ဘောဂဗေဒ

ဘောဂဗေဒ သည်လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်မှု၊ သုံးစွဲမှု နှင့် ဖြန့်ဖြူးမှု တို့ကို ဖော်ပြခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်သော ပညာရပ်ဖြစ်သည်။ [၁]

ဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစုများ ၏ ပြုမူဆောင်ရွက်ပုံနှင့် အချင်းချင်းဆက်နွယ်ပုံတို့အပြင် စီးပွားရေး မည်သို့မည်ပုံ အလုပ်လုပ်သည်ကို အာရုံစူးစိုက်လေ့လာသည့် ပညာရပ် ဖြစ်သည်။ မိုက်ခရိုဘောဂဗေဒ ဘာသာရပ်သည် စီးပွားရေး အင်အားစု တစ်ခုချင်းစီနှင့် ဈေးကွက်၊ ၎င်းတို့၏ အချင်းချင်း ဆက်နွယ်မှု၊ ဆက်နွယ်မှုကြောင့် ဖြစ်ပေါ်လာသော ရလဒ် အစရှိသော စီးပွားရေး၏ အခြေခံ အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။ စီးပွားရေး အင်အားစုများတွင် ဥပမာအားဖြင့် အိမ်ထောင်စုများ ၊ လုပ်ငန်းများ၊ ဝယ်သူများ နှင့် ရောင်းသူများ ပါဝင်နိုင်သည်။ မက်ကရိုဘောဂဗေဒ ပညာရပ်၌ စီးပွားရေး တစ်ခုလုံး (အဓိပ္ပာယ်ဖွင့်ရလျှင် စုပေါင်းထုတ်လုပ်မှု၊ စားသုံးမှု၊ စုဆောင်းမှု နှင့် ရင်းနှီးမြှုပ်နှံမှု) နှင့် ၎င်းအား သက်ရောက်မှု ရှိစေသော အရင်းအမြစ်များ အသုံးမချနိုင်ခြင်း (လုပ်အား၊ အရင်းအနှီးနှင့် မြေ)၊ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးတိုးတက်မှု နှင့် ထိုပြဿနာများကို ဖြေရှင်းရန် ကြိုးစားသော အများပြည်သူဆိုင်ရာ ပေါ်လစီများ (ငွေကြေး၊ အခွန်ဘဏ္ဍာရေး နှင့် အခြားပေါ်လစီများ) စသည်တို့ကို ခွဲခြမ်းစိတ်ဖြာ လေ့လာသည်။

ဘောဂဗေဒဘာသာရပ်အတွင်း အခြားထင်ရှားသော ကွဲပြားမှုများမှာ မည်သို့ရှိသည်ကို ဖော်ပြသော အရှိတရား ဘောဂဗေဒ နှင့် မည်သို့ဖြစ်သင့်သည်ကို ဖော်ပြသည့် စံပြုဘောဂဗေဒ အကြား ကွဲပြားမှု၊ ဘောဂဗေဒ သီအိုရီများ နှင့် အသုံးချ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ဆင်ခြင်မှု ဘောဂဗေဒ နှင့် အပြုအမူဆိုင်ရာ ဘောဂဗေဒ အကြား ကွဲပြားမှု၊ ခေတ်ရေစီးကြောင်း ဘောဂဗေဒ နှင့် အများနှင့်ဆန့်ကျင်သော ဘောဂဗေဒ အကြား ကွဲပြားမှု စသည်တို့ ဖြစ်ကြသည်။[၂]

Countries by Real GDP Growth Rate (2016)
နိုင်ငံများနှင့် ဂျီဒီပီ အစစ်အမှန် တိုးတက်မှုများ။ အနီနှင့် ပြထားသော နိုင်ငံများမှာ စီးပွားကျနေကြသည်။

အသုံးအနှုန်း

ယခင်က ဘောဂဗေဒ ဘာသာရပ်၏ အင်္ဂလိပ် အခေါ်အဝေါ်ကို ပေါ်လက်တစ်ကယ် အီကော်နော်မီ သို့မဟုတ် နိုင်ငံရေး ဘောဂဗေဒဟု ခေါ်ဝေါ်ကြသော်လည်း ၁၉ ရာစု နှောင်းပိုင်းတွင် အဲဖရက် မာရှယ် မှ အီကော်နောမစ် ဆိုင်းယင့် သို့မဟုတ် စီးပွားရေး သိပ္ပံ၏ အတိုကောက် အီကော်နောမစ် ဟု ပြောင်းလဲ အမည်ပေးခဲ့သည်။ ထိုသို့ နာမည် ပြောင်းလဲပြီးနောက် တွေးခေါ်စဉ်းစားမှုများ ပိုမိုပြင်းထန်လာပြီး သင်္ချာပညာကို ပိုမို အသုံးပြုလာသောကြောင့် ၎င်းကို သိပ္ပံဘာသာရပ်တစ်ခု အနေနှင့် လက်ခံရန် ကြိုးပမ်းမှုကို အထောက်အကူပေးခဲ့သည့်အပြင် နိုင်ငံရေး သိပ္ပံနှင့် အခြား လူမှုရေး သိပ္ပံများမှ ကွဲပြားသော သီးသန့် ဘာသာရပ်တစ်ခု ဖြစ်လာခဲ့သည်။ [၃][၄][၅] ဘောဂဗေဒ ပညာရပ်၏ အန္တိမ ပန်းတိုင်မှာ လူတို့၏ နေစဉ်နေထိုင်မှု ဘဝရှိ နေထိုင်မှု ပုံစံကို မြှင့်တင်ရန် ဖြစ်သည်။[၆]

ဘောဂဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် အစိုးရ အပါအဝင် လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် အသုံးချနိုင်သည်။ စီးပွားရေး ခွဲခြမ်းစိတ်ဖြာမှုသည် ရာဇဝတ်မှုများ၊ ပညာရေး [၇] မိသားစု၊ ဥပဒေ၊ နိုင်ငံရေး နှင့် ဘာသာရေး[၈] လူမှု အဖွဲ့အစည်းများ ၊စစ်ပွဲများ ၊[၉] ၊ ၊ သိပ္ပံပညာ၊ [၁၀]နှင့် သဘာဝပတ်ဝန်းကျင် [၁၁] အစရှိသော နယ်ပယ်များ အထိပင် ကျယ်ပြန့်စွာ အသုံးချနိုင်သည်။

မိုက်ခရိုဘောဂဗေဒ

Ballard Farmers' Market - vegetables
ဘောဂဗေဒ ပညာရှင်များသည် ရိုးရာ ဈေးအတွင်း ဖြစ်ပွားနေသော ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ရေးနှင့် စားသုံးမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လေ့လာကြသည်။
Sao Paulo Stock Exchange
ဈေးကွက် အတု အတွင်းတွင် ဝယ်သူနှင့် ရောင်းသူများ မရှိကြဘဲ ကြားခံတစ်ဦးထံမှ သို့မဟုတ် အီလက်ထရွန်းနစ် သတင်းအချက်အလက်များပေါ်တွင် မူတည်၍ အရောင်းအဝယ် ပြုလုပ်ကြသည်။ ပုံ ၊ ဆောပိုလို စတော့အိတ်ချိန်း ဘရာဇီး

ဈေးကွက်

မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်ပုံစံ ကိုဖြစ်ပေါ်စေသော လူများနှင့် အဖွဲ့အစည်းများမှ ဈေးကွက်အတွင်း ဈေးကွက်စနစ်ကို မည်သို့မည်ပုံ ဖော်ဆောင်သည်ကို ဆန်းစစ်သော ပညာရပ် ဖြစ်သည်။ ထိုလူများနှင့် အဖွဲ့အစည်းများတွင် ပုဂ္ဂလိက နှင့် အစိုးရ အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ပြီး အစိုးရ၏ စည်းမျဉ်းစည်းကမ်းများအောက်တွင် ရှားပါးသော ကုန်သွယ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေကြသူများ ပါဝင်သည်။ ၎င်းတို့ ရောင်းဝယ်ဖောက်ကားနေကြသော ပစ္စည်းများတွင် ပန်းသီးကဲ့သို့သော ကုန်စည်များပါဝင်သကဲ့သို့ စက်ပြင်ခြင်း၊ ဥပဒေရေးရာ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဖျော်ဖြေခြင်း အစရှိသော ဝန်ဆောင်မှုများလည်း ပါဝင်သည်။

သီအိုရီအရ လွတ်လပ်ဈေးကွက်တွင် ဝယ်သူများမှလိုအပ်သော ဝယ်လိုအား နှင့် ရောင်းသူများမှ ရောင်းချလိုသော ရောင်းလိုအားတို့ သည် နောက်ဆုံးတွင် ဈေးအပြောင်းအလဲ ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းတွင် ဆုံတွေ့ကြသည်။ သို့သော်လည်း လက်တွေ့တွင်မူ အမျိုးမျိုးသော ပြဿနာများကြောင့် အားမျှဈေးနှုန်းသို့ မရောက်ရှိနိုင်ပေ။ အားမျှဈေးနှုန်းသို့ ရောက်ရှိသည့်တိုင်အောင်ပင် လူသားဆန်သော ညီမျှမှု မဖြစ်ပေါ်နိုင်ပေ။ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ရောင်းလိုအားသည် ပြင်ပအခြေအနေများကြောင့် အကန့်အသတ် ဖြစ်ပေါ်ပြီး အားမျှဈေးနှုန်းအား တကယ်လိုအပ်သော်လည်း မတတ်နိုင်သော သူများမှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဈေးကွက်ပုံစံ အမျိုးမျိုး ရှိသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်တွင် မည်သူ တစ်ဦးတစ်ယောက်မျှ ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မိမိလိုချင်သော ဈေးအတိုင်းရောင်းနိုင်သည့် ဈေးကွက်အင်အား မရှိပေ။ အခြားတနည်းပြောရမည် ဆိုပါက အားလုံးသည် ပေါက်ဈေးအတိုင်းရောင်းဝယ်ကြရပြီး မည်သူကမျှ ပစ္စည်း၏ ဈေးနှုန်းကို မလွှမ်းမိုးနိုင်ပေ။ ပြင်ပလောကတွင်မူ ဈေးကွက်သည် မကြာခဏဆိုသလိုပင် အပြည့်အဝ မဟုတ်သော ပြိုင်ဆိုင်မှုများ ကြုံတွေ့ကြရသည်။

