ဆိုက်ပရပ်စ်နိုင်ငံ

ဆိုက်ပရပ်စ် (Cyprus) နိုင်ငံ၏ တရားဝင်အမည်မှာ ဆိုက်ပရပ်စ်သမ္မတနိုင်ငံ ဖြစ်သည်။ မြေထဲပင်လယ်အရှေ့ပိုင်းရှိ ယူရေးရှန်းကျွန်းနိုင်ငံ တစ်ခု ဖြစ်သည်။ [၅][၆] တူရကီနိုင်ငံ၏တောင်ဘက် မိုင် ၄ဝ အကွာ၊ ဆီးရီးယားနိုင်ငံ ၏ အနောက်ဘက် မိုင် ၆၀ အကွာ နှင့် လက်ဘနွန်နိုင်ငံ၏အနောက်ဘက်တွင် တည်ရှိသည်။ ယင်းသည် မြေထဲပင်လယ်အတွင်းတွင် တတိယမြောက်အကြီးဆုံးကျွန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်မှု အများဆုံးတိုင်းပြည်တစ်ခု ဖြစ်သည်။ [၇] [၈] ဖွံ့ဖြိုးတိုးတက် ဝင်ငွေမြင့်ပြီး လူသားဖွံ့ဖြိုးမှုညွှန်းကိန်းလည်း မြင့်မားသော ဆိုက်ပရပ်စ်နိုင်ငံသည် ၂၀၀၄ခုနှစ်၊ မေလ (၁)ရက်နေ့တွင် ဥရောပသမဂ္ဂသို့ မဝင်ရောက်မီအချိန်ထိ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ ၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။ [၉][၁၀] [၁၁][၁၂]

ဘီစီ (၁၀,၀၀၀)ခန့်မှစ၍ ကျွန်းပေါ်တွင် လူသားများစတင်နေထိုင်ခဲ့ကြသည်။ ရှေးဟောင်းသုတေသနဌာနမှ တူးဖော်ထားသော တွေ့ရှိချက်များအရ ကျောက်ခေတ်သစ် မှ Choirokoitia ကျေးရွာသည် သမိုင်းမတင်မီခေတ်ကတည်းက ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာတွေ့ရပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်အဖြစ် ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ထားသည်။ ထို့ပြင် ဘုရင်များ၏ အုတ်ဂူများကိုလည်း တွေ့ရှိထားသည်။ ဆိုက်ပရပ်စ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသော ရေတွင်းများ ရှိသော တိုင်းပြည်လည်း ဖြစ်သည်။ [၁၃] ကြောင်မျိုးနွယ်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ရှေးအကျဆုံး မွေးမြူကြောင်း အထောက်အထားကိုလည်း တွေ့ရှိထားသည်။ [၁၄][၁၅] အရှေ့အလယ်ပိုင်းဒေသ၊ မဟာဗျူဟာကျသောနေရာတွင် တည်ရှိနေသော ဆိုက်ပရပ်စ်နိုင်ငံသည် သမိုင်းတစ်လျှောက် အင်အားကြီးနိုင်ငံတို့၏ အကြိမ်ကြိမ် ဝင်ရောက်ဆိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ [၁၆][၁၇][၁၈][၁၉] ဟစ်တိုက်(Hittites)၊ အဆီးရီးယန်း၊အီဂျစ် ၊ ပါရှန်း၊ ရပ်ရှီဒွန်းစ် (Rashiduns)၊ ဥမေယဒ်စ် (Umayyads)၊ လူဆစ်နန် (Lusignans)၊ ဗင်းနက်ရှန်း (Venetians) နှင့် အော့တမန် အင်ပိုင်ယာတို့ ဖြစ်ကြသည်။ မိုင်ဆီးနီးယန်း ဂရိလူမျိုးစုများ ဘီစီ (၂၀၀၀)တွင် ဝင်ရောက် အခြေချနေထိုင်လာပြီးနောက်တွင် ဆိုက်ပရပ်စ်သည် ဂရိမင်းဆက်များဖြစ်ကြသော တော်လမီ နှင့် ဘိုင်ဇန်တိုင်း အင်ပါယာတို့၏ လက်အောက်တွင်လည်း နေခဲ့ရဖူးသည်။ ဘီစီ (၃၃၃)တွင် မဟာအလက်ဇန္ဒား က ပါရှန်းတို့လက်မှ သိမ်းပိုက်လိုက်ပြန်သည်။ ၁၅၇၀တွင် တူရကီအော့တမန် အင်ပိုင်ယာက အောင်နိုင်ခဲ့ပြီး ရာစုနှစ် (၃)ခုကျော်မျှ သိမ်းပိုက်ခဲ့သည်။ ၁၈၇၈တွင် ဗြိတိသျှတို့လက်အောက်ကျရောက်ခဲ့ပြီး ၁၉၆၀တွင် လွတ်လပ်ရေးရခဲ့သည်။ [၂၀] လွတ်လပ်ရေးရပြီးနောက်တစ်နှစ်တွင် ဓနသဟာယအဖွဲ့ ၏အဖွဲ့ဝင်ဖြစ်လာသည်။

