တူနီးရှားနိုင်ငံ


တူနီးရှားနိုင်ငံကို ရုံးသုံးဘာသာစကားဖြင့် တူနီရှား သမ္မတနိုင်ငံဟု ခေါ်ဆိုကြပြီး အာဖရိက တွင် မြောက်ဖက်အကျဆုံး နိုင်ငံဖြစ်သည်။ မာဂရပ် ဒေသအတွင်းတွင် တည်ရှိသော နိုင်ငံဖြစ်ပြီး အနောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ အရှေ့တောင်ဖက်တွင် လစ်ဗျားနိုင်ငံ၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် မြေထဲပင်လယ်တို့က ဝန်းရံထားကြသည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၆၄,၀၀၀ (၁၆၅,၀၀၀ စတုရန်းကီလိုမီတာ) ခန့် ရှိပြီး လူဦးရေ ၁၀.၄ သန်းကျော် ရှိသည်။ နိုင်ငံ၏အမည်မှာ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှိသော မြို့တော် တူနစ်မြို့ကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။

တူနီးရှားသည် အက်တလပ်စ် တောင်တန်းတလျှောက်တွင် တည်ရှိသော နိုင်ငံများတွင် အသေးငယ်ဆုံးသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ တောင်ပိုင်းတွင် ဆဟာရ သဲကန္တာရ ပါဝင်ပြီး ကျန်ရှိသော နေရာများတွင်မူ စိုက်ပျိုးနိုင်သော မြေနေရာများနှင့် မိုင်ပေါင်း ၈၁၀ (၁၃၀၀ ကီလိုမီတာ) ရှည်လားသော ကမ်းရိုးတန်း ပါဝင်သည်။ ထိုနှစ်ခုစလုံးသည် ရှေးခေတ်အခါက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြသည်။ ပထမ တစ်ခု အနေနှင့် ထင်ရှားကျော်ကြားသော ဖိုနီးရှန်းတို့၏ မြို့တော် ကားသေ့မြို့ ဖြစ်ပြီး ဒုတိယ အနေနှင့်မူ အာဖရိကရှိ ရောမနယ်မြေ အဖြစ် တည်ရှိခဲ့ခြင်း ဖြစ်ကာ ရောမ၏ ပေါင်မုန့်ခြင်းတောင်း ဟူ၍ပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ နောက်အခါ အေဒီ ၅ ရာစုခန့်တွင် အဖျက်သမားများ၊ ၆ ရာစုတွင် ဘိုင်ဇန်တိုင်းများ နှင့် ၈ ရာစုတွင် အာရပ်တို့က ကျူးကျော်ဝင်ရောက် ခဲ့ကြသည်။

တူနီးရှား သမ္မတနိုင်ငံ
الجمهورية التونسية
al-Jumhūriyya at-Tūnisiyya
République tunisienne
တူနီးရှားနိုင်ငံ၏ အလံတော်
တူနီးရှားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: Humat Al Hima
တူနီးရှားနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
တူနစ်စ်
ရုံးသုံး ဘာသာစကားများအာရပ်[၁]
အမျိုးအစားသမ္မတဦးဆောင်သော အစိုးရ
အစိုးရ
• ခေတ္တသမ္မတ
ဖိုဟပ် မမ်ဘဇာ
• ဝန်ကြီးချုပ်
မိုဟာမက် ဂန်နိုချီ
တည်ထောင်
• လွတ်လပ်ရေး (ပြင်သစ်ထံမှ)
၂၀ မတ် ၁၉၅၆
ဧရိယာ
• စုစုပေါင်း
၁၆၃,၆၁၀ km² (၆၃,၁၇၀ sq mi) (အဆင့်: ၉၂)
• ရေထု (%)
၅.၀
လူဦးရေ
• ခန့်မှန်း
၁၀,၄၃၂,၅၀၀ [၂] (အဆင့် - ၇၉)
• သိပ်သည်းမှု
၆၃/km² (၁၆၃/sq mi) (အဆင့် - ၁၃၃)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
$၈၆.၀၈၆ billion
• Per capita
$၈,၂၅၄
HDI၀.၆၈၃
အလယ် · ၈၃
တယ်လီဖုန်းကုဒ်+၂၁၆
Internet TLD.tn

နိုင်ငံရေး

တူနီးရှား သမ္မတနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၅၉ ခုနှစ် ဇွန် ၁ ရက်နေ့တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည်။ ထိုအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် အမျိုးသားလွှတ်တော်တို့ကို သက်တမ်း ငါးနှစ်စီအတွက် တစ်ပြိုင်တည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ရသည်။ သမ္မတရာထူးအတွက် ရာထူးသက်တမ်း သုံးကြိမ်ထက်ပို၍ အရွေးခံနိုင်ခွင့် မရှိပေ။ ၁၉၅၉-ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲများကျင်းပခဲ့ရာ နီယိုဒက်စတူး ဆိုရှယ်လစ်ပါတီက အမတ်နေရာ (၉ဝ)လုံးတွင် အရွေးခံခဲ့ရသည်။ ထိုနေ့တွင်ပင် အမ်ဟာဗစ် ဗူဂီးဗားကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လေသည်။ အစိုးရအဖွဲ့ကို သမ္မတက ရွေးချယ်ခန့်ထား၍ 'သမ္မတအစိုးရ' ပုံစံမျိုးဖြစ်သဖြင့် အစိုးရဌာန ဆိုင်ရာတာဝန်ခံများကို နိုင်ငံတော်အတွင်းဝန်များဟု ခေါ်သည်။ သမ္မတသည်၎င်း၊ ယင်း၏အစိုးရအဖွဲ့သည်၎င်း အမျိုးသားလွှတ်တော်သို့ တာဝန်ခံခြင်းမရှိပေ။ ၁၉၅၇ ခုနှစ်မှအစပြု၍ သမ္မတဖြစ်လာခဲ့သော အမ်ဟာဗစ် ဗူဂီးယားသည် အနောက်ယိမ်း နိုင်ငံခြားရေးဝါဒကို ကျင့်သုံးခဲ့ရာ ရန်သူများရှိလာခဲ့သည်ဟုဆိုသည်။ ၁၉၆၂-ခုနှစ်တွင် အယ်လ်ဂျီးရီးယားနှင့် အာရပ် ပြည်ထောင်စုအစိုးရတို့က သူ့အား မြှောက်ပြုခဲ့သည်ဟု စွပ်စွဲခဲ့လေသည်။ နောင်အခါ တူနီးရှား နိုင်ငံကို ဆန့်ကျင်သည့်နိုင်ငံများတွင် ဆီးရီးယားနိုင်ငံလည်း ပါဝင်လာခဲ့သည်။ တူနီးရှား နိုင်ငံသည် ၁၉၆၇-ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး စစ်ပွဲအတွင်း၌ အမေရိကန်ပြည်ထောင်စုနှင့် အဆက်ဖြတ်ရန် ငြင်းဆန်ခဲ့သည့်အပြင် အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့ကို တိုက်ခိုက်ကာ၊ ရဟူဒီ ဘုရားရှိခိုးကျောင်းတစ်ခုကို မီးရှို့ဆန္ဒပြ သူများကိုလည်း အပြင်းအထန် နှိပ်ကွပ်ခဲ့လေသည်။

[၃]

ကိုးကား

  1. "Tunisia Constitution" . Retrieved on 2009-12-23. Translation by the University of Bern: Tunisia is a free State, independent and sovereign; its religion is the Islam, its language is Arabic and its form is the Republic.
  2. National Statistics Online။ National Statistics Institute of Tunisia (July 2009)။ 7 January 2009 တွင် ပြန်စစ်ပြီး။ (အာရပ်)
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ပြင်ပလင့်ခ်များ

ကားသေ့မြို့

ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော်လောက်က တန်ခိုးထွားခဲ့သော ကားသေ့နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် ကားသေ့မြို့သည် မြေထဲပင်လယ်ထဲတွင် ရောမမြို့နှင့် ခေတ် ပြိုင် ထွန်းကားခဲ့ပေသည်။ ထိုစဉ်က အရောင်းအဝယ် ဖွံ့ဖြိုး၍ ခမ်းနားကြွယ်ဝသော မြို့တစ်မြို့ဖြစ်ခဲ့၍၊ ယင်းမြို့ကြီး၏ နေရာ ဟောင်းမှာ အာဖရိကတိုက် မြောက်ဘက်ကမ်းခြေရှိ ယခုခေတ်

တျူးနစ်မြို့နှင့် ၃ မိုင်ကွာတွင် တည်ရှိလေသည်။

ကားသေ့မြို့ တည်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အဆိုများ ကွဲပြား နေကြ၏။ နိုင်ငံသမိုင်းအရဆိုသော် ကားသေ့မြို့သည် ရှေးဖီနီ ရှန်လူမျိုးတို့ ကောင်းစားစဉ်က ဘီစီ ၈၁၃-၈၁၄ ခုနှစ်လောက်

တွင် ဆိပ်ကမ်းမြို့ ကလေးအဖြစ် တည်ရှိခဲ့၏။ ရှေးသူဟောင်း တို့၏ စကားအရဆိုသော် ဘီစီ ၈၅ဝ ပြည့်နှစ်လောက်တွင် တိုင်ယာမြို့မှ ထွက်ပြေးလာသော ဖီနီရှန် မင်းသမီး ဒိုင်ဒို

တည်ခဲ့သောမြို့ဖြစ်လေသည်။ ရောမ စာဆိုတော် ဗာဂျီ၏ 'အီးနီးယစ်'ကဗျာတွင် ထရိုဂျန် မင်းသား အီးနီးယပ်နှင့် ချစ် လမ်းခင်းခဲ့သော ကားသေ့ဘုရင်မ ဒိုင်ဒိုမှာ ထိုမင်းသမီးပင် ဖြစ်၏။

မြေထဲပင်လယ်ကမ်းခြေတွင် နေခင်းသာသော ကားသေ့မြို့ သည် မကြာမီပင် ကူးသန်းရောင်းဝယ်ရာ ဗဟိုဌာနကြီး ဖြစ်လာ၏။ ကားသေ့မြို့တွင် သင်္ဘောဆိပ်တွင် သင်္ဘောဆိပ်

နှစ်ခုရှိ၏။ တစ်ခုမှာ ကုန်သည် သင်္ဘောများအတွက်ဖြစ်၍ အခြားတစ်ခုမှာ စစ်သင်္ဘောများအတွက် ဖြစ်၏။ မြေထဲပင်လယ် တစ်ဝိုက်တွင် ကုန်ကူးသန်းရောင်းဝယ်ရန် သင်္ဘော များကို အသုံးပြု၍ နေခဲ့ကြရာမှ ကားသေ့လူမျိုးတို့သည် နယ်ပယ်များကို တိုက်ခိုက်သိမ်းပိုက်လာကြ၏။ ဘီစီ ၆ဝဝ ပြည့်နှစ်လောက်မှ စ၍ ကားသေ့တို့သည် စစ်လိုလားသော လူမျိုး ဟူ၍ နာမည်ကြီးလာလေသည်။ ဘီစီ ၃ဝဝ ပြည့် နှစ်လောက်တွင် ကာသေ့မြို့သည် မြေထဲပင်လယ်နှင့် စပ်လျက်ရှိသော အာဖရိကတိုက်မြောက်ဘက် ကမ်းခြေ တစ်လျှောက်နှင့် စပိန်ကမ်းခြေတစ်လျှောက်တို့အပြင်၊ ကော်စီကားကျွန်းနှင့် ဆာဒင်းနီးယားကျွန်းများ ပါဝင်သော ကားသေ့ နိုင်ငံတော်ကြီး၏ မြို့တော်ဖြစ်လာ လေသည်။ ဘီစီ ၄၈ဝ နှင့် ၂၇၅ ခုနှစ်များအကြားတွင် ကားသေ့တို့သည် စစ္စလီကျွန်းလုံး ကို စိုးမိုးရန် ဂရိတို့နှင့် အကြိမ်ကြိမ် စစ်ပြိုင်ခဲ့ကြသည်။

ရောမတို့သည် အီတလီကျွန်းဆွယ် တစ်ခုလုံးကို သိမ်းပိုက် ပြီးသောအခါ မြေထဲပင်လယ် အနောက်ပိုင်း၌ ကြီးစိုးနေသော ကားသေ့တို့ကို မျက်စိစပါးမွေး စူးလာကြ၏။ သို့ဖြစ်၍ ကား သေ့တို့နှင့် အင်အားချင်းပြိုင်ရန် ရေတပ်အင်အား စုဆောင်း ပြီးသောအခါ ဘီစီ ၃ ရာစုနှစ်လောက်တွင် ကားသေ့တို့ကို စတင် တိုက်ခိုက်ကြလေတော့သည်။ ကားသေ့နှင့်ရောမတို့