ပုံစံအမျိုးမျိုးတွင် မိုနိုပိုလီ ဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ တစ်ဦးတည်းသာ ရှိခြင်း ၊ ဒျူရိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ ၂ ဦးသာ ရှိခြင်း၊ အိုလီဂိုပိုလီဟု ခေါ်သော ကုန်ပစ္စည်းကို ရောင်းချသူ အနည်းငယ်သာ ရှိခြင်း မိုနိုပိုလစ်စတစ် ပြိုင်ဆိုင်မှု ဟုခေါ်သော ရောင်းချသူ အများအပြားရှိသော်လည်း အလွန်ကွဲပြားသော ကုန်ပစ္စည်းများကို ရောင်းချကြခြင်း၊ မိုနော့ဆိုနီ ဟုခေါ်သော ဝယ်သူ တစ်ဦးတည်းသာ ရှိခြင်း၊ အိုလီဂေါ့ဆိုလီ ဟုခေါ်သော ဝယ်သူ အနည်းငယ်သာ ရှိခြင်း တို့ ဖြစ်ကြသည်။ အပြည့်အဝ ပြိုင်ဆိုင်မှုနှင့် ကွဲပြားခြားနာစွာပင် မပြည့်ဝသော ပြိုင်ဆိုင်မှုတွင် ဈေးကွက်အင်အားသည် မညီမျှစွာ တည်ရှိသည်။ အပြည့်အဝပြိုင်ဆိုင်မှု မရှိသော ဈေးကွက်အတိုင်းရှိ ကုမ္ပဏီများသည် ဈေးကို လိုသလို တောင်းနိုင်ကြပြီး ဈေးကွက်အတွင်း မညီမျှသော ဝေစုများစွာကို ကိုင်ဆုပ်ထားနိုင်သော အင်အားရှိပြီး ကုန်ပစ္စည်း၏ ဈေးနှုန်းကို လွှမ်းမိုးနိုင်ကြသည်။

မိုက်ခရိုဘောဂဗေဒသည် ဈေးကွက်တစ်ခုချင်းစီကို သီးခြားလေ့လာပြီး ဈေးကွက်အတွင်းရှိ ပြုမူဆောင်ရွက်မှု တစ်ခုသည် အခြားဈေးကွက်များကို သက်ရောက်မှုမရှိဟု ယူဆခြင်းအားဖြင့် စီးပွားရေးစနစ်ကို လေ့လာရာတွင် လွယ်ကူအောင် မှတ်ယူထားသည်။ ထိုသို့ ခွဲခြမ်းစိတ်ဖြာသော နည်းလမ်းကို တစိတ်တပိုင်း အားမျှဈေးနှုန်း ခွဲခြမ်းစိတ်ဖြာခြင်း ဟု ခေါ်သည်။ ထိုနည်းလမ်းမှ ဈေးကွက်တစ်ခုတည်း အတွင်းမှ ပြုမူဆောင်ရွက်မှုများကိုသာ ပေါင်းစပ်လေ့လာသည်။ ယေဘုယျ အားမျှဈေးနှုန်း သီအိုရီသည် ဈေးကွက် အမျိုးမျိုးနှင့် ၎င်းတို့၏ ဖြစ်ပေါ်ပြုမူပုံကို လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်အားလုံးရှိ ပြုမူဆောင်ရွက်မှု အားလုံးကို ပေါင်းစပ်လေ့လာသည်။ ထိုနည်းလမ်းမှ ဈေးကွက်ပြောင်းလဲခြင်းနှင့် ၎င်းတို့အချင်းချင်း ဆက်စပ်ခြင်းကြောင့် အားမျှဈေးနှုန်းသို့ ဦးတည်သွားခြင်းကို လေ့လာသည်။

ထုတ်လုပ်ခြင်း၊ ကုန်ကျငွေ နှင့် စွမ်းရည်

မက်ကရိုဘောဂဗေဒ

လူ့အဖွဲ့အစည်း တစ်ရပ်လုံး၊ စီးပွားရေး အဆောက်အဦ တစ်ခုလုံး၏ စီးပွားရေးဆိုင်ရာ အပြုအမူများကို လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဘောဂဗေဒ (International Economics)

တိုင်းပြည် တစ်ပြည်နှင့်တစ်ပြည်၊ နိုင်ငံတစ်ခုနှင့် တစ်ခု စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများအား လေ့လာသည့် ဘာသာရပ်ခွဲ တစ်ခုဖြစ်သည်။

စီးပွားရေး စနစ်များ

စီးပွားရေး စနစ်များကို ခွဲခြားသတ်မှတ်ရာတွင် ကြည့်ရှုပုံ ရှုထောင့်များမှ အမျိုးမျိုး ခွဲခြားကြသည်။ အကြမ်းဖျင်းအားဖြင့်

  • ဈေးကွက် စီးပွားရေးစနစ် (Market Economy)
  • ဗဟိုစီမံကိန်းချ စီးပွားရေးစနစ် (Centrally Planned Economy)
  • ရောပြွမ်း စီးပွားရေးစနစ် (Mixed Economy)

ဟူ၍ ခွဲခြမ်း လေ့လာနိုင်သည်။

ကိုးကား

  1. Economics။ Merriam-Webster။
  2. (2008) The Foundations of Positive and Normative Economics: A Handbook. Oxford University Press. ISBN 0-19-532831-0။
  3. (2010) 21st Century Economics: A Reference Handbook Volume 1. SAGE Publications, 8. ISBN 978-1-4129-6142-4။
  4. (1888) The Economics of Industry. Macmillan, 2။
  5. Jevons, William Stanley (1879). The Theory of Political Economy, second, Macmillan and Co, XIV။
  6. Samuelson, Paul A. (2004). Economics. McGraw-Hill. ISBN 978-0-0728-7205-7။
  7. Economics of Education။ The World Bank (2007)။
  8. Iannaccone, Laurence R. (September 1998). "Introduction to the Economics of Religion" 36 (3).
  9. Nordhaus, William D. (2002). "The Economic Consequences of a War with Iraq", War with Iraq: Costs, Consequences, and Alternatives. Cambridge, Massachusetts: American Academy of Arts and Sciences. ISBN 0-87724-036-1။
  10. Diamond၊ Arthur M., Jr. (2008)။ Science, Economics ofThe New Palgrave Dictionary of EconomicsDOI:10.1057/9780230226203.1491
  11. Towards a Green Economy: Pathways to Sustainable Development and Poverty Eradication. United Nations Environment Programme. 2011.
ကုန်စည်

