ဆော်လမွန်ဘုရင်

ဆောလမွန်ဘုရင် (ဘီစီ ၉၈၆-ဘီစီ ၉၃၃)

မြန်မာလူမျိုးတို့သည် ပညာရှိသောသူကို မဟောသဓာ နှင့်နှိုင်းခိုင်းသကဲ့သို့ ဥရောပနိုင်ငံသားတို့သည်လည်း ပညာ ဉာဏ်ကြီးကျယ်သူကို ဆောလမွန်ဘုရင်နှင့် နှိုင်းခိုင်းကြ၏။ ဆောလမွန် (ရှောလမုန်) ဘုရင်ကား ရှေးဟောင်းအဇ္ဇလီယယ် (ဣသရေလ) ပြည်ကို အုပ်စိုး သောဘုရင်ဖြစ်သည်။ ဆောလ မွန်မှာ ခမည်းတော်ဒေဗစ် (ဒါဝိဒ်) နတ်ရွာစံ၍ နန်းတက်သော အခါ အရွယ်ရောက်ခါစမျှသာရှိသည်။ သို့ရာတွင် သူ၏ပညာ ဉာဏ်ကား ကြီးကျယ်လှ၏။ အမှုအခင်းများကို စီရင်ရာတွင် မဟောသဓာကဲ့သို့ပင် တရားနည်းလမ်းကျ၍ အမှန်ရောက် အောင် စီရင်ဆုံးဖြတ်တတ်သဖြင့် ထင်ရှားကျော်စောလေသည်။

ဆောလမွန်ဘုရင်ကြီး အကြောင်းကို ခရစ်ယန် သမ္မာ ကျမ်းစာတွင်ပါဝင်သော ဓမ္မဟောင်းကျမ်းတွင် ဖေါ်ပြထားသည့် အပြင်၊ သူစီကုံးရေးသားခဲ့သော သုတ္တံ(နယပုံပြင်)ကျမ်း၊ ဒေသ နာ (အာစရိယောဝါဒ)ကျမ်းနှင့် ရှောလမုန်သီချင်း (ဂီတမေဒဏီ ကျမ်း)များကိုပါ ဓမ္မဟောင်းကျမ်းတွင် တွေ့ရှိနိုင်သည်။


ဆောလမွန်ဘုရင်၏ တိုင်းသူပြည်သားများကသာ မက၊ နိုင်ငံခြားမှဘုရင်များပင် သူ၏ပညာဉာဏ် ကြီးကျယ် ကြောင်းကိုသိကြသဖြင့် သူ၏ အကြံဉာဏ်နှင့် အဆုံးအဖြတ် ကိုယူရန် လာကြရ၏။ အာရေဗျပြည်မှ ရှီးဗါးဘုရင်မသည် ဆောလမွန်ဘုရင်အား ပြဿနာများမေးရန် လက်ဆောင်ပဏ္ဏာ များယူဆောင်၍ အခြွေ အရံများစွာနှင့် မိုင်ပေါင်း ၁၅ဝဝ ရှိသော ခရီးဖြင့် သူ့ထံလာလေသည်။ ဆောလမွန်ဘုရင်က ဘုရင်မ၏ ပြဿနာအားလုံးကို ကျေနပ်လောက်အောင် ဖြေနိုင် သောအခါ ဘုရင်မမှာ များစွာအံ့ဩလေ၏။

ဆောလမွန်ဘုရင်ကား လှပခန်းနားမှုနှင့် စည်းစိမ်ခံစားမှု တို့ကို နှစ်သက်မြတ်နိုးသူဖြစ်သည်။ သူ၏ ကြီးကျယ်သော ဉာဏ်ပညာကြောင့် အပြည်ပြည်မှ မင်းညီမင်းသားတို့က မိတ်ဖွဲ့ ကာ၊ လက်ဆောင်ပဏ္ဏာများပို့ကြရာ၊ ထူးထွေဆန်းပြားသော ပစ္စည်းအမျိုးမျိုးနှင့် သမီးကညာများကို လက်ခံရရှိလေသည်။ ထို့ပြင် ဘုရင်ကြီးသည် ဖီနီရှန်များနှင့် ပူးပေါင်း၍ ကုန်သွယ် ခြင်းကိုပြုလုပ်ရာ လွန်စွာကြွယ်ဝချမ်းသာခြင်းသို့ ရောက်လေ ၏။ ဆောလမွန်ဘုရင်သည် အဇ္ဇရီယယ်ပြည်မှ အလွန်ခရီးကွာ ဝေးသောဒေသများနှင့် ပထမဆုံးရောင်းဝယ် ဆက်ဆံမှုကို ပြုသူ ဖြစ်လေသည်။ ထိုမင်း၏ လက်ထက်တွင် အဇ္ဇရီးယယ်ပြည်မှာ လွန်စွာချမ်းသာကြွယ်ဝ၍၊ စည်းစိမ်ဥစ္စာ ခံစားစံစားမှုအမျိုးမျိုး နှင့်လည်း ပြည့်စုံ၏။

