ဘရာဇီးနိုင်ငံ


ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက်တွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေအရရော နယ်မြေ အကျယ်အဝန်းအရပါ ကမ္ဘာပေါ်တွင် ပဉ္စမအကြီးဆုံး နိုင်ငံဖြစ်သည်။ စပိန်ဘာသာသုံးသည့် အမေရိကနိုင်ငံများအကြား ဘရာဇီးသာလျှင် ပေါ်တူဂီဘာသာကို ရုံးသုံးဘာသာအဖြစ် အသုံးပြုသည်။ [၆] [၆][၇]

အရှေ့ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာကို မျက်နှာမူထားသည့် ဘရာဇီး၏ ပင်လယ်ကမ်းရိုးတန်းမှာ ၇၄၉၁ ကီလိုမီတာ (၄၆၅၅ မိုင်) ရှည်လျားသည်။ [၆] မြောက်ဘက်တွင် ဗင်နီဇွဲလားနိုင်ငံဂိုင်ယာနာနိုင်ငံဆူရာနမ်နိုင်ငံ နှင့် ပြင်သစ်နိုင်ငံ၏ နယ်မြေဖြစ်သော ပြင်သစ်ဂီနီ ဒေသ၊ အနောက်မြောက်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ အနောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံပီရူးနိုင်ငံ၊ အနောက် တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံပါရာဂွေးနိုင်ငံနှင့် တောင်ဘက်တွင် ဥရုဂွေးနိုင်ငံများ အသီးသီး တည်ရှိသည်။ [၆] ဘရာဇီးနိုင်ငံပိုင် နယ်မြေတွင် ကျွန်းစု အမြောက်အများလည်း ပါဝင်သည်။ တောင်အမေရိကနိုင်ငံများတွင် အီကွေဒေါနိုင်ငံ နှင့် ချီလီနိုင်ငံ မှ လွဲ၍ အခြားနိုင်ငံအားလုံးနှင့် ထိစပ်နေသည်။

ဘရာဇီးနိုင်ငံသည် ၁၅၀၀ ပြည့်နှစ်များမှစ၍ ၁၈၂၂ ခုနှစ်တွင် လွတ်လပ်ရေး ရရှိသည်အထိ ပေါ်တူဂီ၏ ကိုလိုနီနယ်ဖြစ်ခဲ့သည်။[၈] အမှန်တကယ်တွင် ကိုလိုနီ အဖြစ် ပျက်ပြယ်ခဲ့သည်မှာ ၁၈၀၈ ခုနှစ်တွင် နပိုလီယံက ပေါ်တူဂီနိုင်ငံအား ကျူးကျော်ဝင်ရောက်၍ ပေါ်တူဂီကိုလိုနီ အင်ပိုင်ယာ၏ မြို့တော်ကို လစ်စဘွန်းမြို့မှ ရီယို ဒီ ဂျီးနေးရိုးမြို့သို့ ပြောင်းရွှေ့ခဲ့စဉ်ကတည်းကပင် ဖြစ်သည်။ ၁၈၂၂ ခုနှစ်တွင် စည်းမျဉ်းခံ ဘုရင်စနစ်နှင့် ပါလီမန် စနစ် ကျင့်သုံးသော ဘရာဇီးနိုင်ငံအဖြစ် ထူထောင်ခဲ့ပြီး လွတ်လပ်ရေး ရခဲ့သည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘရာဇီးနိုင်ငံအား ဖက်ဒရယ် သမ္မတနိုင်ငံ အဖြစ် သတ်မှတ် ပြဋ္ဌာန်းထားသည်။ ပြည်နယ် ၂၆ ခုနှင့် မြို့ပေါင်း ၅၅၆၄ မြို့ ပါဝင်သည်။


ဘရာဇီး၏ စီးပွားရေးမှာ ဂျီဒီပီ အားဖြင့် တွက်လျှင် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် အကြီးဆုံးဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်းဖြင့် ကြည့်ပါက သတ္တမမြောက် အကြီးဆုံးဖြစ်သည်။ [၉][၁၀] ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှိန်အဟုန်ဖြင့် စီးပွား တိုးတက်လျှက်ရှိသော နိုင်ငံကြီးများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် နိုင်ငံတကာမှ အသိအမှတ် ပြုမှုကို အသစ်တဖန် ရရှိခဲ့သည်။ ထို့အတွက်ကြောင့်ရုရှားအိန္ဒိယတရုတ် တို့နှင့်အပြိုင် စီးပွားရေး ရွှေနိုင်ငံများဟု (BRICs) ကမ္ဘာတွင် အမည်တွင်လာသည်။ နိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် အမေဇုံသစ်တောများဖြင့် ဖုံးလွှမ်းလျှက် ရှိပြီး တောင်ပိုင်းတွင်မူ မြက်ခင်းပြင် မြေပြန့်များသာ များပြားသည်။

ဘရာဇီး ဖက်ဒရယ် သမ္မတနိုင်ငံ
República Federativa do Brasil (ပေါ်တူဂီ)
ဘရာဇီး၏ အလံတော်
ဘရာဇီး၏ Coat of arms
အလံတော် Coat of arms
ဆောင်ပုဒ်: "Ordem e Progresso"
(ပေါ်တူဂီ)
"Order and Progress"
နိုင်ငံတော် သီချင်း: Hino Nacional Brasileiro
(ပေါ်တူဂီ)
"Brazilian National Anthem"
National seal
Selo Nacional do Brasil National Seal of Brazil (color).svg
(ပေါ်တူဂီ)
"National Seal of Brazil"
ဘရာဇီး၏ တည်နေရာ
မြို့တော်ဘရာဇီးလီးလားမြို့
အကြီးဆုံးမြို့ဆော်ပေါင်လိုမြို့
ရုံးသုံး ဘာသာစကားများပေါ်တူဂီဘာသာ
DemonymBrazilian
အမျိုးအစားPresidential Federal republic
အစိုးရ
• သမ္မတ
Luiz Inácio Lula da Silva (PT)
• ဒုသမ္မတ
José Alencar (PRB)
ဥပဒေပြုလွှတ်တော်National Congress
• အထက်လွှတ်တော်
Federal Senate
• အောက်လွှတ်တော်
Chamber of Deputies
Independence from Kingdom of Portugal
• Declared
7 September 1822
• Recognized
29 August 1825
• Republic
15 November 1889
• Current constitution
5 October 1988
ဧရိယာ
• Total
8514877 km2 (3287597 sq mi) (အဆင့်: 5th)
• ရေထု (%)
0.65
လူဦးရေ
• 2009 ခန့်မှန်း
192,272,890[၁] (အဆင့် - 5th)
• 2007 သန်းခေါင်စာရင်း
189,987,291
• သိပ်သည်းမှု
22 /km² (57/sq mi) (အဆင့် - 182nd)
GDP (PPP)2009 ခန့်မှန်း
• စုစုပေါင်း
$2.013 trillion[၂]
• Per capita
$10,513[၂]
GDP (nominal)2009 ခန့်မှန်း
• စုစုပေါင်း
$1.574 trillion[၂]
• Per capita
$8,220[၂]
Gini (2009)49.3[၃]
မြင့်
HDI (2007)0.813[၄]
အလွန်မြင့် · 75th
ငွေကြေးReal (R$) (BRL)
အချိန်ဇုန်BRT[၅] (UTC-2 to -4[၅])
• နွေရာသီ (DST)
BRST (UTC-2 to -4)
ရက်စွဲပုံစံdd/mm/yyyy (CE)
ယာဉ်ကြောစနစ်right
တယ်လီဖုန်းကုဒ်+55
Internet TLD.br

သမိုင်းကြောင်း

ပေါ်တူဂီ ကိုလိုနီခေတ်

ယခုအခါတွင် ဘရာဇီးနိုင်ငံဟု ခေါ်တွင်နေကြသော ဒေသကို ပီဒရို အယ်လ်ဗာရပ်စ် ကာဘရယ် ဦးဆောင်သော ပေါ်တူဂီတို့၏ သင်္ဘော အစုအဝေး ၁၅၀၀ခုနှစ် ဧပြီလတွင် ရောက်ရှိလာရာမှ ပေါ်တူဂီတို့ စတင် ခြေချခဲ့ကြသည်။ [၁၁] ထိုအချိန်က ကျောက်ခေတ်လူသား ကဲ့သို့ နေထိုင်ကြပြီး လူမျိုးစုများ အများအပြား ကွဲပြားနေသော မူလနေထိုင်သူတို့အား ပေါ်တူဂီတို့ တွေ့ရှိခဲ့ကြသည်။ ထိုသူအများစုတို့မှာ တူပီ-ဂွါရာနီ ဘာသာစကားကို ပြောဆိုကြပြီး အချင်းချင်း အမြဲ တိုက်ခိုက်နေတတ်ကြသည်။ [၁၂]

ပထမဆုံး စတင် နေထိုင်ခဲ့ကြသည်မှာ ၁၅၃၂ ခုနှစ် ဖြစ်သော်လည်း ကိုလိုနီ နယ်မြေ အဖြစ် သိမ်းပိုက်ခြင်းမှာ ၁၅၃၄ တွင်မှ စတင်ခဲ့သည်။ ဒွန် ဂျို ၃ မှ နယ်မြေ ၁၂ ခု အဖြစ် ခွဲခြား သတ်မှတ်ခဲ့သည်။[၁၃][၁၄] သို့သော်လည်း ထို အစီအစဉ်မှာ ပြဿနာ များစွာ ရှိသဖြင့် ၁၅၄၉ ခုနှစ်တွင် ဘုရင်မှ ကိုလိုနီနယ်မြေ တစ်ခုလုံးကို အုပ်ချုပ်ရန် ဘုရင်ခံချုပ် တစ်ယောက်ကို ခန့်အပ်ခဲ့သည်။[၁၄][၁၅] ပေါ်တူဂီတို့သည် အချို့မျိုးနွယ်စုတို့ကို သိမ်းသွင်းနိုင်ခဲ့ကြပြီး ကျန်လူမျိုးစုများမှာ ကျွန်ပြုခြင်း ခံခဲ့ရသည်။ အချို့သော လူမျိုးစုများမှာ ကာလရှည် စစ်ပွဲများနှင့် သူတို့ထံတွင် ကုသရန် ဆေးမရှိသော ဥရောပမှ သယ်ဆောင်လာသည့် ရောဂါများကြောင့် မျိုးပြုတ် သွားခဲ့ရသည်။ ၁၆ ရာစု အလယ်ပိုင်းသို့ ရောက်သောအခါတွင် သကြားသည် ဘရာဇီးနိုင်ငံ၏ အဓိက တင်ပို့ကုန် ဖြစ်လာခဲ့ပြီး ပေါ်တူဂီတို့ အနေနှင့် တိုးမြင့်လာသော နိုင်ငံတကာမှ ဝယ်လိုအားကို အမီလိုက်နိုင်ရန် အာဖရိကမှ ကျွန်များကို တင်သွင်းလာခဲ့ကြသည်။[၁၆]

Meirelles-primeiramissa2
၁၅၀၀ ခုနှစ် ဘရာဇီးနိုင်ငံမှ ပထမဦးဆုံး ခရစ်ယာန်ဘာသာ ဝတ်ပြု အစည်းအဝေး

ပြင်သစ်တို့ကို တိုက်ခိုက်သော စစ်ပွဲများမှ တဆင့် ပေါ်တူဂီတို့သည် ၎င်းတို့၏ နယ်ပယ်ကို တဖြည်းဖြည်း ချဲ့ထွင်လာခဲ့ပြီး အရှေ့တောင်ဘက်ရှိ ရီယို ဒီ ဂျီးနေးရိုးမြို့ကို ၁၅၆၇ ခုနှစ်တွင် သိမ်းပိုက်ကာ အနောက်မြောက်ဘက်ရှိ ဆောလူးဝစ်မြို့ကို ၁၆၁၅ တွင် သိမ်းပိုက်နိုင်ခဲ့သည်။ အမေဇုံ မိုးသစ်တော များအတွင်းသို့ စစ်တပ်များ စေလွှတ်၍ ဗြိတိသျှနှင့် ဒတ်ခ်ျတို့ အခိုင်အမာ တပ်စွဲထားသော နေရာများကို အောင်မြင် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၆၆၉ ခုနှစ်မှစ၍ ကျေးရွာများနှင့် ခံတပ်များ စတင် တည်ဆောက်ခဲ့သည်။ ၁၆၈၀ တွင် တောင်ဘက်အစွန်ဆုံး အထိ ရောက်ရှိခဲ့ပြီး ရိုင်ယိုဒီလာ ပလာတာ မြစ်ကမ်းတွင် ဆာခရာမင်တိုမြို့ကို တည်ထောင်ခဲ့သည်။ (ယနေ့ခေတ် ဥရုဂွေးနိုင်ငံ နေရာဖြစ်သည်။)

၁၇ ရာစု အကုန်ပိုင်းတွင် သကြားတင်ပို့မှု လျော့ကျလာခဲ့သော်လည်း ၁၆၉၀ ခုနှစ်များတွင် ရွှေတွင်းများ တွေ့ရှိခဲ့ခြင်းကြောင့် ကိုလိုနီနယ် ပျက်သုဉ်းမည့်ဘေးမှ ကင်းဝေးခဲ့သည်။ ဘရာဇီး တစ်နိုင်ငံလုံး အပြင် ပေါ်တူဂီမှ ရွှေ့ပြောင်းနေထိုင်သု ထောင်ပေါင်းများစွာ သတ္တုတွင်းများသို့ ရောက်ရှိလာခဲ့ကြသည်။