၃ ကြိမ် ၃ခါ စစ်ဖြစ်ကြရာ ထိုစစ်ပွဲများကို ပျူးနစ်စစ်ပွဲများဟု ခေါ်သည်။ ပထမစစ် ပွဲမှာ ဘီစီ ၂၆၄ ခုနှစ်မှ ၂၄၁ ခုနှစ်အထိ စစ္စလီကျွန်းတွင် ဖြစ်ပွား၍ ကားသေ့တို့ အရေးနိမ့်သဖြင့် စစ္စလီကျွန်းကို ရောမတို့လက်သို့ အပ်လိုက်ရ၏။ သို့သော် ရောမ တို့သည် စစ္စစီကျွန်းမှတစ်ဆင့် ဆာဒင်းနီးယားနှင့် ကောစီးကား ကျွန်းများကို သိမ်းပိုက်အုပ်ချုပ်ရန် စီမံနေစဉ် ကားသေ့စစ်

ဗိုလ်ချုပ်ကြီး ဟာမီးလကား ဗားကားသည် စပိန်ကျွန်းဆွယ်တွင် နိုင်ငံသစ်များ ထူထောင်ကာ အားသစ်စုရုံးပြန်လေသည်။ ထို့ကြောင့် ရောမတို့သည် စပိန်ရှိ ကားသေ့တို့ကို အနှောင့်

အယှက် ပေးကြပြန်သည်။ ထိုအခါ ဟာမီးလကား၏ သား ဖြစ်သူ ကားသေ့စစ်ဗိုလ်ချုပ် ဟန်နီဘောသည် စပိန်မှ ကုန်း ကြောင်းလမ်းဖြင့် အသွားအလာခက်ခဲသော တောင်တန်းကြီး

များကို ဖြတ်ကျော်လျက် ဆင်တပ်၊ မြင်းတပ်၊ ခြေလျင်တပ် အလုံးအရင်းနှင့် အီတလီနိုင်ငံအတွင်းသို့ ချင်းနင်းတိုက်ခိုက်လေ တော့၏။

ထိုစစ်ပွဲကို ဒုတိယဗျူးနစ်စစ်ပွဲဟု ခေါ်တွင်၍ ဘီစီ ၂၁၈ ခုနှစ်မှ ၂ဝ၁ ခုနှစ်အထိ ဖြစ်ပွားခဲ့ကြ သည်။ ဟန်နီဘောသည် သူရသတ္တိနှင့် ပြည့်စုံသည့်အပြင် အစီအမံလည်း သေသပ်သဖြင့် ကားသေ့စစ်သည်များကို ရောမစစ်သည် တို့ မယှဉ်နိုင်ကြချေ။ ဘီစီ ၂၁၆ ခုနှစ် ကန္နီးတိုက်ပွဲတွင် ရောမစစ်တပ်ကြီးသည် တပ်လုံး ပြုတ်ကာ အရှုံးကြီးရှုံးသွား၏။

သို့ရာတွင် ရောမတို့သည် အလျှော့မပေးကြချေ။ ရောမဗိုလ်ချုပ် ဆစ်ပီယိုသည် စပိန်သို့ ကြားဖြတ်သွားရောက်တိုက်ခိုက်ရာ အောင်မြင်သဖြင့် အာဖရိကသို့ စစ်ဦးလှည့်လေသည်။ ကားသေ့ မြို့လည်း ရန်မကင်းတော့သဖြင့် ဟန်နီဘောကို ပြန်ခေါ်ရတော့ ၏။ ဘီစီ ၂ဝ၂ ခုနှစ်တွင် ကားသေ့မြို့ အနီး ဇေးမားအရပ်၌ ကားသေ့တို့နှင့် ရောမတို့ ယှဉ်ပြိုင်တိုက်ခိုက်ရာ ကားသေ့တို့

အရေးနိမ့်လေသည်။ ကားသေ့တို့သည် စပိန်ရှိနယ်များ၊ ကားသေ့တိုင် စစ်သင်္ဘောတပ်များနှင့် စစ်လျော်ကြေး အမြောက် အမြားကို ရောမတို့အား ပေးရလေသည်။

တတိယ ပျူးနစ်စစ်ပွဲမှာ ဘီစီ ၁၄၉ ခုနှစ်မှ ၁၄၆ ခုနှစ် အထိ ၃ နှစ်ကြာမျှ ဖြစ်ပွားခဲ့၏။ ရောမတို့သည် ကားသေ့ကို ပြန်လည်ကြီးပွားလာခြင်းကို မရှုဆိတ်ကြချေ။ ကားသေ့တို့၏ ရန်ကိုလည်း ကြောက်ရွံ့ လျက်ပင် ရှိကြသေးသည်။ ထို့ကြောင့် ကားသေ့တို့သည် အာဖရိကတိုင်းရင်းသား ရန်သူများ၏ တိုက်ခိုက်မှု ကို ကာကွယ်ရန် စစ်တပ်ဖွဲ့စည်းသောအခါ ရောမတို့သည် အပြစ်ရှာ၍ ကားသေ့တို့အား တိုက်ခိုက်ကြတော့၏။ ကားသေ့တို့သည် ရန်သူတို့ကို အစွမ်းကုန် ခုခံတိုက်ခိုက်ကြ၏။ သို့ရာတွင် အင်အားချင်း မမျှတသဖြင့် အရှုံးခံကြရသည်။ ဘီစီ ၁၄၆ ခုနှစ်တွင် စည်ကားခမ်းနားလှသော ကားသေ့မြို့ကြီးသည် ရောမတို့လက်တွင် ၁၄ ရက်တိုင်တိုင် မီးဟုန်းဟုန်းတောက်လောင်လျက် ပြာကျသွားလေသည်။

ဘီစီ ၄၅ ခုနှစ်လောက်တွင် ရောမဘုရင် ဆီဇာသည် ကားသေ့ကို ရောမဆင်းရဲသားများ လာရောက် နေထိုင်ရာ နယ်သစ်အဖြစ်ဖြင့် သတ်မှတ်ခဲ့၏။ ထိုအတွက် ကားသေ့သည် စည်ကားလာပြီးလျှင် ရောမပိုင် အာဖရိကနယ်ပယ်များ၏ အချက်အခြာမြို့ကြီး ဖြစ်လာပြန်သည်။ သို့သော် အေဒီ ၄၃၉ ခုနှစ်တွင် ဗင်းဒေါ လူမျိုးတို့ ဝင်ရောက်တိုက်ခိုက် လုယက် ဖျက်ဆီးခဲ့သဖြင့် မှေးမှိန်သွားပြီးလျှင် ပင်လယ်ဓားပြစခန်းအဖြစ်သို့ သက်လျှောခဲ့လေသည်။ အေဒီ ၅၅၃ ခုနှစ်မှစ၍ ဗိုင်ဇင်းတိုက် အင်ပိုင်ယာ၏ လက်အောက်ခံ နယ်တစ်ခု

ဖြစ်ခဲ့ပြီးလျှင် အေဒီ ၆၉၈ ခုနှစ်တွင် အာရပ်လူမျိုးတို့၏ ချေမှုန်းဖျက်ဆီးခြင်းကို ခံခဲ့ရလေသည်။

၁၈၈၁ ခုနှစ်၌ တျူးနစ်ပြည်သည် ပြင်သစ်အစိုးရ၏ စောင့်ရှောက်ခံနယ်တစ်ခု ဖြစ်လာသောအခါ ကားသေ့သည် ဗရင်ဂျီဂိုဏ်းအုပ်တစ်ပါး၏ ဌာနချုပ်ဖြစ်လာသည်။ ယခုအခါ၌မူ ရှေးဟောင်း အဆောက်အအုံ အပျက်အစီးများ စုဝေးတည်ရှိရာ မြို့ဟောင်းရာမျှသာ ကျန်ရှိတော့သည်။

တရုတ် စံပယ်ဖြူ တော်လှန်ရေး

တရုတ် စံပယ်ဖြူ တော်လှန်ရေးသည် တရုတ်လူထုက တူနီးရှား လူထုအုံကြွမှုကြောင့် နိုးကြွလာပြီး တစ်ပါတီစနစ်နှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ရည်မှန်းကာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ၌ ပေကျင်း၊ ရှန်ဟိုင်းအပါအဝင် မြို့ကြီး ၁၃ မြို့တွင် လူသူစည်ကားရာနေရာ၌ စုဝေးကြရန် အင်တာနက်မှ တဆင့် ဆော်ဩသည့် လှုပ်ရှားမှု တစ်ရပ်ဖြစ်သည်။ အင်တာနက်ပေါ်တွင် ယင်းဆော်ဩချက် ပြန့်နှံ့ပြီး များမကြာမီတွင် လူ့အခွင့်အရေးအတွက် လှုပ်ရှားသူ ရှေ့နေများနှင့် အင်တာနက် အသုံးပြုသူ အတော်များများ အဖမ်းခံခဲ့ရသည်။တရုတ်၏ ‘စံပယ်ဖြူ တော်လှန်ရေး’မှာ တူနီးရှား စံပယ်ဖြူ တော်လှန်ရေးမှ ဆင်းသက်လာသည်။ ၂၀၁၀ ဒီဇင်ဘာ ၁၈ ရက်နေ့မှစ၍ တူနီးရှား လူထုက ၂၃ နှစ်ကြာ အုပ်စိုးခဲ့သော သမ္မတ ဘင်အာလီ ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ၂၀၁၁ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဘင်အာလီ ရာထူးမှ ဆင်းပေးခဲ့ရပြီး ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။ ယင်းတော်လှန်ရေးသည် တူနီးရှားနိုင်ငံ၏ နိုင်ငံတော်ပန်း စံပယ်ပန်းကို အစွဲပြု၍ ‘စံပယ်ဖြူ တော်လှန်ရေး’ဟု အမည်တွင်လာသည်။ တူနီးရှားမှ တော်လှန်ရေးသည် အီဂျစ်နိုင်ငံသို့ ကူးစက်လာကာ အတိုင်းအတာ ကြီးမားသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး နှစ် ၃၀ ကြာ အာဏာ ချုပ်ကိုင်ခဲ့သည့် သမ္မတ ဟိုစ်နီ မူဘာရတ်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ တူနီးရှားနှင့် အီဂျစ်နိုင်ငံတွင် တော်လှန်ရေး အောင်မြင်မှု ရရှိခဲ့သဖြင့် အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းရှိ နိုင်ငံများတွင်လည်း အလားတူ ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။ ထိုအရေးအခင်းများကြောင့် တရုတ်လူထုကလည်း အင်တာနက်မှတဆင့် လှုံ့ဆော်ကာ တော်လှန်ရေးတစ်ရပ် ပြုလုပ်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်း၌ ထျန်းအန်းမင်ရင်ပြင်အနီး မဂ်ဒေါနယ် (McDonald) စားသောက်ဆိုင်တဝိုက် လူ ၁ ရာကျော်ခန့် စုဝေးခဲ့သော်လည်း စောစီးစွာ ကင်းချထားသည့် ရဲနှင့် အရပ်ဝတ်များက အလျင်အမြန် မောင်းနှင် လူစုခွဲခဲ့သဖြင့် လှုပ်ရှားမှု မအောင်မြင်ခဲ့ပေ။

တူနီးရှား စစ်ဆင်ရေး

တူနီးရှား စစ်ဆင်ရေး (အင်္ဂလိပ်: Operation Tunisia) သည် အင်တာနက် အဖွဲ့အစည်းဖြစ်သော အမည်မဖော်လိုသူများမှ တူနီးရှားနိုင်ငံ အစိုးရအား တူနီးရှား တော်လှန်းရေးကာလအတွင်း တိုက်ခိုက်ခဲ့သည့် ဆိုက်ဘာစစ်ဆင်ရေး ဖြစ်သည်။

တူနီးရှား လူထုအုံကြွမှု

တူနီးရှား လူထုအုံကြွမှုသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ တူနီးရှားနိုင်ငံတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုများဖြစ်သည်။ တူနီးရှားနိုင်ငံ၏ ကိုယ်စားပြုပန်းမှာ စံပယ်ပန်း ဖြစ်သောကြောင့် စံပယ်ဖြူ တော်လှန်ရေးဟုလည်း အမည်တွင်သည်။ အလုပ်လက်မဲ့မှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အဂတိလိုက်စားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု၊ ဆင်းရဲနွမ်းပါးမှု စသည့် အကြောင်းအရင်းများကြောင့် ဆန္ဒပြမှုများ စတင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ ဆန္ဒပြမှုများသည် နှစ်ပေါင်း ၃၀ အတွင်း အတိုင်းအတာအကြီးမားဆုံး နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုကြီး တစ်ရပ်ဖြစ်ပြီး ဆန္ဒပြမှုအတွင်း ဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ် တရားမဝင် ကုန်စိမ်းသည် မိုဟာမက် ဘိုအာဇီဇီ (Mohammed Bouazizi) မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာမှ လူထုအုံကြွမှုများ စတင်ခဲ့သည်။ အုံကြွမှုဖြစ်ပွားပြီး ၂၈ ရက်မြောက်နေ့ ၂၀၁၁ ဇန္နဝါရီ ၁၅ ရက်နေ့တွင် သမ္မတ ဘန်အာလီ (Zine El Abidine Ben Ali) ၂၃ နှစ်ကြာ သက်တမ်း အဆုံးသတ်ကာ ရာထူးမှ ဆင်းပေးခဲ့ရသည်။ တဆက်တည်းတွင် ဘန်အာလီနှင့် မိသားစုဝင်အချို့သည် ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။ တူနီးရှား ဆန္ဒပြမှုသည် အီဂျစ် အပါအဝင် အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ဂရက်လှိုင်းများ ရိုက်ခတ်ခဲ့သည်။

