ကူးသန်းရောင်းဝယ်ခြင်း

ကူးသန်းရောင်းဝယ်ခြင်း ဆိုသည်မှာ ကုန်ပစ္စည်းများကို လူပုဂ္ဂိုလ်တစ်ဦးမှတစ်ဦးသို့ ရောင်းဝယ်၊ ကုန်သွယ်၊ ဖလှယ်ခြင်းဖြစ်သည်။ ကူးသန်းရောင်းဝယ်ခြင်းအား လုပ်ဆောင်စေသည့်ကွန်ရက်ကိုမူ ဈေးကွက်ဟု ခေါ်သည်။ ကူးသန်းရောင်းဝယ်မှု၏ မူလမှာ ပစ္စည်းများကို တိုက်ရိုက်အလဲအလှယ် ပေးယူခြင်းဖြစ်သည်။[၁]

Accarias de Sérionne - Intérêts des nations de l'Europe, dévélopés relativement au commerce, 1766 - 5790093
Intérêts des nations de l'Europe, dévélopés relativement au commerce, 1766

ကိုးကား

  1. "The Gains from International Trade" (1939). The Canadian Journal of Economics and Political Science 5 (2): 195–205. doi:10.2307/137133.
ကလေးမြို့

ကလေးမြို့သည် စစ်ကိုင်းတိုင်းမှ ခရိုင်မြို့ဖြစ်ပြီး စစ်ကိုင်းတိုင်း၏ အနောက်ဘက်အစွန်ဆုံးရှိ ခရိုင်မြို့တစ်မြို့ ဖြစ်သည်။ မုံရွာ၊ ကန့်ဘလူဒေသများနှင့် မဟာမြိုင်တောကြီးက ခြားထားသည်။ ပုံတောင်၊ ပုံညာတောင်တန်းကြီးနှစ်ခုကလည်း မြောက်မှ တောင်သို့ တန်းလျက် ယင်းမာပင် ၊ ပေါက်၊ ပခုက္ကူဒေသများနှင့်ခြားထားပြန်သည်။ ချင်းတွင်းမြစ်သည် ခန္တီးဒေသကိုစီးဆင်းဖြတ်သန်းလာပြီး မြောက်မှ တောင်သို့ စီးဆင်းကာကျွန်းလှ၊ မြေဒူး၊ သက်ကယ်ကျင်းဒေသတို့ဖြင့် ကလေးမြို့ကို ပိုင်းခြားထားသည်။

ကလေးမြို့သည် အထက်ချင်းတွင်းခရိုင် ချင်းတောင်တောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ်နှင့် ၂မိုင်ခန့် ကွာဝေးသော ကုန်းမြင့်ပေါ်တွင် တည်ရှိသည်။

ယခင်က ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈၉၂ ခန့်ရှိ၍ ကလေးမြို့နယ်တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း ၂၄ ဖါလုံရှိ၍ မြို့ပေါ်တွင် မြို့ပေါ်ရပ်ကွက် ရပ်ကွက် ၂၀ ရှိပြီး အိမ် ခြေပေါင်း တစ်သောင်းကျော်ခန့်ရှိသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ကလေးမြို့တွင် လူဦးရေ ၃၁၅၈ ခန့်နှင့် အိမ်ခြေ ၅၆၇ ခန့်ရှိသည်။

ကလေးမြို့မှာ မြို့ပိုင်ရုံးစိုက်ရာမြို့ ဖြစ်သည့်အပြင်၊ အထက်

တန်း ကျောင်းကိုးကျောင်းနှင့် ခေတ်မှီသော လေယာဉ်ကွင်း

လည်း ရှိသဖြင့်၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကား

လာသော မြို့ကလေးတစ်မြို့ ဖြစ်ပေသည်။ မြို့ပေါ်ရှိ လူဦးရေ

၏ ၅ပုံ ၃ ပုံမှာ တောင်သူလယ်လုပ်များဖြစ်၍၊ မြို့နယ်ရှိလူထု

မှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ်

ကြသည်။

ကလေးမြို့နှင့် မိုင် ၂ဝခန့်အကွာတွင်သစ်ချောက် ကျောက်မီးသွေးတွင်း

တစ်ခုကို တွေ့ရှိရသဖြင့်၊ နိုင်ငံတော်အစိုးရသည် စတင်တူးဖေါ်

လုပ်ကိုင်လျက်ရှိသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်နောက်၊

ကလေးမြို့ အနီးတစ်ဝိုက် ကျေးရွာများသို့ ချင်းတောင်ဒေသမှ

ချင်းလူမျိုးများသည်လည်းကောင်း၊ အိန္ဒိယ-မြန်မာနယ်စပ်မှ လူရှေ(ခေါ်)

လူးဆိုင် ချင်းလူမျိုးများသည်လည်းကောင်း၊ အိမ်ထောင်စုအလိုက် တစ်

သုတ်ပြီးတစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ

လုပ်ကိုင်လျက်ရှိကြ၏။

ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော

မြို့တစ်မြို့ ဖြစ်သော်လည်း၊ ယခုအခါ မြို့ပတ်ဝန်းကျင်ကို

သုတ်သင် ပြုပြင်ထားပြီးဖြစ်ရကား ငှက်ဖျားရောဂါ မရှိ

သလောက် နည်းပါးသွားပြီဟု ဆိုရပေမည်။ ကလေးမြို့တွင်

သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သည်ဆိုသော ရွှေဘုံသာ

စေတီတော် ရှိလေသည်။

ရာဇမဟာမုနိစေတီတော်မှာလည်း ထင်ရှားသည်။

ကလေးမြို့သည် ရှေးမြန်မာမင်းတို့လက်ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခုဖြစ်သည့်အလျောက် မြို့ရိုးဟောင်း၊ ကျုံးဟောင်း အစရှိသောယိုယွင်းနေသည့် ရှေးဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင်နိုင်သေးသည်။ ကလေးမြို့အား ကောဇာနှစ် ၃၂၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း လေ့လာ သိရှိရသည်။ "ကလေး" ဟူသည်မှာ ရှမ်းတိုင်းရင်းသားဘာသာစကားအရ အရောင်းအဝယ်ကောင်းသောဈေးဟူ၍အဓိပ္ပာယ်ရသည်။ နေထိုင်ကြသူများမှာ ချင်းတိုင်းရင်းသားများ၊ လူရှည်၊ ရှမ်း၊ ရှမ်းဗမာနှင့် အခြားသော မြန်မာတိုင်းရင်းသားများ နေထိုင်ကြသည်။ လယ်ယာ၊ ဥယျာဉ်ခြံမြေ၊ တောင်ယာစိုက်ပျိုးခြင်းဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ကလေးမြို့သည် တကောင်းပြည်၏ ပထမဦးဆုံးဘုရင် အဘိရာဇာမင်းလက်ထက်ကတည်းက ရှိပြီးဖြစ်ကြောင်း သမိုင်းစာအုပ်များ၌ ဖော်ပြထားသည်။ အဘိရာဇာမင်းတွင် ကံရာဇာကြီး၊ ကံရာဇာငယ် ဟူ၍ မင်းသားနှစ်ပါး ရှိခဲ့ကြသည်။ ကံရာဇာငယ်မှာ တကောင်းပြည်တွင် ထီးမွေနန်းမွေကို ဆက်ခံ စိုးစံခဲ့သည်။ ကံရာဇာကြီးမှာ အင်အားအလုံးအရင်းဖြင့် တကောင်းမှထွက်ခွာပြီး ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသည်။ သလ္လာဝတီ (ချင်းတွင်း) မြစ်နှင့် ဧရာဝတီတို့ဆုံရာ ရွာသို့ ရောက်သောအခါ သလ္လာဝတီမြစ်သို့ ဆန်တက်ခဲ့ကြသည်။ ကလေးတောင်ညိုဒေသသို့ ရောက်ရှိလာသောအခါ အလုံးအရင်းဖြင့် ရပ်နားအခြေပြုသည်။ ရာဇဂြိုဟ်ဟူ၍ သမုတ်တော်မူပြီး ခြောက်လတာမျှ စံတော်မူခဲ့သည်ဟု ဆိုသည်။ ယခင်က ကလေးမြို့သို့ သွားရောက်လိုပါက လေယာဉ်၊ မော်တော်ယာဉ် ၊ ရေယာဉ်တို့ဖြင့် သွားရောက်ကြရသည်။ ယခုအခါ ရထားလမ်းတစ်လမ်းတိုး၍ ဖောက်လုပ်ပေးထားသည်။ ကလေးမြို့မှ ဂန့်ဂေါအထိ ရထားလမ်း ဖောက်လုပ် ဖွင့်လှစ်ပြီး ဖြစ်သည်။ ဂန့်ဂေါနှင့် ပခုက္ကူအကြား ဖောက်လုပ်ဆဲ ဖြစ်သည်။ ပုံတောင်၊ပုံညာတောင်ကြောကို ဥမင်လိုဏ်တူး၍ ရထားလမ်းဖောက်လုပ်နေသည်။ ဥမင်လိုဏ်ပြီးပါက ရထားလမ်းပြီးစီးပြီ ဖြစ်သည်။ပခုက္ကူမှ ကလေးအထိ တောက်လျောက် သွားရောက်နိုင်မည် ဖြစ်သည်။ ပခုက္ကူမြို့မှ ကလေးမြို့အထိ စုစုပေါင်း ခရီးမိုင်(၂၀၈) မိုင်ခန့် ရှိသည်။ ကလေးမြို့မှ တမူးမြို့သို့လည်း သွားနိုင်သည့် မော်တော်ကားလမ်း ရှိသည်။

အလားတူပင် မော်တော်ကားဖြင့် ကလေးမှ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ဖလမ်းမြို့များသို့လည်း သွားရောက်နိုင်သည်။ စစ်ကိုင်း၊ မုံရွာမှ ကလေးမြို့သို့ သွားရောက်လိုပါက မဟာမြိုင်တောကို ဖြတ်၍ မော်တော်ကားဖြင့်သွားနိုင်သည်။ ချင်းတွင်းမြစ်အား ယခင်က ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးရသည်။ ယခုအခု ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ) တည်ဆောက်ထားပြီးဖြစ်သည်။

