စစ်ရေး

နိုင်ငံ့အင်အားကို စစ်ရေးအင်အားတောင့်တင်းခြင်း၊ အားပျော့ခြင်းဖြင့် တိုင်းတာသည်။ ကမ္ဘာ့နိုင်ငံရေးတွင် ဩဇာလွှမ်းမိုးနိုင်ခြင်းသည် စစ်ရေးအင်အားအပေါ် များစွာ မှီတည်နေသည်။ စစ်အင်အားသည် ဩဇာလွှမ်းမိုး ခြင်းတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးပြုသည်။ နိုင်ငံ့ပါဝါကို အကြမ်းဖျင်းအားဖြင့် အမျိုးအစား (၄) မျိုး ခွဲနိုင်သည်။ • Superpower • Great Power • Middle-ranking Power • Small Power ဟူ၍ နိုင်ငံ့ပါဝါကို အမျိုးအစား (၄) မျိုးခွဲသည်။

ဤနေရာတွင် နိုင်ငံတစ်ခု၏ စစ်ရေးအင်အားသည် မိမိနိုင်ငံအတွင်း သာမက နယ်နိမိတ်မျဉ်းကိုပါ ကျော်လွန်၍ ဩဇာသက်ရောက်နိုင်သည်။ စစ်အေးကာလအတွင်း စူပါ ပါဝါ နှစ်နိုင်ငံသာ ရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့ ဖြစ်သည်။ စူပါ ပါဝါဖြစ်ခြင်းသည် နျူကလီးယားပါဝါ ပိုင်ဆိုင်ခြင်းသည် အနိုင် အရှုံးကို ဆုံးဖြတ်ပေးမည့် ဝှက် ဖဲဖြစ်သည်။

စစ်ရေးအင်အားကို မောင်းနှင်သည့် ဖက်တာများ များစွာရှိသည်။ စစ်အင်အားကြီးမားခြင်းကို ဖြစ်စေသည့် အချက်များမှာ - (က) စစ်သားအင်အားအရေအတွက် (သို့) လက်နက်ကိုင်အင်အားစု အရွယ်အစား (ခ) စစ်ရေးစွမ်းရည် (ဂ) လက်နက်အင်အား အရေအတွက် (ဃ) စစ်ရေးအသုံးစရိတ် (င) စစ်ရေးစွမ်းရည်မြင့်သင်တန်း (စစ်ရေးလေ့ကျင့်မှု) (စ) စစ်ရေးစိတ်ဓာတ်/ တိုက်ရည်ခိုက်ရည် မြင့်မာခြင်း (ဆ) ဖွဲ့စည်းပုံ (စစ်တပ်ဖွဲ့စည်းပုံ) ( ဇ) စစ်ရေးခေါင်းဆောင်မှု စသည်ဖြင့် အချက်များစွာရှိသည်။

ဤအချက်မှာ စစ်ရေးစွမ်းရည်ထက်မြက်ခြင်းသည် အရေအတွက်တစ်ခုတည်းအားဖြင့် မသက်ဆိုင်ချေ။ အကြောင်းမှာ အရေအတွက်ဟူသည် လူသားတံတိုင်းကို အားပြု၍ တည်ဆောက်ထားသော ကာကွယ်ရေး မဟာဗျူဟာဖြစ်သောကြောင့်ဖြစ်သည်။ ခေတ်သစ်တွင် စစ်သားအရေအတွက်ထက် စစ်သားတစ်ဦးချင်းစီ၏ အရည်အချင်းနှင့် စစ်ရေးစွမ်းရည်မြင့်မားခြင်းတို့သည် များစွာ အရေးပါ အရာရောက်သည်။ စစ်သည် တစ်ဦး သည် ရန်သူအရေအတွက်ကို မည်မျှအထိ ချေမှုန်းနိုင်သည် ဆိုသည့် ပေတံဖြင့် စစ်သားတစ်ဦး၏ စစ်ရေး စွမ်း ရည်ကို တိုင်းတာလေ့ရှိသည်။ ရန်သူကို များများ ချေမှုန်းနိုင်လေလေ၊ စစ်ရေးစွမ်းရည်မြင့်လေလေဟု ယေဘု ယျသတ်မှတ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စစ်ရေးအင်အား ရည်ချိန်ကို တိုင်းတာရာတွင် အောက်ပါ ညွှန်းကိန်းများဖြင့် တိုင်းတာသည်။ - စစ်သားအရေအတွက်၊ - စစ်သည်တို့၏ ကိုယ်ရည်ကိုယ်သွေး (သို့) စစ်ရေးစွမ်းရည် - လက်နက်အရေအတွက်နှင့် လက်နက်တို့၏ အစွမ်း - စစ်ရေးအသုံးစရိတ် စသည်တို့သည် စစ်အင်အားကို ဖော်ပြရာ ညွှန်းကိန်းများဖြစ်သည်။

စစ်သားအရေအတွက်

စစ်အင်အားကြီးမားရန် စစ်သားအရေအတွက် များပြားခြင်းသည် ညွှန်းကိန်းတစ်ခုဖြစ်သည်။ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုကြီး တစ်ခုလုံး၏ စစ်သားအရေအတွက်သည် စစ်အင်အားကို ကိန်းဂဏန်းဖြင့် ပြဆိုသည့် အချက် တစ်ခုဖြစ်နေသည်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကမ္ဘာတွင် စစ်သားအရေအတွက် အများဆုံးနိုင်ငံများတွင် ထိပ်ဆုံးက ပါဝင်နေသည်။

နိုင်ငံ စစ်သားအရေအတွက်

တရုတ်နိုင်ငံ၏ စစ်သားအရေအတွက် (၃) သန်း နီးပါး - (၂.၉ သန်း) အမေရိကန်နိုင်ငံ၏ စစ်သားအရေအတွက် (၁) သန်း ခွဲ - (၁.၅၉ သန်း) ရုရှားနိုင်ငံ၏ စစ်သားအရေအတွက် (၁) သန်းကျော် - (၁.၂ သန်း)

စစ်သားအရေအတွက်သည် တပ်မတော်တစ်ခုအတွက် အပေါင်းလက္ခဏာဆောင်သည့် အချက်တစ်ခုဖြစ်သော် လည်း အရေအတွက်များတိုင်း စစ်ပွဲများ၏ အောင်ပွဲကို ရရှိစေသည်ဟူ၍ တရားသေမှတ်ရန် မသင့်ချေ။ အကြောင်းမှာ သမိုင်းအဖြစ်အပျက်များ၌ မှတ်တမ်းမှတ်ရာများက ပြသထားသော သာဓကများ ရှိနေခြင်း ကြောင့်လည်းဖြစ်သည်။ အလက်ဇန်းဒါးသက်ဂရိတ်၏ စစ်တပ်တွင် တပ်သားပေါင်း ၃ သောင်းခွဲသာ ရှိသည်။ ထိုမျှသာရှိသာ တပ်သား များဖြင့် အရှေ့အလယ်ပိုင်းတစ်ခွင်မှ အိန္ဒိယရှိ အိန္ဒုမြစ်ဝှမ်းလွင်ပြင်အထိ ဖြန့်ကျက်စိုးမိုးနိုင်ခဲ့သည်။ ထိုဒေသ တွင်းရှိ တပ်အင်အားများစွာရှိသည့် စစ်တပ်များကို ဖိန့်ဖိန့်တုန်အောင် အထိ စွမ်းနိုင်ခဲ့သည်။ ဤသာဓကကို ကြည့်ခြင်းအားဖြင့် စစ်သားအရေအတွက်သည် စစ်အင်အားတောင့်တင်းစေခြင်း၏ တကယ့်အကြောင်းအရင်း မှန်ဖြစ်သည်ဟူသည့် အယူအဆကို ကိုင်လှုပ်နိုင်ခဲ့သည်။ ထိုအတူပင် ၁၉၆၅ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်ပွားသော ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်တို့သည် ဗီယက်နမ် တို့ကို စစ်ရေးအရ ရှုံးနိမ့်ခဲ့ရသည်။ ဗီယက်နမ်တွင် အမေရိကန်ကို ခုခံသော စစ်သည်အရေအတွက်သည် အမေရိကန်တပ်နှင့် ယှဉ်လျှင် အလွန်နည်းပါးသည်ကို တွေ့ရသည်။

လက်နက်အရေအတွက်နှင့် အဖျက်စွမ်းရည်

လက်နက်အရေအတွက်သည် အရေးကြီးသည်။ လက်နက်အရေအတွက်ထက် လက်နက်များ၏ ဖျက်အား စွမ်းရည်သည် ပို၍ အရေးကြီးသည်။ စစ်ရေးစွမ်းရည်တွင် စစ်သားအရေအတွက်သည် အရေးကြီးသည်။ အဖျက် လက်နက်အမြောက်အမြားပိုင်ဆိုင်ခြင်းသည်လည်း အရေးကြီးသည်။ စစ်သားတို့၏ တိုက်ရည်ခိုက်ရည် ကျွမ်း ကျင်မှုနှင့် လက်နက်များကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးချတတ်မှုသည်လည်း အရေးကြီးသည်။ ထို့အပြင် စစ် သည်တို့ အသုံးပြုသည့် လက်နက်များ၏ အဖျက်စွမ်းရည်မြင့်မားမှုသည် စစ်ပွဲတစ်ခု၏ အနိုင်အရှုံးကို များစွာ အဆုံးအဖြတ်ပေးနိုင်လိမ့်မည်။ စစ်အင်အားတောင့်တင်းခြင်းသည် စစ်သားများအပေါ်တွင်သာ မူမတည်ချေ။ ထို့အတူ လက်နက်တစ်ခုအပေါ် တွင်လည်း အလုံးစုံ မှီမတည်နေချေ။ အကြောင်းအချက်များ အားလုံးသည်အရေးကြီးသော အကြောင်းတရား များဖြစ်သည်။

စစ်လက်နက်များတွင် သမာရိုးကျ လက်နက်များနှင့် ခေတ်မီလက်နက်များဟူ၍ အကြမ်းဖျင်း နှစ်မျိုးခွဲခြားနိုင် သည်။ သမာရိုးကျ စစ်ပစ္စည်းလက်နက်များတွင် သေနတ်၊ တင့်ကား၊ စစ်လေယာဉ်နှင့် ဖျက်သင်္ဘော တို့ ပါဝင်သည်။ သမာရိုးကျစစ်လက်နက်များကို မဟာဗျူဟာကျကျ ပြုပြင်၍ နည်းပညာများဖြင့် ပေါင်းစပ်လိုက် သောအခါ ခေတ်မီ ဖျက်အားပြင်း လက်နက်များဖြစ်လာသည်။ နျူကလီးယားလက်နက်သည် ခေတ်သစ် ဖျက် အားပြင်း လက်နက်အမျိုးအစားဖြစ်သည်။ သမာရိုးကျလက်နက်များကို မဟာဗျူဟာမြောက် ပြောင်းလဲ၍ အသုံးပြုပါက စစ်ပွဲ၍ ရလဒ်ကို ပြောင်းစေသည်။ အာဖဂန်နစ္စတန် ပြောက်ကျားများများကို အမေရိကန်က လက်နက်အင်အားထောက်ပံ့ပေး၍ ဆိုဗီယက်၏ လေ တပ်ကို ချေမှုန်းနိုင်ခြင်းသည် အကောင်းဆုံး သာဓကဖြစ်သည်။ ဆိုဗီယက်တို့၏ ယူဆချက်ဖြစ်သော စစ်ပွဲ အနိုင် အရှုံးသည် လက်နက်အရေအတွက် အပေါ် များစွာ မှီခိုနေသည် ဆိုသည့် အချက်ကို ကောင်းစွာ ထောက်ပြသော ဥပမာဖြစ်ခဲ့သည်။

နျူကလီးယားလက်နက်၏ အရေးပါမှု

ခေတ်သစ်ကမ္ဘာတွင် နျူကလီးယားလက်နက်များကို မဟာဗျူဟာကျကျ စနစ်တကျ အသုံးပြုလာကြသည်။ စစ် ရေးအင်အားတောင့်တင်းခြင်းသည်ပင် နျူကလီးယားလက်နက်များအပေါ် မှီခိုနေပေသည်။ နျူကလီးယား လက်နက် အမြောက်အမြား ပိုင်ဆိုင်လျှင် စစ်အင်အားတောင့်တင်းသည်။ နျူလက်နက်များ မရှိလျှင် စစ်အင်အား မရှိဟူ၍ပင် သတ်မှတ်လာကြသော အနေအထားအထိပင်ဖြစ်လာခဲ့သည်။ - နျူကလီးယား ထိပ်ဖူး - နျူကလီးယား လောင်ချာ - နျူကလီးယား၏ ပေါက်ကွဲအား (ပြင်းအား) အစရှိသည်တို့သည် နျူကလီးယားလက်နက်အင်အား၏ ပါဝါညွှန်းကိန်းများဖြစ်သည်။ - ဒုံးခွင်းဒုံးစနစ်များ - လေဆာ ဒုံးများ အထိ တီထွင်ဖန်တီးလာနိုင်သည်ကို တွေ့ရသည်။