တူးနစ်မြို့ဟောင်း

တူးနစ်မြို့ဟောင်းသည် တူနီးရှားနိုင်ငံ ၏ မြို့တော် တူးနစ်မြို့မှ တံတိုင်းကာရံထားသော မယ်ဒီနာဟုခေါ်သည့် ရပ်ကွက်ဖြစ်သည်။ ၁၉၇၉ ခုနှစ်မှစ၍ ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာ အဖြစ် သတ်မှတ်ခြင်း ခံရသည်။ထိုမယ်ဒီနာ အတွင်းတွင် အဆောက်အဦးပေါင်း ၇၀၀ ခန့်ရှိပြီး နန်းတော်များ၊ ဗလီများ၊ ဂူသင်္ချိုင်းများ နှင့် မဒရာဆာခေါ် ပညာရေးဆိုင်ရာ အဆောက်အဦးများနှင့် ရေပန်းများ ပါဝင်ပြီး အယ်လ်မိုဟတ် ခေတ် နှင့် ဟပ်ဖ်ဆစ် ခေတ် အတွင်းက ဆောက်လုပ်ခဲ့သည်။

ပင်လယ်ဓားပြမှု

ပင်လယ်ဓားပြမှု ဆိုသည်မှာ ပုဂ္ဂလိက အုပ်စုများ (အစိုးရနှင့် ဆက်နွယ်မနေသူ) တို့မှ စစ်တိုက်မှု ဆန်ဆန် ပြုမူဆောင်ရွက်ခြင်း ဖြစ်ပြီး ပင်လယ်ပြင်တွင် ကျူးလွန်သော ဓားပြမှုနှင့် ရာဇဝတ်မှုများကို ခေါ်ဆိုခြင်းပင် ဖြစ်သည်။

ထို အသုံးအနှုန်းတွင် ရေမျက်နှာပြင် ကျယ်ပြန့်သော နေရာ သို့မဟုတ် ကမ်းစပ်ပေါ်တွင် ပြုမူခြင်းများ ပါဝင်သည်။ သို့သော် သင်္ဘော တစ်စင်းထဲ ပေါ်တွင် အတူတူ သွားလာနေသူ အချင်းချင်း ကျူးလွန်သော ရာဇဝတ်မှုကို မူ ပင်လယ်ဓားပြမှုဟု ခေါ်ဆိုသုံးနှုန်းခြင်း မရှိပေ။ (ဥပမာ သင်္ဘောတစ်စင်းတည်း အတူတူ သွားနေသူ အချင်းချင်း ပစ္စည်းခိုးခြင်း။) ထို အသုံးအနှုန်းမှာ နိုင်ငံ၏ နယ်စပ်တွင် အစိုးရ မဟုတ်သော အဖွဲ့များက ကျူးလွန်သော ရာဇဝတ်မှုများကို ရည်ညွှန်းသည်။

မူအမ္မာ ကဒါဖီ

လစ်ဗျားသမ္မတဟောင်း ကဒတ်ဖီကို ၁၉၄၁ ခုနှစ်တွင်

မီစူရာတာအရပ်၌ ကုလားအုပ်ကုန်သည် မိုဟာမက်အဗ္ဗဒူလဆန်

အဗူမီနီယာနှင့် အိုင်ရှာအဗူမီနီယာတို့မှ ဖွားမြင်ခဲ့သည်။

အထက်တန်းလွန် ပညာကို ဘင်ဂါဇီမြို့ရှိ လစ်ဗျားတက္ကသိုလ်၌

ဆည်းပူးခဲ့ပြီးနောက် ကဒတ်ဖီသည် အင်္ဂလန်တွင်

တင့်ကားစစ်ဆင်ရေး သင်တန်းကို တက်ရောက်သည်။

လစ်ဗျားစစ်တပ်တွင် ၁၉၆၅ ခုနှစ်မှစ၍ ဝင်ရောက်ပြီးနောက်

၁၉၆၉ ခုနှစ် စက်တင်ဘာလတွင် လစ်ဗျားတော်လှန်ရေးကောင်စီ

ဥက္ကဋ္ဌနှင့် တပ်မတော် စစ်ဦးစီးချုပ် ဖြစ်လာသည်။

ကဒတ်ဖီသည် လူဦးရေ နှစ်သန်းခွဲရှိသော

သူ့နိုင်ငံကိုသာမက လူသန်း ၁ဝဝ ကျော်ရှိ အာရပ်ဒေသကြီး

တစ်ခုလုံးကို စုစည်းလိုသူ ဖြစ်သည်။ အာဖရိကမြောက်ပိုင်း

မြေထဲပင်လယ်စပ်ရှိ မိမိနိုင်ငံကို အရှေ့ဘက်မှ အီဂျစ်နှင့်၎င်း၊

အနောက်ဘက်မှ တူနီးရှားနိုင်ငံနှင့်၎င်း ပူးပေါင်းရန်

အားထုတ်စီစဉ်ခဲ့သည်။

အစ္စလာမ်ဘာသာဝင် ကဒတ်ဖီသည်တစ်နေ့လျှင်

ဘုရား ငါးကြိမ်ရှိခိုးပြီး အဂတိတရား ကင်းအောင်နေသူ

ဖြစ်သည်။ ကဒတ်ဖီက သူ၏ အရာရှိအရာခံ အကြပ်တပ်သား

များအား ဆေးလိပ်နှင့် အရက် မသောက်ရန် တားမြစ်ခဲ့သည်။

စစ်တက္ကသိုလ် ကျောင်းသားဘဝကပင် လစ်ဗျားဘုရင်ကို

ဖြုတ်ချရန် လျှို့ဝှက် စုစည်းခဲ့သူ ဖြစ်သည်။

နိုင်ငံအကြီးအကဲ ဖြစ်ချိန်အထိ သူသည် အီဂျစ်သမ္မတ

နတ်ဆာ၏ အာရပ်စည်းလုံးရေး မြော်မှန်းချက်မျိုးကို

ထားသည်။ သို့ဖြင့် အစ္စရေးနိုင်ငံကို ထောက်ခံသော နိုင်ငံကြီး

များအား ရေနံလက်နက်ဖြင့် တန်ပြန်နိုင်ခဲ့သည်။

၁၉၅၁ ခုနှစ်တွင် လစ်ဗျားနိုင်ငံကို အုပ်ချုပ်နေသော ဘုရင် အိုင်းဒြစ်က တူရကီ နိုင်ငံသို့ ဆေးကုသမှု ခံယူရန် ထွက်ခွါသွားစဉ် ဘုရင်၏ တူတော်အား ဘုရင်အဖြစ် တင်မြှောက်လိုက်သည်။ နောက်တစ်နေ့တွင် သူတင်ခဲ့သော ဘုရင်ကို ဖြုတ်ချကာ လစ်ဗျား ပြည်သူများ၏ အစ်ကိုကြီးအဖြစ် ခေါင်းဆောင်ကာ အုပ်ချုပ်သည်။ ဗိုလ်မှူးကြီး ကဒါဖီသည် ဗိုလ်ချုပ်အဖြစ်သို့ သူကိုယ်တိုင် ရာထူး မတိုးခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံကို ပြည်သူများက အုပ်ချုပ်နေသဖြင့် ရာထူးတိုးယူရန် မလိုဟု ဆိုသော်လည်း သူ အာဏာသိမ်းစဉ်က ဗိုလ်ကြီးအဆင့်သာ ရှိသေးသည်။

ထိုမှ ၁၉၇ဝ-၇၂ ခုနှစ်များတွင်

ဝန်ကြီးချုပ် ဖြစ်လာပြီး ကာကွယ်ရေးဌာနကိုပါ ကိုင်သည်။

အာရပ်ပြည်ထောင်စု နိုင်ငံများ ကောင်စီတွင် ၁၉၇၁

ခုနှစ်မှစ၍ အသင်းဝင်ဖြစ်ရာမှ နောင်တွင် ဥက္ကဋ္ဌအဖြစ်

ရွေးချယ် တင်မြှောက်ခံရ၏။

ကာနယ်ကဒတ်ဖီ အာဏာရလာသောအခါ

လစ်ဗျနိုင်ငံရှိ အမေရိကန်နှင့် ဗြိတိသျှ လေတပ်စခန်းများကို

ရုပ်သိမ်းစေသည်။ ထို့ကြောင့် ဗြိတိန်က လစ်ဗျနိုင်ငံ

လေကြောင်း ကာကွယ်ရေးတာဝန် ယူမည့် ကန်ထရိုက်

စာချုပ်ကို ပယ်ဖျက်လိုက်သည်။ ကဒတ်ဖီသည် ၁၉၇၃

ခုနှစ်တွင် နိုင်ငံခြား ရေနံလုပ်ငန်း၏ အစုရှယ်ယာ

၅၁% ကိုသိမ်းယူသည်။ ကဒတ်ဖီ ဝန်ကြီးချုပ်ဖြစ်နေစဉ်

နိုင်ငံတွင် အရက်သေစာလည်း ပိတ်ပင်လိုက်သည်။

ညကပွဲများကိုလည်း ပညတ်ထားသည်။ ဘုရင့်အစိုးရကို

ဖြုတ်ချပြီးနောက် ဝန်ကြီးအဖွဲ့သစ်ဖြင့် နိုင်ငံဖွဲ့စည်း

ပုံအခြေခံဥပဒေသစ်ကို ရေးဆွဲစေသည်။

အခြေခံဥပဒေသစ်အရ လစ်ဗျနိုင်ငံသည်

လစ်ဗျအာရပ်ပြည်ထောင်စု သမ္မတနိုင်ငံဟု

ဖြစ်လာသောအခါ ကာဒတ်ဖီလည်း သမ္မတဖြစ်လာသည်။

ကဒတ်ဖီသည် အာရပ်-အစ္စရေးစစ်ပွဲ (၁၉၆၇)

အတွင်း အစ္စရေးအား အာရပ်တို့ တိုက်ခိုက်ပုံကို

အားမရနိုင်၍ အာရပ်နိုင်ငံ အချို့အပေါ် စိတ်တိုင်းမကျ

ဖြစ်ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် အစ္စရေးနှင့် စစ်ဖြစ်စဉ်

အီဂျစ်တို့ ပြုမှုဆောင်ရွက်ပုံကို ပြင်းထန်စွာ ရှုတ်ချ

ဝေဖန်သည်။ အီဂျစ်ကလည်း ကဒတ်ဖီအား ၁၉၇၄ ခုနှစ်

အတွင်း သမ္မတ ဆဒတ်ထံမှ အာဏာလုမည့်သူများကို

ငွေကြေးထောက်ပံ့သည့်သူဟု စွပ်စွဲကာ ဗလောင်းဗလဲသမားဟု

ပြန်စွပ်စွဲသည်။ ၁၉၇၅ ခုနှစ် နွေရာသီအထိ ကဒတ်ဖီနှင့်

ဆဒတ်တို့သည် တစ်ယောက်တစ်ပြန် ပုတ်ခတ်နေကြသည်။

ဆဒတ်နှင့် ကဒတ်ဖီမှာ ၁၉၇၇ ခုနှစ် ကုန်ချိန်အထိလည်း

ဆန့်ကျင်ဖက်သာ ဖြစ်နေသေးသည်။

ကဒတ်ဖီသည် နိုင်ငံရေးက အနားယူမည်ဟု

မကြာခဏ ပြောခဲ့ပြီးနောက် ၁၉၇၄ ခုနှစ် ဧပြီလတွင်

ပြည်တွင်း နိုင်ငံရေး အာဏာများကို အဗ္ဗဒူဆလန်ဂျာလွတ်

လက်သို့ လွှဲအပ်သည်။ သို့ရာတွင် နိုင်ငံရေးရာတွင်

ကဒတ်ဖီပင် ဆက်လက် တာဝန်ယူနေရသည်။

ကဒတ်ဖီ၏ အမျိုးသမီးများသာပါဝင်သည့် ကိုယ်ရံတော်တပ်ဖွဲ့နှင့်သော်လည်းကောင်း လော်ကာဘီအကြမ်းဖက်မှု(လေယဉ်ဗုံးထောင်ဖောက်ခွဲမှု)အား ကြိုးကိုင်သူအဖြစ်နှင့်လည်းကောင်း ကြော်ကြားသေးသည်။ ၂၀၀၀ခုနှစ်များအစောပိုင်းက ကဒတ်ဖီသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပြေလည်ပြေပြစ်လာစေရန် အားထုပ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရခဲ့ပေသည်။၂၀၁၁ နှစ်ဦးပိုင်းတွင် စတင်ခဲ့သည့် အာရပ်လူထု အုံကြွမှုကြီးတွင် လစ်ဗျားနိုင်ငံ ပါဝင်ပြီးသည့် အချိန်ဝယ် ကဒတ်ဖီမှာ ဆန့်ကျင်သူများ၏ တိုက်ခိုက်မှုကြောင့် အသက်လု၍ ပြေးနေခဲ့ရသည်။ ၂၀၁၁ အောက်တိုဘာ ၂၀ တွင် တော်လှန်ရေးအင်အားစုများ၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သည်။

