ဒဿနဗေဒ

ဒဿနဗေဒဆိုသည်မှာ လူအများက လက်ခံသော အဆိုစကားများ (သို့) အဆိုအမိန့်များပင် ဖြစ်သည်။ များပြားလှစွာသော သမိုင်းဝင်ပုဂ္ဂိုလ်ကြီးများ ပညာရှင်များ ပြောကြားခဲ့သော အတွေးအမြင်များပင်ဖြစ်သည်။ တစ်မူထူးခြားသော အဆိုအမိန့်များ အဆိုစကားများ ပင်ဖြစ်သည်။

ခင်မောင်ဝင်း၊ ဒေါက်တာ

ခင်မောင်ဝင်း၊ ဒေါက်တာ (သင်္ချာ)

ခင်မောင်ဝင်း၊ ဒေါက်တာ (ဒဿနဗေဒ)

ခင်မောင်ဝင်း၊ ဒေါက်တာ (အသည်း)

ခင်မောင်ဝင်း၊ ဒေါက်တာ (ဒဿနဗေဒ)

ဒေါက်တာခင်မောင်ဝင်းကို ဦးညိမ်း၊ ဒေါ်ကြင်တို့က ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။

ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ)သည် မန္တလေးမြို့ရှိ တိုင်းချစ်အလွတ်ပညာသင်ကျောင်း၊ သံတဲကျောင်း၊ အစိုးရမူလတန်းလွန်ကျောင်း၊ ပရီယူနီဗာ

စီတီကျောင်း၊ မန္တလေးဥပစာကောလိပ်တို့၌ ပညာသင်ယူသည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဒဿနိကဗေဒပထမနှစ် (ဂုဏ်ထူးတန်း) သို့ တက်

ရောက်ပညာသင်ယူသည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို ရရှိသည်။ ၁၉၅၄ ခုနှစ်တွင် ယေးလ်တက္ကသိုလ်သို့ သွားရောက်ပညာသင်

ယူသည်။ ယေးလ်တက္ကသိုလ်မှ ၁၉၅၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့နှင့် ၁၉၅၈ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရရှိသည်။

ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)သည် ၁၉၅၃ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ နည်းပြနှင့်ကထိကတာဝန်များကို ထမ်းဆောင်သည်။

၁၉၆၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်၌ ဒဿနိကဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ

ပညာရေးတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၈၀

ပြည့်နှစ်အထိ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ ဆွစ်ဇာလန်နိုင်ငံ၊ စပိန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်များကို ပူးတွဲထမ်းဆောင်သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အိန္ဒိယနိုင်ငံဆိုင်ရာ

မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် မောရစ်ရှပ်နိုင်ငံနှင့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်များကို ပူးတွဲထမ်းဆောင်သည်။

၁၉၈၉ ခုနှစ်တွင် သံအမတ်ကြီးအဖြစ်မှသက်ပြည့် အငြိမ်းစားယူသည်။ အငြိမ်းစားယူပြီးနောက် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ဂုဏ်ထူးဆောင်ပါ

မောက္ခတာဝန်ကို ထမ်းဆောင်သည်။

ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)သည် အခြေခံယုတ္တိဗေဒစာအုပ် (ဦးဆန်းလွင်နှင့်တွဲ၍)ဒဿနိကနှင့်စိတ်ပညာ ဆိုင်ရာစာတမ်းများ၊ အတွေးသစ်

ကိုဖန်တီးသူများ၊ အနောက်တိုင်း ဒဿနအမြင်ကို မြန်မာမျက်စိဖြင့်ကြည့်ခြင်း၊ လူကိုယ်ကျင့်တရားနှင့် ဒဿနရှုထောင့်၊ ဒဿနကို မြတ်နိုးခြင်းစသော စာအုပ်

များကို ရေးသားပြုစုသည်။ ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ) သည် ၁၉၈၂ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည် ဘွဲ့ (ပထမဆင့်) ကု ိ

ရရှိသည်။ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) သည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊

သမီးတစ်ဦး၊ မြေးလေးဦးနှင့် မြစ်တစ်ဦးကျန်ရစ်သည်။

ဒဿနပညာ

ဖီလိုဆိုဖီဟူသောစကားရပ်မှာ မြန်မာဘာသာအားဖြင့် အတွေးအခေါ်ဆိုင်ရာ ဒဿနဗေဒ အဖြစ်လူသိများပါသည်။ ဖီလိုဆိုဖီ ဆိုသည့် စာလုံးမှာ ဂရိစကားလုံးဖြစ်ပြီး ဖီလို(တွေးခေါ်ခြင်း) နှင့် ဆိုဖီ(ချစ်ခင်နှစ်သက်ခြင်း)ဟူသည့် စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်ဟုလေ့လာသိရှိရပါသည်။

လူသားတို့၏ အစ ပထမ ကတည်းက တွေးခေါ်ခြင်း ၊ စဉ်းစားချင့်ချိန်ခြင်းများ ဖြင့်စတင်ခဲ့ကြသည်။ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း ဆိုသည့်သတ်မှတ်ချက်များစွာကို ဦးစွာ တွေးတော ပြီး စဉ်းစားဆင်ခြင် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားဖြစ်တည်မှု၏ အဓိကကျသော ပင်မ အထောက်အပံ့မှာ ဖီလိုဆိုဖီသာ ဖြစ်သည်။

