ကြေးခေတ်

ကြေးခေတ်ဆိုသည်မှာ ကြေးနီသံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။[၁] ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။

ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်
Sword bronze age (2nd version)
အခမ်းအနားများတွင် အသုံးပြုသည့်ဓားတို၊ ပလိုဂရက်ကင့်၊ ပြင်သစ် 1500–1300 BC၊

မူလအစ

ကြေးဝါအား တီထွင်ခဲ့သည့် နေရာဒေသနှင့် အချိန်ကာလ အပိုင်းအခြားနှင့် စပ်လျဉ်း၍ အငြင်းပွားစရာများ ရှိနေသေးသည်။ ကြေးဝါသွန်းလုပ်ခြင်းကို ဘီစီ ၄၀၀၀ ခုနှစ် အလယ်ပိုင်းခန့် မြောက် ကော့ကေးရှပ်ဒေသရှိ မေကို့ပ်ယဉ်ကျေးမှုက စတင်ဖန်တီးခဲ့နိုင်ခြေ ရှိသည်။ အချို့ကမူ ဘီစီ ၃၀၀၀ ခုနှစ် အလယ်ပိုင်းခန့်တွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။ သို့သော်လည်း မေကို့ပ်ယဉ်ကျေးမှုတွင် သဘာဝအလျောက်တွေ့ရသည့် အာဆင်းနစ်ကြေးထည်များကိုသာ အသုံးပြုကြသည်။ နောက်ပိုင်းတွင် တွေ့ရသည့် သံဖြူစပ် ကြေးဝါများသည် နည်းပညာအရ ပိုမိုရှုပ်ထွေးသည်။ ယေဘုယျအားဖြင့် ကြေးခေတ်သည် လေးလံသည့် သတ္တုများကို စတင်အသုံးပြုသည့် ခေတ်ကာလဟု ဆိုနိုင်သည်။

နောက်ပိုင်းတွင် သံထည်အသုံးပြုမှု ကျယ်ပျံ့လာကာ ကြေးခေတ်ကုန်ဆုံး၍ သံခေတ် စတင်လာတော့သည်။

ကိုးကား

  1. လှသမိန် ၏ ဗဟုသုတစွယ်စုံ
ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ကြက်သွန်နီ

ကြက်သွန်နီသည် အော်လီယံ (Allium) မျိုးရင်းတွင် ပါဝင်သော အော်လီယံဆက်ဖါ(Allium cepa) မျိုးစိတ် ဖြစ်သည်။ မြေပေါ်တွင် ထောင်မတ်နေသော အညှောက်(vertical shoot) ပါရှိသည်။ ၎င်းသည် ကြက်သွန်ဖြူနှင့် မျိုးစိတ်ချင်းနီးစပ်သည်။ အလယ်ပိုင်း အာရှဒေသတွင် ကြက်သွန်နီအရိုင်းများ ပေါက်ရောက်သည်။ ကြက်သွန်နီကလေး ကို သီးသန့်မျိုးစိတ် အဖြစ် သတ်မှတ်လေ့ ရှိသည်။

စိန်ဖြူ

စိန်ဖြူ (စိန်သတ္တုဟူ၍ မြန်မာ့စွယ်စုံကျမ်းအတွဲ-၄တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။)အား အင်္ဂလိပ်ဘာသာဖြင့် အာဆင်းနစ်(Arsenic) ဟု ခေါ်ဆိုကြသည်။ ဓာတုဗေဒသင်္ကေတမှာ As ဖြစ်သည်။ အဝါ၊ အနက်၊ မီးခိုးဟူသော သုံးမျိုးစပ်အရောင်ဖြစ်ပြီး ငွေရောင်သမ်းနေသော ကြွပ်ဆတ်သည့် ပုံဆောင်ခဲအနေဖြင့် တွေ့ရပါသည်။ သံမဏိရောင် ခပ်မွဲမွဲရှိ၍ သတ္တုကဲ့သို့ပြောင် လက်သော အခဲဖြစ်၏။ ခနောက်စိမ်းနှင့် ကြွပ်တို့ကဲ့သို့ပင် သတ္တုဟုလည်း မဆိုနိုင်၊ သတ္တုမဟုတ်ဟူ၍လည်း မဆိုနိုင်သော ကြားသတ္တုဒြဗ်စင်ဖြစ်၏။ သို့သော် သတ္တုမဟုတ်သော ဖော့စဖောရစ်နှင့် ပို၍နီးစပ်၏။ အာဆင်းနစ်ကို သယံဇာတအဖြစ်ဖြင့် ၎င်း၊ အထူးသဖြင့် ကန့်နှင့် ရောစပ်၍ တွေ့နေကျသတ္တုရိုင်းများ တွင်၎င်း တွေ့ရ၏။ အခြား ဒြပ်စင်များနှင့်လည်း အလွယ်တကူ ဓာတ်ပြုနိုင်ပါသည်။ အပူပေးသောအခါ အလွယ်တကူ ကြက်သွန်နံ့ရသော အာဆင်းနစ် ထွိုင်အောက်ဆိုဒ်(arsenic trioxide) အဖြစ်သို့ ပြောင်းလဲသွားပါသည်။ non metallic form ဓာတ်ပြုအား အလွန် နည်းသော်လည်း ပြင်းအားကောင်းသည့် အက်ဆစ်များ ထဲတွင် ပျော်ဝင်နိုင်ပါသည်။

တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း

ဘာသာရေးဆိုင်ရာ ပညာရပ်တွင် တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း (ဂရိ (μόνος )မှလာသည် “တစ်ခုတည်း” - နှင့် (θεός) “ဘုရား” )သည် ဘုရားတစ်ဆူတည်းသာ ရှိသည်ဟူသော ယုံကြည်မှုဖြစ်သည်။ “တစ်ဆူတည်းသောဘုရားကိုကိုးကွယ်ခြင်း” ၏သဘောသဘာဝသည် ဂျူးအယူဝါဒ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်နှင့် ဒရုတ်ကဲ့သို့သောအေဗရာဟင်၏ဘာသာရေးများတွင်ရှိသည့် ဘုရား ၏ သဘောသဘာဝများ လွှမ်းမိုးနေသယောင်ဖြစ်သည်။