ကုန်စည်ဆိုသည်မှာ ဘောဂဗေဒ ဘာသာရပ်တွင် အသုံးဝင်သည့် မည်သည့် အရာဝတ္ထု သို့မဟုတ် ကုန်ပစ္စည်းကို ဆိုလိုခြင်း ဖြစ်သည်။

ရုံးအဆောက်အအုံနှင့် စက်ကိရိယာစသည်တို့မှာ စားသုံးသူမှ တိုက်ရိုက်သုံးစွဲ၍ မရသော်လည်း တဆင့် ပြန်လည် ရောင်းချလျှင် တန်ဖိုးရှိသည့် အတွက် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ကြသည်။

ကုန်စည်မှာ အကောင်အထည် ပြ၍ ရနိုင်သော ပစ္စည်းဖြစ်ပြီး ၎င်း၏ ဆန့်ကျင်ဘက် အကောင်အထည် ပြ၍ မရနိုင်သော ပစ္စည်းကို ဝန်ဆောင်မှု ဟု ခေါ်သည်။

လေကဲ့သို့သော ပစ္စည်းများမှာ အသုံးဝင်သောလည်း အခမဲ့ ရနိုင်သည့် အတွက် အခမဲ့ ကုန်စည်အဖြစ် သတ်မှတ်ကြသည်။

ငွေကြေးဖောင်းပွခြင်း

ဘောဂဗေဒ ဘာသာရပ်တွင် ငွေကြေးဖောင်းပွခြင်း၏ အဓိပ္ပာယ်မှာ အချိန်ကာလ တစ်ခုအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ယေဘူယျ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယေဘူယျ ကုန်ဈေးနှုန်းများ မြင့်တက်လာသောအခါတွင် ငွေကြေးပမာဏ တစ်ခုသည် ပို၍နည်းသော ကုန်စည်များနှင့် ဝန်ဆောင်မှုများကိုသာ ဝယ်ယူနိုင်ပေတော့မည်။

ကုန်ဈေးနှုန်းတက်၍ ငွေ၏ဝယ်အား လျော့ပါးသွားရသည့်အခါ ငွေတန်ဖိုးကျလာသည်။ ထိုအခါ ငွေထုထည်၏ တန်ဖိုးသည် ကျစ်လစ်သိပ်သည်းစွာ တန်ဖိုးမရှိတော့ဘဲ သူသည်သာ ဖောင်းပွလျက် တန်ဖိုးက မူကား နည်းပါးနေသည့် သဘောဖြင့် တင်စား၍ သုံးသည်။ ငွေများများနှင့် ပစ္စည်းနည်းနည်း ဝယ်နိုင်သည်ဟု ဆိုလိုသည်။ စစ်ပြီးကာလ၌ ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် လုပ်ခနှုန်းတက်ခြင်း၊ ကုန်ပစ္စည်းထွက် ဆုတ်ယုတ်ခြင်း စသည်တို့ကြောင့် ငွေကြေးဖောင်းပွခြင်း ဖြစ်ခဲ့ကြရ၍ နည်းအမျိုးမျိုးနှင့် ဖြေရှင်းကြရသည်။ ကုန်ဈေးနှုန်းများမှာ စစ်မဖြစ်မီကထက် များစွာ တက်ကျန်ခဲ့လေသည်။ နိုင်ငံတိုင်းသည် မိမိတို့ငွေတန်ဖိုး ကျစ်လစ်မြင့်တက်အောင် ကုန်ထုတ်လုပ်မှုကို အားသွန်ကြိုးစားကြသည်။

စတီဗင် စမေးလ်

စတီဗင် စမေးလ် (အင်္ဂလိပ်: Stephen Smale) ( (1930-07-15)ဇူလိုင် ၁၅၊ ၁၉၃၀ ဖွား) သည် အမေရိကန်ပြည်ထောင်စုသား သင်္ချာပညာရှင်တစ်ဦးဖြစ်ပြီး၊ တိုပေါ်လော်ဂျီ (topology)၊ ပြောင်းလဲလှုပ်ရှားစနစ်များ (dynamical systems) နှင့် သင်္ချာဘောဂဗေဒ (mathematical economics) ဆိုင်ရာ သူ၏ သုတေသနလုပ်ငန်းများကြောင့် ထင်ရှားသည်။