မော်ရိုကိုနိုင်ငံ

မော်ရိုကိုနိုင်ငံ၏ တရားဝင်အမည်မှာ ကင်းဒမ်းအော့ဖ် မော်ရိုကို ဖြစ်ပြီး အာဖရိကမြောက်ပိုင်းတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လူဦးရေ ၃၆ သန်းကျော် ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၇၁၀,၈၅၀ ကီလိုမီတာရှိသည်။ အနောက်ဆဟာရရှိ အငြင်းပွားနေဆဲ နယ်မြေကိုလည်း မော်ရိုကိုမှပင် အုပ်ချုပ်သည်။ တူနီးရှားနိုင်ငံ၊ အယ်လ်ဂျီးရီးယားနိုင်ငံ၊ မော်ရီတေးနီးယားနိုင်ငံ နှင့် လစ်ဗျားနိုင်ငံတို့ ပါဝင်သော မာဂရက်ဘ် ဒေသ၏ တစိတ်တပိုင်းဖြစ်ပြီး ထိုနိုင်ငံများနှင့် ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ဘာသာစကား ဆက်နွယ်ပတ်သက်နေမှုများ ရှိသည်။

မော်ရိုကိုနိုင်ငံသည် အာဖရိကတိုက် အနောက် မြောက်ဖက်တွင် တည်ရှိ၍ စူလတန်ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်၏၊ များမကြာမီ နှစ်များကမှ အချုပ်အခြာအာဏာကို ပြန်လည်ရရှိခဲ့လေသည်။ မော်ရိုကို နိုင်ငံကို အာရဗီဘာသာဖြင့် အယ်လမာဂရစ်အယ်လတ်ကဆားဟူ၍ ခေါ်ကာ အနောက်အစွန်းဖျားဟု အဓိပ္ပါယ်ရသည်။ မော်ရိုကိုနိုင်ငံသည် ဥရောပတိုက်နှင့် အလွန်နီးကပ်သည်။မော်ရိုကိုနိုင်ငံ၏ မြောက်ဖက်

ထိပ်ဖျားသည် စပိန်နိုင်ငံနှင့် ၉ မိုင် မျှသာ ရေလက်ကြားဖြင့် ခြားလျက်ရှိပေသည်။ နယ်နိမိတ်အားဖြင့်သော်ကား မော်ရိုကိုနိုင်ငံသည် မြောက်ဖက်တွင် မြေထဲပင်လယ်ဖြင့်လည်းကောင်း၊ အရှေ့နှင့် တောင်ဖက်တွင် အယ်လဂျီးရီးယားနိုင်ငံဖြင့် လည်းကောင်း၊ အနောက်တောင်ဖက်တွင် ရီအိုသေအိုးရိုဒေသဖြင့်လည်းကောင်း၊ အနောက်ဖက်တွင် အတ္တလန္တိတ် သမုဒ္ဒရာဖြင့်လည်းကောင်း ပတ်ရံလျက်ရှိ၏။ မော်ရိုကိုနိုင်ငံ၏ မြို့တော်မှာ ရာဗတ်မြို့ဖြစ်၏။ အခြားမြို့ကြီးများကား တေတွန်း၊ တန်ဂျီးယား၊ ကာဆာဗလန်ကာ၊ ဖက်ဇ၊ မက်ကနက်၊ ဆာဖီ၊

ဥဂျဒါအစရှိသည်တို့ဖြစ်၏။ မော်ရိုကို နိုင်ငံသည် အချက်အခြာနေရာတွင် တည်ရှိခြင်းကြောင့် ကမ္ဘာတွင် အရေးပါအရာ ရောက်လေသည်။

မြေမျက်နှာပြင်အားဖြင့် မော်ရိုကိုနိုင်ငံသည် တောင်ထူထပ်သည်။ အတ္တလတ်တောင်တန်းသည် အနောက်ဖက်မှ အရှေ့ဖက်သို့ သွယ်တန်းလျက်ရှိ၏။ ထိုပြင် မြေထဲပင်လယ်ကမ်းခြေနှင့် အနည်းငယ်သာ ကွာဝေးသော အတွင်းဖက်၌ အခြားတောင်တန်းတစ်ခု ရှိသေးသည်။ ဤတောင်တန်းကြီးနှစ်ခု စပ်ကြား အတ္တလန္တိတ် ကမ်းခြေတွင် မြေဩဇာကောင်းသည့် မြေပြန့်ရှိ၍ ယင်းမြေပြန့်မှာ အချို့ နေရာများတွင် တောင်

ကြားများဖြင့် ဖြတ်လျက်ရှိ၏။ မော်ရိုကိုနိုင်ငံတွင် မြစ်ပေါများသော်လည်း တောင်ဖက်သို့ စီးဝင်ရာ၌ သဲကန္တာရ ရှိသောကြောင့် ခန်းခြောက်သွားသဖြင့် မြစ်များမှာ တို၏။

ထင်ရှားသည့် မြစ်များကား မြောက်ဖက်တွင်မူးလူးယာဖြစ်၍ အခြားမြစ်တို့ကား ဂါးဂစ်နှင့် ဂရာတို့ဖြစ်၏။ ယင်းမြစ်တို့သည် နွေရာသီတွင် လုံးဝဆိုသလို ခန်းခြောက်ကုန်၏။ အင်းအိုင်များလည်း နွေရာသီတွင် ခန်းခြောက်ကုန်၏။ ကောက်ပင်များကို ခန်းသွားသော အင်းအိုင်များတွင် စိုက်ပျိုးကြသည်။

အတ္တလတ်တောင်တန်း၏ အနောက်ဖက်ရှိ ဒေသ၌ အသင့် အတင့် သာယာသော ရာသီ ဥတုရှိ၏။ တစ်နှစ်ပတ်လုံး ပင်လယ်မှ လေပြည်များ တိုက်ခတ်သဖြင့် အအေးဓာတ်ရသည်။ အရှေ့ဖက်ကုန်းလျှောသည် အေးမြ၍ ဆောင်းရာသီတွင် ပြင်းပြင်းထန်ထန် အေးသည်။ သို့သော် မြေပြန့်

ဒေသနှင့် သဲကန္တာရဖြစ်သော အပိုင်းသည် နွေရာသီတွင် မခံမရပ်နိုင်အောင် ပူပြင်းသည်။

မြို့ကြီး ပြကြီးများတွင် ခေတ်မှီ တိုးတက်လျက်ရှိသော်လည်း မော်ရိုကိုနိုင်ငံတွင် နေထိုင်သူအများမှာ စရိုက်အားဖြင့် ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်း ဖြစ်သော ဗာဗာလူမျိုးစု ဖြစ်၏။ မြေပြန့်ပိုင်းနှင့် သဲကန္တာရပိုင်းတွင် အာရပ်နှင့် မူးဝါးလူမျိုးတို့ နေထိုင်ကြ

သည်။ ဥရောပတိုက်သားတို့၏ အုပ်ထိန်းခြင်း ခံခဲ့ရသည့် ဒေသဖြစ်သည့် အလျောက် ဥရောပတိုက်သား ဦးရေလည်း အသင့် အတင့်ရှိသည်။ မော်ရိုကိုနိုင်ငံ၏ အယူဝါဒမှာ အစ္စလာမ်အယူဝါဒဖြစ်၏။ မော်ရိုကိုနိုင်ငံရှိ အချို့မြို့များတွင် ဂျူးလူမျိုးများရှိသည်။

မြို့ကြီးများမှအပ မော်ရိုကိုနိုင်ငံတွင် နေထိုင်သူတို့မှာ သိုးထိန်း၊ နွားထိန်းတို့ ဖြစ်လျက် သိုးမွေး၊ ဆိတ်မွေး၊ လျှော်ပင်များဖြင့် ရက်လုပ်ထားသော တဲများတွင် နေထိုင်ကြသည်။ လယ်သမားတို့သည် ရွှံ့ဖြင့် ပြုလုပ်သော အိမ်များတွင် နေထိုင်ကြ၏။

သို့အားဖြင့် လယ်ယာစိုက်ပျိုးရေးသည် အရေးပါသော လုပ်ငန်းဖြစ်၍ ထွက်ကုန်ပစ္စည်းတို့ကား သံလွင်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ စွန်ပလွံသီးစသော အသီးများ၊ ဂျုံ၊ မုယော စပါးတို့ဖြစ်ကာ ဗာဒမ်သီးလည်း အမြောက်အမြား ထွက်၏။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းလည်း တိုးတက်လျက်ရှိ၏။ ကမ်းခြေဖက်တွင် တံငါလုပ်ငန်းကို လုပ်ကိုင်လေရာ ဆာဖီမြို့သည် ဆာဒင်းငါး အများဆုံးထွက်ရာ ဆိပ်ကမ်းဖြစ်ပေသည်။ အတ္တလတ်တောင်၏ အလယ်ပိုင်းရှိ မြေပြန့်တွင် ဆည်မြောင်းများနှင့် ရေအားသုံးလျှပ်စစ်ဓာတ်

လုပ်ငန်းများကြောင့် လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်လျက်ရှိ၏။

လယ်ယာ စိုက်ပျိုးရေးအပြင် ယခုအခါ မြေပြန့်ဒေသတွင် စက်ရုံများ ပေါ်ထွန်းလျက်ရှိကာ ယင်းစက်ရုံများမှ ဓာတ်သတ္ထုများ၊ အထည်အလိပ်များ၊ စည်သွတ်အစားအစာများ အစရှိသည်တို့ ထွက်သည်၊ မော်ရိုကိုနိုင်ငံမှ သားရေပစ္စည်းများသည် ကမ္ဘာတွင် ထင်ရှားပေသည်။ မော်ရိုကိုနိုင်ငံမှ ထွက်သော ဓာတ်သတ္တုတို့ကား ဖော့စဖိတ်၊ အန်သရာစိုက် ကျောက်မီးသွေး၊ သံ၊ ကိုဗော့၊ မန်ဂနိ၊ မိုလစ်ဒီနမ်၊ ကြေးနီ၊

သံဖြူ၊ ခဲ၊ သွပ် တို့ဖြစ်၍ သစ်တောထွက် ပစ္စည်းတို့မှာ ဖော့၊ အိမ် ဆောက်လုပ်ရန် သစ်များနှင့် အိမ်ထောင် ပရိဘောဂ အတွက် သစ်တို့ဖြစ်၏။

မော်ရိုကိုနိုင်ငံ၏ သမိုင်းကို ပြန်လည်သုံးသပ်လျှင် မော်ရိုကိုနိုင်ငံသည် ရှေးရောမ အင်ပိုင်ယာ လက်အောက်ခံ မော်ရီတေးနီယားတွင် ပါဝင်ခဲ့သော နယ်တစ်ခုဖြစ်၏။

ရောမအင်ပိုင်ယာ ပြိုကွဲပြီးသည့်နောက်တွင် တိုင်းပြည် ဖရိုဖရဲဖြစ်ကာ ကြမ်းတမ်းသော ဘုရင်အသီးအသီး၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ခရစ် ၆ဝဝ ပြည့်နှစ် လောက်တွင် အာရပ်လူမျိုးတို့ ချဉ်းနင်းဝင်ရောက်လာကာအစ္စလာမ် အယူဝါဒကို သွတ်သွင်း ဖြန့်ချိ၏။ စပိန်နိုင်ငံကို

မွတ်စလင်တို့ ဝင်ရောက် တိုက်ခိုက်အောင်မြင်သည့် အရေးအခင်းတွင် မော်ရိုကိုလည်း ပါဝင်ခဲ့လေသည်။ စပိန်နိုင်ငံမှ နှင်ထုတ်ခြင်းခံရသော မူးဝါးလူမျိုးတို့သည် မော်ရိုကိုတွင် အခြေစိုက်နေထိုင်ကြ၏။ ယင်းအချိန်နောက်ပိုင်းတွင် မော်ရိုကိုသည် အတော်အတန် အရေးပါသော တိုင်းပြည်တစ်ခု ဖြစ်လာသည်။ ၁၈ဝ၂ ခုနှစ်တွင် မော်ရိုကိုပြည်သည် ပင်လယ်ဓားပြများအရေးနှင့် စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့်

