ကျောက်ခေတ်ဟောင်း ခေတ်နှောင်း

ကျောက်ခေတ်ဟောင်း ခေတ်နှောင်း ဆိုသည်မှာ ပေလီယိုလစ်သစ်ခေါ် ကျောက်ခေတ်ဟောင်း၏ နောက်ဆုံး အပိုင်းအခြား ဖြစ်ပြီး ဥရောပအာဖရိက နှင့် အာရှတို့တွင် ဖြစ်ထွန်းခဲ့သည်။ ထိုကာလကို လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်း အတွင်းမှ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း အတွင်း အချိန်ကာလဟု ကျယ်ပြန့်စွာ သတ်မှတ်ကြသည်။ ခေတ်သစ် အပြုအမူတို့ ပေါ်ထွက် မလာမီ နှင့် စိုက်ပျိုး မွေးမြူရေး ထွန်းကား မလာမီ အချိန်ကာလပင် ဖြစ်သည်။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်
Laussel
Venus of Laussel ကျောက်ခေတ်ဟောင်း ခေတ်နှောင်း လက်ရာ
ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုး၊ ခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

ကျောက်ခေတ်လယ်

ယနေ့လူတို့ ဆင်းသက်ပေါက်ဖွားရာ ဖြစ်သည့်ကာလ တစ်နည်းအားဖြင့် ခေတ်လူသားတို့၏ အစကာလ ဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်း ၄၀,၀၀၀ မှ ၂၅,၀၀၀ ကာလအတွင်း ပေါ်ပေါက်လာသည့် ခေတ်ကို ကျောက်ခေတ်သစ် (သို့မဟုတ်) ပါလီယိုလစ်သစ် ခေတ် (Paleolithic Age)ဟု ပညာရှင်တို့က သတ်မှတ်ကြသည်။ ထိုကာလမှ ယနေ့တိုင်ဆင်းသက် ပေါက်ဖွားသော လူတို့ကို ဟိုမိုစပီးယန်းဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ ဟိုမို ဆိုသည်မှာ လူ ဖြစ်ပြီး၊ စပီးယန်း မှာ အသိဉာဏ်ရှိသော ဟု အဓိပ္ပါယ်ရသည်။

ကျောက်ခေတ်သစ်

အနောက် အာရှတွင် လွန်ခဲ့သည့် နှစ် ၉၀၀၀ မှ ၅၅ဝဝ အတွင်း ကျောက်ခေတ်သစ် ပေါ်ထွန်း ခဲ့သည်။ မြန်မာ ကျောက်ခေတ်သစ်ဓလေ့ကို လွန်ခဲ့သည့်နှစ် ၂၁ဝဝ အထိ တွေ့ရှိ နိုင်ပါသေးသည်။ ကျောက်ခေတ်သစ် လက်နက်များကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ တွေ့ရသကဲ့သို့ အနောက်ဘက် သံတွဲ ၊ တောင်ဘက် ဘိတ်(မြိတ်) အထိ တွေ့နိုင်ပါသည်။ မြစ်ကြီးနား မှ ဘိတ် (မြိတ်) အထိ အနှံ့အပြား တွေ့ရသည့် ကျောက်လက်နက်များကို ခြုံငုံဖော်ပြရလျှင် မြန်မာနိုင်ငံ၏ ကျောက်ဟောင်းခေတ်လူသားများသည် တောင်ပိုင်းတရုတ်မှ ဆင်းသက် ပြန့်ပွားလာသည်ဟု ယူဆရန်ရှိပါသည်။ သို့သော် ကျောက်သစ် လူများအနေဖြင့် မလေးကျွန်းဆွယ်မှ လူများနှင့် လွန်စွာဆင်တူနေရာ အရှေ့တောင်နဲ့ အရှေ့ အရပ်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟု ထင်မြင်ရပါသည်။

ကျောက်သစ် လူတွေဟာ သူတို့ နေ့စဉ် စားသောက်တဲ့ အစာ တွေကို တောတောင်မှာ လှည့်လည်ပြီး မရှာရဘဲ မိမိ ကိုယ်တိုင် စိုက်ပျိုး မွေးမြူပြီး လိုတဲ့ အခါ အလွယ်တကူ ယူပြီး စားသောက်နိုင်တဲ့ အရည်အချင်း ရှိနေကြ ပါပြီ။ ကောက်ပဲ သီးနှံ စိုက်ပျိုး တာရယ်၊ အသား၊ အရည်နှင့် နို့ အတွက် အိမ်ခြံဝင်း အတွင်း မှာပဲ တိရစ္ဆာန် တွေကို မွေးမြူ တာရယ်၊ ဝန်သယ် ဆောင်ဖို့ တိရိစ္ဆာန်ကြီး တချို့ကို မွေးမြူ တာရယ်၊ တိုးတက်မှု နှစ်မျိုး သုံးမျိုး တွေ့နိုင် ပါတယ်။ စားကြက်ကို အရင် အနှစ် ၇၅၀ဝ ကပဲ အိမ်မှာ မွေးမြူ ခဲ့ကြ ပါတယ်။ အရင် ကျောက်ဟောင်း ကာလက ခရီး မပြတ် လှည့်လည် နေတဲ့ တံငါ၊ မုဆိုး တွေဟာ ကျောက်သစ် ကာလ ရောက်တဲ့ အခါ စိုက်ပျိုး မွေးမြူ သူတွေ အဖြစ် ပြောင်းလဲ လာတာကို အလွန် နှေးတဲ့ လူမှု တော်လှန်ရေးလို့ ခေါ်လေ့ ရှိပါတယ်။ လူတွေရဲ့ နေထိုင် စားသောက်ရေးဟာ ဒီတော်လှန်ရေးကြောင့် အကြီးအကျယ် ပြောင်းလဲ ပါတယ်။ မြေဩဇာ ကောင်းတဲ့ အရပ်၊ အန္တရာယ် ကင်းရှင်းတဲ့ အရပ်၊ ဆက်သွယ်ရေး လမ်းကြောင်း လွယ်ကူတဲ့ အရပ် တွေမှာ ရွာငယ်တွေ တည်တယ်၊ တစတစ လူဦးရေ တိုးပွား လာပြန်တော့ တချို့ ရွာက ကြီးပြီး မြို့ဖြစ် ပြန်တယ်။ ဒီလို ကြီးပွားတဲ့ တချို့ ရွာကို မြေကတုပ်၊ အုတ်ရိုး နံရံ ထားလို့ မြို့လို့ ခေါ်ရတာ ဖြစ်တယ် ထင်ပါတယ်။ စိုက်ပျိုး မွေးမြူရေးမှာ သူတကာထက် ထူးခြား အောင်မြင် သူတွေ ရှိပြန်တော့ ကိုယ်ပိုင် ပစ္စည်းတွေ များတဲ့ လူလည်း ပေါ်လာတယ်။ ဒီလူမျိုးကို သူဌေး၊ သူ့ကယ်လို့ ခေါ်ကြ ရတယ်။ သူတို့ ပေါ်လာတဲ့ အခါက စပြီး စုပေါင်း ရှာဖွေတာ၊ မျှတ သုံးစွဲ စားသောက်တာ ဆိုတဲ့ အခြေခံ ဘုံစနစ် ကွယ်ပျောက် သွားပါပြီ။ ကိုယ်ပိုင် ပစ္စည်းတွေ ရှိလာလို့ ခိုးယူ လုယက် တာတွေ ပေါ်ပေါက် များပြား လာလို့ ဒါတွေကို ဟန့်တား ပိတ်ပင်ဖို့ ဥပဒေ ပြုလုပ် ကြရတယ်။ ဥပဒေကို ထိန်းပေးမယ့် ခေါင်းဆောင် သူကို မင်း ခေါ်မယ်၊ သူ့ အဖွဲ့အစည်းကို အစိုးရ ခေါ်မယ်။ လူတစုမှာ အသက် အကြီးဆုံး (သမာဓိ အရှိဆုံး၊ အစွမ်း သတ္တိ အကောင်းဆုံး လူကို ခေါင်း၊ သူကြီးမင်း ခန့်ထားပြီး သက်ကြီး ရွယ်ကြီး ပညာရှိ တွေရဲ့ အကူအညီနဲ့ ရပ်ရွာ အေးချမ်း သာယာအောင် ကြီးကြပ် စေတယ်။ သူတို့ကို လာရောက် နှောက်ယှက်တဲ့ ရန်သူ ရှိရင် အုပ်ချုပ်တဲ့ အဖွဲ့က တွန်းလှန် တိုက်ခိုက် ပေးရတယ်။ အဲဒါ တွေကို ခေါင်းဆောင်ပြီး တိုက်ခိုက် ပေးရတယ်။ လူအချင်းချင်း နယ်မြေ လုတဲ့ ရန်ပွဲ၊ တနယ်နဲ့ တနယ် နယ်နိမိတ်ကြောင့် လက်နက် စွဲပြီး စစ်တိုက် ကြရင်လည်း ခေါင်းဆောင် ရတယ်။ စစ်ရှုံး သူကို ဖမ်းယူခဲ့ပြီး ကျွန်အဖြစ် စေခိုင်းရင် ခေါင်းဆောင်ပဲ ကြီးကြပ်ရ ပြန်တယ်။ ကျွန် တွေလည်း အများကြီး ရှိလာတဲ့ အပြင် သူဌေးနဲ့ လူဆင်းရဲ ဆိုပြီး အထင်အရှား လူတန်းစား ကွဲပြား လာပါတယ်။

