နို့

အစားအစာတို့အနက် နို့ရည်တွင် အာဟာရဓာတ် အပြည့်စုံဆုံးပါဝင်သည်ဟု သိပ္ပံပညာရှင်တို့က ယူဆကြသည်။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာဖြစ်ထွန်းမှု အတွက် လိုအပ်သော အာဟာရ အခြေခံကို နို့ရည်မှသာ ရရှိနိုင်သည်။ နို့စို့အရွယ် ကလေးငယ်တို့အတွက် နို့ရည်သည် လူတို့အဖို့မှာမူ တစ်ခါတစ်ရံ အမိနို့ရည်သည် သားငယ်နှင့်မသင့်သောအခါ နွားနို့ကို အစားထိုး၍ သုံးစွဲနိုင်သည်။ နွားနို့သည် နို့စို့ကလေးအတွက်သာမက အရွယ်တက်ဆဲဖြစ်သော လူငယ်၊ ရွယ်ကျစဖြစ်သော လူကြီးအတွက်လည်း အာဟာရဖြစ်သည်။ စင်စစ် နွားနို့ကို လူကြီးလူငယ်မရွေး အားလုံးသုံးဆောင်လေ့ရှိကြသည်။ နွားနို့ကို မရနိုင်သော ဒေသတို့၌ ဒေသအလိုက် ထွန်းကားသော တိရစ္ဆာန်တို့၏နို့ရည်ကို မှီဝဲကြသည်။ မြန်မာနိုင်ငံတွင် ကျွဲပေါများသော အရပ်၌ နွားနို့အစား ကျွဲနို့ကို သုံးစွဲကြသည်။ ဆိတ်နို့နှင့် သိုးနို့ကို အိန္ဒိယနိုင်ငံစသော အာရှတိုက် တောင်ပိုင်းနိုင်ငံတို့တွင် မှီဝဲလေ့ရှိသည်။ အိန္ဒိယနိုင်ငံ၏ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီသည် ဆိတ်နို့ကို အာဟာရအဖြစ်ဖြင့် အမြဲမှီဝဲသည်။

နွားနို့၌ ပါသော အာဟာရ

Milk glass
ပိုးသတ်ထားပြီး နွားနို့ တစ်ဖန်ခွက်

နွားနို့သည်လူသားများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လဆီယမ်ဗီတာမင်ဓာတ်၊ ပရိုတိန်းနှင့် အဆီဓာတ်များလုံလောက်စွာ ပါဝင်နေခြင်းကြောင့်မဖြစ်မနေသောက်သုံးသင့်ပါသည်၊၊ နွားနို့သောက်သုံးခြင်းဖြင့် အရိုးအဆစ်များ သန်မာကြီးထွား၍ ကိုယ်ကြံ့ခိုင်သန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်၊၊ ထို့အပြင် နွားနို့ကို နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် အရပ်ရှည်လာစေနိုင်ပေသည်။[၁]

နို့ရည်၌ ပရိုတင်းဓာတ်၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ ဓာတ်ဆားနှင့် ရေတို့ အချိုးကျ ပါဝင်ကြသည်။ ထိုဓာတ်တို့မှာ ခန္ဓာကိုယ်ကြီးထွားရေးအတွက် အဓိကဖြစ်သည်။ နို့ရည်၌ ရေ ၈၇ ရာခိုင်နှုန်း၊ အဆီ ၄ ရာခိုင်နှုန်း၊ ပရိုတင်း ၃.၃၅ ရာခိုင်နှုန်း၊ ကာဗို ဟိုက်ဒရိတ် ၄.၉၀ ရာခိုင်နှုန်း၊ ဓာတ်ဆား ၀.၇၅ ရာခိုင်နှုန်း ပါဝင်သည်။ ဤကား ယေဘုယျနှုန်း ဖြစ်သည်။ နို့ရည်၌ ပါသောအဆီသည် ကလေးသူငယ်တို့အတွက် အစာချေရန် အလွန်လွယ်ကူသဖြင့် များစွာ အဖိုးတန်သည်။ ထိုအဆီမှာ အလွန်တရာသေးငယ်သော အဆီဉကလေးများပါဝင်သော အဆီဖြစ်သည်။ နွားနို့မှ ရသော အဆီဥကလေးများကို တစ်ခုစီ တစ်ခုစီ တစ်လက်မ အရှည်ရှိသော နေရာ၌ စီတန်းလိုက်လျှင် အဆီဥပေါင်း ၂၀၀၀မှသည် ၂၀၀၁၀ အထိ စီတန်းနိုင်သည်။ နို့၏အဆီ၌ ဗီတာမင် အေနှင့် ဒီတို့ ပါဝင်သည်။

နို့ရည်မှ ရသော ပရိုတင်း၌ အာဟာရဓာတ်များစွာပါဝင်သည်။ ထိုပရိုတင်းမှာ အပင်မှရသော ပရိုတင်းထက် ကောင်းသည်။ အာဟာရအတွက် အရေးကြီးသော အမိုင်နိုအက်ဆစ်အားလုံးပါရှိ၍ အစာကြေလွယ်သည်။ အမိုင်နိုအက်ဆစ်၏သဘောမှာ ခန္ဓာကိုယ်၏သွေး၊ အသားတို့ ဖြစ်ထွန်းစေသော သဘောရှိသည်။ ပရိုတင်းတွင် ကေဆီအင်းဓာတ် ၇၀ ရာခိုင်နှုန်း၊ လက်တယ်လဗျူမင် ၂၀ ရာခိုင်နှုန်းနှင့် လက်တို ဂလိုဗျူလင် ၂ ရာခိုင်နှုန်း ပါဝင်သည်။ နွားနို့ဖြူသည်မှာ အဖြူရောင်ရှိသော ကေဆီအင်းကြောင့် ဖြစ်သည်။ နို့ထဲသို့ အချဉ်ဓာတ်ကို ဖြစ်စေ၊ အင်ဇိုင်းခေါ် အချဉ်ဓာတ်ပါသော ဓာတုဗေဒဆေးကို ဖြစ်စေ ထည့်လိုက်လျှင် ကေဆီအင်းသည် ခဲသွားပြီးလျှင် ဒိန်ချဉ်ဖြစ်လာသည်။ ထိုဒိန်ချဉ်မှ ဒိန်ခဲကို ပြုလုပ်ရသည်။ ကေဆီအင်းမှ ဆင်စွယ်တု၊ အရိုးတု၊ ကော်ပလတ်စတစ်ပစ္စည်း၊ အိမ်သုတ်ဆေး စသည်တို့ကိုလည်း ပြုလုပ်နိုင်သည်။ လက်တယ်လဗျူမင် နှင့် လက်တို ဂလိုဗျူလင်တို့မှာ လူ၏သွေး၌ပါသော အယ်လဗျူမင်နှင့် ဂလိုဗျူလင်ဓာတ်တို့နှင့် အတူတူပင်ဖြစ်ရာ ခန္ဓာကိုယ်၏ အသွေးအသား ဖြစ်ထွန်းရေးအတွက် အထောက်အပံ့ ပြုပေသည်။

နို့ရည်တွင် ပါရှိသော ဓာတ်ဆားတို့မှာ ပိုတက်ဆီယမ်ကယ်လဆီယမ်, ဖော့စဖောရပ်၊ ဆိုဒီယမ်၊ ကန့်ဆာလဖာ၊ အိုင်အိုဒင်းသံ၊ ကြေး၊ မန်ဂရိ၊ သွပ်၊ အလျူမီနီယမ်နှင့် အခြားသတ္တု၏ဓာတ်ဆားများ ဖြစ်ကြသည်။ ထို ဓာတ်ဆားတို့သည် သွားနှင့်အရိုးများကို ခိုင်မာအောင် ပြုလုပ်ပေးသည်။
နို့ရည်၌ပါသော ကာဗိုဟိုက်ဒရိတ်ကို လက္ကာတို့ဟု ခေါ်သည်။ ယင်းမှာ နို့သကြားဖြစ်၏။ ထိုသကြားမျိုးမှာ များစွာ မချိုလှချေ။ ရိုးရိုးသကြားကဲ့သို့ အရည်ပျော်လွယ်သည်မဟုတ်။ သို့သော် အစာကြေလွယ်၏။ ခွန်အားကို ဖြစ်စေတတ်၏။ လက္ကာတို့ကို ဗက်တီးရီးယားပိုးများက မှီဝဲလာသည့်အခါ လက်တစ်အက်ဆစ်ဖြစ်ပေါ်လာ၍ နို့သည် ချဉ်သွားတတ်သည်။ ဤသဘောတရားသည့် နို့မှ ဒိန်နှင့်ထောပတ်ထုတ်လုပ်ခြင်းလုပ်ငန်းတွင် များစွာ အထောက်အပံ့ပြုလုပ်ပေသည်။ လက္ကာတို့သည် နို့ရည်၌ ပါသော ဓာတ်ဆားတို့ကို သွားနှင့် အရိုးများ ခိုင်မာအောင် ပြုလုပ်ပေးသည့် ဓာတ်ဆားများ အဖြစ်သို့ ပြောင်းလဲစေရန် ဖန်တီးပေးသည်။