နိုင်ငံတကာလက်နက်ကိုင် ပဋိပက္ခများတွင် ဖျက်အားပြင်းလက်နက်များ အသုံးပြုလာကြသည်။ အထူးသဖြင့် WMD (weapon of mass destruction) ဟုခေါ်သည့် လူအမြောက်အမြားသေကြေစေသည့်ဖျက်အားပြင်း လက်နက်များသည် ပေါ်ထွက်လာကြသည်။ (၁) နျူကလီးယား လက်နက် (၂) ဓာတုလက်နက် (၃) ဇီဝ လက်နက်များသည် ခေတ်သစ် WMD များဖြစ်သည်။

စစ်ရေးအသုံးစရိတ်

စစ်တပ်အင်အားကြီးမားစေရေးအတွက် ငွေကြေးသည် အဓိကအရေးအကြီးဆုံးဖြစ်သည်။ ငွေမရှိလျှင် ဘာမျှ တည်ဆောက်၍ မရချေ။ စီးပွားရေးအင်အားတောင့်တင်းသည့်နိုင်ငံများ၌ စစ်ရေးအင်အားကိုဖြည့်တင်းရန် လုံ လောက်သော အရင်းအမြစ်များ ရရှိတတ်သည်။ စီးပွားရေးအင်အားကြီးမားခြင်းသည် စစ်ရေးအင်အားကြီးရန် အထောက်အပံ့ပေးသည်။ ထို့ကြောင့်နိုင်ငံများသည် မိမိတို့နိုင်ငံအင်အားတောင့်တင်းစေရန် နိုင်ငံ၏ ဥစ္စာဓန တောင့်တင်းအောင် ကြိုးစားကြသည်။ နိုင်ငံချမ်းသာလျှင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဘက်တွင် အခိုင်အမာတည်ဆောက်နိုင်သည်။

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံကြီးများသည် စစ်အင်အားတောင့်တင်းစေရန် စစ်ရေးအသုံးစရိတ်ကို များစွာ အသုံးပြု တတ်သည်။ နိုင်ငံ၏ နယ်နိမိတ်ကြီးလျှင်လည်း မိမိနိုင်ငံ၏ နယ်နိမိတ်လုံခြုံရေး၊ ကာကွယ်ရေးအတွက် စစ်အင် အားကို များစွာ ထားရှိရသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ကြီးမားကျယ်ပြန့်သည့် နယ်နိမိတ်မျဉ်းများကို ပိုင် ဆိုင်ထားခြင်းကြောင့် ထိုနယ်နိမိတ်များကို ထိပါး ကျူးကျော်မှု မခံရစေရန် စစ်တပ်အင်အားကို တိုးမြှင့်ထားရ သည်။ နိုင်ငံ၏ နယ်နိမိတ်သည် ရုရှားနှင့် တရုတ်တို့လောက် မကြီးမားသော နိုင်ငံများတွင်လည်း စစ်အင်အားကို ကြီးမားစွာတည်ဆောက်ထားသောနိုင်ငံများရှိသည်။ ဥပမာ မြောက်ကိုရီးယားနှင့် ကျူးဘားကဲ့သို့သော နိုင်ငံများ ဖြစ်သည်။ ပြည်ပ အန ္တရာယ်ကို ခြိမ်းခြောက်ခံရရန် အလားအလာများသော နိုင်ငံများသည်လည်း စစ်အင်အား ကို တိုးမြှင့်တည်ဆောက်ထားတတ်ကြသည်။ မြောက်ကိုရီးယားသည် ကွန်မြူနစ်ဝါဒလက်သီးဆုပ်ကို ဖြည့်ရန် တင်းခံနေသောကြောင့်လည်းကောင်း၊ နိုင်ငံရပ်တည်ရေးအတွက် စစ်ဘက်အင်အားကို တောင့်တင်းစေမှသာ ရပ်တည်နိုင်မည်ဟု ယူဆထားသော စစ်ဘက်ခေါင်းဆောင်များ ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း ဖြစ်တန် ရာအခြေအနေများ များစွာရှိသည်။

စစ်ရေးအသုံးစရိတ်သည် - စစ်ဘက်တည်ဆောက်ရေး၊ - စစ်ရေးအင်အားတိုးချဲ့ခြင်း၊ - စစ်သည်တို့ ရပ်တည်နိုင်ရေး နှင့် - စစ်အင်အားကြီးမားဖွံ့ဖြိုးရန် စသည့် လုပ်ငန်းတို့အတွက် အသုံးပြုရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရလာသည်။ ထပ်မံ၍ နိုင်ငံသစ်များ ပေါ်ထွက်လာသည်။ နိုင်ငံတစ်ခုတွင် စစ်တပ်တစ်ခု အနည်းဆုံး ရှိရသည်။ ထို့ကြောင့် တပ်မတော်တစ်ခုကို တည်ဆောက်ရသည်။ တပ်မတော်တည်ဆောက်ရန် စစ်ရေးအသုံးစရိတ်ကို နိုင်ငံတော်က တပ်မတော်သို့ ပေး ရသည်။ ဤမှ စ၍ စစ်ရေးအသုံးစရိတ်သည့် နိုင်ငံတော်အတွက် အမြဲတမ်းရှိနေရသည့် မရှိမဖြစ် အသုံးစရိတ် ဖြစ်သည်။ တပ်မတော်အတွက် လက်နက်များကို ထုတ်လုပ်ရသည်။ လက်နက်များကို ဝယ်ယူရသည်။ စစ်ဘက်ယန္တရား များကို ဝယ်ယူရသည်။ ထုတ်လုပ်ရသည်။ နေ့စဉ် တပ်ရင်း၊ တပ်မများအတွက် အသုံးစရိတ်ရှိသည်။ စားစရိတ်၊ သွားလာသယ်ယူရေးစရိတ်၊ လေ့ကျင့်ရေးစရိတ် အစရှိသဖြင့် သုံးရသည်။ စစ်အင်အားတိုးချဲ့ခြင်းတွင် -

(က) စစ်သားအရေအတွက် တိုးမြှင့်ခြင်း (ခ) လက်နက်အရေအတွက် တိုးမြှင့်ခြင်း နှင့် ခေတ်မီလက်နက်များ တပ်ဆင်ခြင်း (ဂ) စစ်သားများ စစ်ရေးလေ့ကျင့်မှု (ဃ) ခဲယမ်းမီးကျောက်နှင့် လက်နက်များ အဆက်မပြတ် တိုးတက်နေစေရန် သုတေသနပြု၊ တီထွင် ဖန်တီးရေး လုပ်ငန်းများ (င) စစ်ရေး ပညာတော်သင်များ စေလွှတ်ခြင်း (စ) ထောက်လှမ်းရေး နည်းပညာများနှင့် ဖြစ်စဉ်များ တည်ဆောက်ခြင်း စသည့် တို့ ပါဝင်သည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်တို့၏ စစ်ရေးအသုံးစာရိတ်များကို နှိုင်းယှဉ်ကြည့်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ၆၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၁၂၉ ဘီလီယံ (အမေရိကန်ဒေါ်လာ) စစ်ရေးကာလ မတိုင်မှီနှင့် စစ်အေးကာလ အပြီး နိုင်ငံများ၏ စစ်ရေးအသုံးစရိတ်များကို နှိုင်းယှဉ်လေ့လာကြည့် လျှင် စစ်အေးကာလအတွင်း စစ်ရေးအသုံးစရိတ်များသည် အမြင့်မားဆုံးဖြစ်နေသည်ကို တွေ့ရသည်။

စစ်ရေးစွမ်းရည်

စစ်ရေးစွမ်းရည်ကို မြင့်မားစေသော ကိန်းရှင်များရှိသည်။ - Training စစ်မှုပညာရေး/ စစ်ရေးသင်တန်း - Moral of Army တပ်မတော်တစ်စုလုံး၏ နှလုံးရည် - Leadership စစ်ဘက်ခေါင်းဆောင်မှု အရည်အသွေး အစရှိသည်တို့ ဖြစ်သည်။ စနစ်တကျစစ်ရေးလေ့ကျင့်မှုများဖြင့် လေ့ကျင့်သင်တန်းပေးထားသော စစ်သည်တစ်ဦးသည် လေ့ကျင့်မှု မရှိသည့် ရန်သူ့စစ်သား အမြောက်အမြားကို ချေမှုန်းနိုင်စွမ်းရှိသည်။ စစ်ရေးစွမ်းရည်ပြည့် စစ်သည်တစ်ဦးကို ခေတ်မီလက်နက်များ တပ်ဆင်ပေးလိုက်ပါက ပို၍ပင် တိုက်ရည်ခိုက်ရည် မြင့်မားလာမည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်ရေးစွမ်းရည်မြှင့် ဗြိတိသျှစစ်သား သုံးသောင်း ခြောက်ထောင်သည် လေ့ကျင့်ရည် မပြည့်ဝသည့် အီတလီစစ်သား နှစ်သိန်းခွဲကို ချေမှုန်းပစ်လိုက်နိုင်ခဲ့သည်။ ဤအချက်သည်ပင် လေ့ကျင့်မှု စွမ်း ရည် အကွာအဟကို နှိုင်းယှဉ်သုံးသပ်နိုင်သည်။ မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ရမည့် စစ်ရေးစိတ်ဓာတ် (သို့) နှလုံးရည်သည် တပ်မတော်တစ်ခုအတွက် အရေးအကြီး ဆုံးဖြစ်သည်ဟု ပင် ဆိုနိုင်သည်။ ဗီယက်နမ်စစ်ပွဲတွင် ဗီယက်နမ်တို့သည် အမေရိကန်နှင့် ပြင်သစ်တပ်များအား မျိုးချစ်စိတ်ဓာတ်ဖြင့် အောင်နိုင်သွားသည်ဟုပင် ဆိုနိုင်သည်။

စစ်ခေါင်းဆောင်မှု

ရှေ့တန်းတွင်လည်းကောင်း၊ နောက်တန်းတွင်လည်းကောင်း စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှု အရည်အသွေး သည် အရေးကြီးသည်။ ခေါင်းဆောင်ညံ့လျှင် တပ်ညံ့သည်။ ခေါင်းဆောင်တော်လျှင် ထူးချွန်လျှင် တိုက်ပွဲ တစ်ရာ၊ အောင်ပွဲတစ်ရာ ဆင်နိုင်သည်။ များသောအားဖြင့် အတွေ့အကြုံနှင့် လေ့လာသင်ယူမှု၊ ခံယူချက် သဘောထားတို့သည် စစ်ရေးခေါင်းဆောင်ကောင်းဖြစ်ရန် ပံ့ပိုးပေးသည့် အဓိကအကြောင်းအချက်များဖြစ် သည်။ စစ်ရေးခေါင်းဆောင်သည် - အမိန့်ပေးမှု တိကျပြတ်သားရသည်၊ တပ်ကို လိုသလို စနစ်တကျ ထိန်းချုပ်ကွပ်ကဲနိုင်ရသည်၊ ဆက်သွယ်ရေးနှင့်ထောက်လှမ်းရေး၌ စေ့စပ်သေချာရသည်။ စစ်ရေးအတွေ့အကြုံနှင့် အကင်းပါးမှုရှိရသည်။ စစ်ရေးခေါင်းဆောင်များသည် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြင်းပြသူဖြစ်ရမည်။ အထူးသဖြင့် စိတ်ဓာတ်နှင့် အသိဉာဏ်ပေါင်းစပ်ထားပြီး စစ်သည်များကို စည်းရုံးနိုင်စွမ်းရည်မြင့်မားလျှင် ခေါင်းဆောင်ကောင်းဟု ခေါ်နိုင်သည်။ [၁]

ကိုးကား

  1. Military Aspect of International Relation/ University of Mandalay/ Department of International Relation
ကလေးတက္ကသိုလ်

ကလေးတက္ကသိုလ် သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

မြောက်ကိုရီးယားဟုခေါ်သော ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံတွင် ၁၉၇၆ခုနှစ် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ခန့်မှန်းချက်အရ လူဦးရေမှာ ၃၄,၆၈ဝ,၆၄၄ ခန့်ဖြစ်သည်။ မြို့တော်မှာ ပြုံယမ်းမြို့ ဖြစ်သည်။ နိုင်ငံအကြီးအကဲမှာ ခေါင်းဆောင်ကြီး ကင်ဂျုံအွန် ဖြစ်သည်။