တရုတ်စာ

တရုတ်စာသည် အရုပ်စာရေးသားနည်းမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့ကြောင့်အသံတစ်သံလျှင် အက္ခရာတစ်လုံးစီဖြင့် အက္ခရာအလွန်များပြားသည်။ တရုတ်အက္ခရာပေါင်း ၆၀၀၀၀၀ခန့် ရှိမည်ဟုခန့်မှန်းကြသည်။ နေစဉ်သုံးအက္ခရာများမှာ အလုံးရေ ၆၀၀၀ ခန့်ရှိသည် ။ အက္ခရာများပြားလှသည့်အတွက် အသံထွက်မသိက အဘိဓာန်တွင် ရှာဖွေနိုင်ရန် စာလုံးဆွဲငင်ပုံနှင့် ဆွဲငင်သည့် အဆင့်အရေအတွက်အလိုက် ရှာဖွေသည့်စနစ်ကို တီထွင်ထားရသည်။

တရုတ်အက္ခရာပေါ်ထွန်းလာသည်မှာ အလွန်ရှေးကျသည်။ တရုတ်ကြေးခေတ် ဘီစီ ၁၄ မှ ၁၁ ရာစုနှစ်ကြား ရေးထွင်းခဲ့သည့် လိပ်ခွံနှင့် တိရစ္ဆာန်အရိုးပေါ်မှ အရုပ်ပုံသင်္ကေတများမှာ ရှေးအကျဆုံး တရုတ်စာများဟု ယူဆကြသည်။ မူလစာလုံးများသည် ရေးနည်းအဆင့် များပြားခြင်းကြောင့် မှတ်သားရခက်ခဲခြင်း၊ ရေးသားရန် အချိန်ကြာခြင်းတို့ကြောင့် ခေတ်အဆက်ဆက် ပြင်ဆင်ဆန်းသစ်ခဲ့ကြသည်။ ရှီဟွမ်တီဘုရင်လက်ထက်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာပြီးနောက်တွင်လည်း ပြင်ဆင်ခဲ့သည်။ ရေးနည်းအဆင့်များလျှော့ချခဲ့သည်။ သို့ရာတွင်ထိုင်ဝမ်နိုင်ငံတွင် လက်ရေးရှည်ဟုခေါ်သော ရှေးဟောင်းရေးသည်နည်းစနစ်ကိုအသုံးပြုပြီး တရုတ်ပြည်မကြီးတွင် လက်ရေးတိုဟုခေါ်သော ဆန်းသစ်ထားသည့်စာရေးနည်းစနစ်ကိုအသုံးပြုသည်။

ကိုးရီးယား၊ ဂျပန်စသည့်လူမျိုးများသည် တရုတ်စာပေါ်မူတည်၍ မိမိတို့စာပေအရေးအသာကို တီထွင်ခဲ့ကြသည်။ ကိုရီးယားတွင် ‘ဟန်ဂျ’ ဟု အသံထွက်ကာ ဂျပန်တွင် ‘ခန်းဂျိ’ ဟု အသံထွက်သည်။ ဂျပန်နိုင်ငံတွင် ခန်းဂျိကို ဆက်လက်အသုံးပြုနေသော်လည်း ကိုးရီးယားတွင်မူ ဂျပန်ကိုလိုနီ အုပ်ချုပ်ရေး လက်အောက်မှ လွတ်မြောက်လာပြီးနောက် လူမျိုးရေး စိတ်ဓာတ်ကြောင့် တရုတ်စာ ‘ဟန်ဂျ’ကို ဖီဆန်လာကြသည်။ လက်ရှိတွင် လူ၊ ကုမ္ပဏီတို့၏ အမည်နာမ၊ ယဉ်ကျေးမှု ပွဲလမ်းသဘင်များမှလွဲ၍ မတွေ့ရသလောက် ဖြစ်သည်။ တောင်ကိုးရီးယားမြို့တော် ဆိုးလ်၏ တရုတ်စာလုံးကိုလည်း ၂၀၀၅ ခုနှစ်တွင် ‘ဟန့်ချန်’ (漢城) မှ ကိုးရီးယား အသံထွက်ဖြစ်သည့် ‘ဆိုအော်’ (首爾) ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ဟန့်ချန်ဆိုသည့် တရုတ်စာလုံးအနက် ‘ဟန့်’ သည် တရုတ်၊ ‘ချန်’ သည် မြို့၊ တရုတ်မြို့ဟု အဓိပ္ပာယ်ရသည်။ ဗီယက်နမ်နိုင်ငံတွင် ပြင်သစ်ကိုလိုနီခေတ် မတိုင်မှီခေတ်တွင်လည်း တရုတ်စာကို တရားဝင် စာပေများ ရေးသားရာတွင် အသုံးပြုခဲ့ဖူးပြီး ဟန်တွီဟု ခေါ်သည်။ ဗီယက်နမ် လွတ်လပ်ရေးရပြီးနောက်တွင်မူ တရုတ်စာ သုံးစွဲမှု တိမ်ကောပပျောက် သွားသည်။ ပညာရှင်အနည်းငယ်သာ ဆက်လက်လေ့လာ သင်ယူလျက်ရှိပြီး နှစ်သစ်ကူးကဲ့သို့သော ထူးခြားသည့်အခမ်းအနားများ၊ နေ့ထူးနေ့မြတ်များတွင်သာ ရေးသားတော့သည်။

တရုတ်စာ၏ထူးခြားချက်မှာ အပေါ်မှအောက်၊ ဝဲမှယာ၊ ယာမှဝဲ ကြိုက်သလိုရေးလေ့ရှိခြင်းဖြစ်သည်။ အချို့ရှေးဟောင်းလက်ရေးမူစာအုပ်များတွင် စာကိုနောက်ကျောဖက်မှ ရှေ့ဖက်သို့ ပြောင်းပြန်ရေးသည်ကိုလည်း တွေ့ရတတ်သည်။ ဒေါင်လိုက်ရေးထားသော လက်ရေးမူများကိုလည်းတွေ့နိုင်သည်။ တရုတ်ရှေးဟောင်းခေတ် နောက်ခံဇာတ်ကားများတွင် ဆိုင်းဘုတ်အမည်များကို ယာဖက်မှဝဲဖက်သို့ ပြောင်းပြန်ရေးထားသည်ကိုလည်း တွေ့မြင့်နိုင်သည်။ ယခုခေတ်တွင် ထိုသို့မရေးကြတောပါ။ နိုင်ငံတကာရေးသည့်အတိုင်း ဝဲမှယာသို့ရေးကြသည်။ တရုတ်စာကို စာလုံးအလှရေးပြီး ပန်းချီကားကဲ့သို့ အမြတ်တနိုး ချိတ်ဆွဲထားကြသည်ကိုလည်း တရုတ်အိမ်များတွင် တွေ့မြင်နိုင်သည်။ တရုတ်လူမျိုးစုများသည် ဘာသာစကားအားဖြင့်အနည်းငယ်စီကွဲပြားသော်လည်း စာအရေးအသားမှာမူ အတူတူဖြစ်သည်။