အထက်ပါ ဓာတ်များအပြင် နို့ရည်ထဲ၌ ဗီတာမင်များလည်း ပါဝင်သည်။ နို့တွင် ပါရှိသော ဗီတာမင်တို့မှာ အေ၊ ဘီ၊ စီ၊ ဒီနှင့် ကေတို့ဖြစ်ကြသည်။ သို့ရာတွင် ထိုဗီတာမင်တို့မှာ ကလေးသူငယ်များအဖို့ လုံလောက်သည်မဟုတ်သေး။ ထို့ကြောင့် ယင်းတို့အား ရံဖန်ရံခါ ဗီတာမင်အေ၊ စီနှင့်ဒီကို သတ်သတ်တိုက်ကျွေးပေးရသည်။ မြက်စိမ်းကို စားရသော နွားမများသည် မြက်ခြောက်ကို စားရသော နွားမများထက် ဗီတာမင် ဒီကို ပို၍ ပေးနိုင်စွမ်း ရှိသည်။ နွားနို့ကို ကြာကြာ လေသလပ် ထားလျှင် ဗီတာမင် စီ ကုန်ခန်းသွားတတ်သည်။ နို့၌ ဗီတာမင် ဘီသည် အတော် များများ ပါဝင်သည်။ နို့ရည်မှရသော အဆီနှင့်မလိုင်တို့တွင် ဗီတာမင် အေ၊ ဒီနှင့် အီး ပါဝင်သည်။

လူတို့၏အစားအစာသည် သွေးသားဖြစ်စေရုံမျှသာမက ကိုယ်ခန္ဓာ၏ အပူဓာတ်ကိုလည်း ပေးသည်။ ထို အပူဓာတ်ကို ဖြစ်စေသော စွမ်းအင်ကို ပေးသည့်အရာတွင် နို့သည် အလွန်တာသွားသည်။ ပမာအားဖြင့် ပုလင်းတစ်လုံးခန့်ရှိသောနွားနို့၏ အပူဓာတ်ပေးသော စွမ်းအင်သည် အမဲသား ၄/၅ ပေါင်၊ ကြက်သား ၁ ၁/၄ ပေါင်၊ ဝက်သား ပေါင်ဝက်၊ ငါး ၂ ၁/၃ ပေါင်၊ ကြက်ဥ ၈လုံး၊ ပဲသိး ၁ ၁/၇ ပေါင်၊ ပဲစေ့ ၂ ၁/၃ ပေါင်၊ ခရမ်းချဉ်သီး ၆ ၂/၃ ပေါင်တို့၌ ရှိသော စွမ်းအင် အသီးသီးတို့နှင့် ညီမျှသည်။[၂]

Milk cup and bottle
နွားနို့

ကိုးကား

  1. မြန်မာ့အလင်းသတင်းစာ၊ အောက်တိုဘာ ၃ ရက်၊ ၂၀၁၄။
  2. မြန်မာ့စွယ်စုံကျမ်း အတွဲ ၆ ၊ နှာ ၁၆၉
ကော်ဖတ်

ရာဘာသည် ယနေ့ခေတ် လူသုံးကုန် ပစ္စည်းများတွင် အသုံးပြုလာသော အရာဖြစ်သည်။ ရာဘာကို ရာဘာပင်မှ ရရှိသော ကြက်ပေါင်စေးအား ခဲအောင်ပြုလုပ်၍ ရရှိသည်။ ထို့ကြောင့် ရာဘာကို ရာဘာခြံများဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြသည်။ မြန်မာနိုင်ငံ၌ ရာဘာ အဓိက ထွက်ရှိရာ ဒေသများမှာ တနင်္သာရီတိုင်း ဒေသကြီး နှင့် မွန်ပြည်နယ်တို့ ဖြစ်သည်။

ကျွဲ

ကျွဲ (English: Domestic Water Buffalo or Domestic Asian Water buffalo) (Scientific: Bubalus bubalis) သည် အာရှတွင် အလွန်ပေါများသော သတ္တဝါဖြစ်ပြီး တောင်အမေရိက၊ ဥရောပတောင်ပိုင်း နှင့် အခြားဒေသများတွင် လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ကျွဲသည် ungulate ခေါ် ကြီးမားပြီး ခွာတပ်ခံရသော သတ္တဝါအမျိုးအစားတွင် ပါဝင်ပြီး bovine မျိုးရင်းသေးတွင်လည်း ပါဝင်သည်။ ဩစတြေးလျ မြောက်ဖက်ပိုင်းတွင် feral ခေါ် အယဉ်မှ အရိုင်းပြန်ဖြစ်သွားသော ကျွဲများ အခြေတကျနေထိုင်နေကြပြီး အရှေ့တောင်အာရှတွင်မူ ကျွဲရိုင်းအမြောက်အများရှိသေးသည်။ ယဉ်ပါးသော ကျွဲအမျိုးမျိုးတို့သည် တူညီသော ဘိုးဘွားများမှ ဆင်းသက်လာကြပြီး ဘိုးစဉ်ဘောင်ဆက်တွင် အခုအခါ မျိုးတုံးပျောက်ကွယ်လုနီး ဖြစ်နေသော ကျွဲရိုင်း(wild Asian water buffalo) အပါအဝင် ဖြစ်သည်။

ကဿပဘုရား

ကဿပဘုရား သည် ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ဂေါတမဘုရား နှင့် အရိမေတ္တေယျဘုရား စသည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူမည့် ဘုရားကြီး ငါးဆူမှ ပွင့်ပြီးခဲ့သော ဘုရား ဖြစ်သည်။

ငရမန်ကန်း

ပုဂံတွင် အနော်ရထာမင်း လွန်၍ သားတော်စောလူးမင်းနန်းတက်လျှင် စောလူးမင်း၏ နုနယ်မှုကိုအခွင့်ကောင်းယူပြီး အောက်အရပ်မှ မွန်တို့ကို စုစည်းပုန်ကန်သည့် ငရမန်ကန်းမှာ မွန်လူမျိုးဖြစ်သည်။စောလူးမင်းနှင့် ငယ်သူငယ်ချင်းများဖြစ်သဖြင့် ပဲခူးကို စားစေသည်ဟုလည်းဆိုသည်။မွန်ဘာသာအားဖြင့် ရမန် မှာ မွန်လူမျိုးဖြစ်ပြီး ကန်း မှာ မြန်မာဘာသာအားဖြင့် ကင်း ဖြစ်သဖြင့် မွန်လူမျိုးတို့၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

မကြာခဏ ကြွေအံပစ်ကစားခြင်းကို နှစ်ဦးဆုံတိုင်း ကစားလေ့ရှိသည်။တစ်ကြိမ်တွင် ငရမန်ကန်းက ချည်းနိုင်သဖြင့် စောလူးကစိတ်တွင်မကျေမနပ်ဖြစ်သည်။ ငရမန်ကန်းကလည်းထိုမကျေနပ်မှုကို ကြီးထွားစေရန် ပရိယာယ်ဖြင့် စကားနာထိုးရာ နောက်ဆုံးတွင် စောလူးက “ငရမန်ကန်း..သင်ယောင်္ကျားကောင်းမှန်လျှင် သင်အပိုင်စားရတဲ့ ပဲခူးကနေ ငါ့ကိုပုန်စားချေ” ဟုဆိုလေရာမှ ငရမန်ကန်း၏ ပုန်ကန်မှုစလေသည်။ (စောလူးမင်းနှင့်ကြွေအံကစားစဉ် တစ်ချီတွင်ငရမန်ကန်းနိုင်သွားလေရာ ငရမန်ကန်းက လက်ပမ်းပေါက်ထ၍ခတ်သည် (လက်ခမောင်းခတ်သည်) ဟုဆိုပါသည်။ ထိုအခါ ဘုရင်ဖြစ်သူစောလူးက ကြွေအံတစ်ပွဲနိုင်ကာမျှဖြင့် ဤမျှဝင့်ဝါမောက်ကြွားရမည်လောဟုအမျက်ဝင်ကာ သင်တစ်ကယ်အစွမ်းအစရှိပါကငါ့ကိုပုန်စားချေဟု ဆိုကြောင်းမှတ်သားရဖူးပါသည်။)