၁၉၆၈ ခုနှစ်တွင် အမေရိကန်သင်္ဘော ပွေဗလိုသည် ကိုရီးယား ရေပိုင်နက်အတွင်း ဝင်ရောက်လာသည်ကို သိရှိသဖြင့် ကိုရီးယား တပ်မတော်က ပစ်ခတ် ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယား နိုင်ငံတို့ စစ်ဖြစ်မည့်အခြေ ဆိုက်ရောက်ခဲ့ရာက တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားခဲ့ရသည်။

၁၉၆၉ ခုနှစ်ကလည်း အမေရိကန် ထောက်လှမ်းရေး လေယာဉ်သည် မြောက်ကိုရီးယား လေပိုင်နက်ထဲသို့ ကျူးကျော် ဝင်ရောက်သဖြင့် ပစ်ခတ်ရာမှ တစ်ကမ္ဘာလုံး တုန်လှုပ် ချောက်ချားစေသည့် အရေးအခင်း ဖြစ်ခဲ့လေသည်။ ၁၉၇၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရက ကိုရီးယား နှစ်နိုင်ငံရှိ နိုင်ငံရေး ပါတီများနှင့် လူထုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သို့မဟုတ် ကြားနေနိုင်ငံတစ်ခုခုမှ ကိုယ်စားလှယ်များသည် စစ်မဲ့ဒေသဖြစ်သော ပန်မန်ဂျုံဒေသ၌ ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး စေ့စပ် ဆွေးနွေးရန် လွှတ်တော်သို့ အကြံပေး တင်ပြသည်။

၁၉၇၁ ခု စက်တင်ဘာလ ၂ဝ ရက်နေ့မှစ၍ နှစ်နိုင်ငံ ကြက်ခြေနီ အဖွဲ့များက ဦးဆောင်၍ နှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းရေးအတွက် စေ့စပ်ဆွေးနွေးခဲ့သော်လည်း ၁၉ ကြိမ် တိုင်သည်အထိ မပြေလည်ခဲ့ချေ။ ၁၉၇၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေး၍ နှစ်ဖက်စလုံးမှ လိုက်လျောမှုများ ပြုခဲ့ကြရာ သဘောတူညီချက် ခုနစ်ချက်ကို နှစ်နိုင်ငံ မြို့တော်များ၌ ထုတ်ပြန်သည်။

ယင်းခုနှစ်ချက်မှာ

ပြည်ပ စွက်ဖက်မှုကင်းရှင်းစွာ နှစ်နိုင်ငံ ချင်းသာငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းရန်

နှစ်ဖက် လက်နက်အား အသုံးပြုခြင်း ရပ်စဲရန်

နှစ်နိုင်ငံ နားလည်မှုဖြင့် အဆက်အသွယ်များ ပြုလုပ်နိုင်ရေး ညှိနှိုင်းရန်

နှစ်နိုင်ငံ ကြက်ခြေနီများ ပူးပေါင်းဆွေးနွေးပွဲ အောင်မြင်အောင် ကူညီရန်

စစ်ရေး စစ်ရာများ မမျှော်လင့်ဘဲ ပေါ်ပေါက်လာခြင်းကို တားနိုင်ရန် နှစ်နိုင်ငံ မြို့တော်အကြား အရေးပေါ် စကားပြောကြေးနန်း ဆက်သွယ်ရန်

ကိုရီးယား သမ္မတနိုင်ငံမှ မစ္စတာလီဟူရက်နှင့် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံမှ အစိုးရအဖွဲ့ လမ်းညွှန်ဌာန ညွှန်ကြားရေးမှူး မစ္စတာ ကင်ယန်ဂျိုးတို့ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်သော ကော်မတီတစ်ရပ်ဖွဲ့ ဆောင်ရွက်ရန်

ပြည်သူအပေါင်းရှေ့၌ ကတိသစ္စာပြု၍ သစ္စာရှိ ဆောင်ရွက်ရန်တို့ ဖြစ်သည်။ယင်းသဘောတူညီချက်အရ အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း နှစ်နိုင်ငံပေါင်းစည်းရေးသည် ယနေ့တိုင် အောင်မြင်မှု မရသေးချေ။

ကိုရီးယားသမ္မတနိုင်ငံ

တောင်ကိုရီးယား (ကိုရီးယား သမ္မတနိုင်ငံ) သည် အရှေ့အာရှတွင် ပါဝင်ပြီး အများအားဖြင့် ကိုရီးယားနိုင်ငံဟုသာ ခေါ်ဝေါ်ကြသည်။ ကိုရီးယားကျွန်းဆွယ်၏ တောင်ဘက်ပိုင်း ဖြစ်ပြီး အနောက်ဘက်တွင် တရုတ် ၊ အရှေ့ဘက်တွင် ဂျပန် ၊ နှင့် မြောက်ဘက်တွင် မြောက်ကိုရီးယား တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယ လူဦး​ရေ အထူထပ်ဆုံး မြို့ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံဟု လူသိများသော ကိုရီးယားသမ္မတနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၈ဝ၃၁ ခန့် ကျယ်ဝန်းပြီး ၁၉၇၅ ခုနှစ် ကုလသမဂ္ဂအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ လူဦးရေ ၃၃,ဝ၉၅,ဝဝဝ ခန့်ရှိသည်။ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံတော်ရှိ စုစုပေါင်းလူဦးရေ၏ ၅၆.၉% မှာ ဘာသာရေး အဖွဲ့အစည်းနှင့် မပတ်သက်ကြောင်း ဖော်ပြထားသော်လည်း အများစုမှာ နတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ နိုင်ငံတော်လူဦး‌ရေ၏ ၂၇.၆% မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ပြီး၊ ၁၅.၅% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်သည်။ အစ္စလမ်ဘာသာဝင်နှင့် အခြားဘာသာဝင်များလည်း ရှိသည်။ မြို့တော်မှာ ဆိုးလ် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှာ မွန်ဂျေအင်း ဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံအား အမေရိကန်အစိုးရက စီးပွားရေးနှင့် စစ်ရေး အကူအညီများ ပေးခဲ့သည်။ ၁၉၇ဝ-၇၁ခုနှစ်မှ

အစပြု၍ တောင်ကိုရီးယား နိုင်ငံတွင် အခြေစိုက်ခဲ့သော အမေရိကန် စစ်တပ်များကို တဖြည်းဖြည်းပြန်လည်

လျှော့ချပေးခဲ့သည်။ တောင်နှင့်မြောက် ကိုရီးယားနိုင်ငံတို့ ပြန်လည်ပေါင်းစည်းရေးနှင့် ကွဲကွာနေသော မိသားစုများအား

ပြန်လည်တွေ့ဆုံနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးနေဆဲ ဖြစ်သည်။

ကိုးကန့်လူမျိုး

ကိုးကန့်လူမျိုးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသော လူနည်းစု တိုင်းရင်းသားများ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားလူမျိုး ၁၃၅မျိုး အနက်မှ လူနည်းစု တိုင်းရင်းသား လူမျိုးတစ်မျိုး ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကိုးကန့်ဒေသသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ တရားဝင်အားဖြင့် ‘ရှမ်းပြည်နယ် အထူးဒေသ ၁’ ဟု ခေါ်ကာ ရုံးစိုက်ရာမြို့မှာ လောက်ကိုင်မြို့ ဖြစ်သည်။ ကိုးကန့်ဒေသတွင် နေထိုင်သည့် လူဦးရေ ၁.၆ သိန်းခန့်ရှိပြီး ကိုးကန့်လူမျိုး အများစုဖြစ်သည်။

ကိုးကန့် ဟူသောအခေါ်အဝေါ်မှာ ၁၉ ရာစုနှစ်ဦးပိုင်းတွင် ကိုးကန့်လူမျိုးများ၏ ရှင့်တာဟု အကြီးအကဲက ၎င်းတို့၏ နေရာမြေကို ကိုးကန့်ဟု ကင်ပွန်းတပ် ပေးခဲ့ချိန်မှ စတင်ခဲ့သည်။ ယင်းဒေသအား ၁၈၄၀ ခုနှစ်တွင် မန်ချူး ချင်မင်းဆက်မှ ကိုးကန့်ခရိုင်အဖြစ် သတ်မှတ်ပေးခဲ့သည်။ နောက်ကာလများတွင် မြန်မာဘုရင်မှ နယ်မြေများ တိုးချဲ့သိမ်းယူတိုက်ခိုက်ရာမှ စတင်၍ မြန်မာ့ပိုင်နက်နယ်မြေထဲသို့ ပါဝင်လာခဲ့သည်။ အင်္ဂလိပ်လက်အောက်သို့ ကိုလိုနီအဖြစ် မြန်မာနှင့်တရုတ်တို့ ကျရောက်စဉ်က ကိုးကန့်နယ်မြေမှာ မြန်မာဘုရင်၏ လက်အောက်ခံနယ်မြေဖြစ်နေသဖြင့် လွတ်လပ်ရေးရလာသောအခါ တရားဝင်မြန်မာပိုင်နက်နယ်မြေဖြစ်လာခဲ့သည်။ 。

ကောင်းတုံစာချုပ်

ကောင်းတုံစာချုပ် သည် ၁၇၆၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ချုပ်ဆိုခဲ့သော တရုတ်-မြန်မာ စစ်ပြေငြိမ်းရေး စာချုပ်တစ်ခု ဖြစ်သည်။

ဂျပန်နိုင်ငံ

ဂျပန် (日本 နိဟွန်း သို့မဟုတ် နိပွန်၊ တရားဝင်အမည် 日本国 နိပွန်ကိုကု သို့မဟုတ် နိဟွန်းကိုကု) သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား နှင့် ရုရှား တို့၏ အရှေ့ဖက်တွင် ရှိပြီး မြောက်ဖက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။

ဂျပန်သည် ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့ပြ ဒေသကြီးတွင် ပုံမှန်အားဖြင့် မြို့တော်ဖြစ်သော တိုကျို့မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ ပါဝင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့ပြဧရိယာဖြစ်ပြီး လူဦးရေ သန်း ၃၀ ကျော်နေထိုင်ကြသည်။

ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျှက်ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုံးသာ ဖော်ပြထားသည်။

အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။

ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၈ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

စစ်တွေတက္ကသိုလ်

ကျောက်ဖြူဥပစာကောလိပ်အဖြစ် စတင် သန္ဓေတည်ခဲ့သည်။ ၁၉၇၄၊ ဒီဇင်ဘာလ ၁၅ ရက်၊ ရခိုင်ပြည်နယ်နေ့တွင် စစ်တွေကောလိပ် အဖြစ် ဖွင့်လှစ်ခဲ့သည်။ စစ်တွေကောလိပ်ကို ၁၈ - ၉ - ၉၆ နေ့တွင် စစ်တွေတက္ကသိုလ်အဖြစ် အဆင့်မြှင့်ခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ် - (Simplified Chinese - 中华人民共和国); (Traditional Chinese - 中華人民共和國)၊ ဖျင်းယင်း - Zhōnghuá Rénmín Gònghéguó) သည် အရှေ့အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့တတိယ သို့မဟုတ် စတုတ္ထအကြီးဆုံးနိုင်ငံဖြစ်သည်။ တရုတ်ပြည်သည် လူဦးရေ သန်း ၁၃၀၀ ရှိပြီး လူဦးရေ အများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂)ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ(၅)ခု၊ မြူနီစီပါယ် အုပ်ချုပ်ရေးမြို့တော် (၄)ခု (ပေကျင်း၊ ထျန်းကျင်း၊ ရှန်ဟိုင်း၊ ချုံချင့်) နှင့် အထူးအုပ်ချုပ်ရေးဒေသ (၂)ခု (ဟောင်ကောင်နှင့် မကာအို)တို့ ပေါ်တွင် တရားဥပဒေ စိုးမိုးအုပ်ချုပ်ထားနိုင်သည်။ မြို့တော်မှာ ပေကျင်း ဖြစ်သည်။

ဧရိယာ စတုရန်းကီလိုမီတာပေါင်း (၉.၆)သန်း (စတုရန်းမိုင်ပေါင်း - (၃.၇)သန်း) ကျယ်ဝန်းသည်။ မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုး ကွဲပြားနေသည်။ သစ်တောများလည်းရှိသလို သဲကန္တာရများ (ဂိုဘီ သဲကန္တာရ၊ တပ်ခ်လာမာကန် သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသော ဒေသများတွင် နွေးသမပိုင်း သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်းပြင်မြင့်များရှိပြီး၊ ဟိမဝန္တာ တောင်တန်းနှင့် ထျန်းရှန်းတောင်တန်းတို့သည် အိန္ဒိယနှင့် ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရ တည်ရှိနေသည်။ နိုင်ငံအရှေ့ပိုင်းသည် ပင်လယ်ကမ်းနားဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်း အလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့ ရှိသည်။

တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်းတခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်း မြောက်မြားစွာရှိသည်။ ပထမဆုံးမင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ ခုနှစ် ချင်မင်းဆက် (Qin Dynasty) နှောင်းပိုင်းကာလကျမှသာ နိုင်ငံကို တစည်းတလုံးတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်း နိုင်ခဲ့သည်။ ထို့နောက်တွင်မွန်ဂိုတို့၏သိမ်းပိုက်ခြင်းကိုခံရသည်။ မွန်ဂိုတို့အားတွန်းလှန်ပြီးနောက် မင်မင်းဆက်ကိုတည်ထောင်သည်။ ထို့နောက်မန်ချူးတို့ကသိမ်းပိုက်ပြီး ချင်းမင်းဆက် (Qing Dynasty) ကိုတည်ထောင်သည်။ ၁၉၁၁ ခုနှစ်တွင် တရုတ်အမျိုးသားရေးပါတီ (Kuomintang (KMT)) မှ တရုတ်သမ္မတနိုင်ငံကို တည်ထောင်လိုက်ချိန်မှစ၍ ဘုရင်စနစ်ချုပ်ငြိမ်းခဲ့သည်။

၂၀ရာစု၏ ပထမထက်ဝက်ကာလများအတွင်း တရုတ်ပြည်သည် စည်းလုံးညီညွတ်မှုမရှိပဲ ပြည်တွင်းစစ်များ ဖြစ်ပွားလျက်ရှိနေခဲ့သည်။ နိုင်ငံရေးအင်အားစု (၂)ခု ဖြစ်ကြသော ကူမင်တန်နှင့် ကွန်မြူနစ် (the Kuomintang and the communists) တို့၏ ကာလရှည်ကြာ စစ်ပွဲများသည် ၁၉၄၉ခုနှစ်ကျမှသာ အဆုံးသတ်ခဲ့သည်။ ကွန်မြူနစ်တို့ အောင်ပွဲရသောကြောင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအဖြစ် တည်ထောင်ပြီး တရုတ်ပြည်မကြီးကို အုပ်ချုပ်သည်။ စစ်ရှုံးသော ကူမင်တန်တို့သည် ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးပြီး ထိုင်ပေမြို့ကို မြို့တော်အဖြစ် သတ်မှတ်ကာ တရုတ်သမ္မတနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေသည်။ တရုတ်ပြည်နှင့် ထိုင်ဝမ်တို့သည် ယခုအချိန်တိုင်အောင် နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ အငြင်းပွားလျက် ရှိနေဆဲဖြစ်သည်။ တရုတ်ပြည်မကြီးဘက်မှ ထိုင်ဝမ်အား ပြည်နယ်တစ်ခုအဖြစ် ထည့်သွင်းသတ်မှတ်ထားသော်လည်း ထိုင်ဝမ်ဘက်မှ လက်မခံပေ။

၁၉၇၈ ခုနှစ်တွင် အစပြုခဲ့သော ဈေးကွက်စီးပွားရေးစနစ်အရ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်လာသဖြင့် အလျှင်မြန်ဆုံးနှုန်းဖြင့် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ကမ္ဘာ့အကြီးဆုံး ပို့ကုန်တင်ပို့သူနှင့် ဒုတိယအကြီးဆုံး သွင်းကုန် တင်သွင်းသူ ဖြစ်လာခဲ့သည်။ ဂျီဒီပီအရ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ အေးပက် (APEC) နှင့် ဂျီ-၂၀ (G20) တို့တွင် အဖွဲ့ဝင် ဖြစ်သည်။ နူကလီးယားလက်နက်များကို ပိုင်ဆိုင်ပြီး ကမ္ဘာ့ အင်အား အကြီးဆုံး စစ်တပ်နှင့် စစ်ရေး အသုံးစရိတ်မှာ ဒုတိယအများဆုံး ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံရေး ပညာရှင်များ၊ စစ်ရေး ပညာရှင်များ၊ စီးပွားရေး ပညာရှင်များနှင့် သိပ္ပံပညာရှင်များ များစွာပေါ်ထွန်းရာ တိုင်းပြည်ဖြစ်သည်။

နာဆာ

အတိုကောက်အားဖြင့် နာဆာ ခေါ် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) သည် အမေရိကန်၏ အာကာသ စီမံကိန်းများအတွက် တာဝန်ရှိသည့် အစိုးရအပိုင် ဌာနတစ်ခုဖြစ်သည်။ နာဆာအား ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည့် အမျိုးသား အာကာသနှင့် လေကြောင်းဆိုင်ရာ အက်ဥပဒေ အရ တည်ထောင်ခဲ့ပြီး ယခင် လေကြောင်းရေးရာ အမျိုးသား အကြံပေး ကော်မတီအဖွဲ့နေရာတွင် အစားထိုးခဲ့သည်။ ၁၉၅၈ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်လည်ပတ်သည်။ထိုအချိန်မှစ၍ အာကာသ စူးစမ်းလေ့လာရေး စီမံကိန်းများကို အကောင်အထည်ဖော်ခဲ့သည်။ လကမ္ဘာသို့ သွားသည့် အပိုလိုမစ်ရှင်၊ နိုင်ငံတကာ အာကာသစခန်း စသည်တို့ ပါဝင်သည်။ အာကာသနှင့် ပက်သတ်သော ပရိုဂရမ်များ အပြင် နာဆာသည် စစ်ရေး နှင့် စစ်ရေးမဟုတ်သော လေကြောင်းနှင့် အာကာသဆိုင်ရာ သုတေသန ရေရှည် သုတေသန လုပ်ငန်းများ နှင့်လည်း သက်ဆိုင်သည်။ နာဆာမှ သိပ္ပံပညာသည် ကမ္ဘာမြေ၏ အကြောင်းကို ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စနစ်မှတဆင့် ပိုမို၍သိရှိနားလည်ရန် အဓိက ဦးတည်ချက်ထားသည်။ ထို့အပြင် သိပ္ပံမစ်ရှင် ဒါရိုက်ထရိတ်၏ ဟီလီယိုရူပဗေဒ သုတေသန ပရိုဂရမ်ကို ပိုမိုတိုးတက်စေရန်လည်း ရည်ရွယ်သည်။ နေအဖွဲ့အစည်း အတွင်းရှိ ရုပ်ဝတ္ထုများကို နယူးဟော်ရီဇုန်ကဲ့သို့သော အဆင့်မြင့် ရိုဘော့မစ်ရှင်များဖြင့် လေ့လာစူးစမ်းခြင်းလည်း ပါဝင်သည်။

နောင်တော်ကြီးမင်း

နောင်တော်ကြီးမင်း(ခေါ်) ဒီပဲယင်းမင်း(ခေါ်)စစ်ကိုင်းမင်း (၁၀ ဩဂုတ် ၁၇၃၄ -၂၈ နိုဝင်ဘာ ၁၇၆၃) သည် အလောင်းမင်းတရား၏ သားတော်အကြီးဆုံးဖြစ်သည်။ အလောင်းမင်းတရားလက်ထက်တွင် အိမ်ရှေ့မင်းဖြစ်ခဲ့ပြီး အလောင်းမင်းတရားကွယ်လွန်ချိန်တွင် ထီးနန်းဆက်ခံခဲ့သည်။

မဟာနန္ဒကန်တွင်းစည်ခုံစေတီ ဒါယကာ၊ ဒုတိယစစ်ကိုင်းမြို့တည် နောင်တော်မင်းတရားကြီးသည် နန်းတက်ဘွဲ့မှာ သိရီပဝရဓမ္မရာဇာဟူသောဘွဲ့တံဆိပ် နာမံတော်ဖြင့် ၁၁၂၃-ခုနှစ် နန်းတက်သည်။ နန်းတက်စတွင် ဖခင်နှင့် ပြည်ထောင်ဘက် ရဲဘော်ကြီးဖြစ်သည့် မင်းလှနော်ရထာဘွဲ့ခံ မုဆိုးချုံဗိုလ်တွန် (ဦးတွန်)၏ ပုန်ကန်မှုကို စတင်ရင်ဆိုင်ရသည်။ ဗိုလ်တွန်က အင်းဝကို သိမ်းပိုက်ကာ အခိုင်အလုံနေသည်ကို တိုက်ခိုက်နှိမ်နှင်းရသည်။ နောက်ဆက်တွဲအဖြစ် အခြားဒေသများတွင်လည်း ပုန်ကန်မှုများဖြစ်ပွားခဲ့သည်။ သို့သော် ပုန်ကန်မှုများကို ကောင်းစွာနှိမ်နှင်းနိုင်ခဲ့ပေသည်။ ၎င်းလက်ထက်တွင် စစ်ရေးအင်အားအထွတ်အထိပ်သို့ရောက်ရှိခဲ့သည်ဟု ရာဇဝင်ဆရာများဆိုကြသည်။ တရုတ်မြန်မာနယ်စပ်ရှိကျိုင်းရုံးကြီးနယ်(ယခုတရုတ်ပြည်တွင်းရှိ စစ်ဆောင်ပန္နားနယ်)သည်မြန်မာပိုင်ဖြစ်လာခဲ့သည်။

ကုန်းဘောင်မင်းဆက်၏ ၅ ဆက်မြောက်မင်း ဖောင်းကားစား မောင်မောင်မှာ နောင်တော်ကြီးမင်း၏ သားတော်ဖြစ်သည်။

ပြင်သစ်နိုင်ငံ

ပြင်သစ် (အင်္ဂလိပ်: France) တရားဝင်အမည်အားဖြင့် ပြင်သစ်သမ္မတနိုင်ငံ၏ ပင်မနယ်မြေသည် အနောက်ဥရောပတွင် တည်ရှိပြီး ပြင်သစ်နိုင်ငံပိုင်ဆိုင်သော အခြား ပင်လယ်ခြားကျွန်းစုများနှင့် နယ်မြေများသည် အခြားတိုက်ကြီးများပေါ်တွင် တည်ရှိသည်။ ပြင်သစ်၏ ပင်မနယ်မြေသည် မြေထဲပင်လယ်မှ အင်္ဂလိပ်ရေလက်ကြားနှင့် မြောက်ပင်လယ်အထိ၊ ရိုင်း(Rhine) မှ အတ္တလန္တိတ် သမုဒ္ဒရာအထိ တည်ရှိသည်။ ပြင်သစ်လူမျိုးများမှ ဆဋ္ဌဂံပုံသဏ္ဌန်ရှိသော ပြင်သစ်ကုန်းမကြီးကို L’Hexagone (The “Hexagon” သို့ ဆဋ္ဌဂံ) ဟု တခါတရံ ရည်ညွှန်း ခေါ်ဝေါ်ကြသည်။ ပြင်သစ်နိုင်ငံသည် ဗဟိုအစိုးရမှ ချုပ်ကိုင်ပြီး သမ္မတနှင့် ဝန်ကြီးချုပ်တို့ နှစ်ဦးစလုံး အာဏာရှိသော သမ္မတနိုင်ငံစနစ်ကို ကျင့်သုံးသည်။ ပြင်သစ်နိုင်ငံ၏ စံပြခံယူချက်များကို လူနှင့်နိုင်ငံသားတို့၏ အခွင့်အရေး ကြေငြာချက်တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံကို ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ဂျာမနီ ၊ ဆွစ်ဇာလန်၊ အီတလီ၊ မိုနာကို၊ အန်ဒိုရာ နှင့် စပိန်နိုင်ငံတို့က ဝန်းရံထားသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်

မြန်မာနိုင်ငံအတွင်း စီးပွားရေးတက္ကသိုလ် သုံးခုရှိသည့်အနက် နောက်ဆုံးဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့ နှင့် ၁၀မိုင်ခန့်အကွာ သပြေ၀ကျေးရွာအနီးတွင် တည်ရှိသည်။ ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၈တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများကို စတင်လက်ခံသင်ကြားပေးခဲ့ပြီး ပထမဆုံး ပါမောက္ခချုပ်မှာ ဦးသန်းဆွေဖြစ်သည်။