နိုင်ငံတွင်း မငြိမ်မသက်မှုများ၊ အကြမ်းဖက်မှုများ နှင့် အာဏာသိမ်းရန်ကြိုးပမ်းမှုများကြောင့် ၁၉၇၄တွင် တူရကီနိုင်ငံက ဆိုက်ပရပ်စ်မြောက်ပိုင်းကို ကျူးကျော် သိမ်းပိုက်ခဲ့ပြန်သည်။ [၂၁] [၂၂][၂၃] လူထုအတွင်း အဓိကရုဏ်းများဖြစ်ပွားခြင်းနှင့် တူရကီ၏ ဝင်ရောက် သိမ်းပိုက်ခြင်းများကြောင့် မြောက်ပိုင်းဆိုက်ပရပ်စ်သားတို့သည် သီးခြားနိုင်ငံရေးအဖွဲ့အစည်းများ တည်ထောင်လာကြသည်။ ယင်းအဖြစ်အပျက်မှာ ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေဆဲ နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ဆိုက်ပရပ်စ်သမ္မတနိုင်ငံ၏တရားဥပဒေအရ ပိုင်နက်နယ်မြေမှာ ဆိုက်ပရပ်စ်ကျွန်းတစ်ကျွန်းလုံးနှင့် ဝန်းကျင်ရေပိုင်နက်များ ဖြစ်သည်။ သို့သော် စာချုပ်အရ ဗြိတိသျှ စစ်အခြေစိုက်စခန်းများ ထားရှိသော Akrotiri နှင့် Dhekelia နေရာများလည်း ရှိသည်။ ယင်းနေရာများကိုမူ ဗြိတိသျှအချုပ်အခြာပိုင်နေရာအဖြစ် သတ်မှတ်ထားသည်။ ဆိုက်ပရပ်စ်သမ္မတနိုင်ငံသည် လက်ရှိအခြေအနေအရ ကျွန်းတစ်ခုလုံး၏ ၅၉% ကို ပိုင်ဆိုင်သည်။ ကျန်သော နိုင်ငံမြောက်ပိုင်းမှ နယ်မြေများမှာ တူရကီ၏ အုပ်ချုပ်မှုအောက်တွင် ကျရောက်နေသည်။ [၂၄] ယင်းဆိုက်ပရပ်စ် မြောက်ပိုင်းဒေသသည်လည်း မြောက်ပိုင်းဆိုက်ပရပ်စ်တူရကီသမ္မတနိုင်ငံ ဟု ကြေညာထားပြီး လက်ရှိအနေအထားတွင် တူရကီနိုင်ငံ တစ်ခုတည်းကသာ အသိအမှတ်ပြုထားသည်။

ကျွန်း၏ အလျားမှာ ၁၄၅ မိုင်ခန့် ရှည်၍ အနံ မိုင် ၆ဝ ခန့်ရှိ၏။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၃၅၇၂ ရှိသည်။တောင်ဖက်ပိုင်းနှင့် မြောက်ဖက်ကမ်းခြေတွင် တောင်တန်းများ ရှိသည်။ တစ်နှစ်လုံး ပေါက်ရေရသော မြစ်ချောင်းဟူ၍ မရှိချေ။ ဆည်မြောင်များ ဖောက်ထားသော ဒေသများတွင် ဂျုံ၊ မုယောစပါး၊ ဝါ၊ သံလွင် ပင်များ စိုက်ပျိုးကြ၏။ စပျစ်ခြံများ ရှိ၍ စပျစ်သီးခြောက်နှင့် အရက်များ ထွက်သည်။ ယင်းတို့ကို နိုင်ငံခြားသို့ တင်ပို့သည်။ သိုးနွားများ မွေးမြူကြ၏။ ရှေးအခါက ကြေးနီ အမြောက် အမြား ထွက်ခဲ့ဘူးသည်ကို အစွဲပြု၍ ကျွန်း၏ အမည်ကို ဆိုက်ပရပ်စ်ဟု ရှေးက ဂရိတို့ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ဆိုက်ပရပ်စ်ဟူသော စကား၏ ဇာစ်မြစ်မှာ ကြေးနီဟူ၏။

ကျွန်းအလယ်ရှိ လွင်ပြင်မှာ ရှေးအခါက သစ်တောကြီးများ ဖုံးလွှမ်းလျက် ရှိခဲ့ဘူး၍ ပင်လယ်ခရီးသွားခြင်း၌ ထင်ရှား ခဲ့သော ဖိုနီးရှန်တို့သည် ထိုသစ်တောများမှရသော သစ်သား များဖြင့် လှေ၊ သင်္ဘောများ တည်ဆောက်ကာ ပင်လယ်ခရီး သွားကြ၏။ ဆိုက်ပရပ်စ်ကျွန်းမှ ရရှိသော သတ္တုများမှာ ကြေးနီ၊ သဲကျောက်၊ ထုံးကျောက်၊ နှမ်းဖတ်ကျောက်၊ ကျောက်ဖြူနှင့် ကျောက်ဂွမ်းများ ဖြစ်လေသည်။ [၂၅]

ဆိုက်ပရပ်စ် သမ္မတနိုင်ငံ
Republic of Cyprus
ဆိုက်ပရပ်စ်နိုင်ငံ၏ အလံတော်
ဆိုက်ပရပ်စ်နိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: "Freedom or Death"
နိုင်ငံတော် သီချင်း: Hymn to Liberty
ဆိုက်ပရပ်စ်နိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
နီကိုးရှားမြို့
ရုံးသုံး ဘာသာစကားများဂရိဘာသာ၊ တူရကီဘာသာ[၁]
အမျိုးအစားသမ္မတအစိုးရ
အစိုးရ
• သမ္မတ
Dimitris Christofias
တည်ထောင်
• လွတ်လပ်ရေး ကြေငြာ (ယူကေမှ)
ဖေဖော်ဝါရီ ၁၉ ၊ ၁၉၅၉
ဧရိယာ
• စုစုပေါင်း
၃,၅၇၂ စတုရန်းမိုင် (၉,၂၅၁ စတုရန်း ကီလိုမီတာ) (အဆင့်: ၁၆၇)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ခန့်မှန်း
၈၀၃,၁၄၇ (၂၀၁၀)[၂] (မြောက်ဘက်မပါ)
၁,၀၈၈,၅၀၃ (တနိုင်ငံလုံး)
• သိပ်သည်းမှု
၁၁၇/km² (၂၂၁.၀/sq mi) (အဆင့် - ၁၁၅)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၂၃.၁၉၀ ဘီလီယံ[၃]
• Per capita
US $၂၈,၂၅၆[၃]
HDIIncrease ၀.၈၁၀[၄]
အလွန်မြင့် · ၃၅
ငွေကြေးယူရို (€)
အချိန်ဇုန်+၂ (နွေရာသီ) +၃
တယ်လီဖုန်းကုဒ်+၃၅၇
Internet TLD.cy