နှစ်ဦးသားစစ်ပြိုင်ရာ ပြည်တော်သာကျွန်းတိုက်ပွဲတွင်လည်း ပရိယာယ်ဖြင့်ပင် ပုဂံတပ်ကို အနိုင်ယူပြီး စောလူးမင်းကို အမိဖမ်းနိုင်ခဲ့သည်။ ငရမန်က သစ်တပ်တည်၍တပ်စွဲထားသည်ဆို၏။ (စောလူးမင်းမရှိ၍ တိုင်းရေးပြည်ရာမငြိမ်မသက်ရှိရာတွင် မူးမတ်များက ကျန်စစ်သားကိုမင်းပြုရန်တိုင်တွန်းသော်လည်း ကျန်စစ်သားကလက်မခံပဲ ငါ၏အရှင်ကိုရှာဖွေကယ်တင်ဦးမည်ဆိုကာ ငရမန်၏တပ်စခန်းအတွင်းခိုးဝင်၍ အချုပ်နှောင်တွင်းမှစောလူးမင်းအား ကယ်တင်ရန်ကြံသည်။ သို့ရာတွင် စောလူးမင်းကတွေးမိသည်မှာ ကျန်စစ်သားကို ငါလည်း မျက်ဖူးသည်၊ ငါ့ဖခင်လည်း အမျက်ထားဖူးသည်၊ ယခုငါ့အား သတ်ရန်လာရောက်ခိုးယူခြင်းဖြစ်ရာသည်။ ငရမန်ကား ငါနှင့် နို့စို့ဖက်ဖြစ်၍ငါ့အားမသတ်ရာ ဟူ၏။ ထို့ကြောင့် ကျန်စစ်သားငါ့ကိုခိုးယူလေပြီဟုအော်ဟစ်အသိပေးလေရာ ကျန်စစ်သားက "ကျေးဇူးမသိသော မင်းဆိုးမင်းညစ် ကျွန်သဘောက်၏လက်တွင် ခွေးသေဝက်သေ သေရစ်ပေရော့" ဟုဆိုကာပစ်ချထားလျက်ကိုယ်လွတ်တိမ်းရှောင်သွားခဲ့သည်။) နောက် ငရမန်ကန်းသည် စောလူးမင်းကိုကွပ်မျက်လိုက်သည့်အတွက် ကျန်စစ်သား မင်းဖြစ်လာပြီး ပုန်ကန်မှုများကို ဆက်လက်နှိမ်နှင်းရာ ငရမန်ကန်းလည်းရေကြောင်းမှစုန်ဆင်းပြေးရလေသည်။ သို့ရာတွင် ကျန်စစ်သား၏ လေးသည်တော် မုဆိုးငစဥ့်က လမ်းခရီးမှပုန်းကွယ်စောင့်လတ်၍ ထူးဆန်းသော ငှက်မည်သံပြုရာ တင်းတိမ်ကိုမပြီးစူးစမ်းသောငရမန်လည်း မြှားထိမှန်ကာ သေရလေသည်။