မြန်မာစာရေးဆရာများ စာရင်း

အောက်ပါ စာရင်းသည် ထင်ရှားသော မြန်မာစာရေးဆရာများ စာရင်း ဖြစ်သည်။

ဟင်နရီ ကစ်ဆင်းဂျား

ဟင်နရီ အဲလဖရက် ကစ်ဆင်းဂျားသည် သမ္မတ

ရစ်ချတ်နစ်ဆင်နှင့် သမ္မတ ဂျရယ်ဖို့ဒ်တို့ လက်ထက်တွင်

ထင်ရှားခဲ့သော အမေရိကန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး

ဖြစ်သည်။

ကစ်ဆင်းဂျားကို ဂျာမနီနိုင်ငံ၊ ဗာဗေးရီးယားပြည်နယ်၊

ဖတ်မြို့၌ ဂျူးအမျိုးသား အထက်တန်းကျာင်း ဆရာလူဝီကစ်

ဆင်းဂျားနှင့် ပေါ်လာကစ် ဆင်းဂျားတို့မှ ၁၉၂၃ ခုနှစ်

မေလ ၂၅ ရက်တွင် မွေးဖွားခဲ့သည်။ မူလတန်းနှင့်

အလယ်တန်း ပညာကို ဖတ်မြို့၌ပင် သင်ကြားခဲ့သည်။

ဗီဇအားဖြင့် ဉာဏ်ထက်သူ ဖြစ်သောကြောင့် အတန်းတိုင်းတွင်

အမှတ်ကောင်း ရခဲ့သည်။

ကစ်ဆင်းဂျား ၁၅ နှစ်သားအရွယ် ၁၉၃၈ ခုနှစ်တွင်

ဟစ်တလာ၏ နာဇီအစိုးရက ဂျူးအမျိုးသားများအား

နှိပ်ကွပ်သောကြောင့် မိသားစုအားလုံး အမေရိကန်ပြည်သို့

ထွက်ပြေးလာခဲ့ကြသည်။ ဂျော့ဝါရှင်တန် အထက်တန်းကျောင်း

တွင် ဆက်လက် ပညာသင်ကြား၍ အထက်တန်းပညာ

ပြီးဆုံးသောအခါ အမေရိကန် နိုင်ငံသားအဖြစ် ခံယူပြီး

အမေရိကန် တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ စစ်ကာလ

တပ်မတော်တွင် တန်ပြန် သူလျှို ထောက်လှမ်းရေးတပ်သား

အဖြစ်ဖြင့် ၁၉၄၃ မှ ၁၉၄၆ ခုနှစ်အထိ အမှုထမ်းခဲ့သည်။

တပ်မတော်မှ ထွက်ပြီးနောက် အစိုးရပညာသင်ဆုဖြင့်

ဟားဗတ်တက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးပြန်သည်။

သမိုင်းဆိုင်ရာ ဒဿနဗေဒ စာတမ်းဖြင့် ဝိဇ္ဇာဘွဲ့ကို

ရရှိပြီးနောက် မဟာဝိဇ္ဇာဘွဲ့ကိုပါ ထပ်မံရယူသည်။

၁၉၅၄ ခုနှစ်တွင် ဒဿနဗေဒဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိပြီး

ဟားဗတ်တက္ကသိုလ်တွင် ကထိက ဖြစ်လာခဲ့သည်။

နျူကလီးယား လက်နက်များနှင့် နိုင်ငံခြားရေး ပေါ်လစီ

အမည်ရှိ နိုင်ငံရေး ကျမ်းတစ်စောင်ကို ၁၉၅၇ ခုနှစ်တွင်

ရေးသား ထုတ်ဝေလိုက်သောအခါ တက္ကသိုလ် ကထိကလေး

ကစ်ဆင်းဂျားသည် တက္ကသိုလ်ပရဝုဏ် အတွင်း၌သာမက

နိုင်ငံရေးနယ်ပယ်သို့ တိုင်အောင်ပင် နာမည် ထွက်လာခဲ့သည်။

ထိုမှ နောက်ပိုင်းတွင် ဟားဗတ်တက္ကသိုလ်၌

ပါမောက္ခ ဘဝဖြင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်များကို

ပို့ချနေရင်း သမ္မတ အိုင်ဆင်ဟောင်းဝါး၊ သမ္မတ ကနေဒီနှင့်

သမ္မတဂျွန်ဆင်တို့ လက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေးရာ

အကြံပေးပုဂ္ဂိုလ်၊ အဖြစ်လည်း အချိန်ပိုင်း တာဝန်ထမ်းဆောင်

ခဲ့သည်။ထို့ပြင် နျူးကလီးယား လက်နက်များနှင့် နိုင်ငံတကာ

ဆက်ဆံရေး သုတေသနအဖွဲ့ ညွှန်ကြားရေးမှူး၊ ရော့ခ်ဖဲလား

ဖောင်ဒေးရှင်း အထူး သုတေသန စီမံကိန်း ညွှန်ကြားရေးမှူး၊

တပ်ပေါင်းစုံ လက်နက်များ စနစ်သုတေသန အဖွဲ့အကြံပေး

ပုဂ္ဂိုလ်၊ အမျိုး သားလုံခြုံရေး ကောင်စီ အကြံပေးပုဂ္ဂိုလ်၊

ဟားဗတ်တက္ကသိုလ် နိုင်ငံတကာရေးရာဌာန အမှုဆောင်

ညွှန်ကြားရေးမှူး၊ ဟားဗတ်တက္ကသိုလ် ကာကွယ်ရေး

သုတေသနဌာန ညွှန်ကြားရေးမှူး၊ ဟားဗတ်တက္ကသိုလ်

အစိုးရရေးရာဌာန ပါမောက္ခ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် သမ္မတနစ်ဆင်၏ အစိုးရအဖွဲ့၌

အမျိုးသား လုံခြုံရေးရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် အချိန်ပြည့်

ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၇၃ ခုနှစ် အောက်တိုဘာလ

တွင် နိုင်ငံခြားရေးဝန်ကြီး ရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း