ဆောလမွန်ဘုရင် လက်ထက်တွင် စစ်မက်များ နည်းပါး လေရာ၊ သူသည် ဂျရူးဆလမ်းမြို့တော်ကြီး၌ ဘုရားတန်ဆောင်း ကြီးတစ်ခုကို ဆောက်လုပ်လေသည်။ ထိုတန်ဆောင်းတော်ကြီး (ဝါ) ဗိမာန်တော်ကား လွန်စွာခန်းနားလှ၍၊ လက်ဗနွန်မှ သစ် ကောင်းများဖြင့် ဆောက်လုပ်ထား၏။ ရွှေ၊ ငွေ၊ ဆင်စွယ်တို့ ဖြင့် မွမ်းမံခြယ်လှယ်ထားသဖြင့် တဖိတ်ဖိတ်တောက်ပနေ၏။ ဆောလမွန်သည် မိမိ၏ နန်းတော်ကြီးကိုလည်း ဤသို့ပင် ခန်း နားလှပအောင် ဆောက်လုပ်၍နေထိုင်လေသည်။

ဆောလမွန်ဘုရင်သည် ဉာာဏ်ပညာကြီးမားမှုနှင့် ချမ်းသာ ကြွယ်ဝမှုကြောင့် ထင်ရှားကျော်ကြားခဲ့သော်လည်း အနှစ် ၄ဝ ခန့်မျှ ရှည်လျားသော နန်းသက်တွင် တစ်စတစ်စ အာဏာကို ပြင်းထန်စွာ သုံးစွဲလာခြင်း၊ ဘာသာအယူဝါဒ ကိုးကွယ်ရေးတွင် ပေါ့ဆလာခြင်းတို့ကြောင့် ပြည်သူလူထုမှာ မကျေနပ်ဖြစ်လာ လေသည်။ ထို့ပြင် ဆောလမွန်ဘုရင်ကြီးသည် ဤသို့ စည်းစိမ် ချမ်းသာကြီးစွာဖြင့် နေခြင်းကို အခြားပြည်မှ မင်းများကလည်း မလိုလား မရှုစိမ့်ဖြစ်လာကြလေ၏၊ ထို့ကြောင့် ဆောလမွန် နတ်ရွာမစံမီနှစ်များတွင် အဇ္ဇရီယယ်ပြည် အခြေအနေမှာ လှုပ် ရှားလာ၍၊ သူ၏သားတော်လက်ထက်တွင်ကား၊ ထိုပြည်မှာ နှစ်ပိုင်းကွဲသွားလေတော့သည်။ ဆောလမွန်ဘုရင်ကြီးသည် ဘီစီ ၉၈၆ ခုနှစ်တွင် ဖွားမြင်ခဲ့၍၊ ဘီစီ ၉၃၃ ခုနှစ်တွင် နတ်ရွာစံ သည်ဟု ခန့်မှန်းကြသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
မြင်းပြိုင်ပွဲ