၁၈၀၈ ခုနှစ်တွင် ပေါ်တူဂီ တော်ဝင်မိသားစုနှင့် ပေါ်တူဂီ သူကောင်းမျိုး အများစုတို့ ပေါ်တူဂီသို့ ကျူးကျော် ဝင်ရောက်သော ပြင်သစ် ဧကရာဇ် နပိုလီယန် ၁ ၏ တပ်များဘေးမှ ထွက်ပြေးရောက်ရှိ လာကြပြီး ရီယို ဒီ ဂျီးနေးရိုးမြို့တွင် အခြေချ နေထိုင်ခဲ့ကြသဖြင့် ပေါ်တူဂီ အင်ပိုင်ယာ တစ်ခုလုံး၏ နန်းမြို့တော် ဖြစ်လာခဲ့သည်။ ၁၈၁၅ တွင် ဒွန်ဂျို ၆ မှ ဘရာဇီးနိုင်ငံအား ကိုလိုနီ အဖြစ်မှ ပေါ်တူဂီနှင့် ပေါင်းစည်းထားသော အချုပ်အခြာ အာဏာပိုင် နိုင်ငံ အဖြစ် တည်ထောင်ခဲ့သည်။ ၁၈၀၉ တွင် ပေါ်တူဂီတို့ ပြင်သစ် ဂီနီ ဒေသအား ကျူးကျော်ခဲ့ပြီး (၁၈၁၇ တွင် ပြင်သစ်သို့ ပြန်လည် ပေးအပ်ခဲ့သည်။) ၁၈၁၆ တွင် အရှေ့ဘက် ကမ်းမြှောင်ကို ကျူးကျော်ခဲ့ကာ ဆစ်ပလာတီနာ ဟု နာမည် ပြောင်းခဲ့သည်။

လွတ်လပ်ပြီးခေတ်နှင့် ဘရာဇီးအင်ပိုင်ယာ

Independência ou Morte (1888)
၁၈၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးကို ပထမ ပီဒရို ဧကရာဇ်မှ ကြေငြာခဲ့ပုံ

ပေါ်တူဂီ စစ်တပ်မှ နပိုလီယံ၏ ကျူးကျော်မှုကို အောင်မြင်စွာ တွန်းလှန်ပြီးသည့် နောက် ဆဌမမြောက် ရှဝေါင်ဘုရင် (King João VI) သည် ဥရောပသို့ ပြန်သွားခဲ့ပြီး သူ၏ အကြီးဆုံးသားဖြစ်သူ ပီဒရို ဒီ အယ်လ်ကန်ထရာကို ဘရာဇီးကို အုပ်ချုပ်မည့် ဘုရင်ခံ အဖြစ် ခန့်ထားခဲ့သည်။ [၁၇] ၁၈၂၀ လစ်ဘရယ် တော်လှန်ရေးကြောင့် ဖြစ်လာသည့် ပေါ်တူဂီ အစိုးရက ဘရာဇီးနိုင်ငံအား ကိုလိုနီ အဖြစ် တဖန်ပြန်၍ ပြောင်းလဲပစ်နိုင်ရန် ကြိုးစားခဲ့ပြီး ၁၈၀၈ ခုနှစ်မှ စတင်ရရှိခဲ့သည် အောင်မြင်မှုများကို ပြန်လည်ဆုံးရှုံးမည့် အခြေအနေဖြစ်ခဲ့သည်။ ဘရာဇီးများက ထိုသို့ ပြုလုပ်ခြင်းကို လက်မခံဘဲ ပီဒရိုမင်းသားမှလည်း ဘရာဇီးပြည်သူများ ဘက်မှ ရပ်ကာ ၁၈၂၂ စက်တင်ဘာလ ၇ ရက်တွင် ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးကို ကြေငြာခဲ့သည်။ ၁၈၂၂ အောက်တိုဘာ ၁၂တွင် ပီဒရိုသည် ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဧကရာဇ် အဖြစ် ကြေငြာခဲ့ပြီး ၁၈၂၂ ဒီဇင်ဘာ ၁ရက်တွင် ပထမ ဒွန်ပီဒရိုဘုရင် အဖြစ် ဘိသိက်ခံခဲ့သည်။[၁၈]

Pelourinho
ရီယိုဒီဂျနေးရိုးမြို့တွင် ကျွန်တစ်ယောက်အား အများရှေ့မှောက်တွင် ကြိမ်ဒဏ်ပေးနေပုံ ( Jean-Baptiste Debret ၏ Voyage Pittoresque et Historique au Bresil (1834–1839) စာအုပ်မှ)

ထိုအချိန်တွင် ဘရာဇီးပြည်သူများသည် ဘုရင်စနစ်ကို ပို၍ သဘောကျကြပြီး သမ္မတနိုင်ငံစနစ်ကို ထောက်ခံသူ နည်းပါးသေးသည်။[၁၉][၂၀] နောက်ဆက်တွဲ ဖြစ်ပေါ်လာသော ဘရာဇီးလွတ်မြောက်ရေး စစ်ပွဲများမှာ ဘရာဇီးနယ်နိမိတ် တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး မြောက်ပိုင်းဒေသ၊ အရှေ့မြောက်ပိုင်းဒေသနှင့် တောင်ပိုင်းဒေသတို့တွင် စစ်ပွဲများ ဖြစ်ပွားခဲ့သည်။[၂၁] နောက်ဆုံး ပေါ်တူဂီ စစ်သားမှာ ၁၈၂၄ခုနှစ် မတ်လ ၈ ရက်တွင် လက်နက်ချခဲ့ပြီး[၂၂] ၁၈၂၅ ဩဂုတ် ၂၉တွင် ပေါ်တူဂီနိုင်ငံမှ ဘရာဇီးနိုင်ငံ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုခဲ့ရသည်။[၂၃]

နိုင်ငံတဝှမ်းရှိ မြူနီစပါယ် ကောင်စီများ၏ ထောက်ခံမှုဖြင့် ဘရာဇီးနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၈၂၄ ခုနှစ် မတ်လ ၂၅ ရက်တွင် ကြေငြာခဲ့သည်။ ပထမ ပီဒရိုဘုရင်သည် ၁၈၃၁ ဧပြီလ ၇ ရက်တွင် နန်းစွန့်ကာ သူ၏ သမီးထံမှ ထီးနန်းကို ပြန်လည်ရယူရန် အတွက် ဥရောပသို့ ပြန်သွားခဲ့သည်။ သူ၏ ၅ နှစ် အရွယ် သားဖြစ်သူ ဒုတိယ ပီဒရိုဘုရင် ဖြစ်လာမည့် သူအား ချန်ထားခဲ့သည်။ ဘုရင်အသစ်မှာ အရွယ်မရောက်သေးသဖြင့် နိုင်ငံကို မအုပ်ချုပ်နိုင်သေးသည့် အတွက် ဘုရင်ခံ တစ်ဦးကို ခန့်ထားခဲ့သည်။

နိုင်ငံရေး အဖွဲ့ကွဲများမှ သူပုန်ထမှုများနှင့် မငြိမ်သက်မှုများ ပေါ်ပေါက်ခဲ့ပြီး မင်းမဲ့တိုင်းပြည် ဖြစ်လုနီးပါးပင် ဖြစ်သည်။ ဂရော-ပါရာ (Grão-Pará) ဒေသမှ လူဦးရေ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိသည် ကာဘာနာဂမ် ထကြွမှုတွင် သေဆုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့သည်။ အချို့သော သူများမှာ ပီဒရို ၂ အရွယ်မရောက်သေးသရွေ့ သူတို့၏ ဒေသအား လွတ်လပ်သော သမ္မတနိုင်ငံ များအဖြစ် ခွဲထွက်ကြောင်း ကြေငြာခဲ့သော်လည်း ဘုရင်ကို တော်လှန်ပုန်ကုန်ခြင်း မဟုတ်ကြပေ။ ထို့အတွက်ကြောင့် ဒုတိယ ပီဒရိုဘုရင်အား အရွယ်မရောက်မီတွင် ဧကရာဇ် အဖြစ် ကြေငြာခဲ့ရသည်။ ထို့နောက် ဘရာဇီးနိုင်ငံသည် ရာစုနှစ်ဝက်ခန့်မျှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အလျင်အမြန် တိုးတက်ခြင်းတို့ဖြင့် တွေ့ကြုံခဲ့ရသည်။

Americo-avaí
ပါရာဂွေးစစ်ပွဲ အတွင်း ပါရာဂွေးတပ်များ (အချို့မှာ အနီရောင် ယူနီဖောင်း ဝတ်ဆင်ထားပြီး အချို့မှ အင်္ကျီချွတ်ထားကြသည်) များနှင့် ဘရာဇီးတပ်များ ( ယူနီဖောင်းအပြာ ဝတ်ထားသည်) တို့ တိုက်ခိုက်နေစဉ်

ဒုတိယ ပီဒရို ဘုရင်၏ ၅၈ နှစ်ကြာ အုပ်ချုပ်မှု အတွင်း ဘရာဇီးတို့သည် ပလက်တိုင်းစစ်ပွဲ၊ ဥရုဂွေး စစ်ပွဲနှင့် ပါရာဂွေး စစ်ပွဲဟူသော နိုင်ငံတကာ စစ်ပွဲ ၃ ခုကို အောင်မြင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုစစ်ပွဲများကြောင့် လူ ၅ သောင်းကျော် သေဆုံးခဲ့ရသည်။ ၁၈၂၈ ခုနှစ်တွင် စစ်ပလာတီးနား ဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး ထိုဒေသမှာ ဥရုဂွေးနိုင်ငံ ဟူ၍ ဖြစ်လာခဲ့သည်။ ထို့နောက်ပိုင်းတွင် ကျင်းပသော ရွေးကောက်ပွဲများနှင့် သတင်းစာ လွတ်လပ်မှုများကြောင့် ကိုယ်စားပြု ဒီမိုကရေစီ စနစ် အဖြစ် ပြောင်းလဲလာသည်ကို မြင်ခဲ့ရသည်။ အရေးပါသည့် ကိစ္စရပ်တစ်ခုမှာ ကျွန်စနစ်ကို တဖြည်းဖြည်း ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ၁၈၅၀ ခုနှစ်တွင် နိုင်ငံတကာ ကျွန်ကုန်သွယ်မှုကို ပိတ်ပင် တားဆီးခဲ့ပြီး ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာခဲ့ရာ ၁၈၈၈ ခုနှစ်တွင် ကျွန်စနစ်ကို အပြီးတိုင် ဖျက်သိမ်းခဲ့သည်။ ဘရာဇီးနိုင်ငံ လွတ်လပ်ရေး ရပြီးသည်မှ စ၍ ကျွန် ဦးရေမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ခြင်း ဖြစ်သည်။ ၁၈၂၃ ခုနှစ်တွင် ကျွန်ဦးရေမှာ ဘရာဇီးနိုင်ငံ လူဦးရေ၏ ၂၉ ရာခိုင်နှုန်းမျှ ရှိပြီး ၁၈၈၄ ခုနှစ်တွင်မူ ၅ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့သည်။

ဘရာဇီးနိုင်ငံ အတွင်း အစိုးရပုံစံကို ပြောင်းလဲပစ်ရန် ဆန္ဒမရှိသော်လည်း ၁၈၈၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဘုရင်စနစ် ပျက်စီးသွားခဲ့သည်။။ ထိုအချိန်တွင် ဒုတိယ ပီဒရို ဘုရင်သည် အထင်ရှား အကျော်ကြားဆုံး ဖြစ်နေခဲ့သော်လည်း သူ၏ နန်းကျမှုအတွက်မူ သူတစ်ဦးတည်းတွင်သာ တာဝန်ရှိခဲ့သည်ဟု ဆိုသည်။ ဒုတိယ ပီဒရို အနေနှင့် သူ၏ သား ၂ ယောက်စလုံး သေဆုံးပြီးသည့် နောက်တွင် ဘုရင်စနစ်သည် သူနှင့် အတူ ချုပ်ငြိမ်းတော့မည်ဟူ၍ ယုံကြည်ခဲ့သည်။ သူ့အနေနှင့် အစိုးရ၏ ကံကြမ္မာကို အနည်းငယ်မျှ ဂရုမစိုက်ခဲ့ပေ။ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့သည့် အတွက် မကျေနပ်ကြသော ကျွန်ပိုင်ရှင်တို့ ကျောထောက်နောက်ခံပြုထားသည့် စစ်တပ် အာဏာသိမ်းမှုကို မည်သို့မှ မတုံ့ပြန်ခဲ့သလို အခြားသူများအားလည်း တုံ့ပြန်ခွင့် မပေးခဲ့ပေ။

အစောပိုင်း သမ္မတနိုင်ငံ

Revolução de 1930
ဘရာဇီးနိုင်ငံ၏ ၁၉၃၀ အာဏာသိမ်းမှုမှ ဇဲတူလူး ဗားဂပ်စ် (အလယ်ခေါင် စစ်ယူနီဖောင်းဖြင့် ဦးထုပ်ဆောင်း မထားသူ) အာဏာရခဲ့သည်။ သူသည် ဘရာဇီးနိုင်ငံအား ၁၅ နှစ်ကြာမျှ အုပ်စိုးခဲ့သည်။