ခံရသည်။

ကစ်ဆင်းဂျားသည် ၁၉၇၃ ခုနှစ်တွင် ပဲရစ် ငြိမ်းချမ်းရေး

ဆွေးနွေးပွဲ ကာလအတွင်း သမ္မတနစ်ဆင်၏ အထူးလျှို့ဝှက်

ကိုယ်စားလှယ်အဖြစ်ဖြင့် မြောက်ဗီယက်နမ် အစိုးရ ကိုယ်စား

လှယ် လီဒပ်သိုနှင့် ဗီယက်နမ် စစ်ရပ်စဲရေး ကိစ္စကို အကြိမ်

ပေါင်း ၂ဝ ထက်မနည်း ဆွေးနွေးခွင့် ရခဲ့သောကြောင့်

ကစ်ဆင်းဂျားအဖို့ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင်

ထူးထူးခြားခြား လူသိများလာခဲ့သည်။ ဗီယက်နမ် စစ်ရပ်စဲရေး

ဆွေးနွေးပွဲတွင် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၁၉၇၃

ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို ကစ်ဆင်းဂျားနှင့်

လီဒပ်သိုတို့အား ပူးတွဲ ချီးမြှင့်ခဲ့သည်။

ကစ်ဆင်းဂျားသည် နိုင်ငံခြားရေးဝန်ကြီး ဘဝတွင်

မှတ်မှတ်ရရ ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံတကာရေးရာ

အခြား ဆောင်ရွက်ချက်များမှာ အမေရိကန်နှင့် တရုတ်ပြည်သူ့

သမ္မတနိုင်ငံတို့ ပုံမှန် ဆက်ဆံရေး တိုးတက် ကောင်းမွန်မှု

အတွက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း၊

အမေရိကန်နှင့် ရုရှနိုင်ငံတို့အကြား လက်နက်ကန့်သတ်ရေး

ဆွေးနွေးပွဲများတွင် အမေရိကန်အစိုးရ ကိုယ်စားလှယ်တော်

အဖြစ် ဦးဆောင် ပါဝင်ခဲ့ရခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ

စစ်ရပ်စဲရေး ကိစ္စတွင် ကြားဝင် ဖျန်ဖြေနိုင်ခဲ့ခြင်းတို့ပင်

ဖြစ်သည်။

သမ္မတ ဂျရယ်ဖို့ဒ် လက်ထက်တွင်လည်း ကစ်ဆင်းဂျား

သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ်ပင် ဆက်လက်၍ အမှုထမ်း

ရပြန်သည်။ ၁၉၇၇ ခုနှစ် ဇန်နဝါရီလတွင် ဂျရယ်ဖို့ဒ် မဲရှုံး၍

ဂျင်မီကာတာ သမ္မတဖြစ်လာသောအခါ ကစ်ဆင်းဂျားလည်း

နိုင်ငံခြားရေးဝန်ကြီး အဖြစ်မှ နုတ်ထွက်ခဲ့ရလေသည်။

ကစ်ဆင်းဂျားသည် အားလပ်ချိန်များတွင် ဝါသနာ

အလျောက် စာအုပ်များလည်း ရေးသားခဲ့ရာ သူရေးသားခဲ့သော

စာအုပ်များအနက် နျူကလီးယား လက်နက်များနှင့်

နိုင်ငံခြားရေး ပေါ်လစီ (၁၉၅၆)၊ ပြန်လည် တည်ဆောက်ထား

သောကမ္ဘာ (၁၉၅၇)၊ ရွေးချယ်ရန် လိုအပ်ခြင်း (၁၉၆၁) နှင့်

အန္တရာယ်ရှိသော ပူးပေါင်းမှု (၁၉၆၅) စသည်တို့မှာ ထင်ရှား

ကြသည်။