မြင်းပြိုင်ပွဲကို ရှေးခေတ်ဘုရင်များလက်ထက်မှစ၍

ကျင်းပခဲ့ဘူးကြောင်း သိရသည်။ ၁၈ ဆက်မြောက်ဖြစ်သော

အီဂျစ်မင်းဆက်မှ ပထမမြောက် တော့တမီးဘုရင်သည်

မက်ဆိုပိုတေးမီးယားပြည်ကို အောင်နိုင်ရာမှ အာရပ်ပြိုင်မြင်း

တစ်ကောင်ကို ရခဲ့ပြီးလျှင် အာဖရိကတိုက်သို့ ရှေးဦးစွာ

ယူဆောင်သွားနိုင်ခဲ့ကြောင်းနှင့် ကျူချပ်ပေါ်၌

မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ဆော်လမွန်ဘုရင်

သည်လည်း ထိုနောက်တွင် အီဂျစ်နိုင်ငံမှ ပြိုင်မြင်းများကို

အဖိုးများစွာ ပေး၍ ဝယ်ခဲ့ဘူးကြောင်းကို သိရသည် ။

ဂရိလူမျိုးတို့သည်ဘီစီ ၆၂၈ ခုနှစ်တွင် ကျင်းပသော ၃၃

ကြိမ်မြောက် အိုလံပစ် ကစားပွဲတွင် မြင်းပြိုင်ပွဲကို

ထည့်သွင်းကျင်းပခဲ့ကြသည်။ ဂရိတို့မှတစ်ဆင့် ရောမမြို့သို့

မြင်းပြိုင်ပွဲကျင်းပသည့် အလေ့အထ ရောက်သွားပြန်သည်။

အဂ‡လန်နိုင်ငံသို့ မြင်းပြိုင်ပွဲ ကျင်းပသည့်အလေ့ရောက်

ခဲ့သည်မှာလည်း ကြာပေပြီ။ သို့ရာတွင် အချိန်မှန်ပြုလုပ်သော

မြင်းပြိုင်ပွဲများမှာ ပထမဂျိမ်းဘုရင် လက်ထက်ကမှ စတင်ခဲ့၍

ခရစ် ၁၇၁၁ ခုနှစ် အန်းဘုရင်မ လက်ထက်ရောက်မှ

အလောင်းအစားများ ပြုလုပ်သည့်အလေ့ ပေါ်ပေါက်လာ

ခဲ့လေသည်။

အဂ‡လန်နိုင်ငံတွင် ထိုစဉ်ကစ၍ မင်းအဆက်ဆက်ပင်

မြင်းပြိုင်ပွဲများ၌ စိတ်ဝင်စား၍ အားပေးလာခဲ့ကြသည့်

အနက် ဝါသနာအကြီးဆုံးမှာ စတုတ္ထဂျော့ဘုရင်ပင် ဖြစ်သည်။

ထိုမင်းသည် အိမ်ရှေ့မင်းသားဘဝမှာပင် ခရစ် ၁၇၈၄ ခုနှစ်မှ

၁၇၉၂ ခုနှစ်တွင်း၌ ဒါဗီဆုကြီး အပါအဝင် ဆုပေါင်း ၁၈၅

ဆုကို အနိုင်ရခဲ့ဘူးလေသည် ။ ဤကဲ့သို့ ဘုရင်မင်းမြတ်များ

ကိုယ်တိုင် အားပေးမြော|က်စားလာခဲ့သော ပွဲဖြစ်သည့်

အတိုင်းလည်း မြင်ပြိုင်ပွဲသည် ဘုရင်တို့၏ ကစားပွဲဟု

တွင်ခဲ့ခြင်း ဖြစ်ပေသည် ။ ၁၄ ဆက်မြောက် လူဝီဘုရင်

လက်ထက်တွင် မြင်းပြိုင်ပဲကျင်းပသည့် အလေ့အထသည်

တစ်ဖန် အဂ‡လန်မှတစ်ဆင့် ပြင်သစ်နိုင်ငံသို့

ရောက်လာပြန်လေသည်။

မြင်းပြိုင်ပွဲများကို ယခုအခါ ကမ္ဘာအနှံ့ရှိ မြို့ကြီးပြကြီး

များ၌ ရာသီအလိုက် အချိန်မှန် ကျင်းပလေ့ရှိ၍ မြင်းပြိုင်ပွဲကို

လူတန်းစားမရွေး ကြိုက်နှစ်သက်ကြသော်လည်း

ပြိုင်မြင်းများကိုမူ လူတိုင်း မမွေးနိုင်ချေ။ ပစ္စည်းဥစ္စာ

ချမ်းသာသော မင်းစိုးရာဇာနှင့် သူဌေးသူကြွယ် လူကုံထံများသာ

မွေးမြူနိုင်ကြသည် ။ ကမ္ဘာ အရပ်ရပ်မှာပင် အရင်းအနှီးကြီးစွာ

မြု|ပ်နှံ၍ ပြိုင်မြင်းမွေးမြူရေး လုပ်ငန်းဖြင့် စီးပွားရှာနေသူ

အမြောက်အမြားရှိသည် ။ ပြိုင်မြင်းများကို အကြီးအကျယ်