ထရွိုင်းမြို့

အာရှမိုင်းနား၏ အနောက်မြောက်ကမ်းခြေအနီးတွင် အစ်လီ

ယမ်မြို့ပျက်ကြီးကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ ယင်း

အစ်လီယမ်မြို့ပျက်ကြီးကို ထရွိုင်းမြို့ဟု ခေါ်ခဲ့ကြသည်။ ယခုမူ

ထိုမြို့ကြီးကို ထရုတ်ဟု ခေါ်သည်။

မကြာမီက မြို့ဟောင်းနေရာကို တူးဖော်ကြည့်ရှုသည့်အခါ၊

ခိုင်ခံ့သော တံတိုင်းကြီးများ၊ မျှော်စင်ကြီးများ၊ တိုင်အကျိုး

အပဲ့များကို တွေ့ရသဖြင့် ထိုမြို့တော်ကြီးသည် တခေတ်က ကြီး

ကျယ်စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ကြောင်း ခန့်မှန်းရ

လေသည်။ ယင်းမြို့ဟောင်း၏ တည်ရာအရပ်မှာ အီးဂျီးယန်း

ပင်လယ်နှင့် ဆက်စပ်နေသည့် ဟဲလစပွန့်(ဝါ) ဒါးဒနယ် ရေ

လက်ကြားအနီးဖြစ်သည်။

ထရွိုင်းမြို့၏ အရှေ့တောင်ဘက်တွင် နတ်မင်းကြီးဇု စံမြန်း

ရာ ဘုံဗိမာန်ရှိသော အိုင်ဒါတောင်ကို တွေ့မြင်နိုင်သည်ဟု

ကမ္ဘာကျော် ဂရိလူမျိုး ကဗျာစာဆိုကြီး ဟိုးမားက သူ၏အစ်လ

ယက်အမည်ရှိ လင်္ကာကြီးတွင် ရေးသားခဲ့၏။ နတ်မင်းကြီးဇု

သည် အိုင်ဒါတောင်ထိပ်ပေါ်ရှိ နတ်နန်းထက်မှ ဂရိနှင့် ထရွိုင်း

လူမျိုးတို့ တိုက်ခိုက်သောစစ်ပွဲကို ရှုစားခဲ့သည်ဟု ဆိုလေသည်။

ထိုစစ်ပွဲကို ထရိုဂျန်စစ်ပွဲဟုခေါ်သည်။

ပင်လယ်ကမ်းခြေနှင့် တောင်တန်းများအကြားတွင် ပေ ၁ဝဝ

ခန့်မြင့်သော ကုန်းတန်းရှည်ကြီးတစ်ခုရှိ သည်။ ဂရိသမိုင်းအရ

ထိုကုန်းတန်း၏အောက်၌ ထရွိုင်းမြို့တော်ကြီးသည် နှစ်ပေါင်း

များစွာ နစ်မြုပ်နေခဲ့သည်။ ၁၈၇၁ ခုနှစ်နှင့် ၁၈၉ဝ ပြည့်နှစ်

များတွင် အဆိုပါကုန်းတန်းကို တူးဖော်ကြရာ၊ ထရိုဂျန်စစ်ပွဲ

ဖြစ်ပွားသည့်အရပ်ဖြစ်ကြောင်း အထောက်အထားများကို တွေ့ရ

လေသည်။

ဘီစီ ၂၅ဝဝ ပြည့်နှစ်ခန့်က ထရွိုင်းမြို့သည် ရွာသိမ်ရွာငယ်

တစ်ခုမျှသာ ဖြစ်သော်လည်း၊ တစ်စတစ်စ စည်ကားတိုးတက်

လာခဲ့သဖြင့်၊ နောက်ဆုံးတွင် အီးဂျီးယန်းယဉ်ကျေးမှု၏ အချက်

အခြာဒေသ ဖြစ်လာခဲ့၏။ ယခုဖော်ပြပါ ထရွိုင်းမြို့ပုံပြင်မှာ

ဆဋ္ဌမမြောက် ထရွိုင်းမြို့တော်၏ သမိုင်းဖြစ်သည်။ ယင်းဆဋ္ဌမ

မြောက် ထရွိုင်းမြို့တော်သည် ဘီစီ ၁၂ ရာစု သို့မဟုတ် ဘီစီ

၁၃ ရာစုတွင် ပျက်စီးခဲ့လေသည်။

ထရွိုင်းမြို့တော်ကြီး ပျက်စီးရသည့်အကြောင်းရင်းမှာ ရှေး

နှစ်ပေါင်း ၃ဝဝဝ ကျော်လောက်က ဂရိနှင့် ထရိုဂျန်လူမျိုးတို့

စစ်မက်ဖြစ်ပွားခဲ့သောကြောင့်ပင်တည်း။ တစ်ဖန် စစ်ဖြစ်ပွားရ

သည့်ရသည့်အကြောင်းမှာလည်း ထရွိုင်းမြို့တော်ကို စိုးစံသော

ပရိုင်းယမ်ဘုရင်၏သား ပဲရစ်သည် စပါးတားမြို့ကို စိုးစံသော

မင်နီလေးအပ် ဘုရင်၏ မိဖုရားဟယ်လင်ကို ထရွိုင်းမြို့

သို့ ဆောင်ကြဉ်းကာ ခိုးယူပေါင်းသင်းသောကြောင့်ဖြစ်သည်။

ယင်းသို့ ထရိုဂျန်လူမျိုးတို့၏ စော်ကားရန်စခြင်းကို ခံလိုက်ရ

သော ဂရိလူမျိုးတို့သည် ၁ဝ နှစ်တာကာလပတ်လုံး အင်အားစု

ရုံးပြီးလျှင်၊ မိုင်စီးနီးဘုရင် အက်ဂါမံနွန်ကို ခေါင်းဆောင်အဖြစ်

တင်မြေ|ာက်၍၊ ထရိုဂျန်တို့အား လက်စားချေရန် ထရွိုင်းမြို့သို့

ချီတက်ခဲ့ကြသည်။ ဂရိတို့သည် ထရွိုင်းမြို့ကို ၁ဝ နှစ်ကြာမျှ

ခဲယဉ်း ပင်ပန်းစွာ ဝိုင်းဝန်းလုပ်ကြံပြီး၍၊ နောက်ဆုံးတွင်

