ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်သည် ဂေါ်ဖီပွင့် (ပန်းမုန်လာ) ခါးပု၊ မုန်ညင်း၊ စမုန် စသည်တို့နှင့်အတူ 'ကရူစီဖာရီး'မျိုးရင်းတွင် ပါဝင်သည်။ ဂေါ်ဖီထုပ်၏ ရုက္ခဗေဒအမည်မှာ 'Brassica oleracea' ဖြစ်သည်။ ဂေါ်ဖီထုပ်ကို မုန်လာထုပ် ဟူ၍လည်း ခေါ်သည်။ဂေါ်ဖီထုပ်သည် ရေမတင်နိုင်သော မြေနုမြေမွများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ယင်းကို ပျိုးထောင်ပြီးမှ စိုက် ခင်းတွင် ထပ်မံ၍ စိုက်ရသည်။ မျိုးစေ့များမချမီ ပျိုးခင်းတွင် ဗောင်နိမ့်နိမ့် ပြုလုပ်ရသည်။ ထိုနောက် ဗောင်ပေါ်တွင် ၄ လက်မ၊ ၅ လက်မစီခွါလျက် မျိုးစေ့များကို အတန်းလိုက် ပါးပါးချပေးရသည်။ ထိုမျိုးစေ့များပေါ်တွင် မြေစာမြေမှုန့်တို့ကို ခပ်ပါးပါး ဖုံးအုပ်ပေးပြီးနောက် ပန်းကရားဖြင့် ရေလောင်းပေး ရသည်။ ဗောင်များကို ငှက်ပျောရွက်၊ ထန်းရွက် စသည်တို့ဖြင့် နေပူမှ ကာကွယ်ရန် ဖုံးအုပ်ပေးရသည်။ပျိုးပင်ကလေးများသည် ၄ လက်မခန့် ကြီးမြင့်လာ၍ အရွက် ၃ ရွက်မှ ၆ ရွက်အထိ ရှိလာသောအခါ ရွှေ့ပြောင်းစိုက်ရန် သင့်ပြီဖြစ်သည်။

ပျိုးပင်ကလေးများကို ရွှေ့ပြောင်း မစိုက်မီ စိုက်ခင်းများကို ရေကောင်းစွာ ဖျန်းပေးရသည်။ ထိုနောက် ဗောင်တန်းများတွင် တပေစီခွါလျက် ကျင်းငယ်ကလေးများ ခပ်နက်နက်တူးပြီးလျှင် ထိုကျင်းများထဲ၌ ပျိုးပင်ကလေးများကို စိုက်ပျိုးရသည်။ ရွှေ့ ပြောင်းစိုက်ပြီးနောက် ၃၊ ၄ ရက်လောက်ကြာအောင် အပင် ကလေးများကို နေပူမှ ကာကွယ်ပေးရ၍ ရေကိုလည်း နိုင်နိုင် လောင်းပေးရသည်။

ဂေါ်ဖီထုပ်ပင်များသည် ၃၊ ၄ လကြာမှ ကြီးရင့်လာကြ သည်။ မကြီးရင့်မီ အပင်များအကြားရှိ မြေကို ဆွပေး၍ နွား၊ မြင်းတို့၏ အညစ်အကြေးရေနှင့် နှမ်းဖတ်ပုပ်ရေများကို မကြာ ခဏ လောင်းပေးလျှင် အပင်များသည် အထူးသန်စွမ်းကြသည်။ဂေါ်ဖီထုပ်တွင် အာဟာရဓာတ် များပြားစွာပါရှိသောကြောင့် အနောက်နိုင်ငံများတွင် ဂေါ်ဖီထုပ်ပင်များကို မျိုးကွဲဲများ ဖြစ် ထွန်းအောင် ပြုပြင်၍ စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ဂေါ်ဖီ ထုပ်မျိုးပေါင်း ၁ဝဝ ကျော်မျှ ရှိလေပြီ။ သိပ္ပံပညာရှင်များက ဂေါ်ဖီထုပ်တွင် အခြားအပင်များမှာထက် လတ်ဆတ်သော အစာပို၍ ပါရှိသည်ဟု ဆိုကြသည်။


[၁]

Cabbage and cross section on white
ဂေါ်ဖီထုပ်ကြီးများ

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
ကလောမြို့

ကလောမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၂၉၇ ခန့်တွင် တည်ရှိသည်။ ပြည်ထောင်စုလမ်းမကြီးသည် ကလောမြို့မှ ဖြတ်သန်းသွားသည်။ ကလောမြို့၏ အရှေ့ဘက်တွင် အောင်ပန်းမြို့ ရှိပြီး အနောက်ဘက်သည် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်လျှက်ရှိသည်။ ရှမ်းပြည်တောင်ပိုင်းမှ မြန်မာနိုင်ငံအလယ်ပိုင်းသို့ ဆင်းရာ တံခါးပေါက်ကဲ့သို့ ဖြစ်သည်။ မြို့အရှေ့ဘက်တွင် တောင်တန်းများမှရေများ စီးဆင်းရာ ကလောချောင်းရှိပြီး ၎င်းချောင်းသည် အင်းလေးကန်အတွင်းသို့ စီးဝင်သည်။ ကလောမြို့၏သမိုင်းကြောင်းကို ရှေးမြန်မာ ဘုရင်များလက်ထက်တွင် ရှမ်းပြည်နယ်သို့ လာရာလမ်း၏နားခိုရာနေရာတစ်ခုသာ ဖြစ်ခဲ့သည်။ ကိုလိုနီခေတ်တွင် အင်္ဂလိပ်လူမျိုးများ သဘောကျနှစ်ခြိုက်သဖြင့် မြို့အင်္ဂါရပ်နှင့်ညီအောင် ဖွဲ့စည်းတည်ဆောက် နေထိုင်ခဲ့ကြသည်။

ကြွက်တက်ခြင်း

ကြွက်တက်ခြင်း(Cramps)သည် လူ၏ခန္ဓာကိုယ်မှ ကြွက်သားများ ပင်ပန်းသွား၍ တင်းလွန်းကာ ဖြစ်ပေါ်လာသော ဝေဒနာဖြစ်သည်။

အားကစားသမားများ အထူးသဖြင့် ဘောလုံးသမားများ ဖြစ်တတ်ပါသည်။ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးရှိသည်။ ခြေသလုံးနှင့် ပေါင်က ကြွက်သား အဖြစ်များဆုံးဟု သိရသည်။ အလွန်မတန် နာလှသည်။ အိပ်နေရင်း နာတာမျိုးသည် ခြေ-လက်ကို အညောင်းဆန့်ရာမှ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာခြင်းဖြစ်သည်။ အသက်ကြီးသူတွေ အဖြစ်များသည် ဆိုသော်လည်း ဆယ်ကျော်သက်တွေလည်း ဖြစ်တာပါသည်။ အေးသည့်အချိန် ပိုဖြစ်တတ်ပါသည်။

အဝလွန်ခြင်း၊ ရေနှင့် ဓာတ်ဆား နည်းသွားခြင်း၊ ရာသီ-သွေးဆုံး၊ ဟော်မုန်း နည်းသွားခြင်း၊ သွေးအလျှောက် နည်းခြင်း၊ အာရုံကြော-ကြွက်သား တခုခုဖြစ်ခြင်း၊ Statins (ကိုလက်စထော) ကျဆေး၊ ဆီးချိုကျဆေးနှင့် လည်ပင်းကြီးဟော်မုန်း နည်းသူ တွေမှာလည်း ဖြစ်တတ်ပါသေးသည်။ ကိုယ်ဝန်ဆောင်ချိန်၊ ဆား အစားနဲလျှင်၊ ချွေးထွက်များလျှင် ကြွက်သားများ နာတတ်ပါသည်။

ခိုတောင်မုန့်တီ

ခိုတောင်မုန့်တီသည် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်ရှိ ခိုတောင်ရွာကိုအစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ဒေသခံများ အစဉ်အဆက် ပါးစပ်ရာဇဝင်အဖြစ် မှတ်ယူလာသော ခိုတောင်မုန့်တီရာဇဝင်မှာ

