ကျောက်ခေတ်

ကျောက်ခေတ် ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်ကိရိယာ တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။

ထိုခေတ်ထိုအခါက လူသားများသည် ကျောက်ခဲအမျိုးမျိုးကို အသုံးပြု၍ ကရိယာ တန်ဆာပလာများ ပြုလုပ်ကြသည်။ ဥပမာအားဖြင့် မီးခတ်ကျောက်နှင့် chert ကျောက်များကို ပုံဖော်၍ (ပုံထွင်း၍) ဖြတ်တောက်သော ကိရိယာများနှင့် လက်နက်များ ပြုလုပ်ကြပြီး မီးတောင်ချော်နက် နှင့် သဲကျောက်တို့ကို ကျောက်ဆုံအစရှိသည့် အောက်ခံကျောက်ကိရိယာများအဖြစ် ပြုလုပ်ကြသည်။ သစ်သား၊ အရိုးခရုခွံ၊ ချို နှင့် အခြားပစ္စည်းများကိုလည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။ နောက်ပိုင်းကျသော အချိန်ကာလများတွင် အနည်အနှစ်များ ( ရွှံ့နှင့်တူသော အရာများ) ကို သုံး၍ မြေထည်အိုးများပြုလုပ်ကြသည်။ သံသတ္တု နည်းပညာ နှင့် ပတ်သက်သော ဆက်တိုက်ဖြစ်သည့်တီထွင်မှုများသည် နောက်ပိုင်း ကြေးနီခေတ် (Chalcolithic) ၊ ကြေးခေတ် နှင့် သံခေတ်တို့၏ သွင်ပြင်လက္ခဏာများ ဖြစ်ကြသည်။

Arrowhead
သဘာဝမှန်ဖြင့် ပြုလုပ်ထားသော ထိပ်ချွန်

ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ ကြေးနီရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင် လူတို့သည် ထုံးစံ သမိုင်းရေးသားခြင်း (သမိုင်းမှတ်တမ်းတင်ခြင်း) အမှု ကို မပြုကြသေးသဖြင့် သမိုင်းမတင်မီခေတ်ဟု ခေါ်သည်။

ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်

ရှေးဟောင်းသုတေသနပညာ မှ ကျောက်ခေတ်

ဤအချိန်ကာလ နှင့် ပတ်သတ်သော အချိန်မှာ လေ့လာသော နေရာဒေသပေါ်မူတည်၍ မရေရာမသေချာခြင်း၊ အငြင်းပွားဖွယ်ဖြစ်ခြင်း နှင့် ကွဲပြားခြားနားခြင်းတို့ရှိသည်။ ကျောက်ခေတ်ကာလသည် လူသားတို့အားလုံးနှင့် သက်ဆိုင်သော ယေဘူယျဟူ၍ ပြောနိုင်သော်လည်း အချို့သော အစုအဖွဲ့များမှာ သတ္တုလောဟာစပ်ခြင်းဆိုင်ရာအတတ်ပညာကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိပဲ နည်းပညာအရ တိုးတက်သည့် အခြားယဉ်ကျေးမှုများနှင့် တွေ့ဆုံသည့်အချိန်အထိ ကျောက်ခေတ်တွင်ပင် ရှိနေခဲ့သည်။ သို့သော်လည်း ယေဘူယျအားဖြင့် ဤအချိန်ကာလသည် လွန်ခဲ့သော နှစ်ပေါင်း ၃သန်းကျော်ခန့်တွင် လူတို့နှင့် မျိုးနွယ်တူများ အာဖရိကတွင် လူသားတို့ကကိရိယာတန်ဆာပလာများ စတင်ပြုလုပ်ခြင်းမှ စတင်ခဲ့သည်ဟုယုံကြည်ကြသည်။ australopithecines ဟုခေါ်သော ရှေးဟောင်းလူအမျိုးအစားများမှာ ကျောက်ကိရိယာများကို အသုံးပြုလေ့မရှိပဲ Paranthropus robustus လူအမျိုးအစားများကသာ တီထွင်ခဲ့သည်ဟု ယူဆကြသည်။ သို့သော် သူတို့၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကိုလေ့လာခြင်းကို ထိုအချိန်ကာလကိုလေ့လာသည့် ရှေးဟောင်းသုတေသနပညာရှင်များက ဆက်၍ ပြုလုပ်ဆဲပင်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကျောက်ခေတ်သမိုင်း

ကျောက်ခေတ်သမိုင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ရေနံရှာဖွေရန်အတွက် ရောက်ရှိလာသော ဥရောပတိုက်သား ဘူမိဗေဒပညာရှင်များက ယင်းတို့၏ တွေ့ရှိချက်များကို စတင်ဖော်ပြခဲ့ခြင်းဖြင့် အစပျိုးခဲ့ခြင်းဖြစ်သည်။ ၁၈၉၄ ခုနှစ်နှင့် ၁၈၉၇ခုနှစ်တို့တွင် ဖရင့်နွတ်တလင်း၏ ကျောက်လက်နက်များဟု ရည်ညွှန်းသော ကျောက်တုံးငယ်များကို ဖော်ပြချက်များမှာ ထိုခေတ်ကာလက ပညာရှင်များအကြား အငြင်းပွားစရာဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ကျောက်ခေတ်ကာလဆိုင်ရာသုတေသနပြုချက်များကို ဧရာဝတီမြစ်ဝှမ်း၊ ရှမ်းပြည်နယ်တို့တွင် အမေရိကန်စူးစမ်းလေ့လာရေးအဖွဲ့ဖြစ်သော ဘူမိဗေဒပညာရှင် ဟဲလ်မက်ဒီတားရား၊ ရှေးဟောင်းသုတေသနပညာရှင် ဟယ်လ်လမ်အဲလ်မူးဗီးယပ်စ်၊ နိခါတကဗေဒပညာရှင်များဖြစ်သော အက်ဒွင်းအိပ်ချ်ကိုးလ်ဘာ့တ်နှင့် ဂျေဘားကွက်တ်တို့က ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါပညာရှင်များ၏ ဖော်ပြချက်အရ မြန်မာ့ကျောက်ခေတ်ကာလတွင် အဓိကတွေ့ရှိရသော ကျောက်လက်နက်အုပ်စုကြီး လေးခုမှာ ခုတ်ဓား၊ စင်းဓား၊ ကျောက်ခြစ်နှင့် လက်ဆုပ်ပဲခွပ်တို့ဖြစ်သည်။ ထိုကျောက်လက်နက် ပြုလုပ်သော အဓိကကုန်ကြမ်းပစ္စည်းများမှာ မီးတောင်ကျောက်၊ သစ်သားကျောက်တို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျောက်လက်နက်များပြုလုပ်သော ဓလေ့ကို မူးဗီးယပ်စ်နှင့် ဒီတားရားတို့က မြန်မာနိုင်ငံအထက်ပိုင်းတွင်တွေ့ရှိခဲ့သောကြောင့် "အညာသားဌာနေယဉ်ကျေးမှု" ဟု ကင်ပွန်းတပ်ခဲ့သည်။ အဆိုပါပညာရှင်များက ယင်းတို့တွေ့ရှိခဲ့သော ကျောက်လက်နက်များနှင့် သတ္တဝါတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွဲဖက်တွေ့ရှိခဲ့ရသော ဧရာဝတီမြစ်ကမ်းဆင့်ငါးဆင့်၏ ဘူမိမြေလွှာများအပေါ်မူတည်ပြီး သက်တမ်းကာလကို ခန့်မှန်းခဲ့သည်။ အဆိုပါ သက်တမ်းကာလအရ မြန်မာ့ကျောက်ခေတ်ကာလသည် ပလိုင်စတိုဆင်းကာလလယ်မှစတင်ပြီး ဟိုလိုဆင်းကာလ နှောင်းပိုင်းအထိ တည်ရှိခဲ့သည်ဟု ယေဘုယျသတ်မှတ်ခဲ့သည်။

မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆုံးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀၀မှစတင်ခဲ့မည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံမှရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀၀ကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။ တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ ပြဒါးလင်းဂူ ၌ ကျောက်ခေတ် လူသားများ၏လက်ရာနံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထိုခေတ်ကာလက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ကြီးကြပ်မှုအောက်တွင် ရှေးဟောင်းသုတေသနဝန် ဦးအောင်သော်ဦးဆောင်ပြီး ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ မနုဿဗေဒဌာန၊ ဘူမိဗေဒဌာန၊ သတ္တဗေဒဌာနနှင့် ရုက္ခဗေဒဌာနတို့မှ ပညာရှင်အသီးသီးပါဝင်ပြီး ပြဒါးလင်းဂူကို တူးဖော်ရေးနှင့် ကျောက်ခေတ်ကာလနံရံဆေးရေးပန်းချီများကို ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကျောက်ဂူမှ မြန်မာ့ကျောက်ခေတ်ကာလနှင့်သက်ဆိုင်သော အထောက်အထား အချက်အလက် အသစ်များကို ရရှိခဲ့ပြန်သည်။ အဆိုပါကျောက်ဂူမှ ကျောက်လက်နက်များကို ရာနှင့်ချီပြီးတူးဖော် ရရှိခဲ့ပါသည်။ လေ့လာရန်အတွက် ကောင်းမွန်သောနမူနာလေးရာခန့်ကိုသာ ဌာနချုပ်သို့ယူဆောင်ခဲ့ပြီး ကျန်ရှိသည့်ကျောက် လက်နက်များကို ထိုဂူ၏ အနီးနားဝန်းကျင်တွင် ပြန်လည်မြှပ်နှံခဲ့သည်။ ကျောက်နံရံတွင် ပန်းချီဆွဲရာ၌ မြေနီကို ပန်းချီဆေးအဖြစ်အသုံးပြုခဲ့ကြသည်။ နံရံပန်းချီကားများမှာ လက်ဝါးနှစ်ဖက်ဟု ယူဆရသောပုံ၊ နေဟုယူဆထားသောပုံနှင့် တိရစ္ဆာန်ပုံများဖြစ်ကြသည်။ ထိုပုံများအားလုံးအား လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ဝ နှင့် ၁၀၀၀ဝ ကြားနေထိုင်သွားကြသော ကျောက်ခေတ်လူသားများ၏ လက်ရာများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုတူးဖော်ရေးမှ ရရှိသော အရိုးနှင့်မီးသွေးခဲအပိုင်းအစများကို ရေဒီယိုကာဗွန်၁၄နည်းဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ အရိုးအတွင်းမှ ချဉ်ဆီအကြွင်းအကျန်ကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ထိုခေတ်ကာလက ပြဒါးလင်းဂူတွင် အစောဆုံးကာလလူနေထိုင်ခဲ့မှုမှာ လွန်ခဲ့သော အနှစ်၁၃၀၀၀မှ စတင်ခဲ့သည်ဟူ ယေဘုယျဆိုနိုင်ပါသည်။ ကျောက်လက်နက် ဖဲ့ဆစ်မှုအပိုင်းမှာမူ ဧရာဝတီမြစ်ဝှမ်းတွင် တွေ့ရှိရသော ကျောက်လက်နက်များထက် အရွယ်အစားအားဖြင့်ပိုမိုသေးငယ်ပြီး အသွားဖော်ဖဲ့ဆစ်မှုအပိုင်းမှာ နည်းစနစ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်သည်ဟု သုံးသပ်ကြသည်။ သို့သော်လည်း ကျောက်လက်နက်များ၏ ပုံပန်းသဏ္ဌာန်တို့မှာမူ ကျောက်လက်နက်အုပ်စုကြီးလေးစုမှ ကွဲပြားမှုသိပ်မရှိကြောင်းဆိုကြသည်။ ထို့ပြင်ထိုကျောက်ခေတ်ဂူမှ စင်းလုံးချောအသွားသွေး၊ အရောင်တင်ထားသော ကျောက်ခေတ်သစ်ကာလလက်နက်များကိုလည်း တွေ့ရှိခဲ့ပါသည်။