စုစုပေါင်း ပြည်တွင်းထုတ်ကုန်

ဒေသနယ်‌မြေတစ်‌ခု၏ စုစုပေါင်း ပြည်တွင်းထုတ်‌လုပ်မှု သို့မဟုတ် "ဂျီဒီပီ (Gross Domestic Product, GDP)" ဆိုသည်‌မှာ ယင်း၏ စီးပွားရေး အဆောက်‌အအုံကြီး၏ ပမာဏအား တိုင်းတာသည့်‌ စနစ်‌တစ်‌ခုဖြစ်‌သည်။ နိုင်‌ငံတစ်‌ခု၏ 'ဂျီဒီပီ' ဟုဆိုရာတွင် တိုင်းပြည်တစ်‌ခု၏ သတ်မှတ်‌သော ကာလတစ်‌ခုအတွင်း အပြီးသတ်‌ ထုတ်‌လုပ်ပြီးသော ကုန်‌ပစ္စည်းများနှင့် ဝန်‌ဆောင်‌မှုများ အားလုံး၏ ဈေးကွက်‌တန်‌ဖိုးကို ဆိုလိုသည်။ တစ်‌နည်းအားဖြင့် အပြီးသတ်‌ပစ္စည်း ထုတ်‌လုပ်‌သည့် အဆင့်တိုင်းတွင် တန်‌ဖိုး မြင့်တက်‌အောင် ပေါင်းထည့်‌ရသော တန်‌ဖိုးနှင့် ဝန်ဆောင်‌မှု စုစုပေါင်းတို့၏ တန်‌ဖိုးကို သတ်‌မှတ်‌သည့် ကာလတစ်‌ခုအတွင်း တွက်ချက်၍ ရသော ကိန်းဂဏန်းတစ်ခုဖြစ်သည်။ ၁၉၈ဝ ပြည့်လွန်နှစ်များထိ အမေရိကန်နိုင်ငံတွင် 'ဂျီအင်ပီ' သို့မဟုတ် နိုင်ငံ၏ ထုတ်လုပ်မှု တန်ဖိုးစုစုပေါင်း အတွက် အသုံးပြုခဲ့သော ဝေါဟာရ နှစ်ခုဖြစ်သည့် 'ဂျီဒီပီ' နှင့် 'ဂျီအင်ပီ' မှာ အတူတူနီးပါး ဖြစ်သည်။

'ဂျီဒီပီ' ကို အလွယ်ကူဆုံး ရှင်းလင်းစွာ သဘောပေါက်ရန်နှင့် တိုင်းတာရန် ချဉ်းကပ်နည်းမှာ ကုန်ကျစရိတ်ဖြင့် တွက်ချက်ခြင်းပင်ဖြစ်သည်။

ဂျီဒီပီ = စားသုံးမှု+ ရင်းနှီး မြှုပ်နှံမှု+ အစိုးရအသုံးစရိတ်+ (ထုတ်ကုန်-သွင်းကုန်)

'စုစုပေါင်း' ဟု ဆိုရာတွင် မတည်ပစ္စည်း၏ အလျော့တွက်တန်ဖိုးကို ထည့်သွင်းမထားချေ။ တန်ဖိုးလျှော့ကာ အသားတင် ရင်းနှီးမြှုပ်နှံမှုကိုသုံးပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု မဟုတ်ခဲ့လျှင် အသားတင်ပြည်တွင်း ထုတ်လုပ်မှုဖြစ်မည်။ ဤညီမျှခြင်း၏ စားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့မှာ အပြီးသတ် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုတို့အတွက် ကုန်ကျစရိတ် ဖြစ်လေသည်။ ညီမျှခြင်းတွင် ထုတ်ကုန် အနုတ် သွင်းကုန်ပိုင်း (တစ်စတစ်စ တိုးလာသော ထုတ်ကုန်ဟုလည်း ခေါ် လေ့ရှိ) တွင် ပြည်တွင်းထုတ်လုပ်မှုမဟုတ် (သွင်းကုန်) ဟူသည့်အပိုင်း၌ နုတ်ယူညှိချပြီး ပြည်တွင်း ထုတ်လုပ်မှု ပြည်တွင်း၌ မစားသုံး (ထုတ်ကုန်) ဘဲပြန်တင်ပို့သည့်ကိန်းတွင် ပေါင်းထည့်လိုက်ပါ။ စီးပွား ရေးပညာရှင်များ (ကိန်း ခေတ်မှစ၍) သည်အထွေထွေစားသုံးမှုကို နှစ်ပိုင်းခွဲ၍ စဉ်းစားလိုစိတ် ရှိကြသည်။ ပုဂ္ဂလိက စားသုံးမှုနှင့် ပြည်သူပိုင် ကဏ္ဍ (အစိုးရ) အသုံးစရိတ်ဟူ၍ ဖြစ်သည်။ မက်ခရို စီးပွား ရေးလေ့လာမှု ပညာတွင် စုစုပေါင်းစားသုံးမှုကို ဤသို့ သဘောတရား ရေးရာ ခွဲခြား ခြင်း၌

အကျိုး ကျေးဇူး နှစ်မျိုးမှာ-

-ပုဂ္ဂလိက စားသုံးမှုသည် လူမှုဖူလုံမှု စီးပွား ရေးပညာ၏ အဓိကကျသော ဇောင်းပေးမှုဖြစ်သည်။ စီးပွားရေးတစ်ခုလုံး၏ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့ကို နောက်ဆုံးတွင် (ပင်မရေစီး ကြောင်း စီးပွား ရေးပုံစံများတွင်) ရေရှည် ပုဂ္ဂလိကစားသုံးမှု တိုးလာစေရန်ဘက်သို့ ရည်ရွယ်လေ သည်။

