာကီအူရာနှင့် ချသန်ကျွန်းများ စသည့် ကျွန်းများ အပါအဝင် ကျွန်းငယ်လေးများစွာပါဝင်သည်။ အစကနဦးနေထိုင်သူ မောင်အိုရီလူမျိုးတိုက နယူးဇီလန်ကို Aotearoa ဟု အမည်ပေးပြီး အင်္ဂလိပ်ဘာသာဖြင့် ရှည်လျားသော တိမ်ဖြူများရှိသည့်မြေ ဟု ပြန်ဆိုကြသည်။ နယူးဇီလန်၏ နယ်မြေတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရသော်လည်း နယူးဇီလန်နှင့် လွတ်လပ်စွာပေါင်းစပ်ထားသော ကွတ်ကျွန်းများနှင့် နျုးဝေး၊ တိုကလို နှင့် အန္တာတိကရှိ နယူးဇီလန်၏ နယ်မြေအဖြစ်သတ်မှတ်ထားသော ရော့စ်လက်အောက်ခံမြေတို့ပါဝင်ကြသည်။

နယူးဇီလန်သည် ပထဝီအနေအထားအရထူးခြားသည်။ တက်စ်မန်ပင်လယ်ခြား၍ ဩစတြေးလျ၏ အရှေ့တောင်ဖက် ၂၀၀၀ ကီလိုမီတာ (၁၂၅၀ မိုင်) အကွာတွင် တည်ရှိသည်။ သူ၏ မြောက်ဖက်ရှိ အနီးဆုံးအိမ်နီးချင်းနိုင်ငံများမှာ နယူးကယ်လီဒိုးနီးယား၊ ဖီဂျီ နှင့် တုံဂါတို့ဖြစ်သည်။ သူ၏ ကာလကြာရှည်စွာ အထီးကျန်ရပ်တည်ခဲ့မှုကြောင့် နယူးဇီလန်တွင် ကွဲပြားခြားနား၍ ငှက်တို့ကြီးစိုးသော တိရိစ္ဆာန်မျိုးစုများရှိသော်လည်း အများစုမှာ လူတို့ရောက်ရှိ၍ လူတို့နှင့်အတူပါလာသော နို့တိုက်သတ္တဝါများ ရောက်ရှိလာပြီးသည့် နောက်တွင် မျိုးတုံးသွားခဲ့သည်။

နယူးဇီလန်တွင် နေထိုင်ကြသူအများစုမှာ ဥရောပမှ ဆင်းသက်လာသူများဖြစ်ပြီး အစကနဦးနေထိုင်သူ မောင်အိုရီ လူမျိုးတို့မှာ လူနည်းစုလူမျိုးစုများအနက် ဦးရေအများဆုံးြဖစ်သည်။ အထူးသဖြင့် မြို့ကြီးများ၌ နေထိုင်သူများတွင် မောင်အိုရီများအပြင် အာရှသားနှင့် အခြားပိုလီနီးရှန်းများမှာလည်း ထင်ရှားသော လူမျိုးစုများဖြစ်သည်။ အဲလိဇဘက် ၂ သည် နယူးဇီလန်၏ ဘုရင်မဖြစ်ပြီး နိုင်ငံ၏ အကြီးအကဲလည်းဖြစ်သည်။ သူမအား ဘက်မလိုက်သော ဘုရင်ခံချုပ်က ကိုယ်စားပြုသည်။ ဘုရင်မသည် အကြီးအကဲဖြစ်သော်လည်း တိုင်းပြည်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ဘုရင်မသည် နိုင်ငံရေးအရ ဩဇာအာဏာမရှိပဲ သူမ၏ ရာထူးသည် ့ြပယုဂ်သာဖြစ်သည်။ နိုင်ငံ၏ အာဏာကို အစိုးရ၏ အကြီးအကဲဖြစ်သော ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် ရှိပြီး ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက်တင်မြောက်ထားသော နယူးဇီလန်ပါလီမန်က ချုပ်ကိုင်ထားသည်။