ယခုအခါ ကစ်ဆင်းဂျားအား နိုင်ငံတော် အဖွဲ့အစည်းများ၊

ဖောင်ဒေးရှင်းများနှင့် တက္ကသိုလ်ပေါင်း များစွာတို့က အလုပ်

လက်ခံပါရန် အကြိမ်ကြိမ် ကမ်းလှမ်းနေကြသော်လည်း

မည်သည့်ရာထူးကိုမျှ လက်မခံသေးဘဲ အမေရိကန် ပြည်ထောင်

စု၏ နိုင်ငံခြားရေးဝန်ကြီးဘဝဖြင့် တွေ့ကြုံ ဖြေရှင်းခဲ့ရသော

နိုင်ငံတကာ အရေးအခင်းများနှင့် စပ်လျဉ်း၍ သူ၏ သုံးသပ်

ချက်များကို စာအုပ်အဖြစ် ထုတ်ဝေလိုသောကြောင့် ကွန်ဂရက်

ပိဋကတ် တိုက်တွင် အချိန်ပြည့်နီးပါး ထိုင်ကာ မှတ်စုများ

ထုတ်လျက် ရှိသည်။

ဟိန္ဒူဘာသာ

ဟိန္ဒူဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး၊ သမိုင်းအရှည်ကြာဆုံးသော ဘာသာတရားဖြစ်သည်။ သူ၏ကျမ်းစာများသည် ဘီစီ ၃၀ဝ၀ ဝန်းကျင်ကပင် လူတို့၏ ကိုးကွယ်မှုကဏ္ဍတွင် နေရာယူခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဘာသာတရား လည်းဖြစ်သည်။ ဟိန္ဒူဘာသာဝင်သူများသည် ကိုယ့်ဘာသာကို သနာတနာဓမ္မ (သင်္သကရိုက် - सनातन धर्म၊ ထာရဝဘာသာတရား) ခေါ်သည်။ ဟိန္ဒူလူမျိုးတို့သည် မိမိတို့ ယုံကြည် ကိုးကွယ်သည့် အယူဝါဒကို

သနာတနဓမ္မ (ထာဝရ တည်မြဲနေသော ဘာသာတရား)ဟု ခေါ်ကြသည်။ အကြောင်းမူကား ဟိန္ဒူအယူဝါဒသည် ထာဝရ တည်မြဲနေသော အဆုံးအမဟု ယူဆထားသည့် ဝေဒကျမ်း၌ ပါရှိသော အဆုံးအမများကို အခြေခံပြုထားသောကြောင့် ဖြစ်လေသည်။

ဟိန္ဒူအယူဝါဒသည် အခြားသောဝါဒများကဲ့သို့ ပုဂ္ဂိုလ်

တစ်ဦးတယောက်က စတင်တည်ထောင်ထားသည့် အယူဝါဒ

မဟုတ်ပေ။ သို့ဖြစ်၍ ဟိန္ဒူအယူဝါဒဟူသော အမည်နာမသည်

ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။

ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင်

မှုန်ဝါးဝါးသာ တွေ့မြင်ရလိမ့်မည်။ သို့ရာတွင် ဟိန္ဒူအယူဝါဒ

သည် ခရစ်နှစ်မစမီ ရှေ့ယခင့်ယခင်က အာရိယန်လူမျိုးများ

အိန္ဒိယသို့ ပြောင်းရွှေ့လာကြစဉ် သူတို့နှင့် တပါတည်း

ပါလာသည့် ဗြဟ္မဏ အယူဝါဒမှ ကြီးထွားဖွံဖြိုးလာသည့်

အယူဝါဒဖြစ်သည်ဟူ၍ကား လက်ခံယုံကြည်ကြသည်။ ဟိန္ဒူအယူဝါဒသည် သမိုင်းခေတ်မတိုင်မီက ပေါ်ပေါက်ခဲ့သော

ရှေးအကျဆုံး အယူအဆဝါဒ ဖြစ်သည်ဟု ယူဆထားကြသည်။ လွန်ခဲ့သည့်နှစ်ပေါင်း နှစ်ထောင်ကျော်အတွင်း ဟိန္ဒူအယူဝါဒ လောက၌ သူတော်စင် ရသေ့များ၊ တမန်တော်များ၊