လူမှု စနစ် ဖွဲ့စည်းပုံတွေ ပိုပြီး ရှုပ်ထွေး လာပါတယ်။ ချမ်းသာ သူနဲ့ ဆင်းရဲသား၊ သာမန်လူ၊ ရသေ့ ရဟန်း၊ မင်းနဲ့ အမှုထမ်း ဆိုပြီး လူတန်းစားတွေ ရှိလာတယ်။ စားဝတ် နေရေး မကြောင့်ကြ ရတဲ့ လူတွေက အချိန်ပို ရှိလာလို့ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ နည်းလမ်း စနစ်တွေ ပိုပြီး ကောင်းလာအောင် တီထွင်မှုတွေ လုပ်ပေး ကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင် ယုံကြည်မှု တွေလည်း ဆန်းကြယ် များပြား လာတယ်။ ရိုးရာ ဓလေ့ကို စွဲပြီး ပေါ်ပေါက် လာရတဲ့ ဥပဒေ ခေါ် ထုံးနည်းတွေ ကိုလည်း စည်းစနစ် ကျကျ လိုက်နာ ကြရတယ်။ ကိုယ်ပိုင် ပစ္စည်းကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဥပဒေ တွေက အင်မတန် အရေးပါ အရာ ရောက်လာ ပါတယ်။ လူတစု နေထိုင်ရာ ဒေသမှာ လူအနည်းငယ်က ထွက်ကုန် ပစ္စည်း မှန်သမျှကို လက်ဝါးကြီး အုပ်ပြီး ချုပ်ကိုင် လာပါတယ်။

ကျောက်ခေတ် ဟောင်းနဲ့ နှိုင်းစာရင် ကျောက်ခေတ်သစ် လူတွေဟာ အနုပညာကို ပိုပြီး လက်ရာ မြောက်အောင် လုပ်နိုင် လာတယ်လို့ ပြောနိုင် ပါတယ်။ အလို ဆန္ဒ အမျိုးမျိုး အတွက် စွဲကိုင်တဲ့ ကျောက်လက်နက် တွေကို ပြောင်ချော နေအောင် အချောကိုင် တတ်လာတယ်။ မြင်ရင် နှစ်သက် ချစ်မြတ် နိုးဖွယ် ဖြစ်အောင် နံရံ ဆေးပန်းချီ တွေလည်း ရေးဆွဲ ပါတယ်။ အရိုး၊ ဆင်စွယ်နဲ့ ရွွှံ့မီးဖုတ် ပန်းပုရုပ် တွေလည်း ပေါ်လာတယ်။ ကုန်းပစ္စည်း သယ်ဖို့၊ သိုလှောင်ဖို့ တောင်းပလုံးတွေ လုပ်ရာက တစတစ တိုးတက်ပြီး အထည်အဝတ် ရက်လုပ် လာကြတယ်။ ရွှံ့နဲ့ လုပ်ပြီး မီးဖုတ်တဲ့ အိုးတွေ ပေါ်မှာ အလှဆင် သလို ရက်လုပ်တဲ့ အထည် တွေမှာလည်း လှပတဲ့ ပန်းပုံစံတွေ ရောက်စုံ ထည့်ပြီး ရက်လုပ် နိုင်တဲ့ အဆင့်ထိ တိုးတက် လာပါတယ်။

အခြေခံ ကြောင်းကို မသိတဲ့ အခါ၊ ကြောက်ရွံ့တဲ့ အခါ၊ အယူ သီးတဲ့စိတ်၊ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက် တွေကို မဖြစ်မနေ လိုက်နာတဲ့ ဓလေ့ တွေကြောင့် နတ်ကိုးခြင်း၊ နတ်ပွဲ ထိုးခြင်း ဆိုတာတွေ ပိုပြီး များပြား လာပါတယ်။ ပူဇော် ပသရမယ့် နေရာကို သတ်မှတ် ထားပြီး ယဇ် ပူဇော်ဖို့ သီးခြား အဆောက်အအုံကို ဆောက်လုပ် လာပါတယ်။ လူ့ထက် ပိုပြီး တန်ခိုး ကြီးတယ်လို့ ယူဆ ထားတဲ့ နတ်ကို ကိစ္စ အဝဝမှာ ကူညီ မှိုင်းမဖို့ ပူဇော် ရတယ်။ စစ်တိုက်တဲ့ အခါ အနိုင် ရချင်လို့၊ ကောက်ပဲ သီးနှံ စိုက်တဲ့ အခါ သီးနှံများများ ဆွတ်ခူး ရိတ်သိမ်း နိုင်ဖို့၊ သားသမီး များများ မွေးဖွား ထွန်းကား စေဖို့ နတ်ကိုး ကြတယ်။ နတ် ပေါ်ပေါက်ပုံ၊ နတ် ကိုးကွယ်လို့ အကျိုး ကျေးဇူး ရပုံကို ပုံပြင်တွေ တီထွင်ပြီး ပြောဆို လာကြတယ်။ လူသေရင် နောက်တဘဝ ရှိလိမ့် ဦးမယ်လို့ ဘဝ ကူးကို ယုံကြည် လာကြတယ်။ သေသူရဲ့ အလောင်းကို ကောင်းစွာ စောင့်ရှောက် နိုင်ဖို့ အတွက် ဂူသင်္ချိုင်း ဆိုတဲ့ အဆောက်အဦတွေ ဆောက်လုပ် လာပါတယ်။

မြန်မာ နိုင်ငံမှာ ကျောက်သစ် လက်နက် ပစ္စည်း တွေကို ချင်းတောင်က ဘိတ် (မြိတ်) အထိ၊ ရှမ်း ပြည်နယ်က သံတွဲ အထိ အနှံ့အပြား တွေ့နိုင်တယ်။ အလယ်ပိုင်း မြန်မာမှာ အများဆုံး တွေ့ရ ပါတယ်။ ကျောက်လက်နက်ကို သုံးမျိုး ခွဲထားတယ်။ (၁) အသွား ပေါ်အောင် ကျောက်ကို ရိုက်ဖဲ့ ထားတဲ့ လက်နက်၊ (၂) အသွားကို ထက်မြက် လာအောင် သွေးယူ ထားတဲ့ လက်နက်နဲ့ (၃) လက်နက် တခုလုံးကို ချောမွတ် လှပ နေအောင် သွေးယူ ထားတဲ့ လက်နက် တွေဟာ ကြီးမား ကြမ်းတမ်းတယ်။ နောင်အခါ ကျောက်ကို လွှာယူတဲ့နည်း ပေါ်လာတော့ သေးငယ်တဲ့ လက်နက်တွေ လုပ်ပြီး သုံးစွဲ လာကြတယ်။ ပုပ္ပားတောင် အရပ်က ထွက်တဲ့ မီးတောင် ကျောက်ဟာ အမျိုးအစား ကောင်းတဲ့ အတွက် လက်နက် လုပ်သူတွေ အထူး နှစ်သက် ကြတယ်။ အဲဒီ လက်နက်တွေ ထဲမှာ သဲကျောက်ကို လုပ်တဲ့ လက်နက်က အများကြီး တွေ့နိုင်တယ်။ နှစ်ဖက် အသွား ချထားတဲ့ ဗိစပ်ဖူး လက်နက်၊ "သပ်" ပုံစံ လက်နက်၊ ဆောက်လက်နက်၊ ဆစ်လွှဲ လက်နက်၊ ဆောက်ခုံး၊ ပဲကွပ်၊ ကျောက်လက်ကောက်၊ ကျောက်တူနဲ့ ခွံချွတ်၊ ကျည်ပွေ့၊ အမင်းတပ် လက်နက်တွေ ဖြစ်ပါတယ်။ စပါးနဲ့ ဂျုံကို အခွံ ချွတ်ဖို့၊ အမှုန့် လုပ်ဖို့ ကြိတ်ဆုံတွေ ပေါ်လာတယ်။

မြန်မာမှာ တွေ့ရတဲ့ ကျောက်ခေတ်သစ် လက်နက် တွေဟာ သေးငယ်တယ်။ မြန်မာ လူထုက ဒီ ကျောက်လက်နက်ကို မိုးကြိုးသွား ခေါ်တယ်။ ဆေးဖက် ဝင်တယ်လို့ ယုံတယ်။ ဒါကြောင့် ကိုယ်ရထားတဲ့ ကျောက်လက်နက်ကို ဆက်လက် လေ့လာဖို့ ပြတိုက်ကို၊ တက္ကသိုလ်ကို မပေးလိုပါ။ မကြာမီက ဗိတ်ခဲတွင်း တွေက လက်နက် အတော်များများ တူးလို့ ရပါတယ်။ ကျောက်ကို လိုသလို လှီးယူဖို့ နည်းစနစ်ကောင်း တွေလည်း သိလာ ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ကျောက်မျက်နှာကို ရိုက်ဖဲ့ပြီး ပုံဖော်တဲ့ စနစ်ကို မသုံးပါ။ ကြိတ်မှာ ကျောက်ကွင်း တွေဟာ စပါးကို အခွံ ခွျတ်ပြီး အမှုန့် လုပ်ဖို့ သုံးစွဲတာ ဖြစ်ပါတယ်။ကျောက်ဝိုင်းငယ် တွေကို ချည်ငယ်လုံး (spindle whorl) အတွက် သုံးမယ် ထင်ပါတယ်