စကြာဒေဝီ မိဖုရားခေါင်ကြီးနှင့် ဆက်စပ်နေသည်။ ခိုတောင်မုန့်တီအစ စကြာဒေဝီမိဖုရားကြီးကဟု

ပင် ဒေသခံများက ယနေ့တိုင် မှတ်ယူလျက် ရှိသည်။

စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်ကာ အစားအ သောက် ပျက်သည့်ကာလတွင် သမားတော်များက ဓာတ်စာအဖြစ် တီနဲ့တူသောမုန့်ကို စားပါမှ အသက်ရှည်မည်ဟု ဆိုသည့်အတွက် ခိုတောင်ရွာမှ မင်းမှုထမ်းများ၏ အကူအညီဖြင့် တီနှင့်တူသော မုန့်ကို ပြုလုပ်စေရာမှ မုန့်တီကို စတင်ကြံဆလုပ်ကိုင်ခဲ့သည်။

တောရွာများတွင် အရွက်သုပ်သည့် နည်းစနစ်ကို အခြေခံကာ ခိုတောင်မုန့်တီသုပ် ပြုလုပ်ပြီးဆက်သရာ မိဖုရားကြီး ခံတွင်းလိုက်ကာ ကျန်းမာလာခဲ့သည်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာသည်။

ရှေးယခင်က ခိုတောင်ရွာရှိ အမျိုးသမီးအများစုသည် ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြသည်။ ယနေ့ခေတ်တွင်မူ စစ်ကိုင်းဘက်မှ လိုင်းကားများဖြင့် မန္တလေးသို့ လာရောက် ရောင်းချကြသည်။

ခိုတောင်မုန့်တီပြုလုပ်သည့် နည်းပညာတွင် ဟင်းချိုချက်သည့် နည်းစနစ်၊ ဆီချက်နည်းစနစ်၊ အစာပလာ ထည့်သည့်နည်းစနစ်များက အားသာပြီး မည်သည့်နယ်တွင်ပင် ရောင်းချစေကာမူ ခိုတောင်မုန့်တီနည်းစနစ်အတိုင်း ပြုလုပ်ကာ ခိုတောင်မုန့်တီအဖြစ်သာ ရောင်းချပြီး လက်ရှိကာလ မင်းကွန်းဒေသသို့ သွားရောက်သူအများစုမှာ အရသာထူးကဲသည့် ခိုတောင်မုန့်တီကို အားထား စားသောက်လေ့ရှိသည်။

ခိုတောင်မုန့်တီသည် မန္တလေးမုန့်တီကဲ့သို့ မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်များ မပါပေ။ ကြက်သွန်ဖြူနီ ဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ ချက်သည်။

ခိုတောင်မုန့်တီသည်များသည် ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြုဘဲ ဒေသထွက် စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကို အသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။

ယခင်က ခိုတောင်မုန့်တီသည်များသည် ကိုယ်ရောင်းမည့် မုန့်တီဖတ်ကို ကိုယ်တိုင်ညှစ်ကြသည်။ နံနက်စောစော အိပ်ရာထကာ မုန့်တီဖတ်ညှစ်ရသည်။ မုန့်တီဖတ်ညှစ်ပြီး မန္တလေးမြို့ပေါ်သို့ ခိုတောင်မြစ်ဆိပ်မှတဆင့် ခိုတောင်ငှက်လှေများဖြင့် ကူးကြသည်။ ဂေါဝိန်ဆိပ်မှတဆင့် ဆေးလိပ်ခုံ၊ ဖိနပ်ရုံ၊ ဈေးချိုတော်၊ တရုတ်တန်းဈေး အစရှိသည့်နေရာများဆီသို့ သွားရောက် ရောင်းချကြသည်။

စမူဆာသုပ်

စမူဆာကို ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးတို့နှင့် ရောနှောကာ ဆီချက်၊ပူစီနန်၊ ပဲမှုန့်တို့ဖြင့် သုပ်နှယ်ထားပြီး အသုပ်ပေါ်သို့ သံပုရာသီးညှစ်၍ စားရသော အစားအစာတစ်မျိုးဖြစ်သည်။ အညာဒေသတွင် ကျယ်ပြန့်စွာစားသုံးလေ့ရှိသော အစားအစာတစ်မျိုးဖြစ်သည်။ စမူဆာသည် သုံးထောင့်ပုံစံရှိ၍ အာလူး၊ ကြက်သွန်နီစသည့် အရာများကို အစာသွပ်ထားကာ ဆီဖြင့်ကြော်ထားသော မုန့်တစ်မျိုးဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ စမူဆာ၏ အစာသွပ်ပစ္စည်းများတွင် ကန်စွန်းရွက်ကဲ့သို့ အရွက်များ ပါဝင်လေ့ရှိသော်လည်း မြန်မာနှင့်ထိုင်းနိုင်ငံရှိ စမူဆာများတွင်မူ အရွက်များအား အစာသွပ်အဖြစ် ထည့်သွင်းခြင်းမရှိချေ။ စမူဆာသည် ဘီယာဆိုင်များ၊ လဘက်ရည်ဆိုင်များသာမက ထမင်းဆိုင်များ၊ ဟော်တယ်များတွင်ပါ ရောင်းချလာကြသည့် အစားအစာတစ်မျိုးဖြစ်သည်။ အရက်နှင့်တွဲဖက်စားသုံးရန် သင့်တော်သည်ဟု ယူဆထားကြသော်လည်း အဆာပြေသော်လည်းကောင်း ထမင်းနှင့်တွဲဖက်၍ ဟင်းအဖြစ်သော်လည်ကောင်း စားသုံးလာကြသည်။

စေတုတ္တရာမြို့

စေတုတ္တရာမြို့ သည် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။

စလင်းနယ်တွင် ပါဝင်၍ ဧရာဝတီမြစ်ကမ်းမှ ဝေးကွာသည့်

အတွင်းဖက်ကျသော အရပ်တွင် တည်ရှိသည်။ စလင်းမြို့မှ ၃၆

မိုင်ခန့်ဝေးသည်။ စေတုတ္တရာမြို့သည် ရခိုင်ရိုးမတောင်၏ အရှေ့

ဖက် ဆင်ခြေလျှောတွင် တည်ရှိသည်။ မြို့မှာ ရှည်လျားသည်။

ရဲဌာနသည် မြို့အဝင်ဝတွင် ရှိသည်။ မုန်းမြစ်သည် မြို့နယ်

အလယ်ကို တည့်တည့်ဖြတ်၍ မြောက်မှတောင်သို့ စီးဆင်း၏။

ထိုဒေသကို မုန်းချောင်းနယ်ဟုလည်း ခေါ်သည်။ မြို့နယ်၏

အကျယ်အဝန်းမှာ ၁၁၂၁ စတုရန်းမိုင်ဖြစ်၍ ရွာပေါင်း ၂ဝဝ

ကျော် ပါဝင်သည်။ မုန်းမြစ် ဝှမ်းတစ်လျှောက်တွင် ညီညာ

ပျံ့ပျူးသော မြေပြင်များရှိသည်။ မြို့နယ်၏ ကျန်အပိုင်းမှာ

တောင်ကုန်းဒေသများသာဖြစ်၍ ငှက်ဖျားထူသည်။

မြို့နယ်၏လူဦးရေမှာ ၁၉၅၆ ခုနှစ်အတွက် ခန့်မှန်းခြေ

စာရင်းအရ ၃ဝ၇၄၈ ယောက်ခန့် ဖြစ်သည်။ မြန်မာလူမျိုး၏

လူဦးရေများပြားသော်လည်း ချင်းလူမျိုးတို့လည်း ရှိသေးသည်။

ထိုဒေသရှိ ချင်းများသည် မြန်မာများနှင့် နီးစပ်ရောနှော ပေါင်း

သင်းဆက်ဆံခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် အမူအရာ ဓလေ့ထုံးစံ