နွား

နွား

ပန်ဒါဝက်ဝံကြီး

ပန်ဒါဝက်ဝံကြီးခေါ် ဝက်ဝံမျိုးကို တရုတ်နိုင်ငံ အနောက်ပိုင်းတို့တွင် တွေ့ရသည်။ ပန်ဒါဝံကြီး၏ ပါဏဗေဒ အမည်မှာ အီလျူရော့ပိုဒါ မီလာနိုလျူကာ (Ailuropoda melanoleuca) ဖြစ်သည်။

ပန်ဒါဝံကြီးမျိုးသည် ဝက်ဝံအငယ်စား အရွယ်ခန့်ရှိသည်။ တရုတ်နိုင်ငံ အနောက်ပိုင်း ဝါးရုံတောများတွင် တွေ့နိုင်သည်။ အမြီးသည် ငုတ်တိုကလေးသာ ရှိသည်။ ခြေလုံးတုတ်၍ ခြေဖဝါးကြီးသည်။ ဖြူသော ကိုယ်လုံးတွင် လက်ပြင်တစ်ဝိုက်၌ အမဲရစ်ကြီး ရှိသည်။ ခြေထောက်၊ နားရွက်၊ မျက်စိ ပတ်လည်တွင် မဲနေရကား ကြောင်ကြောင်ကျားကျား ရှိသည်။

အသားစားသတ္တဝါ မျိုးစုတွင်ပါဝင်သော ပန်ဒါများသည် ဝါးပင်ကို အဓိကစားသုံးကာ ပန်ဒါရိုင်းများသည် အခြားသောမြက်ပင်များ၊ သစ်ဖုများ နှင့် ရှဉ့်ကဲ့သို့ အကောင်ငယ်များကိုပင် ရံဖန်ရံခါ စားသုံးလေ့ရှိသည်။ သန်မာသော သွားများနှင့် မေးရိုးရှိကာ ဝါးပင် များကို ကောင်းစွာဝါးချေနိုင်သည်။ လက်ဖဝါးတွင် လက်မနှင့် လက်ချောင်း ၅ ချောင်းပါဝင်ကာ အမြီးမှာ ၁၀ မှ ၁၅ စင်တီမီတာ ရှိသောကြောင့် ဝက်ဝံမျိုးစိတ်များအနက်တွင် ဒုတိယ အရှည်ဆုံး အမြီးရှိသူများဖြစ်ကြသည်။ သက်တမ်းမှာ နှစ် ၂၀ ရှည်ပြီး ပန်ဒါရိုင်းများသည် သဘာ၀တောထဲတွင် နှစ် ၃၀ ထိ အသက်ရှည်နိုင်သည်။ မင်းမင် အမည်ရှိ ပန်ဒါမလေးမှာ အသက် ၃၄ နှစ် ထိအသက်ရှင်ခဲ့သည်။

ပဲပုပ်

ပဲပုပ် (အင်္ဂလိပ်: Soybean; သိပ္ပံအမည် Glycine max) သည် အရှေ့အာရှမျိုးရင်း ပဲတောင့်ရှည်မျိုးစိတ်တစ်ခု ဖြစ်သည်။

မျိုးစိတ်

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း(Classes)ဟု ခေါ်ဆိုသည်။

မျိုးပေါင်း၏ အောက်တွင် မျိုးစဉ်(Ordo)ရှိသည်။

မျိုးစဉ်၏အောက်တွင် မျိုးရင်း(familia)ရှိသည်။

မျိုးရင်း၏အောက်တွင် မျိုးစု(genus)ရှိသည်။

မျိုးစု၏အောက်တွင် မျိုးစိတ်(species) ရှိသည်။

မျိုးရင်း

သတ္တလောကရှိ တိရစ္ဆာန်များအား အမျိုးတူသော အုပ်စုများ ခွဲခြားထားခြင်းကို မျိုးပေါင်း(Classes)ဟု ခေါ်ဆိုသည်။