ဘိတ် (မြိတ်) ခရိုင်က ရတဲ့ အမင်းတပ် ဆောက်ပြားဟာ တပေလောက် ရှည်တာကို တွေ့ဖူး ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံ ကျောက်သစ် လက်နက် တွေဟာ အားလုံးလိုလို သေးငယ် နေပါတယ်။ လူတွေက သစ်ကိုသာ ဖြတ်တောက် သုံးစွဲတဲ့ အတွက် ဒီလို ဖြစ်တယ် ထင်ရှား ပါတယ်။ မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းမှာ တွေ့ရတဲ့ လက်နက် တွေဟာ ပွတ်စင်ကို တင်ပြီး ဖြတ်တောက် ထားတာ မဟုတ်ကြောင်း ထင်ရှား ပါတယ်။ ဘီးကို လှည့်ပြီး ဖြတ်တောက်ဖို့၊ အဝိုင်း ညှိဖို့ မသုံးတတ် သေးတာလည်း ထင်ရှားတယ်။ ဒီလို ဆိုရင် ဘီးနဲ့ ဆွဲတဲ့ လှည်းလည်း မရှိနိုင် သေးပါ။ အိုးထွင်းတဲ့ အခါ မှာလည်း အိုးထိန်း စက်ကို မသုံးနိုင် သေးပါ။ ဒါပေမဲ့ အိုးထိန်းစက် သုံးပြီး လုပ်တဲ့ အိုးတွေကို ဘိတ် (မြိတ်) နယ်၊ တနင်္လာရီ အရှေ့ (၃၆) မိုင်ကွာ ကျိန်ချောင်း ခဲတွင်း တွေမှာ ၄ ပေ အနက်က အိုးထိန်း စက်နဲ့ လုပ်တဲ့ အိုးတွေနဲ့ ပူးတွဲပြီး ကျောက်သစ် လက်နက် တွေကို ၁၉၆၃ ခုနှစ်က တွေ့ဖူး ပါတယ်။

အခု အထိ ကျောက် လက်နက်ကို အများဆုံး တွေ့တဲ့ အရပ်ဟာ (၁) မြန်မာ နိုင်ငံ အလယ်ပိုင်း မိုးခေါင် ရေရှား အရပ်၊ (၂) ရှမ်းကုန်း ပြင်မြင့်၊ (၃) ချင်းတောင်၊ (၄) သံတွဲနဲ့ (၅) ဘိတ် (မြိတ်) ခရိုင် ဖြစ်ပါတယ်။ ဘိတ် (မြိတ်) ခရိုင်က လွဲပြီး ကျန်အရပ် တွေမှာ တွေ့တဲ့ လက်နက် တွေဟာ မြေပေါ်က ကောက်ယူ ရရှိတဲ့ လက်နက်တွေ ဖြစ်တယ်။ ကျောက် လက်နက် ပထမ အမျိုးနဲ့ ဒုတိယ အမျိုး တွေကို ကျောက်ဟောင်း ကာလ လုပ်နည်း အတိုင်း လုပ်ပေမဲ့ တတိယ အမျိုး လက်နက် တွေကို လုပ်နည်းက ကွဲပြား ပါတယ်။ ဒီအချက်ကို ထောက်ပြီး ရှေးထုံး အတိုင်း ကျောက်လက်နက် တတ်သူ တွေဟာ အနီး အပါးမှာပဲ ယှဉ်ပြီး နေခဲ့ ကြမယ်လို့ ထင်ပါတယ်။ လူတွေ သတ်ဖြတ် စားသောက်တဲ့ တိရစ္ဆာန် အရိုးနဲ့ သွား တွေကို စစ်ဆေး ကြည့်တဲ့ အခါ မြင်း၊ မြည်း၊ သမင်၊ တောင်ဆိတ်နဲ့ ကျွဲရိုင်း တွေကို သတ်ဖြတ် စားသောက်တာ များတယ် ဆိုတာ တွေ့ပါတယ်။ ကျောက် လက်နက် (၁) အမျိုးအစားမှာ ဗီယက်နမ် ကမ္ဘောဒီယား ရှိ ဟွာဗင်ဟိယန် ဓလေ့ အတိုင်း ပြုလုပ်တယ်။ ကုန်းပိုင်း အရှေ့တောင် အာရှမှာ ဒီ လက်နက်မျိုး အမြောက်အမြား တွေ့ရတယ်။ လက်နက် (၂) အမျိုးအစားမှာ ပိုပြီး ကောင်းတယ်။ လက်နက် (၃) အမျိုးအစားကို မလေး ကျွန်းဆွယ်မှာ အများဆုံး တွေ့ရတယ်။ လက်နက်ဟာ အိန္ဒိယက ပုဆိန်နဲ့ တူတယ်လို့ ထင်ရတယ်။ ပဲကွပ် တွေက အာသမ် ပုံစံ တွေနဲ့ တူပြီး၊ မြေမှာ မိုးစပါး ချစိုက်ဖို့ တွင်းတူးရာမှာ သုံးမယ်။ ပေါင်းမြက် သတ်ရာမှာ သုံးမယ်လို့ ထင်ရပါတယ်။ မြန်မာ လက်နက်တွေဟာ မလေး လက်နက်တွေနဲ့ တူညီပြီး အာသမ် လက်နက်တွေရဲ့ လုပ်နည်းကို မြန်မာက ရခဲ့တယ်လို့ တွေးထင်စရာ ဖြစ်ပါတယ်။

ကျောက်ခေတ်ဟောင်း

ကျောက်ခေတ်ဟောင်း (Paleolithic ) ကာလဆိုသည်မှာ သမိုင်းမတင်မီ ကာလဖြစ်ပြီး ရှေးအကျဆုံးသော ကျောက်လက်နက် ကိရိယာများ စတင် အသုံးပြုလာကြသည့် အချိန် ဖြစ်သည်။ ကျောက်ခေတ်ဟောင်းကာလကို ဟိုမီးနန်လူ တို့ ကျောက်လက်နက်များကို စတင်အသုံးပြုခဲ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂.၆ သန်းခန့်မှ စတင် ရေတွက်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ခန့် အထိ ဖြစ်သည်။ ကျောက်ခေတ်ဟောင်း နောက်တွင် ကျောက်ခေတ်လယ် (Mesolithic) ဟု သတ်မှတ်သည်။ ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်လယ်ကူးပြောင်းသည့် ကြားကာလ သည် နေရာဒေသကို လိုက်၍ နှစ်ထောင်ပေါင်းများစွာ ကွဲပြားခြားနားနိုင်သည်။

ကျောက်ခေတ်ဟောင်း ကာလတွင် လူတို့သည် ဘန်း (bands) ဟုခေါ်သည့် အစုအဖွဲ့ အသေးစားကလေးများဖြင့် နေထိုင်လေ့ ရှိကြပြီး သစ်ဥသစ်ဖုများ ရှာဖွေခြင်း၊ တောရိုင်းကောင်များကို ရှာဖွေ အမဲလိုက်ခြင်းတို့ဖြင့် အသက်ဆက် နေထိုင်ကြသည်။

ကျောက်ခေတ်ဟောင်း ခေတ်လယ်

ကျောက်ခေတ်ဟောင်း ခေတ်လယ် (Middle Palaeolithic) ဆိုသည်မှာ ပေလီယိုလစ်သစ် သို့မဟုတ် ကျောက်ခေတ်ဟောင်း၏ ဒုတိယမြောက် ကာလ အပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်ပြီး ဥရောပ၊ အာရှ နှင့် အာဖရိကတို့တွင် ပေါ်ပေါက်ခဲ့သည်။ ကျောက်ခေတ်ဟောင်း ခေတ်လယ်သည် လွန်ခဲ့သော နှစ်ပေါင်း ၃ သိန်းမှ နှစ်ပေါင်း ၃ သောင်း အတွင်း ကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော်လည်း ဒေသပေါ်တွင် လိုက်၍ ကာလ အပိုင်းအခြား သတ်မှတ်မှုမှာ အမျိုးမျိုးအစားစား ကွဲပြားကြသည်။ ကျောက်ခေတ်ဟောင်း ခေတ်လယ် ပေါ်ပေါက်ပြီးသည့်နောက်တွင် ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Paleolithic ) ကာလသို့ ကူးပြောင်း ရောက်ရှိခဲ့ကြသည်။ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း ကာလမှာမူ လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်းမှ ၄ သောင်း ကြားရှိကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။