ကလေးမြို့၏ မြောက်ဘက် (၁၂)မိုင်ခန့် အကွာတွင် ဇီးချောင်းရေအားလျှပ်စစ် လုပ်ငန်းရှိသည်။ နိုင်ငံတော်ငွေကြေးများစွာ အကုန်အကျခံ ဆောက်လုပ်ပေးခဲ့ပြီး ၁၉၉၆ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ကလေးမြို့တွင် အားကစားကွင်း ၊ မိုးလုံလေလုံအားကစားရုံ၊ ဘူတာရုံ၊ လေယာဉ်ကွင်းတို့ ရှိသည်။ လေယာဉ်ကွင်းမှာ ပြေးလမ်းအလျားပေ (၅၅၀ဝ) ရှိသည်။ ကလေးမြို့ရှိကလေးတက္ကသိုလ်မှာလည်း အခြားပြည်နယ်တိုင်းများမှကောလိပ်များနည်းတူ အဆင့်မီ ပညာသင်ကြားရေး၊ အဆောင်နေနိုင်ရေးတို့ကို ခေတ်ပုံစံများဖြင့် ဆောက်လုပ်ပေးထားသည်။ ကလေးမြို့တွင်းရှိ ဦးအောင်ဇေယျလမ်းဆုံတွင် သတိုးသုဓမ္မ မဟာဗန္ဓုလ၏ မြင်းစီးရုပ်တုကြီးကို စိုက်ထူထားသည်။ အဆိုပါ မြင်းစီးရုပ်တုကြီးကို ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာ (၁၆)ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ယခုအခါ မြို့တော်ခန်းမရှေ့သို့ပြောင်းရွေ့ထားပြီးဖြစ်သည်

ဂလိုဘယ်လိုက်ဇေးရှင်း

ဂလိုဘယ်လိုက်ဇေးရှင်း ( Globalization )ဆိုသည်မှာ ကမ္ဘာကြီးကို ဖြန့်ကျက်လွှမ်းခြုံထား သော ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ယက်မှတစ်ဆင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးများ၊ လူ့အ ဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုများသည် စတင်၍ပေါင်းစည်းလာသည့် ဖြစ်စဉ်တစ်ရပ်ကို ဖော်ပြခြင်းဖြစ်သည်။ ထိုစကားရပ်ကိုအထူးသဖြင့် စီးပွားရေးဆိုင်ရာဂလိုဘယ်လိုက်ဇေးရှင်း ကို ရည်ညွှန်းရန် တစ်ခါတစ်ရံ အသုံး ပြုသည် - နိုင်ငံတွင်း စီးပွားရေးများကို ကူးသန်းရောင်းဝယ်ရေး ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၊ ငွေအရင်း အနှီး စီးဆင်းခြင်း ၊ ရွှေ့ပြောင်းခြင်း နှင့် နည်းပညာ ပျံ့နှံ့ခြင်းတို့မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆီသို့ ပေါင်းစည်းခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂလိုဘယ်လိုက်ဇေးရှင်းသည် စီးပွားရေး ၊ နည်းပညာ ၊ လူမှု ယဉ်ကျေးမှု ၊ နိုင်ငံရေးနှင့် ဇီဝဗေဒဆိုင်ရာအချက်များ ပေါင်းစုထားခြင်း၏ မောင်းနှင်ခြင်းခံရသည်ဟု အသိ အမှတ်ပြုခြင်း ခံရသည်ထိုအသုံးအနှုန်းသည် ယဉ်ကျေးမှု ပြောင်းလဲရွေ့လျားခြင်းမှတစ်ဆင့် နိုင်ငံများကို ကျော်ဖြတ်၍ အတွေးအခေါ်များ ၊ ဘာသာစကားများ သို့မဟုတ် လူသိများသော ယဉ်ကျေးမှုများ ပျံ့နှံ့လည် ပတ်ခြင်းကိုလည်း ရည်ညွှန်းနိုင်သည်။

မောက်မယ်မြို့

မောက်မယ်မြို့သည် ရှမ်းပြည်တောင်ပိုင်းတိုင်း လွယ်လင်ခရိုင်၊ မောက်မယ်နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ပင်လယ်မျက်နှာပြင်အထက် ပေပေါင်း ၁,၆၃ဝ မြင့်ပြီးလျှင်၊ တောင်များ ဝန်းရံလျှက်ရှိ၏။ မြို့၏အရှေ့ဘက်တွင် မြောက်မှတောင်သို့ နမ့်ယွန်းချောင်း စီးဆင်းလျက်ရှိသည်။ တောင်ဘက်တွင် နန်းဖတ်ခုံစေတီ၊ နှစ်ကျိပ်ရှစ်ဆူ စေတီနှင့် ဆုတောင်းပြည့်စေတီများ တည်ရှိပြီးလျှင်၊ မြို့၏မြောက်ဘက် မြို့၏အဝင်ဝတွင် မြို့ဦး မဟာမုနိ ဘုရားကျောင်းတော် တည်ရှိသည်။ ထိုကျောင်းတော်၏ တောင်ဘက်တွင်ကပ်လျက် မြို့ဦးဂိုဏ်းချုပ် ဆရာတော်ကြီး၏ ကျောင်းကြီးတည်ရှိလေသည်။ မောက်မယ်မြို့ဟု တွင်သည်မှာ ရှမ်းဘာသာအခေါ်မောက်မိုင်၊ မြန်မာအခေါ် ခေါင်ရမ်းပန်းကို အစွဲပြု၍ တွင်ကြောင်းဆိုသည်။

မောက်မယ်မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁,၂ဝဝ ခန့် ရှိ၏။ နောက်ဆုံး သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၉,၅ဝဝ ခန့် ရှိ၏။ မောက်မယ်မြို့နယ်အတွင်း၌ ရှမ်း၊ပအိုဝ်းလူမျိုး၊ ကယား စသည့်လူမျိုးများ နေထိုင်ကြသည်။ နတ်ကိုးကွယ်သော ကယားလူမျိုးများမှ အပ၊ ရှမ်းနှင့် ပအိုး လူမျိုးတို့သည် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြလေသည်။ မြို့နယ်အတွင်း နေထိုင်သူတို့၏ အလုပ်အကိုင်များမှာ လယ်လုပ်ခြင်း၊ တောင်ယာခုတ်ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း စသည်တို့ဖြစ်၏။ မြို့နယ်၏ ထွက်ကုန်များမှာ အင်တွဲ၊ ချိပ်၊ သစ်စေး၊ ကွမ်းရွက်၊ ဆေးရွက်၊ ဆန်စပါး၊ နှမ်းဆီ၊ မြေပဲဆီ စသည်တို့ ဖြစ်လေသည်။

ခရီးလမ်းပန်း ဆက်သွယ်ရေးတွင် မောက်မယ်မြို့သည် ကားလမ်းဆုံး ဖြစ်ပြီးလျှင်၊ မောက်မယ်မှ တိုက်နယ်အတွင်းသို့ လှည်း၊ နွားဝန်တင်၊ အထမ်းအပိုးတို့ဖြင့်သာ ကူးသန်းသွားလာကြသည်။ မောက်မယ်မှ တန့်ဟတ်သို့သွားသော ကားလမ်းသည် နွေရာသီအတွင်း၌သာ အသုံးပြုနိုင်သည်။

မောက်မယ်မြို့တွင် ထင်ရှားသော အဆောက်အအုံမှာ ယခင် နယ်ရှင်စော်ဘွားကြီး၏ ဟော်ကြီးဖြစ်၏။ ထင်ရှားသော စေတီပုထိုးများမှာ နန်းဖတ်ခုံ စေတီတော်ကြီးနှင့် မြို့၏အရှေ့ဘက်တောထဲတွင် တည်ရှိသည့် မြို့နံစေတီဖြစ်သော နောင်အိုင်စေတီတို့ဖြစ်သည်။ နန်းဖတ်ခုံစေတီတော်ကြီး၏ ဘုရားပွဲတော်

များကို နှစ်စဉ် တန်ဆောင်မုန်းလနှင့် တပေါင်းလများတွင် ကျင်းပလေ့ ရှိလေသည်။

မဲဒီချီ

အီတလီနိုင်ငံတွင် မြို့ကြီးများကို ပြည်ထောင်ငယ်

ကလေးများ အဖြစ် တစ်ထီးတစ်နန်း အုပ်စိုးခဲ့သည် ခေတ်က

ဖလော်ရင့်မြို့ကို စိုးမိုးခဲ့သော မဲဒီချီဆွေမျိုးစုသည် အီတလီနိုင်ငံ

သမိုင်းတွင်သာမဟုတ်၊ ပြင်သစ်နိုင်ငံသမိုင်းတွင်လည်း

ထင်ရှားပေသည်။

ထိုစဉ်အခါက ဆွေမျိုးစုအများအပြားသည် ပြည်ထောင်ငယ်များကို

အုပ်ချုပ်နိုင်မှုအတွက် လက်နက်အားကိုးလျက် တိုက်ခိုက်ခြင်းဖြင့်

လည်းကောင်း၊ လျှို့ဝှက်စွာလုပ်ကြံ သတ်ဖြတ်ခြင်းဖြင့်

လည်းကောင်း ကြံစည်ရယူခဲ့ကြသော်လည်း၊ မဲဒီချီဆွေမျိုးစု

တို့မှာ မူကားစီးပွားတိုးတက် ကြွယ်ဝလာသောကြောင့် ဓန

အင်အား ဖြင့် ဩဇာတိက္ကမ ကြီးလားပြီးလျှင် ဖလော်ရင့်မြို့ကို

၁၃ ရာစုနှစ်မှစ၍ကြီးစိုးနိုင်ခဲ့ပေသည်။ အီတလီနိုင်ငံမှ စတင်

ထွန်းကား၍ ဥရောပနိုင်ငံတို့သို့ ပျံ့နှံ့သွားသော ဉာဏ်သစ် အရေးပုံခေါ် ပညာအရပ်ရပ် ပြန်လည်ထွန်းကားသည့် ခေတ်က

မဲဒီချီမျိုးဆက် အုပ်စိုးသော ဖလော်ရင့်မြို့သည် အုပ်ချုပ်သူတို့၏

အားပေးမှုကြောင့် အနုပညာနှင့်စာပေပညာများအထွန်းတောက်ဆုံး

နေရာဖြစ်ခဲ့ပေသည်။

မဲဒီချီဆွေမျိုးဆက် ကြွယ်ဝချမ်းသာ၍ တန်ခိုးအာဏာ

ထွားလာအောင် ကြံဆောင်သူမှာ ဂျိုဗန္နီးဒါမဲ ဒီချီ

(ခရစ် ၁၃၆ဝ - ၁၄၂၉) ဖြစ်၍ ကူးသန်းရောင်းဝယ်ခြင်း၊

ဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်းတို့ဖြင့် ကြီးပွားချမ်းသာလာကာ