သမိုင်းကြောင်း

ရှေးအခါက ဆိုက်ပရပ်စ်ကျွန်းသည် အီဂျစ်၊ ပါးရှင်းနှင့် ရောမ လူမျိုးတို့၏ လက်အောက်သို့ ကျရောက်ခဲ့ဘူး၏။ ကရူးဆိတ် ခေါ် အယူဝါဒစစ်ပွဲတွင် အင်္ဂလန်ဘုရင် ပထမ ရစ်ချတ်သည် ထိုကျွန်းကို ခေတ္တသိမ်းပိုက်ရလိုက်သေး၏။ ထိုနောက် နှစ် ပေါင်း ၁ဝဝ ခန့် ကြာသောအခါ တူရကီလက်ထဲသို့ ရောက် သွားပြီးလျှင် ၁၈၇၈ ခုနှစ်တွင် တူရကီက ထိုကျွန်းကို ဗြိတိန် အား ပေးအပ်ခဲ့ပြန်သည်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီးတွင် တူရကီသည် ဗြိတိန်၏ရန်သူ ဖြစ်သွားသောအခါ ဆိုက်ပရပ်ကျွန်းမှာ ဗြိတိသျှကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာလေသည်။ ၁၉၂၅ ခုနှစ်တွင် ဆိုက်ပရပ်စ်ကျွန်းမှာ ဗြိတိသျှ ကရောင်း ကိုလိုနီ ဖြစ် လာသည်။ သို့ရာတွင် ၁၉၃၁ ခုနှစ်တွင် ဆိုက်ပရပ်စ်ကျွန်းသည် ဂရိနိုင်ငံနှင့် ပေါင်းစပ်ရမည်ဟူသော နိုင်ငံရေး ကြိုးပမ်းမှုများ ပေါ်ပေါက်ခဲ့သဖြင့် ယခင်က ရှိရင်းစွဲဖြစ်သော ဥပဒေပြုအဖွဲ့ကို ဖျက်သိမ်း၍ ဘုရင်ခံ ကိုယ်တိုင် ဥပဒေပြုကာ အုပ်ချုပ်ခဲ့လေ သည်။ ယခုအခါ ဆိုက်ပရပ်စ်ကျွန်း၏ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရန်ကိစ္စတွင် ဆိုက်ပရပ်စ်သည် မူလဖြစ်သော ဂရိနိုင်ငံနှင့် ပေါင်းရမည်ဟူသည့် နိုင်ငံရေး လှုပ်ရှားမှုများ ပြန်လည် ပေါ်ပေါက်လျက်ရှိသည်။ ဆိုက်ပရပ်စ်ကျွန်းမှာ စစ်မက်ရေးရာ အတွက် အကွက်အကွင်းကျသော နေရာတစ်ခုဖြစ်သည့်အတိုင်း ဗြိတိသျှ အင်ပိုင်ယာနိုင်ငံ တွင် အရေးကြီးသော ဌာနတစ်ခု ဖြစ်လေသည်။ [၂၆]

ကိုးကား

  1. Constitution of the Republic of Cyprus: "The official languages of the Republic are Greek and Turkish" (Appendix D, Part 01, Article 3)
  2. Total population as of 1 January။ Eurostat။ 14 January 2010 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Cyprus။ International Monetary Fund။ 21 April 2011 တွင် ပြန်စစ်ပြီး။
  4. Human Development Report 2009. The United Nations. Retrieved 12 October 2009.
  5. Fouskas, V. 2002. Eurasian gambles over Cyprus' European prospects. Turkish Yearbook of International Relations (ISSN: 0544-1943): Vol. 33, pp. 183–207; on p. 186: "[In analysing Cyprus within a wider geopolitical context, t]he requirement is to decipher the parameters and the linkages of the balance of power in the Eurasian region, and in its Near Eastern subregion, to which Cyprus belongs."
  6. Cyprus is approximate to Anatolia (which comprises the bulk of Turkey) but it may be considered to be in Asia and/or Europe, which together constitute Eurasia.[၁] The United Nations classification of world regions places Cyprus in Western Asia; [၂]National Geographic also places Cyprus in Asia. Conversely, numerous sources place Cyprus in Europe such as the BBC [၃] and www.worldatlas.com; it is also a member of the European Union. Additionally, sources may place Cyprus in the Middle East, e.g., the CIA World Factbook.[၄]
  7. Invest in Cyprus website – figures do not include tourism to the occupied North [၅]
  8. The World Economic Outlook (WEO) Database May 2001။ International Monetary Fund။ 11 May 2010 တွင် ပြန်စစ်ပြီး။
  9. Country and Lending Groups။ World Bank။ 11 May 2010 တွင် ပြန်စစ်ပြီး။
  10. Human Development Report 2009 – HDI rankings။ United Nations Development Programme။ 20 January 2010 တွင် ပြန်စစ်ပြီး။
  11. The Non-Aligned Movement: Background Information။ Non-Aligned Movement (21 September 2001)။ 19 January 2010 တွင် ပြန်စစ်ပြီး။
  12. 2000 – today: A decade of further expansionEuropa။ European Union။ 19 January 2010 တွင် ပြန်စစ်ပြီး။
  13. "Stone Age wells found in Cyprus"၊ BBC News၊ 2009-06-25။ 2009-07-31 တွင် ပြန်စစ်ပြီး
  14. Wade, Nicholas, "Study Traces Cat's Ancestry to Middle East", The New York Times, June 29, 2007
  15. Walton၊ Marsha။ "Ancient burial looks like human and pet cat"၊ CNN၊ April 9, 2004။ 2007-11-23 တွင် ပြန်စစ်ပြီး
  16. Cyprus, CIA World Factbook ; CIA Atlas of the Middle East (1993) (online edition)
  17. Middle East Region, Xpeditions Altas, National Geographic
  18. Middle East (region, Asia), Britannica Online Encyclopedia
  19. Middle East Map, MSN Encarta
  20. Cyprus date of independence (click on Historical review)
  21. U.S. Library of Congress – Country Studies – Cyprus – Intercommunal Violence။ Countrystudies.us (1963-12-21)။ 2009-10-25 တွင် ပြန်စစ်ပြီး။
  22. Mallinson, William (June 30, 2005). Cyprus: A Modern History. I. B. Tauris, 81. ISBN 978-1850435808။
  23. "website"၊ BBC News၊ 2002-10-04။ 2009-10-25 တွင် ပြန်စစ်ပြီး
  24. According to the United Nations Security Council Resolutions 550 and 541။ Un.org။ 2009-03-27 တွင် ပြန်စစ်ပြီး။
  25. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
  26. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)
ကဘူးလ်မြို့