ကျောက်ခေတ်ဟောင်း ကာလ လွန်ခဲ့သော နှစ်ပေါင်း ၃သိန်းမှ ၃ သောင်းကြား ကာလ အတွင်းတွင် နင်းဒါသယ်လူသား (Homo neanderthalensis) တို့ ဥရောပတွင် တိုးပွားလာခဲ့ကြပြီး ခေတ်သစ်လူသားတို့နှင့် ခန္ဓာဗေဒအားဖြင့် တူညီသော လူသားတို့ လွန်ခဲ့သော နှစ်ပေါင်း ၁သိန်း ၉ သောင်း ၅ ထောင်ခန့်ကာလက ပေါ်ပေါက်ခဲ့ကြသည်။

ကျောက်ခေတ်ဟောင်း ခေတ်ဦး

ကျောက်ခတ်ဟောင်း ခေတ်ဦးကို Lower Palaeolithic ဟုခေါ်ပြီးကျောက်ခေတ်ဟောင်းတွင် အစောဆုံးသော ကာလအပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချိန်ကာလအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂သန်းခွဲခန့်က ဖြစ်ပြီး လူသားတို့ ကျောက်ဖြင့် ပြုလုပ်သော လက်နက် ကိရိယာများကို စတင် အသုံးပြုလာကြောင်း အထောက်အထား တွေ့ရှိရသည့် အချိန်ကာလဟု လက်ရှိ ရှေးဟောင်းသုတေသနမှတ်တမ်းများတွင် မှတ်သားထားသည်။ ထိုအချိန်မှ စတင်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၃ သိန်းကျော်ခန့် အထိကာလ ကြာမြင့်သည်။

ကျောက်ခေတ်ဟောင်း ခေတ်ဦး အပြီးတွင် ကျောက်ခေတ်ဟောင်း ခေတ်လယ် (Middle Palaeolithic) ဖြစ်ပေါ်လာပြီး ပိုမို၍ တိုးတက်သော လက်နက်ကိရိယာများကို တီထွင် အသုံးပြုလာသည့် အချိန်ပင် ဖြစ်သည်။ လူတို့ မီးကို အသုံးပြုလာခြင်းသည် ကျောက်ခေတ်ဟောင်း ခေတ်ဦးတွင် ဖြစ်ပေါ်ခဲ့သည် သို့မဟုတ် ကျောက်ခေတ်ဟောင်း ခေတ်လယ်တွင် ဖြစ်ပေါ်ခဲ့သည် ဆိုသည့်အချက်မှာမူ သုတေသီတို့ အငြင်းပွားကြဆဲပင် ဖြစ်သည်။

ကျောက်ခေတ်ဟောင်း မြန်မာနိုင်ငံ

ကျောက်လွှာ တွေရဲ့ သမိုင်းကို ကျွမ်းကျင်တဲ့ ကျောက်ဆရာ တွေက ဒီကမ္ဘာကြီး ဟာ အရင် အနှစ် ကုဋေ ၆၀၀ဝ က စပြီး ပေါ်လာ တယ်လို့ ဆိုပါတယ်။ သစ်ပင်နဲ့ လူ၊ သတ္တဝါ စတဲ့ 'သက်နေ' တွေ၊ အရင် အနှစ် ကုဋေ ၅၀ဝ က စပြီး ပေါ်ပေါက် ခဲ့ပါတယ်။ အခု 'မြန်မာ' လို့ ခေါ်နေ ကြတဲ့ မြေနေရာ ကတော့ 'သက်နေ' မပေါ်ခင် ကဘဲ ရှိပြီး ဖြစ်ပါတယ်။ အလွယ် ပြောရရင် အခု မြစ်ကြီးနား ကနေ ကယား ပြည်နယ် အထိပဲ ကုန်းတန်း ရှိပါ သေးတယ်။ အခု ဧရာဝတီ မြစ်ဝှမ်း ပေါ်၊ မပေါ် အသေအချာ မပြောတတ်ပါ။ မိုးရေ တိုက်စားတယ်၊ အနယ် ထိုင်တယ် ဆိုတာတွေ ရှိမယ်။ ပြီးတော့ မီးတောင် ပေါက်ပြီး ငလျင် အကြီးအကျယ် လှုပ်လို့ မြေအနေအထား ပြောင်းမယ်၊ ဆိုလို တာက အရင်က ပင်လယ်ပြင်မှာ ကျွန်းပေါ်၊ ကျွန်းပေါ်မှာ တောင်ပေါက်၊ တောင်ကြားမှာ ချောင်းစီး ဆိုတာ မျိုးတွေ ဖြစ်မယ်။ ခေတ်အခါ ကတော့ အရင် အနှစ် ကုဋေ ရ၀ဝ က ၈၀ဝ အတွင်း ဖြစ်ပွား ခဲ့တာ ဖြစ်တယ်။

အရင်အနှစ် ကုဋေ ၅၀ဝက ကုန်းမြေ ဖြစ်ထွန်း ပြီးသား နေရာတွေ ရေနစ် ပြန်တယ်။ ကျွန်းငယ် ကလေးတွေပဲ ကျန်ခဲ့တယ်။ ဒီ ကျွန်းငယ်တွေ ထဲမှာ အကြီးဆုံး ကျွန်းက အခု ပတ္တမြားမြေ ဖြစ်တယ်။ နောက် ကျွန်းငယ်ကလေး သုံးခုက လားရှိုး၊ လွိုင်လင်နဲ့ လွိုင်ပန် နေရာတွေ ဖြစ်တယ်။ တောင်ဘက်မှာ လောက်ဆောက် နေရာလည်း ကျွန်းတခု ဖြစ်ပါတယ်။ အခု မိုးဗြဲနဲ့ မိုးနဲ အရပ်တွေ ထဲမှာလည်း ကျွန်းတကျွန်း ရှိတယ်။ အခု ကယား ပြည်နယ် ပုံချောင်း အရပ်လည်း ကျွန်းပဲ။ ကျွန်းငယ်ကလေး တွေကို အခု ရမည်းသင်းနဲ့ ပျဉ်းမနား တဝိုက် မှာလည်း တွေ့မှာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ ဧရာဝတီ မြစ်ကျဉ်း နေရာလည်း ကျွန်းငယ် ကလေးတွေ ဖြစ်ပါတယ်။

ကျွန်းငယ်တွေ ပတ်လည်ရှိ ပင်လယ် ရေတိမ်မှာ ကျောရိုးမဲ့ သတ္တဝါ တွေကို စတင် တွေ့ရှိ လာပါတယ်။ ဒီပင်လယ် ရေတိမ်တွေဟာ ရှေးနှစ်ပေါင်း ကုဋေ ကုဋာ ကပဲ တည်ရှိပြီး၊ အရင် အနှစ် ကုဋေ ၄၀၅ ရောက်ခါမှ ရှမ်းပြည်နယ် ပေါ်ထွန်း လာခဲ့တယ်။ တောင်တန်းကြီး တွေလည်း ပေါ်လာ ပါပြီ။ အရင် အနှစ် ကုဋေ ၄၀ဝ ကို ရောက်တော့ မြေပြင်တွေ ရေမှာ နစ်ပြန်လို့ ပင်လယ်ကြီးတွေ ဖြစ်လာ ပြန်တယ်။ ဒါပေမဲ့ ကျွန်းကြီးတွေ ကျန်ရစ် ခဲ့တယ်။ ရာသီ ဥတုက ခုထက် ပူလို့ သန္တာ ကျောက်တန်းတွေ ပေါ်ပေါက် လာတယ်။ ယခင် အနှစ် ကုဋေ ၂၅ဝ က သိပ်ပြင်းထန်တဲ့ မြေငလျင် တွေကြောင့်၊ မြန်မာ မြေပြင်ဟာ တကြိမ် ပြန်ပြီး ပေါ်ထွန်း ပါတယ်။ ရှမ်းကုန်း မြေမြင့်မှာ တောင်ရိုးတွေ၊ တောင်ထိပ်တွေ၊ မြစ်ဝှမ်း ကလေးတွေကို အခု အနေအထား အတိုင်း စတင် တွေ့ရှိ ရပါတယ်။ မြေဩဇာ ညံ့လို့ ထူထပ်တဲ့ သစ်တောတွေ မရှိသေးပါ။ အပင်ငယ်တွေ ထင်းရှူးပင် တွေနဲ့ ကိုင်းတော တွေသာ များပါတယ်။