အားဖြင့် မြန်မာများနှင့် များစွာကွဲပြားခြားနားခြင်း မရှိပေ။

စေတုတ္တရာနယ်မှ ထွက်ကုန်များမှာ ကျွန်းသစ်၊ အင်ကြင်း၊

ရှားစေး၊ ချိပ်၊ အင်တွဲ၊ ဝါ၊ လူး၊ ဆပ် ပြောင်းများဖြစ်၍

အဓိက အလုပ်အကိုင်များမှာ စပါးစိုက်ပျိုးခြင်း၊ သစ်ဝါးခုတ်

ခြင်း စသည်တို့ဖြစ်၏။

စေတုတ္တရာမြို့နယ်၌ ယနေ့တိုင် ရှေးရိုးဆန်သော ဝတ်စား

ဆင်ယင်ပုံကို တွေ့နိုင်သည။ အသုံးအဆောင်များတွင်လည်း

ဒေါင်းလန်း၊ မြေအိုး၊ မြေခွက်၊ ယွန်းတည် စသည်တို့ကို ယခု

တိုင် သုံးစွဲလျက်ရှိကြသည်။ အလှူအတန်း ပွဲလမ်းသဘင်

စသည်တို့တွင် မြန်မာရှေးဟောင်း တူရိယာများကို တီးမှုတ်ကြ

လျက် အရာရာတွင် စုပေါင်းလုပ်ဆောင်ကြသော အလေ့အထ

ရှိသည်။

စေတုတ္တရာမြို့၏ မြောက်ဖက် ၂၇ မိုင်ခန့် အကွာတွင်

တောင်ထိပ်ပေါ်၌ ရေကန်ရှိသော ကန်တောင်ကြီး ရှိသည်။

မြို့နှင့် သုံးမိုင်ကွာ ဆင်မြီးချောင်းကမ်းပါး၌ ကျောက်ခဲပေါ်တွင်

စေတီသဖွယ် ကျောက်အဆင့်ဆင့် တင်လျက်ရှိသော ခမောက်ပုံ

နှင့်တူသည့် ကျောက်ခမောက်ဆိုသည့် နေရာလည်း ရှိသည်။

တိုဟူးသုပ်

တို့ဟူးဟာ အမှန်တော့တို့ဟူးဟာ မြန်မာ့မျိုးရင်း အစားအစာမဟုတ်ပါဘူး။ အရင်ဆုံး တို့ဟူးဆိုတဲ့ နာမည်လေး ဖြစ်ပေါ်လာပုံကို ဟူးဆိုတာ တရုတ်စကား Tofu (အသံထွက်-တိုဖူ)က နေ ဆင်းသက်လာခဲ့တာဖြစ်ပြီး မြန်မာတွေက တို့ဟူးလို့ မြန်မာမှုပြုလိုက်ကြတာပါ။ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 လောက်ကတည်းက အစဉ်အဆက် စားသုံးခဲ့တယ်လို့ မှတ်တမ်းအရ သိရပါတယ်။ တို့ဟူးကို အာရှနိုင်ငံတွေ အားလုံးနီးပါး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်စားကြပါသည်။ တို့ဟူးကို ပဲ အဓိကနဲ့ လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ ပဲနှစ်ကို ဒိန် ချဉ်ဖောက်သလို ဖောက်ပြီး ပဲပြား/တို့ဟူးလုပ်ကာ စားသုံးတယ်လို့ သိရပါသည်။ မြန်မာနိုင်ငံတွင် တို့ဟူးရယ် ပဲပြားရယ်-ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပြီး ဟင်းချက်စရာအဖြစ်လည်းကောင်း၊ သွားရေစာအဖြစ်လည်းကောင်း၊ ကြော်/ချက်/သုပ် ပြီး စားကြပါသည်။ ထို့ထဲမှ တို့ဟူးသုပ်ပုံအများစုထဲမှ နည်းလမ်းတစ်ခုကို ဖော်ပြထားပါသည်။

မြန်မာပြည် အနှံ့တွင် တို့ဟူးကို ကုလားပဲဖြင့် လုပ်ပေ၍ ရှမ်းပြည်နယ်တွင် စားတော်ပဲနဲ့ ပြုလုပ်ကြပါသည်။ စားတော်ပဲနဲ့ လုပ်သည့် ရှမ်းတို့ဟူးမှာ ကုလားပဲနဲ့လုပ်သည့် တို့ဟူးထက်ပိုနူးညံ့ပြီး ပိုလည်းအရသာရှိပါသည်။ ထို့ကြောင့်လည်း ရှမ်းတို့ဟူးမှာပိုပြီး နာမည်ကြီးခြင်းဖြစ်ပါသည်။ တို့ဟူးကို သူ့ချည်းသက်သက်တစ်မျိုးတည်း သုပ်စားနိုင်သလို မုန့်ဟင်းခါးဖတ်၊ ခေါက် ဆွဲ၊ ကြာဆံ၊ သင်္ဘောသီး၊ ပဲပြားကြော်တို့နဲ့အတူ အသုပ်စုံထဲမှာ ထည့်လို့လည်း သုပ်စား နိုင်ပါသည်။

နန်းကြီးသုပ်

နန်းကြီးသုပ်တွင် မုန့်ဖတ်၊ ဆီချက်၊ ပဲမှုန့် ၊ အကြော်၊ ကြက်သား၊ ကြက်ဥ၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ သံပုရာသီး၊ ငရုတ်သီးကြော်၊ ငံပြာရည်၊ ဆား ၊နံနံပင် စသည်တို့ ပါဝင်သည်။ နန်ကြီးသုပ်ကို မန္တလေးမုန့်တီဟုလည်းခေါ်ဆိုသည်။

ပြင်ဦးလွင်မြို့

ပြင်ဦးလွင်မြို့ (မေမြို့)သည် မန္တလေးမြို့ မှ အရှေ့မြောက်ဘက် ၄၂ မိုင် အကွာတွင် တည်ရှိသည်။

ဗီတာမင်ကေ

ထိခိုက် ဒဏ်ရာရပြီး သွေးထွက်လျှင် သွေးတိတ်ပြီး သွေးခဲစေဖို့အတွက် ဗီတာမင်ကေ(K) လိုအပ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့လျှင် အသေးအဖွဲ ထိရှတာလေးမှပင်သွေးမတိတ်တော့ဘဲ အသေးစားထိခိုက်မှုလေးမှသည် ကြီးကျယ်သော ဒဏ်ရာဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ သွေးစိမ့်ယိုခြင်းဟာ ဦးနှောက်လို အစိတ်အပိုင်းမျိုးမှာ ဖြစ်မယ်ဆိုရင် stroke တစ်မျိုးကို ခံစားရစေနိုင်ပါတယ်။

အရွယ်ရောက်ပြီးသူများနှင့် ကလေးများဟာ ဗီတာမင်ကေ ကို အူထဲရှိ ဘက်တီးရီးယားများမှ အများဆုံး ရရှိပြီး စားသော အစာများမှလည်း ဗီတာမင်ကေကို အနည်းငယ် ရရှိနိုင်ပါတယ်။ ဗီတာမင်ကေဓာတ် ပါဝင်တဲ့ အစားအစာများကတော့ ပဲသီး ၊ ကြိတ်ထားသော အမဲသား ၊ အမဲ အသည်း ၊ ဂေါ်ဖီထုပ် ၊ မုန်ညင်း ၊ နွားနို့ ၊ မုန်လာဥ (ဝါ) ၊ လိမ္မော်သီး ၊ အာလူး ၊ ဟင်းနုနွယ် ၊ စတော်ဘယ်ရီ ၊ ဂေါ်ဖီပန်းပွင့် စသည်တို့ ဖြစ်ကြပါတယ်။