သမ္မတ အစိုးရ ခေတ် အစပိုင်းတွင် စစ်အာဏာရှင် စနစ်ထက် အနည်းငယ်မျှသာ သာခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်မှ မဲပေးခွင့်ကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို ကန့်သတ် ထားခဲ့သည်။ ၁၈၉၄ ခုနှစ်တွင်မူ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ၁၈၉၁ ခုနှစ် အန်စီဟာမန်တို စီးပွားရေး မတည်ငြိမ်မှု နှင့် ပထမဆုံး ရေတပ်ပုန်ကန်မှုတို့မှ အစပြု၍ နိုင်ငံမှာ ငွေကြေး၊လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှု ကာလရှည်အတွင်းသို့ စတင်ချင်းနင်း ဝင်ရောက်ခဲ့သည်။ ထိုအခြေအနေမှာ ၁၉၂၀ ခုနှစ်များတိုင်အောင် ကြာမြင့်ခဲ့ပြီး စစ်တပ်နှင့် အရပ်ဖက်မှ သူပုန်ထမှုများလည်း ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အစိုးရ၏ အာဏာမှာ တဖြည်းဖြည်းချင်း ယုတ်လျော့လာခဲ့သဖြင့် ၁၉၃၀ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော သမ္မတလောင်း ဇဲတူလူး ဗားဂပ်စ်မှ စစ်တပ်မှ အများစု၏ ထောက်ခံမှုဖြင့် အာဏာသိမ်းခဲ့ပြီး သမ္မတ ရာထူးကို ရယူခဲ့သည်။

ခေတ္တခဏမျှ အာဏာ ရယူထားသော ဗားဂပ်စ်နှင့် စစ်တပ်တို့မှာ ၁၈၉၁ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ရန် ဖြစ်သော်လည်း လွှတ်တော်ကို ရပ်နားခဲ့ပြီး အရေးပေါ် အာဏာဖြင့် အုပ်ချုပ်ခဲ့သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူးများအား သူတို့ကို ထောက်ခံသူများဖြင့် လဲလှယ်ခဲ့သည်။ အစိုးရမှ ပေးထားသော ကတိများကို ချိုးဖောက်ခဲ့သဖြင့် ဆောပိုလိုမှ အစိုးရ အဖွဲ့ဝင် မိသားစုများမှ ၁၉၃၂ ခုနှစ်တွင် အာဏာကို ပြန်လည်ရယူရန် ကြိုးစားခဲ့ပြီး ၁၉၃၅ ခုနှစ်တွင် ကွန်မြူနစ်တို့ ပုန်ကန် ထကြွခဲ့ကြသည်။ ထိုပုန်ကန်မှု ၂ ခုစလုံးမှာ ရှုံးနိမ့်ခဲ့ရသည်။ သို့သော်လည်း ဗားဂပ်စ် အစိုးရ အနေနှင့် ကွန်မြူနစ်တို့၏ အန္တရာယ်ကို အကြောင်းပြ၍ ရွေးကောက်ပွဲကို တားဆီးခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် အခြား အာဏာသိမ်းမှု တစ်ခုကို ပြုလုပ်ခဲ့ကာ အာဏာရှင် စနစ်ကို အပြည့်အဝ ကျင့်သုံးတော့သည်။ ၁၉၃၈ ခုနှစ် မေလတွင် ဒေသခံ ဖက်ဆစ်ဝါဒီတို့မှ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နိုင်ငံခြားရေးရာ ကိစ္စများတွင်မူ ဤကာလ၏ အစောပိုင်းနှစ်များ အတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် ပြဿနာများကို ဖြေရှင်းရာတွင် အောင်မြင်ခဲ့သည်။ ပထမကမ္ဘာစစ် အတွင်း ပါဝင်ခဲ့ပြီးနောက် နိုင်ငံပေါင်းချုပ် အသင်းကြီး တွင် အရေးပါသော နေရာမှ ပါဝင်ဆောင်ရွက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ ဒုတိယကမ္ဘာစစ် အစပိုင်း အတွင်း ဘရာဇီးနိုင်ငံ သည် မည်သည့် ဘက်တွင်မှ မပါဝင်ခဲ့သော်လည်း ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ပန်အမေရိကန် ကွန်ဖရင့်မှ အစပြု၍ အမေရိကန်ပြည်ထောင်စု ဘက်မှ ရပ်တည်ခဲ့ပြီး ဝင်ရိုးတန်း အင်အားကြီးနိုင်ငံများနှင့် အဆက်အသွယ် ဖြတ်ခဲ့သည်။ လက်စားချေသည့် အနေနှင့် နာဇီဂျာမနီ နှင့် ဖက်ဆစ်အီတလီတို့မှ ဘရာဇီးနိုင်ငံအား ရေငုပ်သင်္ဘောဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့် ဆောင်ရွက်ခဲ့သဖြင့် ထိုနှစ် ဩဂုတ်လတွင် ဘရာဇီးသည် မဟာမိတ်များ ဘက်မှနေ၍ ဒုတိယကမ္ဘာစစ် အတွင်းသို့ ဝင်ရောက် လာခဲ့သည်။

၁၉၄၅ခုနှစ် မဟာမိတ်တို့ အောင်ပွဲခံခြင်းနှင့် ဥရောပရှိ နာဇီ-ဖက်ဆစ် အစိုးရများ ပြုတ်ကျသွားခြင်းတို့ကြောင့် ဗားဂပ်စ် အနေနှင့် သူ၏ နေရာကို ဆက်လက် ထိန်းသိမ်းရန် မဖြစ်နိုင်တော့ပေ။ သူ့အား အခြား စစ်တပ် အာဏာသိမ်းမှု တစ်ခုဖြင့် အလျှင်အမြန်ပင် ဖြုတ်ချနိုင်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ပြီး ဗိုလ်ချုပ်ကြီး ယူရစ်ကို ဂက်စ်ပါ ဒူထရာ သည် ၁၉၄၆ ခုနှစ်တွင် ရွေးကောက်ခံရသည့် သမ္မတ အဖြစ် အာဏာ လွှဲပြောင်းယူခဲ့သည်။ ၁၉၅၀ ခုနှစ် အကုန်ပိုင်းတွင် ဗားဂပ်စ်သည် ဒီမိုကရေစီနည်းဖြင့် ရွေးကောက်ခံရသည့် သမ္မတအဖြစ် ဒုတိယအကြိမ် ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၅၄ခုနှစ် နိုင်ငံရေး ရှုပ်ထွေးမှုများကြားတွင် ဗားဂပ်စ်သည် မိမိဘာသာ အဆုံးစီရင် သွားခဲ့သည်။

ယနေ့ခေတ် ဘရာဇီး

Inauguration of Luiz Inácio Lula da Silva in 2003.jpeg
ဖာနန်ဒို ဟင်းနရစ် ကာဒိုဆို ထံမှ လူးဝစ် အင်နာရှို လူလာ ဒါ ဆေးလ်ဗား ထံသို့ အာဏာလွှဲပြောင်းပြီးနောက်တွင် ဘရာဇီးနိုင်ငံ အနေနှင့် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသော နိုင်ငံရေးတည်ငြိမ်မှုကို ရရှိခဲ့သည်။

ဗားဂပ်စ် မိမိဘာသာ အဆုံးစီရင်ပြီးသည့် နောက်တွင် ခေတ္တခဏမျှ အုပ်ချုပ်သည့် အစိုးရများစွာ ပေါ်ပေါက်ခဲ့သည်။ [၂၄] ၁၉၅၆ ခုနှစ်တွင် ဂျူဆယ်လီနို ကုဗစ်ရှက် သမ္မတ ဖြစ်လာခဲ့ပြီး နိုင်ငံရေး အတိုက်အခံ အင်အားစုများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သဖြင့် သူ၏ လက်ထက်တွင် ပြဿနာ ကြီးကြီးမားမား မပေါ်ပေါက်ခဲ့ပေ။ [၂၅] စီးပွားရေး နှင့် စက်မှုလုပ်ငန်းများ သိသာစွာ တိုးတက်လာခဲ့သည်။ [၂၆] သူ၏ အကြီးမားဆုံးသော အောင်မြင်မှု တစ်ရပ်မှာ မြို့တော်သစ် ဘရာဆေးလေးယားကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၆၀ ခုနှစ်တွင် မြို့တော်သစ်ကို တရားဝင် ဖွင့်လှစ်ခဲ့သည်။ [၂၇] သူ၏ နေရာကို ဆက်ခံသူမှာ ဂျာနီယို ကွာဒရို ဖြစ်ပြီး ရာထူးဆက်ခံပြီး တစ်နှစ်မျှ မပြည့်သေးသည့် အချိန် ၁၉၆၁ ခုနှစ်တွင်ပင် ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ [၂၈] ထိုအချိန်က ဒုတိယသမ္မတ ဖြစ်သူ ရှဝေါင် ဂေါင်လတ်က သမ္မတ ရာထူးကို လွှဲပြောင်းရယူခဲ့ပြီး နိုင်ငံရေး ဆိုင်ရာ ပြင်းထန်စွာ ဆန့်ကျင်မှုများကို ကြုံတွေ့ခဲ့ရသည်။[၂၉] ၁၉၆၄ တွင် စစ်အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရပြီး စစ်အစိုးရ တက်လာခဲ့သည်။[၃၀]

စစ်အစိုးရမှ အာဏာ အလွှဲအပြောင်းကြား ကာလတွင် ခေတ္တမျှ ထိန်းသိမ်းရန် ဖြစ်သော်လည်း [၃၁] တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ၁၉၆၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ကို ကြေငြာကာ အာဏာရှင်စနစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့လေသည်။ [၃၂] အာဏာရှင် စနစ်ကို ဆန့်ကျင်သူ မြို့ပြနေ ပြောက်ကျားများကို [၃၃] နှိပ်ကွပ်ရာတွင် ကြမ်းတမ်းသော်လည်း အခြားသော လက်တင် အမေရိက တိုင်းပြည်များလောက် မဆိုးရွားခဲ့ပေ။ [၃၄] "အီကော်နောမစ် မစ်ရကယ်" ဟုခေါ်သော မကြုံဖူးလောက်အောင် ထူးခြားစွာ စီးပွားရေး တိုးတက်မှုများကြောင့် ဖိနှိပ်ထားသည့် ခုနှစ် အတွင်းမှာပင် စစ်အစိုးရကို လူကြိုက်များလာခဲ့သည်။[၃၅]

၁၉၇၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး အာနတ်စတို ဂိုင်ဆယ် သမ္မတ ဖြစ်လာခဲ့ပြီး သူ၏ ဖြည်းဖြည်း၊ မှန်မှန် နှင့် လုံခြုံစိတ်ချရသည့် လမ်းကြောင်းဟု ပြောဆိုထားခဲ့သည် ဒီမိုကရေစီစနစ် ပြန်လည် အသက်သွင်းမှု ကို စတင်ခဲ့သည်။[၃၆][၃၇] ဂိုင်ဆယ် သည် ၁၈၈၉ ခုနှစ်မှ စတင်သော စစ်တပ်၏ စည်းကမ်းမရှိမှုများ၊ နိုင်ငံရေး အကျဉ်းသားများအား ညှင်းပန်းနှိပ်စက်မှုများနှင့် သတင်းစာ ဆင်ဆာဖြတ်ခြင်းများကို ရပ်တန့်ခဲ့သည်။[၃၈] နောက်ဆုံးတွင် အာဏာရှင် အဖြစ်နှင့်ပင် ၁၉၆၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း စစ်အစိုးရ အဖြစ် ဆက်လက်ရှိနေခဲ့ပြီး သူ့နေရာကို ဆက်ခံသူ ဗိုလ်ချုပ်ကြီး ရှဝေါင် ဖီးဂေးရီဒို လက်ထက်တွင် ဒီမိုကရေစီ စနစ်သို့ အပြည့်အဝ ပြောင်းလဲခဲ့သည်။[၃၉]

၁၉၈၅ ခုနှစ် ယိုဆေး ဆာနေး သမ္မတ ဖြစ်လာပြီးနောက်တွင် အရပ်သားတို့လက်သို့ အာဏာ အပြည့်အဝ ပြန်လည် ရောက်ရှိလာခဲ့သည်။ [၄၀] သို့သော်လည်း သူ၏ သက်တမ်း ကုန်ဆုံးချိန်တွင် ထိန်းမနိုင် သိမ်းမရသော စီးပွားရေး ကပ်ဆိုက်မှုများနှင့် မကြုံစဖူးသော ငွေကြေးဖောင်းပွ မှုများကြောင့် လူကြိုက် အလွန်နည်းလာခဲ့သည်။ [၄၁] ဆာနေး၏ မအောင်မြင်သော အစိုးရအဖွဲ့ကြောင့် ၁၉၈၉ ခုနှစ်တွင် လူသိ အလွန်နည်းသော ဖာနန်ဒို ကော်လာ သမ္မတ ဖြစ်လာခဲ့ပြီး သူ့အား အမျိုးသား ကွန်ဂရက်မှ ၁၉၉၂ ခုနှစ်တွင် ရာထူးမှ အနားပေးခဲ့သည်။[၄၂] ကော်လာ၏ နေရာကို ဒုတိယသမ္မတ ဖြစ်သူ အီတာမာ ဖရန်ကိုက ဆက်လက် ရယူခဲ့ပြီး သူ၏ လက်ထက်တွင် ဖာနန်ဒို ဟင်းနရစ် ကာဒိုဆိုကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့သည်။