အရင် အနှစ် ကုဋေ ၂၃ဝ က ကုဋေ ၇ဝ အတွင်းမှာ တောင်ကြီးတွေ ပေါ်လောက်အောင် ပြင်းထန်တဲ့ မြေငလျင် တွေကြောင့် ရှမ်းပြည်နယ်ရှိ ထုံးခြောက် တောင်တွေ အများကြီး တွန့်ခေါက် သွားရတယ်။ ဒီလို ပြင်းထန်တဲ့ လှုပ်ရှားမှု တွေကြောင့်၊ တွားသွား သတ္တဝါ ကြီးတွေ သေကြေ ပျက်စီး ပျောက်ကွယ် သွားတယ်။ အရင် အနှစ် ကုဋေ ၁၆ဝ က စပြီး တနင်္သာရီ ကမ်းမြောင် ဒေသ ထင်ထင်ရှားရှား ပေါ်ပေါက် လာတယ်။ အရင် အနှစ် ကုဋ ၆ဝ က စပြီး ရခိုင် ရိုးမလည်း ထင်ထင်ရှားရှား ပေါ်လာတယ်။ မီးတောင် ပေါက်ကွဲ တာကြောင့် ဝန်းသိုနဲ့ မုံရွာ တဝိုက် မှာလည်း ကျွန်းဆက်တွေ ပေါ်ခဲ့တယ်။ အရင် နှစ်ပေါင်း ကုဋေ ၄ဝ က စပြီး နုန်းမြေ အနည်ထိုင်လို့ မင်းကွန်း၊ မန္တလေး ဒေသ ပေါ်လာတယ်။ နောက်ဆုံး ငလျင် အကြီးအကျယ် လှုပ်တာက အရင် အနှစ် ၁ဝ ကုဋေကြ ဖြစ်ပါတယ်။ ဒီငလျင်ကြီး တွေကြောင့် ပင်လယ် ကမ်းရိုးတန်းလည်း တောင်ဘက်ကို တဖြည်းဖြည်း ကျယ်လာတယ်။ မြန်မာ အလယ်ပိုင်းဟာ မြေပြန့် ဖြစ်ပါတယ်။ မြစ်ကြီး တွေက သယ်ယူ ပို့ချပေးလို့ မြစ်ဝှမ်း တလျှောက်ရှိ ကျောက်တုံးတွေ၊ သဲတွေ၊ ညွှန်တွေဟာ တောင်ဘက် ပင်လယ်အော် တွေကို ရောက်လာ ပါတယ်။

မုံရွာရဲ့ အနောက်ဘက်၊ ရွှေဘိုရဲ့ အရှေ့ဘက် ဒေသ တွေမှာ မီးတောင်တွေ ပေါက်ကွဲလို့ တောင်ရိုးငယ် ကလေးတွေ ပေါ်လာ ပါတယ်။ ပုပ္ပားတောင်လည်း ဒီအချိန်ကပဲ ပေါ်တယ်လို့ ထင်ပါတယ်။ နို့တိုက် သတ္တဝါကြီး တွေရဲ့ ရုပ်ကျွင်း တွေကို မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တွေ့နိုင် ပါတယ်။ အရင် အနှစ် ၁ ကုဋေ လောက်က သတ္တဝါ တွေမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ် လာတယ်။ ဒီပြောင်းလဲတွေ အများကြီး ဖြစ်ပေါ် လာတယ်။ ဒီပြောင်းလဲ ပုံကို လိပ်၊ မိကျောင်း၊ ကျွဲနဲ့ ဆင် သတ္တဝါ တွေမှာ ပိုပြီး ထင်ထင်ရှားရှား တွေ့နိုင်တယ်။ နောက်အခါမှာ နွား၊ မြင်း၊ တောင်ဆိတ်၊ ဒရယ်တွေ မှာလည်း အများကြီး ပြောင်းလဲတာ တွေ့ပါတယ်။ အရင် အနှစ် ၁ ကုဋေက အနှစ် ၅ သိန်း အတွင်းမှာ ဧရာဝတီ မြစ်ဝှမ်းဟာ မိုးစွေကာလ မိုးပါး ကာလကို လိုက်ပြီး မြစ်ကမ်းဟာ အဆင့် ငါးဆင့်ထိ ဖြစ်ပေါ် ခဲ့ပါတယ်။ မိုးရေ အနည်းအများ ရှိတယ် ဆိုတာက မိုးစွေတဲ့ခေတ်၊ မိုးပါးတဲ့ခေတ် ငါးကြိမ်စီ ပေါ်ခဲ့လို့ ဖြစ်တယ်။ အခု မြန်မာ နိုင်ငံမှာ တွေ့ရှိရတဲ့ ရာသီ ဥတုဟာ မိုးပါးခေတ် ရာသီ ဥတု ဖြစ်ပါတယ်။ အရင် အနှစ် ၁ သောင်း ၁ ထောင်က ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ မြေပြင်မှာ လူသတ္တဝါ စတင် ပေါ်ပေါက်တဲ့ အခါ ကပဲ၊ လူလည်း တခြား သတ္တဝါ တွေလိုပဲ အချိန်ရှိ သရွေ့ ကိုယ်စားဖို့ အစာကို ကိုယ့်ဘာသာ ရှာစား နေရတယ်။ အဲဒီခေတ် ကာလကို အကြို သမိုင်းခေတ်လို့ ခေါ်ပါတယ်။ လူတွေက သဘာဝ အတိုင်း အလိုလို လောင်နေတဲ့ မီးကို ယူငင် သုံးစွဲ တတ်လာတယ်။ နောက်တော့ ကိုယ်တိုင် မီးမွေး တတ်တယ်။ လူရဲ့ ဘဝနဲ့ တိရစ္ဆာန် ရိုင်းရဲ့ ဘဝမှာ အဲဒါက လွဲရင် ဘာမျှ သိပ်ပြီး မကွာခြားပါ။ အဲဒီက တဆင့် တက်ပြီး လူတွေက ကျောက်တုံးကို လိုသလို ပုံစံ ကျအောင် ဖဲ့ပြီး လက်နက် အဖြစ် အသုံး ချလာတယ်။ လူတွေကို လက်နက် လုပ်တတ်တဲ့ သတ္တဝါ တွေလို့ ခေါ်နိုင် ပါတယ်။

ရှိသမျှ တိရစ္ဆာန်တွေ ထဲမှာ လူပဲ လက်နက် လုပ်တတ် ပါတယ်။ လုပ်သမျှ လက်နက်တွေ ကလည်း ကျောက်တုံး တွေသာ ဖြစ်တယ်။ ဒါကြောင့် လူ့သမိုင်း အစကို မှတ်သား ရတာ လွယ်အောင် ကျောက်ခေတ်လို့ နာမည် ပေးထားတယ်။ ကျောက်ခေတ် မှာလည်း လက်နက် အညံ့က အကောင်း ဖြစ်အောင် တိုးတက် လာလို့ ခေတ်သုံးခေတ် ရှိတယ်လို့ မှတ်ပါ။ အရင် အနှစ် ၁ ကုဋေက အရင် အနှစ် ၁ သောင်း ၂ ထောင် အထိကို ကျောက်ခေတ် ဟောင်းလို့ ခေါ်တယ်။ စောစောက လက်နက်ကြမ်းပဲ ဖြစ်တယ်။ နောက် နည်းနည်း ကောင်းလာတယ်။ အရင် အနှစ် ၁ သောင်း ၂ ထောင်က အရင် အနှစ် ၉ ထောင်ကို ကျောက်ခေတ် လယ်လို့ ခေါ်ပါတယ်။ အချော ကိုင်တတ်လို့ လက်နက် ကောင်းတွေ ပေါ်လာတယ်။ အရင် အနှစ် ၉ ထောင်က အရင် အနှစ် ၅ ထောင် ၅ ရာကို ကျောက်ခေတ် သစ်လို့ ခေါ်ပါတယ်။