ဥပါယ်တံမျဉ်ဖြင့် အောင်နိုင်ခဲ့ကြ၏။

ဂရိတို့၏ ဥပါယ်တံမျဉ်ကား သစ်သားဖြင့် ပြုလုပ်သော

မြင်းရုပ်ကြီး၏အတွင်း၌ စစ်သည်တော်များ ဝင်ရောက်ပုန်း

အောင်း၍ နေစေကာ၊ ထိုမြင်းရုပ်ကြီးကို ထရွိုင်းမြို့၏ မြို့ရိုး

ပြင်ဘက်တွင် စွန့်ပစ်ထားခဲ့ဟန်ပြုလျက်၊ ကျန်စစ်သည်တော်

အပေါင်းလည်း သင်္ဘောများစီးကာ ထွက်ခွာသွားဟန်ပြုခဲ့ကြ

သည်။ ထိုအခါ ထရိုဂျန်တို့သည် ဂရိများ ပြည်တော်ပြန်ကြပြီ

အထင်ဖြင့် မြို့ပြင်ရှိမြင်းရုပ်ကြီးကို မြို့တွင်းသို့ ဝမ်းပန်းတသာ

သွင်း ယူခဲ့ကြလေသည်။ ညဉ့်အချိန်ရောက်သော် မြင်းရုပ်ကြီး

အတွင်း၌ ပုန်းအောင်းနေခဲ့ကြသော ဂရိစစ်သည်တော်များသည်

အပြင်သို့ထွက်လာကြပြီးလျှင် မြို့ကိုစီးကြ၏။ သင်္ဘောစီးလျက်

ထွက်ခွာသွားဟန်ပြုသော ဂရိစစ်သည်တော်များလည်း တိတ်တ

ဆိတ် မြို့သို့ပြန်လာကြပြီးလျှင်၊ ဝိုင်းဝန်းတိုက်ခိုက်ကြသော

ကြောင့် နောက်ဆုံးတွင် ထရွိုင်းမြို့တော်ကြီးသည် ဂရိတို့၏

လက်တွင်းသို့ ကျဆင်း၍ ပျက်စီးသွားလေသည်။

ပန်းတဉ်း

ပန်းတဉ်းဟူသည် ကြေးထည် ပုံစံအမျိုးမျိုး သွန်းလုပ်သည့် ပညာဖြစ်သည်။ ဗဒင်းဟု ဆိုကြသော်လည်း ရေးရာတွင် ပန်းတဉ်းဟူ၍ ပန်းထည့်ပြီး တလေးတစား ခေါ်ဝေါ်သုံးစွဲကြသော ရှေးမြန်မာ လက်မှုပညာတစ်ရပ်ဖြစ်ပါသည်။ လူတို့သည် အစဦးတွင် ကျောက်လက်နက် ကိရိယာများကို ကိုယ်တိုင်ပြုလုပ်ခဲ့ကြဟန် ရှိပါသည်။ ထိုခေတ်ကို ကျောက်ခေတ်ဟု သတ်မှတ်ကြသည်။ ကြေးခေတ်၊ သံခေတ်ရောက်မှ ပန်းတဉ်းနှင့် ပန်းပဲပညာရှင် လူတန်းစားတစ်ရပ် ပေါ်ခဲ့မည်ဟု ယူဆရပါသည်။

အနောက်နိုင်ငံများတွင် ကြေး၊ သံ စသော သတ္တုပစ္စည်းများကို တိုက်စစ်၊ ခံစစ်သုံး လက်နက်များအဖြစ် ထုတ်လုပ်ခဲ့ကြသော်လည်း မြန်မာအပါအဝင် အရှေ့တိုင်းနိုင်ငံများတွင် ဘာသာရေးနှင့် သာသနိက ပစ္စည်းများကို ပိုမိုထုတ်လုပ်ခဲ့ကြဟန် ရှိသည်ဟု သုတေသီတို့က ဆိုကြသည်။ မြန်မာနိုင်ငံတွင် ကြေးသွန်းလုပ်ငန်းကို ပန်းတဉ်း (ဗဒင်း) ဟု ရှေ့မှ ‘ပန်း’ တပ်၍ တလေးတစား ခေါ်ဝေါ်ကြပါသည်။

ရှေးဟောင်း သုတေသနဌာနမှ တူးဖော်ရရှိသော ပစ္စည်းများမှာ လက်ဝတ်ရတနာ၊ ဘာသာ သာသနာနှင့် ဆိုင်သော ပစ္စည်း၊ အိုးခွက်၊ ငွေကြေး၊ ခေါင်းလောင်း၊ ဆည်းလည်း (ဆွဲလဲ)၊ နတ်ရုပ်စသည်တို့ သမိုင်းတစ်လျှောက် ပုဂံခေတ်အထိ တွေ့ရသည်ဟုဆိုပါသည်။ ပြည့်ရှင်မင်းတို့က ပန်းတဉ်းပညာရှင်တို့ကို သူကောင်းပြုသည့် အထောက်အထားများ ပုဂံကျောက်စာများတွင် တွေ့ရပါသည်။

မြန်မာတို့သည် ကမ္ဘာပေါ်တွင် မည်အောင်တီးနိုင်သည့် အကြီးဆုံးခေါင်းလောင်းကြီးကို သွန်းလုပ်နိုင်ခဲ့ကြပါသည်။ အင်္ဂလိပ် အုပ်ချုပ်ရေးအရာရှိတို့၏ အဆိုအရ မင်းကွန်းခေါင်းလောင်းတော်ကြီးသည် ၈၇ တန်လေး၍ ခေါင်းလောင်းနားအချင်းမှာ ၁၆ ပေ ၃ လက်မရှိပြီး အမြင့်မှာ ၁၂ ပေ ၆ လက်မရှိသည်။ ၁၈၃၉ ခုနှစ် ငလျင်ဒဏ်ကြောင့် အောက်သို့ပြုတ်ကျခဲ့ရာ ၁၈၉၆ ခုနှစ်တွင် သံတိုင်သံပေါင်များဖြင့် ပြန်တင်ခဲ့ရကြောင်း သိရပါသည်။ မင်းကွန်းခေါင်းလောင်းထက်ကြီးသော ခေါင်းလောင်းရှိသော်လည်း အုတ်ခုံပေါ်တွင် တည်ထားသည်ဖြစ်ပြီး အသံမည်အောင်တီးခတ်၍ မရပေ။