ထို့နောက်၁၉၇၀ခုနှစ်များမှ စတင်ပြီးမန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ကျောက်ခေတ်သစ်ဒေသများကို တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လာသည့် ကျောက်ခေတ်သစ်ယဉ်ကျေးမှုရပ်ဝန်းများကို ထင်ရှားစေခဲ့ပါသည်။ ထိုဒေသတို့မှ အထောက်အထားများအရ ကျောက်ခေတ်ဟောင်းဒေသများနှင့် ကွဲပြားပြီး လူနေမှုအဆင့်အတန်းကွာခြားလာသည့် ကျောက်ခေတ်သစ်ဓလေ့များယဉ်ကျေးမှုများကို သိရှိလာခဲ့သည်။

ကျောက်ခေတ်အပိုင်းအခြားများ

လွန်ခဲ့သော နှစ်ပေါင်း ၆၀ဝ ဝ၀ဝ မှ ၁၂၀၀ဝ ကြားအား ကျောက်ဟောင်းခေတ် ကျောက်ခေတ်ဟောင်းဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀၀ဝ မှ ၉၀၀ဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀ဝ မှ ၅၀၀ဝကြားအား ကျောက်သစ်ခေတ်ကျောက်ခေတ်သစ်ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀ဝ မှ ၄၂၀၀ဝ ထိအား ကျောက်ခေတ်ကာလဟုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀ဝ မှ ၂၂၀၀ဝ ထိကာလအား သစ်သား ကာလဟုခေါ်သင့်ကြောင်း အရှေ့တောင်အာရှသမိုင်းမတင်မီခေတ်ကာလပညာရှင် အမေရိကန်လူမျိုး ဒဘလျူဂျီစိုလ်းဟိမ်းက တင်ပြခဲ့သည်။ ထိုအယူအဆကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ယေဘုယျအားဖြင့် လက်ခံထားသည်ကို ယင်း၏ စာအုပ်စာတမ်းများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။

ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊ဝါး နှင့် ကျောက်လက်နက်ကိရိယာများအားပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။ သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ်ထားသော ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ဝ မှ ၁၁၀၀ဝ ထိကာလအား ဒေသစွဲကာလဟု ခေါ်သင့်ကြောင်းလည်း ပညာရှင်များက လက်ခံခဲ့ကြသည်။ ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စုများနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်ဟု ယူဆရသော်လည်း အဆိုပါအချက်ကို ငြင်းချက်ထုတ်နိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို တွေ့ရှိလာရပြီဖြစ်သည်။ ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။ သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်သူများရှိသလို လွင်ပြင်ဒေသများတွင်နေထိုင်သူများကလည်း အမဲလိုက်ခြင်း၊ အစားအစာစုဆောင်းခြင်းများကို ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ဝ လောက်မှစတင်ကာ မြေဩဇာကောင်းသော လွင်ပြင်များတွင် ကျောက်ခေတ်လူသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ပြုလုပ်လာကြသည်။ ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမှုများတိုးတက်လာခဲ့သည်။ ဤသည်တို့မှာ မြန်မာနိုင်ငံ နှင့်သက်ဆိုင်ဆီလျော်သော ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။

အကိုးအကား

  • အသစ်မြင်မြန်မာသမိုင်း ဒေါက်တာသန်းထွန်း
က

က (ကကြီး / ka.gji: / ) သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးအနက် ပထမဆုံး ဗျည်းအက္ခရာဖြစ်သည်။

ကချင်

ကချင်ပြည်နယ်

ကချင်လူမျိုး

ကဆုန်

ကန် (ဗေဒင်)

ကပ်ကလူ

ကမ္ဘာဂြိုဟ်

ကမ္ဘာမကြေ

ကမ္ဘာ့အံ့ဖွယ်များ

ကမ္ဘောဒီးယားနိုင်ငံ

ကယားပြည်နယ်‌

ကယားလူမျိုး

ကရကဋ် (ဗေဒင်)

ကရင်

ကရင်ပြည်နယ်

ကရင်လူမျိုး

ကရဝိက်

ကလယ်

ကသာ

ကိန္နရာ

ကိန္နရီ

ကိန်း

ကိမိလဗေဒ

ကိုငွေထွန်း

ကိုလော့စီယမ်

ကုန်းဘောင်ခေတ်

ကုရ်အာန်

ကုလသမဂ္ဂ အထွေထွေညီလာခံ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ

ကုလားအုတ်

ကုံ (ဗေဒင်)

ကူး

ကောသလမင်း အိပ်မက် ၁၆ ချက်

ကော့သောင်းမြို့

ကဲကုလ

ကျား

ကျားသစ်

ကျိုင်းတုံမြို့

ကျီး

ကျောက်ခေတ်

ကျော်သူ

ကျေး

ကျွဲ

ကျွဲနှာခေါင်းချိတ်

ကြက်

ကြက်တူရွေး

ကြာ

ကြာညို

ကြာနီ

ကြာဖြူ

ကြာသပတေး

ကြာသပတေးဂြိုဟ်

ကြာသာပတေး

ကြိုးမဲ့ဆက်သွယ်ရေး

ကြောင်

ကြောင်ကတိုး

ကြံ့

ကြံ့သူတော်

ကြွက်

ကြွက်စုတ်

ကွန်ပျူတာပညာရှင်အသင်း

ကွန်ပျူတာလုပ်ငန်းရှင်အသင်း

ကွန်ပြူတာ

ကွန်ပြူတာကွန်ယက် နည်းပညာ

ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားနိုင်ငံသည် အရှေ့တောင်အာရှ တွင် ပါဝင်ပြီး လူဦးရေ (၁၃) သန်းခန့် ရှိသည်။ အကြီးဆုံးမြို့နှင့် မြို့တော်မှာ ဖနွမ်းပင် ဖြစ်သည်။ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ဘက်တွင် လာအို ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် ဗီယက်နမ်နိုင်ငံတို့ဖြင့် ထိစပ်လျက် ရှိသည်။ အန်ကောဝပ် ဘုရားကျောင်းသည် ကမ္ဘောဒီးယား၏ အထင်ကရ နေရာဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွား (၄) သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။

ကျောက်ခေတ်လယ်

ယနေ့လူတို့ ဆင်းသက်ပေါက်ဖွားရာ ဖြစ်သည့်ကာလ တစ်နည်းအားဖြင့် ခေတ်လူသားတို့၏ အစကာလ ဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်း ၄၀,၀၀၀ မှ ၂၅,၀၀၀ ကာလအတွင်း ပေါ်ပေါက်လာသည့် ခေတ်ကို ကျောက်ခေတ်သစ် (သို့မဟုတ်) ပါလီယိုလစ်သစ် ခေတ် (Paleolithic Age)ဟု ပညာရှင်တို့က သတ်မှတ်ကြသည်။ ထိုကာလမှ ယနေ့တိုင်ဆင်းသက် ပေါက်ဖွားသော လူတို့ကို ဟိုမိုစပီးယန်းဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ ဟိုမို ဆိုသည်မှာ လူ ဖြစ်ပြီး၊ စပီးယန်း မှာ အသိဉာဏ်ရှိသော ဟု အဓိပ္ပါယ်ရသည်။

ကျောက်ခေတ်သစ်

အနောက် အာရှတွင် လွန်ခဲ့သည့် နှစ် ၉၀၀၀ မှ ၅၅ဝဝ အတွင်း ကျောက်ခေတ်သစ် ပေါ်ထွန်း ခဲ့သည်။ မြန်မာ ကျောက်ခေတ်သစ်ဓလေ့ကို လွန်ခဲ့သည့်နှစ် ၂၁ဝဝ အထိ တွေ့ရှိ နိုင်ပါသေးသည်။ ကျောက်ခေတ်သစ် လက်နက်များကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်းမှာ တွေ့ရသကဲ့သို့ အနောက်ဘက် သံတွဲ ၊ တောင်ဘက် ဘိတ်(မြိတ်) အထိ တွေ့နိုင်ပါသည်။ မြစ်ကြီးနား မှ ဘိတ် (မြိတ်) အထိ အနှံ့အပြား တွေ့ရသည့် ကျောက်လက်နက်များကို ခြုံငုံဖော်ပြရလျှင် မြန်မာနိုင်ငံ၏ ကျောက်ဟောင်းခေတ်လူသားများသည် တောင်ပိုင်းတရုတ်မှ ဆင်းသက် ပြန့်ပွားလာသည်ဟု ယူဆရန်ရှိပါသည်။ သို့သော် ကျောက်သစ် လူများအနေဖြင့် မလေးကျွန်းဆွယ်မှ လူများနှင့် လွန်စွာဆင်တူနေရာ အရှေ့တောင်နဲ့ အရှေ့ အရပ်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသည်ဟု ထင်မြင်ရပါသည်။