လူသတ္တဝါရဲ့ အစကို အခြေခံလို့ ရတဲ့ သတ္တဝါကို ပရိုင်းမိတ်လို့ ခေါ်တယ်။ နောင်အခါ လူဖြစ်မယ့် အစ သတ္တဝါရဲ့ ကျောက်ဖြစ် ရုပ်ကျွင်းကို ပုံတောင် ပုံညာမှာ တွေ့ပါတယ်။ အရင် အနှစ် ၄ ကုဋေက တိရစ္ဆာန် ဆိုတော့ လူနဲ့ နီးစပ်တာ အံသွားမှာ အစာ ချေဖို့ ဘုလေးခု အစား ငါးခု၊ ဒါပဲ ရှိတယ်။ အကောင်ရဲ့ အရွယ်က မျောက်လွှဲကျော် လောက်ပဲ ရှိမယ်။ အဲဒီက စတဲ့ လူဆင့်ကဲ ဖြစ်စဉ်ကို အခု ဒီမှာ ရှင်းပြဖို့ နေရာ မရှိပါ။ လူ စပေါ်တာက အရင် အနှစ် ၁ သန်းက ပဲလို့ လွယ်လွယ် မှတ်ပါ။ လူဟာ သတ္တဝါတွေ ထဲမှာ အားအနည်းဆုံး၊ ဒါကြောင့် လက်နက်ကို သုံးရတယ်။ တိရစ္ဆာန် မှာလည်း လက်နက် သုံးတဲ့ သဘော ရှိတယ်။ လူက လက်နက် လုပ်တတ်တယ်။ လက်နက်ကို ကောင်းကောင်း သုံးတတ်လို့ လိုချင်တဲ့ ပစ္စည်းကို ထုတ်လုပ် နိုင်တယ်။ ကြီးသူက ငယ်သူကို ပညာ ပေးနိုင်တယ်။ လူဓလေ့ ထုံးစံ ပေါင်းသင်း ဆက်ဆံရေး စည်းကမ်း တွေကို သတ်မှတ်တယ်။ နောင်အခါ လူ ဖြစ်မယ့် တိရစ္ဆာန် တွေဟာ ခြေစုံရပ်ပြီး လူ လမ်းလျှောက် သလို လျှောက်နိုင်ပေမဲ့ ဦးနှောက်က သေးငယ် သေးတယ်။ အဲဒါကြောင့် တွေးခေါ် မှတ်သားဖို့ မလွယ်ဘူး။ ပြောဆို သင်ကြား ဖို့လည်း မဖြစ် နိုင်ဘူး။ နောင်အခါ ဦးနှောက် ကြီးထွား လာတော့မှ လူစစ်စစ် ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲ လာတာကို ဆင့်ကဲ ပြောင်းလဲခြင်းလို့ ခေါ်တယ်။ လူဖြစ်အောင် ပေါ်လာရတဲ့ ဆင့်ကဲ ပြောင်းလဲခြင်းကို အာဖရိကမှာ သက်သေ အထောက်အထား အများဆုံး ရှာဖွေ တွေ့ပါတယ်။ ဒါပေမဲ့ ဒီ အဖြစ်အပျက်ဟာ 'ဟိုက အစ' လို့ ပြောဖို့ထက် နေရာတွေ အများကြီးမှာ ဒါမျိုး တွေ့နေတာ ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကျောက်ခေတ်ဟောင်း ကာလကို အစောပိုင်း၊ အလယ်ပိုင်းနဲ့ အနှောင်းပိုင်းလို့ သုံးပိုင်း ခွဲပါတယ်။ အစောပိုင်းမှာ အရင် အနှစ် ၁ ကုဋေက၊ အရင် အနှစ် ၁ သိန်း ၅ သောင်း အထိ ကြာတယ်။ အလယ်ပိုင်းက အရင် အနှစ် ၁ သိန်း ၅ သောင်းက၊ အရင် အနှစ် ၃ သောင်း ၅ ထောင်ထိ ကြာတယ်။ အနှောင်း ကာလ ကတော့ အရင် အနှစ် ၃ သောင်း ၅ ထောင်က၊ အရင် အနှစ် ၁ သောင်းထိ ကြာပါတယ်။ အဲဒီ ကာလ သုံးမျိုးမှာ မတ်တတ် လျှေက်လူ၊ ခေတ်ဦး လူနှင့် ခေတ်လူ ဆိုပြီး လူကို စွဲပြီး မှတ်သားလေ့ ရှိပါတယ်။ မတ်တတ်စ ပြီးလျှောက်တဲ့ လူတွေကို (Homo erectus) မတ်ရပ်လူ၊ ခေတ်ဦး လူတွေကို (Homo sapiens) လူလိမ္မာ၊ ခေတ်လူ တွေကို (Homo sapiens sapiens) လူကျော်လို့ ခေါ်ပါတယ်။

Homo က 'လူ' လို့ အဓိပ္ပာယ် ရပြီး Sapiens 'ဉာဏ်ရှိတယ်' လို့ အဓိပ္ပာယ် ရတယ်။ ဒါကြောင့် အလွယ်တကူ ပြောနိုင် ခေါ်နိုင်အောင် Homo sapiens ကို ဉာဏ်လူ၊ Homo sapiens sapiens ကို 'ဉာဏ်ကြီးရှင်' လို့ပဲ ခေါ်ချင် ပါတယ်။

ကြေးခေတ်

ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။ ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။

ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

ကြေးနီခေတ်

'ကြေးနီခေတ် (Chalcolithic Age) ကို ယဉ်ကျေးမှု သမိုင်းစဉ်တွင် ခရစ်မပေါ်မီ နှစ်ပေါင်း ၄၅၀၀ မှ ၃၀၀၀ အတွင်းဟု ပိုင်းခြားသတ်မှတ်သည်။ ကြေးနီကို လက်နက် ကိရိယာအဖြစ် အစပြု၍ ပြုလုပ်သုံးစွဲခဲ့ကြသော ခေတ်ဖြစ်လေသည်။ ထိုခေတ်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ စည်ပင်၍ အများနှင့်ဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ကြသည်။ အိုးခွက်များကို အလှအပချယ်သည်။ ခရစ်မပေါ်မီ နှစ် ၃၅၀၀ တွင် အရေးအသားပေါ်လာ၍ မှန်ကန်ခြင်း၊ စင်ကြယ်ခြင်းဟူသော သဘောတရားများကို ဆွေးနွေးလာခဲ့ကြသည်။ အသီးအနှံနှင့် ကောက်ပဲတို့ကို ပဓာန စားသောက်ကြသည်။

ဂျပန်နိုင်ငံ

ဂျပန် (日本 နိဟွန်း သို့မဟုတ် နိပွန်၊ တရားဝင်အမည် 日本国 နိပွန်ကိုကု သို့မဟုတ် နိဟွန်းကိုကု) သည် အရှေ့အာရှတွင်ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိပြီး ဂျပန်ပင်လယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား နှင့် ရုရှား တို့၏ အရှေ့ဖက်တွင် ရှိပြီး မြောက်ဖက်ရှိ အိုဟွတ်ပင်လယ်မှတောင်ဘက် အရှေ့တရုတ်ပင်လယ်နှင့် ထိုင်ဝမ်တို့အထိ ဖြန့်ကျက်တည်ရှိသည်။ ဂျပန်၏ နာမည်ကို ဖော်ကျူးထားသော စာလုံးများမှာ "နေမှဆင်းသက်လာသောတိုင်းပြည်" ဟု အဓိပ္ပာယ်ရပြီး ထိုအတွက်ကြောင့် တခါတရံတွင် ဂျပန်အား "နေထွက်ရာတိုင်းပြည်" ဟု အဓိပ္ပာယ်ဖော်ဆို ခေါ်ဝေါ်ကြသည်။

ဂျပန်သည် ကျွန်းပေါင်း ၃၀၀၀ ကျော်ပါဝင်သည့် ကျွန်းစုနိုင်ငံဖြစ်သည်။ အကြီးဆုံးကျွန်းများမှာ ဟွန်ရှူး(本州)၊ ဟော့ကိုင်းဒိုး(北海道)၊ ကျူရှူး (九州) နှင့် ရှီကိုကူး (四国) တို့ဖြစ်ကြပြီး ဂျပန်နိုင်ငံ၏ မြေနေရာစုစုပေါင်း၏ ၉၇ ရာခိုင်နှုန်းမျှရှိသည်။ ကျွန်းအများစုမှာ တောင်ထူထပ်ပြီး အများအပြားမှာ မီးတောင်များဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်၏ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဖူဂျီတောင် (富士山) သည် မီးတောင်တစ်ခုဖြစ်သည်။ ဂျပန်သည် ကမ္ဘာပေါ်တွင် ဒဿမမြောက် လူဦးရေအများဆုံးဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁၂၈ သန်းမျှရှိသည်။ တိုကျိုမြို့ပြ ဒေသကြီးတွင် ပုံမှန်အားဖြင့် မြို့တော်ဖြစ်သော တိုကျို့မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များ ပါဝင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြို့ပြဧရိယာဖြစ်ပြီး လူဦးရေ သန်း ၃၀ ကျော်နေထိုင်ကြသည်။

ရှေးဟောင်းသုတေသန လေ့လာချက်များအရ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း အချိန်ကာလကပင် ဂျပန်ကျွန်းများ ပေါ်တွင် လူများ နေထိုင်လျှက်ရှိကြောင်း သက်သေအထောက်အထားများ တွေ့ရှိရသည်။ ဂျပန်ဟူသော အမည်နာမကို သမိုင်းမှတ်တမ်းအဖြစ် ပထမအေဒီရာစုနှစ်မှ တရုတ်သမိုင်းစာအုပ်အတွင်း ပထမဆုံးအကြိမ် တွေ့ရှိရပြီး အကျဉ်းချုံးသာ ဖော်ပြထားသည်။

အချိန်ကာလကြာမြင့်စွာ တသီးတသန့် နေခဲ့ပြီးနောက် ပြင်ပကမ္ဘာမှ လွှမ်းမိုးမှုများ ရောက်ရှိလာခြင်းသည် ဂျပန်သမိုင်း၏ သွင်ပြင်လက္ခဏာပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ယခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်သုံးစွဲသည့် အချိန်မှစ၍ ဂျပန်သည် ဘုရင်ရှိသော စည်းမျဉ်းခံဘုရင်စနစ်နှင့် ဒိုင်းယက်ခေါ် လူထုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အထက်နှင့် အောက်လွှတ်တော်တို့ တပေါင်းတစည်းတည်းအုပ်ချုပ်သည့်စနစ်ကို ထိန်းသိမ်းကျင့်သုံးလာခဲ့သည်။