မြန်မာတို့အတွက် ခေါင်းလောင်းကြီးငယ် ကြေးစည်သံတို့မှာ ကြည်နူးစရာဖြစ်ပါသည်။ ကျေးရွာများတွင် နံနက်ခင်း ကြေးစည်သံကြားလျှင် ရွာဦးကျောင်းမှ ကိုရင်များနှင့် ကျောင်းသားများဆွမ်းခံထွက်လာကြပြီကိုသိ၍ အိမ်ရှင်မတို့ ကြည်နူးဝမ်းမြောက်ခြင်း ဖြစ်ရသည်။ မွန်းတည့်ခေါင်းလောင်းသံ ကြားရသောအခါ မိမိတို့လှုလိုက်သော ခဲဖွယ်ဘောဇဉ်တို့ကို ရဟန်းမြတ်တို့ ဘုန်းပေးပြီးကြောင်းသိရပြီး ဝမ်းသာပီတိဖြစ်ကြရပါသည်။ ညည့်ဦးယံ ကြေးစည်သံကြားရသူတိုင်း ဘုရားဝတ်ပြုပြီးကြောင်း သိကြပြီး သာဓုသုံးကြိမ် ခေါ်ပြီး အမျှဝေကြသည်။

လေပြေလေညှင်းကလေးတိုက်ခတ်၍ ရွာဦးစေတီတော်မှ ဆည်းလည်းများ တချွင်ချွင်မည်သံကို ကြားလိုက်ရသူတိုင်း မိမိမျက်မှောက်ဘဝမှာ မည်မျှပင် ရှုပ်ထွေးပွေလီ ဖြစ်နေစေကာမူ ဘုရားသို့ အာရုံရောက်ပြီး တခဏတာမျှ ငြိမ်းချမ်းသွားကြသည်သာဖြစ်ပါသည်။ ကြေးစည်၊ ခေါင်းလောင်း၊ ဆည်းလည်းသံတို့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်မှသာယာလှပါသည်။ သို့ဖြစ်သောကြောင့် ပန်းတဉ်းပညာရှင်များကို ပန်းနှင့် တင်စားခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်တော့ပါ။

ပန်းတဉ်းလုပ်ငန်းမှာ ၂ ပိုင်းရှိပါသည်။ ပထမတစ်မျိုးမှာ ကြေးသွန်းလုပ်ငန်းဖြစ်သည်။ ကြေးနီ၊ သံစသော သတ္တုများနှင့် ရောကြိုပြီး ပုံသွန်းခြင်းဖြင့် ခေါင်းလောင်း၊ ဘုရားရှင် ရုပ်ထုစသည်တို့ကို သွန်းလုပ်ကြရသည်။ ထိုသို့ သွန်းလုပ်ရာမှ ရလာသော အကြမ်းထည်ကို အချောသတ်လုပ်ကိုင်ကြရသည်။ ဒုတိယတစ်မျိုးမှာ ကြေးခတ်ခြင်းဖြစ်သည်။ ဤနည်းတွင် ကြေးနီကို အခတ်ခံနိုင်သော အဆင့်ရောက်အောင် သံ၊ သံဖြူစသော အခြားသတ္တုတို့နှင့် ရောစပ်ရသည်။ ထိုသို့ ရောစပ်ရရှိသော ကြေးကို အပူပေး၍ လိုသလို ပုံစံရအောင် အကြိမ်ကြိမ် ထုကြရသည်။ ထိုသို့ထုသည်ကို ခတ်သည်ဟု ခေါ်သည်။ ကြေးစည်၊ ဇွန်း၊ မောင်း၊ လင်းကွင်း၊ အိုး၊ ခွက် စသည်တို့ကို ခတ်ယူမှသာ ရပါသည်။ မြန်မာတီးဝိုင်းမှ ကြေးဝိုင်းရှိ ကြေးနောင်များ၊ မောင်းဆိုင်းမှ မောင်းများကို ဤ နည်းဖြင့် ခတ်ရင်း ခတ်ရင်းဖြင့် အသံညှိယူရပါသည်။

ပြိဿ နက္ခတာရာ



ပြိဿ နက္ခတာရာ သည် သင်္ကေတအားဖြင့် ( Unicode: ♉) ဖြစ်ပြီး ၁၂ ရာသီခွင်၏ ကြယ်စုတန်း တစ်ခုဖြစ်သည်။ ကုံ နက္ခတာရာသည် မြောက်ကမ္ဘာခြမ်း၏ ဆောင်းရာသီညဘက်ကောင်းကင်တွင် အမြဲတမ်းတွေ့ရလေ့ရှိသည့် ကြီးမားသော ကြယ်စုတန်းတစ်ခုဖြစ်သည်။ ယင်းသည် ကြေးခေတ်အစောပိုင်းကတည်းက လေ့လာမှတ်သားခံရသော အဟောင်းဆုံးကြယ်စုတန်းများထဲမှ တစ်ခုအပါဝင်ဖြစ်လေသည်။ ရှေ့ခေတ် အီဂျစ်၊ ဘေဘီလုံ၊ ရောမ၊ ဆူမာရီယန်၊ အာကေဒီယန်း အစရှိသော ပြက္ခဒိန်များတွင် ကုံ နက္ခတာရာသည် အရေးပါအရာရောက်သည့် နက္ခတာရာတစ်ခုလည်း ဖြစ်ပေသည်။

ကမ္ဘာမြေနှင့် အနီးဆုံး open cluster ဖြစ်သည့် ကြယ်ခုနှစ်ဖော်သည် ယင်းကြယ်စုတန်းတွင် တည်ရှိသည်။ ကြယ်ဘီလူး အာဒီဘရန်သည် ယင်းကြယ်စုတန်းတွင် အတောက်ပဆုံး ကြယ်တစ်ခုဖြစ်သည်။ ကြယ်စုတန်း၏ အနောက်မြောက်ဘက်တွင် ဆူပါနိုဗာလက်ကျန် Messier 1 တည်ရှိပြီး ကဏန်းနက်ဗျူလာဟု လူသိများကြသည်။