ကျောက်သစ် လူတွေဟာ သူတို့ နေ့စဉ် စားသောက်တဲ့ အစာ တွေကို တောတောင်မှာ လှည့်လည်ပြီး မရှာရဘဲ မိမိ ကိုယ်တိုင် စိုက်ပျိုး မွေးမြူပြီး လိုတဲ့ အခါ အလွယ်တကူ ယူပြီး စားသောက်နိုင်တဲ့ အရည်အချင်း ရှိနေကြ ပါပြီ။ ကောက်ပဲ သီးနှံ စိုက်ပျိုး တာရယ်၊ အသား၊ အရည်နှင့် နို့ အတွက် အိမ်ခြံဝင်း အတွင်း မှာပဲ တိရစ္ဆာန် တွေကို မွေးမြူ တာရယ်၊ ဝန်သယ် ဆောင်ဖို့ တိရိစ္ဆာန်ကြီး တချို့ကို မွေးမြူ တာရယ်၊ တိုးတက်မှု နှစ်မျိုး သုံးမျိုး တွေ့နိုင် ပါတယ်။ စားကြက်ကို အရင် အနှစ် ၇၅၀ဝ ကပဲ အိမ်မှာ မွေးမြူ ခဲ့ကြ ပါတယ်။ အရင် ကျောက်ဟောင်း ကာလက ခရီး မပြတ် လှည့်လည် နေတဲ့ တံငါ၊ မုဆိုး တွေဟာ ကျောက်သစ် ကာလ ရောက်တဲ့ အခါ စိုက်ပျိုး မွေးမြူ သူတွေ အဖြစ် ပြောင်းလဲ လာတာကို အလွန် နှေးတဲ့ လူမှု တော်လှန်ရေးလို့ ခေါ်လေ့ ရှိပါတယ်။ လူတွေရဲ့ နေထိုင် စားသောက်ရေးဟာ ဒီတော်လှန်ရေးကြောင့် အကြီးအကျယ် ပြောင်းလဲ ပါတယ်။ မြေဩဇာ ကောင်းတဲ့ အရပ်၊ အန္တရာယ် ကင်းရှင်းတဲ့ အရပ်၊ ဆက်သွယ်ရေး လမ်းကြောင်း လွယ်ကူတဲ့ အရပ် တွေမှာ ရွာငယ်တွေ တည်တယ်၊ တစတစ လူဦးရေ တိုးပွား လာပြန်တော့ တချို့ ရွာက ကြီးပြီး မြို့ဖြစ် ပြန်တယ်။ ဒီလို ကြီးပွားတဲ့ တချို့ ရွာကို မြေကတုပ်၊ အုတ်ရိုး နံရံ ထားလို့ မြို့လို့ ခေါ်ရတာ ဖြစ်တယ် ထင်ပါတယ်။ စိုက်ပျိုး မွေးမြူရေးမှာ သူတကာထက် ထူးခြား အောင်မြင် သူတွေ ရှိပြန်တော့ ကိုယ်ပိုင် ပစ္စည်းတွေ များတဲ့ လူလည်း ပေါ်လာတယ်။ ဒီလူမျိုးကို သူဌေး၊ သူ့ကယ်လို့ ခေါ်ကြ ရတယ်။ သူတို့ ပေါ်လာတဲ့ အခါက စပြီး စုပေါင်း ရှာဖွေတာ၊ မျှတ သုံးစွဲ စားသောက်တာ ဆိုတဲ့ အခြေခံ ဘုံစနစ် ကွယ်ပျောက် သွားပါပြီ။ ကိုယ်ပိုင် ပစ္စည်းတွေ ရှိလာလို့ ခိုးယူ လုယက် တာတွေ ပေါ်ပေါက် များပြား လာလို့ ဒါတွေကို ဟန့်တား ပိတ်ပင်ဖို့ ဥပဒေ ပြုလုပ် ကြရတယ်။ ဥပဒေကို ထိန်းပေးမယ့် ခေါင်းဆောင် သူကို မင်း ခေါ်မယ်၊ သူ့ အဖွဲ့အစည်းကို အစိုးရ ခေါ်မယ်။ လူတစုမှာ အသက် အကြီးဆုံး (သမာဓိ အရှိဆုံး၊ အစွမ်း သတ္တိ အကောင်းဆုံး လူကို ခေါင်း၊ သူကြီးမင်း ခန့်ထားပြီး သက်ကြီး ရွယ်ကြီး ပညာရှိ တွေရဲ့ အကူအညီနဲ့ ရပ်ရွာ အေးချမ်း သာယာအောင် ကြီးကြပ် စေတယ်။ သူတို့ကို လာရောက် နှောက်ယှက်တဲ့ ရန်သူ ရှိရင် အုပ်ချုပ်တဲ့ အဖွဲ့က တွန်းလှန် တိုက်ခိုက် ပေးရတယ်။ အဲဒါ တွေကို ခေါင်းဆောင်ပြီး တိုက်ခိုက် ပေးရတယ်။ လူအချင်းချင်း နယ်မြေ လုတဲ့ ရန်ပွဲ၊ တနယ်နဲ့ တနယ် နယ်နိမိတ်ကြောင့် လက်နက် စွဲပြီး စစ်တိုက် ကြရင်လည်း ခေါင်းဆောင် ရတယ်။ စစ်ရှုံး သူကို ဖမ်းယူခဲ့ပြီး ကျွန်အဖြစ် စေခိုင်းရင် ခေါင်းဆောင်ပဲ ကြီးကြပ်ရ ပြန်တယ်။ ကျွန် တွေလည်း အများကြီး ရှိလာတဲ့ အပြင် သူဌေးနဲ့ လူဆင်းရဲ ဆိုပြီး အထင်အရှား လူတန်းစား ကွဲပြား လာပါတယ်။

လူမှု စနစ် ဖွဲ့စည်းပုံတွေ ပိုပြီး ရှုပ်ထွေး လာပါတယ်။ ချမ်းသာ သူနဲ့ ဆင်းရဲသား၊ သာမန်လူ၊ ရသေ့ ရဟန်း၊ မင်းနဲ့ အမှုထမ်း ဆိုပြီး လူတန်းစားတွေ ရှိလာတယ်။ စားဝတ် နေရေး မကြောင့်ကြ ရတဲ့ လူတွေက အချိန်ပို ရှိလာလို့ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ နည်းလမ်း စနစ်တွေ ပိုပြီး ကောင်းလာအောင် တီထွင်မှုတွေ လုပ်ပေး ကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင် ယုံကြည်မှု တွေလည်း ဆန်းကြယ် များပြား လာတယ်။ ရိုးရာ ဓလေ့ကို စွဲပြီး ပေါ်ပေါက် လာရတဲ့ ဥပဒေ ခေါ် ထုံးနည်းတွေ ကိုလည်း စည်းစနစ် ကျကျ လိုက်နာ ကြရတယ်။ ကိုယ်ပိုင် ပစ္စည်းကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဥပဒေ တွေက အင်မတန် အရေးပါ အရာ ရောက်လာ ပါတယ်။ လူတစု နေထိုင်ရာ ဒေသမှာ လူအနည်းငယ်က ထွက်ကုန် ပစ္စည်း မှန်သမျှကို လက်ဝါးကြီး အုပ်ပြီး ချုပ်ကိုင် လာပါတယ်။

ကျောက်ခေတ် ဟောင်းနဲ့ နှိုင်းစာရင် ကျောက်ခေတ်သစ် လူတွေဟာ အနုပညာကို ပိုပြီး လက်ရာ မြောက်အောင် လုပ်နိုင် လာတယ်လို့ ပြောနိုင် ပါတယ်။ အလို ဆန္ဒ အမျိုးမျိုး အတွက် စွဲကိုင်တဲ့ ကျောက်လက်နက် တွေကို ပြောင်ချော နေအောင် အချောကိုင် တတ်လာတယ်။ မြင်ရင် နှစ်သက် ချစ်မြတ် နိုးဖွယ် ဖြစ်အောင် နံရံ ဆေးပန်းချီ တွေလည်း ရေးဆွဲ ပါတယ်။ အရိုး၊ ဆင်စွယ်နဲ့ ရွွှံ့မီးဖုတ် ပန်းပုရုပ် တွေလည်း ပေါ်လာတယ်။ ကုန်းပစ္စည်း သယ်ဖို့၊ သိုလှောင်ဖို့ တောင်းပလုံးတွေ လုပ်ရာက တစတစ တိုးတက်ပြီး အထည်အဝတ် ရက်လုပ် လာကြတယ်။ ရွှံ့နဲ့ လုပ်ပြီး မီးဖုတ်တဲ့ အိုးတွေ ပေါ်မှာ အလှဆင် သလို ရက်လုပ်တဲ့ အထည် တွေမှာလည်း လှပတဲ့ ပန်းပုံစံတွေ ရောက်စုံ ထည့်ပြီး ရက်လုပ် နိုင်တဲ့ အဆင့်ထိ တိုးတက် လာပါတယ်။

အခြေခံ ကြောင်းကို မသိတဲ့ အခါ၊ ကြောက်ရွံ့တဲ့ အခါ၊ အယူ သီးတဲ့စိတ်၊ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက် တွေကို မဖြစ်မနေ လိုက်နာတဲ့ ဓလေ့ တွေကြောင့် နတ်ကိုးခြင်း၊ နတ်ပွဲ ထိုးခြင်း ဆိုတာတွေ ပိုပြီး များပြား လာပါတယ်။ ပူဇော် ပသရမယ့် နေရာကို သတ်မှတ် ထားပြီး ယဇ် ပူဇော်ဖို့ သီးခြား အဆောက်အအုံကို ဆောက်လုပ် လာပါတယ်။ လူ့ထက် ပိုပြီး တန်ခိုး ကြီးတယ်လို့ ယူဆ ထားတဲ့ နတ်ကို ကိစ္စ အဝဝမှာ ကူညီ မှိုင်းမဖို့ ပူဇော် ရတယ်။ စစ်တိုက်တဲ့ အခါ အနိုင် ရချင်လို့၊ ကောက်ပဲ သီးနှံ စိုက်တဲ့ အခါ သီးနှံများများ ဆွတ်ခူး ရိတ်သိမ်း နိုင်ဖို့၊ သားသမီး များများ မွေးဖွား ထွန်းကား စေဖို့ နတ်ကိုး ကြတယ်။ နတ် ပေါ်ပေါက်ပုံ၊ နတ် ကိုးကွယ်လို့ အကျိုး ကျေးဇူး ရပုံကို ပုံပြင်တွေ တီထွင်ပြီး ပြောဆို လာကြတယ်။ လူသေရင် နောက်တဘဝ ရှိလိမ့် ဦးမယ်လို့ ဘဝ ကူးကို ယုံကြည် လာကြတယ်။ သေသူရဲ့ အလောင်းကို ကောင်းစွာ စောင့်ရှောက် နိုင်ဖို့ အတွက် ဂူသင်္ချိုင်း ဆိုတဲ့ အဆောက်အဦတွေ ဆောက်လုပ် လာပါတယ်။