ကဘူးလ်မြို့ သည် အာဖဂန်နစ္စတန်နိုင်ငံ ၏ မြို့တော် နှင့် အကြီးဆုံးမြို့ ဖြစ်ပြီး နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ ၎င်းသည် စည်ပင်သာယာနယ်နိမိတ် တစ်ခုလည်း ဖြစ်ပြီး မဟာကဘူးလ်ခရိုင်၏ တစိတ်တပိုင်း အဖြစ်တည်ရှိသည်။ ၂၀၁၅ ခုနှစ် ခန့်မှန်းချက် အရ ကဘူးလ်မြို့တွင် လူဦးရေ ၄.၆၃၅ သန်း ရှိပြီး ၎င်းတွင် အဓိကလူမျိုးစု အားလုံး ပါဝင်သည်။မြို့ပြ အလျင်အမြန် ဖွံ့ဖြိုးလာခြင်းကြောင့် ကဘူးလ်သည် ကမ္ဘာပေါ်တွင် ၇၅ ခုမြောက် အကြီးဆုံး မြို့ ဖြစ်လာခဲ့သည်။ ကဘူးလ်သည် ဟိန္ဒူကွတ်ရှ် တောင်တန်း၏ ကျဉ်းမြောင်းသော တောင်ကြားအတွင်းတည်ရှိ၍ အမြင့် ၅၈၇၃ ပေ (၁၇၉၀ မီတာ) တွင် တညရှိသဖြင့် ကမ္ဘာပေါ်တွင် အမြင့်မားဆုံး တည်ရှိသော မြို့တော်စာရင်းတွင် ပါဝင်သည်။ မြို့တော်သည် အနည်းဆုံး သက်တမ်း နှစ်ပေါင်း ၃,၅၀၀ မျှ ရှိသည်ဟု ဆိုကြပြီး အာချိမိနစ် အင်ပိုင်ယာခေတ်ကပင် မြို့အကြောင်း ဖော်ပြခြင်းများ ရှိခဲ့သည်။ ၎င်း၏ နေရာသည် တောင်အာရှ နှင့် အလယ်အာရှတို့ ကုန်သွယ်ရာလမ်းကြောင်း၏ မဟာဗျူဟာ ကျသော နေရာတွင် တည်ရှိပြီး ရှေးခေတ် ပိုးသားလမ်းမကြီး ၏ အဓိက နေရာ ဖြစ်သည်။

ဂျကာတာမြို့

ဂျကာတာမြို့သည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဖြစ်ပြီး ယခင်က ဘာတေးဗီးယားမြို့ ဟု ခေါ်ကြသည်။ ဂျားဗားကျွန်း ၏ အနောက်မြောက်ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ၂၅၅ စတုရန်းမိုင် (၆၆၁ စတုရန်းကီလိုမီတာ) ရှိသည်။ ၂၀၁၀ ခုနှစ် လူဦးရေ စာရင်း အရ လူဦးရေ ၉,၅၈၀,၀၀၀ ဦး နေထိုင်သည်။ ဂျကာတာမြို့သည် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး ဗဟိုဌာနဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့တောင်အာရှတွင် လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမမြောက် အကြီးဆုံးမြို့ ဖြစ်သည်။

ဆိုးလ်မြို့

ဆိုးလ်မြို့ အား ရုံးသုံးအခေါ်အဝေါ်တွင် ဆိုးလ်အထူးမြို့တော်ဟု ခေါ်ဝေါ်လေ့ရှိပြီး တောင်ကိုရီးယားနိုင်ငံ ၏ မြို့တော် နှင့် အကြီးဆုံး မက်ထရိုပိုလစ် ဖြစ်သည်။ လူဦးရေ ၁၀ သန်းကျော် ရှိသော မက်ဂါမြို့တော်ဖြစ်ပြီး အိုအီးစီဒီ အဖွဲ့မှ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ မြို့တော်များထဲတွင် လူဦးရေ အများဆုံး ဖြစ်သည်။ အင်ချွန် မက်ထရိုပိုလစ် ဒေသနှင့် ဂျောင်ဂျီဒေသတို့ ပါဝင်သော ဆိုးလ်၏ မြို့တော် ဧရိယာတွင် လူဦးရေ ၂၅ သန်းကျော်မျှ နေထိုင်ကြပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံးသော မက်ထရိုပိုလစ်တန် ဒေသဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ လူဦးရေ တစ်ဝက်ကျော်မှာ ဆိုးလ်မြို့တော် ဧရိယာတွင် နေထိုင်ကြပြီး ၄ ပုံ တပုံမှာ ဆိုးလ်မြို့တော် အတွင်း၌ နေထိုင်ကြသည်။ ထို့အတွက်ကြောင့် ဆိုးလ်မြို့တော်ကို နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု အချက်အချာ ဒေသ ဖြစ်စေသည်။