-အတွင်းမှ ပေါ်လာသော ပုဂ္ဂလိကစားသုံးမှုမှ ဖယ်ထုတ်လိုက်လျှင် အစိုးရအသုံးစရိတ်ကို ပြင်ပသုံးစရိတ်အဖြစ် ပြနိုင်ပြီး အဓိပ္ပါယ်ရှိသည့် မက်ခရို စီးပွားရေး လေ့လာမှုဘောင်အတွင်း ကွဲပြားသည့် အစိုးရအသုံးစရိတ်အဆင့်များကို စဉ်းစား၍ ရနိုင်သည်။

တောင်ငူတက္ကသိုလ်

တောင်ငူတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည့် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ တောင်ငူခရိုင်နှင့် အနီးအနားရှိ ကျောင်းသားကျောင်းသူများအတွက် ဝိဇ္ဇာ၊သိပ္ပံနှင့် ဥပဒေဆိုင်ရာ ဘွဲ့များနှင့် မဟာဘွဲ့သင်တန်းများကို သင်ကြားပေးနေသည်။

ဒေါ်နယ်လ် ထရန့်

ဒေါ်လ်နယ် ဂျွန် ထရမ့် (အင်္ဂလိပ်: Donald John Trump မွေးရက် - ၁၄ ဇွန်လ ၁၉၄၆) သည် အမေရိကန်ပြည်ထောင်စု ၏ ၄၅ ဦးမြောက် သမ္မတဖြစ်ပြီး စီးပွားရေး သမားတစ်ဦးလည်း ဖြစ်သည်။ ယခုလက်ရှိတွင် သူ၏ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်း နှင့် အခြား စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်သည့် ကုမ္မဏီ ဖြစ်သော ထရမ့် အော်ဂနိုင်ဇေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး သမ္မတ အဖြစ် တာဝန် မယူမီတွင် ထိုရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားထားသည်။ ၎င်း၏ သက်တမ်းတလျှောက်တွင် ထရမ့်သည် ရုံးစိုက်ရာ တာဝါအဆောက်အဦးများ၊ ဟိုတယ်များ၊ ကက်စီနိုများ၊ ဂေါက်ကွင်းများ နှင့် အခြား ထင်ရှားသော အမှတ်တံဆိပ် ရှိသည့် နေရာများကို ကမ္ဘာတဝှမ်းတွင် ဆောက်လုပ်ခဲ့သည်။

ထရမ့်သည် နယူးယောက်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းမှ ဘောဂဗေဒ အထူးပြုဖြင့် ဘက်ချလာ ဘွဲ့ရခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ဖရက်ဒ် ထရမ့်၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ကြီးကြပ်ခဲ့ပြီး နောင်တွင် ထရမ့် အော်ဂနိုင်ဇေးရှင်းဟု အမည်ပြောင်းလဲခဲ့ကာ မကြာမီ အချိန်ကာလ အတွင်း အများပြည်သူကြားတွင် ထင်ရှားလာခဲ့သည်။ ထရမ့်သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ၎င်းပိုင်ဆိုင်ခဲ့သော မယ်အမေရိက အလှမယ်ပြိုင်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီးရီးများတွင် တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ရီဖောင်းမ် ပါတီ၏ သမ္မတ လောင်းအဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးမီတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အင်န်ဘီစီ ရုပ်သံတွင် အပရန်တိုက်စ် အမည်ရသော ရုပ်သံစီးရီးကို တွဲဖက် ထုတ်ဝေသူ အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖော်ဘီ၏ စာရင်းအရ ထရမ့်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် ၃၂၄ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အဆင့် ၁၅၆ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇွန်လတွင် ထရမ့်သည် ရီပါဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ကြေငြာခဲ့ပြီး ၎င်းပါတီ၏ သမ္မတလောင်း အဖြစ် အရွေးချယ်ခံမည့်သူများတွင် ရှေ့မှ ပြေးနေခဲ့သည်။ ၂၀၁၆ ခုနှစ် မေလတွင် ရီပါဘလစ်ကန် ပါတီရှိ ၎င်း၏ ပြိုင်ဘက်များမှ မဲဆွယ်နေမှုများကို ရပ်တန့်ခဲ့ပြီး ဇူလိုင်လတွင် ၂၀၁၆ ရီပါဘလစ်ကန် အမျိုးသား ကွန်ဗန်းရှင်းမှ ၎င်းအား ရီပါဘလစ်ကန် ပါတီအား ကိုယ်စားပြု ယှဉ်ပြိုင်မည့် သမ္မတ လောင်း အဖြစ် တရားဝင် ကြေငြာခဲ့သည်။ ထရမ့်သည် ယခင်က မကြုံဖူးအောင် မီဒီယာ၏ အရေးစိုက်မှုကို ခံခဲ့ရပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။ အင်တာဗျူးများ၊ တွစ်တာ နှင့် မဲဆွယ်ပွဲများတွင် ပြောကြားခဲ့သော စကားများမှာ အငြင်းပွားစရာ စကား သို့မဟုတ် အမှားများ ဖြစ်သည်။ ရီပါဘလစ်ကန် ပါတီ အတွင်း သမ္မတလောင်း အဖြစ် အရွေးခံရစေရန် ပြုလုပ်သော မဲဆွယ်ပွဲအချို့တွင် ဆန္ဒပြမှု သို့မဟုတ် အကြမ်းဖက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ထရမ့်မှ အမျိုးသမီးများအား အဓမ္မ ဖက်နမ်းခြင်း နှင့် ဖျစ်ညှစ်ခြင်း ပြုလုပ်သည်ကို ဝါကြွားပြောဆိုသော အသံဖိုင် ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး အများအပြားမှ ၎င်းတို့အား ထိုသို့ပြုလုပ်ခဲ့ကြောင်း ထိုအသံဖိုင် ထွက်ပေါ်လာပြီးနောက်တွင် ပြောကြားခဲ့သည်။ ၎င်းမှ ၂၀၀၅ ခုနှစ် တွင် ပြောဆိုခဲ့သော စကားများကို တောင်းပန်ခဲ့သော်လည်း စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျဆင်း စေရန် လုပ်ဆောင်သော ကန်ပိန်း၏ တစိတ်တဒေသမျှသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ထရမ့် မဲဆွယ်ရာတွင်ပြုလုပ်သော စည်းရုံးမှုများတွင် အမေရိကန်-တရုတ်တို့၏ ကုန်သွယ်ရေး သဘောတူညီမှု နှင့် နက်ဖ်တာ နှင့် ထရန် ပစိဖိတ် ပါတနာရှစ် သဘောတူညီချက် အစရှိသော ကုန်သွယ်ရေး သဘောတူညီမှုများကို ပြန်လည် ညှိနှိုင်းမည်၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရံခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကြပ်သွားမည်၊ စစ်မှုထမ်းဟောင်းတို့၏ အခွင့်အရေးများကို ပြန်လည်ပြုပြင်မည်၊ တတ်နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြန်လည်ရုပ်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲသွားမည်၊ အခွန် လျှော့ချမည် စသည်တို့ ပါဝင်သည်။ ၂၀၁၅ နိုဝင်ဘာလ ပါရီ တိုက်ခိုက်မှု အပြီးတွင် ထရမ့်မှ အမေရိကန်ပြည်ထောင်စုသို့ မူစလင်များ ပြောင်းရွှေ့နေထိုင်မှုကို ယာယီတားမြစ်ရန် ပြောဆိုခဲ့ပြီး နောင်တွင် ပြင်ဆင်ပြောဆိုခဲ့သည်မှာ အကြမ်းဖက်မှုနှင့် ပတ်သက်သော ရာဇဝင် ရှိသည့် နိုင်ငံများမှ နိုင်ငံသားများကိုသာ ရည်ရွယ်ကြောင်းနှင့် အကြမ်းဖက်သမား ဖြစ်လာမည့် သူများကို စစ်ဆေးခြင်း တိုးတက်လာသည့် အချိန်အထိ ဟူ၍ ဖြစ်သည်။ အသက် ၇၀ နှင့် သမ္မတ ဖြစ်လာသောကြောင့် သမ္မတ အဖြစ် ပထမ သက်တမ်း တာဝန်ထမ်းဆောင်မည့် သူများတွင် အသက် အကြီးဆုံး ဖြစ်ပြီး ရော်နယ် ရေဂင်၏ ၁၉၈၁ ခုနှစ်တွင် အသက် ၆၉နှစ်၌ အသက်အကြီးဆုံး သမ္မတ အဖြစ် ပထမအကြိမ် တာဝန် ထမ်းဆောင်ခဲ့သော စံချိန်ကို ချိုးခဲ့သည်။ သီအိုဒိုး ရုစဗဲ ပြီးလျှင် နယူးယောက်မြို့တွင် မွေးဖွားသော ဒုတိယမြောက် သမ္မတ ဖြစ်သည်။