မြန်မာ နိုင်ငံမှာ ကျောက်သစ် လက်နက် ပစ္စည်း တွေကို ချင်းတောင်က ဘိတ် (မြိတ်) အထိ၊ ရှမ်း ပြည်နယ်က သံတွဲ အထိ အနှံ့အပြား တွေ့နိုင်တယ်။ အလယ်ပိုင်း မြန်မာမှာ အများဆုံး တွေ့ရ ပါတယ်။ ကျောက်လက်နက်ကို သုံးမျိုး ခွဲထားတယ်။ (၁) အသွား ပေါ်အောင် ကျောက်ကို ရိုက်ဖဲ့ ထားတဲ့ လက်နက်၊ (၂) အသွားကို ထက်မြက် လာအောင် သွေးယူ ထားတဲ့ လက်နက်နဲ့ (၃) လက်နက် တခုလုံးကို ချောမွတ် လှပ နေအောင် သွေးယူ ထားတဲ့ လက်နက် တွေဟာ ကြီးမား ကြမ်းတမ်းတယ်။ နောင်အခါ ကျောက်ကို လွှာယူတဲ့နည်း ပေါ်လာတော့ သေးငယ်တဲ့ လက်နက်တွေ လုပ်ပြီး သုံးစွဲ လာကြတယ်။ ပုပ္ပားတောင် အရပ်က ထွက်တဲ့ မီးတောင် ကျောက်ဟာ အမျိုးအစား ကောင်းတဲ့ အတွက် လက်နက် လုပ်သူတွေ အထူး နှစ်သက် ကြတယ်။ အဲဒီ လက်နက်တွေ ထဲမှာ သဲကျောက်ကို လုပ်တဲ့ လက်နက်က အများကြီး တွေ့နိုင်တယ်။ နှစ်ဖက် အသွား ချထားတဲ့ ဗိစပ်ဖူး လက်နက်၊ "သပ်" ပုံစံ လက်နက်၊ ဆောက်လက်နက်၊ ဆစ်လွှဲ လက်နက်၊ ဆောက်ခုံး၊ ပဲကွပ်၊ ကျောက်လက်ကောက်၊ ကျောက်တူနဲ့ ခွံချွတ်၊ ကျည်ပွေ့၊ အမင်းတပ် လက်နက်တွေ ဖြစ်ပါတယ်။ စပါးနဲ့ ဂျုံကို အခွံ ချွတ်ဖို့၊ အမှုန့် လုပ်ဖို့ ကြိတ်ဆုံတွေ ပေါ်လာတယ်။

မြန်မာမှာ တွေ့ရတဲ့ ကျောက်ခေတ်သစ် လက်နက် တွေဟာ သေးငယ်တယ်။ မြန်မာ လူထုက ဒီ ကျောက်လက်နက်ကို မိုးကြိုးသွား ခေါ်တယ်။ ဆေးဖက် ဝင်တယ်လို့ ယုံတယ်။ ဒါကြောင့် ကိုယ်ရထားတဲ့ ကျောက်လက်နက်ကို ဆက်လက် လေ့လာဖို့ ပြတိုက်ကို၊ တက္ကသိုလ်ကို မပေးလိုပါ။ မကြာမီက ဗိတ်ခဲတွင်း တွေက လက်နက် အတော်များများ တူးလို့ ရပါတယ်။ ကျောက်ကို လိုသလို လှီးယူဖို့ နည်းစနစ်ကောင်း တွေလည်း သိလာ ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ကျောက်မျက်နှာကို ရိုက်ဖဲ့ပြီး ပုံဖော်တဲ့ စနစ်ကို မသုံးပါ။ ကြိတ်မှာ ကျောက်ကွင်း တွေဟာ စပါးကို အခွံ ခွျတ်ပြီး အမှုန့် လုပ်ဖို့ သုံးစွဲတာ ဖြစ်ပါတယ်။ကျောက်ဝိုင်းငယ် တွေကို ချည်ငယ်လုံး (spindle whorl) အတွက် သုံးမယ် ထင်ပါတယ်

ဘိတ် (မြိတ်) ခရိုင်က ရတဲ့ အမင်းတပ် ဆောက်ပြားဟာ တပေလောက် ရှည်တာကို တွေ့ဖူး ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံ ကျောက်သစ် လက်နက် တွေဟာ အားလုံးလိုလို သေးငယ် နေပါတယ်။ လူတွေက သစ်ကိုသာ ဖြတ်တောက် သုံးစွဲတဲ့ အတွက် ဒီလို ဖြစ်တယ် ထင်ရှား ပါတယ်။ မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းမှာ တွေ့ရတဲ့ လက်နက် တွေဟာ ပွတ်စင်ကို တင်ပြီး ဖြတ်တောက် ထားတာ မဟုတ်ကြောင်း ထင်ရှား ပါတယ်။ ဘီးကို လှည့်ပြီး ဖြတ်တောက်ဖို့၊ အဝိုင်း ညှိဖို့ မသုံးတတ် သေးတာလည်း ထင်ရှားတယ်။ ဒီလို ဆိုရင် ဘီးနဲ့ ဆွဲတဲ့ လှည်းလည်း မရှိနိုင် သေးပါ။ အိုးထွင်းတဲ့ အခါ မှာလည်း အိုးထိန်း စက်ကို မသုံးနိုင် သေးပါ။ ဒါပေမဲ့ အိုးထိန်းစက် သုံးပြီး လုပ်တဲ့ အိုးတွေကို ဘိတ် (မြိတ်) နယ်၊ တနင်္လာရီ အရှေ့ (၃၆) မိုင်ကွာ ကျိန်ချောင်း ခဲတွင်း တွေမှာ ၄ ပေ အနက်က အိုးထိန်း စက်နဲ့ လုပ်တဲ့ အိုးတွေနဲ့ ပူးတွဲပြီး ကျောက်သစ် လက်နက် တွေကို ၁၉၆၃ ခုနှစ်က တွေ့ဖူး ပါတယ်။

အခု အထိ ကျောက် လက်နက်ကို အများဆုံး တွေ့တဲ့ အရပ်ဟာ (၁) မြန်မာ နိုင်ငံ အလယ်ပိုင်း မိုးခေါင် ရေရှား အရပ်၊ (၂) ရှမ်းကုန်း ပြင်မြင့်၊ (၃) ချင်းတောင်၊ (၄) သံတွဲနဲ့ (၅) ဘိတ် (မြိတ်) ခရိုင် ဖြစ်ပါတယ်။ ဘိတ် (မြိတ်) ခရိုင်က လွဲပြီး ကျန်အရပ် တွေမှာ တွေ့တဲ့ လက်နက် တွေဟာ မြေပေါ်က ကောက်ယူ ရရှိတဲ့ လက်နက်တွေ ဖြစ်တယ်။ ကျောက် လက်နက် ပထမ အမျိုးနဲ့ ဒုတိယ အမျိုး တွေကို ကျောက်ဟောင်း ကာလ လုပ်နည်း အတိုင်း လုပ်ပေမဲ့ တတိယ အမျိုး လက်နက် တွေကို လုပ်နည်းက ကွဲပြား ပါတယ်။ ဒီအချက်ကို ထောက်ပြီး ရှေးထုံး အတိုင်း ကျောက်လက်နက် တတ်သူ တွေဟာ အနီး အပါးမှာပဲ ယှဉ်ပြီး နေခဲ့ ကြမယ်လို့ ထင်ပါတယ်။ လူတွေ သတ်ဖြတ် စားသောက်တဲ့ တိရစ္ဆာန် အရိုးနဲ့ သွား တွေကို စစ်ဆေး ကြည့်တဲ့ အခါ မြင်း၊ မြည်း၊ သမင်၊ တောင်ဆိတ်နဲ့ ကျွဲရိုင်း တွေကို သတ်ဖြတ် စားသောက်တာ များတယ် ဆိုတာ တွေ့ပါတယ်။ ကျောက် လက်နက် (၁) အမျိုးအစားမှာ ဗီယက်နမ် ကမ္ဘောဒီယား ရှိ ဟွာဗင်ဟိယန် ဓလေ့ အတိုင်း ပြုလုပ်တယ်။ ကုန်းပိုင်း အရှေ့တောင် အာရှမှာ ဒီ လက်နက်မျိုး အမြောက်အမြား တွေ့ရတယ်။ လက်နက် (၂) အမျိုးအစားမှာ ပိုပြီး ကောင်းတယ်။ လက်နက် (၃) အမျိုးအစားကို မလေး ကျွန်းဆွယ်မှာ အများဆုံး တွေ့ရတယ်။ လက်နက်ဟာ အိန္ဒိယက ပုဆိန်နဲ့ တူတယ်လို့ ထင်ရတယ်။ ပဲကွပ် တွေက အာသမ် ပုံစံ တွေနဲ့ တူပြီး၊ မြေမှာ မိုးစပါး ချစိုက်ဖို့ တွင်းတူးရာမှာ သုံးမယ်။ ပေါင်းမြက် သတ်ရာမှာ သုံးမယ်လို့ ထင်ရပါတယ်။ မြန်မာ လက်နက်တွေဟာ မလေး လက်နက်တွေနဲ့ တူညီပြီး အာသမ် လက်နက်တွေရဲ့ လုပ်နည်းကို မြန်မာက ရခဲ့တယ်လို့ တွေးထင်စရာ ဖြစ်ပါတယ်။

ကျောက်ခေတ်ဟောင်း

ကျောက်ခေတ်ဟောင်း (Paleolithic ) ကာလဆိုသည်မှာ သမိုင်းမတင်မီ ကာလဖြစ်ပြီး ရှေးအကျဆုံးသော ကျောက်လက်နက် ကိရိယာများ စတင် အသုံးပြုလာကြသည့် အချိန် ဖြစ်သည်။ ကျောက်ခေတ်ဟောင်းကာလကို ဟိုမီးနန်လူ တို့ ကျောက်လက်နက်များကို စတင်အသုံးပြုခဲ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂.၆ သန်းခန့်မှ စတင် ရေတွက်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ခန့် အထိ ဖြစ်သည်။ ကျောက်ခေတ်ဟောင်း နောက်တွင် ကျောက်ခေတ်လယ် (Mesolithic) ဟု သတ်မှတ်သည်။ ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်လယ်ကူးပြောင်းသည့် ကြားကာလ သည် နေရာဒေသကို လိုက်၍ နှစ်ထောင်ပေါင်းများစွာ ကွဲပြားခြားနားနိုင်သည်။