အီတလီတစ်နိုင်ငံလုံးတွင် ကျော်ကြားသော

သဌေးဖြစ်လေသည်။

ဂျိုဗန္နီးသည် ရာထူးဌာနန္ထရများကို မခံယူဘဲ မြို့သူမြို့သား အပေါ်

0x100သဇာညောင်းလျက် သားစဉ်မြေးဆက် တန်ခိုးအာဏာ

ဆက်ခံနိုင်အောင် ရှေ့ဆောင်သွားပေသည်။

ကောဇီမိုး ဒါမဲဒီချီ (ခရစ် ၁၃၈၉ - ၁၄၆၄) သည်

ဂျိုဗန္နီးကို ဆက်ခံသော သားကြီးဖြစ်၍၊မဲဒီချီအမျိုးဆက့်

အနက်ဦးစွာနာမည်ထင်ရှား ကျော်ကြားလာသူဖြစ်၏။ ရောမ၊

ဗင်းနစ်၊ ဂျီနီးဗား၊ ဗရုဂျနှင့် လန်ဒန်မြို့များတွင် ဘဏ်ခွဲများ

ဖွင့်ခြင်းဖြင့် ဖခင်၏လက်ငုတ်လက်ရင်း ဘဏ်လုပ်ငန်းကို

ကြီးကျယ်အောင်တိုးချဲ့လုပ်ကိုင်သည်။ သို့အားဖြင့်

မဲဒီချီဆွေမျိုးဆက်၏ စီးပွားရေးကိုတိုးတက်

စေရုံသာမက၊ လိမာ်ကျွမ်းကျင်ပြေပြစ်စွာ ပေါင်းသင်းဆက်ဆံ

တတ်သောကြောင့်လည်း လူချစ်လူခင် များပြားခဲ့သည်။ ထိုပြင်

အနုပညာနှင့် စာပေတိုးတက်မှုတွင် အထူးစိတ်ပါဝင်စားသဖြင့်

အားပေး ထောက်ပံ့လေသည်။ ဤသို့ မြှင့်တင် အားပေးမှုကို

ရရှိသဖြင့်ဖလောရင့်မြို့သည် ဉာာဏ်သစ်အရေးပုံခေတ်က

အချက်အချာဒေသဖြစ်ခဲ့ပေသည်။ ကောဇီမိုးသည် ဖလော်ရင့်မြို့ကို

ကြီးစိုးရာ၌ အုပ်ချုပ်ရေးဆိုင်ရာ ရာထူးဌာနန္တရများတွင်ဝင်ရောက်

အရွေးခံခြင်း ပြုခဲ့သည်မဟုတ်ပေ။ ရိုးရိုးအရပ်သားတစ်ဦး အဖြစ်

နေထိုင်ကာ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ ရာထူးရအောင်

ပြုပေးပြီးလျှင် ထိုသူများကို ကြိုးကိုင်ထားခြင်းသာ ဖြစ်လေ

သည်။ ဤသို့အားဖြင့်ဖလော်ရင့်တစ်မြို့လုံးသည် သူ၏ ဩဇာခံ

ဖြစ်နေခဲ့၏။ ကောင်ဇီမိုးသည် ဖလော်ရင့်မြို့၏သရဖူ

မဆောင်းသော ဘုရင် သဖွယ်လုံးဝအာဏာကို ချုပ်ကိုင်

ထားနိုင်ခဲ့လေသည်။ ဤသို့ လုံးဝအာဏာဖြင့် ကျပ်တည်းစွာ

အုပ်ချုပ်ခြင်းခံရငြားလည်း မြို့သူမြို့သားများသည်

ကောဇီမိုးအား အကြည်ညို မပျက်ရုံသာမက ဖလော်ရင့်မြို့၏

ဖခင်ကြီး ဟူ၍ပင် ဂုဏ်ပြုခေါ်ဝေါ်ကြလေသည်။

ကောဇီမိုးကွယ်လွန်သောအခါ သူ၏သား ပီယဲရို

ဆက်ခံသော်လည်း ဖခင်၏ ခြေရာကို မမှီပေ။ ဖခင်ကဲ့သို့

ဩဇာမညောင်းဘဲ မဲဒီချီဆွေမျိုးဆက်၏ အုပ်စိုးမှု မပြတ်ရုံမျှသာ

ဖလော်ရင့်မြို့ကို အုပ်စိုးခဲ့သူ ဖြစ်လေသည်။

လော်ရင်ဇိုသည် မဲဒီချီဆွေမျိုးဆက်တွင် အထင်အရှား အကျော်

ကြား ဆုံးဖြစ်၍ ဖလော်ရင့်မြို့ကို ထိပ်ဆုံးအခြေအနေသို့

ပို့ဆောင်ခဲ့သူဖြစ်၏၊ မိမိကိုယ်တိုင်ပင် ကဗျာစာဆိုတစ်ဦးဖြစ်၍

စာပေအနုပညာကို လိုက်စားခဲ့သည်သာမက စာပေ၊ အနုပညာ

ဆိုင်ရာ ပညာရှင်များကိုကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်အောင်

ခြီးမြော|ာက်အားပေးခဲ့၏။ စာပေ၌ လည်းကောင်း၊ အနုပညာ၌

လည်းကောင်း၊ အလှအပအာရုံခံစားမှုများ၌ လည်းကောင်း

ဖလော်ရင့် တစ်မြို့လုံး ယစ်မူးလျက်ရှိနေစဉ် လိုရင်ဇိုသည်

အုပ်ချုပ်ရေးအာဏာများကို သူတစ်ဦးတည်း၏ လက်

ဝယ် အရ၏ူထားခဲ့လေရာ၊ ဘုရင်ဟူသောအမည်ကို

မခံယူသော်လည်း အချို့ဘုရင် များထက်ပင် တန်ခိုးအာဏာ

ကြီးမားခဲ့လေသည်။

သူ၏ ဆောင်ရွက်ချက်များကြောင့် ဖလော်ရင့်မြို့သည်

ကမ္ဘာပေါ်ရှိ အလှပဆုံး မြို့ကြီးတစ်မြို့ ဖြစ်ခဲ့လေသည်။

ထိုကြောင့်ပင် မြို့သားများက 'လော်ရင်ဇို ြ သ ြ မဂ္ဂနိဖဆင့်'

ဟူ၍ ခြီးကျူးခေါ်ကြ၏။ အဓိပ္ပာယ်မှာ ကျက်သရေ

မဂ‡လာအပေါင်းနှင့် ပြည့်စုံသောလော်ရင်ဇို ဟူသတည်း။

လော်ရင်ဇို၏ ဩဇာအာဏာသည် ဖလောရင့်မြို့တွင်သာမကဘဲ

ရောမမြို့သို့ပင် ပျံ့နှံ့ခဲ့လေရာ၊ သူ၏ဒုတိယ သား ဂျိုဗန္နီးအား

၁၄ နျစ်သား အရွယ်ကပင် ကာဒင်နယ ဂိုဏ်းချုပ်ရာထူးကို

ရရှိအောင် ကြံဆောင်ပေးနိုင်ခဲ့လေသည်။

ဂျိုဗန္နီးသည် ၁၅၁၃ ခုနှစ်တွင် ဒသမ လီယိုဘွဲ့ကို ခံယူကာ

ပုပ်ရဟန်းမင်း ဖြစ်လာ၍ အနုပညာရပ်များကို

အထူးအားပေးသူအဖြစ်ထင်ရှားကျော်စောခဲ့လေသည်။

လော်ရင်ဇို ကွယ်လွန်ပြီးနောက် ဆက်ခံသော သားဖြစ်သူ

ပီယက်တရိုသည် ပျော့ညံ့သူဖြစ်ရကား မြို့သူ မြို့သားများက

အကြည်ညိုပေါ့လာသဖြင့် မဲဒီချီမျိုးဆက်လည်း

တန်ခိုးအာဏာယုတ်လျော့သွား၏။ ၁၄၉၄ ခုနှစ်တွင်

မြို့သူမြို့သားများ၏ပစ်ပယ်ခြင်းကို ခံရ၍ ၁၅၁၂ ခုနှစ်တွင်မှ

ပြန်လည် ကြီးစိုးနိုင်သည်။

ခရစ် ၁၅၂၇ ခုနှစ်တွင် မဲဒီချီ မျိုးဆက်များ ဒုတိယ

အကြိမ် ပစ်ပယ်ခြင်း ခံရပြန်၏။ ၁၅၃ဝ ပြည့်နှစ်တွင်မှ တန်ခိုး

အာဏာ ပြန်လည်ရရှိသည်။ ယင်းသည့် အချိန်မှစ၍ မဲဒီချီ

အဆက်အနွယ်တို့သည် ဒျုဘွဲ့ကို ခံယူကြလေသည်။

မဲဒီချီအဆက်အနွယ်တွင် အခြား ထင်ရှားသော

ပုဂ္ဂိုလ်များမှာ ၁၁ ဆက်မြောက် လီယိုဘွဲ့ခံ ပုပ်ရဟန်းမင်းနှင့်

သတ္တမကလီးမင်းဘွဲ့ခံ ပုပ်ရဟန်းမင်းတို့အပြင် ကက်သရင်းဒါ

မဲဒီချီ ဖြစ်၏။

ကက်သရင်း ဒါမဲဒီချီ (ခရစ် ၁၅၁၉ - ၈၉) သည်

လိုရင်ဇို၏ မြစ်ဖြစ်၍ ပြင်သစ်ပြည့်ရှင် ဒုတိယ ဟင်နရီဘုရင်၏

မိဖုရား ဖြစ်လေသည်။ ဟင်နရီဘုရင်နှင့် ခရစ် ၁၅၃၃ ခုနှစ်တွင်

စုလျားရစ်ပတ် လက်ထပ်ခဲ့၏ သူ၏ သားတော် ၃ ပါးသည်

ဒုတိယ ဖရန်စစ်၊ နဝမချား၊ တတိယ ဟင်နရီဘွဲ့များကို

အသီးအသီး ခံယူလျက် ခမည်းတော်၏ အရိုက်အရာကို

အစဉ်အတိုင်းဆက်ခံကြသည်။ ကက်သရင်းဒါမဲဒီချီသည်

သားတော်များ အပေါ် ဩဇာလွှမ်းမိုးလျက် နိုင်ငံအုပ်ချုပ်ရေးတွင်

ဝင်ရောက်စွက်ဖက်သည်။ ထိုစဉ်က ပြင်သစ်နိုင်ငံ သမိုင်းတွင်

ထင်ရှားသည့်အဖြစ်အပျက် များစွာ ပေါ်ပေါက်ခဲ့ရာ၊

များသောအားဖြင့် မယ်တော် ကက်သရင်း၏ ပယောဂ

မကင်းခဲ့ချေ။ အထူးသဖြင့် ခရစ် ၁၅၇၂ ခုနှစ်တွင် ဖြစ်ပွားသော

စိန်ဗာသောလမျူးနေ့ လူသတ်ပွဲမှာသူ၏ လက်ချက်ဟု

ဆိုရပေမည်။ အနုပညာကိုမူကား မိရိုးဖလာအတိုင်း

အားပေးသည်။ ၁၅၈၉ ခုနှစ်တွင် ကွယ်လွန်သည်။

ခရစ် ၁၆ဝဝ ပြည့်နှစ်မှစ၍ မဲဒီချီ မျိုးဆက်သည်

တဖြည်းဖြည်း ပျော့ညံ့လာပြီးလျှင် ၁၇၃၇ ခုနှစ်သို့ ရောက်လျှင်

ဖလော်ရင့်မြို့ကို တစ်ကြိမ်က ကြီးစိုးခဲ့သော မဲဒီချီမျိုးဆက်

ပြတ်၍တိမ်ကောသွားလေသည်။

မြန်မာနိုင်ငံဒီမိုကရေစီ (ရှေးခေတ်ဦး)