ဘုတလင်မြို့နယ်

ဘုတလင်မြို့နယ်သည် မုံရွာခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပြီး ရုံးစိုက်ရာမြို့မှာ ဘုတလင်မြို့ဖြစ်သည်။ ကြေးခေတ်လူသားရုပ်ကြွင်းများနှင့် ရှေးဟောင်းပစ္စည်းများကို ဘုတလင်မြို့နယ်တွင် ၁၉၉၈-၉၉ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ ညောင်ကန်ရွာအနီးတွင် ပြတိုက်ဖွင့်လှစ်၍ ရှေးဟောင်းပစ္စည်းအချို့နှင့် အရိုးကြွင်းအချို့တို့ကို ပြသထားသည်။

ဘုတလင်မြို့နယ်ရှိ တွင်းတောင်မှထွက်ရှိသော သဘာဝစိမ်းပြာရေညှိသည် နာမည်ကြီးလှသည်။ ၁၉၈၈ ခုနှစ်မှစ၍ စိမ်းပြာရေညှိတန်ချိန် ၁၅၀ ထုတ်လုပ်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်မှ ရပ်ဆိုင်းခဲ့ရသည်။

မောင်မောင်တင် (မဟာဝိဇ္ဇာ)

ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)သည် မြန်မာ့စာပေ၊ မြန်မာ့သမိုင်း၊ မြန်မာ့ရှေးဟောင်းသုတေသနလုပ်ငန်းနှင့် မြန်မာ့ယဉ်ကျေးမှု အနုပညာလုပ်ငန်းအရပ်ရပ်တွင် အများပြည်သူတို့၏ အလေးအမြတ်ပြုခြင်းကို ခံရ၍ နိုင်ငံတော်မှ အားကိုးအားထားရသော ပညာရှင်ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။

လန်ဒန်မြို့

လန်ဒန်မြို့ သည် အင်္ဂလန်နိုင်ငံ နှင့် ယူနိုက်တက် ကင်းဒမ်း (ယူကေ) ၏ မြို့တော်ဖြစ်သည်။ ယူနိုက်တက် ကင်းဒမ်း အတွင်း အကြီးဆုံး မက်ထရိုပိုလစ်တန် ဒေသ ဖြစ်ပြီး ဥရောပ သမဂ္ဂ အတွင်းတွင် အကြီးဆုံး မြို့ပြ ဒေသဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့အရေးကြီး မြို့ပြအဖြစ် တည်ရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ကြာပြီဖြစ်သည်။ လန်ဒန်မြို့ကို ရောမခေတ်က တည်ထောင်ခဲ့ပြီး ထိုစဉ်အခါက လန်ဒီနီယမ် ဟု အမည်တွင်သည်။ လန်ဒန်မြို့၏ ဗဟိုအချက်အချာ တမိုင်ပတ်လည်ရှိ ရှေးဟောင်း လန်ဒန်မြို့သည် အလယ်ခေတ်က အသွင်အပြင်အတိုင်း ဆက်လက် တည်ရှိဆဲဖြစ်သည်။ သို့သော်လည်း ၁၉ ရာစုနှစ်နောက်ပိုင်းတွင် “လန်ဒန်မြို့”ဟု ဆိုရာ၌ ဤရှေးဟောင်း မြို့ရိုးအပါအဝင် ပတ်ပတ်လည် တိုးချဲ့ကျယ်ပျံ့လာသည့် မြို့ပြကြီး တရပ်လုံးကို ညွှန်းဆိုလာပြီ ဖြစ်သည်။ လန်ဒန်သည် ကမ္ဘာ့ဦးဆောင်ဦးရွက် မြို့ပြတစ်ခု ဖြစ်ပြီး အနုပညာ၊ စီးပွားရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ ဖက်ရှင်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မီဒီယာ၊ ပရော်ဖက်ရှင်နယ် ဝန်ဆောင်မှုများ၊ သုတေသန လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ နှင့် ပို့ဆောင်ရေး လုပ်ငန်းများ အားလုံးအတွက် ထင်ရှား ကျော်စောသည်။ . နယူးယောက်မြို့ နှင့်အပြိုင် ကမ္ဘာ့အကြီးဆုံး ငွေကြေးဌာန တစ်ခု ဖြစ်သည်။ ဥရောပတွင် မြို့တစ်ခုချင်း အနေနှင့် ဂျီဒီပီ အမြင့်ဆုံးလည်း ဖြစ်သည်။ ဥရောပရှိ အကြီးဆုံး ကုမ္ပဏီ အခု ၅၀၀ မှ အခု ၁၀၀ ကျော်တို့၏ ဌာနချုပ် ရှိရာ မြို့လည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အများဆုံး လာရောက် လည်ပတ်သည့် မြို့လည်း ဖြစ်သည်။ လန်ဒန် ဟိသ်ရိုး လေဆိပ် သည် ကမ္ဘာပေါ်တွင် နိုင်ငံတကာ ခရီးသည် အနေနှင့် ကြည့်လျှင် အလုပ်အများဆုံး လေဆိပ်တစ်ခု ဖြစ်သည်။ လန်ဒန်ရှိ တက္ကသိုလ် ၄၃ ခု ပေါင်း၍ ဥရောပတွင် အဆင့်မြင့် ပညာရေးအတွက် တစ်နေရာတည်း အများဆုံး တစုတစည်းတည်း ရှိနေရာ ဒေသ အဖြစ် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် လန်ဒန်သည် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို အိမ်ရှင်အဖြစ် ၃ကြိမ်မြောက် လက်ခံ ကျင်းပသည့် ပထမဆုံးမြို့ ဖြစ်လာခဲ့သည်။လန်ဒန် တွင် အမျိုးမျိုးသော ယဉ်ကျေးမှုနှင့် အမျိုးမျိုးသော လူများ ရှိကြသည်။ မဟာ လန်ဒန် ဒေသ အတွင်း ဘာသာစကား ၃၀၀ ကျော်ကို ပြောဆိုလျှက် ရှိကြသည်။ မဟာ လန်ဒန် အာဏာပိုင် အဖွဲ့၏ ခန့်မှန်းချက် အရ ၂၀၁၅ တွင် လူဦးရေ ၈.၆၃ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဥရောဂ သမ္မဂ္ဂ အတွင်း လူဦးရေ အားဖြင့် အများဆုံး စည်ပင်သာယာ နယ်နိမိတ် ဖြစ်သည်။ ယူကေ တစ်ခုလုံး လူဦးရေ၏ ၁၂.၅ ရာခိုင်နှုန်းမျှ ဖြစ်သည်။ လန်ဒန်မြို့ပြ ဒေသသည် ပဲရစ်မြို့ ပြီးလျှင် ဥရောပ သမ္မဂ္ဂ အတွင်း ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ၂၀၁၁ ခုနှစ် လူဦးရေ စာရင်းအရ ၉.၇ သန်းကျော် ဖြစ်သည်။ လန်ဒန် မက်ထရိုပိုလစ်တန်ဒေသသည် ဥရောပတွင် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် ဒေသ တစ်ခု ဖြစ်ပြီး နေထိုင်သူ ၁၃,၈၇၉,၇၅၇ မျှ ရှိသည်။ မဟာလန်ဒန် အာဏာပိုင် အဖွဲ့ကမူ မြို့တော် ဒေသ အတွင်း (အင်္ဂလန် နိုင်ငံ အရှေ့တောင်ပိုင်း၏ ဒေသ အတော်များများ အပါအဝင် လူဦးရေ ၂၂.၇ သန်းမျှ ရှိသည်ဟု ဆိုသည်။ လန်ဒန် သည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး မြို့အဖြစ် ၁၈၃၁ ခုနှစ်မှ ၁၉၂၅ အထိ တည်ရှိခဲ့သည်။လန်ဒန်တွင် ကမ္ဘာ့ အမွေခံ နေရာ ၄ ခုမျှ ပါဝင်သည်။ ၎င်းတို့မှာ လန်ဒန် မျှော်စင်၊ ကူး ဥယျာဉ်၊ ဝက်မင်စတာ နန်းတော်၊ ဝက်မင်စတာ ဘုန်းကြီးကျောင်း နှင့် စိန့်မာဂရက် ဘုရားကျောင်းတို့ ပါဝင်သော နေရာ၊ ဂရင်းဝစ်ချ်ရှိ သမိုင်းဝင် အခြေချ နေထိုင်ရာ နေရာတို့ ဖြစ်ကြသည်။ အခြား ထင်ရှားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ လန်ဒန်အိုင်း ခေါ် ချားရဟတ်ကြီး ၊ ပီကာဒေးလီ ဆားကစ်၊ စိန့်ပေါလ် ဘုရားကျောင်း၊ တာဝါ တံတား၊ ထရာဖဲလ်ဂါရင်ပြင် နှင့် ရှာ့ဒ် မိုးမျှော်တိုက်တို့ ဖြစ်ကြသည်။ လန်ဒန်တွင် ပြတိုက်များ၊ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစားပွဲများ နှင့် အခြားသော ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့အစည်း အများအပြား ရှိသည်။ ၎င်းတို့ ထဲတွင် ဗြိတိသျှ ပြတိုက်၊ အမျိုးသား အနုပညာပြခန်း၊ တိတ် မော်ဒန်၊ ဗြိတိသျှ စာကြည့်တိုက် နှင့် ၄၀ ဝက်စ်အင်န်း ပြဇာတ်ရုံများ ပါဝင်သည်။ လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး မြေအောက် ရထားလမ်း ဖြစ်သည်။