ကျောက်ခေတ်ဟောင်း ကာလတွင် လူတို့သည် ဘန်း (bands) ဟုခေါ်သည့် အစုအဖွဲ့ အသေးစားကလေးများဖြင့် နေထိုင်လေ့ ရှိကြပြီး သစ်ဥသစ်ဖုများ ရှာဖွေခြင်း၊ တောရိုင်းကောင်များကို ရှာဖွေ အမဲလိုက်ခြင်းတို့ဖြင့် အသက်ဆက် နေထိုင်ကြသည်။

ကျောက်ခေတ်ဟောင်း ခေတ်နှောင်း

ကျောက်ခေတ်ဟောင်း ခေတ်နှောင်း ဆိုသည်မှာ ပေလီယိုလစ်သစ်ခေါ် ကျောက်ခေတ်ဟောင်း၏ နောက်ဆုံး အပိုင်းအခြား ဖြစ်ပြီး ဥရောပ၊ အာဖရိက နှင့် အာရှတို့တွင် ဖြစ်ထွန်းခဲ့သည်။ ထိုကာလကို လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်း အတွင်းမှ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း အတွင်း အချိန်ကာလဟု ကျယ်ပြန့်စွာ သတ်မှတ်ကြသည်။ ခေတ်သစ် အပြုအမူတို့ ပေါ်ထွက် မလာမီ နှင့် စိုက်ပျိုး မွေးမြူရေး ထွန်းကား မလာမီ အချိန်ကာလပင် ဖြစ်သည်။

ကျောက်ခေတ်ဟောင်း ခေတ်လယ်

ကျောက်ခေတ်ဟောင်း ခေတ်လယ် (Middle Palaeolithic) ဆိုသည်မှာ ပေလီယိုလစ်သစ် သို့မဟုတ် ကျောက်ခေတ်ဟောင်း၏ ဒုတိယမြောက် ကာလ အပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်ပြီး ဥရောပ၊ အာရှ နှင့် အာဖရိကတို့တွင် ပေါ်ပေါက်ခဲ့သည်။ ကျောက်ခေတ်ဟောင်း ခေတ်လယ်သည် လွန်ခဲ့သော နှစ်ပေါင်း ၃ သိန်းမှ နှစ်ပေါင်း ၃ သောင်း အတွင်း ကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော်လည်း ဒေသပေါ်တွင် လိုက်၍ ကာလ အပိုင်းအခြား သတ်မှတ်မှုမှာ အမျိုးမျိုးအစားစား ကွဲပြားကြသည်။ ကျောက်ခေတ်ဟောင်း ခေတ်လယ် ပေါ်ပေါက်ပြီးသည့်နောက်တွင် ကျောက်ခေတ်ဟောင်း ခေတ်နှောင်း (Upper Paleolithic ) ကာလသို့ ကူးပြောင်း ရောက်ရှိခဲ့ကြသည်။ ကျောက်ခေတ်ဟောင်း ခေတ်နှောင်း ကာလမှာမူ လွန်ခဲ့သော နှစ်ပေါင်း ၅ သောင်းမှ ၄ သောင်း ကြားရှိကာလကို ခေါ်ဆိုခြင်း ဖြစ်သည်။

ကျောက်ခေတ်ဟောင်း ကာလ လွန်ခဲ့သော နှစ်ပေါင်း ၃သိန်းမှ ၃ သောင်းကြား ကာလ အတွင်းတွင် နင်းဒါသယ်လူသား (Homo neanderthalensis) တို့ ဥရောပတွင် တိုးပွားလာခဲ့ကြပြီး ခေတ်သစ်လူသားတို့နှင့် ခန္ဓာဗေဒအားဖြင့် တူညီသော လူသားတို့ လွန်ခဲ့သော နှစ်ပေါင်း ၁သိန်း ၉ သောင်း ၅ ထောင်ခန့်ကာလက ပေါ်ပေါက်ခဲ့ကြသည်။

ကျောက်ခေတ်ဟောင်း ခေတ်ဦး

ကျောက်ခတ်ဟောင်း ခေတ်ဦးကို Lower Palaeolithic ဟုခေါ်ပြီးကျောက်ခေတ်ဟောင်းတွင် အစောဆုံးသော ကာလအပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချိန်ကာလအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂သန်းခွဲခန့်က ဖြစ်ပြီး လူသားတို့ ကျောက်ဖြင့် ပြုလုပ်သော လက်နက် ကိရိယာများကို စတင် အသုံးပြုလာကြောင်း အထောက်အထား တွေ့ရှိရသည့် အချိန်ကာလဟု လက်ရှိ ရှေးဟောင်းသုတေသနမှတ်တမ်းများတွင် မှတ်သားထားသည်။ ထိုအချိန်မှ စတင်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၃ သိန်းကျော်ခန့် အထိကာလ ကြာမြင့်သည်။

ကျောက်ခေတ်ဟောင်း ခေတ်ဦး အပြီးတွင် ကျောက်ခေတ်ဟောင်း ခေတ်လယ် (Middle Palaeolithic) ဖြစ်ပေါ်လာပြီး ပိုမို၍ တိုးတက်သော လက်နက်ကိရိယာများကို တီထွင် အသုံးပြုလာသည့် အချိန်ပင် ဖြစ်သည်။ လူတို့ မီးကို အသုံးပြုလာခြင်းသည် ကျောက်ခေတ်ဟောင်း ခေတ်ဦးတွင် ဖြစ်ပေါ်ခဲ့သည် သို့မဟုတ် ကျောက်ခေတ်ဟောင်း ခေတ်လယ်တွင် ဖြစ်ပေါ်ခဲ့သည် ဆိုသည့်အချက်မှာမူ သုတေသီတို့ အငြင်းပွားကြဆဲပင် ဖြစ်သည်။

ကြေးခေတ်

ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလကို ညွှန်းဆိုသည်။ ဘေဘီလုံနိုင်ငံ၌ ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလကို သတ်မှတ်ကြသည်။ ကမ္ဘာသစ်ဖြစ်သော အမေရိကန်နိုင်ငံများတွင်မူ ပီရူးနိုင်ငံ၌ ခရစ်ပေါ်ပြီး နှစ် ၅၀၀ မှ ၁၀၀၀ အတွင်း သတ်မှတ်သည်။ နေရာတကျ ရပ်နေထိုင်ခြင်း၊ ရိက္ခာပိုစုခြင်း လက္ခဏာများကို တွေ့ရသည်။ မြို့ရွာများ တည်ထောင်ကြသည်။ ဥရောပတိုက်တွင်မူ ခရစ်မပေါ်မီ နှစ် ၂၅၀၀ နှင့် ၁၉၀၀ အကြားတွင် ကြေးညိုခေတ်ဟု ပိုင်းခြားသည်။ ထိုခေတ်ကာလတွင် ကြေးနီနှင့် သံဖြူ သတ္တုရိုင်းများကို အရည်ကျိုရောစပ်ပြီး ကြေးဝါသတ္တုစပ်ကို ဖန်တီးကာ အသုံးအဆောင်ပစ္စည်းများ၊ အနုပညာပစ္စည်းများကို သွန်းလုပ်ကြသည်။ ကြေးခေတ်တွင်လည်း လူတို့သည် မြင်းရိုင်းများကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူတတ်ကြပြီ ဖြစ်သည်။

ကြေးနီနှင့် သံဖြူသတ္တုရိုင်းများသည် ရှားပါးလှသည်။ ဘီစီ ၃၀၀၀ ခုနှစ် မတိုင်မှီ အနောက်အာရှတွင် သံဖြူနှင့်စပ်သည့် ကြေးဝါကို မတွေ့ရပေ။ ကြေးခေတ်သည် ခေတ်သုံးခေတ်၏ အလယ်ခေတ်ဟု ယူဆကြသည်။ အချို့ဒေသများတွင် ကျောက်ခေတ်သစ်မှ ကြေးခေတ်သို့ ပြောင်းလဲလာသော်လည်း အာဖရိကတိုက်တွင် ကျောက်ခေတ်သစ်မှ သံခေတ်သို့ တိုက်ရိုက် ကူးပြောင်းခဲ့ကြသည်။ အချို့ဒေသတွင်မူ ကျောက်ခေတ်သစ်မှ ကြေးနီခေတ်၊ ကြေးနီခေတ်မှ ကြေးဝါခေတ်သို့ ကူးပြောင်းလာသည်လည်းရှိသည်။

စပိန်နိုင်ငံ

ဥရောပတိုက်အနောက်တောင်ဘက်အစွန်းတွင် ထိုးထွက်နေသော အိုက်ဗီးရီးယားကျွန်းဆွယ်ကြီးတခုလုံး၏ ၁၃ ပုံ ၁၁ ပုံခန့်မှာ စပိန်နိုင်ငံဖြစ်သည်။ ကျန် ၂ ပုံခန့်မှာ အနောက်ကမ်းရိုးတန်းတလျှောက်ရှိ ပေါ်တူဂီနိုင်ငံဖြစ်၏။ မြောက်ဘက်တွင် ပြင်သစ်နိုင်ငံနှင့် ဗစ္စကေးပင်လယ်အော်၊ အနောက်ဘက်တွင် ပေါ်တူဂီနိုင်ငံနှင့် အတ္တလန္တိတ်သမုဒ္ဒရာ၊ တောင်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂျီဗရောတာရေလက်ကြားနှင့် မြေထဲပင်လယ်၊ အရှေ့ဖက်တွင် မြေထဲပင်လယ်ဖြင့် ဝန်းရံလျက်တည်ရှိ၏။ စပိန်နိုင်ငံသည် ဥရောပတိုက်နှင့် တဆက်တည်းဖြစ်သော်လည်း အိုက်ဗီးရီးယန်းကျွန်းဆက်ကို ကန့်လန့်ဖြတ်ထားကာ တည်ရှိနေသောမြင့်မားသည့် ပီးရနီးတောင်တန်းများက ဥရောပတိုက် ကုန်းတွင်းနိုင်ငံများနှင့် စပိန်နိုင်ငံတို့ကို ကာဆီးထားလေသည်။ အာဖရိကတိုက်နှင့်မူ ကျဉ်းမြောင်းလှသော ဂျီဘရော်လ်တာ ရေလက်ကြားသာလျှင် ခြားနေ၍ ရှေးရှေးအခါက အာဖရိကတိုက်နှင့် စပိန်နိုင်ငံတို့