ပုဂံဝန်ထောက်မင်းဦးတင်၏ "မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း" တွင် မဟာသမ္မတမင်းတင်မြှောက်ပုံနှင့်ပတ် သက်ပြီး

"အသိအလိမ္မာ ဉာဏ်ပညာရှိသူ လူတစုတို့သည် မနု မည်သော သုခမိန်ကို မဟာသမတ တင်မြှောက်ကြ သည်။ တင်လျှောက်ပုံမှာ ငါတို့အပေါ်တွင် အသျှင်အစိုးရပြုလုပ် အုပ်ချုပ်ပါ။ ကဲ့ရဲ့ရှုံ့ချ နှင်ထုတ်သင့်သူ၊ မ,စ ချီးမြှောက် စောင့်ရှောက်သင့်သူ တို့ကို တရားလမ်းရှိသမျှ နိဂ္ဂဟ ပဂ္ဂဟ ပြုလုပ်ပါ။ ထိုကဲ့သို့ ပြုလုပ်အုပ်ချုပ်သည့်အတွက်၊ အုပ်ချုပ်ခံရသူတို့ လုပ်ဆောင်ဖြစ်ထွန်းရရှိသော ပစ္စည်းများမှ ဒသမဘာဂ ဆယ်ဖို့ တဖို့၊ ဆယ်ခိုင် တခိုင်၊ ဆယ်ဖီး တဖီး၊ ဆယ်လုံး တလုံး၊ ဆယ်ပွင့် တပွင့် အချိန်နှင့်အခန့်သင့် ပေးဆက်ကြသည်ကို ခံယူပါဟူ၍ ဝိုင်းဝန်း တိုက်တွန်း ပြောဆိုကြကုန်သည်။ သို့ တင်မြှောက်သူတို့နှင့် မင်းပြုလုပ်မည့်သူတို့သည် အပြန်အလှန် ပဋိဉာဉ် ခံဝန်ကတိစကား ထားကြပြီးသည့်အခါ၊ မင်းလျာ မင်းလောင်းဖြစ်သော သုခမိန်ကို သုံးပါးသော ဘိသိတ်သွန်းလောင်းခြင်းနှင့် မင်းမြှောက်ကြကုန်သည်" ဟုဖော်ပြထားပါသည်။

မြန်မာတို့သည် ကမ္ဘာဦးအစ "မဟာသမ္မတမင်း" ကိုလက်ခံယုံကြည်ခဲ့ကြကြောင်း ဦးကုလားရေးသည့် မဟာရာဇဝင်ကြီးတွင်လည်းဖော်ပြထားသည်ကိုတွေ့ရသည်။ ထိုမင်းသည် တရားမျှတသည့်မင်းဖြစ်ပြီး မင်းကျင့်တရား (၁၀) ပါး၊ ရာဇဓမ္မ (၁၀) ပါး၊ ရာဇဂုဏ် (၈) ပါး၊ အပရိဟာနိယတရား (၇) ပါး၊ သင်္ဂဟတရား (၄) ပါးနှင့်အညီ အုပ်စိုးခဲ့သည်ဟုဆိုသည်။ ဗမ္ဗူဒီပါကျွန်းတွင် အုပ်စိုးသည့် ထို မဟာသမ္မတမင်းအား ကျွန်းသူကျွန်းသားအပေါင်းတို့က မိမိတို့လုပ်ဆောင်ရရှိသော ပစ္စည်းပစ္စယ တို့ကို ဆယ်ဖို့ တစ်ဖို့၊ ဆယ်ခိုင် တစ်ခိုင်၊ ဆယ်လုံး တစ်လုံး၊ ဆယ်ပင် တစ်ပင် ဆက်ကြရန် သဘောတူခဲ့ကြသည်။ ထိုမဟာသမ္မတမင်းကလည်း ရသေ့မုနိ အစရှိသောသူတော်ကောင်းတို့နှင့် ပေါင်းဖက်တိုင်ပင်ပြီး စကြ၀ဠာနားရှိ အထူးထူးသော "ဓမ္မသတ်ကျမ်းဂန်" များကို ကူးယူစေကာ တရားနှင့်အညီ အဂတိ (၄) ပါးမလိုက်ဘဲ ဆုံးဖြတ်စီရင်ခဲ့ကြောင်း ယုံကြည်ခဲ့ကြသည်။ ရှေးအခါကပင် ပြည်သူတို့ တင်မြှောက်သည့် မင်းသည် ပြည်သူ့ဆန္ဒအတိုင်းအုပ်ချုပ်ကာ ပညာရှိများနှင့် ဥပဒေများရေးဆွဲသတ်မှတ်အုပ်ချုပ်ခဲ့ကြောင်း အထောက် အထားများပင်ဖြစ်သည်။

ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းလာ ကမ္ဘာဦးအစ မဟာသမ္မတမင်းများ တင်မြှောက်ပုံကို လေ့လာကြည့်လျှင် လူအပေါင်းတို့စုဝေးကာ အုပ်ချုပ်မည့်သူကို တညီတညွတ်တည်း သဘောတူ တင်မြှောက်ခဲ့ခြင်း ကြောင့် "မင်း" ဟူ၍ပေါ်ပေါက်ခဲ့ရကြောင်းထင်ရှားသည်။ ပြည်သူအပေါင်းတို့က မင်းအဖြစ်တင်မြှောက်ရမည့် သူကို

"ကျွန်တော်တို့ပြည်သူတို့သည် အချင်းချင်းခိုက်ရန်ဖြစ်ပွားပါက စီရင်ဆုံးဖြတ်ပေးမည့်သူမရှိဖြစ်နေသည်။ သင်သည် လယ်ယာလုပ်ဆောင်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကိုမပြုပါနှင့်။ ကျွန်တော်တို့ လုပ်ဆောင်၍ ရသည့်စီးပွားမှ ကျွန်တော်တို့ကဲ့သို့ စားသုံးလောက်အောင် ပေးပါမည်" ဟူ၍တောင်းပန်ပြီး အုပ်ချုပ်ခိုင်းသောကြောင့် အုပ်ချုပ်သည့် မင်းဟူ၍ ပေါ်ပေါက်လာရခြင်းဖြစ်သည်။

လူအပေါင်းတို့သည် တညီတညွတ်တည်းထိုသို့ဆုံးဖြတ်ကြပြီးနောက် "တိုင်းပြည်ကိုစောင့်ရှောက်နိုင်မည့် ဉာဏ်ပညာနှင့်ပြည့်စုံသော ဘုရားလောင်းကို မင်းမြှောက်ကြသည်" ဟူ၍လည်းဆိုထားပါသည်။ လူအပေါင်းတို့သည် ထိုဘုရားလောင်းကို "မင်း" ဟူ၍ "သမုတ်သမတ်" သောကြောင့် ထိုမင်းကို မဟာသမ္မတမင်း ဟုခေါ်ကြောင်း ဖွင့်ဆိုပါသည်။

ပြည်သူတို့သည် ပြည်သူ့အကျိုးအတွက် ပြည်သူများထဲမှ တိုင်းပြည်စောင့်ရှောက်နိုင်စွမ်းရှိသူကို ရွေးကောက် တင်မြှောက်ကြသည်ဆိုသဖြင့် ရှေးခေတ်ဟောင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာ အတွေးအခေါ်များတွင် "မင်း" ဆိုသည်မှာ သက်ဦးဆံပိုင်အခွင့်အရေးအား ဘုရားသခင်ပေး၊ နတ်ပေးသောကြောင့်ရရှိလာသည့်အခွင့်အရေးမျိုး (Divine Right of Kings) ကြောင့်ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ ပြည်သူကြောင့်ပေါ်ပေါက်လာရ သူဟူ၍သာ လက်ခံကြသည့် အတွေးအခေါ်များကို စိတ်ဝင်စားဖွယ်လေ့လာတွေ့ရှိရသည်။

ထို့ပြင်မင်းတို့သည် သင်္ဂဟတရား (၄) ပါးနှင့်အညီအုပ်ချုပ်ခြင်းကြောင့် တိုင်းပြည်စည်ပင်ခဲ့ကြသည့် အထောက် အထားများ တွေ့ရသည်။ သင်္ဂဟတရား (၄) ပါးဆိုသည်မှာ-

သဿမေဓ

ပုရိသမေဓ

သမ္မာပါသ

ဝါစာပေယျ တို့ဖြစ်သည်။သဿမေဓဆိုသည်မှာ -

လူအပေါင်းတို့က မိမိတို့ရှာဖွေစုဆောင်းရလာသည့် ပစ္စည်းများထဲမှ ဆယ်ဖို့တစ်ဖို့ မင်းကို ပေးရခြင်းကို ဆိုလိုသည်။ သို့သော်အချို့ပါဠိကျမ်းဂန်များတွင် ဆယ်ဖို့ တစ်ဖို့ဆိုသည့်စကားကိုမတွေ့ရသဖြင့် နိုင်ငံအင်အားအလျောက် သင့်လျော်အောင် ကောက်ခံကြသည်ဟုသာ ဆိုရန်ဖြစ်သည်။ တစ်နည်းအားဖြင့် မင်းတို့သည် ကောက်ခံသင့်သည့်အခွန်တော်များသာကောက်ခံပြီး တိုင်းပြည်ကို အုပ်ချုပ်ရန်ဖြစ်သည်။