မျိုးပေါင်း၏ အောက်တွင် မျိုးစဉ်(Ordo)ရှိသည်။

မျိုးစဉ်၏အောက်တွင် မျိုးရင်း(familia)ရှိသည်။

မျိုးရင်း၏အောက်တွင် မျိုးစု(genus )ရှိသည်။

မြင်းကျား

မြင်းကျား ဆိုသည်မှာ အာဖရိကမှ မြင်းနှင့်တူသော သတ္တဝါဖြစ်ပြီး သူတို့၏ အဖြူနှင့် အနက် အစင်းများအတွက် အသိများကြသည်။ သူတို့၏ အစင်းကျားပုံသဏ္ဌန်သည် တစ်ကောင်ချင်းစီအတွက် သီးခြား ကွဲပြားခြားနားသော ပုံသဏ္ဌန်ရှိသည်။ သူတို့သည် အုပ်စုဖွဲ့နေတတ်သော သတ္တဝါဖြစ်ပြီး အထီးနှင့် အမများအုပ်စုမှသည် အကောင်ရေများစွာရှိသော အုပ်စုကြီးအထိတွေ့ရတတ်သည်။ မြင်းကျားသည် ပုံမှန်အားဖြင့် ၈ ပေ (၂.၃ မီတာ) မျှရှည်လျား၍ ပခုံးအထိအမြင့်မှာ ၄ ပေမှ ၅ ပေ(၁.၂၅ မီတာ မှ ၁.၅ မီတာ) အထိရှိပြီး ၆၆၀ ပေါင် (၃၀၀ ကီလိုဂရမ်) မျှ အလေးချိန်ရှိတတ်ပြီး အချို့အကောင်များမှာ ၉၀၀ ပေါင်(၄၁၀ ကီလိုဂရမ်) အထိ အလေးချိန်ရှိတတ်သည်။ မြင်းကျားများတွင် အစင်းကျားများသာမက ဦးစွန်းဖုတ်နှင့်တူသော ထောင်နေသော လည်ဆံမွှေးများလည်း ရှိသည်။ လူတို့သည် မြင်းကျားများကို သူတို့၏ အနီးစပ်ဆုံးဆွေမျိုးများဖြစ်သော မြည်းနှင့် မြင်းတို့ကဲ့သို့ လုံးဝယဉ်ပါးအောင် မွေးမြူနိုင်ခြင်းမရှိသေးပေ။

ပုံမှန်အားဖြင့် လွင်ပြင်မြင်းကျား၊ ဂရေဗီမြင်းကျားနှင့် တောင်မြင်းကျားဟူ၍ မြင်းကျားမျိုးကွဲ ၃ ခုရှိသည်။ လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့သည် Hippotigris မျိုးစုသေးတွင် ပါဝင်ကြပြီး ဂရေဗီမြင်းကျားမှာ Dolichohippus မျိုးစုသေးတွင် ပါဝင်သော တစ်ခုတည်းသော မျိုးကွဲဖြစ်သည်။ ဂရေဗီမြင်းကျားမှာ မြည်းနှင့် အလားသဏ္ဌန်တူပြီး လွင်ပြင်မြင်းကျားနှင့် တောင်မြင်းကျားတို့မှာ မြင်းနှင့်တူသည်။ သို့သော်လည်း ဒီအင်န်အေ နှင့် မော်လီကျူလာဆိုင်ရာ အချက်အလက်များအရ မြင်းကျားအားလုံးတို့သည် တူညီသော ဘိုးဘေးအစဉ်အဆက်မှ ဆင်းသက်လာကြောင်းပြသနေသည်။ ထိုမျိုးကွဲ ၃မျိုးစလုံးသည် Equus မျိုးစုတွင် အခြားမြင်းနှင့်တူသော သတ္တဝါများနှင့်အတူ ပါဝင်နေသည်။ ကင်ညာရှိ အချို့ဒေသများတွင် လွင်ပြင်မြင်းကျားနှင့် ဂရေဗီမြင်းကျားတို့ကို အတူတကွ တွေ့ရတတ်သည်။