ဆိုးလ်မြို့နေရာတွင် လူတို့ အဓိက အခြေချနေထိုင်ခဲ့ကြသည်မှာ နှစ်ပေါင်း ၂ ထောင်ကျော်ခဲ့ပြီ ဖြစ်ပြီး စတင် အခြေချကြသည်မှာ ဘီစီ ၁၈ ခုနှစ် ကတည်းက ဖြစ်သည်။

ဒါကာမြို့

ဒါကာမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ဒါကာပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ဒါကာ သည် မက်ဂါမြို့တော် အဆင့်ရှိသော မြို့တော်တစ်ခုဖြစ်ပြီး အာရှတောင်ပိုင်း၏ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ ဒါကာမြို့တော်နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် ဘူရိဂန်ဂါမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၆ သန်းမျှ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် နဝမမြောက် အကြီးဆုံးဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံးမြို့များတွင် အဆင့် ၂၈ ရှိသည်။ ဒါကာမြို့ကို ဗလီများ၏မြို့တော် ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ မြို့တော်၏ လမ်းများပေါ်တွင် ဆိုက်ကားစီးရေ ၄ သိန်းမျှ နေ့စဉ်သွားလာနေသဖြင့် ကမ္ဘာ့ဆိုက်ကားမြို့တော် ဟုလည်း ခေါ်ကြသည်။

ဒိုဟာမြို့

ဒိုဟာမြို့သည် ကာတာနိုင်ငံ၏ မြို့တော် ဖြစ်သည်။

ပါရှန်းပင်လယ်ကွေ့၏ ကမ်းရိုးတန်းပေါ်တွင် တည်ရှိပြီး ၂၀၀၈ ခုနှစ် စာရင်း အရ လူဦးရေ ၉၉၈,၆၅၁ ဦး ရှိသည်။ ဒိုဟာသည် ကာတာနိုင်ငံ၏ အကြီးဆုံး မြို့ ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံလုံး၏ လူဦးရေ ၆၀ ရာခိုင်နှုန်းမှာ ဒိုဟာမြို့နှင့် ပတ်ဝန်းကျင် ဆင်ခြေဖုံး ဒေသများတွင် နေထိုင်ကြသည်။ နိုင်ငံ၏ စီးပွားရေး အချက်အချာ ဒေသလည်း ဖြစ်သည်။ ကာတာနိုင်ငံ ၏ စည်ပင်သာယာရေး နယ်နိမိတ် တစ်ခုလည်း ဖြစ်သည်။

ဒီလီမြို့

ဒီလီမြို့သည် အရှေ့တီမောနိုင်ငံ ၏ မြို့တော်၊ အကြီးဆုံးမြို့၊ အဓိက ဆိပ်ကမ်းမြို့ နှင့် ကုန်သွယ်ရေးဌာနမြို့ ဖြစ်သည်။

နယူးဒေလီမြို့

နယူးဒေလီမြို့ (အင်္ဂလိပ်: New Delhi; ( ))သည် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၎င်းတွင် အလွန်ရှေးကျသော သမိုင်းဟောင်းများရှိသည်။ ၎င်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၄၂.၇ စတုရန်းကီလိုမီတာ ခန့်ရှိသည်။ ထို့ပြင် လူဦးရေ ထူထပ်မှုမှာ ၉.၄ သန်းခန့်ရှိသည်။ ၎င်အား အိန္ဒိယ ဗဟိုအုပ်ချုပ်ရေးဌာနနှင့် ဒေလီ၏ပြည်ထောင်စုနယ်မြေအစိုးရဌာနအဖြစ် အသုံးပြုပြီး ပြည်ထောင်စုနယ်မြေ ၉ ခုအနက် တစ်ခုလည်းဖြစ်သည်။ နယူးဒေလီမြို့သည် ဒေလီမြို့မ၏ အတွင်းတွင် တည်ရှိ၍ နိုင်ငံခြားသံရုံး ၁၃၄ ရုံးခန့် ရှိသည်။

နယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော် မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းမှာ နယူးဒေလီ မြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။

ပေကျင်းမြို့

ပေကျင်းမြို့ (Beijing 北京) (နိုင်ငံခြားဘာသာဖြင့် အမည်ဟောင်း ပီကင်း) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုံးစိုက်ရာ မြို့တော်ဖြစ်ပြီး တရုတ်ပြည် မြောက်ပိုင်းတွင် တည်ရှိသည့် မြို့ပြကြီး တစ်ခုဖြစ်သည်။ ဗဟိုအစိုးရမှ တိုက်ရိုက် အုပ်ချုပ်သည့် မြို့ကြီးလည်းဖြစ်သည်။ ပေကျင်းမြို့သည် တရုတ်သမိုင်းတွင် အရေးပါသည့် ရှေးဟောင်းမြို့တော်ကြီး လေးမြို့တွင် ပါဝင်သည်။ပေကျင်းမြို့တွင် နေထိုင်သူ ၁၇ သန်းကျော်ရှိပြီး တရုတ်ပြည်တွင်း၌ ရှန်ဟိုင်းမြို့မှလွဲ၍ လူဦးရေ အများဆုံး မြို့ဖြစ်သည်။ ပေကျင်းမြို့တွင် ကုန်းကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင်ရေး အဆင်ပြေသောကြောင့် တရုတ်ပြည်၏ လမ်းပန်းဆက်သွယ်ရေး ဆုံတာဖြစ်သည်။ တရုတ်ပြည်၏ နိုင်ငံရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု အချက်အချာလည်း ဖြစ်သည်။ ရှန်ဟိုင်းနှင့် ဟောင်ကောင်မှာမူ တရုတ်ပြည်၏ စီးပွားရေးနယ်ပယ်တွင် အခရာကျသည့် မြို့ကြီး ၂ မြို့ဖြစ်သည်။