ငရမန်ကာန်း။ ။

ငရမန်ကာန်းသည် အနော်ရထာမင်းက မွန်၊ မြန်မာနှင့်

ပျူအင်အားစုများကို ပေါင်းစည်း၍ တည်ထောင်ထားခဲ့သော

ပုဂံနိုင်ငံတော်ကို ပြိုကွဲအောင်ကြံစည်ခဲ့သူ ဖြစ်သည်။ ငရမန်

ကာန်းသည် စောလူးမင်း၏ အထိန်းတော်သား ဖြစ်သည်။

အနော်ရထာမင်း နတ်ရွာစံ၍ စောလူးမင်းနန်းတက်သောအခါ

နို့စို့ဖက်ဖြစ်ဘူးသူ ငရမန်ကာန်းအား ယုံကြည် ချစ်ခင်သည့်

အလျောက် ပဲခူးမြို့ကို စားစေသည်။ပဲခူးမြို့သည် ထိုစဉ်က

ဆိပ်ကမ်းမြို့ကြီးဖြစ်၍ အလွန်စည်ပင် ဝပြော ချမ်းသာသော

မြို့ကြီးဖြစ်လေသည်။ မွန်နှင့် မြန်မာတို့ ရောနှောနေထိုင်

စီးပွားရှာသောမြို့လည်း ဖြစ်သည်။ ထိုကဲ့သို့ပင် နိုင်ငံ၏

မြို့တော်ဖြစ်သော ပုဂံ၌လည်း မွန်များ၊ ပျူများ၊ မြန်မာများ

ရောပြွန်း၍ နေထိုင်ကြကြောင်းကို မွန်၊ မြန်မာ၊ ပျူစာများဖြင့်

ကျောက်စာထိုးထားခဲ့သည်တို့ကို ထောက်၍ သိနိုင်သည်။

ငရမန်ကာန်းသည် ချမ်းသာကြွယ်ဝ၍ စည်ပင်သာယာသော

ပဲခူးမြို့ကို အုပ်ချုပ်ရသည်မှစ၍ လောဘရမ္မက် တက်လာကာ

ပိုင်နိုင်စွာ မင်းလုပ်လိုဟန်တူ၏။ လူအင်အား၊ ပစ္စည်းအင်အား

တောင့်တင်းလှသော ပဲခူးမြို့ကို အားကိုးပြု၍ ပုန်ကန်ရန်

အကြံရှိ၏။ တစ်ခါသော်စောလူးမင်းနှင့် ငရမန်ကာန်းတို့ အန်

ကစားကြရာတွင် ငရမန်ကာန်းနိုင်၍ မလန်းပေါက် (လက်ပမ်း

ပေါက်) ထ၍ ခတ်၏။ စောလူးမင်းက အန်တစ်ပွဲမျှနိုင်သည်

ကို မလန်းပေါက်ထ၍ ခတ်သည်။ ယောကျာ်းဟုတ်နိုးသော်

ပဲခူးနှင့် ပုန်စားလေဟု ငရမန်ကာန်းအား မိန့်တော်မူသည်။

ငရမန်ကာန်းလည်း မူလကပင် အကြံရှိသူဖြစ်၍ ပဲခူးသို့

သွားပြီးသော် ရဲမက်ဗိုလ်ပါစုရုံးလျက် ရေအားကြည်းအားဖြင့်

ပုဂံသို့ ချီလာလေ၏။

ငရမန်ကာန်းတပ်သည် ပြည်တော်သာကျွန်း(မိကျောင်းရဲ

အောက်ရှိ ကျွန်းတောကျွန်း)သို့ ရောက်သော် ခေတ္တစခန်းချ၏။

ထိုသတင်းကိုကြားလျှင် ရဲမက်ဗိုလ်ပါ ဆင်လုံးမြင်းရင်း အများ

နှင့် ကျန်စစ်သားကို တပ်ဦးချီစေပြီး စောလူးမင်းသည် နောက်

တပ်ပြုလျက် လိုက်၏။ ကျန်စစ်သား၏ စစ်အရာ၌ လိမ္မာ

သည်ကို သိသဖြင့် ငရမန်ကာန်းသည် အကြံပြု၍ ဤသို့

စီရင်သည်။ ရွှံ့ညွန့်ထူပြော၍ ဆင်ခင်း မြင်းခင်း မသာသော

အရပ်တွင် ဆင်စီး၍ စစ်ဆင်ဟန် အရုပ်ပြုလုပ်ထား၏။

စောလူးမင်း စစ်တပ်သည်တို့ မိုးချုပ်မှ ရောက်လာရာ၊ ငရမန်

ကာန်းသည် လရောင်ဝိုးဝါးတွင် တိုက်စစ်ဆင်လေသည်။

စောလူးမင်းသည် အရုပ်ကို အကယ်ထင်မှတ်၍ တိုက်လေသော်

စီးတော်ဆင် ရွှံ့သို့ကျ၍ ကျွံချေ၏။ စောလူးမင်းလည်း ဆင်

ထက်မှ ဆင်းသက်ပြေးရကာ စစ်တပ်ပျက်လေသည်။ ကျန်စစ်

သားလည်း ပုဂံသို့ ဆုတ်ရ၏။ ငရမန်ကာန်းလည်း စောလူးမင်း

နှင့် ကျန်စစ်သားကို မရလျှင် မမေ့မလျော့ မနေကောင်းဟု

စစ်သည်ဗိုလ်ပါတို့နှင့် အလုံအခြုံတပ်မြို့ပြုကာ နေလေသည်။

ငရမန်ကာန်းသည် စောလူးမင်းအား ပုန်းအောင်းရာနေရာကို

သိရှိဖမ်းမိလျှင် အကျဉ်းချထားလျက် ရေအား ကြည်းအားဖြင့်

ဆန်တက်လေသည်။ ပုဂံတောင် မြင်းကပါးအရပ်တွင် တပ်ကြီး

တည်၍ စခန်းချစဉ် ကျန်စစ်သားသည် ငရမန်ကာန်း တပ်တွင်း

သို့ ဝင်၍ စောလူးမင်းအား ခိုးယူရာ မအောင်မြင်ချေ။ ငရမန်

ကာန်းကား စောလူးမင်းကို ပျူမင်းထီး ငှက်ကြီး ခေါင်းမြှုပ်ရာ

အနုရာဓမည်သော အရပ်တွင် ကွပ်မျက်လိုက်၏။ ယင်းသို့

ကွပ်မျက်ပြီးနောက် ပုဂံတွင် မင်းပြုရန် ရေအား ကြည်းအားဖြင့်

မြို့သို့ ချဉ်းကပ်လေသည်။ ထိုအခါ မှူးမတ်တို့က ကျန်စစ်သား

သည် လယ်တွင်းတစ်ဆဲ့တစ်ရွာကို ချုပ်၍ မင်းပြုနေသဖြင့်

ကျန်စစ်သားကို စစ်ထိုး၍အောင်မှ မင်းပြုပါဆိုလျက် မြို့

တံခါးကို မဖွင့်ဘဲ အခိုင်အလုံ နေကြ၏။ ငရမန်ကာန်း

သည် ကျန်စစ်သားကို လုပ်ကြံဦးမည်ဟု ရေအားကြည်းအားဖြင့်

ဆန်တက်၍ အင်းဝတည်ရာအရပ်၌ တပ်တည် နေလေသည်။

ထိုအခါ ကျန်စစ်သားသည် အင်းဝအရပ်သို့ချီ၍ ငရမန်ကာန်း

ကို တိုက်၏။ အင်းဝစစ်ပွဲ၌ ငရမန်ကာန်း အရေးနိမ့်သဖြင့်

မြင်းကပါသို့ ဆုတ်ရလေသည်။ ကျန်စစ်သားလည်း ရွှေစည်းခုံ

တောင်တွင် တပ်တည်၍ နေ၏။ တစ်ဖန် မြင်းကပါ၌ တိုက်ပွဲ

ဖြစ်ပြန်ရာ ငရမန်ကာန်း တပ်ဆုတ်ရပြန်လေသည်။ငရမန်ကာန်း

စုန်ပြေးကြောင်းကို ကျန်စစ်သားသိလျှင် မုဆိုးငစဉ့်ကို လိုက်၍

လုပ်ကြံစေ၏။ မုဆိုးငစဉ့်လည်း ငရမန်ကာန်းကို ရွာသာ

အောက်တွင်မီ၍ ရေသဖန်းပင်ထက်မှ သာယာလှသောငှက်၏

အသံကဲ့သို့မြည်၏။ ငရမန်ကာန်းလည်း ရွှေဖောင်တံခါးကို

ဖွင့်၍ သာယာသောအသံရှင် ငှက်ကို ကြည့်စဉ် ချောင်းနေ

သော ငစဉ့်ကလေးနှင့်ပစ်ရာ မျက်စိကိုမှန်၍ အသက်ဆုံးရ

လေသည်။ ထိုငစဉ့်ကူးအရပ်တွင် ငရမန်ကာန်းဆုံးလျှင် သူ၏

တပ်ပျက်လေသည်။ မွန်၊ မြန်မာ၊ ပျူတို့၏ ပုဂံနိုင်ငံတော်ကြီး

လည်း ပြိုကွဲခြင်းအန္တရာယ်မှ လွတ်ခဲ့လေသည်။

စိတ်ပညာ

စိတ်ပညာသည် လူတို့၏ စိတ်နေသဘောထားနှင့် အပြုအမူကို သိပ္ပံနည်းကျကျ လေ့လာသည့် ပညာတစ်ရပ် ဖြစ်သည်။ စိတ်ပညာ၏ ရည်ရွယ်ချက်မှာ ယေဘုယျ သဘောတရားများနှင့် သာဓကများကို ရှာဖွေရန်ဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန်ဖြစ်သည်။ စိတ် ပညာရှင်များသည် လူတစ်ဦးတစ်ယောက်ချင်း၏ စိတ်နေစိတ်ထားနှင့် အပြုအမူကို သဘောပေါက် နားလည်နိုင်ရန် ကြိုးစားကြသည်။ ထို့အပြင် အချို့ စိတ်နေစိတ်ထားနှင့် အပြုအမူ နောက်ကွယ်ရှိ စိတ်ပိုင်းဆိုင်ရာနှင့် အာရုံပိုင်းဆိုင်ရာ အကြောင်းရင်းများကိုလည်း လေ့လာကြသည်။

စိတ်ပညာသည်အတွေးအခေါ်ပညာရပ်မှ ခွဲထွက်လာသော အပြုအမူဆိုင်ရာသိပ္ပံပညာရပ်တစ်ခုဖြစ်သည်။

ဆိတ်

ဆိတ်သည် ပါဏဗေဒအလိုအရ 'ကက်ပရာ'မျိုးစုဝင်

စားမြုံ့ပြန်ကောင်ဖြစ်သည်။ သိုးနှင့် ဆိတ်တို့သည် ပုံပန်းချင်း

အလွန်ဆင်တူလေသည်။

သားမွေးအတွက် မွေးမြူ

သော သိုးတစ်မျိုးမှာ ဆိတ်နှင့် ခွဲ၍မရေအောင် ဆင်တူနေ

သဖြင့် တိရစ္ဆာန်အကြောင်း မကျွမ်းကျင်သူများအဖို့ အမြီးအနေ

အထားကို ကြည့်၍သာလျှင် ခွဲခြားနိုင်ပေမည်။ ဆိတ်၏အမြီးမှာ

အပေါ်သို့ထောင်နေ၍ သိုး၏အမြီးမှာ အောက်သို့ကုပ် ကျနေ

သည်။ သိုးနှင့်ဆိတ် ခွဲခြား၍သိနိုင်သည့် အခြားတချက်မှာ

ဆိတ်၏ကိုယ်လုံး ကိုယ်ဖန်သည် သိုးထက် ငယ်သည့်အပြင်၊

ဆိတ်အမွေးမှာ ပိုရှည်သည်။ ပိုဖြောင့်သည်။

ဆိတ်ရိုင်းများကို

ဥရောပတိုက်၊ အာဖရိကမြောက်ပိုင်းနှင့် ဟိမဝန္တာတောင်များ

ပေါ်၌ တွေ့ရသည်။ လူတို့မွေးမြူကြသော ဆိတ်ယဉ်တို့မှာ

ပါးရှားနိုင်ငံရှိ ဆိတ်ရိုင်းများမှ ဆင်းသက်လာကြသည်ဟု

ယူဆရသည်။ ရှေးပဝေသဏီကာလမှစ၍ ကမ္ဘာပေါ်ရှိ အရပ်ရပ်

တွင် ဆိတ်ကိုမွေးမြူခဲ့ကြသည်။ အာရှမိုင်းနားရှိ အန်ဂိုးရားမြို့ကို အစွဲပြု၍ အန်ဂိုးရားဆိတ်ဟု အမည်တွင်သော ဆိတ်

မျိုးမှာ ဓမ္မဟောင်းကျမ်းစာခေတ်မှစ၍ ထင်ရှားခဲ့သည်။ အန်ဂိုး

ရားဆိတ်သည် အရှေ့တိဗက်နိုင်ငံမှ ပေါက်ပွားလာသည်။

အန်ဂိုးရားဆိတ်တွင် ရှည်လျား၍ ပိုးသားကဲ့သို့သားမွေးများ

တစ်ကိုယ်လုံးကို ဖုံးအုပ်လျက်ရှိသည်။ ထိုသားမွေးများဖြင့်

မိုးဟဲခေါ် ဆိတ်မွေးထည်ကို ရက်လုပ်သည်။ အန်ဂိုးရားဆိတ်

မျိုးပေါင်း များစွာရှိရာ၊ အာဖရိကတိုက်တောင်ပိုင်း၊ ဩစတြေးလျတိုက်နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ဤဆိတ်မျိုး

ကို သားမွေးအတွက် မွေးမြူကြသည်။

သားမွေးအတွက်မွေးမြူ

ကြသော အခြားဆိတ်တစ်မျိုးမှာ ကသ္မီရဆိတ်မျိုးဖြစ်သည်။

ကသ္မီရဆိတ်သည် သာမန်ဆိတ်နှင့်ပို၍တူသည်။ အန်ဂိုးရား

ဆိတ်မှာ သိုးနှင့်ပို၍ ဆင်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသော

ကသ္မီရရှောစောင်ကို ထိုကသ္မီရဆိတ်မှရသော သားမွေးဖြင့်

ရက်လုပ်လေသည်။ ကသ္မီရဆိတ်၏ အတွင်းထပ် သားမွေးကို

ရှောစောင်အဖြစ် ရက်လုပ်သည်။ အပြင် အမွေးများရှည်

လေလေ၊ အတွင်းဖက် သားမွေးထပ်မှာ ထူထဲပေါများလာ

လေလေဖြစ်သည်။ အလျားနှင့်အနံ တစ်ကိုက်ခွဲစီရှိသော ရှော

စောင်ရရှိရန်အတွက် ဆိတ်ဆယ်ကောင်မှ သားမွေးများကို လို

လေသည်။ ထိုပြင် လက်ဖြင့်သာ ရက်လုပ်သောကြောင့်၊ စောင်

တစ်ထည်ပြီးမြောက်ရန် တစ်နှစ်ခန့်မျှကြာသည်။ ထိုကြောင့်

ကသ္မီရ ရှောင်စောင်သည် အလွန်အဖိုးထိုက်တန်၏။ အဆင်

ဆန်း ရှောစောင်တစ်ထည်ကို တစ်ခါတစ်ရံ ပေါင် ၃ဝဝ မျှ

ပေးရသည်။ အန်ဂိုရားဆိတ်နှင့် ကသ္မီရဆိတ်နှစ်မျိုးလုံးမှာ

အရွယ်ငယ်၍၊ နားရွက်များတွဲလျားကျသည့်အပြင် ဦးချိုများ

လိမ်နေသည်။

တရုတ်နိုင်ငံ၊ ဂရိတ်ဗြိတိန်နိုင်ငံ၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် ဆိတ်များကို နို့စားရန်အတွက် မွေးမြူ

ကြသည်။ နို့စားဆိတ်မျိုးတွင် ဆွစ်ဇာလန်နိုင်ငံမှ တော်ဂင်ဗုနှင့်

ဆာနင်မျိုးများမှာ အကောင်းဆုံးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဆိတ်

မျိုးတွင် စူရတ်မြို့မှ စူရတီဆိတ်မျိုးသည် ထင်ရှား၏။ အများ

အားဖြင့် အရောင်ဖြူသည်။

သားမွေးအတွက်နှင့် ဆိတ်နို့အတွက်သာလျှင် ဆိတ်ကိုမွေး

မြူကြသည်မဟုတ်ပေ။ အသားစားရန်အတွက် ဖြစ်စေ၊ သားရေ

အတွက်ဖြစ်စေ၊ ဆိတ်ကို မွေးမြူကြသေးသည်။ ဆိတ်ကလေး

သားရေကို လက်အိတ်နှင့် ဖိနပ်ချုပ်ရာ၌ အသုံးများသည်။

သို့သော် ယခုအချိန်တွင် ကြွက်သားရေနှင့် ခွေးသားရေတို့ကို

ဆိတ်ကလေး သားရေတုများပြုလုပ်၍ ရောင်းချလျက်ရှိကြ

သည်။ ဖိနပ်များ၊ စာရွက်စာတမ်းများထည့်ရန် လက်ဆွဲအိတ်၊

စာအုပ်များအတွက် မိုရော့ကို သားရေဖုံးနှင့် အခြားပစ္စည်းများ

ကို ဆိတ်ရေဖြင့် ချုပ်လုပ်ကြသည်။ သားမွေး စောင်နှင့် သား

မွေး ကိုယ်ရုံထည်များ ချုပ်လုပ်ရန် အင်ဂိုးရားဆိတ်ရေကို သား

မွေးများမပယ်ဘဲ အသုံးပြုကြသည်။

သို့ဖြစ်၍ လူတို့အတွက် ဆိတ်သည် များစွာအသုံးဝင်သည်

ဟု ဆိုရပေမည်။ ထိုပြင် ဆိတ်သည် အလွန်ကြံ့ခိုင်သဖြင့်

ရောဂါရုတ်တရက်မကူးစက်တတ်ချေ။ ဆိတ်သည် ရွက်ကြမ်း

ရွက်နုမရှောင်၊ သစ်ပင်တို့၏ အခေါက်ကိုခွာစား၍ အသက်ရှင်

နေနိုင်သည့် သတ္တဝါမျိုးဖြစ်သည်။ ထို့ကြောင့် အခြားတိရစ္ဆာန်

များကို မွေးမြူ၍မဖြစ်နိုင်အောင် အစာရေစာ အလွန်ရှားသော

အရပ်မျိုးတွင် ဆိတ်ကိုမွေးမြူနိုင်၏။ ဆိတ်၏ သာမန်သက်

တမ်းမှာ ၈ နှစ်မှ ၁၂ နှစ်ထိဖြစ်သည်။ ဆိတ်မတို့သည် တစ်

ကြိမ်လျှင် ဆိတ်ကလေးနှစ်ကောင် သုံးကောင်မျှ မွေးဖွားလေ့ရှိ

သည်။ တစ်ခါတစ်ရံ တစ်ကြိမ်လျှင်ဆိတ်ကလေး လေးကောင်မှ

ငါးကောင်အထိလည်း မွေးတတ်သည်။ ဆိတ်မတွင် ဇည်းကပ်

၍၊ ၂၁ သီတင်း၊ ၂၂ သီတင်းအတွင်းသို့ရောက်မှ သားဖွား

တတ်သည်။ ဆိတ်မ၏ အသက် ၁၅ လကျော်မှ မျိုးစပ်ပေး

သင့်လေသည်။

ဆိတ်များကို လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀-ကျော်ခန့်မှစ၍ မွေးမြူခဲ့သည်ဟု အထောက်အထားများအရ သိရသည်။

ဆိတ်သည်လည်း လူတို့အတွက် အလွန်အသုံးဝင်သော အဖိုးတန်တိရစ္ဆာန်တမျိုးပင် ဖြစ်သည်။ ဆိတ်များကို အသားစားရန်အတွက်သာမက ဆိတ်နို့အလို့ငှါလည်း မွေးမြူကြသည်။ အသားနှင့်နို့အပြင် ဆိတ်သားရေသည်လည်း အသုံးဝင်ပေသည်။

အချို့ဒေသများတွင် ဆိတ်သားရေဖြင့် လူ့အသုံးအဆောင်ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများ စသည်တို့ကို ပြုလုပ်သုံးစွဲကြသည်။

အချို့ဒေသများတွင် ဆိတ်များကို ပေါ့ပါးသော ပစ္စည်းတင်လှည်းဆွဲရန်အထိ သုံးနိုင်သည်ဟု သိရသည်။ သို့သော် ယခုအခါ အချို့နိုင်ငံများတွင် ဆိတ်ပေါက်ဖွားနှုန်း အလွန်မြင့်မားနေသောကြောင့် ခြံဖြင့် စနစ်တကျ မမွေးမြူနိုင်တော့ဘဲ သဘာဝအတိုင်း လွှတ်ကျောင်းထားရသည်။ ထိုဆိတ်များသည် ၎င်းတို့စားကျက်ရရှိရန် သဘာဝတောရိုင်းပင်များကို ဖျက်ဆီးစားသောက်ကြသည်ကို ကြုံတွေ့နေရသည်။

ဇွဲကပင်တောင်

ဇွဲကပင်တောင် သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ကရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။

ဒိန်ချဉ်

ဒိန်ချဉ် (အင်္ဂလိပ်: Yogurt) ဆိုသည်မှာ နို့ကို ဘက်တီးရီးယား ပိုးမွှားကောင်လေးများဖြင့် အချဉ်ဖောက်ထားသော အရည် (သို့) စေးပြစ်တမျိုးဖြစ်သည်။

နို့ထမင်း

နို့ထမင်း သည် ထမင်းနှင့် နွားနို့ ဖြင့် ပြုလုပ်သော စားသောက်ဖွယ်တစ်မျိုး ဖြစ်သည်။

ဗုဒ္ဓဂါယာ

ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောက်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။

ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တစ်နေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်

ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊

သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊

ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊

ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောတို့ ပါဝင်သည်။အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။

ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွတ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။

အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဖက် နေရဉ္စရာမြစ်၏ အရှေ့ဖက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။

မိခင်ကျောင်း

မြန်မာဘာသာဖြင့် "မိခင်ကျောင်း"၊ သို့မဟုတ် "ပညာရင်နို့ သောက်စို့ရာ" ဟု ဘာသာပြန်လေ့ရှိသည့် စကားစု၏ မူရင်းမှာ "Alma mater" ဟူသည့် လက်တင်ဘာသာ စကားစုဖြစ်သည်။ လက်တင်ဘာသာဖြင့် alma ဆိုသည်မှာ အာဟာရ ပြည့်ဖြိုးစေသော၊ သို့မဟုတ် ကြင်နာသော ဟု အဓိပ္ပာယ်ရပြီး၊ mater ဆိုသည်မှာ မိခင် ဟု အဓိပ္ပာယ်ရသည်။ အသုံးနည်းသည့် ဗဟုဝုစ်ကိန်းမှာ almae matres ဖြစ်သည်။

ဤစကားစုကို ရှေးရောမ (ancient Rome) ခေတ်တွင်း မယ်တော်နတ်ဘုရား (mother goddess) များ၊ အထူးသဖြင့် စီးရီးစ် (Ceres) သို့ စစ်ဘလီ (Cybele)၊ ကို ရည်ညွှန်းရာတွင် အသုံးပြုပြီး၊ နောင် ခရစ်ယာန်ဘာသာ ထွန်းကားလာပြီးနောက်တွင် မယ်တော်မေရီ (Virgin Mary) ကို ရည်ညွှန်းရာတွင် အသုံးပြုသည်။ မျက်မှောက်ခေတ် ဘာသာစကားများတွင်မူ ဤစကားစုကို ပညာရေး အသိုင်းအဝန်းတွင် အဓိက အသုံးပြုကြပြီး၊ မိမိ တက်ရောက်ခဲ့ရာ၊ ဘွဲ့ရခဲ့ရာ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်ကို ရည်ညွှန်းသည်။