မွေးကင်းစကလေးများကတော့ မွေးခါစ အရွယ်မှာ ဗီတာမင်ကေ အင်မတန်နည်းပါးပါတယ်။ မိခင်ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်အတွင်းမှာ ကလေးဆီကို ဗီတာမင်ကေက အချင်းကိုဖြတ်လို့ ရောက်မလာနိုင်ပါဘူး။ မိခင်ဝမ်းမှ မကျွတ်မီအချိန်မှာ ကလေးရဲ့ အူဟာလည်း ဗီတာမင်ကေကို ထုတ်လုပ်နိုင်တဲ့ ဘက်တီးရီးယားများ မပါရှိနေသေးပါဘူး။မွေးဖွားပြီးမှသာ မိခင်နို့ရည်ထံမှ ဗီတာမင်ကေဓာတ် အနည်းငယ်မျှကို မွေးကင်းစ ကလေးငယ်များက ရရှိတာ ဖြစ်ပါတယ်။ မိခင်နို့စို့တဲ့ကလေးငယ်များဟာ သူတို့ရဲ့ အူထဲမှ ဗီတာမင်ကေကို ထုတ်ပေးတဲ့ ဘက်တီးရီးယားများက ဗီတာမင်ကေကို စတင် ထုတ်လုပ် ရရှိဖို့ကို အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ စောင့်ရပါတယ်။

ကလေးနို့မှုန့် ဖော်မြူလာများမှာ ဗီတာမင်ကေကို ထည့်သွင်း ဖော်စပ် ထားကြသော်လည်း နို့မှုန့်တိုက်ကျွေးခြင်းခံရသော ကလေးငယ်များမှာ ဗီတာမင်ကေဓာတ် အင်မတန် နည်းပါးကြပါတယ်။ ဗီတာမင်ကေ နည်းပါးလျှင် သွေးယိုစီးမှု (bleeding) ဖြစ်စေနိုင်ပြီး စိုးရိမ်ဖွယ် အန္တရာယ်ရှိပါတယ်။ တကယ်လို့များ သွေးယိုစီးမှုက ဦးနှောက်ဆီကို ရောက်သွားလျှင် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးယိုစီးမှုမျိုးကို haemorrhagic disease of the newborn (HDN) လို့ခေါ်ပါတယ်။

အခုဆိုလျှင် မွေးကင်းစ ကလေးငယ်များကို ဗီတာမင်ကေ ထိုးဆေး ထိုးပေးပြီး ဗီတာမင်ကေဓာတ် ရရှိစေတာဟာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဒီနည်းဟာ အင်မတန် ကောင်းမွန်ပြီး မွေးကင်းစများမှာ HDN ရောဂါဖြစ်ပွားခြင်း ယနေ့ခေတ်မှာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ ဆေးထိုးပေးခြင်း အစီအစဉ်များ ရှိနေသော်လည်း မိဘအများစုက မသိကြပါဘူး။ သတင်းပေးသူ မရှိတာကြောင့်ဖြစ်စေ ၊ ဗီတာမင်ကေနဲ့ပတ်သက်လို့ ဗဟုသုတ မသိထားတာကြောင့် ဖြစ်စေ သတင်းမရရှိတဲ့အတွက် မသိလိုက်ဘဲ ရှိတတ်ပါတယ်။

သတင်းစာ ၊ ဂျာနယ်များ မှာ ဗီတာမင်ကေ ဆေးထိုးခြင်း အစီအစဉ်များဟာ စိတ်ချရကြောင်း ၊ အကျိုးကျေးဇူးများကြောင်း ကို ထည့်သွင်း ဖော်ပြထား သော်လည်း ဘာ့ကြောင့် ဗီတာမင်ကေဟာ ကလေးများအတွက် လိုအပ်တယ် ဆိုတာကို မိဘများကို လုံလောက်တဲ့ သတင်းပေးနိုင်ခြင်း နည်းပါးနေပါသေး ပါတယ်။

ဗီတာမင်ကေကို ဆေးထိုးခြင်း အပြင် ဆေးစက်ချ ဆေးတိုက်ကျွေးလို့လည်း ရရှိစေနိုင်တယ်ဆိုတဲ့ သတင်းမျိုးကို မိဘများက ရရှိထားတဲ့အခါမှာ ဆေးစက်ချ ဆေးတိုက်ကျွေးခြင်းကိုသာ မိဘ အများစုက ရွေးချယ်ကြ ပါတယ်။ ဆေးတိုက်ကျွေးခြင်း ခံရတဲ့ ကလေးငယ်များဟာ HDN ဖြစ်တဲ့ လက္ခဏာ သွေးယိုစီးမှု ဖြစ်ပွားတာကို ကြည့်ခြင်းဖြင့် ဆေးစက်ချတိုက်ကျွေးခြင်းဟာ ဆေးထိုးခြင်းလောက် စိတ်ချရမှု မရှိဘူးဆိုတာ သိသာမြင်လွယ်ပါတယ်။

ဆေးထိုးခံရတဲ့ ကလေးအသားမှာ အနည်းငယ် နာကျင်ခြင်း ဖြစ်တတ် တာက လွဲလို့ ဗီတာမင်ကေ ဆေးထိုးခြင်းဟာ ကလေးငယ်များအတွက် လုံခြုံစိတ်ချရပြီး HDN ဖြစ်ပွားခြင်းမှ လွတ်ကင်းစေနိုင်ပါတယ်။

မုန့်လင်မယား

မုန့်လင်မယားမုန့်သည် မြန်မာ့ရိုးရာမုန့် တစ်မျိုးဖြစ်သည်။ မော်လမြိုင်ဘက်တွင် မုန့်အုပ်ကလေး ဟုခေါ်သည်။

မြန်မာ့ အစားအစာ

နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၌ အစားအစာနှင့် ပတ်သက်၍ မတူသည်ကို တွေ့ရသည်။ နိုင်ငံတစ်ခုအတွင်း တွင်လည်း ဒေသအလိုက် အစားအစာများ ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့အစားအစာများ ဟူ၍ ရှိသည်။ ဥပမာပြရသော် မုန့်ဟင်းခါးသည် မြန်မာတို့၏ အစားအစာတစ်ခု ဖြစ်သည်။ မုန့်ဟင်းခါးတွင်လည်း ဒေသအလိုက် ကွဲပြားသေးသည်။ ရန်ကုန်မုန့်ဟင်းခါး၊ မြောင်းမြမုန့်ဟင်းခါး၊ ပုသိမ်မုန့်ဟင်းခါး၊ ဘိုကလေးမုန့်ဟင်းခါး၊ ဟင်္သာတမုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး စသည်တို့ ဖြစ်သည်။

အာဟာရဓာတ်များ

ယခုခေတ်လူများသည် ရှေးခေတ်လူများ စားသောက်ခဲ့ကြရသည့် အစားအစာမျိုးကိုသာ ဆက်လက်

စားသောက်နေကြရလျှင် အမှန်မုချ အော့အန်ကြမည် ဖြစ်၏။ ရှေးခေတ်လူများသည် ရှေးခေတ် အလျောက် မည်သည့်ပစ္စည်းကိုမျှ မတီထွင်နိုင်ကြသေးသဖြင့် ရသမျှသော အသီးအနှံများ၊

သစ်ဥသစ်ဖု သစ်မြစ်များနှင့် သားငယ် ငါးငယ်များ၏ အသားများကို အစိမ်းလိုက် စားခဲ့ကြရလေသည်။ ထိုလူများသည် သားငါး တိရစ္ဆာန်များကိုရလျှင် ပျော်ရွှင်စွာ စားသောက်ကြ ပြီး

လျှင် ကံမကောင်းအကြောင်းမလှသောကြောင့် မရကြလျှင်လည်း အငတ်ခံကာ နေခဲ့ကြရသည်။ ရှေးခေတ် လူများ သာမက ယခုခေတ် လူများပင်လျှင် အစာ၏ အာဟာရဓာတ်ကို