ကာဒိုဆို သည် ပလာနို ရီးရယ်ဟုခေါ်သည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဘရာဇီးနိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။[၄၃] သူ့အား ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်တွင် သမ္မတ အဖြစ်ထပ်မံ အရွေးခံခဲ့ရသည်။[၄၄] သူ့ထံမှ ၂၀၀၂ ခုနှစ် တွင် ရွေးကောက် တင်မြှောက်ခံရပြီး ၂၀၀၆ ခုနှစ်တွင် ထပ်မံ ရွေးကောက် တင်မြှောက်ခံရသော လူးဝစ် အင်နားရှို လူလာ ဒါ ဆေးလ်ဗား ထံသို့ အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ခဲ့သဖြင့် ဘရာဇီး နိုင်င့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရသော နိုင်ငံရေး တည်ငြိမ်မှုကို ရရှိခဲ့သည်။[၄၅] ၂၀၁၁ ခုနှစ်တွင် လူလာ ၏ နေရာအား လက်ရှိ သမ္မတ ဖြစ်သော ဒေးလ်မား ဟူးဆက်မှ ဆက်ခံခဲ့သည်။[၄၆]

ပထဝီဝင်

Brazil topo
ဘရာဇီးနိုင်ငံ၏ မျက်နှာသွင်ပြင်ပြ မြေပုံ

ဘရာဇီးနိုင်ငံသည် တောင်အမေရိကတိုက်၏ အရှေ့ဘက် ကမ်းရိုးတန်း နေရာများစွာ ပါဝင်ပြီး တိုက်ကြီး၏ အတွင်းပိုင်း နေရာ အတော်များများလည်း ပါဝင်သည်။[၄၇] တောင်ဘက်တွင် ဥရုဂွေးနိုင်ငံ ၊ အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ နှင့် ပါရာဂွေးနိုင်ငံ၊ အနောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ နှင့် ပီရူးနိုင်ငံ၊ အနောက်မြောက်ဘက်တွင် ကိုလံဘီယာနိုင်ငံ၊ မြောက်ဘက်တွင် ဗင်နီဇွဲလားနိုင်ငံဆူရာနမ်နိုင်ငံဂိုင်ယာနာနိုင်ငံ နှင့် ပြင်သစ်နိုင်ငံ၏ ရပ်ဝေးနယ်နိမိတ် ဖြစ်သော ပြင်သစ်ဂီနီ တို့ဖြင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ အီကွေဒေါနိုင်ငံ နှင့် ချီလီနိုင်ငံ တို့မှ လွဲ၍ တောင်အမေရိကရှိ နိုင်ငံအားလုံးနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက် ရှိသည်။ ထိုမျှသာမက သမုဒ္ဒရာအတွင်းရှိ ကျွန်းများဖြစ်သည့် ဖာနန်ဒို ဒီ နိုရွန်ဟာ ကျွန်း၊ ရိုးကပ်စ် သန္တာကျွန်း၊ စိန့်ပီတာနှင့် စိန်ပေါကျွန်း၊ ထရီနီဒတ် နှင့် မာတင် ဗက်စ် ကျွန်း များလည်း ပါဝင်သည်။[၆] ၎င်း၏ အရွယ်အစား၊ မြေအနိမ့်အမြင့် အမျိုးမျိုး တည်ရှိမှု၊ ရာသီဥတု နှင့် သဘာဝ အရင်းအမြစ်များကြောင့် ဘရာဇီးနိုင်ငံသည် ပထဝီ အနေအထား အမျိုးမျိုး အစားစား ရှိသည်။[၄၇] အတ္တလန္တိတ်ရှိ ကျွန်းများ အပါအဝင် ဘရာဇီးနိုင်ငံသည် မြောက်လတ္တီကျု ၆ ဒီဂရီ နှင့် တောင်လတ္တီကျု ၃၄ ဒီဂရီ အကြား၊ အနောက်လောင်ဂျီကျု ၂၈ ဒီဂရီ နှင့် ၇၄ ဒီဂရီ အကြားတွင် တည်ရှိသည်။

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ရုရှားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စု တို့၏ နောက်မှ လိုက်သည်။ အမေရိကားတိုက်တွင် တတိယမြောက်အကြီးဆုံးနိုင်ငံ ဖြစ်ပြီး ရေပိုင်နက် ၂၁,၄၁၁ စတုရန်းမိုင် (၅၅,၄၅၅ စတုရန်းကီလိုမီတာ) အပါအဝင် [၆] စုစုပေါင်း ဧရိယာ စတုရန်းမိုင် ၃,၂၈၇,၆၁၂ မိုင် (၈,၅၁၄,၈၇၆.၅၉၉ စတုရန်းကီလိုမီတာ) မျှ ကျယ်ဝန်းသည်။ [၄၈] အချိန်အပိုင်းအခြား ဇုန် ၃ ခု တည်ရှိပြီး အနောက်ဘက်ရှိ ပြည်နယ်များတွင် UTC-4 အချိန်ဇုန်ရှိပြီး အရှေ့ဘက်ရှိ ပြည်နယ်များတွင် UTC-3 အချိန်ဇုန်ရှိကာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ကျွန်းများတွင် UTC-2 အချိန်ဇုန် ရှိသည်။ [၅] ဘရာဇီးသည် ကမ္ဘာပေါ်ရှိ အီကွေတာပေါ်တွင် တည်ရှိသော နိုင်ငံများအနက် အပူပိုင်းမဟုတ်သော အခြားဒေသများ ပါဝင်သည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်သည်။

ဘရာဇီးနိုင်ငံ၏ မြေမျက်နှာပြင်မှာလည်း အမျိုးမျိုးအစားအစား ကွဲပြားပြီး တောင်များ၊ တောင်ကုန်းများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ နှင့် ဆူးချုံတော မြေပြင်များ ပါဝင်သည်။ ကုန်းမြေ နေရာ အတော်များများမှာ ၆၆၀ပေ ( ၂၀၀ မီတာ) မှ ၂၆၀၀ပေ (၈၀၀ မီတာ) အမြင့်တွင် တည်ရှိသည်။ [၄၉] နိုင်ငံ၏ တောင်ဘက်ပိုင်းအခြမ်း နေရာဒေသ အတော်များများမှာ အမြင့်ပိုင်း ဒေသ ဖြစ်သည်။ ကုန်းပြင်မြင့် ဒေသ၏ အနောက်မြောက်ဘက်ပိုင်းမှာ မြေနိမ့်ပိုင်း တောင်ကုန်းဝိုင်းများကြောင့် ကျိုးပြတ်လျှက်ရှိသော ကျယ်ပြန့်ပြီး နိမ့်မြင့်တက်ကျရှိသော မြေမျက်နှာပြင်ဖြစ်သည်။[၄၉]

အရှေ့တောင်ပိုင်း ဒေသမှာ ပို၍ ကြမ်းတမ်းပြီး ရှုပ်ထွေးသော တောင်ရိုးများ တောင်တန်းများ ရှိပြီး အမြင့်ပေ ၃၉၀၀ (၁၂၀၀ မီတာ) အထိပင် မြင့်တတ်သည်။ [၄၉] ထိုတောင်တန်းများတွင် မန်တီကွေးယားတောင်တန်း၊ အီစပီနာဆို တောင်တန်း စသည်တို့နှင့် ဆယ်ရာ ဒို မားတောင်တန်း စသည်တို့ ပါဝင်သည်။ [၄၉] မြောက်ဘက်ပိုင်းတွင် ဂွီယာနာကုန်းမြင့်သည် တောင်ဘက်ပိုင်း အမေဇုံ မြစ်ဝှမ်းဒေသအတွင်းသို့ စီးဆင်းသော မြစ်များနှင့် မြောက်ဘက်ပိုင်း ဗင်နီဇွဲလားရှိ အိုရီနိုကို မြစ်အတွင်းသို့ စီးဆင်းသော မြစ်များကို ပိုင်းခြားပေးထားသည်။ ဘရာဇီးနိုင်ငံအတွင်း အမြင့်ဆုံး ဒေသမှာ ပီကို ဒါ နက်ဘလီနာ ဖြစ်၍ ၉၈၂၃ ပေ (၂၉၉၄ မီတာ) မြင့်ပြီး အနိမ့်ဆုံး နေရာမှာ အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။[၆]

ဘရာဇီးနိုင်ငံတွင် သိပ်သည်းရှုပ်ထွေးသော မြစ်များ အများအပြား ပါဝင်ပြီး ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး တစ်ခု ဖြစ်သည့် မြစ်တို့နှင့် ဆိုင်သည့် ပထဝီ အနေအထား ရှိသည်။ အဓိက မြစ်ဝှမ်းဒေသ ရှစ်ခု ရှိပြီး ၎င်းတို့အားလုံးမှာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ စီးဝင်သည်။[၅၀] အဓိကမြစ်များတွင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး ရေထုထည်အများဆုံး ဖြစ်သည့် အမေဇုံမြစ်၊ ပါရာနာမြစ်နှင့် ၎င်း၏ အဓိက မြစ်တစ်ခု ဖြစ်သည့် အီဂွါဆူမြစ် (အီဂွါဆူ ရေတံခွန် ပါဝင်သည်။)၊ နီဂရိုးမြစ်၊ ဆော ဖရန်စစ္စကိုမြစ်၊ အင်ဂူမြစ်၊ မာဒေးရာမြစ် နှင့် တားပါဂျိုမြစ် တို့ ဖြစ်ကြသည်။[၅၀]

ပတ်ဝန်းကျင်

ကိုးကား

  1. Brazil 2009 Estimate IGBE: Instituto Brasileiro de Geografia e Estatística. Retrieved 2 January 2010.
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ Brazil။ International Monetary Fund။ 2010-04-21 တွင် ပြန်စစ်ပြီး။
  3. Desigualdade e pobreza continuaram caindo no Brasil mesmo com crise, revela Ipea — Agência Brasil – EBC။ Agenciabrasil.gov.br။ 2009-10-29 တွင် ပြန်စစ်ပြီး။
  4. UNDP Human Development Report 2009။ Table H: Human development index 2007 and its components (PDF)။ UNDP။ 2009-10-05 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ ၅.၂ Hora Legal Brasileira။ Observatório Nacional။ Archived from the original on 2011-07-22။ 2009-02-21 တွင် ပြန်စစ်ပြီး။
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ ၆.၆ Geography of Brazil။ Central Intelligence Agency (2008)။ 2008-06-03 တွင် ပြန်စစ်ပြီး။
  7. People of Brazil။ Central Intelligence Agency (2008)။ 2008-06-03 တွင် ပြန်စစ်ပြီး။
  8. Introduction of Brazil။ Central Intelligence Agency (2008)။ 2008-06-03 တွင် ပြန်စစ်ပြီး။
  9. "World Development Indicators database" (PDF file), World Bank, 7 October 2009.
  10. CIA – The World Factbook – Country Comparisons – GDP (purchasing power parity)။ Cia.gov။ 25 January 2011 တွင် ပြန်စစ်ပြီး။
  11. Boxer, p. 98.
  12. Boxer, p. 100.
  13. Boxer, pp. 100–101.
  14. ၁၄.၀ ၁၄.၁ Skidmore, p. 27.
  15. Boxer, p. 101.
  16. Skidmore, pp. 32–33.
  17. Lustosa, pp. 109–110
  18. Vianna, p. 418
  19. Hendrik Kraay apud Lorenzo Aldé, Revista de História da Biblioteca Nacional, issue 50, year 5 (Rio de Janeiro: SABIN, 2009), p. 20
  20. Sérgio Buarque de Holanda, O Brasil Monárquico: o processo de emancipação, 4th ed. (São Paulo: Difusão Européia do Livro, 1976), p. 403
  21. Diégues 2004, pp. 168, 164, 178
  22. Diégues 2004, pp. 179–180
  23. Lustosa, p. 208
  24. Skidmore, p. 201
  25. Skidmore, pp. 202–203
  26. Skidmore, p. 204
  27. Skidmore, pp. 204–205
  28. Skidmore, pp. 209–210
  29. Skidmore, p. 210
  30. Fausto (2005), p. 397
  31. Gaspari, A Ditadura Envergonhada, pp. 141–142.
  32. Gaspari, A Ditadura Envergonhada, p. 35.
  33. Elio Gaspari, A ditadura escancarada (São Paulo: Companhia das Letras, 2002), p. 193.
  34. Skidmore, p. 239
  35. Fausto (2005), p. 422
  36. Bueno, p. 379.
  37. Fausto (2005), p. 455.
  38. Gaspari, A Ditadura Envergonhada, pp. 35–36.
  39. Bueno, p. 382.
  40. Fausto (2005), p. 460.
  41. Fausto (2005), pp. 464–465.
  42. Fausto (2005), pp. 465, 475.
  43. Fausto (2005), p. 482.
  44. Fausto (2005), p. 474.
  45. Fausto (2005), p. 502.
  46. Brazil elects Dilma Rousseff, nation's first woman president။ CNN (2010-10-31)။ 2011-08-08 တွင် ပြန်စစ်ပြီး။
  47. ၄၇.၀ ၄၇.၁ "Land and Resources". Encarta. MSN. Archived from the original on 2009-10-31. Retrieved 2008-06-11.
  48. Official Area (In Portuguese) IBGE: Instituto Brasileiro de Geografia e Estatística. Retrieved 2010-01-08.
  49. ၄၉.၀ ၄၉.၁ ၄၉.၂ ၄၉.၃ "Natural Regions". Encarta. MSN. Archived from the original on 2009-10-31. Retrieved 2008-06-11.
  50. ၅၀.၀ ၅၀.၁ "Rivers and Lakes". Encarta. MSN. Archived from the original on 2009-10-31. Retrieved 2008-06-11.
ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အား နှစ်စဉ်နှစ်တိုင်း ဇွန်လ ၅ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်း ကျင်းပကြပြီး သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်း ကာကွယ်ခြင်းအား ဆောင်ရွက်ကြသည်။ ယင်းသည် ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းခြင်းအတွက် လှုပ်ရှားမှုနှင့် တစ်ကမ္ဘာလုံးမှ ဂရုပြုပါဝင်လာစေရန် တွန်းအားပေးသည့် ကုလသမဂ္ဂ၏ အရေးပါသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး အဏ္ဏဝါညစ်ညမ်းမှုများ၊ လူဦးရေ အဆမတန်တိုးပွားမှုများနှင့် ကမ္ဘာကြီး ပူနွေးလာခြင်း၊ တောရိုင်းတိရစ္ဆာန် မှုခင်းများနှင့် စားသုံးမှုများကို ထိန်းသိမ်းနိုင်ရန် စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား သတိမူလာစေရန် လှုံ့ဆော်ပေးရာတွင် အထင်ကရ ဖြစ်ခဲ့သည်။ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့သည် နှစ်စဉ် နိုင်ငံပေါင်း ၁၄၃ နိုင်ငံကျော်တွင် ကျင်းပလေ့ရှိသည်။