မြန်မာနိုင်ငံ

မြန်မာနိုင်ငံ (တရားဝင်အားဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်)သည် အရှေ့တောင်အာရှတွင် ဧရိယာအားဖြင့် ဒုတိယ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ဂရိတ်ဗြိတိန်နိုင်ငံထံမှ (အင်္ဂလိပ်လို "Burma" အဖြစ်နှင့်) ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် လွတ်လပ်ရေးကို ရရှိခဲ့သည်။ နောက်ပိုင်းတွင် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်အဖြစ် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အဖြစ် ၁၉၈၈ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ၁၉၈၉ ခုနှစ် ဇွန် ၁၈ ရက်တွင် လည်းကောင်း အမည်များပြောင်းလဲခဲ့သည်။ အာဏာရစစ်အစိုးရအား အသိအမှတ် မပြုသော အဖွဲ့အစည်းများက ဘားမား ("Burma") ဟုသာ အသိအမှတ်ပြု သုံးစွဲခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက် နေ့မှစ ၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့သည်။ နိုင်ငံတော်အလံကိုလည်း ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် ၂၀⁠၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ထားသည့် အလံဖြင့် အစားထိုး၍ ပြောင်းလဲ အသုံးပြုခဲ့သည်။

ရွှေတောင်မင်း

ရွှေတောင်မင်းသည် ဗဒုံမင်း၏ သားတော်ကြီး ဖြစ်သည်။ မြောက်နန်း မိဖုရား သီရိမဟာစန္ဒဒေဝီမှ ၁၁၂၄ နယုန်လပြည့်ကျော် ၉ ရက် တနင်္လာနေ့ ဖွားမြင်သည်။ ရွှေတောင်မင်း သတိုးဓမ္မရာဇာဟု ထင်ရှားသည်။ ငယ်မည်က မောင်ပေါ်ဟု ရခိုင် ရာဇဝင်တွင် တွေ့ရသည်။

ဗဒုံမင်းသည် သားတော်ကြီး ရွှေတောင်မင်းကို အလွန်မြတ်နိုး အားကိုးတော် မူသည်။ အသက် ၂ဝ အရွယ် ၁ဝ ဇူလိုင် ၁၇၈၃ ကြာသပတေးနေ့တွင် မိဖုရားခေါင်ကြီး၏ သမီးတော်လတ် တောင်တွင်းကြီး မြို့စား မင်းသမီး သီရိမဟာတိလောက ရတနာဒေဝီနှင့် ရေသွန်း လက်ထပ်၍ အိမ်ရှေ့မင်းအရာ အပ်နှင်းခံရသည်။

အိမ်ရှေ့ ဥပရာဇာ သတိုးဓမ္မရာဇာ ရွှေတောင်မင်းသည် မငြိမ်မသက် ဖြစ်နေသာ ရခိုင်ပြည်ကို ၁၇၈၄ ခုနှစ်တွင် စစ်ကြောင်း လေးကြောင်း ချီ၍ သွားရောက် သိမ်းပိုက်သည်။ မြန်မာနိုင်ငံတော်နှင့် တဆက် တစပ်တည်း ဖြစ်စေခဲ့သည်။

ခမည်းတော် ဗဒုံမင်း၏ လက်ရုံးတဆူ၊ အားကိုး အားထားပြုရသော သားကြီး ဥပရာဇာ ဖြစ်သည်။ နိုင်ငံတော် အစွန်အဖျား ဝေးရပ် နိုင်ငံခြားသို့ စစ်ချီရာတွင်လည်း ဦးဆောင် ခေါင်းရွက် အဖြစ် လိုက်ပါရသည်။ ခမည်းတော် ဗဒုံမင်းကြီး မင်းကွန်း စံနန်းတော်တွင် ထွက်စံ နေချိန်များတွင်လည်း နေပြည်တော် အုပ်ချုပ်ရေးကို တာဝန် ယူရသည်။

သစ္စာဖောက်ခြင်းသည် စစ်ဖြစ်ခြင်း၏ အကြောင်းအရင်း တရပ် ဖြစ်သည်ဟု အဆိုရှိသည်။ ထားဝယ်မြို့ဝန် မြင်စိုင်းစား နေမျိုးကျော်ထင် သစ္စာဖောက်၍ တဖက်မင်းထံ ခိုဝင်သွားသည်တွင် ဥပရာဇာ ရွှေတောင်မင်းသည် ထားဝယ်ကြောင်း စစ်ကို ဦးစီး ချီတက်ရသည်။ ရန်ကုန်တွင် စစ်ချ ရပ်နေစဉ် ရွှေတိဂုံ အရှေ့မြောက်ယွန်းတွင် ကြေးနီအုပ့်ကပ်မိုး ရွှေဇရပ် တဆောင် ဆောက်လုပ် လှူဒါန်းသည်။ သံဃာတော်များအားလည်း ပရိက္ခရာ အစုံ လှူသည်။

ရွှေတောင်မင်းသည် စစ်ရေးတွင် ပြတ်သားသည်။ အမှုတော်ကို ကောင်းစွာ မထမ်း ခိုကပ် ပေါ့လျော့သော တပ်မှူး ၁၃ ယောက်ကို ကွပ်မျက်စေသည်။ တပ်မှူး ဗိုလ်မှူးများက အင်အား လျော့မည်ကို ထောက်၍ ဝင်ရောက် အသနားခံ တောင်းပန် သော်လည်း မရ၊ အခြား အမှုကိုသာ ငါသည်းခံ နိုင်မည်၊ စစ်ရေးဖြစ်၍ သည်းမခံနိုင်ဟု မိန့်သည်။ စစ်ပွဲတွင် စစ်ချီတပ်များ အရေးမလှ သဖြင့် စစ်ရေးတွင် နှေးသင့်သည်ကို လျင်လျင်ဆောဆော လုပ်လှျင် မအောင်မြင် သကဲ့သို့ လျင်လျင်မြန်မြန် လုပ်သင့်သည်ကို ဖြည်းဖြည်းနှေးနှေး လုပ်လှျင် မအောင်မြင်နိုင်။ မိုးလည်း ကျပြီ၊ အကြေ အောက်အရပ် ဖြစ်၍ စစ်တက် စစ်လမ်း ခက်သည်။ ရန်ကုန်တွင် မိုးခို၍ မိုးစဲ ပွင့်လင်းသည့် ကာလမှ လုပ်ကြံလှျင် လွယ်ကူမည်ဟု ဝန်ကြီး မဟာသူရ လှျောက်ထားသည်ကို လုံးဝ လက်မခံ။ ခမည်းတော်က စစ်ကာလကို ထောက်၍ ခန့်တော်မူသည် မဟုတ်၊ မုတ္တမ စသော ပြည်များကို ရန်သူတို့ နှောင့်ယှက်၍ ချီလာရခြင်း ဖြစ်သည်၊ လျင်လျင်ထက်ထက် မလုပ်ဘဲ မိုးခိုနေလှျင် ရန်သူတို့ အခြေအမြစ် ဖြစ်လိမ့်မည်။ အခြေအမြစ် ဖြစ်ချေက လုပ်ကြံရေး မခက်ပြီလောဟု မိန့်တော်မူ၍ ဆက်လက် ချီတက်စေသည်။

ထားဝယ် အရေး ပြီးပြေ အောင်မြင်ခဲ့ သဖြင့် ဗဒုံမင်းသည် သားကြီး ဥပရာဇာ ရွှေတောင်မင်းကို အလွန် အားရတော်မူသည်။ တိုင်းကြီး ပြည်ကြီး စော်ဘွား မြို့စား ရာကြီး ထူးကြီးများ ခန့်ထားရေးနှင့် တိုင်းရေး ပြည်ရေး သာသနာရေးများကို ငါကဲ့သို့ စီရင်စေဟု ဧကရာဇ်မင်းတို့၏ အလွန် ပေးခဲလှသော ဆုကို ပေးတော်မူသည်။

ဥပရာဇာ ရွှေတောင်မင်း၏ အိမ်ရှေ့ မိဖုရား (မောင်ဇင်၊ မောင်ခင်တို့၏ မယ်တော်) သည် ၂၅ နိုဝင်ဘာ ၁၇၉၃ ခုတွင် နတ်ရွာစံသည်။ ရွှေတောင်မင်းသည်လည်း ၂၉ မတ် ၁၈ဝ၉ ခုနှစ်၊ သက်တော် ၄၆ နှစ် ၁ဝ လတွင် နတ်ရွာစံသည်။ အိမ်ရှေ့မင်း စည်းစိမ် ၂၆ နှစ် စံစား ခဲ့ရသည်။ မင်းအဖြစ်သို့ မရောက်ရှိခဲ့ပေ။

ရွှေတောင်မင်းတွင် မိဖုရား ၄ ပါး၊ ကိုယ်လုပ်တော် ၁၅ ယောက် ရှိသည်။ သားတော် ၃ဝ၊ သမီးတော် ၂၆ ၊ စုစုပေါင်း ၅၆ ယောက် ရှိသည်။ ရွှေတောင်မင်းသည် မင်းအဖြစ်ကို မရရှိ ခဲ့သော်လည်း သားတော် ၂ ပါး ဖြစ်သော မောင်ဇင် (စစ်ကိုင်းမင်း) နှင့် မောင်ခင် (ရွှေဘိုမင်း) တို့သည် ထီးနန်း ဆက်ခံ စိုးစံ ခဲ့ကြရသည်။

သန်လျင်မြို့

သန်လျင်မြို့သည် ဟံသာဝတီခရိုင်၊ သန်လျင်နယ်နှင့် သန်လျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်ခဲ့ရုံမက ၁၉၅၈ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ဟံသာဝတီခရိုင်၏ ရုံးစိုက်ရာမြို့ဖြစ်လာခဲ့သည်။ ယခု ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က သန်လျင်နယ်တွင် ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်များပါဝင်ခဲ့သည်။ ၎င်းကို အင်္ဂလိပ်များက (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြသည်။ စာရေးသားရာတွင် သန်လျင်ဟု ရေးသားသော်လည်း ခေါ်ဆိုအသုံးပြုရာတွင် တညင် (သို့) သန်လျင်ဟုလည်း ခေါ်ဆိုသူများရှိသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး၊ မြန်မာပြည်၏ အဓိက ဆိပ်ကမ်းလည်း ရှိသည်။ ဒေါက်တာသန်းထွန်း ရေးသော မြန်မာသမိုင်းနိဒါန်းတွင် သန်လျင် = သံလျင်း၊ ဆောင်ပန်း ဟု အဓိပ္ပါယ်ရသည်။

သန်လျင်မြို့တွင် မြန်မာနိုင်ငံ၏ အဓိက ရေနံချက်စက်ရုံတစ်ခုဖြစ်သည့် ရေနံချက်စက်ရုံ အမှတ် (၁) လည်းရှိသည်။ သန်လျင်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှိပြီး ပန်းခြံထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးနေသည့် ရုပ်ထု၊ ငါးကန်နှင့်၊ နာရီစဉ်ကြီးသည် မြင့်မားစွာ တည်ရှိသည်။ ၎င်း၏ အနောက်ဘက်တွင် သန်လျင်အထက်တန်းကျောင်း အထက (၁) နှင့် ရန်ကုန်-သီလဝါဆိပ်ကမ်းကို ချိတ်ဆက်ထားသည့် ရထားဘူတာတို့ရှိသည်။ သန်လျင်မြို့၏ အကျယ်အဝန်းမှာ ၄.၆ဝ၄ စတုရန်းမိုင်ဖြစ်သည်။ သန်လျင်မြို့တွင် အုပ်ချုပ်ရေးဆိုင်ရာရုံးများ၊ အထက်တန်းကျောင်းများ၊ တက္ကသိုလ်ကျောင်းများ စသည့် အစိုးရအဆောက်အအုံများရှိသည်။

'== သမိုင်း ==သမိုင်းတစ်လျှောက် သန်လျင်ကို ကြီးစိုးခဲ့သူများမှာ မွန်တို့ဖြစ်သည်။ မွန်တို့ ပဲခူးကို ဗဟိုပြုပြီး အောက်မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်က သန်လျင်ကို စညင် ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ မြန်မာမင်းများ အာဏာကြီး၍ မွန်တို့ဒေသကို အုပ်ချုပ်စဉ်များတွင်လည်း သန်လျင်မှာ မြို့ပြအဖြစ် ဆက်လက်တည်ရှိခဲ့သည်။ နောက်ဆုံး အလောင်းဘုရားလက်ထက်တွင်မှ သန်လျင်ဟု အမည်ခေါ်စေခဲ့ခြင်းဖြစ်သည်။

သန်လျင်မြို့သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသောမြို့ဖြစ်သည်။ ထိုမြို့ကိုတည်သူ ငသန်လျင်အားအစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်းဖြင့် သန်လျင်

သမိုင်း၌ဆိုသည်။ ယခုကျောက်တန်းမြို့ ဟုခေါ်သော ပါဒရွှေမြို့တော်ကြီးမှ နောက်ဆုံးစိုးစံတော်မူသော အရိန္ဒရာဇာမင်း လက်ထက်တွင် ပါဒမြို့ အရှေ့အရပ်ဝယ် ဘုရားကြီးရွာ