လူတိုင်းစေ့ အပြည့်အဝ မရကြချေ။ မော်တော်ကားတွင် ဓာတ်ဆီသည် အလွန်အရေးကြီးသကဲ့သို့

လူတို့၏ အစားအစား၌လည်း အာဟာရ ဓာတ်သည် အလွန်

အရေးကြီး၏။ ဓာတ်ဆီသာမရှိလျှင် မည်မျှလောက် ကောင်း

သည့် မော်တော်ကားပင် ဖြစ်လင့်ကစား သွားနိုင်မည် မဟုတ်

သကဲ့သို့ အာဟာရဓာတ် မရှိသည့်အစာကို စားသောက်ရသည့်

လူတစ်ဦး သည်လည်း အလုပ်တစ်ခုကို လုပ်နိုင်ကိုင်နိုင်

ကြံစည်နိုင်မည်မဟုတ်တော့ချေ။ အစားအစာများကို လိုအပ်

သည့် အာဟာရဓာတ်များ နည်းပါးခဲ့လျှင် ခန္ဓာကိုယ် အစိတ်

အပိုင်း များတွင်လည်း အာဟာရဓာတ် ခေါင်းပါးမည်ဖြစ်သဖြင့်

လုပ်ရမည့် အလုပ်များကို လုပ်ကိုင်နိုင်ကြတော့မည်မဟုတ်ချေ။

လက်ရုံးရည်နှင့် နှလုံးရည်ကို ကောင်းစွာ စွမ်းဆောင်နိုင်ရေး

အတွက်သော်လည်းကောင်း၊ ကြီးပြင်း၍ အလေးချိန်တိုးလာ

စေရန် အတွက်သော်လည်းကောင်း၊ ပျက်စီးယိုယွင်းလျက်ရှိ

သောကိုယ်ကို ပြန်လည် ဖြည့်တွင်းပေးရန်အတွက်သော်လည်း

ကောင်း၊ ကျန်းမာမှု ရရှိရေးအတွက်သော်လည်းကောင်း၊

ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မျှတလုံလောက်သော အစား

အစာကို များစွာ လိုအပ်လှပေသည်။ အစားအစားကို လိုသည်

ထက် ပို၍စားလျှင်သော်လည်းကောင်း၊ နည်း၍စားလျှင်သော်

လည်းကောင်း မမျှတသဖြင့် ရောဂါဖြစ်ပွားတတ်သည်။ မကြာ

သေးမီကမှ အစားအစာနှင့်စပ်လျဉ်းသော အကြောင်းအရာ

များကို ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားလိုက်စားလာခဲ့ကြ

လေသည်။ ထိုဘာသာရပ်သည် ခန္ဓာဗေဒပညာရပ်များတွင်

အလွန်အရေးပါအရာရောက်သည်။ ယခုအခါ ထိုအစားအစာ

ဘာသာရပ်ကို အာဟာရဓာတ်ပညာဟူ၍ ခေါ်တွင်လေသည်။

ထိုအာဟာရဓာတ်ပညာ တိုးတက် အောင်မြင်ရေးအတွက်

သိပ္ပံပညာရှင်များသည် တစ်ဦးတည်း တစ်ဖွဲ့တည်း မဟုတ်ပဲ

အစိုးရများနှင့် ပူးပေါင်းကြပြီးလျှင် မည်သည့်အစား အစာ

များတွင် မည်သည့် အာဟာရဓာတ် ပါ၍ မည်သို့ အကျိုးရှိ

ကြောင်းကို စုံစမ်းစစ်ဆေးခဲ့ကြသည်။

စစ်ပြီးခေတ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ကြီးမှူးသော အာဟာရဓာတ် စုံစမ်းရေးအဖွဲ့သည် ရန်ကုန်မြို့သို့ပင် လာရောက် စုံစမ်းစစ်ဆေးခဲ့သည်။ ထိုအဖွဲ့တွင် နိုင်ငံ

အသီးအသီးမှ ကိုယ်စားလှယ်များ ပါဝင်ကြ၍ မဆုတ်မနစ်သော လုံ့လဖြင် လိုအပ်သည့် ကိစ္စအဝဝတို့ကို ဆောင်ရွက်ခဲ့ကြသည်။ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ

အစားအစာ မြောက်မြားစွာ ထွက်မှုအတွက် ဂရုမပြုမူ၍ ထွက်သည့်အစားအစာများတွင် လိုအပ်သည့် အာဟာရဓာတ်များ

ပြည့်စုံမှု မပြည့်စုံမှုကိုသာလျှင် စုံစမ်းစစ်ဆေးရန် ဖြစ်လေသည်။ အစားအစာများကို စားသုံးရာတွင် စားသုံသူများ၏ အသက်အရွယ်၊ ရာသီဥတု၊ အလုပ်အကိုင်တို့ကို လိုက်၍ ချင့်ချိန် စား

သောက်ကြမှသာလျှင် အာဟာရဓာတ် ဖြစ်ပြီးလျှင် ကျန်းမာသန်စွမ်းကြပေမည်။ အာဟာရဓာတ်နည်းပါး၍ မမျှတသော အစားအစာများကိုသာ မှီဝဲ သုံးဆောင်သောသူများသည် ရောဂါ

ဝေဒနာ ဖိစီး နှိပ်စက်ခြင်း ခံရကြောင်း ထိုဆေးပညာရပ်ဖြင့် စုံစမ်းသိရှိခဲ့ကြသည်။ အာဟာရဓာတ် ပြည့်စုံသည်၊ မပြည့်စုံသည်ကို စုံစမ်းကြသည့် ပုဂ္ဂိုလ်ကြီးများမှာ သိပ္ပံပညာရှင်ကြီးများနှင့် ပါမောက္ခ

ကြီးများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ စုံစမ်းရှာဖွေချက်အရ လူ၏ခန္ဓာကိုယ်သည် ပရိုတင်းဓာတ် တစ်ခုတည်းကိုသာလျှင် လိုအပ်သည်မဟုတ်၊ သကြားဓာတ်၊ ကစီဓာတ်၊ ထုံးဓာတ်၊

သံဓာတ်၊ ဖောစဖောရပ် ဓာတ်၊ ကလိုရင်းဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဆာလဖာဓာတ်နှင့် အခြားသတ္တုဓာတ်များလည်း လိုအပ်ပေသည်။ ထိုပြင် စားသောက်သည့် အစားအစာများတွင်