သမိုင်းမတင်မီခေတ်

သမိုင်းမတင်မီခေတ် ဆိုသည်မှာ သမိုင်းမှတ်တမ်းများ မရေးသား ရသေးခင် အချိန်ကာလကို ဆိုလိုသည်။ ကမ္ဘာမြေပေါ်တွင် လူသားတို့ နေထိုင်သွားလာ နေကြပြီး ဖြစ်သော်လည်း ထိုအချိန်ကာလများ အတွက် သမိုင်းမှတ်တမ်းများ မရရှိနိုင်သည့် အချိန်ကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။ စာရေးသားခြင်း တီထွင်မှု မပြုရသေးခင် အချိန်ကာလဟုလည်း ဆိုနိုင်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရမည်ဆိုလျှင် လူသားများ မပေါ်ပေါက်မီ အချိန်ကာလ ကိုပါ ထည့်သွင်း ပြောဆိုရမည် ဖြစ်သည်။ ရှေးဟောင်း သုတေသနပညာရှင် ပေါလ်တိုးနယ် က ပြင်သစ်နိုင်ငံ တောင်ပိုင်းရှိ ဂူများ အတွင်း သူရှာဖွေတွေ့ရှိခဲ့သော အရာများကို ရေးသား ဖော်ပြရာတွင် ဤ အသုံးအနှုန်းကို စတင် သုံးနှုန်းခဲ့သည်။ ထို့ကြောင့် ပြင်သစ်ဘာသာ တွင် ၁၈၃၀ ခုနှစ်များမှစ၍ စာရေးသားခြင်း မပေါ်ပေါက်မီ အချိန်ကာလကို သမိုင်းမတင်မီခေတ်ဟု သုံးနှုန်းခဲ့ကြသည်။ အင်္ဂလိပ်တို့ အတွက်မူ သမိုင်းမတင်မီ ကာလ ဆိုသည့် အသုံးအနှုန်းကို ၁၈၅၁ ခုနှစ်တွင် ရှေးဟောင်းသုတေသန ပညာရှင် ဒင်နီယယ် ဝီလ်ဆင်က စတင် သုံးနှုန်းခဲ့သည်။

သမိုင်းမတင်မီခေတ် ဆိုသည်မှာ စကြာဝဠာ အစပြုသော အချိန်က စ၍ ရည်ညွှန်းခြင်း ပြုနိုင်သော်လည်း အများအားဖြင့် ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ဖြစ်ထွန်းလာသည့် အချိန်မှစ၍ ရည်ညွှန်းလေ့ ရှိသည်။ ပို၍ တိတိကျကျ ဆိုရလျှင် လူနှင့် သဏ္ဌာန်တူသော သက်ရှိများ ပေါ်ပေါက်လာသည့် အချိန်က စ၍ ရည်ညွှန်းလေ့ရှိသည်။ လူတို့၏ သမိုင်းမတင်မီခေတ်ကို ရည်ညွှန်းရာတွင် သမိုင်းမတင်မီခေတ်နှင့် ဆိုင်သော သမိုင်းပညာရှင်များ အနေနှင့် ခေတ် ၃ ခေတ် ခွဲခြားသော စနစ်ကို အသုံးပြုလေ့ ရှိသော်လည်း လူသားမပေါ်ပေါက်မီ အချိန်ကာလ ကို လေ့လာသော ပညာရှင်များ အနေနှင့်မူ ပိုမို တိကျစွာ ခွဲခြားနိုင်သော ဘူမိဆိုင်ရာ ကျောက်လွှာများပေါ် မူတည်၍ ပြောဆိုလေ့ ရှိကြသည်။