ပုရိသမေဓဆိုသည်မှာ -

မင်း၊ မှူးမတ်၊ ရဲမက်၊ လက်နက်ကိုင်စသည့် နိုင်ငံကိုစောင့်ရှောက်သောသူတို့အား ကောက်ခံရရှိထားသည့် အခွန်တော်များထဲမှ စားသုံးနိုင်လောက်အောင် ပေးကမ်းခြင်းအားဆိုလိုပါသည်။ နိုင်ငံ စောင့်ရှောက်သူတို့ကို ကြီးစဉ်ငယ်လိုက်ချီးမြှင့်ထောက်ပံ့ရခြင်းသည်လည်း မင်းတို့ကျင့်ရမည့်တရားဖြစ်သည်။

သမ္မာပါလဆိုသည်မှာ -

တိုင်းပြည်နိုင်ငံအတွင်းရှိ ကုန်သည် လယ်လုပ်တို့ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ပေးခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အရင်းအနှီးလိုအပ်လျှင်ထုတ်ပေးခြင်းတို့ကို မင်းကပြုလုပ်ပေးရခြင်းဖြစ်သည်။ မင်းသည် ကုန်သည်လယ်လုပ်တို့ မိမိနှင့်အုပ်ချုပ်ရေးအဖွဲ့အပေါ် အားကိုးချင်စိတ်ဖြစ်လာစေရန်၊ ချစ်ခင်လာစေရန် ပြုလုပ်တတ်ခြင်းကို သမ္မာပါလဉာဏ်ဟုခေါ်ဆိုသည်။

ဝါစာပေယျဆိုသည်မှာ -

မင်းသည် ချီးမြှင့်ထောက်ပံ့ခြင်းပြုရသည်ဆိုသဖြင့် ကိုယ်လည်းယူ၊ ပေးတန် သလောက်လည်းပြန်ပေးရရုံမျှမက အစဉ်အမြဲ ပြုံးရယ်ခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုတတ်ခြင်းတို့လည်းပြုရမည်။ ပြည်သူကိုချစ်အောင်နေခြင်း၊ ပြည်သူနှင့်ဆွေးနွေးတိုင်ပင်ကာ နွေးထွေးစွာနေထိုင်ပြောဆိုတတ်ခြင်းကို ဝါစာပေယျဟု ခေါ်သည်။

မင်းတို့သည် တရားနှင့်အညီအုပ်စိုးကြသဖြင့် ဗာရဏသီ၊ သာဝတ္ထိ၊ ရာဇဂြိုဟ်အစရှိသော တိုင်းပြည်ကြီးများ သည် ကုဋေရှစ်ဆယ်၊ ကုဋေတစ်ရာ့ခြောက်ဆယ် ကြွယ်၀သည့် သူဌေးသူကြွယ်များပေါများလှသည်။ လက်နက်ကိုင် အင်အားမှာလည်း တောင့်တင်းပြီး တစ်ဆယ်ရှစ်ခေါဘနီတိုင်အောင် အင်အားကြီးမားခဲ့သည်ဟုဆိုသည်။ တိုင်း နေပြည်တော်အတွင်း ခိုးဝှက်လုယက်မည့်သူမရှိ။ အိမ်ဝင်းနှင့် မြို့ပြတို့တွင် တံခါးရွက် မင်းတုပ်ကလန့်မတပ်ဘဲ ဟင်းလင်းဖွင့်ကာ နေထိုင်နိုင်ကြသည်။ ထိုသို့သင်္ဂဟတရားလေးပါးကို ကျင့်ကြံပြီး တံခါးရွက်မင်းတုပ်မရှိသည်ကို "နိရဂ္ဂဠ" ဟုခေါ်သည်။ "နိရဂ္ဂဠတရား" နှင့်ပြည့်စုံသည့်နိုင်ငံတော်ကိုသာလျှင် မင်းကျင့်တရားနှင့် ပြည့်စုံသည့် နိုင်ငံဟူ၍သတ်မှတ်ကြသည်။

ရှေးအကျဆုံးဖြစ်သည့် "မနုဓမ္မသတ်" တွင် မင်းတို့သည်တိုင်းပြည်ကိုအုပ်ချုပ်ပုံနှင့်ပတ်သက်ပြီး "မင်းနှင့်ပြည်သူတို့ ပူးပေါင်း အုပ်ချုပ်ရမည်။ ထိုသို့ပူးပေါင်းခြင်းဖြင့်သာ အသိဉာဏ်ကိုတိုးပွားစေနိုင်မည်။ မင်းနှင့်ပြည်သူတို့ဆက်ဆံရာတွင် မင်းတိုင်ပင်အဖွဲ့ သုံးဖွဲ့ ဖွဲ့စည်းထားရမည်" ဟုဆိုသည်။ မင်းတိုင်ပင်အဖွဲ့ဆိုသည်မှာ

၁။ ဝိဇ္ဇာရိယသဘာ (ပညာရေး)

၂။ ဓမ္မာရိယသဘာ (သာသနာရေး)

၃။ ရာဇာရိယသဘာ (အုပ်ချုပ်ရေး) သုံးဌာနခွဲပြီးတိုင်းပြည်ကို ပူးပေါင်းအုပ်ချုပ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

မင်းဆိုသည်မှာ တိုင်းသူပြည်သားအားလုံးကို အဖက်ဖက်မှလွတ်လပ်စွာ အတတ်ပညာသင်ခွင့်၊ ဘာသာတရား သင်ကြားခွင့်နှင့် စီးပွားဥစ္စာတို့ဖြင့် ဖြည့်ဆည်းပေးရမည်။ မင်းကျင့်တရားကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သေနာစ ဟုခေါ်သည့် စစ်ဆင်ရေးအဖွဲ့၊ စစ်တပ်တို့နှင့်ပူးပေါင်းခြင်းဖြင့်သာ တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက် ရမည်ဟု ဆိုထားသည်။

မင်းသည် ညီလာခံတွင် အမြဲတိုက်တွန်းနေရမည့်အချက်မှာ

"အမတ်မင်းတို့ ငါ၏မင်းတိုင်ပင်အဖွဲ့မှပြဋ္ဌာန်းသောတရားနှင့်အညီ အစီအရင်ဥပဒေတို့ကို လိုက်နာဆောင်ရွက် ကြပါလော့။ ယဉ်ကျေးသော၊ အရည်အချင်းရှိသော အမတ်မင်းတို့ စည်းမျဉ်းဥပဒေကိုလိုက်နာကြလော့" ဟူ၍ သတိပေးနေရန်ဖြစ်သဖြင့် ရှေးခေတ်အုပ်ချုပ်ရေးတွင် မင်းတိုင်ပင်အဖွဲ့ထားရှိခြင်း၊ မင်းတိုင်ပင်အဖွဲ့မှ ဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရခြင်းများရှိကြောင်းတွေ့ရသည်။

ထိုခေတ်ကတည်းက တစ်ဦးတစ်ယောက်အား အာဏာကုန်လွှဲအပ်ပြီး အုပ်ချုပ်ခွင့်မပြုပေ။ ရှေးမင်းခေတ် အုပ်ချုပ်ပုံအဆင့်ဆင့်တွင် မင်းသည် တိုင်းပြည်၏သဘာပတိ၊ သဘာပတိလက်အောက်တွင် မင်းတိုင်ပင်အဖွဲ့၊ မင်းတိုင်ပင်အဖွဲ့လက်အောက်တွင် မင်းကပြန်ရောက်ရသည်။ မင်းနှင့် မင်းတိုင်ပင်အဖွဲ့သည် ပြည်သူ့လက်အောက်၊ ပြည်သူတို့သည် မင်းတိုင်ပင်အဖွဲ့လက်အောက်ဟူ၍ အဆင့်ဆင့်ပြန်လည်ထိန်းချုပ်ကာ ညှိနှိုင်းအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ သည်ဟုလည်းဆိုနိုင်သည်။

ရှေးခေတ်က မင်းကိုတင်မြှောက်ကြရာတွင်လည်း ရွေးချယ်သည့်မင်းကို အောက်ပါအရည်အချင်းနှင့် ပြည့်စုံ ရမည်ဟု သတ်မှတ်ထားလေ့ရှိသည်။

၁။ လူအပေါင်းတို့ထက် ထူးကဲသောအစိုးရခြင်းကိုပြုတတ်သူ

၂။ ရန်သူအပေါင်းတို့အား အောင်နိုင်စွမ်းသောသူ

၃။ သဘာပတိဖြစ်ထိုက်သော၊ ချီးကျူးလောက်သော ဂုဏ်၊ ကိစ္စ၊ သဘောတရားနှင့်ပြည့်စုံသောသူ

၄။ ပူဇော်သက္ကာရပြုထိုက်သောသူ

၅။ ဝင်ရောက်ခိုကိုး အားကိုးထိုက်သောသူ

၆။ ရှိခိုးထိုက်သောသူ ကိုသာလျှင် ဥက္ကဋ္ဌ-သဘာပတိအဖြစ်တင်မြှောက်ကြသည်ဟုဆိုထားသည်။

ဤသို့သောယောက်ျားမျိုးကို "အိုအသင်မင်းမြတ် အားလုံးထက်ကြီးမြတ်သည့် စကြဝတေးမင်းအဖြစ် သတ်မှတ် ပါသည်။ ပညာရှိတို့ဖြင့် ပြည့်နေသော ဤတိုင်းပြည်ကို အုပ်ချုပ်တော်မူပါ။ မြတ်သောအစိုးရခြင်းဖြင့် တိုင်းပြည်၏ ဥစ္စာပစ္စည်းတို့ကို စောင့်ရှောက်တော်မူပါ။ ပြည်သူတို့နှင့် နှီးနှောတိုင်ပင်လျက် မျက်နှာကြီးငယ်မလိုက်ဘဲ အုပ်ချုပ် တော်မူပါ။ တိုင်းသူပြည်သူအားလုံး၏ အဆွေခင်ပွန်းသဖွယ် ကြင်နာသနားစွာဖြင့် တစ်လောကလုံးရှိ ရန်အပေါင်းကို ကင်းစင်အောင်ပြုပေးတော်မူပါ" ဟုတောင်းပန်အုပ်ချုပ်ခြင်းပြုစေရသည်။