ဂိုင်ယာနာနိုင်ငံ

ဂိုင်ယာနာ နိုင်ငံသည်တောင်အမေရိကတိုက်၏ အရှေ့မြောက်ဘက် ကမ်းခြေတွင် တည်ရှိသည်။ အရှေ့မြောက်ဘက် နယ်နိမိတ်သည်

အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။ အနောက်ဘက်တွင် ဗင်နီဇွဲလား နိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံနှင့် အရှေ့ဘက်၌ ဆူရာနမ်

နိုင်ငံတို့ ရှိသည်။ ယခင်က ဗြိတိသျှ ဂီယာနာဟု ခေါ်သည်။ ဂိုင်ယာနာ သမ္မတနိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၈၃,ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ ၇၈ဝ,ဝဝဝ ခန့်ဖြစ်သည်။ မြို့တော်မှာ ဂျော့တောင်းမြို့ ဖြစ်သည်။

ရာသီဥတု မျှတသော နိုင်ငံဖြစ်၍ စိုက်ပျိုးရေး ဖြစ်ထွန်း သည်။ နိုင်ငံ၏ ဝင်ငွေကောင်းကောင်း ရရှိစေသော စပါးနှင့် ကြံကို အဓိကထား၍ စိုက်ပျိုးသည်။ သစ်တောထူထပ်သော နိုင်ငံလည်း ဖြစ်သည်။ ဗောက်ဆိုက် သတ္တုတူးဖော်ရေးသည် အဓိက စက်မှုလုပ်ငန်း ဖြစ်သည်။ ရွှေနှင့် စိန်တို့လည်း တူးဖော်ထုတ်လုပ်သည်။ သတ္တုသိုက်များ ကြွယ်ဝသော နိုင်ငံဖြစ်၍ မတူးဖော် မထုတ်လုပ်ရသေးသော သတ္တုသိုက် အများအပြား ရှိသည်။

လှပသော ရေတံခွန်များကြောင့် ဂိုင်ယာနာနိုင်ငံသည် ကျော်ကြားလေသည်။ ၁၄၉၉ ခုနှစ်ခန့်က စပိန်သင်္ဘောသားများ

ဤဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ၁၈ ရာစုနှစ်တွင် ယခုဂိုင်ယာနာ နိုင်ငံသည် ဒတ်ခ်ျကိုလိုနီနယ်ပယ် ဖြစ်ခဲ့သည်။

တစ်ဖန် ၁၈၁၄ ခုနှစ်တွင် ဗြိတိသျှတို့က ဒတ်ခ်ျတို့ထံမှ လွဲပြောင်း လက်ခံယူပြီး ၁၈၃၁ ခုနှစ်တွင် ဗြိတိသျှ ဂီယာနာ ကိုလိုနီအဖြစ် ထူထောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ဗြိတိသျှ တို့သည် ကပ္ပလီလူမျိုးများအပြင် အိန္ဒိယလူမျိုးများကိုလည်း ခေါ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ ကပ္ပလီလူမျိုးများထက် အိန္ဒိယအမျိုးသား အဆက် အနွယ်များက လူများစု ဖြစ်နေသည်။

ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံ၏ အနောက်ဘက် ပိုင်းကို ပိုင်ဆိုင်ပါသည်ဟု အငြင်းပွားနေဆဲ ဖြစ်သည်။ ဆူရာနမ်နိုင်ငံနှင့်လည်း နယ်ခြားပြဿနာများ အငြင်းပွားဆဲ ဖြစ်သည်။

၁၉၇ဝ ပြည့်နှစ်တွင် သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့ လေသည်။ ဓနသဟာယအဖွဲ့နှင့် ကုလသမဂ္ဂ၌လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော နိုင်ငံဖြစ်သည်။ သမ္မတမှာ မစ္စတာ အာသာချွန်း ဖြစ်သည်။

၁ဝ၇၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ ဂိုင်ယာနာ သမ္မတနိုင်ငံ အတွင်းရှိ အမေရိကန်ပိုင် မိုင်းတွင်းများကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။

ဆူရာနမ်နိုင်ငံ

ဆူရာနမ်နိုင်ငံ၏ တရားဝင်အမည်မှာ ဆူရာနမ် သမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိက မြောက်ပိုင်းတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အရှေ့ဘက်တွင် ပြင်သစ်ဂီယာနာ၊ အနောက်ဘက်တွင် ဂိုင်ယာနာနိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံ နှင့် မြောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့ဖြင့် ဝန်းရံလျှက် ရှိသည်။ ဆူရာနမ်သည် ယခင်က ဗြိတိသျှ နှင့် ဒတ်ခ်ျတို့၏ ကိုလိုနီဖြစ်ခဲ့ဖူးပြီး ယခင်က ဒတ်ခ်ျဂီယာနာဟု အများက သိခဲ့ကြသည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဆူရီနမ်သည် နယ်သာလန်မှ လွတ်လပ်ရေး ရခဲ့သည်။

ဧရိယာ စတုရန်းမိုင်ပေါင်း ၆ သောင်း ၄ထောင် (၁၆၅,၀၀၀ စတုရန်း ကီလိုမီတာ) မျှ သာ ရှိသဖြင့် ဆူရာနမ်သည် တောင်အမေရိကတွင် အငယ်ဆုံးသော အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်သည်။ ခန့်မှန်းခြေ လူဦးရေ အနေနှင့် ၄ သိန်း ၉ သောင်း ခန့်သာ ရှိပြီး အများစုမှာ မြို့တော် ပါရာမာရီဘိုမြို့ ရှိရာ နိုင်ငံ၏ မြောက်ဘက် ကမ်းရိုးတန်း ဒေသတွင် နေထိုင်ကြသည်။

ဆောပိုလိုမြို့

ဆောပိုလိုမြို့ (São Paulo) သည် ဘရာဇီးနိုင်ငံ တွင် အကြီးဆုံးမြို့ဖြစ်ပြီး တောင်ကမ္ဘာခြမ်းနှင့် တောင်အမေရိကတွင် အကြီးဆုံးမြို့ဖြစ်ကာ ကမ္ဘာပေါ်တွင် သတ္တမမြောက် လူဦးရေ အများဆုံးမြို့ ဖြစ်သည်။ ဆောပိုလိုမြို့သည် ဆောပိုလို မက်ထရိုပိုလစ်တန်ဒေသနှင့် ဆက်စပ်နေပြီး ဆောပိုလို မက်ထရိုပိုလစ်တန်ဒေသမှာ အမေရိကတိုက်တွင် ဒုတိယမြောက် လူဦးရေအများဆုံးနှင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် လူဦးရေအများဆုံး မက်ထရိုပိုလစ်တန်ဒေသ ဖြစ်သည်။ ဆောပိုလိုမြို့သည် ဘရာဇီးနိုင်ငံ ဆောပိုလိုပြည်နယ်၏ မြို့တော်လည်း ဖြစ်ပြီး ဆောပိုလိုပြည်နယ်မှာ ဒေသအတွင်း စီးပွားရေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အနုပညာနှင့် ဖျော်ဖြေရေးလုပ်ငန်းတို့တွင် လွှမ်းမိုးမှုကြီးမားသော ဒေသဖြစ်သည်။ ဆောပိုလိုမြို့သည် နိုင်ငံတကာတွင် ထင်ရှားပြီး အယ်လ်ဖာဝေါလ်စီးတီး အဖြစ် သတ်မှတ်ကြသည်။ မြို့၏အမည်မှာ ခရစ်ယာန် သူတော်စင် စိန့်ပေါလ် ကို အစွဲပြု၍ မှည့်ခေါ်ခြင်း ဖြစ်သည်။

တိုင်‌တေနီယမ်

တိုင်‌တေနီယမ်သတ္တုကို ၁၇၉၁ ခုနှစ်တွင်

အင်္ဂလိပ်လူမျိုး ဝီလျံဂရက်ဂါဆိုသူက စတင်‌တွေ့ရှိခဲ့သည်။ ဂျာမန်လူမျိုး အမ်၊ အိပ်၊ ကလပ်ပရုပ်ဆိုသူက ရူတီး‌ခေါ် တိုင်‌တေးနီယမ်‌အောက်

ဆိုက် တွင်းထွက်ပစ္စည်းရိုင်းမှ ‌အောင်မြင်စွာ ထုတ်ယူရရှိ၍ ဂရိဒဏ္ဍာရီ၌ပါ‌သော ယူ‌ရေးနပ်၏သား တိုင်တန်ကို အစွဲပြုပြီးလျှင် တိုင်‌တေးနီယမ်ဟု အမည်‌ပေးခဲ့သည်။ ကမ္ဘာ့အ‌ပေါ်ယံ

‌မြေလွှာတွင် တိုင်‌တေးနီယမ်သည် ရာခိုင်နှုန်း ဝ. ၆၅ မျှပါဝင် သည်။ ကမ္ဘာ‌ပေါ်တွင် အ‌တွေ့ရအများဆုံး ဒြပ်စင်စာရင်းတွင် ယင်းသည် နဝမ‌မြောက် ဒြပ်စင်ဖြစ်သည်။ အစ်လမင်နိုက်နှင့်

ရူတီး တွင်းထွက်ပစ္စည်းရိုင်းနှစ်မျိုးသည် တိုင်‌တေးနီယမ်သတ္တုမှ ထုတ်ယူ ရရှိ‌သော အဓိက ပစ္စည်းနှစ်မျိုးဖြစ်သည်။ သို့‌သော် တိုင်‌တေးနီဖာရပ် မက်ဂနက်တိုက်၊ တိုင်တင်းနိုက်၊ ပီ‌ရော့စ

ကိုက်နှင့် အခြားတွင်းထွက်ပစ္စည်းရိုင်များတွင်လည်း ဤသတ္တု ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှနိုင်ငံနှင့် ‌နော်ဝေနိုင်ငံများတွင် တိုင်‌တေနီယမ် တွင်းထွက်ပစ္စည်းရိုင်းကို အနှံ့အပြား ‌တွေ့ရ သည်။

နိုင်အိုဘီယမ်

နိုင်အိုဘီယမ် သည် အက်တမ်နံပါတ် ၄၁ ရှိသော ဓာတုဗေဒ ဒြပ်စင်ဖြစ်ပြီး သင်္ကေတမှာ Nb ဖြစ်သည်။ သန်သလန် ဒြပ်စင်နှင့် ရုပ်ပိုင်း၊ ဓာတုဗေဒ ဂုဏ်ဒြပ်တို့ ဆင်တူကြပြီး ခွဲခြားရန် ခက်ခဲသည်။ နိုင်အိုဘီယမ်ကို ဆူပါလျှပ်ကူးပစ္စည်းများ၊ ဂျက်အင်ဂျင် စသည်တို့၌ အသုံးပြုကြပြီး ဘရာဇီးနိုင်ငံသည် သံနှင့် နိုင်အိုဘီယမ်ကို ၆၀ -၇၀ ရာခိုင်နှုန်းခန့် ထုတ်လုပ်လျက်ရှိသည်။

ပါရာဂွေးနိုင်ငံ

ပါရာဂွေးနိုင်ငံ၏ တရားဝင်အမည်မှာ ပါရာဂွေးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတွင် ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် အာဂျင်တီးနားနိုင်ငံ ၊ အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်တွင် ဘရာဇီးနိုင်ငံ ၊အနောက်မြောက်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ တို့က ဝန်းရံထားသည်။ ပါရာဂွေးနိုင်ငံသည် ပါရာဂွေးမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိပြီး ထိုမြစ်မှာ နိုင်ငံ၏ အလယ်ပိုင်းတွင် မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းလျှက် ရှိသည်။ တောင်အမေရိက၏ အလယ်ပိုင်းတွင် ရှိသောကြောင့် တခါတရံတွင် အမေရိက ၏ နှလုံးသားဟု တင်စားခေါ်ဝေါ်ကြသည်။

၂၀၀၉ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၆.၃ သန်းခန့် ရှိသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ အဆွန်စီယုန်းမြို့ ဖြစ်သည်။ ရုံးသုံးဘာသာစကားများမှာ စပိန်ဘာသာ နှင့် ဂွာရာနီ ဘာသာစကားတို့ ဖြစ်ကြပြီး တစ်နိုင်ငံလုံးတွင် ထိုဘာသာနှစ်မျိုးစလုံးကို ကျယ်ပြန့်စွာ သုံးစွဲကြသည်။ လူဦးရေ အများစုမှာ ဥရောပနှင့် တိုင်းရင်းသား သွေးနှောသူများ ဖြစ်ကြသည်။