ဟူ၍ရှိသည်။ ထိုရွာတွင်နေထိုင်ကြသော တောင်သူ ဇနီးခင်ပွန်းနှစ်ယောက်တို့၌ ရုပ်လက္ခဏာ၊ ခွန်အားဗလ၊ စွမ်းရည်သတ္တိနှင့်ပြည့်စုံ၍ သန်စွမ်းပေါ့ပါးလျင်မြန်သော

ငသန်လျင်ဆိုသူ သားတစ်ယောက်ဖွားမြင်သည်။ ငယ်စဉ်ကပင် ထမင်းတစ်ယောက်မကုန်အောင် စားနိုင်သောဟူ၏။ ခွန်အားဗလအလွန်ကြီးသော သား၏အကြောင်းကို

မင်းတို့ကြားသိခဲ့သော် မင်းပြစ်မင်းဒဏ် မလွတ်မကင်းဖြစ်မည် စိုးသည်ကတစ်ကြောင်း၊ အစားအသောက်ကြီးသဖြင့် ပြည့်စုံအောင် ရှာဖွေမကျွေးနိုင်မည်စိုးသည်က

တစ်ကြောင်း တို့ကြောင့် တစ်နေ့တွင် သားအဘနှစ်ယောက် သီဟဒီပကျွန်းဘက်သို့ကူးသွားကာ သားဖြစ်သူအား ဥပါယ်တံမျဉ်ဖြင့် သစ်ပင်ပိသေအောင်ကြံခဲ့ကာ မိမိနေရင်း

အရပ်သို့ပြန်ခဲ့၏။ ငသန်လျင်လည်း ဘုန်းသမ္ဘာရှင်ဖြစ်သည့်အလျောက် မသေဘဲတောထဲ၌ လှည့်လည်နေထိုင်လေသည်။ ယင်းသို့နေထိုင်စဉ် တောဝက်ကြီး တစ်ကောင်သည် သီဟဒီပကျွန်းသို့ ပတ္တမြားကိုငုံလျက် ကောင်းကင်ခရီးဖြင့်ပျံလာ၍ သဖန်းသီးများကို စားသောက်သည်ကိုမြင်လျှင် တောဝက်၏ပတ္တမြားကို လိုချင်သဖြင့် တစ်နေ့တွင်ဝက်ကြီး အလာကို စောင့်နေလေသည်။

ဝက်ကြီးရောက်၍ ငုံလာသောပတ္တမြားကို သစ်ပင်ရင်း၌ထားကာ သဖန်းသီးများစားနေစဉ် ငသန်လျင်သည် သစ်ပင်ပေါ်မှ သဖန်းသီးမှည့်များကိုဆွတ်၍ အရပ်လေးမျက်နှာ ခပ်ဝေးဝေးသို့ လှမ်းပစ်သော် ဝက်ကြီး လည်းလိုက်လံကောက်ယူလေသည်။ ယင်းသို့ဝက်ကြီး အဝေးရောက်နေစဉ် ငသန်လျင်သည် သစ်ပင်ထက်မှဆင်း၍ ပတ္တမြားကို ယူလိုက်သည်။ ဝက်ကြီးပြန်လာ၍ ပတ္တမြားကို မတွေ့သဖြင့် ဒေါသထွက်လျက် သဖန်းမြစ်ကို တူးဆွရှာဖွေစဉ်တွင် ငသန်လျင်သည် သစ်ပင်ကိုနုတ်ကာ ဝက်ကြီး ကိုရိုက်သတ်သဖြင့် ဝက်ကြီးသေလေသည်။

ပတ္တမြားကိုရသော် ငသန်လျင်သည် ထိုပတ္တမြားကိုငုံ၍ ရန်အောင်မြင်ကုန်း၊ ကျိုက်ဒေးပယင်းကုန်း၊ ကျိုက်ဒေးဝန်းကုန်းတို့သို့သွားကာ ရသေ့ညီနောင်သုံးဦးအား သိကြားမင်းလှူခဲ့သော ဓားမ၊ မြူတာအိုး နှင့်စည်ငယ်တို့ကို ဥပါယ်တံမျဉ်ဖြင့်ယူပြီးလျှင် မိမိဖွားရာ ဘုရားကြီးရွာသို့ ပြန်ခဲ့သည်။ ထိုအချိန်တွင် ပါဒမြို့တော်၌စိုးစံသည့်

အရိန္ဒရာဇာမင်းသည် မင်းကျင့်တရားဆယ်ပါးနှင့်လည်းမညီ၊ သာသနာတော်ကိုလည်း မချီးမြှောက်၊ ရှေးမင်းတို့ထုံးစံအရပူဇော်မြဲ ထီးဖြူစောင့်နတ်စသော သမ္မာဒေဝနတ်အပေါင်းတို့ကိုလည်း ပူဇော်ပသခြင်းမပြုသဖြင့် ထီးဖြူစောင့်နတ်သည် လူ၏အသွင်ကိုယူ၍ ငသန်လျင်ရှိရာသို့လာပြီးလျှင် ပါဒမြို့ကို အုပ်ချုပ်မင်းလုပ်ရန် တောင်းပန်လေသည်။ ငသန်လျင်သည် အမိအဘတို့အားလွှတ်၍ ပါဒမင်းထံ ထီးနန်းကိုတောင်းသော် မရသဖြင့် ကိုယ်တိုင်သွား၍ထီးနန်းကိုသော်လည်း ပေးအပ်မည်လော၊ စစ်သော်လည်းတိုက်မည်လောဟု ကြွေးကြော်လေ၏။ ပါဒမင်းလည်းအမတ်ကြီးတစ်ဦးအား စစ်သည်ဗိုလ်ပါ ၅ဝဝ နှင့်လွှတ်၍ ငသန်လျင်ကို ဖမ်းဆီးသတ်ဖြတ်စေသည်။

အမတ်ကြီး ထွက်၍ဖမ်းဆီးလေသော် ငသန်လျင်သည် စည်ငယ်ကိုတီးရာ စစ်သည်ဗိုလ်ပါများစွာထွက်၍ တစ်ဖက်ရန်သူတို့အား တိုက်စေသည်ကို ပါဒမင်းကြီး ကြားသိလျှင် မိမိကိုယ်တိုင် စစ်သည်ဗိုလ်ပါများစွာဖြင့် အင်အားရှိသမျှ ဖိ၍တိုက်လေသည်။ ငသန်လျင်သည်မြူတာအိုးကို သွန်မှောက်လိုက်ရာ မြစ်ကြီးခြားပြီးလျှင် တစ်ဖက်စီ တားဆီးနေလေ၏။ ထိုနောက် ဓားမကိုစေ၍ ပါဒမင်းဦးခေါင်းကိုဖြတ်စေမှ ပါဒမင်းကြီး အားအောင်မြင်လေသည်။ ပါဒထီးနန်းကိုရပြီးနောက် ငသန်လျင်သည် ပတ္တမြားရရာအရပ်၌ မြို့တည်ထောင်လျှင် သင့်မည်ဟုကြံစည်ကာ သီဟဒီပကျွန်းသို့ပြန်၍ မြို့တည်မင်းပြုသည်။ သန်လျင်မင်းဟုတွင်သတည်း။ သန်လျင်မင်းကိုစွဲ၍ သန်လျင်မြို့ဟု ခေါ်ဝေါ်သမုတ်ကြလေသည်။ သန်လျင်မင်း တည်ခဲ့သော မြို့ဟောင်းပုံသဏ္ဌာန်ကို ဆက်စပ်ကြည့်သောအခါ ခြင်္သေ့သဏ္ဌာန်ဖြစ်သည်။ (၁) ခြင်္သေ့ပါးစပ်ရှိရာ၌ ကွမ်းသီးတံခါး၊ (၂) မျက်လုံးရှိရာ၌ အိုးထိန်းတံခါး၊ (၃) အမောက်ရှိရာ၌ ဒေးဝန်းတံခါး၊ (၄) နားရှိရာ၌ မြင်းတင်တံခါး၊ (၅) လည်ချောင်းရှိရာ၌ ဆင်ထွက်တံခါး၊ (၆) လည်ဆစ်ရှိရာ၌ လဒကုန်းတံခါး၊ (ရ) လက်ရှိရာ၌ ဇင်ပြွန်းကုန်းတံခါး၊ (၈) ချက်ရှိရာ၌ သစ်ဆိမ့်ကုန်းတံတား။(၉) သိုရှိရာ၌ ကျေးဘုရားတံခါး၊ (၁ဝ) ဒွါရရှိရာ၌ သောတာပန်တံခါး၊ (၁၁) ခါးဆစ်ရှိရာ၌ သရက်လေးပင်တံခါး၊ (၁၂) လက်ပြင်ရှိရာ၌ ဘယတံခါး၊ (၁၃) မြောက်ဘက်ပိဿာတံခါး၊ (၁၄) အရှေ့မြောက်ဘက် ပင်လယ်တံခါး၊ (၁၅) တောင်ဘက် ဝက်သတ်တံခါးတို့ဖြစ်သည်။ သန်လျင်မင်းမှစတင်၍ မြို့တည်ထောင်အုပ်စိုးခဲ့ကြရာ ဘောဂသေနမင်းလက်ထက် သန်လျင်မြို့မင်းဆက်ပြတ်သည်။ ပါဒမြို့၊ သန်လျင်မြို့နှစ်ရပ်ပေါင်းသည်ရှိသော် မင်းဆက်ပေါင်း ၃၆ ဆက် ဖြစ်၏။

သန်လျင်မြို့၌ နောက်ဆုံးစိုးစံတော်မူသော ဘောဂသေနမင်း၏ မိဖုရားကြီးကား သုဝဏ္ဏဘူမိသထုံပြည်ရှင် ဘုရင်မင်းမြတ်၏သမီးတော် သုဝဏ္ဏဒေဝီမင်းသမီးဖြစ်သည်။ ထိုမိဖုရားကြီးတွင် ပဋိသန္ဓေတည်၍ နေ့လစေ့သော် မဖွားမြင်နိုင်သဖြင့် နတ်ရွာစံလေ၏။ ထိုမိဖုရားကြီး၏ အလောင်းကို မြို့၏အနောက်ဘက် သုဿာန်သို့ ထုတ်ဆောင်၍ မီးသင်္ဂြိုဟ်ရာ ပဋိသန္ဓေတည်နေသော သတို့သမီးသည် ဘုန်းကံရှိသည်ဖြစ်ရကား မီးမလောင်ကျွမ်းဘဲ အမိဝမ်းမှပေါက်ထွက်လွင့်စဉ် ဖွားမြင်လေသည်။ သုဿာန်တစပြင်၌ ဖွားမြင်သော သမီးတော်မွေ့နွန်းအား မင်းကြီးသည် မြို့တွင်းသို့သွင်း၍မဖြစ်သဖြင့် ထိုနေရာ၌ ပင်တိုင်နန်းဆောက်လုပ်ပြီးလျှင် အမတ်ကြီး နှစ်ယောက်နှင့်တကွ အခြွေအရံများစွာဖြင့် အစောင့်အရှောက်ထားတော်မူ၏။

ဘောဂသေနမင်း နတ်ရွာစံသော် နန်းလျာသားတော်မရှိသည့်အပြင် သမီးတော်မွေ့နွမ်းလည်း သုဿာန်တွင် ဖွားသူဖြစ်သဖြင့် နန်းမရလေရကား သန်လျင်မင်းဆက်ပြတ်လေသည်။ ထိုအချိန်မှစ၍ မြို့စောင့် မြို့စား များခန့်အပ်အုပ်ချုပ်လေသည်။ ထိုနောက် မွန်တစ်လှည့် မြန်မာတစ်လှည့် ပိုင်ဆိုင်ပြီးလျှင် မြို့စားမင်းများထား၍အုပ်ချုပ်လာရာမှ သန်လျင်မြို့သည် ယခင်ကလောက်မကြီးကျယ်တော့ဘဲ ဘုရားပုထိုးများလည်းများစွာ ပျက်စီးလေသည်။