ဆက်ဆံရေး မသင့် ဖြစ်ခဲ့၏။ ၁၈၁၄ ခုနှစ်မှအစပြု၍မူ မော်ရိုကိုပြည်သည် ဥရောပနိုင်ငံများနှင့် အဆက်အသွယ် ပို၍ ကောင်းလာ၏။ သို့သော် ၁၈၅၉ ခုနှစ်တွင် စပိန်နိုင်ငံနှင့် စစ်ဖြစ်ပွားသည်တွင် စပိန်နိုင်ငံကအနိုင်ရသဖြင့် မော်ရိုကိုက လျော်ကြေးအဖြစ် ဒေါ်လာပေါင်း နှစ်ကုဋေကို စပိန်နိုင်ငံသို့ပေးရ၏။ ၁၈ ရာစုနှစ်နောက်ပိုင်းနှင့် ၁၉ ရာစုနှစ်ဦးပိုင်း အတောအတွင်းက ဥရောပနိုင်ငံကြီးများသည် မိုရော့ကိုပြည်၌

မည်သူက ပို၍ အခွင့်အသာယူကာ ကြိုးကိုင်သင့်ကြောင်းဖြင့် အချင်း များခဲ့ကြ၏။ ၁၉ဝ၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ နှစ်ဦးသဘောတူညီချက်အရ ပြင်သစ်နိုင်ငံသည် မော်ရိုကိုပြည်တွင်ကြီးစိုး ကြိုးကိုင် နိုင်ခဲ့သည်။ ဂျာမနီနိုင်ငံသည် မော်ရိုကိုပြည်၏ ကုန်သွယ်မှု ၅ ပုံတစ်ပုံခန်းကိုချုပ်ကိုင်ထားရကား ကန့်ကွက်သော်လည်း ဗြိတိန်နှင့် ပြင်သစ်တို့က ပို၍ အင်အားတောင့်သဖြင့် အရာမရောက်ခဲ့ပေ။ ၁၉၁၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် စူလတန်ဘုရင် နှင့်လည်းကောင်း၊ စပိန်နှင့်လည်းကောင်း သဘောတူညီချက် စာချုပ်များ ချုပ်ဆိုကာ မိုရော့ကိုတွင် ပြင်သစ်အုပ်ထိန်းခံနယ်နှင့် စပိန်အုပ်ထန်းခံနယ်များကို ခွဲခြားသတ်မှတ်လေသည်။

သို့အားဖြင့် မော်ရိုကိုသည် အချုပ်အခြာ အာဏာကို ဆုံးရှုံးရလေသည်။ လွတ်လပ်ရေး မရမီက မော်ရိုကိုပြည်ကို စူလတန်ဘုရင် အုပ်စိုးသည်ဟု ဆိုရငြားလည်း တကယ်တမ်း အာဏာပိုင်သည်ကားမဟုတ်ပေ။ အယူဝါဒရေးဆိုင်ရာတွင် အထွတ်အထိပ်အာဏာပိုင်သောကြောင့်သာလျှင် သူ၏တိုင်းပြည် တွင် အာဏာ လွှမ်းမိုးနေခြင်း ဖြစ်၏။ ပြင်သစ်နယ်တွင် ပြင်သစ်ကိုယ်စားလှယ်တော်သည် နိုင်ငံခြား ဆက်သွယ်ရေးကို

ကြိုးကိုင်၏။ စပိန်နယ်တွင်လည်း စပိန်အစိုးရ ကိုယ်စားလှယ် အဖြစ် ကယ်လီဖာတစ်ဦးကို ထားရာ၌ မိမိအလိုရှိသူကို ရွေးပိုင်ခွင့် ရှိသည်ဟု ဆိုရသော်လည်း စပိန်အစိုးရတင်ပြသော ကယ်လီဖာနှစ်ဦးအနက် တစ်ဦးကိုရွေးချယ်ရခြင်းဖြစ်၏။

စင်စစ်မူကား စပိန်နယ်တွင် စပိန်ဝန်ရှင်တော်မင်းကြီးကသာလျှင် လွှမ်းမိုးအုပ်ချုပ်နေခဲ့လေသည်။ ဤသို့ မော်ရိုကိုတွင် မျက်နှာဖြူ တိုင်းတစ်ပါးသားတို့ လာရောက်ခြယ်လှယ်နိုင်သည်မှာ စူလတန်ဘုရင်နှင့်လက်အောက်ခံများ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့်ဟု ဆိုရပေမည်။ ၁၉၂၂ ခုနှစ်တွင် ရစ်ဖီယန် လူမျိုးစုတို့က မျက်နှာဖြူအစိုးရကို တော်လှန်ပုန်ကန်သော်လည်း မအောင်မြင်ဘဲ ခေါင်းဆောင်ဖြစ်သူ အဗ္ဗဒယ်ကာရင်သာလျှင် ပြည်နှင်ဒဏ် ခံခဲ့ရ၏။ ၁၉၂၃ ခုနှစ်တွင် ဂရိတ်ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သည် တန်ဂျီးယားကို အပြည်ပြည်ဆိုင်ရာ

နယ်အဖြစ် သဘောတူ သတ်မှတ်ကြလေသည်။

၁၉၄၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဗြိတိသျှနှင့် အမေရိကန်ခေါင်းဆောင်သော တပ်များသည် မော်ရိုကိုပြည်သို့ အတ္တလန္တိတ်ကမ်းခြေဖက်မှ တက်ရောက်ခဲ့၏။ အမေရိကန်တပ်များသည် မော်ရိုကိုပြည်ကို ကောင်းမွန်စွာ ထိန်းသိမ်းခဲ့လေသည်။ ယင်းသည့်နောက်တွင် မော်ရိုကို

ပြည်သည် အာဖရိကတိုက်၌ မဟာမိတ်တို့၏ အခြေခံစခန်း ဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ပြင်သစ် နိုင်ငံ၏ အခြေခံ ဥပဒေအရ မော်ရိုကိုသည် ပြင်သစ် ပြည်ထောင်စုတွင် ပါဝင်သော အဖွဲ့ဝင် ပြည်တစ်ခု ဖြစ်လာ၏။ အမေရိကန် ပြည်ထောင်စုနှင့် ပြင်သစ် နိုင်ငံတို့သည် ဥရောပတိုက်

အနောက်ဖက် ကာကွယ်ရေးအတွက် လေတပ်စခန်းများကို မော်ရိုကိုတွင် တည်ဆောက်ရန် ၁၉၅၁ ခုနှစ်တွင် သဘောတူကြလေသည်။

ပြင်သစ်အုပ်ထိန်းခံ မော်ရိုကိုပြည်သည် ပြင်သစ်တို့ လက်အောက်တွင် မငြိမ်မသက်ဖြစ်ကာ အစဉ်လိုပင် ပုန်ကန်ထကြွမှုများ ပေါ်ပေါက်ခဲ့ပေသည်။ ၁၉၅၃ ခုနှစ်တွင် ပြင်သစ်တို့သည် စူလတန် ဘုရင် ဆီဒီ ဗင်ယူဆွတ်ကို နယ်နှင်လိုက်လေည်။ သူ၏ နေရာတွင် သူ၏ ဦးရီးတော် မဟာမက်ဗင် အာရာဖာကို နန်းတင်သည်။ ဦးရီးတော်မှာ ပြင်သစ်တို့ကို လိုလားသူဖြစ်၏။ ထိုအချိန်မှစ၍ တိုင်းပြည်တွင် ဆူပူထကြွမှုများ ပေါ်ပေါက်လာပြန်၏။ မော်ရိုကိုမျိုးချစ်အဖွဲ့က လွတ်လပ်ရေးပေးရန်နှင့် စူလတန်ဘုရင် ဟောင်းကို ပြန်လည်နန်းတင်ရန် တောင်းဆိုကြလေသည်။

ဤသို့ ဆန္ဒပြပွဲများ အဓိကရုဏ်းများတွင် တိုင်းသူ ပြည်သားထောင်ပေါင်းများစွာ သေကြေကြရလေသည်။ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြင်သစ်တို့သည် စူလတန်ဘုရင်ဟောင်းကို ပြန်လည်နန်းတင်၏။ စူလတန်ဘုရင်သည်စီ အင်ဗာရက်ဗက်ကိုင်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲရန်လည်းကောင်း၊ ဒီမိုကရေစီ အစိုးရအဖွဲ့ကို ဖွဲ့စည်းရန်လည်းကောင်း

အာဏာနှင်းအပ်လေသည်။ ပြင်သစ်အစိုးရ ကိုယ်စား လှယ်တော်သည် မော်ရိုကိုတွင် လွတ်လပ်သော နိုင်ငံဖြစ်သည့် အချိန်အထိ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်၏။ မော်ရိုကိုသည် ၁၉၅၆ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အချုပ်အချာအာဏာပိုင်လွတ်လပ်သော မော်ရိုကိုနိုင်ငံအဖြစ်သို့ ရောက်ရှိ

သည်။ စပိန်အစိုးရသည်လည်း ပြင်သစ်တို့၏ လမ်းစဉ်ကို လိုက်လျက် စပိန်အုပ်ထိန်းနယ်ကို ၁၉၅၆ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် လက်လွှတ်လိုက်လေသည်။ ဆီဒီ ဗင်ယူဆွတ်သည် ပဉ္စမ မဟာမက် ဘုရင်အဖြစ် နန်းတက်သည်။ ဘုရင်သည် တန်ဂျီးယားနယ်ကို မိုရော့ကိုပိုင်နယ်အဖြစ် ပြန်လည် တောင်းခံယူလျက် ယင်းဒေသတွင် ဘုရင်ခံတစ်ဦးကို ခန့်အပ်လေသည်။ မိုရော့ကို နိုင်ငံသည် ၁၉၅၇ ခုနှစ်တွင်

ကုလသမဂ္ဂတွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ဝင်ရောက်သည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မဟာမက်ဘုရင် နတ်ရွာစံသဖြင့် အိမ်ရှေ့နန်းလျာ မူလေဟာဆန်က ထီးနန်း ဆက်ခံ လေသည်။

မော်လတာနိုင်ငံ

မော်လတာနိုင်ငံ၏ တရားဝင်အမည်မှာ မော်လတာ သမ္မတနိုင်ငံဖြစ်ပြီး တောင်ဥရောပတွင် တည်ရှိသော နိုင်ငံဖြစ်သည်။ မြေထဲပင်လယ် အတွင်းရှိ ကျွန်းစုတစ်ခု ပေါ်တွင် တည်ရှိပြီး စစ္စလီကျွန်း၏ တောင်ဘက် ၉၃ ကီလိုမီတာ၊ တူနီးရှားနိုင်ငံ၏ အရှေ့ဘက် ၂၈၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အနောက်ဘက် ၁၈၂၆ ကီလိုမီတာ အကွာတွင် ရှိပြီး အလက်ဇန္ဒရီးယားမြို့မှာ အရှေ့ဘက် ၁၅၁၀ ကီလိုမီတာ အကွာတွင် ရှိသည်။

မော်လတာနိုင်ငံသည် စတုရန်းကီလိုမီတာ ၃၀၀ မျှသာရှိသဖြင့် ကမ္ဘာပေါ်တွင် အငယ်ဆုံးနှင့် လူဦးရေ အထူထပ်ဆုံး နိုင်ငံများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ မြို့တော်မှာ ဗယ်လက်တာမြို့ ဖြစ်ပြီး အကြီးဆုံးမြို့မှာ ဘာကာကရာမြို့ ဖြစ်သည်။ ပင်မကျွန်းပေါ်တွင် မြို့ငယ်ပေါင်း မြောက်များစွာ ရှိပြီး ၎င်းတို့အားလုံး စုပေါင်း၍ မြို့ပြ ဧရိယာကြီး တစ်ခု အဖြစ် တည်ရှိသည်။ ယူရိုစတက် စာရင်းအရ ထိုနေရာတွင် လူဦးရေ ၃၆၈,၂၅၀ ရှိပြီး နိုင်ငံအတွင်းရှိ လူဦးရေ၏ အများစု ဖြစ်သည်။ နိုင်ငံအတွင်း မော်လတိစ် နှင့် အင်္ဂလိပ်ဘာသာ နှစ်ဘာသာကို ရုံးသုံးဘာသာစကား အဖြစ် သုံးစွဲကြပြီး မော်လတိစ်ကို အမျိုးသား ဘာသာစကား အဖြစ် မှတ်ယူကြသည်။