မင်းယောက်ျားသည် တရားရှိသရွေ့ကာလပတ်လုံး တိုင်းပြည်တိုးတက်၏။ မတရားကျင့်သည့်အခါတွင် ပျက်စီး ဆုံးရှုံးခံရ၏။ ပညာအမှန်တကယ်ရှိသည့်ပုဂ္ဂိုလ်တို့အား ပညာရေးဌာနအမတ်ကြီးများ၊ တရားရှိသူတို့အား ဘာသာ သာသနာရေးဌာနအမတ်ကြီးများ၊ ချီးမွမ်းထိုက်သောတရားရှိသူတို့အား အုပ်ချုပ်ရေးဆိုင်ရာဌာန အမတ်ကြီးများ အဖြစ်ခန့်အပ်ကာ၊ ထိုသူများထဲမှ အတော်ဆုံးပုဂ္ဂိုလ်အား အုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲအဖြစ်ပြန်လည်ခန့်အပ်ရမည်။ ဌာနသုံးခုကအကြံပေးသည့်အတိုင်း ကောင်းမြတ်သည့်စည်းမျဉ်းဥပဒေများပြဋ္ဌာန်းကာ ထိုစည်းမျဉ်းဥပဒေ များအတိုင်း ပြုမူအုပ်ချုပ်ရန်ဖြစ်သည်။ မင်းတိုင်ပင်အဖွဲ့သည် အများအကျိုးများရာများကြောင်းကိုသာ အကြံပေးရန်ဖြစ်သည်။ ဥပဒေဘောင်အတွင်းမှ အများပြည်သူ၏အကျိုးတရားကို ပြုစေရာ၏ဟုဆိုထားသည်။

ဘီစီ ၆ ရာစု ဂေါတမဘုရားရှင်လက်ထက်တွင် ဝဇ္ဇီတိုင်း၊ ဝေသာလီပြည်ရှိ လိစ္စဝီလူမျိုးများ လက်ထက် ကတည်းက အရှေ့တိုင်းတွင် ဒီမိုကရေစီသဘောတရားများ ထွန်းကားခဲ့ကြောင်းတွေ့ရသည်။ ဝေသာလီပြည်တွင် မင်းသား (မှူးမတ်) ၇၇၀၇ ဦးတို့ စည်းဝေးတိုင်ပင်ကြပြီး၊ ထို ၇၇၀၇ ပါးသောမင်းများထဲမှ တစ်ပါးကိုရွေးချယ်ကာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်စေကြောင်း ဒီဃနိကာယ်တွင်ဖော်ပြထားသည်။ မြန်မာ့အစဉ်အလာ ရိုးရာအုပ်ချုပ်ရေးစနစ်သည် ဘုရင်အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဟုဆိုနိုင်သော်လည်း မြန်မာတို့၏အစောပိုင်း အကြီးအမှူးဖြစ်သူအုပ်ချုပ်ရေးပုံစံနှင့် အိန္ဒိယမှဆက်ခံရရှိသော မနုဓမ္မသတ်ကျမ်းလာ မင်းစနစ်တို့ဖြင့်ပေါင်းစပ်ပြီးပေါ်ပေါက်လာသည့်အုပ်ချုပ်ရေးပုံစံကို မြန်မာတို့ကျင့်သုံးကြောင်း လေ့လာတွေ့ရှိရသည်။ မြန်မာတို့သည် မင်းစနစ်ကို အိန္ဒိယမှယူခဲ့သည်ဆိုသော်လည်း အားလုံးကို ပုံတူကူးချခြင်းမျိုးမဟုတ်ပေ။ အိန္ဒိယလူ့ဘောင်တွင်ကျင့်သုံးသည့် ဇာတ်အနိမ့်အမြင့်ခွဲခြားခြင်းကိုပယ်ကာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ မြန်မာတို့က မင်းဆိုသည်မှာ သာမန်လူတို့ထက် ထူးခြားမြင့်မြတ်ရုံလောက်ကိုသာ လက်ခံကြသည်။ မြန်မာမင်းစနစ်ကို ခိုင်မာစေရန်ပြုလုပ်ပေးသည့် ဝါဒသည် ဗုဒ္ဓဝါဒဖြစ်သည်။ ဘုရင်များသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အတွက် တိုင်းသူပြည်သားတို့အား ကျောသားရင်သားမခွဲခြားဘဲ ဖွံ့ဖြိုးစည်ပင်အောင် လုပ်ဆောင်နိုင်သူများဖြစ်လာကြသည်။ သို့ဖြစ်ရာ မြန်မာဘုရင်စနစ် သည် ၁၈၈၅ ခုနှစ်အထိတည်တံ့ခိုင်မြဲခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။

တိုင်းပြည်အုပ်ချုပ်ရမည့် မင်းတို့ကို ဗုဒ္ဓ၏ လမ်းညွှန်ဆုံးမချက်များသည်လည်း များစွာအရေးပါသည့် အခန်းကဏ္ဍ တွင်ရှိနေခဲ့သည်။ သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ်တွင် မြတ်စွာဘုရားက လိစ္ဆဝီမင်းသားတို့အား အကြောင်းပြု၍ အပရိဟာနိယတရား (၇) ပါးကို ဟောကြားတော်မူခဲ့ပါသည်။ ထိုတရား (၇) ပါးသည် ယနေ့တိုင် ခေတ်မီနေသေး သည့် ဒီမိုကရေစီအခြေခံသဘောတရားများနှင့် တိုက်ဆိုင်နေကြောင်းလည်းတွေ့ရသည်။

အပရိဟာနိယတရားဆိုသည်မှာ

၁။ စည်းဝေးတိုင်ပင်ခြင်း

၂။ အညီအညွတ်ဆောင်ရွက်ခြင်း

၃။ ဥပဒေအတိုင်းကျင့်ခြင်း

၄။ လူကြီးသူမတို့၏အဆုံးအမ၌တည်ခြင်း

၅။ အမျိုးသမီးအား မနှိပ်စက်ခြင်း

၆။ မြို့စောင့် ရွာစောင့်နတ်တို့အား ပူဇော်ခြင်း

၇။ ရဟန္တာတို့အားစောင့်ရှောက်ခြင်း ဟူ၍ဖြစ်သည်။

ရာဇဓမ္မသင်္ဂဟကျမ်းတွင် ဝက်မစွတ်မြို့စားဝန်ကြီး ယောအတွင်းဝန် ဦးဘိုးလှိုင်က ကျမ်းဦးအစတွင်

"တိုင်းပြည်ကို တစ်ယောက် နှစ်ယောက်ဩဇာနှင့်သာအုပ်စိုးလျှင် ပုထုဇဉ်ဖြစ်၍ အမှားအယွင်းများရန် ရှိသော ကြောင့် တစ်ယောက် နှစ်ယောက်၏ ဩဇာနှင့်မပြုလုပ်၊ မင်းမှူးမတ်တို့ စည်းဝေးပြုလုပ်လျှင် အမှားအယွင်း ရှိရန် မရှိ" ဟုဆိုထားခြင်းသည် အများဆန္ဒနှင့်အညီ အုပ်ချုပ်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာ့ အုပ်ချုပ်ရေးကို တင်ပေးနေခြင်းဖြစ်ကြောင်း ယူဆနိုင်ပေသည်။

သို့ဖြစ်ရာ ပဒေသရာဇ်ခေတ်ဦးကတည်းက သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကိုထောက်ပြပြီး အများဆန္ဒနှင့် အုပ်ချုပ်ရေးအသွင်ဖော်ဆောင်ရန် ကြိုးစားခဲ့ကြောင်းတွေ့ရသည်။ ဦးဘိုးလှိုင်သည် အများနှင့်အုပ်ချုပ်ရေးတွင် ဥပဒေ အခရာဖြစ်သောကြောင့် အနောက်နိုင်ငံအုပ်ချုပ်ရေးများနှင့် ဥပမာများပေးထားကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံတွင် ပဒေသရာဇ်ခေတ်ကတည်းက အံ့ဩဖွယ်ရာ ဒီမိုကရေစီစနစ်ကို ဖော်ထုတ်သွားသည့် မင်းတစ်ပါး ရှိခဲ့ဖူးသည်။ ဒီမိုကရေစီသည် လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ကို တန်ဖိုးထားအလေးပေးရသည်။ ပဒေသရာဇ်စနစ် သည် သက်ဦးဆံပိုင်အာဏာရှင်စနစ်ဟူ၍ ဝေဖန်တိုက်ခိုက်လေ့ရှိသော်လည်း မြန်မာ့မင်းများ အုပ်ချုပ်ပုံစနစ်တွင် လွပ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်များရှိနေသည်။

၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာဒုတိယစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းယူလိုက်ကြသည်။ ရန်ကုန်မြို့တွင် သတင်းစာများထုတ်ဝေလာကြသည်။ ၁၈၅၃ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ ထုတ်ဝေခဲ့သည့် သတင်းစာများ အားလုံးသည် အင်္ဂလိပ်သတင်းစာများဖြစ်ကြသည်။

၁၈၇၁ ခုနှစ်တွင် "မြန်မာသံတော်ဆင့်သတင်းစာ" ဆိုသောအမည်နှင့် မြန်မာသတင်းစာတစ်စောင် ရန်ကုန်မြို့တွင် စတင်ထုတ်ဝေလာသည်။ ထုတ်ဝေသူမှာ အေဂျွန်ဟန်နေးဆိုသူဖြစ်ပြီး ဟန်နေးက သတင်းစာ တစ်စောင်လုံးအတွက် အင်္ဂလိပ်လိုရေးပေးသည်။ မြန်မာဘာသာပြန် ကောင်းသူတစ်ယောက်က မြန်မာဘာသာသို့ ပြန်ပေးပြီး ရိုက်နှိပ်ထုတ်ဝေရာ ဘာသာပြန်ကောင်းလွန်းသည့်အတွက် လူကြိုက်များခဲ့သည်။ သတင်းစာပညာသားပါပါ ရေးသားထုတ်ဝေနိုင်ခဲ့သည့် ခေတ်ရှေ့ပြေးသတင်းစာတစ်စောင်ဟုဆိုနိုင်သည်။

ထိုသတင်းစာတွင် မန္တလေးမြို့တော်ကြီးညစ်ပတ်ပုံ၊ သူခိုးဒမြတွေထူပြောပုံကို အယ်ဒီတာပေးစာ အနေနှင့်ဖြစ်စေ၊ သတင်းအနေနှင့်ဖြစ်စေ မပြတ်ရေးသားဖော်ပြခဲ့သည်။ မြန်မာဘုရင်အုပ်ချုပ်ပုံကို အထင်အမြင် သေးအောင် ဝါဒဖြန့်သည့် သဘောနှင့်လုပ်ဆောင်ကြခြင်းဖြစ်သည်။ ထိုသို့ ရေးသားသည့်အတွက် မင်းတုန်းမင်းကြီးက စိတ်မဆိုး၊ ဟန်နေးကို မန္တလေးသို့လာပြီးသတင်းစာထုတ်ရန်ကိုပင် ဖိတ်ခေါ်လိုက်သေးသည်။ ဟန်နေးက မန္တလေးကို မလာဝံ့ပါ။ မှန်ရာကိုရေးသဖြင့် မိုးလင်းတိုင်း ကိုယ့်ခေါင်းကို ပြန်စမ်းကြည့်နေရမည့်အရေးကို စိုးရိမ်မိကြောင်း ခေါင်းကြီးပိုင်းတွင် ပြန်ရေးလိုက်သည်။