လူတို့၏ သမိုင်းမတင်မီ ကာလကို ခေတ် ၃ ခေတ် အနေနှင့် ခွဲခြားသော အခါတွင် လက်နက်ကိရိယာ များကို ပြုလုပ်သော နည်းပညာ ပေါ်မူတည်၍ ကျောက်ခေတ်၊ ကြေးခေတ် နှင့် သံခေတ် ဟူ၍ ခွဲခြားခေါ်ဆိုတတ်ကြသည်။

သံခေတ်

သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

သံဖြူ

သံဖြူ (ခဲမဖြူ) သည် ပျော့ပျောင်း၍ အလွယ်တကူပုံသွင်းနိုင်သော ငွေဖြူရောင် သတ္တု တစ်မျိုးဖြစ်သည်။ အောက်ဆီဂျင်နှင့် အလွယ်တကူ ဓာတ်ပြုခြင်း မရှိသောကြောင့် သံချေးတက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။ တင်း(Tin)သည်ပင်လယ်ရေနှင့် သိုလှောင်ထားသော ရေများကြောင့် အလွယ်တကူသံချေးမတက်နိုင်ပေ။ သံဖြူသည် ဓာတု ဒြပ်စင်တစ်ခုဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၅၀ဖြစ်ကာ ယင်း၏ ဓာတုဗေဒ သင်္ကေတမှာ Sn ဖြစ်သည်။ ၎င်းကို တင်းဒိုင်အောက်ဆိုဒ်, SnO2 ပါဝင်သည့် တွင်းထွက်ပစ္စည်း ကက်စီတာရိုက်မှ အဓိကရရှိသည်။ သံဖြူသည် နံပတ် ၄၉ မြောက် အများဆုံး တွေ့ရသည့် ဒြပ်စင်ဖြစ်ပြီး ယင်း၏ ထူးခြားသည့် ပရိုတွန်အရေအတွက်ကြောင့် ဒြပ်စင်အလှည့်ကျဇယားတွင် တည်ငြိမ်သည့် အိုင်ဆိုတုပ် အများဆုံးဖြစ်သည့် ၁၀ မျိုးရှိသည်။

ဘီစီ ၃၀၀၀ ခန့်ကတည်းက လူသားတို့ ပထမဆုံး သတ္တုစပ်အဖြစ် အမြောက်အများ အသုံးပြုခဲ့သည့် အရာမှာ ကြေးနီနှင့် သံဖြူကို ရောစပ်ထားသည့် ကြေးညိုဖြစ်သည်။ ဘီစီ ၆၀၀ နောက်ပိုင်းတွင် သံဖြူ သတ္တုစင်ကို ထုတ်လုပ်နိုင်ခဲ့ကြသည်။ ကြေးခေတ်မှ ၂၀ရာစုအထိ သံဖြူ ၈၅- ၉၀%နှင့် အကျန်ကို ကြေး၊ ခဲနှင့်အန်တီမိုနီတို့ကို ပေါင်းစပ်ထားသည့် လောဟာ/ဘင်သတ္တုစပ်ကို ပန်းကန်ပြား၊ လင်ပန်းစသည်တို့အဖြစ် အသုံးပြုခဲ့ကြသည်။ ယနေ့ခေတ်တွင် သံဖြူကို သတ္တုစပ်အဖြစ် အသုံးများကြပြီး သံဖြူ ၆၀%ကျော် ပါဝင်သည့် သံဖြူ/ခဲစပ် ခဲဂရေဆော်ရာတွင် အများဆုံးအသုံးပြုသည်။ သံဖြူအား နောက်ထပ်အများအပြား အသုံးပြုမှုတစ်ခုမှာ သံမဏိကို သံချေးတက်မှုမှ ခံနိုင်ရည်ရှိအောင် သံဖြူရည်စိမ်ခြင်းဖြစ်သည်။ ယင်း၏အဆိပ်ဖြစ်မှုနည်းပါးမှုကြောင့် သံဖြူစိမ်သတ္တု (သံမဏိ/ဒန်)တို့ကို အစားအသောက်များထည့်သည့် စည်သွပ်ဘူးများအဖြစ်လည်း အသုံးပြုကြသည်။

အင်ဒို-ယူရိုပီယန် ဘာသာစကားများ

အင်ဒို-ယူရိုပီယန် ဘာသာစကားများ သည် ဆက်နွယ်နေသည့် ဘာသာစကားများနှင့် ဒေသိယစကား ရာဂဏန်းကို စုစည်းထားသည့် ဘာသာစကား မိသားစုကြီး ဖြစ်သည်။ ခန့်မှန်းခြေအားဖြင့် ရှင်သန်လျှက်ရှိသော အင်ဒို-ယူရိုပီယန် ဘာသာစကားများ စုစုပေါင်း ၄၄၅ ခုခန့်ရှိသည်။ ၎င်းတို့အနက် အင်ဒို-အီရန်နီးယန်း ကိုင်းခွဲမှာ ဘာသာစကား ၃၁၃ ခုရှိ၍ စုစုပေါင်း၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုကြီးတွင် အများအားဖြင့် ယနေ့ခေတ် ဥရောပနှင့် အာရှတိုက် အနောက်ပိုင်း၊ တောင်ပိုင်းနှင့် အလယ်ပိုင်း တွင်ရှိသော ဘာသာစကားများ ပါဝင်သည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများသည် ရှေးခေတ် အနာတိုလီယား(ယနေ့ တူရကီနိုင်ငံ)နှင့် ရှေးခေတ် တာရင်းချိုင့်ဝှမ်းဒေသ (ယနေ့ တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း)၊ အာရှတိုက် အလယ်ပိုင်းဒေသ အများစုနှင့် တောင်အာရှ စသည့်ဒေသများတွင် စတင်အခြေချခဲ့သည်။ ကြေးခေတ် အနာတိုလီယန်းဘာသာစကား နှင့် မိုင်စီနေးယန်း ဂရိဘာသာစကား အထောက်အထားများအရ အင်ဒို-ယူရိုပီယန် ဘာသာစကား မိသားစုသည် အာဖရိုအေးရှားတစ် ဘာသာစကား မိသားစုပြီးလျှင် ဒုတိယ အရှည်လျားဆုံး သမိုင်းကြောင်း မှတ်တမ်းရှိသည့် ဘာသာစကား မိသားစုဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.