ပြုံယမ်းမြို့

ပြုံယမ်းမြို့ (UK: , US: ; ကိုရီးယား အသံထွက်: [pʰjʌŋ.jaŋ]) သည် မြောက်ကိုရီးယားနိုင်ငံ၏ အကြီးဆုံးနှင့် မြို့တော်ဖြစ်သည်။ ပင်လယ်ဝါနှင့် ၁၀၉ ကီလိုမီတာခန့်အကွာ Taedong မြစ်ပေါ်၌ တည်ရှိပြီး ၂၀၀၈ သန်းခေါင်စာရင်းအရ ပြုံယမ်းမြို့၏ လူဦးရေသည် ၃၂၅၅၂၈၈ ဖြစ်သည်။ ပြုံယမ်းမြို့သည် နိုင်ငံတော်မှ တိုက်ရိုက်အုပ်ချုပ်သော မြို့တော်တစ်ခုလည်း ဖြစ်သည်။

ဖနွမ်းပင်မြို့

ဖနွမ်းပင်မြို့သည် ကမ္ဘောဒီးယားနိုင်ငံ ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ မဲခေါင်မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ပြင်သစ်တို့၏ ကိုလိုနီနယ် အဖြစ် ရှိနေစဉ်ကတည်းက မြို့တော်အဖြစ် ရှိနေခဲ့သည်။ ဆီယမ်ရိယပ်၊ ဆီယက်နွတ်ဗေးလ် တို့နှင့် အတူ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းတွင် ထင်ရှားကျော်ကြားသည်။

ဗီယင်ကျန်းမြို့

ဗီယင်ကျန်းမြို့ (အင်္ဂလိပ်: Vientiane; ; ပြင်သစ်အသံထွက်: [vjɛ̃ˈtjan]; လာအို: ວຽງຈັນ, Viang chan, IPA: [ʋíəŋ tɕàn]; ထိုင်း: เวียงจันทน์, Wiang Chan, IPA: [wiəŋ tɕan]; ခမာ: វៀងច័ន្ទ, Vieng Chan) သည် လာအိုနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ကြီးဖြစ်သည်။ ထိုင်းနိုင်ငံနယ်စပ်အနီး မဲခေါင်မြစ်ကမ်းပါးတွင် တည်ရှိသည်။ မြန်မာကျူးကျော်မှု ဘေးအန္တရာယ်ကြောင့် ၁၅၆၃ ခုနှစ်တွင် ဗီယင်ကျန်းမြို့မှာ မြို့တော်ဖြစ်လာခဲ့သည်။ ဗီယင်ကျန်းမြို့မှာ ပြင်သစ်များအုပ်ချုပ်ခဲ့စဉ်က အုပ်ချုပ်ရေးမြို့တော်ဖြစ်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြောင့် ယခုအခါ လာအိုနိုင်ငံ၏ စီးပွားရေးအချက်အခြာ နေရာတစ်ခုဖြစ်သည်။

ဗီယင်ကျန်းမြို့ရှိ ခန့်မှန်းလူဦးရေစာရင်းမှာ ၇၆၀,၀၀၀ (၂၀၁၅) ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နှစ် ၅၀ မြောက်အဖြစ် ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။

ဘဂ္ဂဒက်မြို့

ဘဂ္ဂဒက်မြို့သည် အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဘဂ္ဂဒက်မြို့တွင် ခန့်မှန်းခြေ လူဦးရေ ၇,၂၁၆,၀၄၀ ဦးခန့် ရှိသည်။ အီရတ်နိုင်ငံတွင် အကြီးဆုံးမြို့ဖြစ်ပြီး အာရပ်ကမ္ဘာတွင် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ပြီးလျှင် အကြီးဆုံး ဖြစ်သည်။ အနောက်အာရှတွင် အီရန်နိုင်ငံ တီဟီရန်မြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဖြစ်သည်။

တိုင်းဂရစ်မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ၈ ရာစု မှ စတင် တည်ထောင်ခဲ့ကာ အဘာဆစ် ကယ်လီဖိတ်၏ မြို့တော် အနေနှင့် တည်ရှိခဲ့သည်။ စတင်တည်ထောင်သည့် အချိန်မှစ၍ အချိန်အနည်းငယ် အတွင်းမှာပင် ဘဂ္ဂဒက်သည် ထင်ရှားသော အစ္စလာမ် ကမ္ဘာတွင် ယဉ်ကျေးမှုဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ နှင့် ပညာဆိုင်ရာ အချက်အခြာဌာန ဖြစ်လာခဲ့သည်။ ထို့အပြင် ပညာသင်ကြားတတ်မြောက်ရာ တက္ကသိုလ်များ တည်ရှိခြင်းကြောင့် တကမ္ဘာလုံးတွင် သင်ကြားမှုဆိုင်ရာ ဗဟိုဌာန အဖြစ် ကျော်ကြားလာခဲ့သည်။ အလယ်ခေတ် ထိပ်ပိုင်းတွင် ဘဂ္ဂဒက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့ အဖြစ် မှတ်ယူကြပြီး ခန့်မှန်းခြေလူဦးရေ ၁.၂ သန်းခန့် ရှိသည်။ ၁၂၅၈ တွင် မြို့တော်သည် မွန်ဂိုအင်ပိုင်ယာကြောင့် အကြီးအကျယ် ပျက်စီးခဲ့ပြီး စတင် ဆုတ်ယုတ်လာခဲ့သည်။ ကပ်ရောဂါများ နှင့် အင်ပိုင်ယာ အများအပြား ပြောင်းလဲ အုပ်ချုပ်မှုတို့ကြောင့် ဆက်လက်၍ ဆုတ်ယုတ်လာခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အီရတ်နိုင်ငံကို လွတ်လပ်သော နိုင်ငံ အဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ဘဂ္ဂဒက်မြို့သည် ယခင်က တည်ရှိခဲ့သော ကျော်စောထင်ရှားမှုများ တဖြည်းဖြည်း ပြန်လည် ရရှိလာခဲ့ပြီး အာရပ်ယဉ်ကျေးမှုတွင် ထင်ရှားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