မုံရွာစီးပွားရေးတက္ကသိုလ်

မုံရွာစီးပွားရေးတက္ကသိုလ် (အင်္ဂလိပ်: Monywa University of Economics) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် တည်ရှိသည်။ မုံရွာစီးပွားရေးတက္ကသိုလ်မှ စီးပွားရေး၊ ဘောဂဗေဒနှင့် စာရင်းအင်းပညာများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီနှင့် ဒီပလိုမာ၊ မဟာဘွဲ့ သင်တန်းများကို သင်ကြားပေးနေသည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်

ရန်ကုန် စီးပွားရေး တက္ကသိုလ် (Yangon University of Economics) သည် မြန်မာနိုင်ငံ၏အထင်ကရ စီးပွားရေးနှင့်စီမံခန့်ခွဲမှု တက္ကသိုလ် ဖြစ်သည်။ ၁၉၂၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ဌာန တစ်ခုအဖြစ်သာ စတင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် သီးခြားလွတ်လပ်သော တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ဘွဲ့ကြို၊ ဘွဲ့လွန်ဒီဂရီနှင့် ဒီပလိုမာ၊ မဟာဒီဂရီများကို စီပွားရေး၊ ဘောဂဗေဒနှင့် စာရင်းအင်းပညာများကို အချိန်ပြည့်/အချိန်ပိုင်း ပို့ချလျက်ရှိသည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ် ပရဝုဏ် သုံးခုသည် ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ် နှင့် ရွာသာကြီးတို့တွင် အသီးသီးတည်ရှိကာ ကမာရွတ်မြို့နယ်ရှိ ပရဝုဏ်မှာ ပင်မပရဝုဏ်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ အစောဆုံး တက္ကသိုလ်များတွင်လည်း ပါဝင်သည်။

ရန်ကုန်ပညာရေးတက္ကသိုလ်

ရန်ကုန်ပညာရေးတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းမကြီးဘေး စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရေးတက္ကသိုလ် ဖြစ်သည်။