ဗီတာမင်များလည်း ပါဝင်ရမည်ဖြစ်၏။ လူများ စားသောက်လျက်ရှိသည့် အချို့သော အစာများသည်

အပူနှင့် စွမ်းအင်ကို ဖြစ်စေ၏။ အချို့သည် သွေးသားများကို

ဖြစ်စေပြီးလျှင် အချို့သည် အခြားလိုအပ်သည့်ပစ္စည်းများကို

ဖြစ်စေသည်။ ထိုကြောင့် အာဟာရဓာတ်ပါသောအစာများကို

စားသောက်သူများသည် ကျန်းမာသန်စွမ်းစွာဖြင့် အလုပ်အကိုင်

အကြံ အစည်များကို ပြီးမြောက်သည်တိုင်အောင် လုပ်ကိုင်

ဆောင်ရွက်သွားနိုင်ကြသည်။ ဓာတုဗေဒပညာရှင်များသည် မိမိ

တို့၏နည်းဖြင့် စုံစမ်းရှာဖွေခဲ့ကြရာ ခန္ဓာကိုယ်အစိတ်အပိုင်း

များတွင် အာဟာရဓာတ် မည်မျှလိုကြောင်းကို ပြောနိုင်ကြ

သည်။ ထိုအာဟာရဓာတ်ကို လုံလောက်အောင် မပေးနိုင်လျှင်

မည်သို့သောရောဂါ စွဲကပ်နိုင်ကြောင်းကိုလည်း ပြောနိုင်ကြ

သည်။

သိပ္ပံပညာရှင်ကြီးများသည် အစားအစာ များတွင် ပါဝင်

သည့် အာဟာရဓာတ်များကို ငါးမျိုး ပိုင်းထားကြသည်။ ထို

ငါးမျိုးမှာ (၁) အဆီဓာတ်၊(၂) ပရိုတင်းဓာတ်၊ (၃) ကာဗို

ဟိုက်ဒရိတ်ဓာတ်၊ (၄) သတ္တုဓာတ်၊ (၅) ဗီတာမင်ဓာတ်တို့

ဖြစ်ကြသည်။ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်

ဓာတ်တို့သည် အပူဓာတ်ကို ဖြစ်စေသည်။ ပရိုတင်းနှင့် သတ္တု

ဓာတ်များသည် ကိုယ်လက်အင်္ဂါ ကြီးထွားစေသည့်ပြင် ကိုယ်

ခန္ဓာ၌ ဖြစ်သော ချို့ယွင်းချက်များကိုလည်း ဖြည့်စွက် ပြုပြင်

ပေးကြလေသည်။ သတ္တုဓာတ်နှင့်ဗီတာမင်ဓာတ် တို့သည် ခန္ဓာ

ကိုယ်တွင်း၌ ဓာတ်ပြောင်းလဲမှုများ မှန်မှန်ဖြစ်နိုင်အောင် အကူ

အညီ ပေးကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်တို့ အကူ

အညီ ပေးကြသကဲ့သို့ ရေကလည်း အကူအညီပေးသေးသည်။

ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပို၍ လှုပ်ရှားလေလေ

အပူဓာတ်ကို ပို၍ လိုလေလေ ဖြစ်၏။ အရွယ်နှင့် အချိုးကျ

အစာကို စားရာတွင် ကလေးသည် လူကြီးထက် ပို၍စားနိုင်

သည်။ အလုပ်ကို ပိုလုပ်သော လူကြီး တစ်ဦးသည် လှုပ်ရှားမှု

နည်းသည့် အခြားလူကြီး တစ်ဦးထက်ပို၍ အစာကို စားနိုင်

သည်။ ထိုပြင် ခန္ဓာကိုယ် ထွားကြိုင်းသူသည် မိမိခန္ဓာကိုယ်

လှုပ်ရှားစေရာတွင် စွမ်းအင်ကို ပို၍ အသုံးပြုသောကြောင့်

ခန္ဓာကိုယ် ငယ်သူထက် ပို၍စားသည်။

ရာသီဥတု အေးသော တိုင်းပြည်များတွင် နေထိုင်သည့်

လူများသည် အပူဓာတ်ကို အထူးလိုအပ်သောကြောင့် အပူ

ဓာတ်ကို ဖြစ်စေသည့်အစာများကို ပို၍စားကြရသည်။ အပူကို

ဖြစ်စေသည့် အစာများမှာ အဆီပင် ဖြစ်သည်။ ထိုကြောင့်

အေးသည့်တိုင်းပြည်များတွင် နေထိုင်သူများသည် ပူသည့် တိုင်း

ပြည်များ၌ နေထိုင်သူ များထက် အဆီကိုပို၍ စားသုံးပေးကြ

ရသည်။

အနောက်နိုင်ငံများတွင် အလေးချိန်များကို ပေါင်ဖြင့်

တိုင်းတာလေ့ရှိကြသကဲ့သို့ အပူကိုလည်း ကယ်လိုရီဖြင့်

တိုင်းတာလေ့ရှိကြသည်။ ကယ်လိုရီဆိုသည်မှာ တစ်ဂရမ်

အလေးချိန်ရှိသည့် ရေကို တစ်ဒီဂရီစင်တီဂရိတ် အပူချိန်

မြှင့်တင်ပေးနိုင်သော အပူအတိုင်းအဆပင် ဖြစ်သည်။

ရှစ်နှစ်ရွယ်မျှရှိသည့် ကလေးတယောက်သည် တစ်နေ့လျှင်

အပူကယ်လိုရီ ၁Ý၅ဝဝမျှလို၍ ကျောင်းသားရွယ် ကလေး

တယောက်သည် တစ်နေ့လျှင် အပူ ကယ်လိုရီ ၄Ýဝဝဝ မျှ

လိုပြီးလျှင် လူကြီးတယောက်မှာကား တစ်နေ့လျှင် အပူ

ကယ်လိုရီ ၃Ý၅ဝဝ လောက်သာ လိုမည်ဟု မှန်းဆထားသည်။

လူများ စားသောက်ကြသည့် အစားအစားများမှ အပူ

အမျိုးမျိုးကို ရနိုင်သည်။ ဆီနှင့်ဝက်ဆီများသည် မီးလောင်

လွယ်ကြောင်းကို လူတိုင်းပင် သိကြ၏။ ထိုကဲ့သို့ လောင်ကျွမ်း

ရာတွင် အလွန်ပူသည့် မီးတောက်ကို ဖြစ်စေသည်။ ထိုနည်း

အတူ လူများ စားသောက်လိုက်ကြသည့် ထောပတ်နှင့် ဆီများ

သည်လည်း လူ၏ ကိုယ်အတွင်းသို့ ရောက်သွားသောအခါတွင်

အပူကယ်လိုရီ မြောက်မြားစွာကို ဖြစ်စေသည်။ အစားအစာ

များတွင် အဆီများသည် အပူကို အများဆုံး ဖြစ်စေသည့်

အစာများပင် ဖြစ်သည်။ ဆီကို အသားနှင့် ဟင်းသီး ဟင်းရွက်

များမှ ရနိုင်သည်။ ထောပတ်၊ မလိုင်၊ ဝက်ဆီများသည်

အသားများမှရသည့် အဆီများ ဖြစ်ကြ၍ သံလွင်ဆီနှင့် ကိုကိုး

ထောပတ်များသည် ဟင်းသီးဟင်းရွက်များမှရသည့် အဆီများ

ဖြစ်ကြသည်။

လူများသည် အဆီများကို အပူနှင့် စွမ်းအင်အတွက်

လက်ငင်းလိုသည်ထက်ပို၍ စားလိုက်သောအခါ ပိုသည့် အဆီ

များသည် ကိုယ်တွင်း၌ အဆီအဖြစ်ဖြင့် အရေပြား အောက်တွင်

သိုလှောင်၍ ရှိကြသည်။ အစား အစာများ မစားသောက်ကြ

ရသည့်အခါများတွင် ထိုအဆီများ သိုလှောင် ရှိနေခြင်းကြောင့်

အသက်ရှင်၍ နေနိုင်ကြသည်။ ရှေးခေတ်လူများသည် အစား

အစာများကို အချိန်မှန်မှန် မစားခဲ့ကြရချေ။ အစားအစာ

ပေါများသည့်အခါ ဖောဖောစားကြရ၍ ရှာဖွေမရသည့်အခါ

အငတ်ခံနေခဲ့ကြရလေသည်။ မည်သို့ပင် အကြိမ်ကြိမ် အစာ

ငတ်နေရငြားလည်း မသေပဲ အသက်ရှင်လျက် ရှိနေ နိုင်ခြင်း

အကြောင်းမှာ ဖောဖော စားရသည့်အခါ ကိုယ်တွင်း၌

စုဆောင်း သိုမှီးထားသော အဆီများကြောင့် ဖြစ်သည်။

ကာဗိုဟိုက်ဒရိတ်များ ဖြစ်ကြသည့် သကြားနှင့် ကစီများ

သည်လည်း အပူကို ဖြစ်စေသော အစာများ ဖြစ်ကြသည်။

ကြွက်သားများ လှုပ်ရှားမှုအတွက် သကြားသည် အဆီထက်ပို၍

အပူဓာတ်ပေးနိုင်သည်။ သို့ရာတွင် ကာဗိုဟိုက်ဒရိတ် တစ်ပေါင်

လျှင် အပူကယ်လိုရီပေါင်း ၁Ý၈၂ဝ မျှသာ ပါဝင်၍ အဆီတစ်

ပေါင်လျှင် အပူကယ်လီရီပေါင်း ၄Ýဝ၈ဝ မျှ ပါဝင်လေသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ကာဗိုဟိုက်ဒရိတ်များတွင် ပါရှိသည့်