ဂျပန်သည် အဓိက စီးပွားရေး အင်အားစုဖြစ်ပြီး nominal GDP (စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး) အရ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးစနစ်ဖြစ်ပြီး တတိယမြောက် အကြီးဆုံး ဝယ်အားရှိသည့် နိုင်ငံဖြစ်သည်။ ဂျပန်သည် ကုလသမဂ္ဂ၊ G8၊ G4၊ OECD နှင့် APEC တို့၏ အဖွဲ့ဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ကာကွယ်ရေးသုံးငွေ ပဉ္စမမြောက် အများဆုံး နိုင်ငံဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် စတုတ္တမြောက် အကြီးဆုံး ကုန်စည်တင်ပို့သူဖြစ်ပြီး ဆဋ္ဌမမြောက် အကြီးဆုံး ကုန်စည် တင်သွင်းသူဖြစ်သည်။ ဂျပန်သည် လူနေမှု အဆင့်အတန်း မြင့်မားသော ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သည်။ လူထုဖွံဖြိုးမှုကိန်းညွှန်းနိုင်ငံများ စာရင်းတွင် အဆင့် ၈ ရှိသည်။ ကမ္ဘာပေါ်တွင် နည်းပညာ၊ စက်ပစ္စည်းနှင့် စက်ရုပ်ပိုင်းဆိုင်ရာ နယ်ပယ်များတွင် ဦးစီးဦးဆောင်သည့် နေရာမှရှိသော နိုင်ငံဖြစ်သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ လူ့သက်တမ်းအရှည်ဆုံးနှင့် ကလေးသူငယ်သေဆုံးမှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည်။

ရေခဲခေတ်

ရေခဲခေတ် သည် ကမ္ဘာ့မြေမျက်နှာ၏ အပူချိန် ကြာမြင့်စွာ မရနိုင်ကြစဉ် ကာလ ဖြစ်သည်။ ၎င်းကာလတွင် ကမ္ဘာ့တိုက်ကြီး များ သည် ရေခဲပြင်များအဖြစ်၊ ဝင်ရိုးစွန်း ရေခဲပြင် နှင့် အပလင် (apline) မဟာရေခဲတုံးများ (galciers) ကြီးထွားခဲ့သည်။ ပထဝီ ကာလ အတိုင်းအတာ အရ တောင်ဝင်ရိုးစွန်း နှင့် မြောက်ဝင်ရိုးစွန်း တို့တွင် ရေခဲပြင်များရှိလျှင် ရေခဲခေတ်ဟုခေါ်သည်။ ထို့ကြောင့် ယခုခေတ်သည် ပထဝီ ကာလ အရ ရေခဲခေတ် ပင် ဖြစ်သည် (ဂရင်းလန်းနှင့် အန္တာတိက တို့တွင် ရေခဲချပ်ကြီးများ ဖုံးလွှမ်းလျက်ပင် ရှိသေးသောကြောင့် ဖြစ်သည်။)

အခြားအဆိုတစ်ခုကမူ “ရေခဲခေတ်” သည် မြောက်အမေရိကနှင့် ဥရောပတို့တွင် ရေခဲများ ဖုံးလွှမ်းခဲ့သော အချိန်ကာလကို ရည်ညွှန်းကြသည်။ ၎င်းအဆိုအရ “ရေခဲခေတ်”သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀ဝ၀ဝ) ခန့်က ဖြစ်သည်ဟု ယူဆကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း တစ်သန်းခန့်က ကမ္ဘာ၏

မြောက်ပိုင်းတစ်ပိုင်းလုံးသည် ရေခဲပြင်အတိ ဖုံးလွှမ်းလျက် ရှိလေသည်။ ကမ္ဘာကြီးသည် အဘယ်ကြောင့် ထိုမျှလောက် အေးခဲ့သည်ကိုမူ မည်သူမျှ တပ်အပ်သေချာ မပြောနိုင်ချေ။ မိုင်ပေါင်းများစွာ ကျယ်ပြန့်သော ရေခဲပြင်ကြီးသည် ဥရောပတိုက်နှင့် မြောက်အမေရိက တိုက် မြောက်ပိုင်းတို့ကို ဖုံးလွှမ်းခဲ့လေသည်။ ထို ရေခဲပြင်ကြီးသည် တဖြည်းဖြည်း တောင်ဘက်သို့ လျှောဆင်း လာခဲ့ရာ တစ်ချိန်ကမူ ရေခဲဖုံးလွှမ်းသော မြေအကျယ်အဝန်းမှာ စတုရန်းမိုင် ရှစ်သန်းခန့်ပင် ရှိခဲ့လေသည်။ ထိုသို့ ရေခဲပြင်ကြီး ဖုံးလွှမ်းလျက်နေခဲ့သည့်ခေတ်ကို ရေခဲခေတ်ဟူ၍ ခေါ်ကြသည်။

ရေခဲခေတ်တွင် နွေရာသီမှာ တိုတောင်း၍ အေး၏။ ရေခဲပြင်ကြီးလည်း တောင်ဘက်သို့ တဖြည်းဖြည်း ရွေ့ဆင်း ကျယ်ပြန့်လာသည်။ မြောက်အမေရိကတိုက်တွင်မူ ကနေဒါနိုင်ငံ တစ်ခုလုံးနှင့် မစ်စစ်စပီမြစ်ဝှမ်း အထက်ပိုင်းသည် ရေခဲအတိ ဖုံးလွှမ်းလျက်ရှိသည်။ အာရှတိုက်မြောက်ပိုင်း၊ ရုရှနိုင်ငံအထက်

ပိုင်း တစ်ပိုင်းလုံးသည်လည်း ရေခဲပြင်ကြီး ဖြစ်နေသည်။ ထိုအတွင်း၌ ရာသီဥတုသည် ပူလိုက်အေးလိုက်နှင့် အမျိုးမျိုး ပြောင်းလဲလျက် ရှိသည်။ ကမ္ဘာမြေကြီး တစ်စတစ်စ ပူလာလျှင် ရေခဲပြင်ကြီးသည် မြောက်ဘက်သို့ ပြန်ဆုတ်သွားလေသည်။ ယခင်က ရေခဲပြင်ရှိသည့်နေရာတွင် မြက်ပင်များ ပေါက်လာ၍ တိရစ္ဆာန်များလည်း မြောက်ဘက်သို့ စွန့်စားကာ သွားရောက်ကျက်စားကြပြန်သည်။ တစ်ဖန် ရာသီဥတုသည် ပြန်လည် အေးမြလာလျှင် ရေခဲပြင်ကြီးလည်း တောင်ဘက်သို့

လျှောဆင်းလာပြန်သည်။ ယင်းသို့ ဆုတ်လိုက်၊ ဆင်းလိုက်နှင့် ပြောင်းလဲခဲ့သည်မှာ လေးကြိမ်၊ ငါးကြိမ်ခန့်ပင် ရှိလိမ့်မည်ဟု မှန်းဆကြလေသည်။

ထိုကဲ့သို့ ရေခဲပြင်ကြီး ဆုတ်လိုက်၊ ဆင်းလိုက်နှင့် အမျိုးမျိုး ပြောင်းလဲခဲ့ခြင်း အကြောင်းရင်းကို မည်သူမျှ ကောင်းစွာ မသိရှိကြချေ။ သိပ္ပံပညာရှင်အချို့ကမူ ယခု ကျွနု်ပ်တို့သည် ရေခဲခေတ်၏ ကြားကာလတွင် နေထိုင်လျက် ရှိကြသည်။ နောင်နှစ်ပေါင်းများစွာ ကြာရှိသည့်အခါ ရာသီဥတုသည် တစ်ဖန် အေးမြလာပြီးလျှင် ကမ္ဘာသည် ရေခဲပြင်ကြီး ပြန်လည် ဖုံးလွှမ်းခြင်းကို ခံရလိမ့်ဦးမည်ဟု ယုံကြည်ကြလေသည်။ ရေခဲ ခေတ်တစ်ခေတ်နှင့် တစ်ခေတ်စပ်ကြားတွင် နှစ်ပေါင်းငါးသိန်း

မျှ ကြာသည်ဟူသော တွက်ကိန်းကိုထောက်လျှင် အထက်ပါ ယုံကြည်ချက်မှာ ယုတ္တိတန်လေသည်။

ရေခဲပြင်ကြီးသည် အရည်ပျော်ကျသွားသောအခါ ချိုင့်ဝှမ်း မြေနိမ့်ဒေသတို့တွင် အင်းအိုင်များ ဖြစ်ပေါ်လျက် ကျန်ရစ်ခဲ့လေသည်။ ထိုပြင် အမှိုက်သရိုက် ကျောက်ခဲကျောက်တုံးများသည်လည်း ဟိုနေရာ သည်နေရာတွင် စုပုံပြန့်ကြဲလျက် ကျန်ရစ်ခဲ့သည်။ သို့ဖြစ်ရာ ရေခဲပြင်ကြီးသည် မြေမျက်နှာပြင် အနေအထားကို များစွာ ပြောင်းလဲသွားစေလေသည်။