သူတို့၏ ထင်ရှားသော အစင်းကြောင်းများနှင့် အပြုအမူများကြောင့် မြင်းကျားတို့ကို လူတို့နှင့် အကျွမ်းဝင်ဆုံး သတ္တဝါများတွင် အပါအဝင်ဖြစ်စေသည်။ မြင်းကျားများသည် မြက်ခင်းပြင်များ၊ ဆာဗားနားလွင်ပြင်များ၊ သစ်ပင်များထူထပ်သော နေရာများ၊ ဆူးချုံဒေသများ၊ တောင်များနှင့် ကမ်းရိုးတန်းတောင်များ စသည့် ဒေသအမျိုးမျိုးတို့တွင် နေထိုင်ကျက်စားကြသည်။ သို့သော် လူတို့နှင့် ပတ်သက်သော အရာများက ရှိနေသော မြင်းကျားဦးရေကို အလွန်ပင် အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် အရေခွံအတွက် အမဲလိုက်ခြင်းနှင့် စားကျက်မြေများ ပျက်စီးစေခြင်းတို့ကြောင့်ဖြစ်သည်။ ဂရေဗီ မြင်းကျားနှင့် တောင်မြင်းကျားတို့မှာ မျိုးတုံးပျောက်ကွယ်မည်ကို စိုးရိမ်ရသည့် အခြေအနေရှိပြီး လွင်ပြင်မြင်းကျားမှာမူ အများအပြားရှိနေသေးသည်။ မျိုးစုသေး တစ်ခုဖြစ်သော quagga မှာ ၁၉ ရာစုနှောင်းပိုင်းတွင် မျိုးတုံးပျောက်ကွယ်ခဲ့သည်။ zebra ဟူသော အခေါ်အဝေါ်မှာ ရှေးခေတ်ပေါ်တူဂီစကား zevra မှဆင်းသက်လာပြီး မြည်းရိုင်းဟု အဓိပ္ပါယ်ရသည်။

သစ်နက်

သစ်နက်ခေါ် ကျားသစ်နက်ကို အာရှတိုက်တောင်ပိုင်းနှင့် အာဖရိကတိုက်တို့တွင် တွေ့ရ၏။ မြန်မာနိုင်ငံ ထားဝယ်ခရိုင်တွင် တွေ့ရလေသည်။ သစ်နက်သည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ကျားသစ်ကွက်များအတိုင်း အနက်ရောင်ရင့်ရင့် အကွက်များပါရှိ လေသည်။ သစ်နက်သည် ကာမဂုဏ်ခံစားမှု နည်းပါးလှသည်ဟု ဆိုပေသည်။ ဟိန္ဒူရောဂီတို့သည် ကာမဂုဏ်ခံစားမှု နည်းပါးသည်ကို ထင်ရှားစေရန် သစ်နက်အရေကို ဝတ်ဆင်ကြလေသည်။