အပူဓာတ်သည် အဆီတွင် ပါရှိသည့် အပူဓာတ် တစ်ဝက်

အောက်ပင် နည်းသေးသည်။ ကျွန်ုပ်တို့ ခန္ဓာကိုယ်သည်

သကြားနှင့် ကစီတို့ကို လက်ခံနိုင်သလောက် အဆီကို

လက်မခံနိုင်ကြောင်း သတိမူအပ်ပေသည်။ ကာဗိုဟိုက်ဒရိတ်

များတွင် ပေါင်မုံ့၊ အာလူး၊ အသီးအနှံနှင့် ဟင်းရွက်ဟင်းသီး

များ ပါဝင်သည်။

ပရိုတင်းဓာတ်များဖြစ်သော ဥနှင့် အဆီနည်းပါးသည့်

အသားတို့သည် ခန္ဓာကိုယ်တွင် အပူဓာတ်များကို ပေးပြီးလျှင်

အထူးသဖြင့် ခန္ဓာကိုယ်၏ တစ်ရှူးများကို ချို့ယွင်းနေက

ပြုပြင်ပေး၍ အားနည်းနေက ဖြည့်တင်းပေးသည်။ ခန္ဓာကိုယ်

ကြီးထွား သန်မာလာစေရန် ပရိုတင်းဓာတ်ပါသော အစာများကို

အစဉ် စားပေးနိုင်ရန် လိုလေသည်။ ကြွက်သားများ ကြီးထွား

စေလိုလျှင် ပရိုတင်းဓာတ်ပါသည့် အစားများကို စာပေးရပေ

မည်။ ဤသို့ မစားလျှင် ကြွက်သားများ ကြီးထွားလာနိုင်မည်

မဟုတ်ချေ။ ကြီးထွားပြန်လျှင်လည်း သန်မာမည် မဟုတ်ချေ။

ပရိုတင်းဓာတ်များကို အသားများနှင့် ဟင်းရွက်ဟင်းသီးများမှ

ရနိုင်သော်လည်း အာဟာရဓာတ် ပါဝင်ရာ၌ အတိုင်းအဆ

အားဖြင့် တစ်မျိုးနှင့်တစ်မျိုး မတူကြချေ။ အသားများတွင်

ပရိုတင်းဓာတ် ရာခိုင်နှုန်း အများဆုံး ပါဝင်၏။ နွားနို့၊ ဥ၊

ငါး၊ ခရု၊ ကမာနှင့် ကျောက်ပုဇွန်ထုပ် ကဲ့သို့သော အခွံရှိသည့်

ရေသတ္တဝါများ၊ ဒိန်ခဲ၊ ခွံမာသီး၊ ပဲတောင့်၊ စားတော်ပဲနှင့်

ကောက်နှံများတွင်လည်း ပရိုတင်းဓာတ် အမြောက်အမြား

ပါဝင်သည်။

လူများ နေ့စဉ် မှီဝဲစားသောက်လျက်ရှိသော အစာများတွင်

သတ္တုဓာတ် အမြောက်အမြား ပါဝင်လျက်ရှိ သောကြောင့် ခန္ဓာ

ကိုယ်တွင် လိုနေသည့် သတ္တုဓာတ်များကို စားသည့် အစားများ

ရနိုင်လေသည်။ သို့ရာတွင် အရေးကြီးသည့် သတ္တုဓာတ်နှစ်မျိုး

သည် အစာတိုင်း၌ မပါတတ်သဖြင့် ထိုသတ္တုဓာတ်မျိုးပါစေရန်

ဂရုပြုသင့်ပေသည်။ ထိုနှစ်မျိုးအနက် တစ်မျိုးမှာ ကယ်လဆီ

ယမ်ခေါ် ထုံးဓာတ်ဖြစ်၍ ထိုဓာတ်လိုသလောက်မရလျှင် အရိုး

များ သေးသိမ် ချည့်နဲပြီးလျှင် အချိုးအစားပင်မကျ ဖြစ်တတ်

ချေသည်။ သွားများလည်းမကောင်း ဖြစ်တတ်သည့်ပြင် သွေး

အားလည်း နည်းတတ်သည်။ ထိုကယ်လဆီယမ်ဓာတ်ကို နို့မှ

အကောင်းဆုံး ရရှိနိုင်သည်။ ကလေးတစ်ယောက်သည် တစ်နေ့

လျှင် ၅ဝ ဝင် တစ်ပုလင်းမျှသာ နို့ကို စားသုံးပေးရန် လိုအပ်

၏။ လူကြီးများသည် အခြားသောအစာများ၏ အာဟာရဓာတ်

ကို ကြည့်၍ တစ်နေ့လျှင် နို့အစိတ်သားခန့်အထိ လိုမည်ဖြစ်

သည်။

အခြားသော အစာများထက် ဥ၏ အနှစ်နှင့် ဒိန်ခဲများတွင်

ကယ်လဆီယမ်ဓာတ်ပို၍ ပါဝင်သည်။ အချို့သော ဟင်းရွက်

ဟင်းသီးများတွင် ကယ်လဆီယမ်ဓာတ် အနည်းငယ်ပါ၍

အသားများတွင် ကယ်လဆီယမ်ဓာတ် နည်းလှ၏။ ထိုကြောင့်

မာသောအရိုးများနှင့် ခိုင်သော သွားများ ရရှိနိုင်စေရန် နို့ပါ

သော အစားအစာ များကို စားအပ်လှပေသည်။

သံဓာတ်သည်လည်း ကြီးထွားသန်မာ၍ ကျန်းမာလာစေရန်

အရေးကြီးသည့် သတ္တုဓာတ်တစ်ခုဖြစ်သည်။ သံဓာတ်နည်းလျှင်

သွေးအားလည်း နည်းသဖြင့် အားအင်မရှိသောကြောင့် ခန္ဓာ

ကိုယ်တစ်ခုလုံးသို့ လိုအပ် သော အောက်ဆီဂျင်ဓာတ်ကို ပို့

ဆောင်ခြင်းငှာ စွမ်းနိုင်မည် မဟုတ်ချေ။ ထိုအခါ သွေးအား

လျော့သည့် ရောဂါဖြစ် ပေါ်လာနိုင်ပြီးလျှင် အင်အားယုတ်လျော့

သွားတတ်သည်။ အသည်းများ၊ ဥအနှစ်များ၊ ယိုများ၊ ဂျုံများ၊

စားတော်ပဲ၊ သင်္ဘောသီးများနှင့် အချို့သော ဟင်းရွက်ဟင်းသီး

များတွင် သံဓာတ်များ ပါဝင်သည်။ အဆီနည်းပါးသော အသား

သည်လည်း သွေးများကို မဆေးကြောလိုက်လျှင် သံဓာတ်အများ

ဆုံး ရနိုင်သော အစာဖြစ်သည်။ သို့ရာတွင် အစားအစာများ

တွင်ရှိသော သံဓာတ်အားလုံးကို တင်းပြည့်ကျပ်ပြည့် မရနိုင်

ချေ။ ဟင်းရွက် ဟင်းသီးများမှ ရာခိုင်နှုန်း ၂၅၊ အသည်းမှ

ရာခိုင်နှုန်း ၆ဝ၊ အမဲသားမှ ရာခိုင်နှုန်း ၅ဝ မျှသာ အသီးသီး

ရရှိနိုင်လေသည်။ သွေးအား ပိုမိုကောင်းလာစေရန် သံဓာတ်သာ

လျှင် လိုသည်မဟုတ် ကြေးနီ ဓာတ်ကိုလည်း လိုပေသည်။

နေ့စဉ် စားသုံးနေကြသော အချို့အစားများတွင် ဖော့စဖော

ရပ်နှင့် အိုင်အိုဒင်းဓာတ်များ လိုနေသည်ကို တွေ့ကြရလေသည်။

သို့ရာတွင် ပရိုတင်းဓာတ်သာ လုံလောက်စွာ ရနိုင်မည်ဆိုလျှင်

ဖော့စဖောရပ်ဓာတ် မရနိုင်သော်လည်း မစိုးရိမ်ရတော့ချေ။

အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်ပါသော အစာများတွင်

ဖော့စဖော့ရပ်ဓာတ်လည်း ပါဝင်သောကြောင့် ဖြစ်၏။ ကယ်လီ

ဆီယမ်ဓာတ်ကဲ့သို့ပင် ဖော့စဖောရပ်ဓာတ်သည် အရိုးနှင့် သွား

များအတွက် လိုအပ်သောဓာတ် ဖြစ်သည်။ ထိုဓာတ်သည် နဗ်

ကြော တစ်ရှူးများတွင်လည်း ပါဝင်သော ဓာတ်ဖြစ်၏။

