ဒေးဗစ်ဘုရင်

ဒေးဗစ်ဘုရင် (David, King of Israel) သည် ဂျူးလူမျိုးစုများနှင့် အစ္စရေးကို အင်အားကြီးသော နိုင်ငံတစ်နိုင်ငံအဖြစ် ပေါင်းစည်းပေးခဲ့သောသူဖြစ်ပြီး ဂျူးဘုရင်ဖြစ်သည်။ သမ္မာကျမ်းလာ ဝတ္ထုတစ်ပုဒ်အရ ဒေးဗစ်သည် သူ့ဖခင်၏ သိုးများကို ထိန်းကျောင်းခဲ့ပြီး ကိုလီယက်ဘီလူးကြီးကို လေးခွနှင့် ပစ်သတ်ခဲ့သည်။ သူ့အား ဂျူးဘုရင် ဆော (Saul) ကစိတ်မချမ်းမြေ့သော အခါဖြစ်စေ၊ စိတ်ဓာတ်ကျသော အခါ၌ ဖြစိစေ၊ စောင်းဖြင့် လာရောက်ဖျော်ဖြေရန် ဖိတ်ခေါ်လေသည်။ သူသည် ဘုရင့်သားတော် ဂျိုနသန်နှင့် ရင်းနှီးသောမိတ်ဆွေဖြစ်လာသည်။ သူ၏ ပထမဇနီးမှာ ဆော၏ သမီး မီချဲလ်ဖြစ်သည်။

ဖိလစ်စတိန် အရိုင်းအစိုင်းများကို တိုက်ခိုက်သော တိုက်ပွဲတစ်ခုတွင် ဆောနှင့် ဂျိုနသန် ကျဆုံးသွားသောအခါ ဒေးဗစ်အား ဂျူးဘုရင် တင်မြှောက်ကြသည်။ ခုနှစ်နှစ်ကြာစစ်ပွဲတွင် သူသည် ဖိလစ်စတိန်တွေနှင့် အခြားရန်သူများအား အောင်နိုင်ခဲ့ပြီး ဂျေရုစလင်မြို့တော်ကို သိမ်းပိုက်ခဲ့သည်။ Ark of the lord လှေကြီးဖြင့် ပဉာတ်တော် ဆယ်ပါးကို တင်ဆောင်ကာ မြို့တော်သို့ ယူလာခဲ့သည်။ ဒေးဗစ်သည် ဂျူးများ အပါအဝင် အစ္စရေးလူမျိုးစု အားလုံးကို အုပ်ချုပ်သော ဘုရင် ဖြစ်လာသည်။ နှစ်ပေါင်း ၃၀ ကျော် စိုးစံခဲ့သည်။ နတ်ရွာမစံမီ အစ္စရေးနိုင်ငံကို လုံခြုံစိတ်ချစွာ ထားခဲ့နိုင်ရန် သားတော် ဆော်လမွန်ကို ဘုရင်ခန့်အပ်ခဲ့သည်။

ဂျူးများက ဒေးဗစ်ကို စံပြဘုရင်အဖြစ် သဘောထားကြသည်။ သူမှဆင်းသက်လာသော မက်စီယာ့ဟုခေါ်သော ဘုရင်တစ်ပါးလည်း ပေါ်ထွန်းလာမည်ဟု သူတို့ မျှော်လင့်ကြသည်။


သူ၏ အုပ်ချုပ်မှုသမိုင်းကို ဘုရင်များ၏ ပထမကျမ်း၊ ဆင်မြူရယ်၏ ပထမနှင့် ဒုတိယကျမ်းများနှင့် ဓမ္မဟောင်းကျမ်းတွင် ရေးသားထားသည်။ ဆလံ Salms များကို ဒေးဗစ်ရေးဖွဲ့ခဲ့သည်ဟု အစဉ်အလာယုံကြည်လာခဲ့သည်။ သို့သော် အမှန်၌ ဆလံအများအပြားကို သူ ကွယ်လွန်ပြီးနောက် ရေးခဲ့ခြင်းဖြစ်သည်။[၁]

David SM Maggiore
ဒေးဗစ်ဘုရင်

ကိုးကား

  1. မောင်မောင်ထွန်း ရေး ကမ္ဘာကျော် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအဘိဓာန်၊ ၂၀၁၁၊ ဇူလိုင်လ၊ စာ-၁၀၂
ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့ (ဟီဘရူး יְרוּשָׁלַיִם ; အာရပ် القُدس ) သည် အစ္စရေးနိုင်ငံ၏ သာသနာအရ အထွဋ်အမြတ်ထားသောမြို့တော်ဖြစ်သည့်အပြင် ဧရိယာ အကျယ်အဝန်းအားဖြင့် လည်းကောင်း လူဦးရေအားဖြင့်လည်းကောင်း အကြီးဆုံးမြို့လည်း ဖြစ်သည်။ လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ ၇၆၃,၈၀၀ ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။ ဂျူး၊ ခရစ်ယာန် နှင့် အစ္စလာမ် ဘာသာတို့ အထွတ်အမြတ်ထားသည့် သာသနာဆိုင်ရာ မြို့တော်ကြီး ဖြစ်သည်။

'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့်

ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်းဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃၀ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမ

ကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။

အရှေ့နှင့် အရှေ့မြောက်ဖက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဖက်တွင် တောင်ဖက်သို့ တန်းသွားသော

ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။

ဂျေရုစလင်မြို့ရိုးမှာ ကြိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည့်ပြင် အဖန်ဖန် ပြန်လည် ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က

စူလတန်ဘုရင် ဆူလေမန် တည်ဆောက်ထားခဲ့သော တံခါး များ ဖြစ်၏။ မြို့၏ တောင်ဖက်တွင် ဂျူးတို့ အထွတ်အမြတ်ထားရာ ဘုရားဝတ်ပြု တန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်း

တစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူး

တို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာ

တံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မူစလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထား

လေသည်။ ဂျေရုစလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမျှော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏

သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ

အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။

မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ်

များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။

ဘီစီ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက်အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁၀၀၀ ခန့်လောက်တွင် ဒေးဗစ်ဘုရင် သည် ဂျေရုစလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုစလင်မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှားဘုရင် ဆိုင်းရပ်လက်ထက်တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ ထိုမှတစ်ဖန် ဂျေရုစလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သည်-ဂရိတ်၏ လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင်

ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတစ်ပြန် ငါတစ်ပြန်

တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင်

ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက်

အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို

၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ်

တွင် မူစလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည်

တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁၀၉၉ ခုနှစ်တွင် ကရူး

ဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက်

ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မူစလင်ခေါင်းဆောင် ဆဲလဒင်းက

ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲ

သို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ်

တပ်များက သိမ်းပိုက်သည်အထိ မူစလင်တို့ လက်ထဲ၌

ရှိခဲ့ပေသည်။

(ဗြိတိသျှတို့သိမ်းပိုက်ပြီးနောက်ဂျေရုစလင်၏သမိုင်းစဉ်အတွက်

အစ္စရေးနိုင်ငံ။)

ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ

အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဝေအုပ်ချုပ်လျက်ရှိ၏။

မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။

မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။

မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။

ဂျေရုစလင်မြို့သည် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့

မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ

၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ

၁၄၃၅၀၀ ဖြစ်လေသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.