ရေခဲပြင်ကြီးသည် ယခင်က ပူနွေးသောဒေသသို့ ရွေ့လျား ကျဆင်းလာသောအခါ ထိုဒေသတွင် နေထိုင် သွားလာ ကျက်စားလျက် ရှိကြကုန်သော သတ္တဝါတို့ကို များစွာ အခက်အခဲနှင့် တွေ့စေသည်။ အချို့သော တိရစ္ဆာန်များသည် အအေး၏ဒဏ်ကို မခံနိုင်ဘဲ လုံးဝပျက်စီးပျောက်ကွယ်သွားကြလေသည်။ အချို့ကား နေပူသည့် တောင်ဘက်သို့ ပြေးလွှားပြောင်းရွှေ့ခဲ့ကြရ

လေသည်။ရေခဲခေတ်က လူသားအချို့ စားသုံးသော အစားအစာများမှာ အလွန် အာဟာရဓာတ်ကြွယ်ဝသော အစား အစာများဖြစ်ကြောင်း၊ ရေခဲခေတ်လူသားတို့ စားသုံးသော ညစာတွင် အာဟာရဓာတ်မျှတသော်လည်း အဆီများစွာ ပါဝင်နေကြောင်း သိပ္ပံပညာရှင်တို့က ပြောကြားခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၃၀၀ ခန့်က လူသားအချို့အား အေးခဲနေသော ရေခဲများအတွင်း သူတို့၏ ရုပ်အလောင်းများကို ၁၉၉၁-ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြကြောင်း၊ အဆိုပါ ရှေးခေတ်လူသားတို့၏ ရုပ်အလောင်းမှနေ၍ ၎င်းတို့မသေဆုံးမီ စားသုံးခဲ့သော အစားအစာများနှင့် လူနေဟန်များကို သိပ္ပံပညာရှင်တို့က ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်အရ ရေခဲခေတ်လူသား ရုပ်အလောင်း၏ ဝမ်းဗိုက်ထဲတွင် ဆိတ်သား၊ သမင်၊ ဒရယ်သားတို့ စားသုံးမှုမှ အဆီများဖြင့် ပြည့်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းတို့၏ ဝမ်းဗိုက်အတွင်း တွေ့ရှိရသည့် အဆီပမာဏသည် မျက်မှောက်ခေတ် လူသားတို့ စားသုံးသည့် အစာအာဟာရထဲမှ အဆီပမာဏ ၁၀% ထက် ကျော်လွန်ကာ အဆီပမာဏ ၅၀% ခန့် ရှိကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။

သံခေတ်

သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

အင်္ဂလန်နိုင်ငံ

အင်္ဂလန်သည် နိုင်ငံတစ်ခုဖြစ်ပြီး ယူနိုက်တက် ကင်းဒမ်း၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ အင်္ဂလန်သည် မြောက်ဘက်တွင် စကော့တလန်နိုင်ငံ၊ အနောက်ဘက်တွင် ဝေလနိုင်ငံတို့နှင့် ကုန်းမြေခြင်း ထိစပ်လျက် ရှိပြီး အနောက်မြောက်ဘက်တွင် အိုင်းရစ်ရှ်ပင်လယ်၊ အနောက်တောင်ဘက်တွင် ဆဲလ်တစ် ပင်လယ်၊ အရှေ့ဘက်တွင် မြောက်ပင်လယ် တို့နှင့် ထိစပ်လျက် ရှိသည်။ အရှေ့ဘက်တွင်မူ ဥရောပတိုက်နှင့် အင်္ဂလိပ်ရေလက်ကြား ခြားနားလျက် တည်ရှိသည်။ အင်္ဂလန်နိုင်ငံ၏ အစိတ်အပိုင်း အတော်များများသည် မြောက်အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းရှိ ဂရိတ် ဗြိတိန်ကျွန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသ တို့တွင် တည်ရှိသည်။ ထို့ပြင် စီလီကျွန်းစုများ နှင့် ဝိုက်ကျွန်းစုများ အစရှိသည့် ကျွန်းငယ် အများအပြားလည်း ပါဝင်သည်။

ယခုအချိန်တွင် အင်္ဂလန်ဟု ခေါ်ဆိုကြသော နေရာမှာ လူသားတို့ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Palaeolithic period) ကာလကပင် အခြေချ နေထိုင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံ၏ အမည်မှာ ၅ ရာစုနှင့် ၆ ရာစု များအတွင်း အခြေချ နေထိုင်ခဲ့ကြသည့် ဂျာမန်လူမျိုးစု တစ်စုဖြစ်သော အိန်ဂျယ်လ် လူမျိုးစု၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် အေဒီ ၉၂၇ ခုနှစ်တွင် တစ်စုတစ်စည်းတည်း ဖြစ်ခဲ့ပြီး စူးစမ်း ရှာဖွေရေးခေတ် (Age of Discovery) ဟုခေါ်သည့် ၁၅ ရာစုနှစ်တွင်ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ဥပဒေပိုင်းဆိုင်ရာအားဖြင့် တစ်ကမ္ဘာလုံးသို့ ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိကန်ဘုရားကျောင်းနှင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံအတော်များများရှိ တရားဥပဒေ စနစ် အတော်များများ၏ အခြေခံ ဖြစ်သော အင်္ဂလိပ် ဥပဒေတို့ကို အင်္ဂလန်တွင် တီထွင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံ အစိုးရ၏ ပါလီမန်စနစ် ပုံစံကိုလည်း နိုင်ငံ အတော်များများတွင် ကျင့်သုံးလျက် ရှိကြသည်။ စက်မှုတော်လှန်ရေးသည် အင်္ဂလန်တွင် ၁၈ ရာစု၌ စတင်ဖြစ်ပွားခဲ့ပြီး လူ့အဖွဲ့အစည်းကို ကမ္ဘာပေါ်တွင် ပထမဆုံး စက်မှုထွန်းကားသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲ ပေးခဲ့သည်။ အင်္ဂလန်ရှိ တော်ဝင်အဖွဲ့အစည်းသည် ခေတ်သစ် သိပ္ပံစမ်းသပ်မှုများ၏ အခြေခံ အုတ်မြစ်ကို ချပေးခဲ့သည်။

ဂရိတ်ဗြိတိန်ကျွန်း၏ တောင်ဘက်စွန်းတွင်

ဝေလပြည်မှတစ်ပါး ကျန်အပိုင်းသည် အင်္ဂလန်ပြည်ဖြစ်သည်။

မြောက်လတ္တီတွဒ် ၅ဝ ံ မှ ၅၆ ံ နှင့် အရှေ့လောင်ဂျီတွဒ် ၂ ံ

မှ အနောက် လောင်ဂျီတွဒ် ၆ ံ အတွင်း၌တည်ရှိသည်။ ဂရိတ်

ဗြိတိန်တစ်ကျွန်းလုံး၏ ကိုးပုံငါးပုံခန့်သည် အင်္ဂလန်ပြည်ဖြစ်

သည်။ အကျယ်အဝန်းအားဖြင့် ၅ဝ၈၇၅ စတုရန်းမိုင်ရှိ၍

တောင်ဘက်သလစ်ဇတ်အငူမှ မြောက်ဘက် ဗားဝစ်-အွန်-တွိမြို့

အထိ မိုင် ၄၃ဝ ရှည်ပြီးလျှင် လင်းစအင်းအငူမှ လိုးဝက်

စတော့မြို့အထိ မိုင် ၃၇ဝ ကျယ်သည်။ အင်္ဂလန်ပြည်၏

မည်သည့်နေရာမျှ ပင်လယ်ရေရှိရာနှင့် မိုင် ၇ဝ ထက် ပိုဝေး

သည်ဟူ ၍မရှိချေ။

အင်္ဂလန်ပြည်ကို မြောက်ဘက်တွင် စကော့တလန်ပြည်၊

အနောက်ဘက်တွင်ဝေလပြည်၊ အိုင်းရစ်ပင်လယ်နှင့် အတ္တလန္တိတ် ပင်လယ်၊ တောင်ဘက်တွင် အင်္ဂလိပ်ရေလက်ကြားနှင့်

အရှေ့ဘက်တွင် မြောက်ပင်လယ်တို့ အသီးသီးဝန်းရံလျက်ရှိ

သည်။ စကော့တလန်ပြည်နှင့် အင်္ဂလန်ပြည်ကြားတွင် တွိမြစ်က

နယ်နမိတ်သဖွယ် ခြားလျက်ရှိသည်။

အင်္ဂလန်ဟူသောအမည်သည် အန်းဂဲလူမျိုးတို့၏မြေဟု

အဓိပ္ပာယ်ရသော အန်းဂဲလန်းဆိုသောစကားမှ ဖြစ်ပေါ်လာခြင်း

ဖြစ်သည်။ အန်းဂဲလူမျိုးတို့သည် ခရစ်ပေါ်ပြီး ၄ဝဝ နှင့် ၅ဝဝ

ပြည့်နှစ်များအတွင်းက ထိုဒေသကို ဝင်ရောက်တိုက်ခိုက်နေထိုင်

ကြသောကြောင့်ဖြစ်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.