ကုန်းမြေချင်း ဆက်စပ်တည်ရှိခဲ့သည်ဟု သမိုင်းပညာရှင်တို့က အထောက်အထားနှင့် ပြဆိုခဲ့ကြလေသည်။ အနီးအနား ပတ်ဝန်းကျင်တွင် စပိန်ပိုင် ဗယ်လီအဲရစ်ကျွန်းစု၊ ကနေရီကျွန်းစုနှင့် မိုရိုကိုကမ်းခြေရှိ ကျွန်းငယ်ကလေးများ ရှိသည်။ထိုကျွန်းများအပါအဝင် စပိန်နိုင်ငံ၏ အကျယ်အဝန်းမှာ ၁၉၆၇၀၀ စတုရန်းမိုင်ဖြစ်၍ ၁၉၅၃ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်းအရ

လူဦးရေ ၀၀၀၀၀၀၀ ယောက်ရှိသည်။ စပိန်တစ်နိုင်ငံလုံးမှာ ပျမ်းမျှအားဖြင့် ပေ ၂၀၀၀ ခန့်မြင့်သော ကုန်းပြင်ကြီးဖြစ်လေသည်။ မြောက်ဖက် ကမ်းခြေတလျှောက်မှာ ပေ ၈၀၀၀ ကျော်မြင့်သော ကန်တာဗရီယန် တောင်တန်းရှိ၍ ပေပေါင်း တစ်သောင်းကျော်မြင့်သော ပီးရနီးတောင်တန်း၏ အနောက်ဖက်စွန်းနှင့် နာဗားရားနယ်ရှိ တောင်ကြားလမ်းတစ်ခုသာ ခြားသည်။ ထိုတောင်ကြားလမ်းမှာ စပိန်နိုင်ငံနှင့် ပြင်သစ်တို့ကူးသန်းဆက်သွယ်ရာ တစ်ခုတည်းသော တံခါးပေါက်ဖြစ်၏။ အလယ်ပိုင်းရှိ တောင်တန်းများမှာ ဂွါဒါရမ္မာတောင်တန်း၊ဂရေးဒို့တောင်တန်း၊ ဂါးတားတောင်တန်း၊ မိုရေးနာတောင်တန်း၊ ဆီယယ်ရာနီဗျားဒတောင်တန်း စသည်တို့ ဖြစ်လေသည်။စပိန်နိုင်ငံရှိ မြစ်များသည် ထိုတောင်မြင့်ကြီးများမှ မြစ်ဖျားခံ၍ မြေထဲပင်လယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။အရေးပါအရာရောက်သော မြစ်ကြီးများအနက် တေးဂပ်မြစ်၊ ဒိုးရူးမြစ်၊ ဂွါးဒီယားနားမြစ်နှင့် ဂွဒယ်ကွီးဗီးရားမြစ်တို့သည်

အလယ်ပိုင်းတောင်တန်းများမှ မြစ်ဖျားခံ၍ ဧဗရိုးမြစ်နှင့် မီညိုမြစ်တို့သည် မြောက်ပိုင်းရှိ ကန်တာဗရီယန် တောင်တန်းတွင် မြစ်ဖျားခံလေသည်။ ထိုမြစ်များအနက် တေးဂပ်မြစ်မှာ အရှည်ဆုံးဖြစ်၍ ၆၅၅ မိုင်မျှရှိ၏။ မီညို၊ ဒိုရူးနှင့် တေးဂပ်မြစ်များမှာ မြစ်ဝကျယ်များ ရှိကြရာ မြစ်ဝကျွန်းကြီးများတွင် လုံခြုံသောသင်္ဘောဆိပ်များ တည်ရှိ၏။ သို့ရာတွင် မြစ်ညာတလျှောက်သို့ လှေသင်္ဘောများ ဆန်တက်သွားလာခြင်း မပြုနိုင်ချေ။

စပိန်နိုင်ငံ၏ ရာသီဥတုမှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ တစ်နိုင်ငံလုံးလိုလိုတွင် ဆောင်းရာသီ၌ အေးလွန်း၍ နွေရာသီ၌မူ ပူလွန်းသည်။အလယ်ပိုင်းရှိ ကုန်းပြင်မြင့်ကြီးသည် အလွန်ခြောက်သွေ့သော အပိုင်းဖြစ်၏။ သို့သော် ဗစ္စကေးပင်လယ်အော်နှင့် အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းတလျှောက်ရှိ စပိန်နိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင်မူ ရာသီဥတု မျှတသည်။ စပိန်နိုင်ငံအလယ်ပိုင်းတွင်မူ ဆောင်းရာသီမှာ ရှည်လျားလှ၏။ မြေထဲပင်လယ် ကမ်းခြေတလျှောက်ရှိ အရှေ့ပိုင်းတွင် ဆောင်းရာသီတို၍ နွေရာသီတွင် လွန်စွာပူပြင်းသည်။ တောင်ဘက်ပိုင်းတွင်မူကား ဆောင်းရာသီဟူ၍ မရှိသလောက်ပင်ဖြစ်သည်။

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းနှင့် မြောက်ပိုင်းများတွင်

တစ်နှစ်လုံးလိုလိုပင် မိုးမျှတစွာ ရွာသွန်း၏။ ရာသီဥတုတွင်သာ

မဟုတ် မြေတွင်လည်း၊ အမျိုးမျိုးအစားစား ကွဲပြားခြားနား

လေသည်။ စပိန်နိုင်ငံသည် တောင်ထူထပ်၍ သတ္တုတွင်းများ

ပေါများသော်လည်း လူဦးရေ ၃ ပုံ ၂ပုံမှာ လယ်ယာစိုက်ပျိုး

ခြင်းဖြင့် အသက်မွေးမြူကြလေသည်။ တစ်နိုင်ငံလုံးရှိ မြေ

၉၄ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုး၍ ဖြစ်ထွန်းဖွယ်ရာရှိသော်လည်း