မြေထဲပင်လယ်

မြေထဲပင်လယ် သည် အတ္တလန္တိတ်သမုဒ္ဒရာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ကုန်းတွင်းပိတ်လုနီးပါး ဖြစ်သည်။ မြောက်ဘက်တွင် ဥရောပ ၊ တောင်ဘက်တွင် အာဖရိက ၊ အရှေ့ဘက်တွင် အာရှတိုက်တို့ဖြင့် ဝန်းရံလျက် ရှိသည်။ အကျယ်အဝန်းအားဖြင့် ၉၆၅၀၀၀ စတုရန်းမိုင်ခန့် ရှိပြီး အတ္တလန္တိတ် သမုဒ္ဒရာနှင့် ဆက်သည့် ဂျီဘရော်လ်တာ ရေလက်ကြားသည် ၁၄ ကီလိုမီတာ (၉ မိုင်) သာ ကျယ်ဝန်းသည်။

ဥရောပ၊ အာရှနှင့် အာဖရိကတိုက်ကြီး ၃ တိုက်အကြား

တွင် တည်ရှိသည် မြေထဲပင်လယ်သည်ကား ရှေးပဝေဏီမှ

စ၍ ကမ္ဘာ့သမိုင်းတွင် ကျော်စော ထင်ရှားခဲ့သော

ပင်လယ်ကြီး ဖြစ်သည်။ ထိုပင်လယ်ကို ဝန်းရံ

လျက်ရှိသည့် အီတလီ ၊ ဂရိ၊ ပယ်လက်စတိုင်း၊

အီဂျစ်စသော တိုင်းပြည်များတွင် ရှေးအကျဆုံး

ယဉ်ကျေးမှုများ စတင်ပေါ်ပေါက်ခဲ့သည်။ ယခုအချိန်၌

လည်း မြေထဲပင်လယ်သည်ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး

ကိစ္စများ၌လည်းလည်းကောင်း၊ လမ်းပန်းအဆက်အသွယ်

ကိစ္စများ၌လည်းကောင်း၊ စစ်မက်ရေးရာ၌လည်းကောင်း

အချက်အခြာဒေသ ဖြစ်လျက်ပင်ရှိသည်။

မြေထဲပင်လယ် ဟူသော ပညတ်နှင့်အညီ ဤပင်လယ်

သည် ကုန်းများ ဝန်းရံပတ်ထားလျက်ရှိသောကြောင့်

ရေအိုင်ကြီးနှင့်တူသော ပင်လယ်ဖြစ်သည် မြေထဲပင်လယ်

ကို အရှေ့ဖက်တွင် ဥရောပတိုက် ၊ တောင်ဖက်တွင်

အာဖရိကတိုက်တို့ ဝန်းရံလျက်ရှိသည်။

မြေထဲပင်လယ်သည် ၁၂ မိုင်မျှသာ ကျယ်သော ဂျီဗရော

တား ရေလက်ကြားအားဖြင့် အတ္တလန္တိတ် သမုဒ္ဒရာနှင့်

ဆက်လျက် ရှိသည်။

ဆူးအက်တူးမြောင်းသည် မြေထဲပင်လယ်ကို ပင်လယ်နီ၊

အာရေဗျပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာတို့နှင့် ဆက်မိစေသည်။

မြေထဲပင်လယ်၌ ရေလက်တက်ကြီး အများအပြားပင်

ရှိလေရာ၊ အချို့မှာ ပင်လယ်ငယ်များ အနေနှင့်ပင်တည်ရှိ

သည်။ ယင်းပင်လယ်ငယ်များမှာကား အီတလီနိုင်ငံကို

ဝန်းရံလျက်ရှိသော တစ်ရီးနီးယန်း၊ အေဒြီယက်တစ်နှင့်

အိုင်အိုးနီးယန်းပင်လယ်များ၊ ဂရိနိုင်ငံအရှေ့ဖက်တွင်ရှိသော

အီးဂျီးယန်းပင်လယ်၊ ဆိုဗီယက် ပြည်ထောင်စု၏

တောာင်ဖက်တွင်ရှိသော ပင်လယ်နက် အစရှိသည်

တို့ဖြစ်၏။ယင်းလက်တက်ကြီးများအားလုံးကိုပါ စုပေါင်း၍

ရေတွက်သော် မြေထဲပင်လယ်၏ အကျယ်အဝန်းမှာ

စတုရန်းမိုင် ၁,၁၄၅,၁ဝဝ ခန့်ရှိပေသည်။

မြေထပင်လယ်ကို အကြမ်းအားဖြင့် အီတလီကျွန်းဆွယ်က

နှစ်ပိုင်း ခွဲခြားထားသကဲ့သို့ ရှိ၏။ ဤသို့ ခွဲခြားလိုက်သော

အခါမြေထဲပင်လယ်မှာ အရှေ့ဖက်ခြမ်း အနောက်ဖက်ခြမ်း

ဟူ၍ ဖြစ်လာပြီးလျှင် အရှေ့ဖက်ခြမ်း၌ ရေသည်ပို၍ နက်

လေသည်။ ပေ ၁၄,ဝဝဝကျော်မျှ အစောက်ရှိ၏။

အနောက်ဖက် ခြမ်းသည်ကား အနက်ဆုံးတွင်

ပေ ၁၂,ဝဝဝ ကျော်သာ ရှိသည်။ မြေထဲပင်လယ်ရှိ

ရေတွင်စပန်းခေါ် ပင်လယ်ရေမြုပ် အလွန်ပေါများသည်။

ဤပင်လယ်၌ ငါးအမျိုးပေါင်း ၄ဝဝ ကျော် ကျက်စား

သည်ဖြစ်ရာ အခြား ပင်လယ်များထက် ငါးမျိုးပေါင်း စုံလေသည်။

ထိုပြင် ဤပင်လယ်တွင်း၌ ကျွန်း အမြောက်အမြား ရှိလျက်

အရေးပါ အရာရောက်ဆုံးတို့မှာကော်စီကား၊ ဆာဒင်းနီးယား၊

ကရိနှင့် ဆိုင်းပရပ်ကျွန်းတို့ ဖြစ်၍ သမိုင်းအရ ထင်ရှားလှပေသည်။

အီတလီနိုင်ငံမှ အီဗရိုမြစ်၊ ပိုမြစ်တို့သညလည်းကောင်း၊

ပြင်သစ်နိုင်ငံမှ ရုန်းမြစ်သည်လည်းကောင်း၊ အာဖရိကတိုက်မှ

နိုင်းမြစ်သည်လည်းကောင်း ဤမြေထဲပင်လယ်ထဲသို့စီးဝင်ကြသည်။

သို့ရာတွင် ထိုသို့ မြစ်အနည်းငယ်မှ စီးဝင်လာသောရေထက် ပို၍

ရေခိုးရေငွေ့အဖြစ်ဖြင့် ရေကိုစွန့်လွှတ်ရသောကြောင့်မြေထဲပင်လယ်

သည် အကယ်၍သာ အတ္တလန္တိတ် သမုဒ္ဒရာနှင့် ဆက်စပ်လျက်

မရှိပါက ဆားအိုင်ကြီးတစ်ခု ဖြစ်သွားရန်ပင် အကြောင်း

ရှိလေသည်။

မြေထဲပင်လယ်သည် ပတ်ဝန်းကျင်ရှိ ကုန်းမြေဒေသတို့ကို ရာသီဥတု

အားဖြင့် ထူးခြားစေသည်။ မြေထဲပင်လယ် ရာသီဥတု

ခေါ်သော ရာသီဥတုမျိုးကို ဖြစ်ပေါ်စေသည်။ ယင်းရာသီဥတုမျိုးမှာ

ဆောင်အခါနွေး၍ စွတ်စိုလျက်၊ နွေအခါပူ၍ ခြောက်သွေ့ပြီးလျှင်

ဆောင်းကူး၊ ဆောင်းနှင့် နွေကူးရာသီများတွင် မိုးရွာသည်။

စပျစ်သီး၊ လိမ်မော်သီး၊ မက်မွန်သီး၊ တည်သီးအစရှိသော အသီး

များသည်ဤကဲ့သို့သော ရာသီဥတုမျိုးကို နှစ်သက်သည်။ မြေထဲ

ပင်လယ်ကို ပတ်ရံလျက်ရှိသော ကုန်းမြေများသည် တောင်ထူထပ်

သည်။ သို့အားဖြင့် ပြာလဲ့သော ပင်လယ်ရေပြင်ကို နောက်ခံလျက်

ရှိသောကြောင့် သဘာဝရှုခင်း လှပသဖြင့် ထင်ရှားပေသည်။

မြေထဲပင်လယ်၏ သမိုင်းကို သုံးသပ်ရသော် မြေထဲပင်လယ်တွင်

ဦးစွာကျက်စားသော လူမျိုးမှာ ဖီနီရှန်တို့ ဖြစ်၏။ ဖီနီရှန်

လူမျိုးတို့သည် မြေထဲပင်လယ် တစ်လျှောက် ဂျီဗရောတား

ရေလက်ကြားတိုင်အောင် သွားသောဟူ၏။ ထိုဒေသသို့ ရောက်

လေသော်ကျောက်ဆောင်များပေါ်တွင် 'တိုး၍ မသွားရ' ဟူ၍

အဓိပ္ပါယ်ရသော စာတမ်းထိုးထားသည်ကို တွေ့ရသောဟူ၏။

သို့ရာတွင် ရဲရင့်လှသော ဖီနီရှန်လူမျိုးတို့သည်

အတ္တလန္တိတ်သမုဒ္ဒရာ တွင်းသို့ ဆက်လက်သွားကြ၏။

ဂရိ၊ ရောမနှင့် ကားသေ့လူမျိုးတို့သည် ဖီနီရှန်လူမျိုးတို့ သွားရာ

ခရီးကြောင်းအတိုင်း သွားကြသည်။ သို့ဖြင့် မြေထဲပင်

လယ်သည် ကမ္ဘာတွင် အရေးပါသော ရေကြောင်းဖြစ်လာသည်။

ဝင်ပေါက်မှာ ဂျီဗရောတား ဖြစ်၏။ ရောမနိုင်ငံ ကောင်းစားစဉ်က

မြေထဲပင်လယ်ကို ရောမလူမျိုးတို့ ကြီးစိုးခဲ့၏။ ခရစ် ၁၉၃ဝ ပြည့်

နှစ်တွင် အီတာလျံ လူမျိုးတို့သည် မြေထဲပင်လယ်ကို ကြီးစိုးရန်

ကြံစည်ခဲ့ကြသေးသည်။

ယဉ်ကျေးမှုသည် အနောက်ဖက်နှင့် မြောက်ဖက်သို့ ရွေ့သွားသော

အချိန်တွင် မြေထဲပင်လယ်သည် အရေးမပါလှဘဲ ရှိသွား

၏။ သို့သော် ၁၈၆၉ ခုနှစ်၌ ဆူးအက်တူးမြောင်းကို ဖောက်လုပ်

ပြီးစီးပြီးသည့် နောက်ပိုင်းတွင် ဥရောပတိုက် တောင်ပိုင်းနှင့် အာရှ

တိုက်တို့ ကူးလူးဆက်ဆံရာ အဓိက ရေကြောင်းလမ်း ဖြစ်လာသည်။

နှစ်စဉ်နှစ်တိုင်း သင်္ဘောရာပေါင်းများစွာတို့သည် ဆူးအက်တူးမြောင်းကို ကူးဖြတ်လေသည်။

ထိုကြောင့်ပင် ဥရောပ လက်နက်နိုင်ငံများသည် အာဖရိကမြောက်

ဖက်စွန်းရှိ ဂျီဗရောတားတွင် မိမိတို့ အခြေတောင့်အောင် စိုင်းပြင်း

ကြလျက် မြေထဲပင်လယ်တွင် ခြေကုတ်ရအောင် ကြိုးပမ်းကြသည်။

ပထမကမ္ဘာစစ်ကြီးအတွင်းက မြေထဲပင်လယ်သည် စစ်မျက်နှာတစ်ရပ်ဖြစ်ခဲ့၏။ ဒါးဒနဲ ရေလက်ကြားကို ရရှိနိုင်စိမ့်သော

ငှာ တိုက်ခိုက်သော ဂလစ်ပိုလီတိုက်ပွဲသည် ထင်ရှားပေသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စဉ်အခါကလည်း အောင်မြင်မှု ရနိုင်ရန်

မြေထဲပင်လယ်ကို ကြီးစိုးမှုသည် လိုအပ်သည်ဟု ယူဆ

ကြ၏။ ထိုအတွက်ကြောင့်ပင် မဟာမိတ်တို့၏ အဓိကရန်သူမှာ

နာဇီဂျာမနီ ဖြစ်သော်ငြားလည်း မိမိတို့၏ စစ်တပ်များကို အာဖရိက

မြောက်ပိုင်းနှင့် အီတလီနိုင်ငံတွင်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်လေသည်။