သိုး

သိုး (Ovis aries) သည် ခြေ ၄ ချောင်းရှိပြီး စားမြုံ့ပြန်တတ်သော နို့တိုက်သတ္တဝါဖြစ်သည်။ မွေးမြူရေးလုပ်ငန်းတွင် ပါဝင်သောသတ္တဝါလည်းဖြစ်သည်။ အခြားသော စားမြုံ့ပြန်သတ္တဝါများကဲ့သို့ပင် သိုးများတွင် ခွာနှစ်ခုရှိသည်။ အင်္ဂလိပ်ဘာသာစကားတွင် Sheep ကို သတ္တဝါမျိုးကွဲပေါင်းများစွာကို ရည်ညွှန်းခေါ်ဆိုလေ့ရှိသော်လည်း ပုံမှန်အားဖြင့် အိုဗစ် အေရီးစ်(Ovis aries) ခေါ် အိမ်မွေးသိုးကိုသာ အများအားဖြင့် ရည်ညွှန်းခေါ်ဝေါ်ကြသည်။ အိမ်မွေးသိုးများသည် သူတို့နှင့် မျိုးစုတူသတ္တဝါများတွင် အရေအတွက်အများဆုံးဖြစ်ပြီး ကောင်ရေ ၁ ဘီလီယံကျော်မျှရှိမည်ဟု ယူဆရပြီး ဥရောပ နှင့် အာရှရှိ မိုဖလွန် (Mouflon) တောင်ဆိတ်ရိုင်း များမှ ဆင်းသက်သည်ဟု ယူဆကြသည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအတွက် ပထမဦးဆုံးယဉ်ပါးအောင်မွေးမြူသော သတ္တဝါများတွင် အပါအဝင်ဖြစ်ပြီး၊ သိုးများ၏ အသားနှင့် သိုးမွှေး တို့သည် လူတို့အတွက်အကျိုးရှိသည်။ တိရစ္ဆာန်များမှ ရသောပစ္စည်းများတွင် သိုးမွှေးကို အကျယ်ပြန့်ဆုံး သုံးကြပြီး သိုးမွှေးကို သိုးမွှေးရိတ်ခြင်းဖြင့် ရရှိနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သိုးငယ်များမှ ရသော အသားကို (Lamb) ဟု ခေါ်ကြပြီး၊ သိုးကြီးများမှရသော အသားကို (Mutton) ဟုခေါ်ကြသည်။ သိုးများသည် သူတို့၏ အသားနှင့် အမွှေးများအတွက် ယနေ့တိုင် အရေးကြီးဆဲဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် သိုးရေခွံ၊ နို့ထွက်ပစ္စည်းနှင့် သိပ္ပံဆိုင်ရာလေ့လာမှု တို့အတွက်လည်း မွေးမြူကြသည်။

ဟိမဝန္တာ ဝက်ဝံ

အာရှဝက်ဝံနက် (Ursus thibetanus၊ ယခင်အမည် Selenarctos thibetanus) ကို လဝက်ဝံ သို့မဟုတ် ရင်ခေါင်းဖြူဝက်ဝံ ဟု လည်း ခေါ်လေ့ ရှိကြပြီး ခန္ဓာကိုယ် အသင့်အတင့် အရွယ်အစား ရှိသော ဝက်ဝံမျိုးဖြစ်သည်။ ပုံမှန်အားဖြင့် သစ်ပင်များပေါ်တွင် နေထိုင်လေ့ ရှိပြီး တောင်အာရှ၊ ကိုရီးယား၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ရုရှားနိုင်ငံ အရှေ့စွန်းပိုင်း၊ ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်း နှင့် ရှီကိုကူးကျွန်းများ တို့တွင် တွေ့ရသည်။ သစ်တောများ ပျက်စီးခြင်းနှင့် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် လူတို့၏ အမဲလိုက် ခံရခြင်းတို့ကြောင့် နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ မျိုးသုဉ်းရန် စိုးရိမ်ရသည့် ဝက်ဝံအမျိုးအစား အဖြစ် သတ်မှတ်ထားသည်။ ပုံပန်းသဏ္ဌန်အားဖြင့် သမိုင်းမတင်မီခေတ်က ဝက်ဝံများနှင့် ဆင်တူသဖြင့် အချို့သော သိပ္ပံပညာရှင်တို့က အခြားဝက်ဝံမျိုးကွဲတို့ ဆင်းသက်လာရာ မျိုးစုဟု ကောက်ချက်ချကြသည်။ အသီးအရွက်သာ စားလေ့ ရှိကြသော်လည်း အာရှဝက်ဝံနက်တို့မှာ လူတို့နှင့် မယဉ်ပါးဘဲ အကြောင်းမဲ့သက်သက် လူသားတို့အား မကြာခဏ တိုက်ခိုက်လေ့ ရှိကြသည်။ ကမ္ဘာကျော် ကဗျာဆရာကြီး ရုတ်ယဒ် ကစ်ပလင်က "ဝက်ဝံတို့ထဲတွင် အထူးဆန်းဆုံး မျိုးနွယ်စု" ဟု ဖော်ပြခဲ့ဖူးသည်။

အင်းကျား

အင်းကျားသည် နီအိုဖိလစ်(စ်) နက်(ဖ်)ဘူလိုဇာ မျိုးစိတ်ဖြစ်၍ ကြောင်မျိုးရင်း ဝင်ဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.