မင်းတုန်းမင်းကြီးသည် ထိုရေးသားချက်ကိုတုံ့ပြန်သည့်အနေဖြင့် "ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရား မကောင်းလျှင် ငါ့မိဖုရားကိုရေး၊ ငါ့သားသမီးမကောင်းလျှင် ငါ့သားသမီးတွေကိုရေး၊ မင်းတို့သတင်းစာတိုက်၌ အပြစ်မရှိစေရ။ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ဝင်ထွက်စေ" ဟု အမိန့်တော် ထုတ်ပြန်ပြီး "ရတနာပုံသတင်းစာ" ကိုထုတ်ဝေစေခဲ့သည်။ ဘုရင်ခေတ်တွင် ဒီမိုကရေစီအကြောင်းမပြောဘဲ ဒီမိုကရေစီအလုပ်လုပ်သွားသည့်၊ မိမိတို့နိုင်ငံတော်လူ့အခွင့်အရေးနှင့် သတင်းစာလွတ်လပ်ခွင့်ကို ရှားပါးစွာ ဖော်ထုတ် သွားနိုင်သည့် မင်းတစ်ပါးအဖြစ်မှတ်တမ်းတင်စရာဖြစ်ခဲ့သည်။

မင်းတုန်းမင်းတရားကြီးလက်ထက်မှစတင်ပြီး မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးသည် စတင်ပြောင်းလဲလာသည်ဟု ဆိုရမည်။ မှူးကြီးမတ်ရာ သေနာပတိတို့သည် ဘုရင်မင်းမြတ်တို့၏လက်ထဲတွင် တစ်လုံးတစ်ခဲတည်း တည်ရှိနေသည့် အာဏာကို မိမိတို့ထံတစ်စစရောက်လာရန် ကြိုးစားလာကြသည်။ ထိုသို့ကြိုးပမ်းရာတွင် ဥပဒေအတွင်းမှ ကြိုးပမ်း ကြခြင်းဖြစ်သလို မင်းတုန်းမင်းကြီးကိုယ်တိုင်လက်ခံသည်ကလည်း ထူးခြားသည်ဟု ဆိုရမည်။ နိုင်ငံခြား ဆက်ဆံရေး တွင် မင်းတုန်းမင်းကြီးသည် အတွေ့အကြုံများသူဖြစ်၍ အုပ်ချုပ်ရေးတွင် တရားဥပဒေအတိုင်းအုပ်ချုပ်ခြင်းကို အလွန်အလေးအနက်ထားပြီး အတိုင်းအဆနှင့်လိုက်လျောခဲ့ကြောင်းလည်းတွေ့ရသည်။ ထို့ကြောင့် မင်းတုန်းမင်းကြီး လက်ထက်တွင် တစ်ဆင့်ပြီး တစ်ဆင့်ပြုပြင်ပြောင်းလဲရေးကိုလုပ်ဆောင်နိုင်ခဲ့သည်ဟုဆိုနိုင်သည်။

မင်းတုန်းမင်းကြီးသည် ထီးနန်းသိမ်းပိုက်စဉ်ကစပြီး အခွန်အကောက်ခန့်ခွဲသည့်စနစ်ကိုပြုပြင်ခဲ့သည်။ နောင်အခါတွင် ဝေပုံကျဌာနဟုခေါ်သည့် လွှတ်တော်ဝန်ကြီးများလေးဌာနခွဲကာ စီရင်အုပ်ချုပ်မှုပြုခြင်းမှာ ဘုရင့် အာဏာအချိုးကို လွှတ်တော်က သိမ်းပိုက်လိုက်သည့်သဘောဟု မှတ်ယူနိုင်သည်။ လွှတ်တော်သည် အာဏာကို ခွဲဝေယူလိုက်သည့်အတွက် မင်းတုန်းမင်းကြီးသည် သုံးဆယ်မင်းသား၊ မက္ခရာမင်းသား၊ ညောင်ရမ်းမင်းသားတို့ကို ဘုရင်ခံခန့်သည့်ကိစ္စတွင် လွှတ်တော်ကသဘောတူညီချက်မပေးသည့်အပြင် ထိုမင်းသားများကိုဖမ်းဆီးနိုင်ခဲ့သည်အထိ လွှတ်တော်တွင်အာဏာတည်ခဲ့ကြောင်း အထင်အရှားတွေ့ရသည်။

ထိုအချိန်က လွှတ်တော်တွင် မှူးမတ်များသည် စီရင်ပိုင်ခွင့်ရလာသော်လည်း အကြွင်းမဲ့ရလာသည်ဟူ၍ မပြောနိုင် သေးပေ။ မင်းတုန်းမင်းကြီး နတ်ရွာစံလုနီးအချိန်တွင် ခေတ္တရခဲ့သည်အာဏာသာဖြစ်သည်။ မည်သို့ဆိုစေ အချုပ်အခြာ အာဏာသည် လွှတ်တော်တွင်မတည်သေးသော်လည်း ဘုရင်မင်းမြတ်အပါအဝင် လွှတ်တော်ဝန်ကြီးအဖွဲ့နှင့် အုပ်ချုပ်မည့် သဘောတရားများ မြန်မာနိုင်ငံအုပ်ချုပ်ရေးလောကတွင် စတင်သန္ဓေတည်ခဲ့ပြီဟုဆိုနိုင်သည်။

မင်းတုန်းမင်းကြီးလက်ထက်တွင် အထက်မြက်ဆုံးမင်းသားသည် ကနောင်မင်းသားကြီးဖြစ်သည်။ အကယ်၍သာ အမြော်အမြင်ကြီးလှသည့် ကနောင်သာ လုပ်ကြံခြင်းမခံရလျှင် မြန်မာနိုင်ငံသည်ထိုစဉ်ကတည်းက မှူးကြီးမတ်ရာ သေနာပတိများနှင့် သဘောချင်းမျှသူဖြစ်သည့်အတွက် ဦးဘိုးလှိုင်မျှော်မှန်းသည့် ပါလီမန်စနစ် ပေါ်ပေါက် လာဖွယ်ရာ အကြောင်းရှိသည်။ မင်းညီမင်းသားအများစုသည် ကနောင်မင်းသား၏ အနောက်တိုင်းဆန်ဆန် အယူအဆများကို သိပ်ပြီးလက်မခံချင်ကြပေ။ ထို့ကြောင့် မြင်ကွန်း-မြင်းခုံတိုင်အရေးတော်ပုံနှင့်အတိုက်အခံပြုပြီး ကနောင်မင်း အသက်ဆုံးရှုံးခဲ့ရသည်။

ကင်းဝန်မင်းကြီးသည် မြန်မာ့အရေးတွင် ခေတ်ရှေ့ပြေးခဲ့သည့် ဝန်ကြီးတစ်ယောက်ဖြစ်ပြီး နိုင်ငံခြားသို့ သံအဖြစ်ရောက်ရှိခဲ့သူလည်း ဖြစ်သည်။ ဗြိတိသျှတို့ထံ ပထမဦးဆုံးကိုယ်စားလှယ်အဖြစ်ရောက်စဉ်က ဒေါက်တာ ကလီးမင့်ဝီလျှံ (Dr. Clement Williams) က ကင်းဝန်မင်းကြီးကို အခြေခံဥပဒေတစ်ရပ်ရေးဆွဲပြခဲ့ကြောင်းသိရသည်။ မြန်မာဘုရင်အုပ်ချုပ်ရေးစနစ်ကို ဥပဒေနှင့်အညီအုပ်ချုပ်သော ဘုရင်စနစ်ဖြစ်လာစေရန် စတင်ကြိုးပမ်းလာခြင်း ဟုဆိုရမည်။

သီပေါမင်းပါတော်မူချိန်အထိ မြန်မာနိုင်ငံပဒေသရာဇ်အုပ်ချုပ်ရေးစနစ်သည် စည်းလုံးညီညွတ်စွာဖြင့် အေးအတူ ပူအမျှအုပ်ချုပ်ရေး စနစ်မျိုးဖြစ်ကြောင်းတွေ့ရသည်။ မင်းဆက်အမျိုးပြောင်းလဲခဲ့ချိန်တွင် အုပ်ချုပ်ရေးဆိုင်ရာ ရာထူး အခေါ်အဝေါ် အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း တိကျသည့်အုပ်ချုပ်ရေးပုံစံအသွင်ရှိခဲ့သည်။ မင်းဧကရာဇ်သည် သက်ဦးဆံပိုင်ဘုရင်ဖြစ်သော်လည်း ဗဟိုအစိုးရဘောင်အတွင်း လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံးတော်၊ နောက်ရုံးတော်၊ တရားရုံးတော်စသည်ဖြင့် စနစ်တကျဖွဲ့စည်းထားပြီး နိုင်ငံ၏အမြင့်ဆုံးသော အုပ်ချုပ်ရေးယန္တရားကို ဦးစီးသည့် ဝန်ကြီး၊ မှူးမတ်တို့နှင့် အုပ်ချုပ်ရေးကိစ္စအဝဝကို အစဉ်မပြတ်နှီးနှောတိုင်ပင်ကာ အုပ်ချုပ်မှုရှိကြောင်းတွေ့ရသည်။

မြို့နှင့်ကျေးရွာလူ့အဖွဲ့အစည်းများတွင် အုပ်ချုပ်ရေးပုံစံသည်ထူးခြားသည်ဟုဆိုရမည်။ ရပ်ရွာအကြီးအမှူးကို ရွေးချယ်ကြရာတွင် "ရိုးရာလည်းမှန်စေ၊ ငယ်သားလည်းကြိုက်စေ၊ မင်းလည်းကျေနပ်စေ" ဆိုသည့်မူကို သမိုင်းစဉ် တစ်လျှောက်ကျင့်သုံးခဲ့ကြသည်။ မြို့ရွာအလိုက် မိမိတို့သဘောကျနှစ်ခြိုက်သည့်သူကို ရွေးချယ်တင်မြှောက်ခွင့် ရှိခြင်းဖြစ်သည်။