လစ်ဗျား ပြည်တွင်းစစ် (၂၀၁၁)

၂၀၁၁ လစ်ဗျား ဆန္ဒပြမှုသည် အာဖရိကတိုက် မြောက်ပိုင်းရှိ လစ်ဗျားနိုင်ငံတွင် ဖြစ်ပွားသည့် သမ္မတ မွမ်မွာ ကဒါဖီ (Muammar al-Gaddafi) နှင့် ၎င်း၏ အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြ လှုပ်ရှားမှု ဖြစ်သည်။ ဆူပူမှုများသည် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ခဲ့သည်။ ယခုတစ်ခေါက် ဆန္ဒပြမှုများသည် အီဂျစ်နိုင်ငံနှင့် တူနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူထုအုံကြွမှုများကြောင့် နိုးကြွလာပြီး လက်ရှိ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများနှင့် ဆက်နွယ်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြကြသည်။ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ဆန္ဒပြသူများသည် လစ်ဗျားနိုင်ငံ ဒုတိယ အကြီးဆုံးမြို့ ဘန်ဂါဇီကို ထိန်းချုပ်နိုင်ခဲ့ရာ အစိုးရက အထူးတပ်များ စေလွှတ်ကာ နှိမ်နင်းခဲ့သည်။ In Benghazi, during the course of four separate protests that took place on 20 February, more than 200 people have died. နယူးယောက် တိုင်းမ်စ် (New York Times) သတင်းစာက ယခုတစ်ခေါက်သည် လတ်တလော ဖြစ်ပွားသည့် အစိုးရ၏ တုံ့ပြန်မှုများအနက် သွေးထွက်သံယိုမှု အများဆုံးဟု ဆိုသည်။

လစ်ဗျားနိုင်ငံ

လစ်ဗျားနိုင်ငံ (တရားဝင် အမည်အားဖြင့် မဟာ ပြည်သူ့ ဆိုရှယ်လစ် လစ်ဗျား အာရပ်ဂျမာဟိရိယ နိုင်ငံ) သည် အာဖရိကမြောက်ပိုင်း မက်ရက်ဘ် ဒေသတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် မြေထဲပင်လယ် ရှိပြီး အရှေ့ဘက်တွင် အီဂျစ်နိုင်ငံ အရှေ့တောင်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် ချဒ်သမ္မတနိုင်ငံ နှင့် နိုင်ဂါနိုင်ငံ၊ အနောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် တူနီးရှားနိုင်ငံ တို့က ဝန်းရံထားကြသည်။

လစ်ဗျားနိုင်ငံသည် အာဖရိကတိုက်၏

မြောက်ဘက် ကမ်းခြေတစ်လျှောက်တွင် တည်ရှိသော

သမ္မတနိုင်ငံတစ်ခုဖြစ်၍ စတုရန်း မိုင်ပေါင်း ၆၇၉၄ဝဝ မျှ

ကျယ်ဝန်းသည်။ လစ်ဗျအာရပ်သမ္မတနိုင်ငံဟု တွင်၏။ လစ်ဗျနိုင်ငံတွင် ရှေးခေတ်ယဉ်ကျေးမှုများ

ထွန်းကားခဲ့သော နယ်ကြီးနှစ်နယ်အပါအဝင် ပြည်နယ်သုံးခု

ပါဝင်လေသည်။ ယင်းတို့မှာ အနောက်ပိုင်းတွင်း

ထရစ်ပိုလီတန်းနိယနယ်နှင့် အရှေ့ပိုင်းတွင် ဆိုင်ရီနေးက

နယ် (ယခုဗရကား)နှင့် ဖတ်ဇန်နယ်တို့ဖြစ်ကြ၏။

လစ်ဗျနိုင်ငံ၏ မြောက်ဘက်တွင် မြေထဲပင်လယ်၊

တောင်ဘက်တွင် ချဒ်သမ္မတနိုင်ငံနှင့် နိုင်ဂျာ

သမ္မတနိုင်ငံ၊ အရှေ့ဘက်တွင် ယူအေအာ (အီဂျစ်)နှင့်

ဆူဒန်နိုင်ငံ၊ အနောက်ဘက်တွင် အယ်လဂျီးရီးယားနှင့်

တျူနစ်ဇီးယားနိုင်ငံတို့ အသီးသီး တည်ရှိသည်။

လစ်ဗျနိုင်ငံသည် ရှေးပဝေဏီကာလကပင် ယဉ်ကျေးသောလူမျိုး

များ နေထိုင်ရာဒေသဖြစ်ခဲ့၏။ လစ်ဗျနယ် အနောက်ပိုင်းကို

ကားသေ့ပြည်သားတို့သည် ဦးစွာ၌ အုပ်စိုးခဲ့ကြဟန်

တူသည်။ တျူးနစ်ဇီယားနိုင်ငံ ကမ်းခြေပေါ်တွင်

ကားသေ့တို့၏ မြို့တော်ဟောင်းနေရာ အမှတ်အသားများကို

တွေ့ရှိရ၏။ ဘီစီခုနစ်ရာစုနှစ်တွင် ဂရိလူမျိုးတို့သည်

လစ်ဗျအရှေ့မြောက်ကမ်းခြေ၌ ဆိုရီနီးမြို့ကိုတည်ထောင်ကာ

ဆိုင်ရီနေးက နယ်သစ်ကိုဖွင့်လျက် ဂရိယဉ်ကျေးမှုကို

ဖြန့်ဖြူးပေးခဲ့ကြသည်။ ဘီစီလေးရာစုနှစ်က ထရစ်ပိုလီ

တန်းနိယနှင့် ဆိုင်ရီနေးကနယ် နှစ်နယ်စလုံးသည်

အီဂျစ်လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ကြ၍

နောင်အခါတွင် ရောမလူမျိုးတို့၏ လက်အောက်ခံ

နယ်ပယ်များဖြစ်လေသည်။ ရောမတို့သည် လစ်ဗျတွင် ခမ်းနား

သည့်မြို့ပေါင်းများစွာ တည်ထောင်ခဲ့၏။ ရောမခေတ်၌

ပွင့်သစ်စ ခရစ်ယာန်အယူဝါဒ ထွန်းကားခဲ့၏။

အေဒီ ငါးရာစုနှစ်အတွင်းတွင် တိုင်းပြည်တစ်ခုလုံးသည်

ဗင်းဒေါ လူမျိုးတို့၏လက်ထဲသို့ ကျရောက်၍ အေဒီ

ခုနစ်ရာစုနှစ် အတွင်းတွင်မူ အာရပ်လူမျိုးတို့၏

တိုက်ခိုက်သိမ်းယူခြင်းကို ခံခဲ့ရလေသည်။ အေဒီ ၁၅၁ဝ

ပြည့်နှစ်တွင် စပိန်ဘုရင် ဖာဒီနန်က အနောက်

မြောက်ပိုင်းရှိ ထရစ်ပိုလီမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့၍

၁၅၃ဝ ပြည့်နှစ်မှ ၁၅၅၁ ခုနှစ်အထိ စိန်ဂျွန်း

နိုက်သူရဲကောင်းအဖွဲ့က သိမ်းယူထားခဲ့လေသည်။

ထိုနောက်တွင်ကား တူရကီတို့လက်အောက်သို့

တစ်ဖန်ကျရောက်ခဲ့ပြန်ပြီးလျှင် ထရစ်ပိုလီမြို့လည်း

မကြာမီ ပင်လယ်ဓားပြများ ခိုအောင်းရာ

ဌာနတစ်ခု ဖြစ်လာလေတော့သည်။

၁၈၃၅ ခုနှစ်တွင် တူရကီတို့သည် တိုင်းပြည်ကို

ပို၍ဖိဖိစီးစီးအုပ်ချုပ်လာခဲ့ကြ၏။ သို့ရာတွင်

၁၉၁၁-၁၂ ခုနှစ်၌ အီတလီနှင့် စစ်ဖြစ်

ပွားခဲ့ပြီးနောက် ထိုနယ်ပယ်တစ်ခုလုံးကို

အီတာလျံတို့လက်သို့ အပ်လိုက်ရလေသည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈)အပြီးတွင် အီတာလျံတို့သည်

မြို့သစ်ရွာသစ်များတည်ခြင်း၊ လမ်းများသွယ်တန်း

ဖောက်လုပ်ခြင်း စသည်တို့ဖြင့် လစ်ဗျနိုင်ငံ

စည်ပင်တိုးတက်မှုကို ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်(၁၉၃၉-၄၅) အတွင်း၌ လစ်ဗျနိုင်ငံသည်

အရေးကြီးသောစစ်မျက်နှာဖြစ်ခဲ့၏။ ဂျာမန်နှင့်

အီတာလျံစစ်တပ်များသည် လစ်ဗျတွင်စစ်စခန်းချကာ

အီဂျစ်နိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးစားခဲ့ကြ

သဖြင့် ဂျာမန်တပ်နှင့် ဗြိတိသျှတပ်များသည်

လစ်ဗျစစ်မြေပြင်တွင် အပြန်အလှန် အကြိတ်အနယ်

တိုက်ခိုက်ခဲ့ကြသည်။ စစ်ကြီးအပြီးတွင် ထရစ်ပိုလီ

တန်းနိယနှင့် ဆိုင်ရီနေးကနယ်များကို ဗြိတိသျှတို့က

အုပ်ချုပ်ခွင့်ရ၍ အနောက်တောင်ဘက်ပိုင်းရှိ

ဖတ်ဇန်နယ်ကိုပြင်သစ်တို့က အုပ်ချုပ်ခွင့်ရလေ

သည်။ ၁၉၄၉ ခုနှစ် နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ၊

အထွေထွေလွှတ်တော်၌ လစ်ဗျပြည်အား ၁၉၅၂ ခုနှစ်၊

ဇန်နဝါရီလ ၁ ရက်နေ့ထက် နောက်မကျစေဘဲ

လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ပေးရန် ဆုံးဖြတ်

လိုက်ကြလေသည်။ ဤသို့ဖြင့် ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ

၂၄ ရက်နေ့တွင် လစ်ဗျပြည်သည် လွတ်လပ်သော

နိုင်ငံတစ်ခုဖြစ်လာသည်။ လစ်ဗျပြည်သည်

ကမ္ဘာပေါ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ပထမဆုံးဖန်တီး

ပေးခဲ့သော လွတ်လပ်သည့်နိုင်ငံဖြစ်လေသည်။

ဆိုင်ရီနေးကနယ်ကို အုပ်ချုပ်သူ ဆယက်မို့ဟမ္မဒ် အိဒရစ်အယ်ဆင်နွတ်ဆီးသည် လစ်ဗျနိုင်ငံ၏

ပထမအိဒရစ်ဘုရင် ဖြစ်လာခဲ့၏။ လစ်ဗျနိုင်ငံသည်

၁၉၅၃ ခုနှစ်တွင် အာရပ်အမျိုးသားအဖွဲ့တွင် ပါဝင်

လာခဲ့၍ ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်

နိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။

လစ်ဗျနိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးတန်းမှာ မိုင်ပေါင်း

၁၃ဝဝ ခန့်ရှည်လျား၏။ လစ်ဗျနိုင်ငံတွင် မြစ်ချောင်းများ၊

အိုင်များအနည်းငယ်သာရှိ၏။ ဆိုင်ရီနေးကနှင့်

ထရစ်ပိုလီးတန်းနိယ နှစ်နယ်စလုံးမှာပင် မြေထဲ

ပင်လယ်ကမ်းရိုးတစ်လျှောက်၌ မြေဩဇာကောင်းသည့်

ဒေသများရှိသည်။

ယင်းတို့၏ နောက်ဘက်တွင် ခြောက်သွေ့သည့်

ကုန်းမြင့်ရပ်ဝန်ရှိ၏။ ထိုမှလွန်သော် သဲခုံများနှင့်

ကျောက်မြေပြင်များသာရှိသည့် သဲကန္တာရရှိလေ

သည်။ ကုန်းမြင့်ရပ်ဝန်းနှင့် သဲကန္တာရစပ်ကြားတွင်

အိုအေစစ်များရှိလေသည်။

မြေထဲပင်လယ် ကမ်းမြောင်ရပ်ဝန်းတွင် ဥယျာဉ်ခြံမြေများနှင့် မြို့

ကြီးများအားလုံးလိုလို တည်ရှိသည်။ ရာသီဥတု

နှစ်လိုဖွယ်ရှိ၍ ပူနွေး၏၊ စိုက်ပျိုးချိန်တွင် မိုးအတန်

အသင့်ရွာသည်။ သဲကန္တာရအပိုင်းမှာ ခြောက်သွေ့

၏။ နေ့အချိန်ပူပြင်း၍ ညဉ့်အချိန်အေးသည်။

လစ်ဗျနိုင်ငံသည် သဘာဝ ပင်ရင်းအခြေအမြစ်များ

အလွန်ခေါင်းပါး၏။လစ်ဗျနိုင်ငံ၏ လူဦးရေမှာ

၁၅၅၉၃၈၉ (၁၉၆၄)ဖြစ်၏။ အဓိက လုပ်ငန်းမှာ

သိုး၊ ကုလားအုပ်၊ ဆိတ် စသည့် တိရစ္ဆာန် မွေးမြူရေးလုပ် ငန်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းကို မြောက်ပိုင်းနှင့်