မုန့်လက်ဆောင်း

မုန့်လက်ဆောင်း(Lod Chong/Lot Chong)သည် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန်တွင် အဓိက စားသောက်သည့် မြန်မာ့ရိုးရာ အစားအစာတစ်မျိုး ဖြစ်ပါသည်။ မုန့်လက်ဆောင်းကို မုန့်လက်ဆောင်း အုန်းနို့တွဲ၍ ၎င်း၊ မုန့်လက်ဆောင်း ထန်းလျက်တွဲ၍၎င်း၊ မုန့်လက်ဆောင်းနှင့် ထန်းလျက်တွဲ၍၎င်း၊ မုန့်လက်ဆောင်းဖတ်ကို သကြားရည်၊ နှမ်းရည်မွှေးရော၍၎င်း၊ မုန့်လက်ဆောင်း ဖတ်ကို အုန်းနို့အစား နွားနို့ဖြင့် တွဲ၍၎င်း၊ မုန့်လက်ဆောင်း၊ သာကူကျို၊ အုန်းနို့ တွဲ၍၎င်း၊ မုန့်လက်ဆောင်း၊ သာကူပျဉ်၊ ကောက်ညှင်းပေါင်း၊ အုန်းနို့ ကျောက်ကျော၊ ပေါင်မုန့်ဖြင့် တွဲကာ ရွှေရင်အေးလုပ်၍၎င်း နည်းအမျိုးမျိုး စီမံပြုလုပ်၍ စားတတ်ကြပါသည်။

မုန့်လုပ်ဆောင်းဟုလည်း ခေါ်ဝေါ်ကြသည်။ မုန့်လုပ်ဆောင်းသည် ယိုးဒယားစကား(Lot chong)မှ ဆင်းသက်လာသည်။ လုပ်ဆောင်း (ကြမ်း ပေါက်မှကျွံကျသောမုန့် (ဝါ) ဆန်ခါတိုက်မုန့်)ဖြစ်သည်။

မြန်မာ့ အစားအစာ

နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအစာနှင့် ပတ်သက်၍ မတူသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုအတွင်း တွင်လည်း ဒေသအလိုက် အစားအစာများ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့အစားအစာများ ဟူ၍ ရှိသည်။ ဥပမာပြရသော် မုန့်ဟင်းခါးသည် မြန်မာတို့၏ အစားအစာတစ်ခု ဖြစ်သည်။ မုန့်ဟင်းခါးတွင်လည်း ဒေသအလိုက် ကွဲပြားသေးသည်။ ရန်ကုန်မုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊ ဘိုကလေးမုန့်ဟင်းခါး၊ ဟင်္သာတမုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး စသည်တို့ ဖြစ်သည်။

မွန်ဂိုးလီးယားနိုင်ငံ

မွန်ဂိုးလီးယားနိုင်ငံသည် အာရှတိုက် အရှေ့ပိုင်း နှင့် အလယ်ပိုင်းတွင် တည်ရှိသော ကုန်းတွင်းပိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် ရုရှားနိုင်ငံနှင့် တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ ဖြင့် ထိစပ်နေသည်။

မွန်ဂိုလူမျိုးတို့ နေထိုင်ရာဒေသဖြစ်၏။ မွန်ဂိုးလီးယားနိုင်ငံသည် ကာဇက်စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိသော်လည်း ၎င်း၏ အနောက်ဘက် အစွန်ဆုံး နေရာသည် ကာဇက်စတန်၏ အရှေ့ဖျားပိုင်းမှ ၃၈ ကီလိုမီတာ (၂၄ မိုင်) သာ ကွာဝေးသည်။ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဦလန်ဘာတာမြို့ ဖြစ်ပြီး လူဦးရေ၏ ၄၅ ရာခိုင်နှုန်း နေထိုင်လျှက် ရှိသည်။ မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ပါလီမန် သမ္မတနိုင်ငံ စနစ် ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁၈၇၅ဝဝဝ ရှိ၍ ပင်လယ်ပြင်မှ ပေပေါင်း ၃ဝဝဝ-၄ဝဝဝ မျှ မြင့်သော

ကုန်းပြင်မြင့် ဖြစ်သည်။

ပထဝီဝင်အရ မွန်ဂိုးလီးယားကို သုံးပိုင်း ခွဲခြားနိုင်၏။ တောင်ထူထပ်သော အနောက်မြောက်ပိုင်းကို အပြင် မွန်ဂိုး လီးယားဟု ခေါ်သည်။ အရှေ့တောင်ဘက် မြေပြန့်ပိုင်းကို အတွင်းမွန်ဂိုးလီးယားဟု ခေါ်သည်။ ထိုအပိုင်းနှစ်ပိုင်း အကြားတွင် ဂိုဘီသဲကန္တာရကြီး ရှိသည်။

တစ်ဆယ့်ခုနစ် ရာစုနှစ်အတွင်း၌ မွန်ဂိုးလီးယား၊ မန်ချူးရီးယားနှင့် တရုတ်နိုင်ငံတို့သည် မန်ချူးဘုရင်တို့၏ လက်အောက်ခံတိုင်းပြည်များ ဖြစ်ကြသည်။ ၁၉၁၁ ခုနှစ် သို့ရောက်သောအခါ တရုတ်တော်လှန်ရေး ပေါ်ပေါက်လာသဖြင့် မွန်ဂိုးလီးယားသည် မန်းချူးတို့၏ အာဏာစက်အောက်မှ လွတ်မြောက်ခဲ့လေသည်။ ယင်းသို့အားဖြင့် အပြင် မွန်ဂိုးလီးယားကို လာမာ ဘုန်းတော်ကြီးများက အုပ်ချုပ်လာခဲ့

ပြီးနောက် ၁၉၂၄ ခုနှစ်တွင် ရုရှနိုင်ငံ၏ အကူအညီဖြင့် ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကျေညာလေသည်။ ဒုတိယ ကမ္ဘာ စစ်အတွင်း ၁၉၄၅ ခုနှစ်က အပြင် မွန်ဂိုးလီးယားသည် ရုရှ နိုင်ငံနှင့် ပူးပေါင်း၍ ဂျပန်ကို စစ်ကျေညာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် တရုတ်နိုင်ငံက အပြင် မွန်ဂိုးလီးယား၏ လွတ်လပ် ရေးကို အသိအမှတ်ပြုလေသေည်။ မြို့တော်မှာ အူလန်ဗတောမြို့ဖြစ်၍ မွန်ဂိုးလီးယားတစ်ခုလုံးတွင် အကြီးဆုံးမြို့လည်း

ဖြစ်သည်။ လူဦးရေ တစ်သိန်းခန့် ရှိသည်။

အတွင်းမွန်ဂိုးလီးယားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပါဝင်၍ ကိုယ်ပိုင်အုပ်ချုပ်ရေးရသော ပြည်နယ် ဖြစ်သည်။

ဟွန်ဟိုမြစ်သည် ဤပြည်နယ်တောင်ပိုင်းကို ဖြတ်သန်း စီးဆင်းသည်။

မွန်ဂိုးလီးယားတွင် ပြင်းထန်လွန်ကဲသော ရာသီဥတုရှိ၏။ အပူအအေး မညီမျှချေ။ လေပြင်း အစဉ် တိုက်ခတ်သည်။

နွေရာသီတွင် အပူချိန် ဒီဂရီ ၉ဝ မျှရှိ၍ ဆောင်းရာသီတွင် ဒီဂရီ ၄ဝ အထိ ကျဆင်းတတ် သည်။ မိုးအလွန်ပါး၍

တစ်နှစ်လျှင် မိုးရေချိန် ရှစ်လက်မမှ ၁၂ လက်မအထိသာ ရွာသွန်းလေသည်။

ရေရှားသောအရပ်ဖြစ်ခြင်းကြောင့် မွန်ဂိုလူမျိုးတို့သည် သိုး၊ ဆိတ်၊ မြင်းပု၊ ကုလားအုပ်များကို မွေးမြူ၍ ရေကြည်ရာ မြက်နုရာသို့ လှည့်လည်နေထိုင်လေ့ရှိကြသည်။ ထိုကြောင့် အိုးအိမ် အတည်တကျ မရှိဘဲ သားရေဖြင့် ချုပ်လုပ်ထားသော ယတ်ခေါ် တဲရှင်များ၌ နေထိုင်ကြသည်။ မွန်ဂိုလူမျိုးတို့သည် မိမိတို့အတွက် လိုသမျှပစ္စည်းကပို မွေးမြူထာသည့် တိရစ္ဆာန် များမှ ရရှိလေသည်။ အစားအစာအတွက် အသား၊ နို့၊ ထောပတ်၊ ဒိန်ခဲကိုလည်းကောင်း၊ နေထိုင်ရန် တဲအတွက် သားရေကို လည်းကောင်း ထိုတိရစ္ဆာန်များမှ ရရှိကြသည်။