အိုင်အိုဒင်းနှင့် အိုင်အိုဒင်းဒြဗ်ပေါင်းများသည် လည်ပင်းကြီး

နာအတွက် လိုအပ်သောဓာတ်များ ဖြစ်၏။ လည်မျိုနောက်

ဘက်တွင်ရှိသော သိုင်းရွိုက်ဂလင်းခေါ် အကျိတ်တွင် အိုင်အို

ဒင်း ဓာတ်ပါသော သိုင်ရော့ဆင်းရည်ထွက်လျက် ရှိ၏။

အိုင်အိုဒင်းဓာတ်နည်း၍ မရှိသလောက် ဖြစ်သောအခါတွင်

သိုင်းရွိုက် ဂလင်းသည် ကြီးလာ၍ နောက်ဆုံးတွင် လည်းပင်း

ကြီးနာ ဖြစ်လာတတ်သည်။ ပင်လယ်နှင့်ဝေးသော ဒေသများရှိ

ရေမြေတို့တွင် အိုင်အိုဒင်းဓာတ် မရှိသောကြောင့် ထိုဒေသတွင်

နေထိုင်သောလူများသည် ပင်လယ်ငါးများနှင့် အိုင်အိုဒင်းဓာတ်

ပါသော ဆားများကို သုံးဆောင်ရန် လိုပေသည်။ စားသောက်

သော အစားအစာများတွင် အိုင်အိုဒင်းဓာတ် ချို့တဲ့မှုကြောင့်

မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်္ဂလန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ၊

အမေရိကန်နိုင်ငံရှိ အချို့သောဒေသတို့၌ နေထိုင်ကြသူများသည်

လည်ပင်းကြီးရောဂါ စွဲကပ် တတ်ကြသည်ကို တွေ့ကြရသည်။

ကိုယ်ခန္ဓာထဲတွင် အစားအစာများမှ စွမ်းအင်များအဖြစ်သို့

ပြောင်းလဲပေးနိုင်သည့် အာဟာရဓာတ်ပစ္စည်း များကို ဗီတာမင်

ဟု ခေါ်သည်။ ထိုဗီတာမင်များကို အေ၊ ဘီ၊ စီ၊ ဒီ၊ အက်(ဖ)၊ ဂျီ ဟူသော အမည်များဖြင့် ခွဲခြားထားသည်။

အပူဓာတ်နှင့် သွေးသားဖြစ်စေသည့် အစားအစာများကို သုံးဆောင် စားသောက်ပါသော်လည်း ဗီတာမင်ဓာတ်များ မပါဝင်ပါက ခန္ဓာကိုယ်သည် ကျေနပ်လောက်သော အာဟာရ ဓာတ်များကို မရရှိနိုင်ချေ။ ယခု စစ်ပြီးခေတ်တွင် ဗီတာမင်ဓာတ်များ အမြောက်အမြား ပေါ်ထွက်လျက်ရှိရာ ရောဂါအမျိုးမျိုးအတွက် အထူးပင် အထောက်အပံ့ရလေသည်။ ထို့ပြင် မည်သည့် အစာများတွင် ဗီတာမင်ဓာတ် အမြောက်

အများပါ၍ ထိုပစ္စည်းများ လိုသလောက်မရခဲ့လျှင် မည်ကဲ့သို့ ဖြစ်တတ်ကြောင်းကို ယခုအခါ ကောင်းစွာ သိကြလေပြီ။ အချို့လူများတွင် အမည်မမှည့်နိုင်သော ရောဂါများ ဖြစ်တတ်ကြခြင်းမှာလည်း ထိုဗီတာမင်ဓာတ်များ လိုနေခြင်းကြောင့်ပင် ဖြစ်သည်။ မောပန်းခြင်း၊ အင်အား ချည့်နဲ့ခြင်းနှင့် မကြာမကြာ အအေးမိတတ်ခြင်းများ သည်လည်း ထိုလိုအပ်သော ဗီတာမင်ဓာတ်များ နည်းပါးမှုကြောင့်ပင် ဖြစ်သည်။ များစွာသော ဟင်းရွက် ဟင်းသီးတို့တွင် ကြမ်းသော အစာများ ပါရှိ၏။ ထိုကြမ်းသော အစာများကို နေ့စဉ်စားသောက်ကြသည့် အစားအစာများတွင် ထည့်၍ စားသောက်သင့်ကြသည်။ ထို

အစာများသည် အစာချေ အင်္ဂါစုကို အားပေးနိုင်ကြသည်။ သစ်ရွက်စိမ်း၊ သစ်သီးစိမ်းများကို အစာကြမ်းများအဖြစ်ဖြင့် စားမည်ဆိုလျှင် သတ္တုဓာတ်ကိုလည်း ရနိုင်လေသည်။ လူများ စားသောက်လျက် ရှိကြသည့် အစာများတွင် ရေပါဝင်ပြီးဖြစ်သော်လည်း တစ်နေ့လျှင် ခြောက်ခွက်မျှသောရေကို သောက်ရန်လိုကြသေးသည်။ သို့မှသာလျှင် ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် လိုအပ်သည့် ကိစ္စများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ အမှန်မှာ လူတစ်ယောက်၏ အလေးချိန် သုံးပုံနှစ်ပုံသည် ရေသာလျှင် ဖြစ်၏။ အသက်ရှူရှိုက်ရာ၌ ရေပါဝင်သည်။ ချွေးသည် ရေပင်ဖြစ်သည်။ ကျင်ကြီး ကျင်ငယ်တွင်လည်း ရေပါဝင်သည်။ မျှတလုံလောက်သော အစာများကိုသာလျှင် အချိုးကျမှန်မှန် ငယ်ရွယ်စဉ်မှ ကြီးသည့်တိုင်အောင် စားသောက်သွားနိုင်မည်ဆိုလျှင် လူသည် ကျန်းမာသန်စွမ်းနိုင်မည် ဖြစ်ပြီးလျှင် အကြံသစ် ဉာဏ်သစ်များကိုလည်း တီထွင်နိုင်မည် ဖြစ်လေသည်။ ယခုအခါတွင် ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်လျက်ရှိပြီဖြစ်သဖြင့် လိုအပ်သည့် အာဟာရဓာတ်များကို လွယ်ကူစွာနှင့်ပင် ရနိုင်ကြပေပြီ။

ကာဗိုဟိုက်ဒရိတ်များ ပါဝင်သော ပရိုတင်းဓာတ် အစာများမှာ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဥများ၊ ဆာမန်ငါးများ၊ ဟဲရင်းငါးများ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်များဖြစ်သည့် ပရိုးတင်ဓာတ်ပါသော အစာများမှာ နို့၊ ဒိန်ခဲ၊ စားတော်ပဲ၊ ပဲတောင့်များ ဖြစ်ကြသည်။ ကာဗိုဟိုက်ဒရိတ်ပါသည့် အစာများမှာ ပေါင်မုံ့ (အညိုက အဖြူထက်ပို၍ကောင်းသည်။) ဆန်(ထမင်း)၊ ယို၊ သကြား၊ အာလူး၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီးများ ဖြစ်ကြသည်။ အဆီပါသော အစာများမှာ ထောပတ်၊ မလိုင်၊ ဒိန်ခဲ၊ ဝက် ဆီ၊ ဝက်သားများ ဖြစ်ကြသည်။ သတ္တုဓာတ်နှင့် ဗီတာမင်ဓာတ်များပါသော အစာများမှာ စားတော်ပဲ၊ ပဲတောင့်၊ ဂေါ်ဖီထုပ်၊ မုန်လာဥဝါမျိုး၊ မှိုများ၊ လိမ်မော်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး(ထောပတ်)၊ ဆီးသီး၊ ခရမ်းချဉ်သီးများ ဖြစ်ကြသည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.