အိုအေစစ်များတွင် ပြုလုပ်ကြ၏။ အဓိက

ကောက်သီးကောက်နှံမှာ ဘာလီဖြစ်၍ ပဲ၊ ခရမ်း ချဉ်သီး၊ ကြက်သွန်နီ၊ မုန်လာဥစပ် စသည့်

ဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးသည်။

စွန်ပလွံပင်သည် လစ်ဗျနိုင်ငံတွင် အရေးပါ၏။ အိုအေစစ်

များတွင် စွန်ပလွံများသာမက ဗာဒံပင်၊ လိမ္မော်ပင်၊

သဖန်းပင်၊ ဘင်္ဂလား ဆီးပင် စသည့်အပင်များကို

စိုက်ပျိုးသည်။ မြောက်ဘက်ပိုင်းတွင် သံလွင်ခြံ

ကြီးများရှိလေသည်။

စပန်းရေမြှုပ် ရှာဖွေစုဆောင်းရေးလုပ်ငန်းသည် လစ်ဗျနိုင်ငံ၏

အရေးပါသော လုပ်ငန်းတစ်ခုဖြစ်၏။ ကျူနာငါးဖမ်း

လုပ်ငန်းသည်လည်း တိုးတက်ထွန်းကားလျက်ရှိသည်။

သို့သော် ၁၉၅၈ ခုနှစ်ခန့်က လစ်ဗျသဲကန္တာရအတွင်း ရေနံများ

ရှာဖွေတွေ့ရှိပြီးနောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့

တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းသည် တိရစ္ဆာန်မွေးမြူရေး

လုပ်ငန်း၏ နေရာကိုယူလျက် နိုင်ငံ၏

အဓိကစီးပွားရေးလုပ်ငန်းတစ်ရပ် ဖြစ်လာသည်။

ရေနံစိမ်းသည်လည်း တိုင်းပြည်၏ အဓိကထုတ်ကုန်ဖြစ်လာသည်။

၁၉၆၅ ခုနှစ်တွင် ရေနံစိမ်းစည်ပေါင်း ၄၄၃ သန်း

ပြည်ပသို့ တင်ပို့ရောင်းချခဲ့သည်။

လစ်ဗျနိုင်ငံတွင် မြို့တော်နှစ်ခုရှိရာ ယင်းတို့မှာ ဗင်ဂါဇီမြို့နှင့်

ထရစ်ပိုလီမြို့ ဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက

တိုက်ပွဲများအကြီးအကျယ် ဖြစ်ပွားခဲ့သည့် တိုဗရွတ်မြို့သည်

ဆိုင်ရီးနေးကပြည်နယ်အတွင်းတည်ရှိ၍ မြေထဲပင်လယ်

ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။

လစ်ဗျနိုင်ငံတွင် မီးရထားလမ်းတို အနည်းငယ်သာရှိ၏။

အီတာလျံတို့ အုပ်စိုးနေသည့်အချိန်က တျူနစ်ဇီးယားမှ

နယ်စပ်အရောက် မိုင်ပေါင်း ၁၂၅ဝ မျှရှည်လျားသည့်

မော်တော်ကားလမ်းတစ်ခု ဖောက်လုပ် ထားခဲ့၏။

အစ္စလာမ်အယူဝါဒသည် နိုင်ငံတော်အယူဝါဒဖြစ်သော်လည်း

လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ လစ်ဗျနိုင်ငံသည် စည်းမျဉ်းခံဘုရင် အုပ်ချုပ်ရေးစနစ် လက်ခံကျင့်သုံး

ခဲ့သော နိုင်ငံဖြစ်ခဲ့၏။ အုပ်ချုပ်ရေးအကြီး

အကဲမှာ ဝန်ကြီးချုပ်ဖြစ်၍ ယင်းအား ကူညီရန်

အတွက် ဝန်ကြီးအဖွဲ့ရှိ၏။

ပါလီမန်(အမျိုးသားလွှတ်တော်)တွင် ရွေးကောက်တင်

မြှောက်ထားသည့် အဖွဲ့ဝင် ၂၄ ဦးပါဝင်သော ဆီနိပ်

လွှတ်တော်နှင့် ရွေးကောက်တင်မြှောက်ထား

သည့်အဖွဲ့ဝင် ၅၅ ဦးတို့ပါဝင်သည့် ပြည်သူ့

လွှတ်တော်တည်းဟူသော လွှတ်တော်နှစ်ရပ် ပါဝင်ခဲ့လေသည်။

သို့သော် ၁၉၅၁ ခုနှစ်မှအစပြု၍ အုပ်ချုပ်လာခဲ့သော ဘုရင်

အိဒရစ်သည် ဆေးဝါးကုသရန် တူရကီနိုင်ငံသို့

သွားရောက်နေသည့်အခိုက် ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ

၁ ရက်နေ့တွင် ဗိုလ်မှူးကြီး ဆာဒူဒင် အဗူ အယ်ရှူဝီယာ

ဦးဆောင်သော လစ်ဗျစစ်တပ်က သွေးမြေမကျ တော်လှန်

အာဏာသိမ်းယူလိုက်သည်။

အာဏာသိမ်းပြီးနောက် စစ်တပ်မှဦးဆောင်ပြီးလျှင်

လေတပ်အရာရှိများ ပါဝင်ဖွဲ့စည်းထားသော

တော်လှန်ရေးကောင်စီက ဖွဲ့စည်းအုပ်ချုပ်ပုံ

အခြေခံဥပဒေနှင့် အမျိုးသားလွှတ်တော်တို့ကို

ဖျက်သိမ်းလိုက်သည်။ ထို့ပြင် စက်တင်ဘာလ ၂

ရက်နေ့တွင် ယခင်က နိုင်ငံခြားတိုင်းပြည်များနှင့် ချုပ်

ဆိုခဲ့သော စာချုပ်များကို လေးစားသွားမည်ဖြစ်ပြီးလျှင်

ရေနံတူးဖော်ခွင့် ပေးထားခြင်းများကိုလည်း

ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း၊ လစ်ဗျနိုင်ငံ

ရှိ နိုင်ငံခြားသားအားလုံးကိုလည်း စောင့်ရှောက်သွား

မည်ဖြစ်ကြောင်း၊ အာရပ်နိုင်ငံများနှင့် စည်းလုံးညီညွတ်ရေး၊

လွတ်လပ်ရေးနှင့် ဆိုရှယ်လစ်ဝါဒ အပေါ် အခြေခံသည့်

လစ်ဗျအာရပ်သမ္မတနိုင်ငံ ထူထောင်သွားမည်ဖြစ်

ကြောင်း ကြေညာခဲ့သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် တော်လှန်ရေးကောင်စီက လစ်ဗျ

အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ရာ ဒေါက်တာ

မာမွတ်ဆိုလီမန် အယ် မက် ဂရက်ဗီက

ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်သည်။

လူဦးရေအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်း

ဤသည်မှာ လူဦးရေအလိုက် နိုင်ငံများနှင့် အမှီအခိုနယ်မြေဒေသများ စာရင်း ဖြစ်သည်။ ဤစာရင်းတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေဒေသများ ပါဝင်ပြီး အချို့သော အချုပ်အခြာ အာဏာပိုင်နိုင်ငံများကို ISO စံညွှန်း ISO 3166-1 အရ ထည့်သွင်းပြုစုထားသည်။ ထို့အပြင် ISO 3166-1 တွင် မပါဝင်သည့် အချို့သော တစ်စိတ်တစ်ပိုင်းအသိအမှတ်ပြုနယ်မြေများလည်း ပါဝင်သည်။

အင်တာနက် ဆင်ဆာပြုလုပ်ခြင်း

မီဒီယာ အားဖြင့်တားမြစ်ထားသော စာအုပ်များ ၊ တားမြစ်ထားသော ရုပ်ရှင်များ ၊ ပြန်လည်တည်းဖြတ်ထားသော ရုပ်ရှင် ၊ အင်တာနက် ၊ ဂီတ ၊ စာနယ်ဇင်း ၊ ရေဒီယို ၊ အတွေးအမြင်မိန့်ခွန်း နှင့် ဖော်ပြချက်၊ ဗီဒီယိုဂိမ်းများ

အစ်ရှ်ကူးကန်

အစ်ရှ်ကူးကန် သည် တူနီးရှားနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး မြေထဲပင်လယ်ပေါ်တွင် တည်ရှိသော မြောက်ဘက်ဆုံး အာဖရိကမြို့တော် ဖြစ်သည့် ဘီဇတ်မြို့မှ ၁၂မိုင် (၂၀ ကီလိုမီတာ) အကွာတွင် တည်ရှိသည်။ အစ်ရှ်ကူး အမျိုးသား ဥယျာဉ်၏ ကန်နှင့် ရေတိမ်ဒေသတို့သည် သိန်းပေါင်းများစွာသော ရွှေ့ပြောင်းငှက်တို့၏ နှစ်စဉ် တထောက်နားရာ နေရာ တစ်နေရာဖြစ်သည်။

အယ်လ်ဂျမ် လေဟာပြင် ပြဇာတ်ရုံ

အယ်လ်ဂျမ် လေဟာပြင် ပြဇာတ်ရုံသည် တူနီးရှားနိုင်ငံ အယ်လ်ဂျမ်မြို့တော်တွင် ရှိသော လေဟာပြင် ပြဇာတ်ရုံတစ်ခု ဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခု အဖြစ် ၁၉၇၉ ခုနှစ်ကတည်းက စတင်သတ်မှတ်ခြင်း ခံခဲ့ရသည်။

အာဖရိက

အာဖရိက သည် ကမ္ဘာပေါ်တွင် အာရှတိုက် ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးနှင့် ဒုတိယမြောက် လူဦးရေအများဆုံး တိုက်ကြီးဖြစ်သည်။ ကျွန်းများကိုပါ ထည့်တွက်လျှင် အကျယ်အဝန်း အားဖြင့် ၃၀.၂ သန်း စတုရန်းကီလိုမီတာ (စတုရန်းမိုင် ၁၁.၇ သန်း) မျှ ကျယ်ဝန်းပြီး ကမ္ဘာ့မျက်နှာပြင် စုစုပေါင်း၏ ၆ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်းမြေ စုစုပေါင်း၏ ၂၀.၄ ရာခိုင်နှုန်းကို နေရာယူထားသည်။ ၂၀၀၉ ခုနှစ် စာရင်းအရ နယ်မြေပေါင်း ၆၁ ခုတွင် လူဦးရေ ၁ ဘီလီယံမျှ ရှိပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၄.၇၂ ရာခိုင်နှုန်းမျှ ရှိသည်။

အာဖရိကတိုက်ကို မြောက်ဘက်တွင် မြေထဲပင်လယ်၊ အရှေ့မြောက်ဘက် ဆီနိုင်း ကျွန်းဆွယ် တလျှောက်တွင် ဆူးအက်တူးမြောင်း နှင့် ပင်လယ်နီ၊ အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊ အနောက်ဘက်တွင် အတ္တလန္တိတ် သမုဒ္ဒရာတို့က ဝန်းရံထားသည်။ အာဖရိကတိုက်တွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံပေါင်း ၅၄ နိုင်ငံ ရှိပြီး မဒါဂတ်စကား နှင့် အခြား ကျွန်းများလည်း ပါဝင်သည်။

အာဖရိကတိုက်ကို သိပ္ပံပညာဆိုင်ရာ အသိုင်းအဝိုင်းက လူသားတို့ အစပြုရာ ဒေသအဖြစ် မှတ်ယူကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇ သန်းခန့်က လူဝံကြီးများ နှင့် သက်ဆိုင်သော အထောက်အထားကို အာဖရိကတွင် တွေ့ရှိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၂ သိန်းကျော်က ဖြစ်ပေါ်ခဲ့သော အစောဆုံး လူသား၏ အထောက်အထားကို အီသီယိုးပီးယားနိုင်ငံ နေရာတွင် တွေ့ရှိရသည်။

အာဖရိကသည် အီကွေတာကို ခွလျှက် တည်ရှိပြီး ရာသီဥတု အမျိုးစုံ ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းရာသီဥတု မှ တောင်ကမ္ဘာလုံးခြမ်း ရာသီဥတုသို့ ဖြန့်ကျက်တည်ရှိနေသော တစ်ခုတည်းသော တိုက်ဖြစ်သည်။ အာဖရိကတိုက်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် ၅ ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.