မြန်မာသက္ကရာဇ် ၉၆ဝ ပြည့်နှစ် (၁၅၀၀ ခုနှစ်ဝန်းကျင်)တွင် ဟံသာဝတီပျက်ပြီးသည့်နောက်တွင် ရခိုင်ဘုရင်မင်းရာဇာကြီး၏ ဆန္ဒအရ ပေါ်တူဂီလူမျိုး၊ လေ့လာစုံစမ်းသူတစ်ယောက်ဖြစ်သည့် ဖိလစ်ဒီဗရစ်တို (ငဇင်ကာ) အား သင်္ဘောသုံးစင်းလွန်းကြင် ၁ဝဝ ကျော်၊ လူနှစ်ထောင်ခန့်နှင့် သန်လျင်တွင် အခိုင်အလုံ တပ်စွဲနေထိုင်ခွင့်ပေးသည်မှစ၍ သန်လျင်မြို့သည်တစ်ဖန် မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားလာပြန်သည်။ မြို့တည်ရာတွင် စီမံပြုလုပ်သောဗိသုကာ ဇွင်ဆီရီယံ ကိုစွဲ၍ သန်လျင်မြို့ကို အင်္ဂလိပ်လို ဆီရီယံမြို့ ဟုခေါ်ကြောင်း အချို့ကဆိုသည်။ သို့ရာတွင် ငဇင်ကာ မတည်မီ ရှေးအခါကပင် ဆီရီယမ် ခေါ်ခဲ့ကြောင်း၊ မှတ်တမ်းများရှိသဖြင့် သံသယဖြစ်စရာရှိသည်။ အချို့ကလည်း သန်လျင်သည် မွန်တို့ဒေသမြို့ဖြစ်သဖြင့် မွန်တို့ကဍုင်စရင် ဟုခေါ်သည်မှ နိုင်ငံခြားသားတို့က မပီမသဖြင့် ဆီရီယမ်း ခေါ်ကြသည်ဟုဆိုသည်။ ဒီဗရစ်တိုသည် သန်လျင်မြို့တွင် အခိုင်အလုံတပ်စွဲနေထိုင်ခွင့်ရသည်မှစ၍ ပဲခူးနယ်တစ်ဝိုက် တိုက်ခိုက်နယ်ချဲ့ခြင်း၊ ပုသိမ်၊ မုတ္တမ၊ ဒဂုန်စသော သင်္ဘောဆိပ်မြို့များသို့ သွားမည့်သင်္ဘောများကို သန်လျင်ဆိပ်သို့သာ ဝင်ရောက်ဆိုက်ကပ်စေ၍ အကောက်ခွန်များကောက်ခြင်း၊ သန်လျင်နှင့် ဟံသာဝတီမြို့ ပတ်ဝန်းကျင်တွင်ရှိသော ဘုရားပုထိုးတို့၏ ဌာပနာတိုက်များကိုတူးဖောက်ယူခြင်း၊ ဘုရားပုထိုးကျောင်းကန်များတွင် လှူဒါန်းထားသော ကြေးခေါင်းလောင်းကြီးများကိုယူဆောင်၍ အမြှောက်သွန်းလုပ်ခြင်းတို့ကို ပြုလုပ်လေသည်။ သူသည် ရခိုင်လူမျိုးများ၏ အသိအမှတ်ပြုခံထားရသော စီးပွားရေးသမားတစ်ဦးဖြစ်ပြီး၊ သန်လျင်မြို့တွင် စစ်ရေးတစ်ကြောင်းကိုလည်း ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ သူသည် မွန်လူမျိုးများနှင့် မြန်မာလူမျိုးများ စစ်တိုက်သည့်အခါ သူ၏ စစ်တပ်ကို အသုံးချခဲ့ကြသည်။ ၁၅၉၉ တွင် သူ၏ စစ်တပ်အား ပဲခူး နှင့် စစ်တိုက်ခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ၊ ၁၆၁၃ ခုနှစ် သာလွန်မင်းလက်ထက်တွင် သူ့ကိုဖမ်းဆီး နိုင်ခဲ့ပြီး ဗုဒ္ဓဘာသာ ပုထိုးများကို ဖျက်ဆီးခဲ့သည့် အတွက်ကြောင့် သေဒဏ်ချမှတ်ခဲ့သည်။ ၁၇၅၆ ခုနှစ်တွင် အလောင်းဘုရား၏ လက်အောက်သို့ မရောက်သည့်တိုင်အထိ၊ သန်လျင်မြို့သည် မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းမြို့တော်အဖြစ် တည်ရှိခဲ့သည်။

ပေါ်တူဂီလူမျိုးများဖြစ်သည့် ဥရောပအာရှသားများသည် ငဇင်ကာ၏ လက်သားများဖြစ်ကြပြီး၊ တစ်ချို့လွတ်မြောက်ကြသူများသည် မူးမြစ်၊ ရွှေဘိုတွင် ရှိသော မွန်လှ နှင့် ချမ်းသာရွာများတွင် နေထိုင်ခဲ့ကြသည်။ သူတို့ကို ဘုရင်ဂျီဟု ခေါ်ဆိုကြပြီး၊ ဆံပင်ရောင်ဖြော့များနှင့် ဥရောပအာရှသားများသည် ထိုရွာများတွင် ဆက်လက်နေထိုင်ခဲ့ကြပြီး၊ ကက်သလစ် ဘာသာရေးသင်ကြားမှုများ ပြုလုပ်ခဲ့ကြပြီး၊ မြန်မာများနည်းတူ ဆက်လက်နေထိုင်နေကြသည်။ ထိုမျှမကမြန်မာသက္ကရာဇ် ၉၇၄ ခုနှစ်တွင် မုတ္တမဘုရင် ဗညားဒလနှင့်ပူးပေါင်းကာ တောင်ငူမြို့ကို သိမ်းယူ၍ နန်းတော်ကုန်းကို မီးတိုက်ဖျက်ဆီးပြီးနောက် မြို့စားနတ်သျှင်နောင်ကိုပါ သန်လျင်သို့ ယူဆောင်သွားလေသည်။

ထိုအကြောင်းကို အနောက်ဘက်လွန်မင်းတရားကြီး ကြားသော် သန်လျင်သို့ ရေအား ကြည်းအားနှင့် ချီတက်လုပ်ကြံသည်။ မြို့တွင်းမှနေ၍ ပေါ်တူဂီတို့ အခိုင်အမာ ခံရုံမက မြို့ကိုတက်သော မြန်မာစစ်သည်များအား မြို့ထိပ်မှ ပွဲလျက်ရည်၊ ငရုတ်ရည်များဖြင့် ဆီးလောင်းခြင်း၊ ဗုံးနှင့်ပစ်ခတ်ခြင်းတို့ပြုသဖြင့် မြန်မာတို့အထိအပါး အရှအနများသောကြောင့် မြို့မကျဘဲရှိလေသည်။ နောက်ဆုံးမှမြန်မာတို့၏ မလျှော့သောဇွဲနှင့်တိုက်ခိုက်မှုကြောင့် သန်လျင်စား ဒီဗရစ်တိုနှင့်တကွ တစ်မြို့လုံးကိုရလေသည်။

ထိုအချိန်က သန်လျင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်းတွင် ထင်ရှားစည်ကားသောမြို့ဖြစ်သည်။

နိုင်ငံခြားသင်္ဘောများ ဝင်ထွက်ဆိုက်ကပ်ရာ သင်္ဘောဆိပ်မြို့ကြီး လည်းဖြစ်သည်။ အင်္ဂလိပ်၊ ဒတ်ချ၊ ပြင်သစ်စသော နိုင်ငံခြားသားများကလည်း အဝင်အထွက်များသဖြင့်

အရောင်းအဝယ်လုပ်ငန်းများဖြင့် စည်ပင်သည်။ စက်ရုံကြီးများလည်း လာရောက်တည်ထောင်ထားကြလေသည်။ အလောင်းဘုရားလက်ထက်ရောက်သောအခါ သန်လျင်မြို့သည် မွန်တို့လက်၌ရောက်ရှိနေလေသည်။

မင်းတရားကြီးသည် အောက်မြန်မာနိုင်ငံကို ချီတက်တိုက်ခိုက် ၁၁၁၈ ခုတန်ခူးလတွင်သန်လျင်မြို့သို့ ရောက်သည်။ သန်လျင်မြို့ကို အကြိမ်ကြိမ်ချဉ်းကပ်၍ လုပ်ကြံသော်လည်း

လက်နက်ထူထပ်သောကြောင့် မချဉ်းကပ်ဝံ့ချေ။ သို့ရာတွင် မြို့တွင်းသို့ ရိက္ခာများမရောက်စေရန် မြန်မာတို့က ပိတ်ဆို့ထားသဖြင့် မြို့သူမြို့သားများ သစ်ဥသစ်ဖုကိုမျှ ထွက်၍မရှာဝံ့ဘဲ ငတ်မွတ်လှသောကြောင့် တစ်နေ့လျှင် လူလေးငါးခြောက်ဆယ်ခန့် မြန်မာတို့ဘက်သို့ ထွက်ပြေးဝင်ရောက်လာကြလေသည်။ မျိုးရိက္ခာ ပြတ်လတ်ငတ်မွတ်ပါများသဖြင့် သန်လျင်မြို့တွင်းမှရှိသမျှ လက်နက်လူသူတို့ကို သင်္ဘောခုနစ်စင်းနှင့် ဇလာကပင်ကူရွပ် သမ္ဗာန်ကြီးများတွင်တင်ပြီးလျှင် တိုက်လှေကြီး

၅ဝဝ ကျော်နှင့်တကွ မြို့ကခွာ၍ ပင်လယ်သို့ထွက်ရန် စီစဉ်လေသည်။ မွန်တို့၏အကြံအစည်ကို ထွက်ပြေးလာသူတို့မှ တစ်ဆင့် ကြားတော်မူလျှင် ရေတပ်တော်များကို အင်အားဖြည့်၍လွှတ်သည်။

အလောင်းမင်းတရားကိုယ်တိုင် သံလျက်စွန်းသို့ သင်္ဘောဖြင့်ထွက်၍ သန်လျင်တိုက်ပွဲကို အဝေးကြည့်မှန်ပြောင်းဖြင့်ကြည့်လျက် စစ်ရေးကိုစီရင်တော်မူသည်။ လက်ရွေးစင် သူရဲကောင်း ၉၃ ယောက်ကိုလည်းရွေး၍ လက်နက်အပြည့်အစုံနှင့်မြို့ကို အပြင်းအထန်လုပ်ကြံစေရာ မြို့ပေါက်လေသည်။ ၁၁၁၈ ခုနှစ်ဝါဆိုလတွင် သန်လျင်မြို့ မြန်မာတို့လက်သို့ရောက်ရာ မင်းထင်နော်ရထာကို ဗိုလ်မှူး၊ သတိုးကျော်သူနှင့် ကျော်ထင်သက်တော်ရှည်တို့ကို စစ်ကဲခန့်၍ သန်လျင်ကို အုပ်ချုပ်စေသည်။ မင်းတရားကြီးသည်

ရန်ကုန်ဟုသမုတ်လိုက်သော ဒဂုန်မြို့ကို ဆိပ်ကမ်းမြို့အဖြစ် ပြုလုပ်လိုက်ရာ သန်လျင်မြို့သည် အပျက်အစီးနာပြီးလည်းဖြစ်သည့်အလျောက် အလိုလိုမှေးမှိန်သွားလေသည်။ သန်လျင်မြို့သည် ဒဂုန်မြို့လက်အောက်ခံမြို့ငယ်ကလေးမျှသာ ဖြစ်လာလေသည်။ သန်လျင်မြို့၌ မြို့ရိုးဟောင်းနှင့်မြို့တံခါးနေရာများကို အမှတ်အသားကောင်းသော ရှေးလူကြီးများ ယခုတိုင် အမည်နှင့်တကွပြသနိုင်ကြသည်။ ၁၅ ရာစုနှစ်ခန့်က ပေါ်တူဂီတို့တည်ထားခဲ့သော မြို့၏အကြွင်းအကျန်များကိုမူ ယခုတိုင် တွေ့မြင်နိုင်လေသည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) (International Atomic Energy Agency, IAEA) သည် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် အသုံးပြုရေး၊ နျူကလီးယား လက်နက် အပါအဝင် စစ်ရေးတွင် အသုံးမပြုရန် တားမြစ်ရေး ရည်မှန်းချက်ဖြင့် ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ အိုင်အေအီးအေကို ၁၉၅၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထူထောင်ခဲ့သည်။ ကုလသမဂ္ဂမှ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ထူထောင်ခဲ့သော်လည်း အိုင်အေအီးအေသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြုံရေးကောင်စီထံ အစီရင်ခံ တင်ပြရန် တာဝန်ရှိသည်။

အရှေ့တီမောနိုင်ငံ

အရှေ့တီမောနိုင်ငံ (East Timor or Timor-Leste) တရားဝင်အားဖြင့် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိသော ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တီမောကျွန်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်တီမော နှင့် တောင်ဘက်တွင် ဩစတြေးလျနိုင်ငံသည် တီမော ပင်လယ်ခြား၍တည်ရှိသည်။ နိုင်ငံသည် ၅၄၀၀ စတုရန်းမိုင် (၁၅၄၁၀ ကီလိုမီတာ) ကျယ်ဝန်းသည်။