မွေးမြူစီးပွားရှာသည့် နိုင်ငံများအနက် အဂ‡လန်ကဗိုလ်ဆွဲ

၏။ ပြိုင်မြင်းများသည် မျိုးရိုးစဉ်ဆက် နာမည်ကြီးလျှင်

ကြီးသလောက် အဖိုးတန်လေ့ရှိရာ ၁၉၂ဝ ပြည့်နှစ်က

မြင်းတကောင်မှာ ဒေါ်လာပေါင်း ၂၆၅ယ ဝဝဝ အထိ

ရောင်းဈေးရခဲ့ဘူးလေသည်။

အဂ‡လန်နိုင်ငံတွင် မြင်းပြိုင်ကွင်း အများအပြားရှိသည့်

အနက် နယူးမားကက်ကွင်းမှာ ရှေးအကျဆုံးနှင့်

အကျော်စောဆုံး ဖြစ်၏။ ဒုတိယ ချားဘုရင်လက်ထက်ကစ၍

နာမည်ကြီးခဲ့သော ကွင်းဖြစ်၍၊ ထိုကွင်း၌ ဂီနီတထောင်နှင့်

နှစ်ထောင်ဆုပွဲများကျင်းပလေ့ရှိသည် ။ အဂ‡လန်နိုင်ငံ၌

ကျော်ကြားသော မြင်းပွဲများမှာ ဒါဗီ၊ အုတ်၊ စိန်လယ်ဂျာ၊

ဂီနီတထောင်နှင့် နှစ်ထောင်ဆုပွဲနှင့် အက်စကော့ ဖလားပွဲတို့

ဖြစ်ကြ၏။

ဒါဗီမြင်းပွဲ

အမေရိကန်ပြည်ထောင်စု၌ အကျော်ကြားဆုံး မြင်းပွဲမှာ

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကင်တပ်ကီဒါဗီပွဲပင် ဖြစ်သည်။

ရှေးအခါက မြင်းပြိုင်ရာတွင် မြင်းပိုင်ရှင်များ

အချင်းချင်းသာ အလောင်းအစား ပြုခဲ့ကြသည်။ သို့သော်

ယခုအခါ ပြည်ပိုင်အစိုးရ၏ ခွင့်ပြုချက်အရ ဝါသနာပါသူ

အပြင်လူများလည်း လွတ်လပ်စွာလောင်းကစား နိုင်ကြသည်။

အထက်တွင် ဖော်ပြခဲ့သော မြင်းပွဲများမှာ

မြေပြင်ညီတစ်လျှောက် ကွင်းအတွင်းပတ်ပြေးရသည့်

မြေပြန့်ပြေးပွဲများဖြစ်၍၊ စတိပဲချေ့(မြင်းခုန်ပွဲ)ခေါ်

ပြိုင်ပွဲမျိုးလည်း ရှိသေးသည်။ ထိုပြိုင်ပွဲမျိုးတွင်

တာလမ်းတစ်လျှောက်၌ တန်း၊ ချုံဖုတ်၊ မြောင်းစသည်ဖြင့်

ပြေးရင်းခုန်လွှားသွားရသည့် အခက်အခဲများကို

ပြုလုပ်ထားသည်။ ကမ္ဘာတွင် အကျော်ကြားဆုံး မြင်းခုန်ပွဲမှာ

လစ်ဗာပူမြို့တွင် မတ်လ၌ နှစ်စဉ်ကျင်းပလေ့ရှိသော

ဂရန်းနေရှင်နယ်ခေါ် ပွဲကြီးပင် ဖြစ်လေသည်။

အီသီယိုးပီးယားနိုင်ငံ

အီသီယိုးပီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသတွင် တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ တရားဝင်အခေါ်မှာ အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာဖရိကတွင် ဒုတိယမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၈၅.၂ သန်းမျှ ရှိသည်။ အကျယ်အဝန်းအားဖြင့် ဒသမြောက် အကြီးဆုံးဖြစ်ကာ ၁,၁၀၀,၀၀၀ စတုရန်း ကီလိုမီတာမျှ ကျယ်ဝန်းသည်။ မြို့တော်မှာ အက်ဒစ်စ် အဘာဘာဖြစ်သည်။ မြောက်ဘက်တွင် အီရီထရီးယားနိုင်ငံ၊ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျီဘူတီနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံ၊ တောင်ဘက်တွင် ကင်ညာနိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.