မြေ အားလုံး၏ တစ်ဝက်ခန့်ကိုသာ စိုက်ပျိုးလုပ်ကိုင်သည်။

ကျန် တစ်ဝက်မှာ စားကျက်များဖြစ်သည်။ စိုက်ပျိုးသော

အဓိက ကောက်ပဲသီးနှံများမှာ ဂျုံနှင့်မုယောတို့ဖြစ်၍ မြင်းစား

ဂျုံ၊ ရိုင်းစပါး၊ ပြောင်း၊ ပဲ၊ အားလူးများကိုလည်း စိုက်ပျိုး

လုပ်ကိုင်သည်။ ထိုပြင် ဆန်စပါး၊ ကြက်သွန်၊ သကြား

မုန်လာများကို လည်း စိုက်ပျိုး၏။ စပျစ်ခြံ၊ လိမ္မော်ခြံ

များလည်း အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်၍၊ ဝိုင်အရက်

ချက်သောလုပ်ငန်းမှာ တွင်ကျယ်၏။သိုး၊ နွား၊ ဆိတ်များ

ကိုလည်း မွေးမြူကြသည်။

လယ်ယာစိုက်ပျိုးရေးအပြင် ကြီးကျယ်သောအခြား လုပ်ငန်း

မှာ သတ္တုတူးဖေါ်ခြင်းဖြစ်သည်။ ကျောက်မီးသွေး မြောက်မြား

စွာ ထွက်သော်လည်း အမျိုးအစားမှာ ပထမတန်းစား မဟုတ်

ချေ။ ကျောက်မီးသွေးအပြင် အခြားဓာတ်သတ္တုများမှာ သံ၊

သံမဏိ၊ ကြေး၊ ခဲ၊ သွပ်၊ ပြဒါးနှင့် တန်စတင်တို့ဖြစ်၏။

သစ်တောများမှ ထင်းရှူးသစ်နှင့် ဖေါ့များရရှိ၍ ထင်ရှူး

ဆီနှင့် တာရပင်ဆီများလည်း ရရှိလေသည်။ စပိန်နိုင်ငံတွင်

ရှေးအခါက သစ်တောထူထပ်ခဲ့သော်လည်း၊ နေထိုင်စိုက်ပျိုးရေး

အတွက် ခုတ်ထွင် ရှင်းလင်းလိုက်ကြသောကြောင့်တစ်ကြောင်း၊

သစ်တောထွက်ပစ္စည်းကို လူတို့ ထုတ်ယူအသုံးပြုဖန်များလွန်း၍

တစ်ကြောင်း ယခုအခါ နိုင်ငံတစ်ခုလုံး၏ ၅ ရာခိုင်နှုန်းခန့်သာ

လျှင် သစ်တောများ ကျန်ရစ်သည်။ သစ်တောများ ပါးရှားသွား

သဖြင့် ရာသီဥတု တစ်မျိုးတစ်ဖုံ ပြောင်းလဲလာခဲ့ရာ၊ လေပြင်း

တိုက်ခတ်ခြင်း၊ ဖုံထူခြင်းတို့ကြောင့် အချို့ကုန်းတွင်းပိုင်းဒေသ

များတွင် လူသူမနေထိုင်နိုင်တော့ချေ။

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင်မူကား မြို့ကြီးပြကြီး

များ၊ စက်ရုံများ၊ အလုပ်ရုံများ၊ တောင်ယာပဲခင်းများနှင့်

သာယာလှ၏။ လူနေအိမ်ခြေလည်း ထူထပ်၏။ မြောက်ပိုင်း

ကမ်းခြေတွင် တံငါလုပ်ငန်း တွင်ကျယ်သဖြင့် ငါးစည်သွပ်

လုပ်ငန်း ဖြစ်ထွန်းသည်။ ဥရောပတိုက် ကုန်သွယ်ရာဌာနကြီး

များနှင့် နီးကပ်သော မြောက်ပိုင်းတွင် စပိန်နိုင်ငံ၏ကြီးကျယ်

သော ကုန်ထုတ်ရေးလုပ်ငန်းကြီးများ တည်ရှိသည်။ ဘာစီလို

နာ မြို့တွင် ချည်ထည်စက်ရုံများ၊ သိုးမွေးထည် စက်ရုံများ

ရှိသည်။ ထိုမြို့မှ ဇာလည်းထွက်၏။ တစ်နိုင်ငံလုံးတွင် အထည်

စက်ရုံပေါင်း ၂၁၈၀ ခန့်ရှိသည်။ မြောက်ပိုင်းရှိ ပြည်နယ်များ

တွင် ပိတ်ချောအထည်စက်ရုံများနျင့် စက္ကူစက်များ အများ

အပြား ရှိ၏။ တောင်ပိုင်းတွင် ပိုးထည်လုပ်ငန်းမှာ အရေးပါ

သော လုပ်ငန်းတစ်ခုဖြစ်၍ သံနှင့်သံမဏိလုပ်ငန်းအတွက်

စက်ရုံအချို့ကို မကြာမီက တည်ဆောက်ခဲ့သည်။ ရေအားကို

အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းမှာလည်း

တစ်ဖြည်းဖြည်း တိုးတက်လျက်ရှိလေသည်။ သို့သော် ခြုံ၍

ကြည့်လျှင် စက်မှုလက်မှုလုပ်ငန်းမှာ တိုးတက်သင့်သလောက်

မတိုးတက်ဘဲ ရှိနေသည်ကို တွေ့ရပေသည်။

စပိန်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ကောင်းမွန်၍

မီးရထားလမ်းမိုင်ပေါင်း ၁၀,၈၀၀ ကျော်ရှိသည်။ တစ်နိုင်ငံလုံး

ကို ဆက်သွယ်နေသော ကြေးနန်းနှင့်စကားပြောကြေးနန်းကြိုး

မိုင်ပေါင်း ၃၀၀,၀၀၀ ကျော်စီရှိ၏။ ရေကြောင်း ဆက်သွယ်ရေးမှာ

အတ္တလန္တိတ်သမုဒ္ဒရာနှင့် မြေထဲပင်လယ်တို့ဖြင့် ဆက်သွယ်ရ

သည်။ မြို့ကြီးများကို တစ်မြို့နှင့် တစ်မြို့ လေကြောင်းဖြင့်

ဆက်သွယ်ထားသည့်ပြင် နိုင်ငံခြားနှင့်လည်း လေကြောင်း

အဆက်အသွယ် ရှိလေသည်။

စပိန်နိုင်ငံ၏ အဓိကထုတ်ကုန်မှာ ဝိုင်အရက်ဖြစ်၏။ အခြား

ထုတ်ကုန်များမှာ ဖေါ့၊ သတ္တုများ၊ သံလွင်သီး၊ အခြား

သစ်သီးများ၊ သကြား၊ သစ်၊ ကျွဲနွားတိရစ္ဆာန်များ၊ ဖန်ထည်

ပစ္စည်းများ၊ မြေအိုး၊ မြေခွက်၊ သိုးမွေးနှင့် ခြည်ထည်များဖြစ်

လေသည်။ အဓိက သွင်းကုန်များကား အစားအသောက်များ၊

သိုး၊ ဆိတ်၊ နွားတိရစ္ဆာန်များ၊ စက်ကိရိယာများ၊ မီးသွေး၊

ဝါဂွမ်း၊ ပိတ်ချောထည်၊ မော်တော်ယာဉ်များ၊ ဆေးဝါးများ

စသည်တို့ဖြစ်၏။ မြို့တော်မှာ နိုင်ငံအလယ်ပိုင်းရှိ မဒရစ်မြို့‎

ဖြစ်၍ အကြီးဆုံး ဆိပ်ကမ်းမြို့ကြီးများမှာ ဘာစီလိုနာ နှင့်

ဗီးလဗာအိုမြို့တို့ ဖြစ်ကြသည်။

စပိန်နိုင်ငံ၏ ရှေးဟောင်းသမိုင်းသည် ကျောက်ခေတ်မှ အစ

ပြုသည်။ ကျောက်ခေတ်အနုပညာရပ်များဖြစ်သော ဂူအောင်း

လူတို့၏ ပန်းချီစုတ်ရေးဆေးခြယ်မှုအတတ်ကို စပိန်နိုင်ငံရှိ

အားလတားမီးရား ကျောက်ဂူအတွင်း တွေ့ရှိကြရသည်။ ယခု

အခါ စပိန်တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်သော ဗက်လူမျိုး

များမှာ ကျောက်ခေတ်လူမျိုးများ၏ အဆက်အနွယ် ဖြစ်သည်။

စပိန်နိုင်ငံ၏ မြို့ကြီးများမှာ အများအားဖြင့် ပင်လယ်ကမ်းရိုး

တန်း တစ်လျှောက်တွင် တည်ရှိလေသည်။ စပိန်နိုင်ငံ၏ အရှေ့

မြောက်စွန်းဖြစ်သော ကာတာလုံးနီးယားပြည်နယ်ရှိ ဘာစီလို

နာ ဆိပ်ကမ်းမြို့ကြီးသည် စက်မှုလက်မှုလုပ်ငန်း (အထူးသဖြင့်

ခြည်ထည်သိုးမွေးထည်များ ရက်လုပ်ခြင်း) ထွန်းကားသော မြို့

ဖြစ်၍၊ လူဦးရေ ထူထပ်၏။ ကာတာလုံးနီးယား ပြည်နယ်ရှိ

ဘာစီလိုနာ ဆိပ်ကမ်းမြို့ကြီးသည် စက်မှုလက်မှုလုပ်ငန်း (အထူး

သဖြင့် ခြည်ထည်သိုးမွေးထည်များ ရက်လုပ် ခြင်း) ထွန်းကား

သော မြို့ဖြစ်၍၊ လူဦးရေ ထူထပ်၏။ ကာတာလုံးနီးယား ပြည်

နယ်၏ တောင်ဘက် မြင့်မားသောတောင်တန်းနှင့် ဗလင်းရှား

ပယ်လယ်ကွေ့ကြားရှိ ဗလင်းရှားပြည်နယ်တွင် ဆည်မြောင်းများ

ဖောက်လုပ်ကာ လိမ်မော်ပင်၊ ကြံပင်၊ ရှောက်ပင်၊ စွန်ပလွံပင်

စသည့် သီးပင် အမြောက်အမြား စိုက်ပျိုးကြသည်။ ထိုနယ်

သည် ပိုးထည်လုပ်ငန်းအတွက် စပိန်နိုင်ငံတွင် အထင်ရှားဆုံး

သော နယ်ဖြစ်၏။ ထိုပြည်နယ်၏မြို့တော်မှာ ဗလင်းရှားမြို့

ဖြစ်၏။

စပိန်နိုင်ငံတောင်ဖက်ပိုင်းရှိ ပြည်နယ်ကြီးမှာ အန်ဒါလျူးရှား

ပြည်နယ် ဖြစ်၏။ အာဖရိကတိုက်မြောက်ပိုင်းမှ မူးဝါးလူမျိုးတို့

စပိန်သို့ ဝင်ရောက် ကြီးစိုးစဉ်အခါက ခမ်းနားကြီးကျယ်စွာ

တည်ဆောက်ထားခဲ့သော ဂရာနားဒါးမြို့ကြီးမှာ ယနေ့ထက်တိုင်

ထင်ရှားတည်ရှိသည်။

တီးတိန်လူမျိုး

တီးတိန် (သဲဒင်မ်)လူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း နေထိုင်ကြပြီး တီးတိန် (တဲဒင်မ်)စကားပြောသော မျိုးနွယ်စု (၁၀)စုတို့က မိမိတို့ အမျိုးအနွယ်များ စတင်ပေါက်ဖွားသော နေရာမှာ တီးတိန်မြို့မှ ခုနှစ်မိုင်အကွာရှိ ဆိုင်းဇန်ရွာအနီးမှ ကျိမ်နွဲဂူကြီးဖြစ်သည်ဟု ဆိုကြသည်။ ယင်းဂူမှာ ယခုအခါ တိမ်ကောလျက်ရှိပြီးဖြစ်သည်။ ပတ်ဝန်းကျင်မှာ လူနေထိုင်ရန် သင့်လျော်သော ရေခံမြေခံကောင်းသည့်အရပ် ဖြစ်ခဲ့ဘူးဟန် ရှိသည်။ ယခုတိုင် ထိုနေရာ တစ်ဝိုက်တွင် တောင်ယာနှင့် ခြံစိုက်ပျိုးရေး ဖွံ့ဖြိုးလျက်ရှိသေးသည်။

တီးတိန်မြို့နယ်အတွင်းရှိ လူမျိုးအုပ်စုတို့၏ ဘိုးဘေးတို့သည် မူလရှေး ကျောက်ခေတ်ဆီလောက်က ယင်းဂူကြီးထဲတွင် ခိုအောင်းနေထိုင်ခဲ့ကြရာမှ တဖြည်းဖြည်း လူဦးရေတိုးပွားလာသဖြင့် ယခု တီးတိန်မြို့နယ်အတွင်းသို့ လာရောက်နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

နည်းပညာ

နည်းပညာဆိုသည်မှာ ကိရိယာ (tool) နှင့် အတတ်ပညာ (craft) များကို သိရှိနားလည်ခြင်း၊ သုံးစွဲခြင်းပင်ဖြစ်သည်။လူ့အဖွဲ့အစည်းတွင် နည်းပညာသည် သိပ္ပံနှင့် အင်ဂျင်နီယာပညာရပ်များနှင့် ဆက်စပ်ဖြစ်ပေါ်လာပြီး အဆိုပါပညာရပ်နှစ်ခုမှ ဆင့်ပွား၍ နည်းပညာအမျိုးမျိုး ဖြစ်ပေါ်လာသည်။ နည်းပညာ(Technology )ဟူသောအသုံးအနှုန်း၏ မူလအစမှာ ဂရိစကား"Technologia" ဖြစ်သည်။