၁၆ ရာစု ဥရောပသားတို့ မရောက်မီကတည်းကပင် ဂွာရာနီတို့သည် ပါရာဂွေးတွင် နေထိုင်လျှက် ရှိကြပြီး နောက်တွင် ပါရာဂွေးသည် စပိန် ကိုလိုနီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်လာသည်။ ပါရာဂွေးသည် ၁၈၁၁ ခုနှစ်တွင် စပိန်မှ လွတ်လပ်ရေး ရခဲ့သည်။

ပီရူးနိုင်ငံ

ပီရူးနိုင်ငံ၏ တရားဝင်အမည်မှာ ပီရူးသမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတိုက်၏ အနောက်ပိုင်းဒေသတွင် တည်ရှိသည်။ မြောက်ဘက်တွင် အီကွေဒေါနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အရှေ့ဘက်တွင် ဘရာဇီးနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဘိုလီးဗီးယားနိုင်ငံ၊ တောင်ဘက်တွင် ချီလီနိုင်ငံနှင့် အနောက်ဘက်တွင် ပစိဖိတ် သမုဒ္ဒရာတို့ ဝန်းရံလျက်ရှိသည်။

ပီရူးသည် တစ်ခါက အင်က အင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လ

လတွင် ဒုတိယ ဗိုလ်မှူးကြီးဟောင်း အော်လန်တာဟူမာလာကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်

ခဲ့ကြသည်။ ပီရူးသည် စီးပွားရေး တိုးတက်မှုရှိလာသော်လည်း ဆင်းရဲမွဲတေမှု မပပျောက်သေးပေ။

ပီရူးနိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြောက်ချီကို ယဉ်ကျေးမှုနှင့် အင်ကာ အင်ပါယာ တည်ရှိရာ ဒေသဖြစ်သည်။ ၁၆ ရာစုနှစ်တွင် စပိန် အင်ပါယာ လက်အောက် ကျရောက်ခဲ့သည်။ ၁၈၂၁ ခုနှစ်တွင် လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဘဏ္ဍာရေး အကျပ်အတည်းများ၊ စီးပွားရေး ကမောက်ကမ စသည့် အခြေအနေ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသည့် နိုင်ငံဖြစ်သည်။

ဖီဖာ ကမ္ဘာ့ဖလား

ဖီဖာ ကမ္ဘာ့ဖလား သို့မဟုတ် ကမ္ဘာ့ဖလား ဘောလုံးပွဲသည် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဖွဲ့ဝင်နိုင်ငံများမှ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတကာ ဘောလုံးပွဲ တစ်ရပ်ဖြစ်သည်။ ကမ္ဘာ့ဖလားပွဲကို ၁၉၃၀ ခုနှစ်မှ စတင်၍ လေးနှစ်တစ်ကြိမ် ကျင်းပခဲ့သည်ဆိုသော်လည်း ၁၉၄၂ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်တို့တွင် ဒုတိယ ကမ္ဘာစစ်ကြောင့် ရပ်နားခဲ့ရသည်။

ပထမ ၃ နှစ်ကာလတွင် တိုက်ကြီးများအလိုက် ခြေစစ်ပွဲများ ကျင်းပကြသည်။ နောက်ဆုံး ခြေစစ်ပွဲကို အောင်နိုင်သည့် အသင်းများနှင့် ကမ္ဘာ့ဖလား ကြီးမှူးကျင်းပသည့် အိမ်ရှင်နိုင်ငံအသင်း စုစုပေါင်း ၃၂ သင်း ၁ လသာကြာသည့် ကမ္ဘာ့ဖလားပွဲတွင် ပါဝင် ဗိုလ်လုကြသည်။

ပြီးခဲ့သည့် ၁၈ ကြိမ်တွင် နိုင်ငံ ၇ နိုင်ငံမှ ဗိုလ်စွဲခဲ့သည်။ ထိုနိုင်ငံများအနက် ဘရာဇီးနိုင်ငံမှာ ၅ ကြိမ်တိုင်တိုင် ချမ်ပီယံဆု ရခဲ့ပြီး အကြိမ်တိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ လက်ရှိ ချမ်ပီယံ အီတလီနိုင်ငံမှာ လေးကြိမ်ဗိုလ်စွဲခဲ့ပြီး ဂျာမနီနိုင်ငံမှာ သုံးကြိမ်သရဖူဆောင်းနိုင်ခဲ့သည်။ ဥရုဂွေးနှင့် အာဂျင်တီးနားတို့မှာ ၂ ကြိမ်စီ၊ အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ၁ ကြိမ်စီ အသီးသီးရခဲ့ဖူးသည်။

ကမ္ဘာ့ဖလားပွဲသည်လည်း ကမ္ဘာတဝှမ်း လူကြည့်အများဆုံး အားကစားပွဲ တစ်ရပ်ဖြစ်သည်။ ဂျာမနီတွင် ကျင်းပခဲ့သည့် ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပရိသတ်ပေါင်း ၇၁၅ သန်းခန့် ကြည့်ရှုခဲ့ကြသည်။ ၂၀၁၀ ဖီဖာ ကမ္ဘာ့ဖလားပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့ကြသည်။ ၎င်းပွဲစဉ်တွင် စပိန်နိုင်ငံမှ ဗိုလ်စွဲအနိုင်ရရှိခဲ့လေသည်။။ ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလားကိုမူ ဘရာဇီးနိုင်ငံ၌ ကျင်းပခဲ့ပြီး ဂျာမဏီနိုင်ငံက အနိုင်ရဗိုလ်စွဲခဲ့သည်။ ၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလားကို ရုရှားနိုင်ငံတွင် ကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံက အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံ

ဗင်နီဇွဲလားနိုင်ငံ (Bolivarian Republic of Venezuela) သည် တောင်အမေရိကတိုက်၏ မြောက်ဖက်အကျဆုံးသောနိုင်ငံ ဖြစ်သည်။ ယင်းကို ဗင်နီဇွဲလားပြည်ထောင်စုသမ္မတနိုင်ငံဟု ခေါ်သည်။ မြောက်ဖက်တွင် ကာရစ်ဘီယံ ပင်လယ်၊ အရှေ့ဖက်တွင် ဂီယားနားနယ်များ၊ အရှေ့တောင်ဖက်တွင် ဘရာဇီးနိုင်ငံ၊ အနောက်ဖက်နှင့် အနောက်တောင်ဖက်တွင် ကိုလံဘီယာနိုင်ငံတို့ရှိသည်။ အရှေ့မှ အနောက်သို့ ၉၂၈ မိုင်ကျယ်၍ တောင်မှမြောက် ၇၉၀ မိုင် ရှည်သည်။ ကမ်းရိုးတန်းသည် ၁၇၅၀ မိုင်ရှည်၍ တနိုင်ငံလုံး၏ အကျယ်အဝန်းမှာ ၃၅၂,၁၄၃ စတုရန်းမိုင်ဖြစ်လျှက် ပြည်ထောင်စုမြန်မာနိုင်ငံ၏ တဆခွဲနီးနီးရှိသည်။ တောင်အမေရိကတိုက်ရှိ နိုင်ငံများအနက် ဆဋ္ဌမအကြီးဆုံးနိုင်ငံ ဖြစ်သည်။

ဗင်နီဇွဲလားဟူသောအမည်မှာ စပိန်ဘာသာဖြင့် ဗင်းနစ်မြို့ကလေးဖြစ်သည်။ ၁၄၉၉ ခုတွင် စပိန်လူမျိုး အလွန်းဆိုသေအိုဇေဒါခေါင်းဆောင်သော စွန့်စားရှာဖွေသူ တစုသည် ယခု မာရာကိုင်းဗိုအိုင်အတွင်း ရေတိမ်ရာ၌ တိုင်များစိုက်၍ တဲအိမ်ခြေတံရှည်များဆောက်လုပ်ထားသော အင်ဒီးယန်းရွာကို တွေ့မြင်ရသောအခါ ဗင်းနစ်မြို့၏ ရှုခင်းနှင့်ဆင်ဆင်တူသဖြင့် ဗင်နီဇွဲလားဟု မှည့်ခေါ်ခဲ့သည်။ ယင်းမှ တနိုင်ငံလုံးကို ဗင်နီဇွဲလားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

တောင်အမေရိကတိုက် အနောက်ဖက်ကမ်းရိုးတလျှောက်တန်းလျှက်ရှိသော အန်းဒီးတောင်တန်းကြီးမှ တောင်တန်းခွဲကလေးများသည် ဗင်နီဇွဲလားနိုင်ငံ အနောက်တောင်ဖက်၊ အလယ်ဖက်နှင့် မြောက်ဖက်တို့သို့ ဖြာထွက်လာလေသည်။ တောင်အမေရိကတိုက်၏ တတိယအကြီးဆုံးမြစ်ဖြစ်သော အောင်ရင်နိုးကိုးမြစ်နှင့် ယင်း၏ မြစ်လက်တက်ပေါင်း ၄၃၆ ခုတို့သည် ဗင်နီဇွဲလားနိုင်ငံ အကျယ်အဝန်း၏ ၅ ပုံ ၄ ပုံ တွင် ပိုက်ကွန်ကြီးသဖွယ် ဖြန့်၍ စီးဆင်းလျက်ရှိသည်။ အော်ရင်နိုးကိုးမြစ်သည် မိုင် ၁,၇၀၀ ခန့် ရှည်၍ ပွားတိုအယာကူချိမြို့တည်ရာ မြစ်ဝမှ မိုင် ၁,၀၀၀ ခန့်အထိ လှေသင်္ဘောများသွားလာနိုင်သည်။ အော်ရင်းနိုးကိုးမြစ်ဝှမ်းဒေသ၏ ထူးခြားချက်တရပ်မှာ အမေဇုန်မြစ်၊ နီးဂရိုးမြစ်တို့နှင့် အော်ရင်နိုးကိုးမြစ်ကို သဘာ၀တူးမြောင်းကြီးသဖွယ် ဆက်လျက်ရှိသော ကာဆီကွီးယားရေးမြစ်ပင် ဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ အော်ရင်နိုးကိုးမြစ်ကို ဆန်တက်လာသည့် သင်္ဘောများသည် ကာဆီကွီယားရေမှတဆင့် နီးဂရိုးမြစ်၊ ယင်းမှ အမေဇုန်မြစ်ကို စုန်ဆင်းကာ အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ပြန်ထွက်နိုင်လေသည်။

ဗင်နီဇွဲလားနိုင်ငံကို သဘာဝအားဖြင့် ၄ ပိုင်းခွဲခြားနိုင်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသ၊ တောင်တန်းဒေသ၊ ကုန်းပြင်မြင့်ဒေသနှင့် အီလာနော့ခေါ် လွင်ပြင်ဒေသတို့ဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသတွင် ကမ်းရိုးလွန်ရှိ ကျွန်းကလေးများပါဝင်သည်။ စတုရန်းမိုင် ၂၀,၀၀၀ ကျော် ကျယ်ဝန်းသည်။ ပုလဲဖမ်းလုပ်ငန်း အများအပြား လုပ်ကိုင်သည်။ ဗင်နီဇွဲလားနိုင်ငံထွက် ရေနံအများဆုံးထွက်ရာ ဒေသဖြစ်သည်။ ရာသီဥတုမှာ ပူ၍ စိုစွတ်သည်။ တောင်တန်းဒေသသည် ဗင်နီဇွဲလားမြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ အန်းဒီးတောင်တန်းမှ ဖြာထွက်သော တောင်တန်းများနှင့် မိုင်ပေါင်း ၅၀၀ ခန့် ကမ်းရိုးတန်းနှင့်ပြိုင်၍ တန်းဆင်းသွားသော တောင်တန်းများရှိရာ ဒေသ ဖြစ်သည်။ ယင်းဒေသသည် စတုရန်းမိုင်ပေါင်း ၄၀,၀၀၀ ခန့် ကျယ်ဝန်း၍ နိုင်ငံရေးနှင့် စီးပွားရေးလောက၏ အာရုံစူးစိုက်ရာ ဒေသဖြစ်သည်။ အော်ရင်နိုးကိုးမြစ်၏ လက်ျာဖက်ကမ်းမှ ဗင်နီဇွဲလား - ဘရာဇီးနိုင်ငံနယ်နိမိတ်အတွင်းရှိ ဂီယားနား ကုန်းပြင်မြင့်ဒေသသည် ဗင်နီဇွဲလားနိုင်ငံ၏ တဝက်ခန့်ရှိသည်။ သစ်တောများအလွန်ထူထပ်၍ အချို့နေရာများသို့ ယခုတိုင် လူသူရောက်ပေါက်ခြင်း မရှိသေးချေ။ တွင်းထွက်သတ္တုများနှင့် အဖိုးတန်သစ်တောများရှိရာဒေသ ဖြစ်သည်။ လူနေအလွန်နည်း၍ အင်ဒီယန်း လူမျိုးများသာ ရှိသည်။ အီလာနော့လွင်ပြင်ဒေသသည် ကိုလံဘီယာနှင့် ဗင်နီဇွဲလားနိုင်ငံများ၏ နယ်စပ်မှ ကာရစ်ဘီယန်ပင်လယ်အထိ တောင်တန်းဒေသနှင့် ဂီယားနားကုန်းပြင်မြင့်ဒေသအကြားတွင် တည်ရှိသည်။ ယင်းဒေသ၏ များစွာသောအပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၅၀ သာမြင့်သော မြေနိမ့်ပိုင်းဖြစ်သည်။ မိုးရာသီတွင် ရေလွှမ်းမိုးသည်။ မြက်ခင်းပေါ၍ ကျွဲ၊ နွားမွေးမြူရာဒေသ ဖြစ်သည်။ ဗင်နီဇွဲလားနိုင်ငံသည် အပူပိုင်းဇုန်တွင် လုံးလုံးကျရောက်နေသဖြင့် အပူပိုင်းရာသီဥတုရှိသည်။ သို့ရာတွင် မြေမျက်နှာပြင် အနိမ့်အမြင့်နှင့် တိုက်ခတ်သောလေကို လိုက်၍ ရာသီဥတုအပိုင်းကြီး ၃ ပိုင်းခွဲနိုင်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၁၈၀၀ ခန့် မြင့်သော ပင်လယ်ကမ်းရိုးတန်းဒေသနှင့် အီလာနော့လွင်ပြင်ဒေသသည် အပူချိန်ဖာရင်ဟိုက် ၇၅ ဒီဂရီ မှ ၉၇ ဒီဂရီ အတွင်းရှိ၍ ပူအိုက်သည်။