အရှေ့တီမောသည် ၁၆ရာစုနှစ်များတွင် ပေါ်တူဂီနိုင်ငံ၏ ကိုလိုနီဖြစ်ခဲ့သည်။ ၁၉၇၅ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့ တီမောနယ်မြေ လွတ်လပ်ရေးမကြော်ငြာခင်အချိန်အထိ ပေါ်တူဂစ်-တီမောဟု ခေါ်ကြသည်။ လွတ်လပ်ရေးကြော်ငြာအပြိး ၉ ရက်‌မြောက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံက ယင်း၏ ၂၇ခုနှစ်‌မြောက် နယ်မြေအဖြစ် သိမ်းယူခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်

၁၉၉၉ခုနှစ်တွင် ကမ္ဘာ့ကုလသမ္မဂ္ဂ ကိုယ်ပိုင်ဆုံးဖြုတ်ပိုင်ခွင့်ဥပဒေအရ အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါတီမောနယ်မြေကို လက်လွှတ်ပေးခဲ့သည်။ ၂၀၀၂ခုနှစ် မေလ ၂၀ ရက်နေ့တွင် တီမောနိုင်ငံသည် ၂၁ ရာစု၏ ပထမဆုံးသော လွတ်လပ်၍ အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့နောက် ကမ္ဘာ့ကုလသမ္မဂ္ဂနှင့် ပေါ်တူဂီဘာသာစကား ကျင့်သုံးသောနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်းသို့ ၁၁နိုင်ငံ‌မြောက်အဖြစ် ဝင်ရောက်လိုကြောင်း ကြော်ငြာခဲ့သည်။

အိုမန်နိုင်ငံ

အိုမန်နိုင်ငံ၏ တရားဝင် အခေါ်အဝေါ်မှာ အိုမန် စူလတန်နိုင်ငံ ဖြစ်ပြီး အာရှတိုက် အနောက်တောင်ပိုင်း အာရပ်ကျွန်းဆွယ်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ အနောက်မြောက်ဘက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ အနောက်ဘက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ အနောက်တောင်ဘက်တွင် ယီမင်နိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ အရှေ့တောင်ဘက်တွင် အာရပ်ပင်လယ် ကမ်းရိုးတန်းရှိပြီး အရှေ့မြောက်ဘက်တွင် အိုမန်ပင်လယ်ကွေ့ရှိသည်။

အိုမန်နိုင်ငံသည် အာရေဗျ ကျွန်းဆွယ်၏ အရှေ့တောင်

ဘက်စွန်းတွင် တည်ရှိပြီး ယေမင် ပြည်သူ့ ဒီမိုကရက်တစ်

သမ္မတနိုင်ငံနှင့် အရှေ့ဘက် နယ်နိမိတ်ချင်း စပ်လျက်ရှိသည်။

စတုရန်းမိုင်ပေါင်း ၈၂ဝဝဝ ခန့်ကျယ်ဝန်းသည်။ ၁၉၇၇ ခုနှစ်

ကုလသမ္မဂ၏ ခန့်မှန်းချက်အရ လူဦးရေ ၈၂ဝဝဝဝ ရှိပြီး

အများစုမှာ အာရပ်အမျိုးသားများ ဖြစ်သည်။ အိန္ဒိယ၊ ဗလူချီ၊

နီဂရိုးစသည့် လူမျိုးများလည်း နေထိုင်ကြ သည်။ လူများစုသည်

အစ္စလမ် ဘာသာကို ကိုးကွယ်ကြပြီး အာရေဗျ ဘာသာစကား

ကိုပြောဆိုကြသည်။အိုမန်နိုင်ငံသည် စူလတန်ဘုရင် အုပ်ချုပ်သော နိုင်ငံဖြစ်ပြီး

မူလက မတ်စကက်နှင့် အိုမန်ဟူသော အမည်ဖြင့် လူသိများခဲ့

သည်။ ၁၉၇ဝ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အိုမန်နိုင်ငံ

အကြီးအကဲ စူလတန် ဘုရင် ဆက်ဗင်တိုင်မူ၏လက်မှသားဖြစ်

သူ ကဗတ်ဗင်ဆက်က အာဏာသိမ်းယူခဲ့သည်။ စူလတန်ဘုရင်

သစ် ကဗတ်ဗင်ဆက်သည် နိုင်ငံကို မတ်စကတ်နှင့်အိုမန်နိုင်ငံဟူ

သောအမည်မှ အိုမန်ဘုရင့် နိုင်ငံတော်ဟူသော အမည်သို့ပြောင်း

လဲခဲ့သည်။ ကဗတ်ဗင်ဆက်၏ လက်ထက်တွင် နိုင်ငံတွင်း၌

လက်ဝဲပြောက်ကျားများ ပုန်ကန်ထကြွရာ အီရန်နိုင်ငံမှလူနှင့်လက်

နက် အကူအညီများရယူပြီး ပုန်ကန်သူများကို နှိမ်နင်းခဲ့ရသည်။

အိုမန်နိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ ရေနံကို ရှာဖွေတွေ့ရှိခဲ့ပြီး

၁၉၆၇ ခုနှစ်မှစ၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ယခုအခါ

အိုမန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံအများဆုံးထုတ် လုပ်သော

နိုင်ငံများ စာရင်း၌ နံပတ် ၁၇ နေရာတွင် ရှိသည်။ အခြားထင်

ရှားသော ထုတ်ကုန်များမှာ ငါးခြောက်၊ သံပုရာသီး၊ သလဲသီး၊

ငှက်ပျောသီး၊ ဂျုံ၊ အုန်းသီးစသည့် စားကုန်များဖြစ်သည်။

အိုမန်နိုင်ငံသည် ကမ္ဘာ့ကုလသမ္မဂအဖွဲ့နှင့် အာရပ်အဖွဲ့ချုပ်

တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ မြို့တော်မှာ မတ်စကက်မြို့ ဖြစ်

သည်။ခမည်းတော် စူလတန် ဆက်ဗင်တိုင်မူ၏ လက်မှ ၁၉၇ဝ

ပြည့်နှစ်တွင် အာဏာသိမ်းယူခဲ့သော စူလတန်ကဗူးဗင်ဆက်

သည် ခမည်းတော်၏ အစဉ်အလာမူများကို ပယ်၍

ခေတ်မီသော မူများကို ချမှတ်လုပ်ဆောင်နေသည်။ ၁၉၇၃

ခုနှစ်မှစ၍ ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် ကြွယ်ဝလာသော

ဝင်ငွေများဖြင့် နိုင်ငံကို ခေတ်မီဖွံ့ဖြိုးစေသည်။ စူလတန်ကဗူး

နန်းတက်စတွင် ကျောင်းသုံးကျောင်း၊ သူနာပြုနှစ်ဦး၊ ဆရာဝန်

၁၂ ဦး၊ ကတ္တရာလမ်းသုံးမိုင်သာရှိခဲ့သော အိုမန်နိုင်ငံ၌ ၁၉၈ဝ

ပြည့်နှစ်တွင် ၃၇၅ ကျောင်း၊ သူနာပြု ၆၂၄ ဦး၊ ဆရာဝန်

၂၁၁ ဦး၊ ဆေးရုံ ၁၄ ရုံရှိလာသည်။ ကတ္တရာလမ်း ၁၃ဝ၅

မိုင်နှင့် ကျောက်ခင်းလမ်း ၈ဝ၅၅ မိုင် ဖောက်လုပ်ဆက်သွယ်

နိုင်လာသည်။

ဗြိတိသျှလက်ထက် ၁၉၆၄ ခုနှစ်ကတည်းက အုံကြွခဲ့သော

အိုမန်လွတ်မြောက်ရေး ပေါ်ပြူလာတပ်ဦး လက်ဝဲသူပုန်များကို

ဗြိတိသျှနှင့် အီရတ်နိုင်ငံတို့မှ စစ်ရေးအကူအညီများဖြင့် နှိမ်နင်း

နေရသည်။ ၁၉၇၅ ခုနှစ်တွင် တောင်ယေမင်နိုင်ငံနှင့် ထိစပ်

နေသော ဒိုမာနယ်၌ အစိုးရက ပြင်းထန်သော ထိုးစစ်ဆင်နွှဲ

ပြီးနောက် ပုန်ကန်မှုများ ချုပ်ငြိမ်းသွားပြီဟုကြေငြာသော်လည်း

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ သူပုန်များကို ခိုလှုံခွင့်

ပေး၍ ထောက်ခံအားပေးသော တောင်ယေမင် (ပြည်သူ့ ဒီမို

ကရက်ယေမင်သမ္မတနိုင်ငံ) အစိုးရနှင့် ဆက်ဆံရေး တင်းမာ

လျက်ရှိသည်။ ၁၉၇၆ ခုနှစ် မတ်လတွင် ဆော်ဒီအာရဗျနိုင်ငံ၏

စေ့စပ်ပေးမှုကြောင့် နှစ်နိုင်ငံနယ်စပ်၍ အပြန်အလှန်ပစ်ခတ်

မှုများ ရပ်စဲသွားခဲ့သည်။ သို့ရာတွင် ၁၉၈၁ ခုနှစ်တွင် နှစ်နိုင်ငံ

တင်းမာမှု ပိုမိုပြင်းထန်လာပြန်၍ နယ်စပ်၍ အပြန်အလှန်

ပစ်ခတ်မှုများ ဖြစ်ပွားသည်။ ၁၉၈၁ ခုနှစ် ဧပြီလ ၁၄ ရက်

နေ့တွင် ကူဝိတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံသို့

လာရောက်၍ စေ့စပ်ညိ|နှိုင်းပေးသည်။

သို့သော် ၁၉၈၁ ခုနှစ် ဇွန်လတွင် အိုမန်နိုင်ငံ ပိုင်နက်

အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော တောင်ယေမင်

စစ်သားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း အိုမန်အစိုးရက

ကြေငြာသည်။

အိုမန်နိုင်ငံသည် ၁၉၈၁ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့သော

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီတွင် ပါဝင်

သော်လည်း အမေရိကန်ရေတပ် အခြေစိုက်စခန်းချထားခွင့်ကို

မပိတ်ပင်ချေ။ မစီရာကျွန်း၊ ဒိုမာနယ်ရှိ သမရစ်မြို့၊ ဆာလာလာ

မြို့၊ မတ်စကက်မြို့နှင့် အိုမန်ပင်လယ်ကွေ့တို့တွင် အမေရိကန်

စစ်စခန်းများ၊ တည်ဆောက်ခွင့်ပြုထားသည်။

အစ္စရေးနိုင်ငံနှင့် ၁၉၇၈ ခုနှစ်တွင် ဒေးဗစ်စခန်း သဘော

တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော အီဂျစ်နိုင်ငံကို အာရပ်

နိုင်ငံအများက အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။ အိုမန်

နိုင်ငံသည် အီဂျစ်နိုင်ငံကို အဆက်အသွယ် မဖြတ်တောက်ခဲ့ချေ။

ဘရိုက်စတား ၈၂ စစ်ရေး လေ့ကျင့်မှုဟု အမည်ပေးထား

သော အီဂျစ်-အမေရိကန်ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင်

အိုမန်နိုင်ငံသည် ဆူဒန်နိုင်ငံနည်းတူ ပါဝင်လေ့ကျင့်သည်။

စူလတန် ကဗူးဗင်ဆက်သည် ၁၉၈၁ ခုနှစ် အောက်တို

ဘာလ ၁၈ ရက်နေ့တွင် အဖွဲ့ဝင် ၄၅ ဦး ပါဝင်သော

အတိုင်ပင်ခံလွှတ်တော်တရပ်ကို ဖွဲ့စည်းကြောင်း အမိန့်ထုတ်ပြန်

လိုက်သည်။ နိုဝင်ဘာလ ၃ ရက်နေ့တွင် အတိုင်ပင်ခံ

လွှတ်တော်ကို ဖွင့်လှစ်ပေးလိုက်ပြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ်

စူလတန် နာဆာ အယ်ဝါဟီဘီကို ရွေးချယ်တင်မြောက်

လိုက်သည်။

စူလတန် ကဗူးဗင်ဆက်သည် ၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ

၁၈ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးနှင့် စီးပွား

ရေးဝန်ကြီးအဖြစ် မစ္စတာ အဗ္ဗဒူမူနင် အယ်ဇာဝါဝီကို ခန့်ထား

လိုက်သည်။

အကျယ်အဝန်း။ ။၁၂ဝဝဝဝ စတုရန်းမိုင်၊ လူဦးရေ။ ။

၉၁ဝဝဝဝ၊ မြို့တော်။ ။မတ်စကတ်မြို့။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.