ကုလားအုပ်နှင့် မြင်းကို ဝန်တင် တိရစ္ဆာန်အဖြစ် အသုံးပြုကြ သည်။ ထွက်ကုန်များဖြစ်သော ရွှေ၊ သားမွေး၊ သားရေ၊ သိုးမွေးတို့ကို လက်ဖက်ခြောက်၊ ဂျုံ၊ သကြား၊ ဆေး၊ ချည်ထည်၊ သားရေထည်ပစ္စည်း၊ လက်ဝတ်လက်စားတို့နှင့် လဲလှယ်ကြသည်။

တစ်ဆယ့်ကိုးရာစုနှစ် နောက်ပိုင်းတွင် အတွင်းမွန်ဂိုးလီးယား သို့ တရုတ်လူမျိုး မြောက်မြားစွာ ဝင်ရောက်လာ ပြီးလျှင်

ခေတ်မီစိုက်ပျိုးနည်းများဖြင့် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြ၏။

မွန်ဂိုးလီးယားတွင် လူဦးရေ နှစ်သန်းခန့်ရှိသည်။ အတွင်း မွန်ဂိုးလီးယားသည် လူနေအစိပ်ဆုံးဒေသ ဖြစ်၏။ [[တိဘက်ပြည်မှ ဗုဒ္ဓအယူဝါဒနှင့် ဆင်တူသော လာမာ အယူဝါဒကို သက်ဝင်ယုံကြည်ကြသည်။

(၁၃)သုံးရာစုနှစ်ခန့်က မွန်ဂိုဘုရင် ဂျင်ဂစ်ခန် လက်ထက်တွင် မွန်ဂိုလူမျိုးတို့သည် စည်းလုံးမိပြီးလျှင် အနီးအနားရှိ တိုင်းပြည်များကိုသာမက ဥရောပတိုက်ဖက်သို့ပင် စစ်ဦး လှည့်ကာ တိုက်ခိုက်အောင်မြင်ခဲ့လေသည်။ ထိုနောက် မြေးတော် ကူဗလိုင်ခန် လက်ထက်၌ မွန်ဂိုအင်ပိုင်ယာကြီးများ အရှေ့ဘက် ပစိဖိတ်ကမ်းခြေမှ အနောက်ဘက် ပင်လယ် နက်အထိ ကျယ်ပြန့်လေသည်။ သို့ရာတွင် နောက်ဆုံး၌

မွန်ဂိုးလီးယားသည် မန်ချူးဘုရင်တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။

လူဦးရေ

ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ လူဦးရေသည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ကျော်က ၁ဝ၄၉ဝ၆၂၄ (၁၉ဝ၁)သာရှိခဲ့ရာမှ

ယခုအခါတွင် နှစ်ဆခွဲကျော် ၂၇၅၈၄ဝဝဝ (၁၉၇ဝ ပြည့်နှစ်) ရှိနေလေပြီ။

ကမ္ဘာ၏လူဦးရေမှာလည်း ၁၈ဝဝ ပြည့်နှစ်၌ သန်းပေါင်း ၇ဝဝ

မျှရှိနေရာမှ ယခုအခါ သန်းပေါင်း ၂.၄၃ ထောင် (၁၉၆၇ ခုနှစ်)အထိ တိုးတက်လာလေရာ ယခုလည်း တဖြည်းဖြည်း တိုးတက်၍လာရန်ရှိသဖြင့်

ခရစ် ၂ဝဝဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၇.၄၁ ထောင်

အထိ တိုးတက်လာမည်ဟု ခန့်မှန်းလေသည်။

အနောက်နိုင်ငံများတွင် လူဦးရေတိုးတက်သည့် ရာနှုန်းသည်

အများဆုံးဖြစ်သော်လည်း အာရှတိုက်ရှိ လူဦးရေမှာ ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံ

အားလုံး၏ လူဦးရေနှင့် အညီအမျှခန့်ပင် ရှိလေသည်။ ၁၉၆၇ ခုနှစ်တွင်

အာရှလူဦးရေမှာ ၁၉ဝရ သန်းဖြစ်၏။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တိုင်း

ပြည်များမှာ တရုတ်နိုင်ငံ သန်းပေါင်း ၇၃ဝ (၁၉၆၈ ခုနှစ်ခန့်မှန်းခြေ)၊

အိန္ဒိယနိုင်ငံ ၅၂၄ သန်း၊ ဆိုဗီယက်ယူနီယန် ၂၃၈ သန်း၊ အမေရိကန်

ပြည်ထောင်စု ၂ဝ၆ သန်းဖြစ်ရာ ယင်းသည့်လေးနိုင်ငံပေါင်း၏ လူဦးရေ

သည် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ရှိ၏။

ထိုနိုင်ငံများအောက် လူဦးရေထူထပ်သော တိုင်းပြည်များမှာ

အင်ဒိုနီးရှား ၁၁၃ သန်း၊ ပါကစ္စတန် ၁ဝ၉ သန်း၊ ဂျပန် ၁ဝ၁ သန်း၊

ဗရာဇီး ၈၈ သန်း၊ နိုင်ဂျီးရီးယား ၆၂ သန်း၊ အနောက်ဂျာမနီ ၅၈ သန်း၊

ဗြိတိန် ၅၅ သန်းနှင့် အီတလီ ၅၂ သန်းဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် ဥရောပတိုက်တွင်

ရှိ၏။ အမေရိကတိုက်များ၏ လူဦးရေသည် ဥရောပတိုက်၏ လူဦးရေနှင့်

ညီမျှလေသည်။ သို့ရာတွင် စတုရန်းတစ်မိုင်အတွင်းရှိ ပျမ်းမျှခြင်း လူဦး

ရေ၌

ဥရောပတိုက်တွင် အာရှတိုက်၏ နှစ်ဆခန့်ရှိလေသည်။ အဂ‡လန်ပြည်တွင

်မူ

ကား စတုရန်းတစ်မိုင်လျှင် လူဦးရေ ၇ဝဝ ကျော်ခန့်ရှိရာ အရှေ့ဘက်နိုင်ငံ

တွင် လူဦးရေ အထူထပ်ဆုံးဖြစ်သော ဂျားဗားကျွန်းမျှလောက်ပင် လူဦးရေ

ထူထပ်လေသည်။

ကမ္ဘာပေါ်တွင် တစ်နေ့တခြား လူဦးရေ တိုးပွားလာသည်ဟုဆိုရာ

၌ ဤကဲ့သို့ တိုးတက်ရသည့်အကြောင်းရင်းမှာလည်း သိပ္ပံပညာရပ်များ

တိုးတက်လာခြင်းကြောင့်ဖြစ်လေသည်။ ဤသို့ တိုးတက်၍လာသော သိပ္ပံ

ပညာ၏ အစွမ်းအားဖြင့် လယ်ယာစိုက်ပျိုးခြင်းအတတ်၊ တိရစ္ဆာန်မွေးမြူ

ခြင်း အတတ်တို့သည် ဖွံ့ဖြိုးတိုးတက်လာရာ ကမ္ဘာ၏ စားရေရိက္ခာကို

တိုး

တက်ကောင်းမွန်၍လာစေ၏။ ထို့ပြင် ရေနွေးငွေ့အားကို အသုံးပြုနိုင်လာ

ပြန်

သောအခါ လူအားသက်သက်ဖြင့် ဆောင်ရွက်ပြုလုပ်ရသော အလုပ်များ

ထက် အဆပေါင်းများစွာ တိုးတက်အောင်မြင်လာပြန်လေသည်။ မီးရထား၊

မီးသဘေ‡ာတို့သည် ပြည်တွင်းပြည်ပနှင့်တကွ ကမ္ဘာပေါ်ရှိ အရပ်ရပ်သို့

စရိတ်ကုန်သက်သာစွာ သယ်ယူပို့ဆောင်ခြင်း၊ လေယာဉ်ပျံများဖြင့်

ထိုထက်

လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ခြင်းဖြင့် ကမ္ဘာ့ရိက္ခာအစားအစာများကို