ပေ ၁၈၀၀ မှ ၆၀၀၀ အထိမြင့်သော အန်းဒီးနှင့် ကမ်းရိုးတောင်တန်းဒေသသည် အပူချိန်ဖာရင်ဟိုက် ၅၀ ဒီဂရီ မှ ၇၅ ဒီဂရီအတွင်း ရှိသည်။ ကုန်သည်လေမှန်တိုက်ခတ်ရာဒေသဖြစ်သဖြင့် ရာသီဥတု သမမျှတသည်။ ထင်ရှားသော မြို့ကြီးများနှင့် လူနေအိမ်ခြေပေါများရာ အရောင်းအဝယ်ဖွံ့ဖြိုးရာဒေသဖြစ်သည်။ ပေ ၆၀၀၀ အထက်မြင့်သော ဒေသသည် အေးသောအပိုင်းဖြစ်၍ လူနေနည်းသည်။ ဗင်နီဇွဲလားနိုင်ငံတွင် စိုစွတ်သော ရာသီဥတုနှင့် ခြောက်သွေ့သော ရာသီဥတုဟူ၍ တနှစ်လျှင် ၂ မျိုးသာရှိသည်။ မေမှ နိုဝင်ဘာအတွင်း မိုးများစွာရွာသွန်းသည်။ ယင်းသည် ပူအိုက်စိုစွတ်သော ရာသီဖြစ်သည်။ ဒီဇင်ဘာမှ ဧပြီလအတွင်း ခြောက်သွေ့သော ရာသီဖြစ်သည်။ မြောက်ဖက်မှ တိုက်ခတ်သော ကုန်သည်လေမှန်ကြောင့် ရာသီဥတုမှ ပိုမိုမျှတသည်။ ယေဘူယျအားဖြင့်မူ ဗင်နီဇွဲလားနိုင်ငံ၏ ရာသီဥတုသည် ကျန်းမာရေးနှင့် ညီညွတ်ကောင်းမွန်သော ရာသီဥတုဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းသည် လူဖြူများဖြစ်၍ ၆၅ ရာခိုင်နှုန်းသည် လူဖြူနှင့် တိုင်းရင်းသားလူမျိုးတို့မှ ပေါက်ဖွားသော ကပြားများဖြစ်သည်။ ကျန် ၁၅ ရာခိုင်နှုန်းသည် တိုင်းရင်းသား အင်ဒီးယန်းလူမျိုးများနှင့် နီဂရိုးလူမျိုးများ ဖြစ်သည်။ မြောက်နှင့် အနောက်မြောက်တောင်တန်းဒေသတွင် လူအများဆုံးနေထိုင်၍ ဂီယားနားကုန်းပြင်မြင့် ဒေသသည် လူနေအနည်းဆုံးဖြစ်သည်။ အများအားဖြင့် စပိန်ဘာသာစကားကို ပြောဆိုကြ၍ ဘရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြသည်။

လယ်ယာစိုက်ပျိုးခြင်းနှင့် ကျွဲနွားတိရစ္ဆာန် မွေးမြူခြင်းသည် ဗင်နီဇွဲလားနိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သည်။ တနိုင်ငံလုံးရှိ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသည်။ အထူးသဖြင့် မြောက်ပိုင်းတွင် စိုက်ပျိုးရေးကို ပိုမိုလုပ်ကိုင်ကြသည်။ ကာဖီပင်ကို အများဆုံးစိုက်ပျိုးလုပ်ကိုင်၍ ကကေးအိုးသည် ဒုတိယအကြီးအကျယ်ဆုံး စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည်။ သကြား၊ ပြောင်း၊ ပဲ၊ အုန်းနှင့် အပူပိုင်းဇုန် အသီးအနှံများကိုလည်း စိုက်ပျိုးကြသည်။ လွင်ပြင်ဒေသရှိ မြက်ခင်းများတွင် ကျွဲနွားတိရစ္ဆာန်များ မွေးမြူ၍ သားရေများကို တင်ပို့ရောင်းချကြသည်။ သစ်တောဒေသမှလည်း ကြက်ပေါင်စေးနှင့် ဘယဆေးပင်များစွာ ထွက်သည်။ ယခုအခါ ဗင်နီဇွဲလားနိုင်ငံတွင် စက်မှုလုပ်ငန်းများကို အစိုးရက ငွေကြေးအကူအညီဖြင့် အားပေးသောကြောင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသော်လည်း နိုင်ငံရေးလှုပ်ရှားမှုများ မကြာခဏပေါ်ပေါက်သောကြောင့် တိုးတက်သင့်သလောက် မတိုးတက်သေးချေ။ ချော့ကလက်၊ ဘိလပ်မြေ၊ ဘီယာ၊ စီးကရက်၊ ဖိနပ်၊ ဘယဆေး၊ ဖယောင်းတိုင်၊ မီးခြစ်၊ ဆပ်ပြာ၊ အထည်အလိပ်နှင့် အသားဘူးလုပ်ငန်း စသည့် လုပ်ငန်းများ လုပ်ကိုင်ကြသည်။

ဘရာစေးလေးယားမြို့

ဘရာစေးလေးယားမြို့သည် ဘရာဇီးနိုင်ငံ၏ ဖက်ဒရယ်မြို့တော် ဖြစ်ပြီး ဖက်ဒရယ်ဆိုင်ရာ ဒေသအတွင်း အစိုးရ ရုံးထိုင်ရာ မြို့ဖြစ်သည်။ နိုင်ငံ၏ အလယ်အနောက်ပိုင်းရှိ ပလာနယ်တို စင်ထရယ် ဟု ခေါ်သော ကုန်းပြင်မြင့် တလျှောက်တွင် တည်ရှိသည်။ မြို့နေ လူဦးရေ ၂,၅၆၂,၉၆၃ ဦးရှိပြီး မက်ထရို ဒေသအတွင်း လူဦးရေ ၃,၇၁၆,၉၉၆ ဦး ရှိသည်။ ဘရာဇီးနိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ မက်ထရိုပိုလစ်တန် ဒေသမှာမူ ဆဌမမြောက် အကြီးဆုံး ဖြစ်သည်။ ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာ တစ်ခု အဖြစ် သတ်မှတ်ထားသည်။ ဘရာစေးလေးယားမြို့သည် ၂၀ ရာစုမတိုင်ခင်က ကမ္ဘာပေါ်တွင် တည်ရှိမနေခဲ့သော မြို့များတွင် အကြီးဆုံးမြို့ ဖြစ်သည်။

ဘရာဇီး အမျိုးသား ဘောလုံးအသင်း

ဘရာဇီး အမျိုးသား ဘောလုံးအသင်း(ပေါ်တူဂီ: Seleção Brasileira de Futebol)သည် နိုင်ငံတကာကစားပွဲများ၌ ဘရာဇီးနိုင်ငံကိုယ်စားပြု အမျိုးသားဘောလုံးအသင်းဖြစ်သည်။ ဘရားဇီးနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(Brazilian Football Confederation) (CBF) မှ အုပ်ချုပ်သော အသင်းတစ်သင်းဖြစ်ပြီး ဖီဖာအဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၂၃ ခုနှစ်ကတည်းက ဖြစ်ခဲ့ပြီး CONMEBOL အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၁၆ ခုနှစ်ကတည်းက ဖြစ်ခဲ့သည်။

ဘော်နီယိုကျွန်း

ဘော်နီယိုကျွန်း (မလေးအခေါ် ဘော်နီယို၊ အင်ဒိုနီးရှား အခေါ် ကာလီမန်တန်) ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးကျွန်း ဖြစ်ပြီး ဩစတေးလျနိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိကာ အရှေ့တောင် အာရှ ရေကြောင်းပိုင်နက်၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ဘော်နီယိုကျွန်းကို ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် မလေးရှားနိုင်ငံတို့မှ ခွဲဝေ၍ ပိုင်ဆိုင်သည်။ ခန့်မှန်းခြေအားဖြင့် ကျွန်း၏ ၇၃ ရာခိုင်နှုန်းမှာ အင်ဒိုနီးရှား နိုင်ငံ၏ နယ်နိမိတ်တွင် ရှိသည်။ မြောက်ဘက်တွင် ရှိသော မလေးရှား နိုင်ငံ ဆာဘားပြည်နယ်နှင့် ဆာရာဝပ် ပြည်နယ်တို့သည် ကျွန်း၏ ၂၆ ရာခိုင်နှုန်းမျှသော နေရာကိုယူထားသည်။ မြောက်ဘက် ကမ်းရိုးတန်း ဒေသတွင်ရှိသော ဘရူနိုင်းနိုင်ငံမှာ ဘော်နီယိုကျွန်း၏ ၁ ရာခိုင်နှုန်းမျှသော မြေနေရာပေါ်တွင် တည်ရှိသည်။ ၎င်းတွင် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော သစ်တောရှိပြီး ဘရာဇီးနိုင်ငံ ရှိ အမေဇုန်တောအုပ် ထက်ပင် ရှေးကျသည်ဟု ဆိုကြသည်။

အုန်းနို့

အုန်းနို့ဟု မြန်မာနိုင်ငံတွင် ခေါ်ဆိုသည့် အုန်းသီး၏အတွင်းနံရံမှ ညှစ်ယူရရှိသည့်အရည်တစ်မျိုးဖြစ်ပြီး မလေးရှားနိုင်ငံတွင် စန်တန်ဟုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် ပေါ ကီရီ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ၎င်းနို့ရည်သည် အရောင်၊ အရာသာရှိသည့်အပြင် အဆီပါဝင်မှုနှုန်းမြင့်မားသည့်အတွက် ဆီအဖြစ်ထုတ်ယူနိုင်သေးသည်။ ကမ္ဘာ့ဒေသအတော်များများတွင် အင်္ဂလိပ်ဘာသာဖြင့် coconut milk ဟူသည့်အသုံးနှုံးကို သဘာဝအလျောက် ဖြစ်ပေါ်နေသော အုန်းသီးအတွင်းရှိ အုန်းရည်အဖြစ် ရည်ညွှန်းသုံးစွဲသည်ကိုလည်း တွေ့ရသည်။

အထူ(အရင့်) နှင့် အပါး(အနု)ဟူ၍ အုန်းသီးအမျိုးအစားကို နှစ်မျိုးခွဲခြားနိုင်သည်။ အုန်းသီးအရင့်ကို အုန်းနို့ပြုလုပ်ရန်အတွက် ပထမဦးစွာ အုန်းခြစ်ဖြင့် ခြစ်ယူရသည်။ ထို့နောက် အဝတ်ပါးပါးတွင် ထည့်သွင်းထုပ်ရသည်။ ထို့နောက် ရေနွေးနွေးကို စုပ်ယူနိုင်ရန်အတွက် အဝတ်ပါးပေါ်တွင် လောင်းချပြီးနောက် လက်ဖြစ်သော်လည်းကောင်း စက်ဖြင့်သော်လည်းကောင်း ညှစ်ယူခြင်းဖြင့် အုန်းနို့ကို ရရှိသည်။ အုန်းသီးအရင့်၏ နို့ရည်ကို ကျိုချက်၍ဆီအဖြစ်သော်လည်းကောင်း၊ အနှစ်ကို ဆော့အဖြစ်လည်းကောင်း အခြားမှုန့်အချိုပွဲများနှင့် တွဲဖက်စားသုံးနိုင်သည်။ အုန်းသီးအနု၏ နို့ရည်ကိုမူ စွပ်ပြုတ်များနှင့် အခြားဟင်းများ ချက်ရာတွင်အသုံးပြုသည်။ အနောက်နိုင်ငံများတွင် အုန်းနို့ကို သံဗူးအတွင်း စည်သွတ်ရ ထုတ်လုပ်ရောင်းချကြသည်။ ၎င်းအုန်းနို့သံဗူးများကို အုန်းသီးအနု၊ အရင့်များအားလုံးပေါင်းပြီးလျှင် ရည်ဖြင့်ရောသေးသည်။ ထို့နောက် အထူးစီစဉ်ကာ ထုတ်လုပ်ရောင်းချကြသည်။