ယနေ့ခေတ်ကာလတွင် ဘဂ္ဂဒက်မြို့တော်သည် အခြေခံအဆောက်အအုံ အကြီးအကျယ် ပျက်စီးမှုများနှင့် မကြာခဏ ကြုံတွေ့ရသည်။ လောလောလတ်လတ်တွင် ၂၀၀၃ ခုနှစ် အမေရိကန် ကျူးကျော်ဝင်ရောက်မှုနှင့် ၂၀၁၀ ခုနှစ် အထိ ဆက်လက်ဖြစ်ပေါ်နေသော စစ်ပွဲများကြောင့် ဖြစ်သည်။ လတ်တလောနှစ်များတွင် ဘဂ္ဂဒက်မြို့တော်သည် လက်နက်ကိုင် တိုက်ခိုက်မှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျှက် ရှိသည်။

ဘန်ဒါဆရီဘဂါဝမ်မြို့

ဘန်ဒါဆရီ ဘဂါဝမ်မြို့သည် ဘရူနိုင်းနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ခန့်မှန်းခြေ အရ လူဦးရေ ၁၄၀,၀၀၀ ခန့်မျှ ရှိသည်။ မြို့ပြဧရိယာ အတွင်း နေထိုင်သူ လူဦးရေ ၂၉၆,၅၀၀ ဦးခန့် ရှိသည်။

ဘေရွတ်မြို့

ဘေရွတ်မြို့သည် လက်ဘနွန်နိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ လတ်တလောတွင် လူဦးရေ စာရင်း ကောက်ယူထားခြင်း မရှိသည့် အတွက် လူဦးရေ အတိအကျ မည်မျှ ရှိမည်ကို မသိနိုင်ပေ။ ၂၀၀၇ ခုနှစ် ခန့်မှန်းချက်အရ လူဦးရေ ၁ သန်း လျော့လျော့ မှ ၂ သန်းကျော် အထိ ရှိနိုင်မည်ဟု ခန့်မှန်းရသည်။ လက်ဘနွန်နိုင်ငံ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ကျွန်းဆွယ် တစ်ခုပေါ်တွင် တည်ရှိပြီး နိုင်ငံ၏ အကြီးဆုံးနှင့် အဓိက ဆိပ်ကမ်းမြို့ ဖြစ်သည်။ ဘေရွတ် မက်ထရိုပိုလစ်တန် ဒေသတွင် မြို့တော်နှင့် ဆင်ခြေဖုံးဒေသများ ပါဝင်သည်။ ဤမြို့အကြောင်း ဖော်ပြချက်ကို ရှေးဟောင်း အီဂျစ် တဲလ် အယ်လ် အာမာနာ၏ ဘီစီ ၁၅ ရာစုမှစာတွင် တွေ့ရသည်။ ဘေရွတ်မြို့သည် ထိုအချိန်မှ စ၍ ယနေ့တိုင်အောင် အစဉ်တစိုက် လူသားတို့ နေထိုင်ခဲ့ကြသော မြို့ဖြစ်သည်။

ဘေရွတ်မြို့သည် လက်ဘနွန်နိုင်ငံ အစိုးရ ရုံးထိုင်ရာ မြို့ဖြစ်ပြီး လက်ဘနွန်နိုင်ငံ၏ စီးပွားရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ ဘဏ်များနှင့် ကော်ပိုရေးရှင်းကြီးများသည် ဘေရွတ်မြို့တွင် အခြေစိုက်ကြသည်။ ဘေရွတ်မြို့သည် ဒေသအတွင်း ယဉ်ကျေးမှု ဆိုင်ရာ အချက်အခြာ ကျသော မြို့တစ်မြို့ ဖြစ်ပြီး သတင်းစာ၊ ပြဇာတ်၊ ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုများနှင့် ညဘက် ဖျော်ဖြေမှုများ အတွက် ထင်ရှားသည်။ လက်ဘနွန် ပြည်တွင်းစစ် အတွင်း ပျက်စီးသွားခဲ့ပြီးနောက် အကြီးစား ပြန်လည်တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။ ပြန်လည်မွန်းမံထားသော မြို့လယ်ခေါင်ရပ်ကွက်၊ ဆိပ်ကမ်း၊ ပပ်ဘ် နှင့် ညဘက် ဖျော်ဖြေမှု ဆိုင်ရာ ရပ်ကွက်များကြောင့် ကမ္ဘာလှည့်ခရီးသွားတို့ ကျင်လည်ရာ ဒေသတစ်ခု ပြန်ဖြစ်လာခဲ့သည်။ နယူးယောက်တိုင်း သတင်းစာမှ ၂၀၀၉ ခုနှစ်တွင် ဘေရွတ်မြို့အား လည်ပတ်ရန် အကောင်းဆုံး နေရာ ၁၀ ခု အတွင်း ထည့်သွင်းခဲ့ပြီး ထိုနှစ် အတွင်းမှာပင် အထီးကျန် ကမ္ဘာ စာအုပ်မှလည်း ကမ္ဘာပေါ်တွင် လှုပ်ရှား တက်ကြွဆုံး မြို့ ၁၀ မြို့တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

လူဦးရေအလိုက် နိုင်ငံနှင့် နယ်မြေဒေသများ စာရင်း

ဤသည်မှာ လူဦးရေအလိုက် နိုင်ငံများနှင့် အမှီအခိုနယ်မြေဒေသများ စာရင်း ဖြစ်သည်။ ဤစာရင်းတွင် အချုပ်အခြာ အာဏာပိုင်နိုင်ငံများနှင့် အမှီအခိုနယ်မြေဒေသများ ပါဝင်ပြီး အချို့သော အချုပ်အခြာ အာဏာပိုင်နိုင်ငံများကို ISO စံညွှန်း ISO 3166-1 အရ ထည့်သွင်းပြုစုထားသည်။ ထို့အပြင် ISO 3166-1 တွင် မပါဝင်သည့် အချို့သော တစ်စိတ်တစ်ပိုင်းအသိအမှတ်ပြုနယ်မြေများလည်း ပါဝင်သည်။