ဒဿနဗေဒပညာရှင်များ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။

ယင်းပုဂ္ဂိုလ်များသည် ဟိန္ဒူအယူဝါဒ၏ အဆုံးအမ ဓလေ့ထုံးစံ၊

အစဉ်အလာများကို ထွန်းကားပြန့်ပွားအောင် ပြုမူဆောင်ရွက်ခဲ့ကြလေသည်။

ဟိန္ဒူအယူဝါဒ၏ ဒဿန (အဘိဓမ္မာ)သည် ကျယ်ပြန့်သည်။ ထွေပြားသည်။ ဟိန္ဒူအယူဝါဒ၌ ဒဿန ခြောက်မျိုးကွဲပြားနေသည်။ ယင်းခြောက်မျိုးကို ဆဒဿန (ဒဿနခြောက်မျိုး)ဟု ခေါ်သည်။ ယင်းဒဿနခြောက်မျိုးသည် ဘီစီငါးရာစုနှစ် မတိုင်မီကပင် စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ ယင်းခြောက်မျိုး ကား ဉာယ၊ ဝိသေသိက၊ သံခယာ၊

ယောဂ၊ ပုဗ္ဗမီမံသာ၊ သို့မဟုတ် မီမံသာ၊ ဝေဒန္တတို့ ဖြစ်သည်။

ဉာယ ဒဿနကို တီထွင်သူမှာ ဂေါတမ မဟာရသေ့ ဖြစ်သည်။ ဉာယဒဿနာသည် စူးစမ်းဆင်ခြင်မှုအရ ပေါ်လာသည့်ယထာဘူတကျသော အတွေးအခေါ် ဖြစ်သည်။

ဝိသေသိကဒဿနကို စတင်သူမှာ ကဏာဒ မဟာရသေ့ ဖြစ်သည်။ဝိသေသိက ဒဿန၏ ရည်ရွယ်ချက်မှာ သတ္တဝါများအား

လွတ်မြောက်ငြိမ်းချမ်းမှု ရရှိစေရန် ဖြစ်သည်။

သံခယာဒဿနကို စတင်တီထွင်သူမှာ ကပိလ မဟာရသေ့ဖြစ်သည်။

သံခယာဒဿန သည် ထာဝရ ဘုရားသခင် တည်ရှိမှုကို အယူမရှိသော ဒဿန ဖြစ်သည်။

ယောဂဒဿနကို စတင်သူမှာဇေမိနီ မဟာရသေ့ ဖြစ်သည်။

မီမံသာကို ပုဗ္ဗမီမံသာဟုလည်းခေါ်သည်။ မီမံသာဒဿန၏ အဓိက ရည်ရွယ်ချက်မှာ ဝေဒကျမ်းများ၌ ပါရှိသည့် အယူဝါဒရေး ဓလေ့ထုံးစံများကို အကာအကွယ်ပေးရန်နှင့် ထောက်ခံ အားပေးရန် ဖြစ်သည်။

ဝေဒန္တဒဿနသည် ဥပနိသျှဒ်မှ ဖြစ်ထွန်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဥပနိသျှဒ်၌ ဝေဒအယူအဆသည် တိုးတက်မှု

အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုကြောင့် ဥပနိသျှဒ်ကို ဝေဒ၏ အဆုံး (ဝေဒန္တ)ဟုခေါ်ခြင်း ဖြစ်လေသည်။

အရစ္စတိုတယ်

ဂရိလူမျိုး အရစ္စတိုတယ် (Aristotle) (ဘီစီ ၃၈၄-၃၂၂) သည် ရှေးခေတ်ကမ္ဘာတွင် အကြီးကျယ်ဆုံးသော တွေးခေါ်ပညာရှင်နှင့် သိပ္ပံပညာရှင်ဖြစ်သည်။ ရိုးရိုးယုတ္တိဗေဒ (Formal Logic) ဖြင့် ဒဿနိကဗေဒ ကို ရှုထောင့်ပေါင်းစုံမှ အသက်သွင်းသူအဖြစ် ကျော်ကြားသည်။

အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ တွေးခေါ်မှန်းဆခြင်း(Philosophical Speculation)ကို အထုံရခဲ့သည်။

ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင်ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။

ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။

ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။

အတွေးအခေါ်ပိုင်းဆိုင်ရာတွင်လည်း အဖိုးတန် ယုတ္တိဗေဒသီအိုရီ (Theory of Logic) ကို ရေးသားခဲ့ပြီး လူ့ကျင့်ဝတ် (Ethics)၊ တက္ကိကဗေဒ (metaphysic)၊ စိတ်ပညာ၊ ဘောဂဗေဒ၊ ဘာသာရေး (Theology)၊ နိုင်ငံရေး၊ နှုတ်မှုစွမ်းရည် (Rhetoric) ၊ ရသပညာ (Aesthetics)၊ ပညာရေး၊ ကဗျာ အစရှိသည့် အကြောင်းများလည်း ကျမ်းပြုခဲ့သည်။

ထူးခြားမှုအချို့မှာ ဘာဘေးရီးယန်းယဉ်ကျေးမှု (Barbartian Custom) နှင့် အေသင်ဖွဲ့စည်းပုံအခြေခံဥပဒေ (Athenian Consittution) ကိုလည်း ရေးသားခဲ့သေးသည်။

အရစ္စတိုတယ်၏ ကျေးဇူးမှာ၎င်းသက်ရှိထင်ရှားနေစဉ် များစွာမသိသာသော်လည်း နှောင်းလူတို့အပေါ်တွင်မူ များစွာ အကျိုးကျေးဇူး ကြီးသည်ဟု ဆိုနိုင်သည်။ သိပ္ပံပညာရပ်ဆိုင်ရာများကို အကြောင်းအရာအလိုက် အပိုင်းလိုက် ခွဲခြားပြသပြီး၊ တူရာစုပေါင်းပေးခဲ့သဖြင့် နှောင်းလူတို့အတွက် လေ့လာရန် များစွာလွယ်ကူသွားပြီဖြစ်သည်။ သူ၏ ဒဿနများမှာလည်း နှောင်းခေတ်များတွင် အရှိန်အဟုန်ဖြင့် လွမ်းမိုးနိုင်သဖြင့် များစွာဩဇာကြီးလှသည်။ သူ၏ပြောစကား၊ ရေးသားခဲ့သည့်ကျမ်း၊ သီအိုရီ၊ ဒဿန၊ စာပေ အစရှိသည်တို့ကို နှောင်းခေတ်လူတို့က စံနှုန်းအဖြစ်သတ်မှတ်ကာ ကျင့်သုံးကြသည်။

အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ၁၉၉၁ ခုနှစ်၏ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည့်အပြင်၊ သံတမန် နှင့် အမျိုးသမီးစာရေးဆရာမ တစ်ဦးလည်း ဖြစ်သည်။ သူမသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လည်း ဖြစ်သည်။သူမသည် ပြီးခဲ့သည့် နှစ် ၂၁ အတွင်း ၁၅ နှစ်ကျော်ကြာ နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခွင့် ရှိခဲ့သော်လည်း စစ်အစိုးရမှ ထိုရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ပေ။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ကိုယ်စားလှယ်အမတ်ဖြစ်လာသည်။သူမသည် ၁၉၉၀ ခုနှစ်တွင် ရွပ်ဖ်တိုဆု နှင့် လွတ်လပ်စွာစဉ်းစားတွေးခေါ်မှုအတွက် ပေးအပ်သော စက်ခါရော့ဗ်ဆု တို့ကို ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ ဖိနှိပ်ချုပ်ချယ်သည့် စစ်အစိုးရ လက်အောက်တွင် အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်မှုကြောင့် ၁၉၉၁ ခုနှစ်၌ နိုဘဲလ် ငြိမ်းချမ်းရေးဆုကိုလည်း ရရှိခဲ့သူဖြစ်သည်။ ကမ္ဘာကျော် ဖော့ဘ်စ် (Forbes)မဂ္ဂဇင်းမှ ရွေးချယ်သည့် ကမ္ဘာ့ဩဇာအရှိဆုံးအမျိုးသမီးများ ၁၀၀ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား နံပါတ် ၁၉ တွင် ဖော်ပြခဲ့သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.