အုန်းနို့သည် အာယုဗ္ဗေဒ တိုင်းရင်းဆေးဝါးပညာနှင့်အတူ တွဲ၍တည်ရှိနေသည်မှာကြာလေပြီ။ ရမ်းနေကျွန်း၊ ဆော်လမွန်ကျွန်းနှင့် အခြားအိမ်တွင်းမှုလုပ်ငန်းများတွင် အုန်းနို့ကို တဆေး၊ သကြားတို့နှင့် ပေါင်းစပ်ကာ အပင်ပု၊ ချုံပုတ်များတွင်း တစ်ပတ်ခန့်သိမ်းဆည်းထားစေခြင်းဖြင့် အချဉ်ပေါက်စေရန်သည်။ ၎င်းအုန်းနို့ရမ်အရက်အကြောင်းကို သည်ဆွီ့တီးဝိုင်း(The Sweet Band)မှ ပုပ္ပါး ဂျိုး သီဆိုသည့် သီချင်းတွင် တွေ့ရသည်။ ဘရာဇီးနိုင်ငံတွင် အုန်းရည်နှင့် အကြားပေါင်းစပ်ကာ Batida de Côco ဟုခေါ်သည့် ခွတ်တေးတစ်မျိုးကို ပြုလုပ်ရောင်းချကြသည်။

ဥရုဂွေးနိုင်ငံ

ဥရုဂွေးနိုင်ငံသည် တောင်အမေရိကတိုက်

တွင် အငယ်ဆုံးသမ္မတနိုင်ငံဖြစ်သည်။ မြောက်ဘက်တွင်

ဘရာဇီးနိုင်ငံ၊ အနောက်ဘက်တွင် အာဂျင်တီးနားနိုင်ငံ၊ တောင်

ဘက်နှင့် အရှေ့ဘက်တို့တွင် အတ္တလန္တိတ်သမုဒ္ဒရာ တည်ရှိ

သည်။ ဥရုဂွေးမြစ်သည် အာဂျင်တီးနားနိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့

စပ်ကြား နယ်နိမိတ်အဖြစ်စီးဆင်းသည်။ အာဂျင်တီးနားနိုင်ငံမှ

စီးဆင်းလာသော ပါရနာမြစ်သည် မြစ်ဝတွင် ဥရုဂွေးမြစ်နှင့်

ပေါင်း၍ လာပလာတာမြစ်အဖြစ် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့

စီးဝင်သည်။ မြောက်ဘက်၌ ဘရာဇီးနိုင်ငံနှင့် စပ်လျက်ရှိသော

နယ်နိမိတ်သည် မိုင် ၄၅ဝ ရှည်လျားသည်။ ဥရုဂွေးနိုင်ငံသည်

၇၂,၁၇၂ စတုရန်းမိုင် ကျယ်ဝန်း၍ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ

အရ လူဦးရေ ၂,၉၆ဝ,ဝဝဝ ယောက် ရှိသည်။

ဥရုဂွေးနိုင်ငံ မြေမျက်နှာပြင်သည် များသောအားဖြင့်

ပျံ့ပျူးသည်။ မြောက်ပိုင်းတွင် တောင်တန်းများ ရှိသော်လည်း

ပေ ၂,ဝဝဝ ထက်မြင့်သောတောင် မရှိချေ။ ထိုတောင်တန်းများ

၏ အနောက်ဘက်တွင် မြေပြင်သည် ဥရုဂွေးမြစ်ကြောင်းသို့

တဖြည်းဖြည်းပြေ၍ နိမ့်ဆင်းသွားသည်။ ထိုလွင်ပြင်ပိုင်းသည်

ရှုခင်းသာယာ၏။ ဥရုဂွေးနိုင်ငံတွင် သဲကန္တာရများ၊ တောနက်

ကြီးများ မရှိချေ။

ဥရုဂွေးနိုင်ငံသည် ရာသီဥတုသင့်တင့်ညီညွတ်သည်။

ပင်လယ်ဘက်မှ လေပြေလေညင်းတိုက်ခတ်သဖြင့် နွေရာသီ၌

အေး၍ ဆောင်းရာသီ၌နွေးသည်။ အပူဆုံးလဖြစ်သော ဇန်နဝါရီ

တွင် ပျမ်းမျှအပူချိန်မှာ ဖာရင်ဟိုက် ၇၄ ံဖြစ်၍၊ အအေးဆုံးလ

ဖြစ်သော ဇွန်လတွင် ပျမ်းမျှအပူချိန်မှာ ဖာရင်ဟိုက်၅ဝ ံဖြစ်

သည်။ တစ်နှစ်အတွက် ပျမ်းမျှမိုးရေချိန်မှာ ၄၃ လက်မဖြစ်

သည်။ ဧပြီလနှင့် မေလတွင် မိုးအများဆုံး ရွာသွန်းသည်။

သို့ရာတွင် တစ်ခါတစ်ရံ မိုးခေါင်လေ့ရှိသည်။ ထို့ကြောင့်

ဥရုဂွေးနိုင်ငံတွင် ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းထက် တိရစ္ဆာန်

မွေးမြူခြင်းကို ပို၍အားစိုက်လုပ်ကိုင်သည်။

မြောက်ပိုင်း တောင်ကုန်းဒေသတွင် ရွှေကိုတူးဖော်ရရှိ

သည်။ ငွေ၊ ကြေးနီ၊ သံနှင့် မန်ဂနိစသော တွင်းထွက်ပစ္စည်း

များကိုလည်း အနည်းငယ်ရရှိသည်။ ကျောက်မီးသွေးမထွက်

သောကြောင့် စက်မှုလုပ်ငန်းအတွက် လျှပ်စစ်အင်အားကို အသုံး

ပြုရသည်။ ထို့ကြောင့် ဥရုဂွေးမြစ်၏ မြစ်လက်တက်ဖြစ်သော

ရီအိုနီဂရိုးမြစ်တွင် ရေကာတာဆောက်လုပ်၍ လျှပ်စစ်အင်အား

ကို ထုတ်ယူသုံးစွဲကြရသည်။

ဥရုဂွေးနိုင်ငံတွင် သိုး၊ နွားမွေးမြူခြင်းသည် အဓိက

လုပ်ငန်းဖြစ်၍ နိုင်ငံမှထွက်ကုန် ၈၅ ရာခိုင်နှုန်းသည် ထို

လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသော ကုန်ပစ္စည်းများဖြစ်သည်။

မြေယာငါးပုံလေးပုံကို တိရစ္ဆာန်စားကျက်အဖြစ် အသုံးချကြ

သည်။ အယ်ဖာဖာ (လူဆန်ပဲပင်) ကို တိရစ္ဆာန်အစာအတွက်

စိုက်ပျိုးသည်။ အခြားစိုက်ပျိုးသောသီးနှံပင်များမှာ ဂျုံ၊ ပြောင်း၊

မြင်းစားဂျုံ၊ မုယောနှင့်ဘီသွာလျှော်တို့ဖြစ်သည်။ တောင်စောင်း

များတွင် စပျစ်ခြံများ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဥရုဂွေးနိုင်ငံမှ

ထင်ရှားသော ထုတ်ကုန်များမှာ သိုးမွေး၊ အမဲသား၊ ဆီသွတ်

အသား၊ သားရေနှင့် ဘီသွာစေ့တို့ဖြစ်သည်။

ယခုအခါ ဥရုဂွေးနိုင်ငံတွင် မီးရထားလမ်း မိုင်ပေါင်း

၁,၈၇ဝ ခန့် ဖောက်လုပ်ပြီးဖြစ်သည်။ ပြည်တွင်းသွားလာရေး

အတွက် မော်တော်ကားလမ်း၊ ရေကြောင်းခရီးလမ်းတို့ကိုလည်း

အသုံးပြုသည်။ တောင်အမေရိကတိုက်ရှိ မြို့ကြီးများနှင့်သင်္ဘော

လမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ဆက်သွယ်

လျက်ရှိသည်။

ဥရုဂွေးနိုင်ငံတွင် နေထိုင်သူတို့သည် များသောအားဖြင့်

စပိန်လူမျိုးနှင့် အီတာလျံလူမျိုးတို့၏ အဆက်အနွယ်များဖြစ်ကြ

သည်။ စပိန်ဘာသာစကားကိုပြောဆိုကြ၍ စပိန်လူမျိုးတို့၏

ဓလေ့ထုံးစံများကို လိုက်နာကျင့်သုံးလေ့ ရှိလေသည်။ လူတိုင်း

လွတ်လပ်စွာကိုးကွယ်နိုင်၏။ ဗရင်ဂျီဝါဒသည်ကား လူများစု

ကိုးကွယ်သည့် အယူဝါဒဖြစ်သည်။ အစိုးရက အခမဲ့ပညာရေး

စနစ်ကိုပြဋ္ဌာန်း၍ မူလတန်းပညာကို မသင်မနေရအဖြစ် သတ်

မှတ်ထားသည်။ အထက်တန်းပညာ သင်ကြားနိုင်ရေးအတွက်

မွန်တီဗစ်ဒီအိုမြို့တော်ရှိ တက္ကသိုလ်ကျောင်းကို ၁၈၄၉ ခုနှစ်

တွင် တည်ထောင်ခဲ့သည်။

၁၅၁၆ ခုနှစ်တွင် စပိန်သင်္ဘောသားတစ်စုတို့က

ဥရုဂွေးကမ်းခြေပေါ်သို့ ဦးစွာရောက်ရှိခဲ့သော်လည်း အခြေစိုက်မိ

သူတို့မှာ ပေါ်တူဂီလူမျိုးများဖြစ်သည်။ ၁၆၈ဝ ပြည့်နှစ်တွင်

ပေါ်တူဂီတို့သည် ဥရုဂွေးကမ်းပေါ်၌ ခံတပ်တစ်ခုကို တည်

ဆောက်ကြသည်။ သို့ရာတွင် အာဂျင်တီးနားမှ စပိန်တပ်များက

ပေါ်တူဂီတို့ကို တိုက်ထုတ်၍ ထိုနယ်တွင်အခြေစိုက်ကြသည်။

တဖန် ဘရာဇီးနိုင်ငံမှ ပေါ်တူဂီတို့က ဥရုဂွေးကို စပိန်တို့၏

လက်မှ သိမ်းယူကြပြန်သည်။ ဥရုဂွေး တိုင်းရင်းသားတို့သည်

စပိန်တို့၏ ကြီးစိုးမှုကိုလည်းကောင်း၊ ပေါ်တူဂီတို့၏ကြီးစိုးမှုကို

လည်းကောင်း တွန်းလှန်ပြီးလျှင် ၁၈၃ဝ ပြည့်နှစ်တွင် လွတ်

လပ်သော သမ္မတနိုင်ငံ တည်ထောင်ကြသည်။ သို့ရာတွင်

ပြည်တွင်း၌ နိုင်ငံခေါင်းဆောင်အချင်းချင်း အာဏာလုမှုကြောင့်

အာဂျင်တီးနားနိုင်ငံမှလည်းကောင်း၊ ဘရာဇီးနိုင်ငံမှလည်းကောင်း

ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရလေသည်။

ထို့ကြောင့် ၁၉၃၄ ခုနှစ်တွင် သမ္မတ၏အာဏာကို

ကန့်သတ်ပေးသော အုပ်ချုပ်ပုံအခြေခံဥပဒေကို အတည်ပြုခဲ့

သည်။ တစ်ဖန် ၁၉၅၁ ခုနှစ်တွင် ထိုအခြေခံဥပဒေကို ပြင်၍

အုပ်ချုပ်မှုအာဏာကို အမျိုးသားကောင်စီအဖွဲ့ဝင်ကိုးဦးလက်ဝယ်

အပ်နှင်းကြသည်။ ထိုကောင်စီတွင် ပါလီမန်ရှိ လူများစုအဖွဲ့

က ခြောက်ဦးနှင့် လူနည်းစုအဖွဲ့က သုံးဦးပါဝင်၍သက်တမ်းမှာ

သုံးနှစ်ဖြစ်လေသည်။ သို့သော် ၁၉၆၆ ခုနှစ်တွင် အထွေထွေ

ရွေးကောက်ပွဲကြီးနှင့်အတူ ပူးတွဲကျင်းပခဲ့သော ပြည့်သူ့ဆန္ဒခံယူ

ပွဲကြီးအရ ဥရုဂွေးနိုင်ငံတွင် သမ္မတအုပ်ချုပ်မှုစနစ်ကို ပြန်လည်

ကျင့်သုံးခဲ့လေသည်။ သမ္မတသည် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော

ဝန်ကြီးအဖွဲ့ကို ခန့်ထားသည်။

ပါလီမန်တွင် ဆီးနိတ်လွှတ်တော်နှင့် ပြည့်သူ့လွှတ်

တော်ဟူ၍ လွှတ်တော်နှစ်ရပ်ရှိရာ လွှတ်တော် ကိုယ်စားလှယ်

များကို ပြည်သူတို့က ငါးနှစ်တစ်ကြိမ် ရွေးကောက်တင်မြေ|ာက်

ရသည်။ ဆီးနိတ်လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၃၁ ဦး

ရှိ၍ ပြည့်သူ့လွှတ်တော်တွင် ကိုယ်စားလှယ်ဦးရေ ၉၉ ဦး

ရှိသည်။

မွန်တီဗစ်ဒီအိုမြို့သည် ဥရုဂွေးနိုင်ငံ၏ မြို့တော်ဖြစ်၍

အကြီးဆုံး ဆိပ်ကမ်းမြို့လည်းဖြစ်သည်။ အခြား ထင်ရှားသော

မြို့များမှာ မာဆေးဒိမြို့၊ ပိုင်ဆန်ဒူးမြို့နှင့် ဆားလတိုမြို့များဖြစ်

ကြသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.