လူသားတို့၏ နည်းပညာအပြိုင်သုံးစွဲ မှုမှာ သဘာ၀ရင်းမြစ်များကို ရိုးရင်းသောကိရိယာများအဖြစ် ပြောင်းလဲခြင်းမှ စတင်သည်။ သမိုင်းမတင်မီခေတ်က မီးကိုထိန်းချုပ်နိုင်သော စွမ်းရည်ကို ရရှိလာသောကြောင့် စားစရာတို့ကို ပိုမိုကောင်းမွန်အောင် ပြုလုပ် နိုင်သကဲ့သို့ နောက်ပိုင်းတွင် ဘီး (Wheel) ကို တီထွင်မှုကြောင့် လူသားတို့၏ ခရီးသွားလာရေးတွင် ပိုမိုလွယ်ကူ လာခဲ့သည်။ သမိုင်းတလျှောက် တိုးတက်ပြောင်းလဲမှုများဖြစ်သည့် ပုံနှိပ်စက်၊ တယ်လီဖုန်း နှင့် အင်တာနက် တို့ကဲ့သို့သော နည်းပညာဖွံ့ဖြိုးမှုများကြောင့် ဆက်သွယ်ရေးတွင် ကြုံတွေ့ရသော ရုပ်ပိုင်းဆိုင်ရာအတားအဆီးများလျော့နည်းလာပြီး လူသားတို့အနေဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆက်သွယ်နိုင်ကြပြီဖြစ်သည်။ သို့သော် နည်းပညာအားလုံးကို ငြိမ်းချမ်းရေးရည်ရွယ်ချက်အတွက် အသုံးပြုကြသည်မဟုတ်ပေ။ တင်းပုတ်မှအစပြု၍ နျူးကလီးယားလက်နက်အထိ အဖျက်စွမ်းရည် တစ်စထက်တစ်စကြီးမားလာသောလက်နက်များသည် သမိုင်းတစ်လျှောက်တွင် ပိုမိုတိုးတက်လာခဲ့သည်။

နည်းပညာသည် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်ကို နည်းလမ်းများစွာဖြင့် ဩဇာသက်ရောက်မှုရှိသည်။ အဖွဲ့အစည်းအများစုတွင် နည်းပညာသည် ပိုမိုဖွံ့ဖြိုးသော စီးပွားရေးဖြစ်ပေါ်လာစေရန် အကူအညီပေးပြီး သက်တောင့်သက်သာရှိသော အဆင့်အတန်းတစ်ရပ် ပေါ်ပေါက်လာစေသည်။ သို့သော် နည်းပညာဆိုင်ရာလုပ်ငန်းအများစုသည် လေထု၊မြေထု၊ရေထုညစ်ညမ်းမှု (pollution) ဖြစ်စေသည့် ဘေးထွက်ပစ္စည်းများကို ထုတ်လုပ်ပြီး သယံဇာတများကို ပျက်စီးစေသည်။

အမှန်အားဖြင့် လတ်တလောအချိန်အထိ နည်းပညာကိုဖွံ့ဖြိုးအောင် ပြုလုပ်နိုင်သူမှာ လူသားများသာ ဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော် မကြာသေးမီက သိပ္ပံနည်းကျလေ့လာမှုများအရ အခြားပရိုင်းမိတ်(Primate)များနှင့် ဝေလငါးအုပ်အချို့သည် ရိုးရှင်းသော ကိရိယာများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း၊ မိမိတို့၏အသိပညာကို အခြားမျိုးဆက်များသို့ ဖြန့်ဝေရန် လေ့လာသင်ယူခြင်းများ ရှိကြောင်း အထောက်အထားတွေ့ရသည်။

ပန်းလောင်နှင့် ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ပန်းလောင်နှင့်ပြဒါးလင်းဂူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် တည်ရှိသည်။ ပြဒါးလင်းဂူ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ထိန်းသိမ်းရန်နှင့် နို့တိုက်သတ္တဝါများဖြစ်သည့် ဆင်ရိုင်းများ၊ Gaur ခေါ် ပြောင်များ၊ ကျားသစ်၊ စိုင်၊ ဆတ်၊ မျောက်မျိုးစိတ်များစွာ၊ ငှက်မျိုးစိတ်များစွာနှင့် ၎င်းတို့ကျက်စားရာ ပတ်ဝန်းကျင်ဒေသကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ ၂၀⁠၀၂ ခုနှစ်တွင် ဘေးမဲ့တောနေရာကို စတင်သတ်မှတ်ခဲ့သည်။

ပုပ္ပါးတောင်

ပုပ္ပါးတောင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း ၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အရှေ့တောင်ဘက်တွင် ထီးထီး တည်ရှိနေသည်။ ယင်းတောင်တန်းသည် ပဲခူးရိုးမ၏ မြောက်ဘက်အစွန်းတွင် သီးခြား ထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခုပင် ဖြစ်သည်။ မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၅၂မိနစ် ၊အရှေ့ လောင်ဂျီတွဒ် ၉၅ဒီဂရီ ၁၄မိနစ် တွင်တည်ရှိသည်။

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။

လက်နက်

လက်နက်ဆိုသည်မှာ ရန်သူကို နာကျင်စေခြင်း (သို့) ရှုံးနိမ့်စေခြင်း (သို့) ပျက်စီးစေခြင်းအားဖြင့် ဗျူဟာပိုင်းအရ အားသာမှုရရှိစေရန် အထောက်အကူပေးသော ပစ္စည်း သို့မဟုတ် ထိုသို့ ခြိမ်းခြောက်နိုင်သော ပစ္စည်းဖြစ်သည်လက်နက်ကို ခြိမ်းခြောက်ရန် (သို့) တိုက်ခိုက်ရန် အသုံးချနိုင်သကဲ့သို့ ကာကွယ်ရန်နှင့် စောင့်ရှောက်ရန်အတွက်လည်း အသုံးပြုနိုင်သည်။ လက်နက်အမျိုးပေါင်း မြောက်များစွာရှိပြီး အကျိုးသက်ရောက်မှု အမျိုးမျိုးအတွက် အသုံးပြုနိုင်သည်။ လက်နက်ဟုဆိုရာဝယ် ဆောက်ပုတ် မှအစ သေနတ် အလယ် တိုက်ချင်းပစ် ဒုံးကျည် အဆုံး ပါဝင်သည်။

လက်နက်ဟူသည် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးအား တိုက်ခိုက်ရန်၊ ချိမ်းခြောက်ရန်၊ အနိုင်ယူရန် အသုံးပြုသည်။ လက်နက်ကို ရှေးဦးကျောက်ခေတ်မှ စတင်အသုံးပြုလာခဲ့သည်။ ကျောက်ခေတ်လူသားများသည် ချွန်ထက်သော ကျောက်တုံး၊ ကျောက်ပြားများကို တိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ်ရန်နှင့် မိမိတို့၏ လူမျိုးစု၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ရန် အသုံးပြုခဲ့ကြသည်။ထို့ကြောင့် လက်နက်ဟူသော အရာ၏ စွမ်းပကားကို သိရှိနားလည်လာကြသည်။

ကျောက်တုံး၊ ကျောက်ပြားများကို ဆောက်၊ တူရွှင်း၊ ပဲခွတ်၊ သပ်၊ပေါက်ပြား အစရှိသည်အထိ ရောက်အောင် ပွတ်တိုက် ချောမွတ် စေခဲ့သည်။ ၎င်းပွတ်တိုက်ထားသော ကျောက်တုံး၊ ကျောက်ပြားများကို တိရစ္ဆာန်တို့၏ အဆိပ်နှင့် လူးကာ အခြား တိရိစ္ဆာန်များကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြသည်။ ကျောက်ခေတ်နှောင်းသို့ ရောက်ရှိသောအခါ ကြေးကို စတင်အသုံးပြုလာခဲ့ကြသည်။ ၎င်းနှောင်းပိုင်းမှစ၍ လက်နက်များ၏ အစွမ်းကို ပိုမိုသိရှိလာကာ ထိုထက် ပိုမိုကောင်းမွန်းသော သံ၊ ငွေ စသည်တို့ကို အရည်ကြို ပုံလောင်း၍ ဓား၊လှံ၊ လေး၊ မြှား၊ ဒိုင်း၊ လွှား၊ ကာ၊ သံချပ်ဝတ်တန်ဆာများအထိ ထိုးတက်တီထွင်အသုံးပြုခဲ့ကြသည်။ပထမ ကမ္ဘာစစ်ကြီး မတိုင်မှီက လက်နက်များမှသည် ဒုတိယကမ္ဘာစစ်ပြီးသောအခါ လက်နက်၏ အစွမ်းမှာ ကြောက်ခမန်းလိလိ အစွမ်းတန်ခိုး ပိုမိုလာခဲ့သည်။

လူသား

လူသား (Human Being)၊ လူ (Human) - သိပ္ပံအမည်မှာ "Homo Sapeins" ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်အားဖြင့် "ဉာဏ်ပညာရှိသူ၊ သိတတ်နားလည်သူ" - သည် ဟိုမိုနီဒယ် (Hominidae) မိသားစု မျိုးနွယ်ဝင် ဘိုင်ပေဒယ် ပရိုင်းမိတ် (Bipedal Primates - ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သူ) များဖြစ်သည်။ မိုက်တိုကွန်ဒရီရယ်ဒီအန်အေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများမှ တွေ့ရှိချက်အရ ခေတ်သစ် လူသား (Moden human) သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀,၀၀၀ ခန့်က အာဖရိက မှ ဆင်းသက်လာသည်။ လူတွင် အလွန် အဆင့်မြင့်သော ဦးနှောက် ပါသဖြင့် ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်နိုင်စွမ်း၊ စကားပြောနိုင်စွမ်း၊ ပြန်လည် သုံးသပ်နိုင်စွမ်း (introspection)၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းနှင့် စိတ်ခံစားနိုင်စွမ်း (emotion) ရှိသည်။ ဤသို့သော စိတ်စွမ်းအားများနှင့် မတ်မတ်ရပ်နိုင်သော ကိုယ်ခန္ဓာများက ရှေ့လက်အား စိတ်လိုလက်ကျ လွတ်လွတ်လပ်လပ် အသုံးပြုစေနိုင်ပြီး အခြားမျိုးစိတ် (species) များထက် ကိရိယာများကို တီထွင် အသုံးပြုနိုင်သည်။ လူသည် ကမ္ဘာ့ နေရာ အနှံ့အပြားတွင် နေထိုင်ကျက်စားလျက်ရှိပြီး ကမ္ဘာ ပေါ်တွင် အန္တာတိက မှအပ အခြားတိုက်ကြီးများတွင် တွေ့ရှိနိုင်သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည့် စာရင်းအရ ကမ္ဘာပေါ်တွင် လူဦးရေ ၆.၇ ဘီလျံခန့် ရှိသည်။ ၎င်းသည် ထိုမျိုးစိတ်တွင် Homo sapiens sapiens ဟု တစ်ခုတည်းသော မျိုးစိတ်ကွဲ (subspecies) သာ မပျောက်ကွယ်ပဲ ကျန်ရှိသည်။

သံခေတ်

သံခေတ်သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် (ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်) တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.