ဝန်ဆောင်မှု

ဘောဂဗေဒ ဘာသာရပ်တွင် ဝန်ဆောင်မှု ဆိုသည်မှာ ကိုင်တွယ် ထိတွေ့၍ မရသော ကုန်စည်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဝန်ဆောင်မှု ပေးခြင်းဖြင့် စားသုံးသူ ကိုယ်တိုင်ကို ဖြစ်စေ (ဥပမာ ဆံပင်ညှပ်ခြင်း)၊ စာသုံးသူ ပိုင်ဆိုင်သော ပစ္စည်းကို ဖြစ်စေ (ဥပမာ မော်တော်ကားပြင်ခြင်း)၊ စားသုံးသူ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို (ဥပမာ စတော့ရှယ်ယာများ စီမံခန့်ခွဲခြင်း) ဖြစ်စေ တနည်းတဖုံ ကူညီပံ့ပိုးပေးသည်။

ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း

ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း (Purchasing power parity သို့ PPP) မှာ နိုင်ငံနှစ်နိုင်ငံ၏ နှိုင်းရ ကုန်ဈေးနှုန်း အပေါ်တွင် မူတည်၍ ကာလအရှည်ကြာ အသုံးပြုနိုင်သော ငွေလဲနှုန်းကို တိုင်းတာသည့် ညွှန်းကိန်းတစ်ခု ဖြစ်သည်။ ထို အိုင်ဒီယာမှာ ၁၆ ရာစု ဆလာမန်ကာ ကျောင်းတော်မှ အစပြုခဲ့ပြီး ယနေ့ခေတ်တွင် ဂူစတပ်ဗ် ကပ်ဆယ်လ်က ၁၉၁၈ ခုနှစ်တွင် ဖော်ထုတ်ခဲ့သည်။ ထိုနှုန်းထားမှာ ကုန်ဈေးနှုန်း တစ်ခုတည်း ဥပဒေသ (law of one price) ပေါ်တွင် အခြေခံ၍ ဖော်ထုတ်ထားခြင်း ဖြစ်ပြီး ထိုအိုင်ဒီယာမှာ ရောင်းဝယ်ရာတွင် ကုန်ကျသည့် ငွေပမာဏနှင့် ကုန်သွယ်ရာတွင် ရှိနေသည့် တားမြစ်ချက်များကို ထည့်တွက်မထားပေ။ တူညီသော ကုန်ပစ္စည်းများသည် ကွာခြားသော ဈေးကွက်များတွင် ကြားခံငွေကြေးတစ်မျိုးတည်းဖြင့် တိုင်းတာပါက ဈေးနှုန်း အတူတူ ရှိနေလိမ့်မည်ဟု ယူဆထားခြင်း ဖြစ်သည်။

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)

သမဝါယမတက္ကသိုလ်(စစ်ကိုင်း)သည် ၊သမဝါယမ ဦးစီးဌာန၊စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမဝါယမတက္ကသိုလ်(သန်လျင်)

သမဝါယမတက္ကသိုလ် (သန်လျင်)သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်မြို့ အရှေ့တောင်ဘက် (၈)မိုင်ခန့်အကွာတွင် တည်ရှိပြီး၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းမကြီး၏ အရှေ့ဘက်၊ ရန်ကုန်သီလဝါမီးရထားလမ်း အရှေ့ဘက်နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ အနောက်ဘက် ညောင်သုံးပင်ရွာတွင်တည်ရှိပြီး၊ သမဝါယမ တက္ကသိုလ်ပိုင် မြေဧရိယာ စုစုပေါင်းမှာ (၂၀၈.၂၀၉)ဧက ရှိပါသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊သမဝါယမ ဦးစီးဌာနလက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။

သမဝါယမတက္ကသိုလ်(သန်လျင်)တွင် နှစ်စဉ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၄၀၀)ဦး လက်ခံသင်ကြားပေးလျက်ရှိသည်။

သုတေသနသရုပ်ပြအဘိဓာန်

ကျေးဇူးတော်ရှင် ဖျာပုံတိုက်သစ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ မထေရ်မြတ်၏ သုတေသနသရုပ်ပြအဘိဓာန်ကို ၂၀ဝ၂-ခုနှစ်တွင် တတိယအကြိမ်အဖြစ် သာသနာရေးဦးစီးဌာနမှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သို့ရာတွင် ထည့်သွင်း သင့်သောပြင်ဆင်ဖြည့်စွက်ချက်များမပါဘဲ ၁၉၇၅-ခုနှစ် ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့်အတိုင်းသာ ပြန်လည်စာစီပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

အဒမ်စမစ်

အက်ဒမ်စမစ်သည် စကော့လူမျိုး ဘောဂဗေဒ ပညာရှိ ကြီး တစ်ဦး ဖြစ်၏။ အကောက်တော်ဌာန၊ စာရင်းစစ်မင်းကြီး အက်ဒမ်စမတ်၏ သားဖြစ်၍ စကော့တလန်ပြည် ကပ်ကောဒီမြို့ တွင် ၁၇၂၃ ခုနှစ် ဇွန် ၅ ရက်နေ့၌ ဖွားမြင်သည်။ မိခင်ကြီး၏ ကျွေးမွေးစောင့်ရှောက်မှုဖြင့် ကြီးပြင်းလာရသူဖြစ်သည်။

အရစ္စတိုတယ်

ဂရိလူမျိုး အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။

အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ တွေးခေါ်မှန်းဆခြင်း(Philosophical Speculation)ကို အထုံရခဲ့သည်။

ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။

ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။

ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။

အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric) ၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။

ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။

အရစ္စတိုတယ်၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊ ဒဿန၊ စာပေ အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးကြသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.