မြန်မာဘုရင်ခေတ်လွှတ်တော်တွင် မင်းမှုထမ်းကြရသည့် မှူးမတ်မှစ၍ ကျေးရွာအုပ်ချုပ်ရေးအပိုင်းရှိ သူကြီးများအထိ ပုဂ္ဂိုလ်အားလုံးသည် ပဒေသရာဇ်အုပ်ချုပ်ရေး၏ မဏ္ဍိုင်များဖြစ်လာကြသည်။ မင်းပြောင်းမင်းလဲ မည်မျှ ပြောင်းခဲ့သည်ဆိုစေ အုပ်ချုပ်ရေးအသွင်ပုံစံသိပ်ပြောင်းလဲမှု မရှိခဲ့ပေ။ ကုန်းဘောင်ခေတ်နှောင်း မင်းတုန်းမင်း လက်ထက်တွင် ပဒေသရာဇ်အုပ်ချုပ်ရေးအဆောက်အအုံကို စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarchy) သဘောမျိုးဖြင့် မှူးမတ်အချို့က အစားထိုးရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သီပေါမင်းလက်ထက်တွင် ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကို တိုးတက်ပြောင်းလဲနေသည့်ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်မှုမရှိခြင်းသည် ပဒေသရာဇ်စနစ်ကျဆုံးသွားရန် ဖန်တီးလာခြင်းဖြစ်သည်ဟုဆိုနိုင်သည်။ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲလိုသူများ ရှိသော်လည်း လုပ်ကြံခံရခြင်း၊ အုပ်ချုပ်သည့်မင်းကိုယ်တိုင် အရည်အချင်းမပြည့်ဝခြင်းတို့ကြောင့် တိုင်းပြည် ပျက်ယွင်းကာ နယ်ချဲ့ဗြိတိသျှတို့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ထိုအချိန်မှစပြီး မြန်မာ့အစဉ်အလာဖြစ်သော မြို့ရွာအုပ်ချုပ်ရေးစနစ်လည်း ပြောင်းလဲသွားခဲ့ရသည်။

ဟန်ကောင်မြို့

ဟန်ကောင်မြို့ (တရုတ်အသံထွက် 黄冈 ဟွမ်ကန်းဟုဖတ်)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူပေ့ပြည်နယ်

အတွင်း ပင်လယ်ကမ်းခြေမှ မိုင် ၆ဝဝ အကွာတွင် တည်ရှိ၏။

ထိုမျှ ပင်လယ်နှင့် ဝေးကွာသော်လည်း အပြည်ပြည်မှ သင်္ဘော

များသည် ရှန်ဟဲမြို့ကို ကျော်ဖြတ်ကာ ယန်စီမြစ်တစ်လျှောက်တွင်

ခုတ်မောင်းပြီးလျှင် ဟန်ကောင်မြို့ သို့ သွားနိုင်ကြလေသည်။

ဟန်ကောင်မြို့သည် ယန်စီမြစ်နှင့် ဟန်မြစ်တို့ ဆုံရာတွင် တည်ရှိ၏။

ဟန်မြစ်၏ တဘက်ကမ်း တွင် ဟန်ယန်မြို့ တည်ရှိ၍ ယန်စီမြစ်၏

တောင်ဘက်ကမ်း တွင် ဝူချန်မြို့ တည်ရှိသည်။ ထိုဟန်ကောင်၊

ဟန်ယန်နှင့် ဝူချန်မြို့ သုံးမြို့ကို စုပေါင်း၍ ဝူဟန်မြို့ဟု ခေါ်သည်။

ထိုသုံးမြွှာပူးမြို့သည် တရုတ်နိုင်ငံ အလယ်ပိုင်း၏ စက်မှုနှင့်

ကူးသန်းရောင်းဝယ်မှုဆိုင်ရာ မြို့ကြီးတစ်မြို့ ဖြစ်လေသည်။

ရှန်ဟဲမြို့မှ ရေစူးပေ ၃ဝ ရှိသော သင်္ဘောများသည်

ဟန်ကောင်မြို့အထိ သွားနိုင်ကြသည်။ ကန်တုန်မြို့နှင့် ပီကင်း

မြို့သွား မီးရထားလမ်း၏ အလယ်လောက်တွင် ဟန်ကောင်မြို့

တည်ရှိ၍ ထိုမြို့မှ ယန်စီလွင်ပြင် တစ်လျှောက်လုံးသို့ ကုန်း

လမ်းနှင့် ရေလမ်းများ ဆက်သွယ်လျက် ရှိသည်။ ဟန်ကောင်

မြို့ရှိ စက်ရုံများသို့ သားရေ၊ ဂျုံ၊ ဆေးရွက်၊ ဝါ၊ ပိုးမျှင်၊ ဆန်

စပါး၊ ပဲ၊ လက်ဖက်ခြောက်၊ သံရိုင်း၊ ကျောက်မီးသွေးနှင့်

ခနောက်စိမ်း(အင်တီမိုနီ)များ ရောက်လာကြသည်။

ထိုသို့ မြို့သုံးမြွှာပူး ရှိသည့်အနက် အရေးအကြီးဆုံးသော

မြို့မှာ ဟန်ကောင်မြို့ ဖြစ်သည်။ ထိုမြို့၌ နိုင်ငံခြားနှင့်

ကူးသန်းရောင်းဝယ်ခြင်းကို ၁၈၅၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့လေ

သည်။ အဓိကလုပ်ငန်းမှာ ပြည်ပသို့ ကုန်များကို တင်ပို့ပေး

ခြင်း ဖြစ်သည်။ ရှေးမြို့ဟောင်းဖြစ်သော ဝူချန်မြို့မှာ ပြည်တွင်း

သို့ ကုန်များကို ဖြန့်ဖြူးပေးရန် ကုန်များကို လက်ခံသောမြို့

ဖြစ်သည်။ ဟန်ယန်မြို့မှာ စက်မှုလက်မှုကို တည်ထောင်သော

မြို့ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထမခေတ်မီ သံရည်ကျိုစက်ကို

ထိုဟန်ယန်မြို့တွင် ၁၈၉ဝ ပြည့်နှစ်က တည်ထောင်ခဲ့လေသည်။

ထိုနောက် သံမဏိစက်ရုံတစ်ရုံကို တည်ဆောက်ပြန်သည်။

ထိုနောက် နှစ်အတော်ကလေး ကြာသည်အထိ ထိုမြို့မှ သံနှင့်

သံမဏိ အမြောက်အမြားကို ထုတ်လုပ်နိုင်ခဲ့ပြီးလျှင် နောင်

တွင်လည်း ထိုထက် ပိုမို၍ ထုတ်လုပ်နိုင်ကြလိမ့်မည်ဟု

ထင်မှတ်ခဲ့ကြလေသည်။ သို့သော် ငွေကြေး အခက်အခဲနှင့်

တွေ့လာသဖြင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားလိုက်ရသည်။

၁၉၃၈ ခုနှစ်တွင် ဂျပန်တို့က ထိုသုံးမြွှာပူးမြို့ကို တိုက်ခိုက်ကြ

သောအခါ လူဦးရေ ၁၅ဝဝဝဝဝ ခန့်သည် ထွက်ပြေးသွားကြ

ရာ စက်ရုံ အမြောက်အမြားကို ဖျက်ဆီးသွားကြလေသည်။

နန်ကင်းမြို့ကို ဂျပန်တို့က သိမ်းပိုက်လိုက်သောအခါ

ဟန်ကောင်မြို့သည် တရုတ်နိုင်ငံ၏ ယာယီမြို့တော် ဖြစ်ခဲ့

သည်။ ၁၉၃၈ ခုနှစ်တွင် ဂျပန်တပ်များသည် ဟန်ကောင်မြို့သို့

ဝင်ရောက်လာကြသောအခါ တရုတ် အစိုးရက ချုန်ကင်းမြို့သို့

ဆုတ်ခွာပေးလိုက်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်

တပ်များက ဟန်ကောင် မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့

သည်။ သို့သော် ဂျပန်တို့က ထိုမြို့ကို ၁၉၄၅ ခုနှစ်တိုင်အောင်

ထိန်းသိမ်း ထားကြလေသည်။ ဂျပန်တို့ စစ်ရှုံးသောအခါမှ

တရုတ်တို့က ထိုမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ကြလေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထက်တွင် ဟန်ကောင်မြို့

အစား သုံးမြွှာပူးမြို့ဖြစ်သည့် ဝူဟန်မြို့ အဖြစ်နှင့် လူသိများ

သည်။ ဟန်ကောင်မြို့၏ ၁၉၄၈ ခုနှစ် သန်းခေါင်စာရင်းအရ

လူဦးရေမှာ ၈ဝဝဝဝဝ ခန့် ရှိလေသည်။

အီရန်နိုင်ငံရှိ ဉာဏမူပိုင်ခွင့်

အီရန်နိုင်ငံသည် ၂၀၀၁ ကတည်းက WIPO (ကမ္ဘာ့နည်းပညာဆိုင်ရာမူပိုင်ခွင့်အဖွဲ့) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးများစွာသော WIPO နည်းပညာပိုင်ဆိုင်မှုစာချုပ်များတွင် ပါဝင်ထားပြီးဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင်စက်မှုကာကွယ်စောင့်ရှောက်ရေး (ပဲရစ်ကွန်ဗင်းရှင်း) အတွက်ကွန်ဗင်းရှင်းသို့ဝင်ရောက်ခဲ့ပြီး အီရန်သည်ဒီဇင်ဘာလ ၂၀၀၃ ခုနှစ်တွင် အီရန်သည် နိုင်ငံတကာမှတ်ပုံတင်ခြင်းများအတွင်း မက်ဒရစ်သဘောတူညီချက်နှင့်မက်ဒရစ် ပရိုတိုကောတို့ တွင် စာရင်းဝင်လာခဲ့ပြီး အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂၀၀၅ခုနှစ်တွင်အီရန်သည်မိမိတို့မြေပထဝီပေါ်မှ ထွက်ရှိသော သယံဇာတနှင့် ကုန်ပစ္စည်းများကို အကာအကွယ်ပြုစေသော လစ္စဘွန်းသဘောတူညီချက်နှင့် ဆက်စပ်မှုပြုလုပ်ခဲ့သည် အကြောင်းမှာ တိုင်းပြည်အကာကွယ်ဖြစ်ရန်နှင့် ကမ္ဘာနိုင်ငံများအတွင်း စာရင်းဝင်စေရန် အတွက်ဖြစ်သည်။ ထိုအတိုင်းပင် အီရန်သည် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် အီရန်စက်မှုဒီဇိုင်းများ၏ကာကွယ်စောင့်ရှောက်ရေးရရန်အတွက် ဟိဂ် သဘောတူညီချက်စာချုပ်သို့ ဝင်ရောက်ခဲ့လေသည်။ ။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)

၁၃၃၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခြား ဘာသာစကားများဖြင့်

This page is based on a Wikipedia article written by authors (here).
Text is available under the CC BY-SA 3.0 license; additional terms may apply.
Images, videos and audio are available under their respective licenses.