နေရာအနှံ့အပြား၌ ဖြန့်ဖြူးဝေငှနိုင်လေသည်။

အချိန်အနည်းငယ်အတွင်း လူအမြောက်အမြားကို သေစေနိုင်သည့်

ကူးစက်ပြန့်ပွားစေတတ်သော ရောဂါဆိုးကြီးများကိုလည်းး သိပ္ပံပညာ ကြီး

ပွားထွန်းကားလာသည့်အလျောက် ကင်းပျောက်လျော့ပါးအောင် ဖန်တီး

စွမ်း

ဆောင်နိုင်ပြန်လေသည်။ လူတစ်မျိုးနှင့်တစ်မျိုးကို အကျိုးမဲ့ သတ်ဖြတ်

လေ့

ရှိသော လူရိုင်းတို့၏ ဓလေ့ဆိုးမှာလည်း သိပ္ပံပညာတိုးပွားကာ ယဉ်

ကျေးမှု

တိုးတက်သည်နှင့်အမျှ ကွယ်ပလျော့နည်းသွားပြန်လေသည်။ ဤသို့အား

ဖြင့်

ယဉ်ကျေးသော နိုင်ငံကြီးများ၏ လူအသေ အပျောက်နှုန်းမှာ တဖြည်း

ဖြည်း

လျော့ပေါ့၍လာလေသည်။ ဆေးဘက်ဆိုင်ရာ သိပ္ပံပညာမှာလည်း များစွာ

တိုး

တက်၍လာပြန်ရာ ကျန်းမာရေးအခြေအနေသည် ရှေးယခင်ကထက် အဆ

ပေါင်းများစွာ တိုးတက်ကောင်းမွန်လာပြန်လေသည်။

ဥရောပတိုက် အမေရိကတိုက်စသော တိုးတက်သောနိုင်ငံများတွင်

အတိအကျ တွက်စစ်ယူရသော စာရင်းအရ မိန်းမကလေးထက်

ယောကျာ်း

ကလေးများကို ပိုမိုမွေးဖွားကြောင်းသိရ၏။ သို့ရာတွင် နို့စို့သူငယ

်ယောကျာ်း

ကလေးများက မိန်းကလေးများထက် ပို၍အသေအပျောက်များ၏။

ထို့အတူ

ယောကျာ်းကြီးများ၏ အသေနှုန်းမှာလည်း မိန်းမကြီးများ၏ အသေနှုန်း

ထက်ပိုလေသည်။ သို့ဖြစ်၍ ယဉ်ကျေးသောနိုင်ငံများတွင် မိန်းမဦးရေက

ယောကျာ်းဦးရေထက် ပိုမို၍နေခြင်းမှာ ဤအကြောင်းကြောင့်ပင်ဖြစ်လေ

သည်။ အာရှတိုက်နှင့် အာဖရိကတိုက်တွင်မူကား မိန်းမများသည် ကြမ်း

တမ်းစွာ နေထိုင်လုပ်ကိုင်ကြရသောကြောင့် ယောကျာ်းများထက်

မိန်းမများ

၏ အသေးနှုန်းများလေသည်။ တစ်ကမ္ဘာလုံးကိုခြုံ၍ကြည့်လျှင် မိန်းမ

အရေ

အတွက်ထက် ယောကျာ်းအရေအတွက်က အနည်းငယ်ပို၍များကြောင်း

တွေ့

ရသည်။

ဤသို့အားဖြင့် ကမ္ဘာ့လူဦးရေသည် မည်သည့်အခါမျှ ယုတ်လျော့

ခြင်းမရှိဘဲ အစဉ် တိုးတက်လျက်ရှိနေပေရာ ယခု ရာစုနှစ်အကုန်တွင်

လက်တင်အမေရိကန်နိုင်ငံများ၌ ယနေ့ လူဦးရေထက် ၃.၆ ဆ၊

အာဖရိက

တိုက်နှင့် အာရှတောင်ပိုင်း နိုင်ငံများတါင် ၃ ဆ၊ အာရှအရှေ့ပိုင်း နိုင်ငံ

များတွင် ၂.၃ ဆ၊ မြောက်အမေရိက၊ ဆိုဗီယက်နှင့် ပင်လယ်တွင်းရှိ

နိုင်ငံများ၌ ၂ ဆ၊ ဥရောပတိက်တွင် သုံးပုံတစ်ပုံ အသီးအသီးတိုးပွားလာ

မည်။ တစ်ကမ္ဘာလုံးအနေဖြင့် လူဦးရေ နှစ်စဉ် ၁.၉ ရာခိုင်နှုန်းတိုးပွား

ရာ၌

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေတိုးတက်မှုထက်ပိုသည်။ ပမာအားဖြင့်

ကူဝိတ်

နိုင်ငံကလေးတွင် လူဦးရေ တိုးနှုန်းသည် ၁ဝ.၇ ရာခိုင်နှုန်းဖြစ်၍ ဥရောပ

တိုက် လူဦးရေတိုးနှုန်းသည် ဝ.၉ ရာခိုင်နှုန်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးမြို့မှာ တိုကျိုမြို့ဖြစ်၏။ လူ

ဦးရေ ကိုးသန်းရှိသည်။ ဒုတိယလူဦးရေ အထူထပ်ဆုံးမြို့မှာ လူဦးရေ

ရှစ်သန်းရှိ နယူးယော့မြို့ဖြစ်၍ တတိယလူဦးရေအထူထပ်ဆုံးမြို့မှာ

လူဦးရေ

ခုနစ်သန်းရှိ ရှန်ဟိုင်းမြို့ဖြစ်သည်ဟု ဆိုလေသည်။

အနိရုဒ္ဓ

အနော်ရထာမင်းစော သည် ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သူ ဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်း ၏ သားတော်ဖြစ်သည်။

အယူတော်မင်္ဂလာဦးနိုး

အယူတော်မင်္ဂလာ ဟူသောဘွဲ့အမည်ဖြင့် ကျော်ကြားလာမည့် မောင်နိုးအား ၁၆ရက်နေ့၊ ဇွန်လ၊ ၁၇၆၂ခုနှစ်က ဒီပဲယင်းမြို့နယ်၊ ကိုးသန်းတိုက်နယ်၊ အရှမ်း ကြခတ်ကျေးရွာတွင် ဖွားမြင်သည်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး မိခင်ဘက်မှ ဦးကြီးမှာ မင်းကြီးမဟာကျော်ထင်ဘွဲ့ဖြင့် အမတ်အဖြစ်ထင်ရှားခဲ့သူဖြစ်သည်။ ငယ်စဉ်က မောင်နိုးသည် ဘုံသာတုလွတ်ကျောင်း ဆရာတော်ထံတွင် စာပေသင်ကြားခဲ့ပြီး အရွယ်ရောက်သည့်နောက်တွင် တရားသူကြီး သတိုးမဟာသီဟသူရ ထံတွင် စာရေးအဖြစ် အမှုထမ်းသည်။ ၁၇၈၂တွင် ဗဒုံမင်း နန်းတက်လာသောအခါတွင် မောင်နိုးအား နေမျိုးလေခပျံချီဘွဲ့ချီးမြှင့်ကာ အနားခေါ်၍ အမှာတော်ရေးခန့်သည်။ မောင်နိုးသည် အတိတ်၊ နိမိတ်၊တဘောင်၊စနည်း၊ဘဝေါ စသည်တို့ကို အဓိပ္ပါယ်ကောက်ယူရာတွင် ထက်မြက်သည့်သတင်းထွက်ပေါ်လာပြီးနောက်တွင် ဗဒုံမင်း၏ သဘောကျခြင်းခံရသဖြင့် အယူတော်မင်္ဂလာ ဟူသောဘွဲ့ကို ပေးလေသည်။

အာဂျင်တီးနားနိုင်ငံ

အာဂျင်တီးနားနိုင်ငံ၏ တရားဝင် အမည်မှာ အာဂျင်တီးနား သမ္မတနိုင်ငံ ဖြစ်ပြီး တောင်အမေရိကတိုက်တွင် ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်သည်။ မြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက်နှင့် စပိန်ဘာသာစကား ပြောကြားသည့် နိုင်ငံများအကြား အကြီးဆုံး နိုင်ငံဖြစ်သည်။ သို့သော်လည်း လူဦးရေအားဖြင့် မက္ကဆီကို၊ ကိုလံဘီယာနှင့် စပိန်နိုင်ငံတို့ထက် ပိုနည်းသည်။ ပြည်နယ် ၂၃ ခုနှင့် မြို့တော် ဗျူနိုအေးရိစ်မြို့ ပါဝင်ဖွဲ့စည်းထားသည်။

အာဂျင်တီးနားသည် အနောက်ဘက်မှ အင်ဒီးစ် တောင်တန်းနှင့် အရှေ့ဘက်မှ အတ္တလန္တိတ် သမုဒ္ဒရာ အကြား တည်ရှိပြီး မြောက်ဘက်တွင် ပါရာဂွေး၊ ဘိုလီးဗီးယား၊ အရှေ့မြောက်ဘက်တွင် ဘရာဇီး၊ ဥရုဂွေး၊ အနောက်နှင့် တောင်ဘက်တွင် ချီလီနိုင်ငံတို့နှင့် နယ်မြေချင်း ဆက်စပ်နေသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.