ဟနွိုင်းမြို့

ဟနွိုင်းမြို့သည် ဗီယက်နမ်နိုင်ငံ၏ မြို့တော်နှင့် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။ ၂၀၀၉ ခုနှစ် စာရင်းအရ လူဦးရေ ၆.၅ သန်း နေထိုင်လျှက် ရှိသည်။ ၁၀၁၀ ခုနှစ်မှ ၁၈၀၂ ခုနှစ် အထိ ၎င်းသည် ဗီယက်နမ်နိုင်ငံရေး အတွက် အချက်အချာကျရာ နေရာဖြစ်ခဲ့သည်။ ငုယင်မင်းဆက် ဟျူမင်းလက်ထက်တွင် ဟနွိုင်း၏ ထည်ဝါမှုတို့ မှေးမှိန်သွားခဲ့သည်။ ၁၉၀၂ ခုနှစ်မှ ၁၉၅၄ အထိ ပြင်သစ်အင်ဒိုချိုင်းနား၏ မြို့တော်ဖြစ်ခဲ့ပြီး ၁၉၅၄ မှ ၁၉၇၆ အထိ မြောက်ဗီယက်နမ်၏ မြို့တော်ဖြစ်ခဲ့သည်။

အဘူဒါဘီမြို့

အဘူဒါဘီမြို့ (Abu Dhabi) သည် အာရပ်စော်ဘွားများပြည်ထောင်စု ၏ မြို့တော်ဖြစ်သည်။ ပါရှန်းပင်လယ်ကွေ့ အနောက်အလယ်ပိုင်း ကမ်းခြေရှိ အင်္ဂလိပ်အက္ခရာ တီ (T) ပုံသဏ္ဌာန်ရှိ ကျွန်းကလေးတစ်ခုပေါ်တွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ဧရိယာ စတုရန်းမိုင်ပေါင်း (၂၆,၀၀၀) (၆၇,၃၄၀ စတုရန်းကီလိုမီတာ) ရှိပြီး ၂၀၀၈ခုနှစ် သန်းခေါင်စာရင်းအရ ခန့်မှန်းခြေလူဦးရေ (၈သိန်း ၆သောင်း) ရှိသည်။ အဘူဒါဘီမြို့တော်သည် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နှင့် စက်မှုလုပ်ငန်းများ၏ ဗဟိုချက်မ ဖြစ်သည်။ ၂၀၀၈ခုနှစ်တွင် တစ်နိုင်ငံလုံး ဂျီဒီပီ၏ ၅၆.၇% ရှိသည်။ အဘူဒါဘီမြို့သည် ကမ္ဘာ့ လူနေမှုစရိတ်အမြင့်မားဆုံးမြို့များစာရင်းတွင် အဆင့်(၂၆)ရှိသည်။ ၂၀၀ရခုနှစ်တွင် ကမ္ဘာ့အချမ်းသာဆုံးမြို့အဖြစ် ဖော်ကျူးန်းမဂ္ဂဇင်း မှ ဖော်ပြခဲ့သည်။

ဦလန်ဘာတာမြို့

ဦလန်ဘာတာမြို့သည် မွန်ဂိုးလီးယားနိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံးမြို့ ဖြစ်သည်။ မည်သည့် ခရိုင်အတွင်းမှ မပါရှိဘဲ သီးသန့် တည်ရှိနေသော မြို့နယ်မြေ အဖြစ်တည်ရှိသည်။ ၂၀၀၈ ခုနှစ်တွင် လူဦးရေ တစ်သန်းကျော်မျှ ရှိသည်။

မွန်ဂိုးလီးယားနိုင်ငံ၏ မြောက်ဖက် အလယ်ပိုင်းတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၄၃၀၀ပေ (၁၃၁၀ မီတာ) အမြင့်တွင် တည်ရှိကာ တူးလ်မြစ်အတွင်း တောင်ကြား အပေါ်တွင် တည်ရှိသည်။ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ၊ စက်မှုဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အချက်အချာကျသော နေရာဖြစ်သည်။ မွန်ဂိုးလီးယားနိုင်ငံ ကားလမ်းကွန်ယက်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ရုရှားနိုင်ငံရှိ ဆိုင်ဘေးရီးယားသို့ ဖြတ်သန်းသွားသော ရထားလမ်းနှင့် တရုတ်ရထားလမ်း နှစ်ခုလုံးတို့နှင့် အဆက်အသွယ် ရှိသည်။

၁၆၃၉ ခုနှစ်တွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းနယ်မြေအဖြစ် ယာယီ စတင်တည်ထောင်ခဲ့သည်။ ၁၇၇၈ ခုနှစ်တွင်မူ တူးလ်မြစ်နှင့် ဆဲလ်ဘီမြစ်တို့ ဆုံရာဖြစ်သော ယခုနေရာတွင် စတင် အခြေချ နေထိုင်ခဲ့ကြသည်။ ထိုအချိန်မတိုင်မီက ၂၈ ကြိမ်တိုင်တိုင် နေရာ အပြောင်းအရွှေ့လုပ်ခဲ့ကြသည်။ ၂၀ ရာစု အတွင်းတွင်မူ ဦလန်ဘာတာသည် ကုန်ထုတ်လုပ်ရာဒေသအဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်။

အချုပ်အခြာအာဏာပိုင်နိုင်ငံများ
အကန့်အသတ်ဖြင့် အသိအမှတ်ပြုသော နိုင်ငံများ

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.